Wednesday, March 2, 2011

“ဇွဲ၏အားမာန်”

“ဇွဲ၏အားမာန်”
ဘဝပြဲပြဲထဲ
ချွေးရွဲကာရုန်းကန်
ဒူးမထောက် ဦးမညွှတ်
လောကဓံကြံ့ကြံ့ခံဇွဲနဲ့
အားခဲထားမြဲ...။

ကြမ္မာဆိုး
ရန်ငြိုးဖွဲ့ထိုးနှက်
ကန္တာရပန်းတိုင်ဆီ
ရဲရဲတောက်ခြေကိုလှမ်း
ယုံကြည်ချက်ခေါင်းပေါ်ရွက်
ခံယူချက် အားမာန်ဟုန်ဝင့်ကာဖြင့်
ရှေ့ဆက်မယ့်ခရီးကို
နောက်မတွန့် ကြောက်ရွံ့သူမဟုတ်လို့
ရှေ့ဆက်ကာမြဲ...။

ရိခဲ့တဲ့ လောကဓံ
ဆင်ရိုင်းနှယ်ကြမ္မာဆိုးကို
ပြုံးချိုသောမျက်နှာထားနဲ့
ရဲရဲတောက်ကျော်ကာဖြတ်ခဲ့ပြီ မို့
“ဇွဲ” ဆုကိုရခဲ့ပေါ့...။

ဇွဲ၏ အားမာန်ဟုန်ဖြင့်
လိုချင်တဲ့ ငြိမ်းချမ်းရေး
တောင့်တခဲ့ လူ့အခွင့်ရေး
ဖန်ဆင်းကာပေးမယ့်သူ
ဇွဲရှိသူမှတပါး အခြားမရှိပါတကား...။
အမေ့သား(ဒိန်းမတ်)