Monday, March 21, 2011

မုံရွာမြို့တွင် မတ်လ ၂၁ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားကာ နှစ်နာရီကျော်ကြာမြင့်ခဲ့

 မုံရွာမြို့တွင် မတ်လ ၂၁ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားကာ နှစ်နာရီကျော်ကြာမြင့်ခဲ့
မတ်လ ၂၁ရက်နေ့ ည ၈နာရီ ခန့်တွင် မုံရွာမြိုက မုံရွာတောင်ရပ်ကွက် အောင်ဇေယျုံရပ်နေ မ---၏ သုံးပင် နှစ်ခန်းကပ်မိုးကပ်ကာ နှစ်ထပ်အိမ် အပေါ်ထပ်တွင် ဖယောင်းတိုင် မီးထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"မီးလောင်တဲ့နေရာက ချင်း တွင်းမြစ်အရှေ့ဘက်ကမ်းအနီးချင်း တွင်းမြစ်တာရိုးတောင်ဘက်ထိပ် အနီးမှာ ဖြစ်သွားတာပါ။ မီးလောင် တဲ့နေရာနားမှာ နေအိမ်လေးတွေ စိပ်သလို လက်လုပ်လက်စားတွေ များတယ်။ ချင်းတွင်းမြစ်ထဲက လည်း သဲသောင်တွေချည်းရှိနေလို့ ရေယူရတာ မလွယ်ဘူးလေ။ မီးသတ်ကားတွေကတော့ မြို့ပေါ်က အပြင် ချောင်းဦး၊ အရာတော်၊ ရေဦး စတဲ့ ပတ်ဝန်းကျင်မြို့ပေါ်တွေကပါ လာကြတယ်။ မီးတောက်က အရမ်း ကြီးပြီး မီးလောင်ချိန်က ၂နာရီနီးပါး ရှိတယ်"ဟု ဒေသခံတစ်ဦးက ပြောပါသည်။

မီးလောင်မှုကြောင့် နံရံကပ်တိုက် ကိုးလုံး၊ ပျဉ်ထောင်သွပ်မိုးနှစ်လုံး၊ ကပ်မိုးကပ်ကာ၊ မြေစိုက် ၅၃ လုံး စုစုပေါင်း ၆၄အိမ် မီးကူးစက်လောင်ကျွမ်းခဲ့ရာ အိမ်ထောင်စု ၇၅ စု၊ အသက် ၁၈နှစ်အထက် ကျား ၉၆ဦး၊ မ ၇၈ဦး၊ အသက် ၁၈နှစ် အောက် ကျား ၃၂ဦး၊ မ ၂၄ဦး၊ စုစု ပေါင်း ၂၃၀ ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ မီးလောင်ကျွမ်းမှုမှာ ည ၉နာရီ ၄၅မိနစ်ခန့်တွင် မီးညွန့်ကျိုးကာ ည၁၀နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် မ--- အား မုံရွာမြို့ အမှတ် (၁) ရဲစခန်းမှ (ပ)၁၈၀/၂၀၁၁၊ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မတ်လ ၁၄ရက်နေ့ကလည်း မုံရွာမြို့၊ မြ၀တီရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် လေးလုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။