Monday, February 28, 2011

ကိုထက်အောင်ကျော်အား ဒီဗွီဘီကနေ အလုပ်မှ ဖြုတ်လိုက်ပြီ

အစာတု၊ ဆေးတုများရဲ့ အန္တရာယ်

Written by လူထုစိန်ဝင်း   
ကော်ဖီမှုန့်တွေ စိတ်တိုင်းမကျ ဖြစ်နေခိုက်မှာ ပြင်ဦးလွင်က လူကြုံနဲ့ လက်ဆောင်ပါးလိုက်တဲ့ အိမ်လုပ် ကော်ဖီမှုန့်စစ်စစ် ရောက်လာလို့ ၀မ်းသာသွားရတယ်။ ခေတ်ပေါ် အသင့်ဖျော် ကော်ဖီထုပ်တွေ မကြိုက်တဲ့အတွက် ချက်ချင်း စက်နဲ့ကြိတ်ပေးတယ်ဆိုတဲ့ ကော်ဖီမှုန့်ကိုပဲ ၀ယ်သောက်မြဲ ဖြစ်တယ်။

ဘာမှုန့်တွေ ရောမှန်းမသိ
ရှေးနှစ်ပေါင်းများစွာ ကတည်းက ၀ယ်သုံးလာခဲ့တာ အဆင်ပြေနေပေမယ့် အခုနောက်ပိုင်းကျတော့ သိပ်ပြီး မဟုတ်ချင်တော့ဘူး။ ဟိုဟာဒီဟာတွေ ရောနှောလာကြတယ်။ ကော်ဖီသောက်လို့ ကုန်ခါနီးရင် ခွက်ထဲမှာ ကော်ဖီနှစ်တွေ အနယ်ထိုင်နေ တာ တွေ့ရတယ်။ ကော်ဖီမှုန့်စစ်စစ်က ဒီလို အနယ်မထိုင်ပါဘူး။ ဘာမှုန့်တွေ ရောထားမှန်းမှ မသိတာ။ ဦးကြီး ရွှေဥဒေါင်းရဲ့အမျိုးမို့လား မသိဘူး အစားအသောက်နဲ့ ပတ်သက်ရင် နည်းနည်း

ရွှေမြေရင်ကွဲ နဂါးအရေခွံလဲ

ရွှေမြေရင်ကွဲ နဂါးအရေခွံလဲ
လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကျော်က မိသားစုအလိုက် သြစတေးလျကို ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ကြတဲ့ ငမောင့်မရီး၊ ခယ်မ(လေဒီထူးရဲ့ ဝမ်းကွဲတွေ)တွေ ဟိုတစ်လောက မြန်မာနိုင်ငံကို ခေတ္တပြန်ရောက် လာကြပါတယ်။ ထွက်သွားတုန်းက လူလတ် အရွယ်တွေ။ ခုတော့ ၆ဝ ကျော် ကုန်ကြပြီ။ မြေးတွေရကုန်ကြပြီ။ မျှော်လင့်ကိုးနိုးပေါင်း တစ်ရာ့ခြောက်ဆယ်သော သောကြွယ်နဲ့ ဇာတိမြေကို စွန့်ခွာခဲ့ကြတုန်းက အားတွေမာန်တွေနဲ့ပေါ့။ ဇာတိမြေကို ခုတစ်ခါ အလည်ရောက်လာကြတော့ နေဝင်နီးကြပြီမို့ ဇာတိမြေမှာ ခေါင်းချချင်ကြပြီ။ ရောက်လေရာမှာ ပျော်လို့နေကြတာလဲ မဟုတ်။ နေလို့ပျော်ကြတာလဲ မဟုတ်ဘဲ ပျော်အောင် ကြိုးစားပြီး မပျော်ဘဲ နေကြတဲ့ သူတို့ကို ကြည့်ပြီး ကမ္ဘာ့မြို့ကြီးတိုင်းက China Town ခေါ်တဲ့ တရုတ်တန်းနေ တရုတ်တွေကို သတိရမိတယ်။ သူတို့ကို သြစတေးလျက တရုတ်တန်းအကြောင်း မေးကြည့်ပါတယ်။

Sunday, February 27, 2011

အဟာရစာစောင် အမှတ်စဉ်(၁၂၀)ဖေဖော်ဝါရီ ၊၂၀၁၁

၁၃၇၃ခုနှစ်မဟာသင်္ကြန်စာအရသိကြားမင်းသည်သိန္ဓောမြင်းစီး၍ရေချမ်းအိုးပိုက်ကာဆင်းသက်မည်ဟု ဖော်ပြထား

၁၃၇၃ ခုနှစ် မဟာသင်္ကြန်စာအရ သိကြားမင်းသည် သိန္ဓောမြင်းစီး၍ ရေချမ်းအိုးပိုက်ကာ ဆင်းသက်မည်ဟု ဖော်ပြထား
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် မဟာသင်္ကြန်စာအရ ယခုနှစ်တွင် သိကြားမင်းသည် သိန္ဓောမြင်းစီး၍ ရေချမ်းအိုးပိုက်ကာ ဆင်းသက်မည်ဖြစ်သောကြောင့် နိုင်ငံတကာ၌မိုးဦးတန့်ပြီး မိုးလယ်နှင့်မိုးနှောင်းကောင်းမည် ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် မိုးဦး သီးနှံများ ဈေးကောင်းရပြီး မိုးလယ် နှင့်မိုးနှောင်းသီးနှံများ အထူးဖြစ်ထွန်း အထွက်တိုးမည်ဟု သိရှိရပါသည်။

အရေးတော်ပုံဂျာနယ် (အတွဲ ၁၊ အမှတ် ၃)။

Chinese Premier Wen holds online chat with netizens

Chinese Premier Wen Jiabao (L) holds an online chat with Internet users at two state news portals in Beijing, capital of China, Feb. 27, 2011. The two portals, namely www.gov.cn of the central government and www.xinhuanet.com of the Xinhua News Agency, jointly interviewed Premier Wen on Sunday with questions raised by netizens. (Xinhua/Pang Xinglei) 
http://www.xinhuanet.com/english2010/

ဘ၀ကို ခြင်္သေ့တစ်ကောင်လို ဖြတ်သန်းမယ် ဆိုတဲ့ဂျောက်ဂျက်

ဘ၀ကို ခြင်္သေ့တစ်ကောင်လို ဖြတ်သန်းမယ် ဆိုတဲ့ဂျောက်ဂျက်
ဂီတဟာ လူသားတွေရဲ့ စိတ်ကို အမျိုးမျိုး ပြောင်းလဲ သွားစေ နိုင်ပါတယ်။ ဂီတသံစဉ် ချိုချိုတွေသာ မရှိရင် ကမ္ဘာကြီးလည်း မလှပ နိုင်တော့ဘူး ဆိုတဲ့

အတိသယ၀ုတ္တိ အလင်္ကာတွေနဲ့တောင် အလွန်အကြူး ဖွဲ့ဆိုရင်း ဂီတကို ချီးမြှောက်ကြတာတွေတောင် ရှိပါတယ်။ တချို့ဂီတက စိတ်ကို နူးညံ့စေတယ်။ တချို့ ဂီတက ရဲရင့်စေတယ်။ တချို့ဂီတက မြူးကြွ သွက်လက်စေတယ်။

တချို့ဂီတက တွေဝေ မိန်းမောစေတယ်။ တချို့...စသဖြင့် ဂီတ ပုံစံတွေမှာ အများကြီးပါပဲ။ ဘာပဲပြောပြော ခေတ်အဆက်ဆက်က လူငယ်ကြိုက် ဂီတကတော့ အမြဲ မြူးမြူးကြွကြွ၊ ဆူဆူညံညံ၊ သွက်သွက် လက်လက်နဲ့ပေါ့။ Hip Hop ဂီတကလည်း လူငယ်ဂီတ ပီသစွာ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းနဲ့ မြူးကြွတယ်။ သီဆိုတဲ့ Rapper တွေကလည်း သီချင်းပုံစံနဲ့ တစ်ထပ်တည်းမှ တစ်ထပ်တည်းပါ။

ဒီလို Rapper တွေထဲက ငါသည်သာ ငါ့ပြိုင်ဘက် တေးစီးရီး ပူပူနွေးနွေး ထွက်ရှိထားတဲ့ Rapper ဂျောက်ဂျက်နဲ့ ရွှေပရိသတ်ကြီး အတွက် တွေ့ဆုံခဲ့ပါတယ်။ ရွှေအမြုတေ အတွက် ဂျောက်ဂျက် ချိန်းတဲ့နေ့က သူ့ရဲ့တေးစီးရီး ထွက်ရှိတဲ့နေ့၊ ပရိသတ်နဲ့ တွေ့ဆုံ လက်မှတ်ထိုးတဲ့ နေ့ရဲ့ နောက်တစ်နေ့မှာပါ။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လက်မှတ်ထိုးပြီး ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဂျပန်ကို ထွက်ခွာဖို့ အစီအစဉ်တွေ ရှိနေတဲ့ ဂျောက်ဂျက်ကို အခွေ ထွက်ပြီးပြီးချင်း ပရိသတ်နဲ့ တွေ့ပေးချင်တာကြောင့် အမိဖမ်းခဲ့ရတာ ဖြစ်ပါတယ်။

တကယ်ရိုက်ဖို့ ချိန်းထားတဲ့ နေ့မှာတော့ ဂျောက်ဂျက်က ပရိသတ်နဲ့ တွေ့ခဲ့ရတဲ့ ပွဲကြောင့်ရော၊ ပထမဆုံး တစ်ကိုယ်တော် ထွက်ရတဲ့ စိတ်ခံစားမှုကြောင့်ရော မလာနိုင်တော့ပါဘူး။ နောက်တစ်နေ့မှာတော့ ပင်ကိုပုံစံ အတိုင်း လန်းဆန်း တက်ကြွစွာနဲ့ Studio-K ကို လာရောက်ပြီး တွေ့ဆုံရင်း အလှ ဓာတ်ပုံတွေ ရိုက်ကူး ပေးခဲ့ပါတယ်။ မနေ့က ရက်ချိန်း ပျက်သွားတဲ့ အတွက်ရော၊ ဒီနေ့မှာ ချိန်းထားတဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေ အတွက်ရော ပေါင်းပြီး အလုပ် လုပ်ရတာကြောင့် ဂျောက်ဂျက်နဲ့ အတူ တစ်နေ့လုံး ပင်ပန်းခဲ့သူက ဓာတ်ပုံကိုလင်း (Studio-K) ပါ။ ဒါပေမယ့် နှစ်ယောက်စလုံးက အနုပညာသမားတွေ ပီသစွာ အပြုံးမပျက် လက်တွဲပြီး လုပ်ဆောင်ခဲ့ကြတာပါ။ ဂျောက်ဂျက်နဲ့ အတူ ပြောဖြစ်ခဲ့တဲ့ သူ့အကြောင်းတွေကတော့။

တစ်ကိုယ်တော်ခွေ ထွက်ပြီး နောက်ပိုင်း ဂျောက်ဂျက်ရဲ့ ရပ်တည်နေမှု အခြေအနေ။
ပုံမှန် အတိုင်းပါပဲ။ အရင်အတိုင်းပဲ စားစရာ ရှိတာ စား၊ သွားစရာ ရှိတာ သွားလုပ်စရာ ရှိတာလုပ်နဲ့ ဒုတိယအခွေ အတွက်တောင် စနေပါပြီ။

Saturday, February 26, 2011

ဝေဖန်ပြစ်တင် ခံနေရတဲ့ ဗီဗာဟိန်း ရဲ့ နုတ်မဆက်ချင်ဘူး သီချင်း ဗီဒီယို

မကွေးတိုင်းမှ ဆရာတော် အရှင်တေဇိန္ဒ (ကမ်းပျိုရွာ) စီစဉ်ပြီး ထုတ်လုပ်ထားတဲ့ ဗီဗာဟိန်း ရဲ့ နုတ်မဆက်ချင်ဘူး သီချင်း ဗီဒီယိုပါ။ ဒီဗီဒီယိုကို ဦးဇင်းတွေက Cameraman အဖြစ် ပါဝင်ရိုက်ကူးထားတာကိုတွေ့ရပါတယ်။

ဘော်ချက် ကျူရှင်

Thursday, February 24, 2011

အဆိုတော် နေရဲမာန် ရဲ့ နေရဲမာန် သင်္ကြန် ၂၀၁၁ ဗီစီဒီ အရောင်းမြင့်တင်ပွဲ ဗီဒီယို

This is the video of Nay Ye Man Thingyan 2011 VCDs and DVDs Promotion Event which was held on 20 February 2011 at Happy Zone, Myay Ni Gone, Yangon. Many Myanmar Popular Singers and Actors attended at this promotion event.

Wednesday, February 23, 2011

ဇက်ကြောတက်ခြင်းနဲ့ ကျီးပေါင်းဖြစ်ခြင်းကိုကာကွယ်ပေးမည့် ယောဂကျင့်စဉ်

ဇက်ကြောတက်ခြင်းနဲ့ ကျီးပေါင်းဖြစ်ခြင်းကိုကာကွယ်ပေးမည့် ယောဂကျင့်စဉ်
 စာတွေ အမြဲတမ်းဖတ်ပြီး အလုပ်လုပ်နေရတဲ့သူတွေ၊ ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေ အမြဲတမ်း စာရင်းတွေတွက်၊ စာတွေရေးပြီး အလုပ်လုပ်နေရတဲ့သူတွေဟာ ကြာရင် ဇက်ကြောတက်လာတတ် ပါတယ်. . . လူတွေဧာ ဇက်ကြောတက်လာရင် ဆေးသောက်လေ့ရှိပါတယ်. . ဆေးဆိုတာကလည်း အမြဲ သောက်ရင် မကောင်းဘူး . . . ဒါကြောင့် ယခုတစ်ပတ်မှာတော့ ဇက်ကြောတက်ခြင်းကိုသာမက ကျီးပေါင်းတက်ခြင်း ကိုပါ ကာကွယ်ပေးမယ့် ယောဂကျင့်စဉ်ကို ဖော်ပြလိုက်ရပါတယ်. .ပြုလုပ်နည်းကတော့ -(၁) ဒူးထောက်၍ ထိုင်ပါ။ ပုံ(၁)(၂) ညာဘက်လက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်ပါ ပုံ(၂)(၃) ဘယ်ဘက်လက်ကို ညာဘက်လက် တံတောင်ဆစ်အောင်မှ ၀ိုက်၍ အပေါ်တည့်တည့်သို့ ထောင်လိုက်ပါ ပုံ(၃)(၄) ဘယ်ဘက်လက်ကို အားစိုက်၍ ဆန့်ထားသော ညာဘက်လက်ကို ဘယ်ဘက်သို့ ဆွဲလိုက်ပါထိုအခါ ညာဘက်လက်သည် ရင်ဘတ်ရှေ့တည့်တည့်တွင် ကပ်၍ တစ်တန်းတည်း ဖြစ်နေရပါမည်။

ဤပုံစံအတိုင်းနေ၍ အသက်ကို ပုံမှန်ရှုသွင်းရှူထုတ်လုပ်ပါ. . . ၀င်လေ၊ ထွက်လေ တစ်ကြိမ်လျှင် ၁ ဟုမှတ်၍ ၁မှ ၁၀၀ အထိမှတ်ပါ(၆) ပြီးလျှင် ဘက်ပြောင်း၍ ပြုလုပ်ပါ. .

မှတ်ချက်
-ဆန့်ထားသောလက်သည် ပခုံးနှင့် တစ်တန်းတည်းဖြစ်နေရမည်-ခန္ဓာကိုယ် ကြွက်သားများကို အားပြုမထားပါနှင့် .
အကျိုးကျေးဇူး
-လက်မောင်းတစ်လျှောက် နှင့် လည်ကုတ်တစ်လျှောက်ကို သွေးလည်ပတ်မှု ကောင်းစေ၏
-အာရုံကြောများကို နိုးကြားမှု ဖြစ်စေ၏- ဇက်ကြောတက်ခြင်းနှင့် ကျီးပေါင်း ဖြစ်ခြင်းကို ကာကွယ်ပေး၏

နန်းဆုကေဆွမ် ယောဂ သင်တန်း
copy from http://ayeyarwaddylibrary.blogspot.com/

Tuesday, February 22, 2011

ဇနီးမယား(၃၉)ယောက်နဲ့ထူးထူးခြားခြားပုဂ္ဂိုလ်

 ဇနီး ၃၉၊ သားသမီး ၉၄ နဲ့ မြေး ၃၃ ယောက် ပိုင်ဆိုင်သူရဲ့ ကမ္ဘာ့အကြီးဆုံး မိသားစု

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘခ်တောင် ကျေးရွာမှ ဇီရိုနာ ချန်နာ ဆိုသူမှာ ဇနီး ၃၉ ယောက်ရှိပြီး သားသမီး ၉၄ ယောက်၊ ချွေးမ ၁၄ ယောက်နှင့် မြေး ၃၃ ယောက် ပိုင်ဆိုင်ထားသည်။ သူ့ရဲ့ ကမ္ဘာ့အကြီးဆုံး မိသားစုအတွက် ဂုဏ်ယူမဆုံးလည်း ဖြစ်နေသည်။
ထိုမိသားစုများမှာ ဘခ်တောင်ကျေးရွာမှ အခန်း ၁၀၀ ပါ လေးထပ်တိုက်ကြီးတွင် နေထိုင်ကြသည်။ သူ့ဇနီးများက မစ္စတာ ချန်နာနဲ့ တစ်ညတစ်ယောက် အလှည့်ကျ အိပ်ကြရသည်။ ဇနီး ၃၉ ဦးကြားတွင် ပြဿနာ တစုံတရာ မရှိဘဲ အားလုံး ပျော်ရွှင် ကျေနပ်နေကြသည်ဟု ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။
 မစ္စတာချန်နာက “ဘုရားသခင်က ကျနော်ကို အထူး စပယ်စောင့်ရှောက်တယ်လို့ အမြဲခံစားမိပါတယ်။ ဇနီးတွေ သားသမီး တွေ အများကြီးစောင့်ရှောက်ဖို့ ဘုရားသခင်က အခွင့်ပေးထားတာပါ၊ ကမ္ဘာ့အကြီးဆုံး မိသားစု တစ်စုကို ဦးဆောင် နေရသူပေါ့” ဟု သတင်းစာကို ဂုဏ်ယူ ပြောဆိုခဲ့သည်။
မစ္စတာချန်နာ က မိသားစုကို စစ်တပ် စည်းကမ်းဆန်ဆန်နဲ့ ဖွဲ့စည်းထားသည်။ အကြီးဆုံး မယား ဇာသီယန်ဂီ က အခြား မယားများကို သန့်ရှင်းရေးမှအစ ချက်ပြုတ် လျှော်ဖွတ် အိမ်မှုကိစ္စအားလုံးကို ဦးဆောင်စီမံ ကွပ်ကဲသည်။ ညနေစာ တစ်ပွဲစာ စီစဉ်လျှင် ကြက်အကောင် ၃၀၊ အာလူး ၁၃၂ ပေါင်နဲ့ ဆန် ၂၂၀ ပေါင် ချက်ရသည်။

မစ္စတာချန်နာက သူ့မိသားစု ထပ်ချဲ့ဖို့အတွက် မိန်းမငယ်ငယ်များ ထပ်ယူဖို့ စဉ်းစားနေကြောင်းလည်း ပြောခဲ့သည်။ စိတ်ဝင်စားသူများ ဒေးလီးမေးလ် သတင်းစာကတဆင့် ဆက်သွယ်နိုင်ကြောင်း မောင်းခတ် ကြေငြာထားသည်။ တစ်နှစ်ထဲ တွင် မိန်းမ ဆယ်ယောက် လက်ထပ်ခဲ့သည်။ အလှည့်ကျ ခွဲတမ်းစနစ် ထားသော်လည်း အငယ်ဆုံး ဇနီးမယားများကို မျက်နှာသာပေးပြီး သူ့အိပ်ယာကျယ်ထဲတွင် ပိုခေါ်သိပ်တတ်ကြောင်း ပြောသည်။
အသက် ၃၅ နှစ်ရှိ ရင်းခ်မီနီ ဆိုတဲ့ ဇနီးက “ချန်နာက ကျမတို့ ရွာမှာ အချောဆုံး လူပဲ။ လွန်ခဲ့တဲ့ ၁၈ နှစ်က ကျမကို လက်ထပ်ဖို့ စာပေးခဲ့တယ်။ အခု ကျမတို့ အားလုံး သူ့ကို အရိပ်တကြည့်ကြည့်နေပြီး ဖြည့်ဆည်းပေးကြတယ်” ဟု ပြောဆိုသည်။
နောက် ဇနီးတစ်ယောက်ဖြစ်သူ ဟန်သာဂန်ကီ က “မိသားစုစနစ်ကတော့ တစ်ဦးကိုတစ်ဦး အပြန်အလှန် ချစ်ခင်မှု လေးစားမှု ထားကြတာပါပဲ။ ချန်နာက ရွာက အဆင်းရဲဆုံး မိန်းကလေးတွေကို စောင့်ရှောက်တဲ့ အနေနဲ့ လက်ထပ်ယူတာ၊ သူ့အဖေတုန်းကလည်း ဇနီးတွေအများကြီး ယူခဲ့တယ်” ဟု ပြုံးရွှင်စွာဖြင့် ပြောဆိုခဲ့သည်။

လူကြီးသူမများရဲ့ဆုံးမစကား


အခုတလော စာရေးဖို့ စားပွဲမှာသွားထိုင်တိုင်း ဒေါ်ဒေါ့်(လူထုအမေမာ)ကို ပြေးပြီးသတိရနေမိတယ်။ ဒေါ်ဒေါ့်အသံကိုလည်း နားထဲမှာကြားယောင်နေတယ်။ ဒေါ်ဒေါ်က အသက်ကြီးလာလေလေသံယောဇဉ်ကြီးလေဖြစ်ပြီး သူ့ဆီကိုနေ့စဉ်လိုလိုဖုန်းဆက်စေချင်တယ်။


ဆရာတွေကိုသာလွမ်း
ဖုန်းပြောရင်မောမှာစိုးလို့ တစ်ခါတလေအမေ့ကောင်းပြီး မဆက်ဘဲနေလိုက်ရင် သူကကောက်ဆက်တော့တာ။ ဆက်တဲ့အခါတိုင်းလည်း "စာရေးတဲ့အခါသတိထားရေး၊ ကိုယ်ကစေတနာနဲ့ရေးပေမယ့် ဝေဒနာဖြစ်သွားတတ်တယ်။ ဘာအကြောင်းရေးရေး သူတစ်ပါးနားခံသာအောင် ပျော့ပျော့ပျောင်းပျောင်းနဲ့ ချိုချိုသာသာရေး"လို့ အမြဲဆုံးမလေ့ရှိတယ်။ အသက်ကြီးလာတော့ စိုးရိမ်စိတ်လည်း ပိုကြီးလာတယ်။ အခုတော့ အဲဒီလိုဆုံးမမယ့်သူမရှိတော့ဘူး။ ကိုယ်တိုင်ကသက်ကြီးတန်းဖြစ်နေပြီ။ ဒါပေမယ့် ဆုံးမတာ ခံချင်သေးတယ်။ ဦးကြီး(ရွှေဥဒေါင်း)၊ ဦးလေး(လူထုဦးလှ)နဲ့ ဒေါ်ဒေါ်တို့ကို လွမ်းလိုက်သတိရလိုက်တာ။

အညာပြန် စာရေးဆရာ၏ အညာလွမ်းချင်း

အညာပြန် စာရေးဆရာ၏ အညာလွမ်းချင်း
ဖာတစ်တန် အထုပ်တစ်ဘက် ထမ်းပါလို့
အညာပြန် ရုတ်တရက် မလှမ်း နိုင်ဘူ့
သြော် ... နှုတ်ဆက်စမ်းချင်လို့ လာခဲ့တယ်။
သခင်ကိုယ်တော်မှိုင်း

အညာသား စာရေးဆရာများသည် အညာကို ထူးထူးခြားခြား လွမ်းတတ်ကြသည်။ ထိုသို့ လွမ်းဆွတ်တတ်သူများထဲတွင် စာရေး ဆရာ သိန်းဖေမြင့်လည်း ပါဝင်ပါသည်။ ဆရာ သိန်းဖေမြင့်သည် မုံရွာနယ် ဘုတလင်သား ဖြစ်သဖြင့် ဧပြီလဆန်း အားလပ်ရက်တွင် အချိန်လု၍ အညာသို့ ပြန်သွားခဲ့သည်။ အညာပြန်ခရီးအကြောင်း ဆောင်းပါးများကို အညာပြန် အမည်ဖြင့် ဆောင်းပါးပေါင်းချုပ် ထုတ်ခဲ့သည်။ ထိုစာအုပ်၏ ပထမစာမျက်နှာတွင် -

'ကိုယ့်ရပ်ကိုယ့်ရွာ အညာသို့ ပြန်မရောက်သည်မှာ ဆယ့်လေးငါး နှစ်ရှိလေပြီ။ အောက်ပြည်အောက်ရွာ ဖျာပုံသူနှင့် ညားမိသောကြောင့် အညာ ပြန်မရောက်သည်ကား မဟုတ်ပါပေ။ ငါးပိရည်ကြိုက်တတ်ပြီး ပဲကျားပြုတ်ကို မေ့နေသောကြောင့် အညာ ပြန်မရောက်ခြင်းလည်း မဟုတ်ပါပေ။ အကြောင်းမဆုံ အခွင့်မသင့် သောကြောင့်သာ မရောက်ရခြင်းဖြစ် ပေသည်'ဟု ဖြေရှင်းချက် ပေးထားပါသည်။ အခါမသင့် အခွင့်မကြုံ သဖြင့် အညာပြန်မရောက်ခြင်းဖြစ် ကြောင်း ဖြေရှင်းပုံမှာ ခိုင်လုံသဖြင့် ထိုစာကို ဖတ်ရသူတိုင်း ဆရာ သိန်း ဖေမြင့်ကို ခွင့်လွှတ်စိတ်ပေါ်လာပါ သည်။

Tuesday, February 15, 2011

နှင်းဆီဥယျာဉ်မှူး

နှင်းဆီဥယျာဉ်မှူး
နှင်းဆီခင်းသည်
ဤ၀န်းကျင်၌ ၊ထုံလှိုက်ပျံ့သင်း
မွှေးကြိုင်ခြင်းဖြင့် ၊ သတင်းကောင်းတွေ
လေညင်းသယ်ဆောင် ဝေငှ၍။

ဥယာဉ်မှုးသည်
နှင်းဆီပင်ထက်၊ ရေဖျန်းပက်၍
ဖြည့်စွက် မြေသြဇာ၊ သန်စွမ်းလာအောင်
မြေတောင်မြှောက်ကာ၊ ပျိုးထောင်လာခဲ့
များစွာ နှစ်ရှည်၊ ကြာမြင့်ပြီလည်း
သူသည် နှင်းဆီ ဥယာဉ်မှုး။

ယနေ့သည်လည်း ၊ မာန်ဇွဲကြီးစွာ
စိုက်ကာပျိုးဆဲ၊ ယုယ မြဲပင်
နီရဲရဲပွင့်၊ လှ ဂုဏ်တင့်နေ
ပွင့်ဖတ်နူးညံ့၊ သင်းပျံ့ဝတ်ဆံ
လိမ်းကျံဝတ်ရည်၊ ချိုမြကြည်နေ
သူသည် ၀မ်းသာမဆုံးနိုင်။

မနက်ဖြန်လည်း
အားမာန်အပြည့်၊ စိုက်ပျိုးဘိလိမ့်
ပွင့်သည့်နှင်းဆီ၊ ရဲရဲနီလိမ့်
စီရရီပွင့်၊ ငွားငွားစွင့်၍
တင့်တယ်ဘိခြင်း၊ ဤပန်းခင်းဝယ်
ဝင်းဝနေခြည်၊ ရှိဦးမည်တည့်
သူသည် စိုက်မြဲ ပျိုးမြဲ ယုယမြဲ။

နှင်းဆီခင်းသည်
ဤ၀င်းကျင်၌ ၊ သည်းခိုက်ဆွတ်ပျံ့
ရနံ့ထုံသင်း၊ မွှေးကြိုင်ခြင်းဖြင့်
သတင်းကောင်းတွေ ၊ ကြားသိနေသည်
လေညင်းဖြန့်ဝေ ပေးကမ်း၍။

ထီလာစစ်သူ

Sunday, February 13, 2011

၂၀၁၁ အောင်လံစာပေဟောပြောပွဲ

မောင်သာချို
http://htaytintnl.blogspot.com/

Saturday, February 12, 2011

(၉၆)နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့..ဗိုလ်ချုပ်အောင်ဆန်း ကဗျာကို အနှစ်သာရ ရှိရှိ မာန်ပါပါဖြင့် ရွတ်ဆိုနေကြသော မူလတန်း ကလေးငယ်များ၏ ရုပ်/သံ

ဗိုလ်ချုပ်အောင်ဆန်း ကဗျာကို အနှစ်သာရ ရှိရှိ မာန်ပါပါဖြင့် ရွတ်ဆိုနေကြသော မူလတန်း ကလေးငယ်များ နှင့် ဗိုလ်ချုပ်အောင်ဆန်း ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း အတွင်းရှိ မင်္ဂလာဒုံ ၊တိုက်ကြီး မှော်ဘီ ၊လှည်းကူးမြို့နယ်များရှိ မူလတန်းကျောင်းများ
နှင့် ဘုန်းတော်ကြီးကျောင်း ( ၁၀၀ ) ကျော်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုး...သမီးအဖွဲ့မှ ဒေါက်တာမေ၀င်းမြင့်နှင့် ဒေါ်ခင်ဌေးကြွယ် ၊ ရန်ကုန်တိုင်းစည်း မှ ဒေါက်တာမျိုးအောင်နှင့် ဦးစိုးဟန် ၊ လူငယ်မှ မခင်မြတ်သူ အပါအ၀င် မြို့နယ်စည်းများ ဦးဆောင်၍ စာအုပ်များ သွားရောက်လှူဒါန်းခဲ့ကြသည်
http://www.facebook.com/pages/National-League-for-Democracy/199678676714208

Friday, February 11, 2011

ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်များ ဆွေးနွေးပွဲ (RFA) ရုပ်/သံ

၆၄နှစ်မြောက်ပြည်ထောင်စုနေ့ အမှတ်တရ
===============================================
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်များ ဆွေးနွေးပွဲ (RFA) ရုပ်/သံ
Aung San Suu Kyi meets youth From: RFABurmeseVideo 10 February 2011
7 views Loading...ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်များဆွေးနွေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်နယ်-တိုင်းများမှ လူငယ်များတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။

လူငယ်တွေက သူတို့ သိလိုတဲ့ လက်ရှိ နိုင်ငံရေး၊ လူငယ်ကွန်ယက်ကိစ္စ၊ ဥပဒေ၊ ပညာရေး၊ လူမှုရေး၊ ပြည်ထောင်စုကိစ္စ၊ စတာတွေကို မေးမြန်းခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး နဲ့ ဦးဥာဏ်ဝင်းတို့က ပြန်လည် ဖြေကြားခဲ့ပါတယ်။

Thursday, February 10, 2011

ပြည်ချစ်ပန်းနှင့် လွတ်လပ်သော ပြည်ထောင်စုသို့ ခရီးရှည်

 တစ်ပင်ကို တစ်ပင်ယှက်၊
နွယ်ခတ်၍သာ၊
တစ်ပင်အရိပ် တစ်ပင်ခိုကာ၊
စုပေါင်းညီညာ၊
ရှိကြသောအခါ... ။
နွယ်ခြင်းခက်၍ ပင်ချင်းယှက်သော်။ ထိုသီချင်းကို အမှတ်ရလိမ့်မည် ထင်ပါ၏။

ပေါင်းစည်းညီညွတ်ခြင်းမှ ရရှိစေမည့် အကျိုးကို သစ်ပင်များ၏ တည်ဖွဲ့ဟန်နှင့်ပမာ တင်စားခဲ့သည်။ ''တစ်ပင်ထီးထီး သစ်ပင်ကြီးမှာ၊ ကြီးမားခိုင်မာ၊ ကြွားဝင့်ထည်ဝါစွာ၊ မြေမှာမပြိုလဲ... ခိုင်မြဲ၊ အဓွန့်ရှည်ကြာ၊ ရှိလိမ့်မလားရယ်လို့၊ ထင်မြင်ယုံမှား ဖွယ်ရာ...။'' သစ်ပင်ကြီးတစ်ပင်၏ ကြံကြံခိုင်မှုကို ထိုသို့ ရေးဖွဲ့ခဲ့သည်။ ထိုသစ်ပင်ကြီး၏ ကြံ့ခိုင်မှုက မည်မျှ ကြာရှည်နိုင်မည်နည်း။

''မုန်းတိုင်း ကြမ်းကြမ်း၊ တိုက်ခတ်ရမ်းလေသော်၊ မတ်တပ်ကယ် မနေသာ၊ မြေမှာပြိုလဲ ရရှာ...'' သစ်ပင်ကြီး၏ အဆုံးသတ်ကို ဖွဲ့ဆိုခဲ့ပြီး ပေါင်းစည်းမှု၏ ခွန်အားကို ဆက်လက်ဖွဲ့သီခဲ့သည်။ ''တစ်ပင်ကို တစ်ပင်ယှက်၊ နွယ်ခတ်၍သာ၊ တစ်ပင်အရိပ် တစ်ပင်ခိုကာ၊ စုပေါင်းညီညာ ရှိကြသော အခါ၊ ထာဝစဉ် စိမ်းလန်းစိုပြေစွာ၊ လေပြင်းမုန်တိုင်း တိုက်ခိုက်သော်လည်း မတတ်သာ...၊'' စသဖြင့်။ ထိုသီချင်းကို တက္ကသိုလ်မောင်မောင်သီနှင့် စန္ဒရားအောင်ကြီးက ရေးသားခဲ့၏။

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့။ လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟူ၍ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ် ၁၀၀ ကျော်မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ် ၆၀ ကျော်မျှ တိုင်းတစ်ပါး လက်အောက် ကျရောက်ခဲ့သော မြန်မာနိုင်ငံ။ ထိုနေ့၌ လွတ်လပ်သောနိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့သည်။ အလွယ်တကူ ရရှိခဲ့ခြင်းတော့ မဟုတ်ပေ။


၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်။ ပြည်ထောင်စု၏ အားမာန်အစစ်ကို ဖော်ကျူးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာဟု တင်စားခဲ့သော၊ ပြည်ချစ်ပန်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့သည့်နေ့က ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ် ရှိနေဦးမည် ဆိုပါက . . . . .

ဒုတိယကမ္ဘာစစ်မီးက ၁၉၃၉ ခုနှစ် အချိန်တွင် စတင်သည်။ ၁၉၃၇ ခုနှစ် အချိန်။ တရုတ်နိုင်ငံ မြောက်ပိုင်းကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ရာမှ ဂျပန်နိုင်ငံ၏ သြဇာက အာရှနိုင်ငံများသို့ ကျယ်ပြန့်လာခဲ့၏။ ဒုတိယကမ္ဘာစစ် အတွင်းသို့ ဂျပန် ပါဝင်ခဲ့သည်။


သခင်အောင်ဆန်း ဦးဆောင်သော မြန်မာ့လွတ်လပ်ရေး လှုပ်ရှားသူများ၏ ကြိုးပမ်းမှုက ၁၉၄၀ ပြည့်နှစ်၌ ပိုမို အရှိန်ရလာသည်။ ထိုနှစ်၌ပင် တို့ဗမာအစည်းအရုံး ကိုယ်စားလှယ် အဖွဲ့နှင့် သခင်အောင်ဆန်းတို့ အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့သည်။ ထိုနှစ်၌ပင် ဖြစ်သည်။ သခင်အောင်ဆန်းနှင့် သခင်လှမြိုင် (ဗိုလ်ရန်အောင်)တို့ တရုတ်နိုင်ငံ အမွိုင်မြို့သို့ ရောက်ရှိခဲ့သည်။ ယင်းနောက် ဂျပန်သို့ ဆက်လက်ရောက်ရှိခဲ့၏။

၁၉၄၁ ခုနှစ်၊ နှစ်ဆန်းပိုင်း၌ မီနာမီကီကန်းအဖွဲ့ကို ဖြစ်လာ၏။ ကာနယ် ဆူဇူကီးနှင့် သခင်အောင်ဆန်းတို့ ဂျပန် နိုင်ငံ၌ ဖွဲ့စည်းခဲ့သည်။ မြန်မာ့လွတ်လပ်ရေး သမိုင်းဝင် ရဲဘော်သုံးကျိပ်ကို ဂျပန်နိုင်ငံသို့ ဆက်တိုက်နီးပါး စေလွှတ်ခဲ့သည်။ ဗြိတိသျှကို တော်လှန်ရန် အတွက် စစ်ပညာသင်ယူရန် ဖြစ်သည်။ ၁၉၄၁ ခုနှစ် နှောင်းပိုင်းကာလ၌ အမေရိကန် စစ်စခန်း အခြေစိုက်ရာ ပုလဲဆိပ်ကမ်းကို ဂျပန်တို့ ဗုံးကြဲလိုက်သည်။ ထို့နောက် အာရှတွင် စစ်ကြီး စတင်ခဲ့သည်။

အာရှတွင် စစ်ကြီး စတင်ခဲ့ပြီးနောက် ဗမာပြည် စစ်တပ်များကို အိန္ဒိယ သေနာပတိ လက်အောက်သို့ ဗြိတိသျှတို့က ရွှေ့လိုက်သည်။ တို့ဗမာအစည်းအရုံးကိုလည်း မတရားအသင်း ကြေညာလိုက်သည်။ ဂျပန်တို့က ဘုရင့်နောင်အငူကို သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ကို ဗုံးကြဲလိုက်၏။ ရဲဘော် သုံးကျိပ်ဝင်များနှင့် ကာနယ်ဆူဇူကီးတို့ ပူးပေါင်းပြီး ဗမာ့လွတ်လပ်ရေး တပ်မတော် ပေါ်ပေါက်လာခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့၏။ ယိုးဒယားစစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ မြိတ်စစ်ကြောင်း၊ မော်လမြိုင်စစ်ကြောင်း စသည်တို့ဖြင့်။

မြန်မာနိုင်ငံသို့ ဂျပန်ဝင်ရောက်လာမှုက မြန်ဆန်လာသည်။ ဗြိတိသျှတပ်များ ဆုတ်ခွာစ ပြုလာသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်က 'အင်္ဂလိပ် အခက်၊ ဗမာ့အချက်' ကို လက်တွေ့ အကောင်အထည် ဖော်လိုက်သည်။ သို့ဖြင့် ဗြိတိသျှတပ်များ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားခဲ့သည်။

ဗြိတိသျှ လက်အောက်ခံဘ၀မှ ဂျပန်လက်အောက်ခံ ဘ၀သို့ မြန်မာနိုင်ငံ ရောက်ရှိခဲ့ပြန်၏။ မြန်မာမျိုးချစ်များက ဂျပန်ကို ဆက်လက် တော်လှန်ခဲ့သည်။ ဂျပန်တို့က ရွှေရည်စိမ် လွတ်လပ်ရေး ပေးခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဖြစ်၏။

ဂျပန်လက်အောက်၊ ဗမာပြည် ဗဟိုအစိုးရဟူ၍ ဖြစ်လာသည်။ ဒေါက်တာဘမော်က အဓိပတိ ဖြစ်၏။ အစိုးရ အဖွဲ့ကို ဂျပန် စစ်အုပ်ချုပ်ရေး အောက်တွင်သာ ထားရှိခဲ့သည်။ ရှမ်းပြည်နှင့် ကရင်နီ ပြည်နယ်များကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်သည်။ ဗြိတိုသျှတို့၏ အုပ်ချုပ်မှုပုံစံ ဖြစ်သော ပြည်မနှင့်တောင်တန်း ခွဲခြားအုပ်ချုပ်မှုကို ဂျပန်တို့က ဆက်လက် မကျင့်သုံးခဲ့ပေ။ ရှမ်းပြည်နယ်၊ ကရင်နီနယ်နှင့် ၀နယ်များကို မြန်မာပြည်မနှင့် ပူးပေါင်းခွင့် ပြုခဲ့သည်။ ရှမ်းပြည်နယ်ဆိုင်ရာ စစ်အုပ်ချုပ်ရေး ကို နောက်ပိုင်း၌ ဖျက်သိမ်းခဲ့သည်။ ထိုသို့ ပြုလုပ်ပေးခဲ့ခြင်းက မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အခွင့်အရေး ဖြစ်စေခဲ့၏။ ပြည်မနှင့် တောင်တန်း ပေါင်းစည်းမှု ခွန်အားအတွက် လမ်းစ ဖြစ်စေခဲ့သည်။ ချင်းနှင့် ကချင် တောင်တန်းဒေသများကိုမူ ဂျပန်တို့ သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။ ထိုဒေသများက ဗြိတိသျှလက်အောက်၌ ဆက်လက် ရှိနေခဲ့၏။

၁၉၄၄ ခုနှစ်၌ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး ပေါ်ပေါက်လာသည်။ ထိုအချိန် မတိုင်မီ၊ ၁၉၄၃ ခုနှစ် အချိန်ကတည်းက ဗြိတိသျှတို့၏ ဗုံးကြဲတိုက်ခိုက်မှုများက စတင်နေပြီ ဖြစ်၏။ မဟာမိတ်တပ်များနှင့် ဗြိတိသျှ တပ်များက မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ၀င်ရောက်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့တပ်မတော်က ပြည်သူ့လွတ်လပ်ရေး တပ်မတော် အမည်သို့ ပြောင်းလဲပြီး ဂျပန်တို့အား စစ်ကြေညာခဲ့သည်။ မဟာမိတ်များနှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်၏။ ဗမာ့အမျိုးသား တပ်မတော်နှင့် ဗြိတိသျှတပ်တို့ ပူးပေါင်းခဲ့သည်။ ဗမာ့အမျိုးသား တပ်မတော်မှ ဗမာ့မျိုးချစ်တပ်မတော် ဖြစ်လာခဲ့၏။

၁၉၄၅ ခုနှစ် စက်တင်ဘာလ၌ ဂျပန်တို့ စစ်ရှုံးခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့၏။ မြန်မာ့မြေမှ ဂျပန်တို့ ဆုတ်ခွာသွားသည်။ ဗမာ့မျိုးချစ်တပ်မတော်၏ အမျိုးသားညီညွတ်ရေး ပန်ကြားချက် ထွက်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံကို ဗြိတိသျှက ထပ်မံ အုပ်ချုပ်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြောင့် ဗြိတိသျှတို့ အမြင်ပြောင်းလာ၏။ မြန်မာနိုင်ငံကို ပုံစံပြောင်း အုပ်ချုပ်ရန် ပြင်ဆင်ခဲ့သည်။

၁၉၄၅ ခုနှစ်၌ ဘုရင်ခံ ဒေါ်မန်စမစ် မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် ဆက်လက် အုပ်ချုပ်ရန် ကြိုးစားခဲ့၏။ နေသူရိန် လူထုအစည်းအဝေးက စစ်အုပ်ချုပ်ရေးကို ရပ်စဲရန် တောင်းဆိုခဲ့သည်။ နေသူရိန် လူထုအစည်းအဝေးသည် စစ်ပြီးခေတ် မြန်မာနိုင်ငံ၌ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် ပထမဆုံးသော လူထုဆန္ဒပြပွဲ ဖြစ်၏။ဆန္ဒပြမှုကြောင့် ဗြိတိသျှတို့က စစ်အုပ်ချုပ်ရေးကို ရပ်စဲလိုက်၏။ စစ်အုပ်ချုပ်ရေး ရပ်စဲသွားသော်လည်း ဆင်းမ လား စီမံကိန်း(ခေါ်) စက္ကူဖြူ စီမံကိန်း ပေါ်လာခဲ့သည်။ ၁၉၃၅ ခုနှစ် ဗြိတိသျှပါလီမန်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ အုပ်ချုပ်ရေး အက်ဥပဒေကို ပြန်လည် အသက်သွင်းလိုသည့် စီမံကိန်းသာ ဖြစ်၏။ ဘုရင်ခံက စိတ်ကြိုက် အုပ်ချုပ်နိုင်သည့် ပုံစံ ဖြစ်သည်။

ဗြိတိသျှ အစိုးရ အနေဖြင့် မြန်မာနိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရန် အကူအညီပေးလို၏။ ပေးလိုသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်က ဒိုမီနီယံ အဆင့်အတန်းမျှသာ ဖြစ်သည်။ဂျပန်ကပေးသော ရွေရည်စိမ်လွတ်လပ်ရေးနှင့် ၁၉၂၃ ခုနှစ် ဗြိတိသျှတို့ ပေးခဲ့သော ဒိုင်အာခီ အုပ်ချုပ်ရေးထက်ပင် အဆင့်အတန်းနိမ့်သော အုပ်ချုပ်ရေး ဖြစ်သည်။

စက္ကူဖြူစီမံကိန်း၌ မြန်မာပြည်မကို ရှမ်းပြည်နယ် အပါအ၀င် တောင်တန်းဒေသများနှင့် ခွဲခြားလိုသည့်အချက် ပါဝင်နေသည်။ ဗြိတိသျှတို့က မြန်မာပြည်မကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးနိုင်သည်။ သို့သော် တောင်တန်းဒေသများကို ဆက်လက် ရယူထားလိုသည့် သဘော ရှိနေသည်။ ထို့ကြောင့် ဆင်းမလား စီမံကိန်း ပျက်ရန်အတွက် ဖဆပလအဖွဲ့ချုပ် ဦးဆောင်၍ လှုပ်ရှား ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

၁၉၄၆ ခုနှစ် နှစ်ဆန်းပိုင်း၌ ပြုလုပ်သော ရွှေတိဂုံ အလယ်ပစ္စယံ ဖဆပလ အဖွဲ့ချုပ်၏ ညီလာခံ၌ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိစ္စကို အလေးထား ပြောဆိုသည်။ မြန်မာပြည်နှင့် ရှမ်းပြည်နယ် ကိစ္စတွင် နှစ်ဦးနှစ်ဘက် အဓိကကျပြီး ကြားလူ မ၀င်သင့်ကြောင်း၊ ရှမ်းပြည်နယ် ခေါင်းဆောင်များနှင့် မြန်မာခေါင်းဆောင်များ မတွေ့နိုင်အောင် စီမံထားသည့် နယ်နှင် ဥပဒေကို ပယ်ဖျက်သင့်ကြောင်း အဆိုပြုချက်ကို ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးဖေခင်က ညီလာခံ၌ တင်သွင်းခဲ့သည်။ ချင်းတောင်တန်း ကိုယ်စားလှယ် ဦးဝမ်းသူမောင် က လုံးဝလွတ်လပ်ရေး အဆိုကို တောင်တန်းဒေသ ကိုယ်စားလှယ်များ ကိုယ်စား ထောက်ခံခဲ့၏။

ဗြိတိသျှအစိုးရ လက်အောက်မှ လုံးဝလွတ်မြောက်ရေးအတွက် နှလုံးရည်တိုက်ပွဲမှာ ပိုမို ပြင်းထန်ခဲ့သည်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု၌ ဗိုလ်ချုပ်အောင်ဆန်းက အဓိကကျလာမည့် အကြောင်းကို ဗြိတိသျှအစိုးရက သိရှိခဲ့သည်။ ဒေါ်မန်စမစ်၏ အစိုးရအဖွဲ့က ဖဆပလအဖွဲ့ချုပ်နှင့် ပြေလည်အောင် ဆက်ဆံရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း မြန်မာနိုင်ငံ၌ နောက်လိုက် အကောင်းဆုံး နိုင်ငံရေးတပ်ပေါင်းစု၏ ခေါင်းဆောင်အဖြစ် လက်ခံလာခဲ့သည်။

တစ်ဖက်၌လည်း ဗိုလ်ချုပ်အောင်ဆန်း၏ သြဇာ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်ခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ဗြိတိသျှဘက် ပါရန်အတွက် မောင့်ဘက်တန်နှင့် ဒေါ်မန်စမစ်က ကြိုးပမ်းခဲ့၏။ ရာထူးပေး၍ ဆွဲဆောင်ခဲ့သည်။ ဗိုလ်ချုပ်က လက်မခံ သည့်အပြင် သူအလိုရှိရာကို ပွင့်ပွင့်လင်းလင်းပင် ပြောဆိုခဲ့၏။ ထိုအချိန်မှာပင် ဖဆပလနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သြဇာမှာ ဗြိတိသျှတို့ ထင်ထားသည်ထက် ပိုကြီးလာခဲ့၏။

ထိုအခြေအနေသို့ မရောက်ရှိမီ၊ ဒေါ်မန်စမစ် မြန်မာနိုင်ငံသို့ ပြန်မလာစဉ် အချိန်ကပင် ဗြိတိသျှ အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အတွင်းဝန် ပက်သစ်လောရင့် ထံသို့ ဒေါ်မန်စမစ်က စာတစ်စောင် ရေးသားထားခဲ့၏။

''ဒီနေ့ မြန်မာနိုင်ငံမှာ အရေးကြီးဆုံး ပုဂ္ဂိုလ်ဟာ အောင်ဆန်းပဲဆိုတာ ကျွန်တော်တို့ လက်ခံရလိမ့်မယ် ထင်တယ်။ လူတိုင်းက သူ့ကို လေးစားချစ်ခင်ကြတယ်။ ယုံကြည်ကြတယ်။ သူ့တပ်သားတွေကလည်း သူ့ကိုချစ်တယ်။ သူက သေဆိုသေ၊ ရှင်ဆိုရှင်မယ်။ ဂျပန်တွေကို သူတော်လှန်ဖို့ ပြင်ဆင်တယ်။ အစီအစဉ်တွေ လုပ်တယ်။ ကျွန်တော်တို့ ပြန်မ၀င်လာရင်လည်း သူကတော့ ဂျပန်ကို တော်လှန်မှာပဲ။ သူ့မှာ ကြီးပွားချင်တဲ့စိတ် မရှိဘူး။ ရိုးသားတယ်။ မရိုးမသား ဟန်ပန် လုပ်တဲ့သူ မဟုတ်ဘူး။ အခုနေ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ရင် အောင်ဆန်းခေါင်းဆောင်တဲ့ အဖွဲ့ဟာ မဲအားလုံးကို သိမ်းကျုံးယူသွားမှာပဲ''ဟူ၍ ဒေါ်မန်စမစ်က သူ၏စာ၌ ရေးသားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဖဆပလ အဖွဲ့ကြီးနှင့် တိုင်းရင်းသားလူမျိုး အားလုံးက လုံးဝလွတ်လပ်ရေး ရရှိလို၏။ ဗြိတိသျှ အစိုးရနှင့် နှလုံးရည်တိုက်ပွဲက ၁၉၄၆ ခုနှစ်၌ အပြင်းထန်ဆုံး ဖြစ်၏။ ပြည်မ တောင်တန်း ပူးပေါင်းမှု၏ လမ်းကြောင်းအစ၊ ပင်လုံ အစည်းအဝေးကို ၁၉၄၆ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည်။

ဗြိတိသျှ အစိုးရက ဖဆပလ အဖွဲ့ချုပ်ကို လန်ဒန်သို့ ခေါ်ယူခဲ့၏။ နန်းရင်းဝန် အက်တလီနှင့် တွေ့ဆုံပြီး အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။ အောင်ဆန်း-အက်တလီ စာချုပ်က မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ပိုနီးစပ်ခဲ့သည်။ သို့သော် ပြည်မနှင့်တောင်တန်း ပူးပေါင်းရေး အရေးကြီးလာ၏။ လန်ဒန်သို့ ဗိုလ်ချုပ် ရောက်ရှိနေစဉ် ကာလမှာပင် လန်ဒန် ဆွေးနွေးပွဲ၌ တိုင်းရင်းသား ကိုယ်စားလှယ်များ မပါဝင်သည့်အတွက် တိုင်းရင်းသားခေါင်းဆောင် အချို့က မကျေနပ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ရှမ်းပြည်နယ် လူထုခေါင်းဆောင်များက တောင်ကြီးမြို့၌ လူထု အစည်းအဝေးပွဲ ကျင်းပ၍ တောင်တန်းဒေသများသည် မြန်မာပြည်မနှင့် ပူးပေါင်း၍ လွတ်လပ်ရေး အရယူလိုကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းသားများအတွက် ပြောပိုင်ခွင့် ရှိကြောင်း၊ ဗိုလ်ချုပ်၏ အဆိုပြုချက်၊ လိုလားချက်များကို ထောက်ခံကြောင်း လန်ဒန်သို့ ကြေးနန်းစာ ပေးပို့ခဲ့သည်။

ထိုကြေးနန်းစာကြောင့်ပင် လန်ဒန် ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်နိုင်ခဲ့၏။ အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ သို့သော် တောင်တန်းဒေသ ခေါင်းဆောင်များ၏ သဘောထား ပါရှိမှသာ ပြည်မနှင့် တောင်တန်း တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေး ပေးနိုင်မည်ဟု ဆိုသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ပင်လုံညီလာခံ စတင်၏။ ပင်လုံအစည်းအဝေး ပြုလုပ်ပြီး တစ်နှစ်ခန့် အကြာတွင် ဖြစ်သည်။

ပြည်မနှင့်တောင်တန်း အတူတကွ လွတ်လပ်ရေး ရရှိရေးကို ဗိုလ်ချုပ်အောင်ဆန်းက အလေးထားခဲ့သည်။ တိုင်းရင်းသား ခေါင်းဆောင်များ၏ သဘောထားကို သိရန်အတွက် လန်ဒန် မသွားမီကပင် တောင်တန်းဒေသများသို့ သွားရောက်ခဲ့၏။ ရခိုင်ဒေသ၊ ကချင်တောင်တန်းဒေသ၊ ကရင်ဒေသနှင့် ရှမ်းပြည်နယ်များသို့ သွားရောက်ခဲ့သည်။

၁၉၄၇ ပင်လုံညီလာခံက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အရေးပါဆုံးကဏ္ဍ ဖြစ်ခဲ့၏။ တိုင်းရင်းသား အားလုံး၏ သဘောဆန္ဒ အရေးပါလာသည်။ ဒိုမီနီယံ အုပ်ချုပ်ရေးနှင့် ကျေနပ်လိုသူများလည်း ပါရှိခဲ့၏။ ဗြိတိသျှ၏ အကွက်ကျကျ ခြေထိုးမှုများက ညီလာခံ ဆွေးနွေးမှုများအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။

ဆန္ဒပြမှုများ၊ ကြေးနန်းစာများ၊ သွေးခွဲမှုများ ရှိခဲ့သည့်ကြားက ပြည်မနှင့်တောင်တန်းဒေသ ညီညွတ်မူ သင်္ကေတ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့၏။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖြစ်၏။

ပင်လုံစာချုပ်အရ ပြည်မနှင့်တောင်တန်း တစ်ပြိုင်နက်တည်း လွတ်လပ်ရေး ရရှိခဲ့သည်။ တိုင်းရင်းသားများဖြင့် ပေါင်းစု ဖွဲ့စည်းထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းလုံး အနေဖြင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။

'နွယ်ချင်းခက်၍ပင်ချင်းယှက်သော်'သီချင်းကပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ပေါင်းစည်းမှုအမှတ်ရစေသည်။

လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ။ တိုင်းရင်းသား အားလုံး၏ ပေါင်းစည်းမှုဖြင့် ရရှိခဲ့၏။ ပြည်ချစ်ပန်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းက ထိုပေါင်းစည်းမှု ရရှိရန်အတွက် အဓိက နေရာမှ စွမ်းဆောင်ခဲ့သည်။ လက်ရုံးရည် သာမက နှလုံးရည်ဖြင့်ပါ စွမ်းဆောင်ခဲ့သည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်။ ပြည်ထောင်စု၏ အားမာန်အစစ်ကို ဖော်ကျူးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာဟု တင်စားခဲ့သော၊ ပြည်ချစ်ပန်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့သည့်နေ့က ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ် ရှိနေဦးမည် ဆိုပါက . . . . .

အသက် (၉၆)နှစ် ပြည့်မည့်နေ့ရက် ဖြစ်ပါသည်။
ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ကိုယ်စားလှယ်များ
(၁) ဗိုလ်ချုပ်အောင်ဆန်း(မြန်မာပြည်ခေါင်းဆောင်)၊
(၂) စ၀်ခွန်ပန်းစိန်(တောင်ပိုင်းစော်ဘွား)၊
(၃) စ၀်ရွှေသိုက်(ညောင်ရွှေစော်ဘွား)၊
(၄) စ၀်ဟုံဖ (မြောက်ပိုင်းသိန္နီစော်ဘွား)၊
(၅) စ၀်နွံ(လဲချားစော်ဘွား)၊
(၆) စ၀်စံထွန်း(မိုင်းပွန်စော်ဘွား)၊
(၇) ခွန်ဖုန်း(လူထုကိုယ်စားလှယ် မြောက်ပိုင်းသိန္နီ)၊
(၈) စ၀်ထွန်းအေး (သာမိုင်းခမ်းစော်ဘွား)၊
(၉) ဦးတင်အေး(လူထုကိုယ်စားလှယ် တောင်ကြီး)၊
(၁၀)ဦးကြာပု(လူထုကိုယ်စားလှယ် သီပေါ) ၊
(၁၁) စ၀်ယိင်ဖ(လူထုကိုယ်စားလှယ် သီပေါ)၊
(၁၂) ဆမားဒူဝါ ဆင်ဝါနောင်(ကချင်ကိုယ်စားလှယ် မြစ်ကြီးနား)၊
(၁၃)ဒူဝါဇော်ရစ်(ကချင်ပြည်နယ်ကိုယ်စားလှယ် မြစ်ကြီးနား)၊
(၁၄)ဦးခွန်ထီး (လူထုကိုယ်စားလှယ်ပင်လုံ)၊
(၁၅) ဦးထွန်းမြင့်(လူထုကိုယ်စားလှယ် မောက်မယ်)
(၁၆) ဦးခွန်စော(လူထုကိုယ်စားလှယ် ပင်းတယ)၊
(၁၇)ဦးဖြူ (ဆီဆိုင်စော်ဘွား ကိုယ်စားလှယ်)၊
(၁၈) ဦးဒိန်ရတန်(ကချင်ကိုယ်စားလှယ် မြစ်ကြီးနား)၊
(၁၉) ဒူဝါဇော်လွန်း(ကချင်ကိုယ်စားလှယ် ဗန်းမော်)၊
(၂၀) ဦးလဘန်းဂရောင် (ကချင်ကိုယ်စားလှယ် ဗန်းမော်)၊
(၂၁) ဦးလူမုန်း(ချင်းကိုယ်စားလှယ် ဖလမ်း)၊
(၂၂) ဦးသောင်ဇာခုတ်(ချင်းကိုယ်စားလှယ် တီးတိန်)၊
(၂၃) ဦးကီးယိုမာန် (ချင်းကိုယ်စားလှယ် ဟားခါး)

ကိုးကား။
(၁)တိုင်းရင်းသားလူမျိုးများ အရေးနှင့် ၁၉၄၇ အခြေခံဥပဒေ။
(၂)ပင်လုံညီလာခံ သမိုင်းစဉ်အကျဉ်း (၁၉၇၂)၊
(၃)ပင်လုံစစ်တမ်း (ဦးအုန်းဖေ)၊
(၄)မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စဉ်သမိုင်း(ဖိုးအောင်လေး)၊
(၅)မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ (ကျော်အောင်) (Last and First in Burma by Maurice Collis)
http://www.news-eleven.com/ မှကူးယူဖော်ပြပါသည်

Tuesday, February 8, 2011

၆၄နှစ်မြောက်ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂, ၂၀၁၁

------------------------------------------------------------------------------------------------------------
----------------------------------------------------------------------------------------------------------

thaipbs.or.th/မှ မြန်မာ့အရေးသတင်းရုပ်/သံ

------------------------------------------------------------------------------------------------------------

သင်္ကန်းကျွန်းမြို့နယ် ၁၆ ရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၀ ကျော် မီးလောင်ဆုံးရှုံး
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊၁၆ ရပ်ကွက် အပိုင်း ၄ ရှိသီတာရေစင်လမ်းတွင်ဖေဖော်
ဝါရီလ ၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါမီးလောင်မှုမှာ မီးဖိုအသုံးပြုရာမှတစ်ဆင့် စတင်ခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး မီးလောင်မှု အိမ်ခြေ ၁၀ လုံးကျော် မီးလောင်ခဲ့ရကြောင်း သိရှိရသည်။
"နေ့လည် ၂ နာရီလောက်မှာ ညှော်နံ့တွေထွက်လာလို့ အိမ်အပြင် ထွက်ကြည့်လိုက်တော့ မီးခိုးထွက် နေတာတွေ့လိုက်ရတယ်။ နောက် ၁၀ မိနစ်လောက်ကြာတော့ မီးညွန့်တွေ ထွက်လာတာတွေ့ရတယ်။ စဖြစ်တဲ့ အိမ်ကနေ တောက်လျှောက် လောင်လာတာ အိမ်ခြေ ၁၀ လုံးကျော် လောက်ပါသွားပြီး သက်ဆိုင်ရာက မီးငြှိမ်းနိုင်ခဲ့တယ်"ဟု မီးလောင်မှုအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦး က ပြောပြခဲ့သည်။

"ကျွန်မတို့က ဒီကိုပြောင်းလာတာ တစ်ပတ်လောက်ပဲရှိသေးတယ်။ အခုမီးလောင်ခံခဲ့ရတဲ့ အိမ်မှာ ကျွန်မအမေတစ်ယောက်တည်း နေတာပါ။ ကျွန်မတို့က အခြားနေရာမှာနေပါတယ်။ မီးလောင်တယ်ဆိုလို့ ချက်ချင်းပြေးလာပြီး ကျွန်မအမေကိုတော့ စိတ်ချရတဲ့နေရာမှာ ထားပြီးပါပြီ။ ကျွန်မတို့အိမ်ထဲက ဘာပစ္စည်းမှပြန်မရလိုက်ဘူး။ ပိုက်ဆံတွေရော၊ ပစ္စည်းတွေပါ အကုန်ပါသွားတယ်"ဟု အိမ်မီးလောင်ခံခဲ့သူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့သည်။

မီးလောင်ရာတွင် အိမ်ခြေဆုံးရှုံးခဲ့သည့်သူများအတွက် ကယ်ဆယ်ရေးစခန်းများကို သက်ဆိုင်ရာ ရပ်ကွက်ဓမ္မာရုံများတွင် ဖွင့်လှစ်ပေးထားခဲ့ကြောင်း သိရှိရသည်။

အိန္ဒယကာတွန်းဆရာ ရဲ့  နအဖ အစိုးရ အပေါ်အမြင်

Monday, February 7, 2011

ABMA ဂျာနယ် အတွဲ (၂) အမှတ် (၃)

အီဂျစ်နိုင်ငံ အာဏာရှင်Hosni Mubarak ကိုလူထုအင်အားနဲ့ဖြုတ်ချနေစဉ် ရုပ်/သံ

The story of five days in January when the people of Egypt broke through a barrier of fear and rose in revolt.
This film tells the story of five days in January 2011 when the people of Egypt broke through a barrier of fear they had known for a generation and rose in revolt against their president.Read Moe...

ယုန်နှစ်မှာ ယုန်သားစားခြင်း

တရုတ်ပြက္ခဒိန်အရ ဒီနှစ်က ယုန်နှစ်ဖြစ်တယ်။
ထူးထူးခြားခြားတိုက်တိုက်ဆိုင်ဆိုင် တရုတ်နှစ်ကူးနေ့မှာ ယုန်သားလက်ဆောင်ရတယ်။ မန္တလေးက မိတ်ဆွေတစ်ယောက်က နေပြည်တော်က အပြန်လမ်းမှာတွေ့လို့ဝယ်လာခဲ့ပြီး ကားဂိတ်ကတစ်ဆင့်ပို့လိုက်တာ။ မနှစ်ကလည်း သူပို့ပေးလို့ နှစ်ငါးဆယ်လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယုန်သားစားလိုက်ရတယ်။ မနှစ်ကတော့ ဘုတလင်ကရလို့ပို့ လိုက်တာတဲ့။

တိုင်း၍ရက်တဲ့ပက္ကလာ
သူက မန္တလေးသားစစ်စစ်ဆိုတော့ အညာစာတွေကြိုက်တတ်တယ်။ တစ်ခါတလေ တယ်လီဖုန်းထဲကနေပြီးတောင် အညာစာတွေအကြောင်း သူပြောတာနားထောင်ရင်းသရေ(သွားရည်)ကျရတယ်။ ညက်ညက်ကလေးနဲ့ အပြောလည်းကောင်းတယ်။ သူယုန်သားပို့တဲ့နေ့မှာပဲ နှမတွေကလည်း ထုံးစံအတိုင်းအညာစာတွေ ဘူးကြီးတစ်ဘူးနဲ့ပို့လိုက်တော့ တိုင်း၍ရက်တဲ့ပက္ကလာဆိုသလိုဖြစ်သွားတယ်။ နှမတွေပို့တဲ့ထဲမှာက တမာရွက်နဲ့ ထနောင်းရွက်ပါသလို ခွေးတောက်ရွက်လည်းပါတယ်။ တဇောင်းခါးလည်းပါတယ်။ ပဲနဲ့ဆီးသီးလည်းပါတယ်။ ပဲမြစ်နဲ့ခေါပုတ်တောင်မကျန်ဘူး။ နည်းနည်းနဲ့စုံအောင် ထည့်ပေးလိုက်တာလို့ ပြောပေမယ့် တစ်မျိုးတစ်မျိုးကို နည်းတာမဟုတ်ဘူး။ တစ်ဆင့်တောင် ပြန်ပြီးခွဲဝေပေးရသေးတယ်။

ယုန်သားနဲ့ ခွေးတောက်ရွက်ဟင်းချို
တိုင်း၍ရက်တဲ့ ပက္ကလာလို့ပြောလိုက်တာက ယုန်သားနဲ့ခွေးတောက်ရွက် သိပ်ပြီး လိုက်ဖက်လို့ပါ။ ယုန်သားပြုတ်တဲ့အရည်ထဲကို ခွေးတောက်ရွက်ကလေးခပ်ပြီး သောက်ရတဲ့အရသာက သိပ်ကောင်းတာ။ ပြုတ်ထားတဲ့ယုန်သားကိုထောင်းပြီး ကြက်သွန်နီလေးပါးပါးလှီး၊ ဆီရွှဲရွှဲလေးနဲ့စားရတာကလည်း ဘာနဲ့မျှမတူအောင် အရသာရှိလှတယ်။ ယုန်သားကကြက်သားထက်နူးညံ့ပြီး ပိုချိုတယ်။ ချက်စား၊ ကြော်စား၊ ပြုတ်ထောင်းကြော်စား အမျိုးမျိုးစားလို့ရတယ်။ အဲဒီနေ့ကတော့ ယုန်သားထောင်း ခွေးတောက်ရွက်ဟင်းချို၊ ပဲနှပ်၊ မရမ်းသီးထောင်း၊ ထနောင်းရွက်သုပ်နဲ့ အညာပြန်ရောက်နေသလိုကို အောက်မေ့ရတယ်။

လပေါ်ကယုန်လို
ရန်ကုန်ရောက်ကတည်းက ယုန်သားကိုခဏခဏသတိရနေရတယ်။ မနှစ်ကမှ မိတ်ဆွေရဲ့ကျေးဇူးကြောင့် စားရတာ။ ဒီနှစ်ယုန်နှစ်မှာလည်း ယုန်သားစားရတော့ လပေါ်ကယုန်ကလေးလို အသက်ရှည်မယ့်ပုံပဲ။ ရှဲ့ရှဲ့၊ ရှဲ့ရှဲ့လို့ပဲပြောလိုက်ရတယ်။ ထမင်းစားရင်းကနေ ငယ်ဘ၀ကို ပြန်ပြီးတွေးမိတယ်။ ငယ်ငယ်တုန်းက တရုတ်တန်းဈေးမှာ ယုန်သားရလေ့ရှိတယ်။ ယုန်သားကိုထောင်းဖို့ အသားကိုနွှင်တော့ ထွက်လာတဲ့အရိုးတွေကိုဟင်းချိုအိုးထဲ အမေကပစ်ထည့်တတ်တယ်။ ဟင်းချိုကပိုချိုတာပေါ့။ မရမ်းသီးမပေါ်တဲ့ အချိန်ဆိုရင်တော့ မန်ကျည်းသီးထောင်းနဲ့လည်းလိုက်ဖက်ပါတယ်။ မန်ကျည်းသီးထောင်းပေါ်မှာ ပင်စိမ်းရွက်ကလေးတွေအုပ်လိုက်ရင် အနံ့ကလေးမွှေးနေတာပေါ့။

အဆောင်တွေထဲပြေးဝင်လာကြ
ရန်ကုန်မှာတော့ ယုန်သားစားလေ့မရှိကြဘူး။ ရောင်းတာလည်း မတွေ့ဖူးဘူး။ မွေးဖို့ရောင်းတဲ့ယုန်တွေပဲရှိတယ်။ ပေါပေါမရလို့မစားတတ်ကြတာထင်ပါရဲ့။ မန္တလေးမှာတော့ ငယ်စဉ်က တော်တော်ပေါတယ်။ မန္တလေးတက္ကသိုလ်ရဲ့ ယောက်ျားလေး အဆောင်နှစ်ဆောင်ဖြစ်တဲ့ အောင်မင်္ဂလာဆောင်နဲ့ ရွှေပြည်အေးဆောင် ဆောက်ပြီးစကဆို အဆောင်ထဲကို ယုန်ကလေးတွေပြေးပြေးလာတတ်တယ်။ အဆောင်တွေရဲ့ အရှေ့ဖက်မှာက လယ်ကွင်းတွေနဲ့ ထန်းတောတွေရှိတာကိုး။ ယုန်လိုက်ရုံလောက်တော့ အဝေးကြီးသွားစရာမလိုဘူး။ တက္ကသိုလ်ဝန်းကျင်မှာတင်ရတယ်။

ဆင်အုပ်နဲ့ တိုး
သေနတ်ပစ်ဝါသနာမပါပေမယ့် တောလည်တာဝါသနာပါလို့ သူငယ်ချင်းတွေတောပစ်ထွက်ရင်လိုက်လေ့ရှိတယ်။ ပုလိပ်လောက်ထွက်လိုက်ရုံနဲ့ တောဝက်ကောင်းကောင်း ပစ်ရတယ်။ မတွေ့တဲ့အခါမရှိသလောက်ပဲ။ ထုံးဘိုတို့၊ ရွှေစာရံတို့ဘက်ထွက်ရင် တောဝက်သာမက ဒရယ်တို့၊ ဂျီ(ချေ)တို့ပါရတယ်။ တစ်ခါကဆို နားဋောင်းကျချောင်းဖျားမှာ သူငယ်ချင်းတွေက ဂျီလိုက်ချောင်းနေတုန်း တစ်ယောက်တည်း သရက်သီးလိုက်ကောက်နေမိတယ်။ သရက်တောကြီးက နေပြောက်တောင်မထိုးဘူး။ ကြွေကျတဲ့သရက်ကင်းလေးတွေကို လိုက်ကောက်နေတုန်း တောဆင်လေးငါးကောင်အုပ်နဲ့ တိုးလို့ပြေးရတာကို ကောင်းကောင်း မှတ်မိနေသေးတယ်။ နှစ်ဆယ့်တစ်မိုင်ဝန်းကျင်မှာ တစ်ခါတလေကျားတောင် တွေ့ရတယ်။ အဲဒီအချိန်ကမေမြို့(ပြင်ဦးလွင်)အတက် တောင်ကြောတွေမှာ ရေထွက်ကလေးတွေ၊ စမ်းချောင်းကလေးတွေကသိပ်ပေါတာ။

မုဆိုးလည်း သူ့စရိုက်နဲ့သူ
ရေထွက်ကလေးတွေနေရာမှာ သားကောင်မျိုးစုံ ရေသောက်လာလေ့ရှိတယ်။ တောပစ်သူတွေက ရေထွက်နေရာကစောင့်ပြီးပစ်ရုံပဲ။ သူငယ်ချင်းတွေက တောဝက်ကိုပဲရှာကြတာများတယ်။ ၀က်မရမှ ဒရယ်တို့၊ ဂျီ (ချေ)တို့ပစ်ကြတယ်။ မုဆိုးကလည်း သူ့စရိုက်နဲ့သူ သေနတ်ကိုင်ပြီး မည်းမည်းမြင်တိုင်း လျှောက်ပစ်တာမဟုတ်ဘူး။ ကိုယ်တိုင်ကတော့ တောလည်လိုက်နေပေမယ့် လေသေနတ်တောင် ပစ်ဖူးတာမဟုတ်ဘူး။ ငယ်စဉ်ကလည်း လေးခွတောင်မကိုင်ဖူးဘူး။ တောလည်ရတာကိုပျော်တာ။ တောထဲရောက်ရင်ဆီးသီးခူးမယ်။ သရက်သီးကောက်မယ်။ မရမ်းသီးကောက်မယ်။ ဒါပဲ။

မိဘမဲ့ဝက်ဝံလေးနှစ်ကောင်
တစ်ခါက ထုံးဘိုတို့၊ ကျောက်ချောတို့ဘက်တောလည်ရင်း မိဘမဲ့ဝက်ဝံလေးနှစ်ကောင် တွေ့ခဲ့ရတာကို မှတ်မိသေးတယ်။ ၀က်ဝံလေးတွေက တစ်လသားအရွယ်လောက်ပဲ ရှိဦးမယ်နဲ့တူပါတယ်။ ၀က်ဝံမကြီးက တစ်ယောက်ယောက် လက်ချက်မိသွားပုံရပါတယ်။ ၀က်ဝံလေးနှစ်ကောင်ကိုယူလာပြီး သူငယ်ချင်းတစ်ယောက်အိမ်မှာ နို့ဘူးတိုက်မွေးထားကြတယ်။ သိပ်လိမ္မာပြီး သိပ်ချစ်စရာကောင်းတယ်။ နောက်တော့ဒီကောင်တွေက ဧရာမအကောင်ကြီးတွေ ဖြစ်လာတယ်။ အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတယ်လို့ ပြောလွန်းမကပြောကြတာကြောင့် နောက်ဆုံးမှာ သူငယ်ချင်းတစ်သိုက် ကျောက်ဆည်ဘက်က မြို့ကြီးဒေါင်းမီးအထိ ယူသွားပြီး မျက်ရည်စက်လက်နဲ့လွှတ်ပစ်ခဲ့ကြရတယ်။

သမိုင်းဆောင်းပါးလို
ယုန်သားထောင်းနဲ့ ခွေးတောက်ရွက် ဟင်းချိုစားရင်းသောက်ရင်း ရှေးဟောင်းနှောင်းဖြစ်လေးတွေကို ပြန်ပြောင်းအောက်မေ့လွမ်းဆွတ် နေမိတာဖြစ်ပါတယ်။ အခုခေတ် လူငယ်တွေဖတ်မိရင်တော့ သမိုင်းဆောင်းပါးတစ်ပုဒ် ဖတ်ရသလို အောက်မေ့နေကြပါလိမ့်မယ်။ အခြေအနေတွေက ဆက်စပ်ကြည့်လို့ မရနိုင်လောက်အောင်ကို ပြောင်းလဲသွားကြပြီ မဟုတ်လား။ လူ့သမိုင်းမှာပြောင်းလဲမှုဆိုတာ လိုအပ်ချက်တစ်ခုဖြစ်တယ်။ တားဆီးလို့မရတဲ့ အရာလည်းဖြစ်တယ်။ ဒါပေမဲ့ ပြောင်းလဲမှုတိုင်းဟာ ကောင်းတယ်လို့တော့ သတ်မှတ်လို့ မရဘူး။ ကောင်းတဲ့ပြောင်းလဲမှု ရှိသလို မကောင်းတဲ့ပြောင်းလဲမှုလည်း ရှိတယ်။

ဆင်နဲ့လူဘယ်သူကကျူးကျော်တာလဲ
မကြာမီကပဲ တောဆင်ရိုင်းတွေ အန္တရာယ်ပြုလို့ အင်းတကော်နားမှာ လူနှစ်ယောက်သေဆုံးသွားတဲ့သတင်းဖတ်ရတယ်။ မြစ်ဝကျွန်းပေါ်ဘက်မှာလည်း ရွာနားပတ်ဝန်းကျင်ကို တောဆင်ရိုင်းတွေ ၀င်ရောက်နှောင့်ယှက်တဲ့ သတင်းတွေ ဖတ်ရတယ်။ ကလောအတက် ယင်းမာပင်နားမှာလည်း တောဆင်ရိုင်းတွေ ၀င်ရောက်လာတဲ့သတင်းတွေ ဖတ်ရတယ်။ တောဆင်ရိုင်းတွေ ၀င်ရောက်နှောင့်ယှက်တယ်လို့ သတင်းတွေကဆိုတယ်။ လူတွေရဲ့ရပ်ရွာထဲကိုဆင်တွေကလာပြီး နှောင့်ယှက်တာလား၊ ဆင်တွေနေတဲ့ တောကြီးတွေထဲကို လူတွေက ၀င်ရောက်ကျူးကျော် နေထိုင်ကြတာလားဆိုတာ စဉ်းစားကြဖို့ကောင်းတယ်။ တောအုပ်ကြီးတွေ အဖြစ်ကနေ လူနေရပ်ရွာတွေ အဖြစ်ပြောင်းလဲသွားခြင်းရဲ့ ရလဒ်မဟုတ်ဘူးလား။

လူတွေကိုယ်တိုင်လုပ်တာ
ဒီနေ့ကမ္ဘာ့နေရာ အနှံ့အပြားမှာ အပူလွန်ကဲလိုက်၊ အအေးလွန်ကဲလိုက်၊ ရေကြီးလိုက်၊ မုန်တိုင်းတိုက်လိုက်၊ ငလျင်လှုပ်လိုက်၊ မီးတောင်ပေါက်ကွဲလိုက်နဲ့ သဘာဝအန္တရာယ်ဆိုးကြီးတွေ နေ့စဉ်နေ့တိုင်း မကြားရတဲ့နေ့ တစ်နေ့မှမရှိပါဘူး။ ဒီအန္တရာယ်ဆိုးကြီးတွေ အများစုဟာ လူသားတွေကိုယ်တိုင် ဖန်တီးခဲ့ကြတာဖြစ်တယ်။ ဒါကိုလူတိုင်းလိုလို သိနေကြတယ်။ မသိလို့လုပ်နေကြတာ မဟုတ်ဘူး။ တောထဲကဆင်တွေက လူနေရပ်ရွာထဲဝင်ရောက် ကျူးကျော်တာလား။ လူတွေကပဲ ဆင်တွေနေတဲ့ တောအုပ်ကြီးတွေကိုဖျက်ဆီးပြီး ကျူးကျော်နေထိုင် ကြတာလားဆိုတာ ရှင်းနေတာပဲ။ လူတိုင်းသိတယ်။ ဒါပေမဲ့ လူတွေကဆင်ခြင်ကြသလား။ ပြုပြင်ကြသလား။ ရှောင်ကြဉ်ကြသလား။ အဲဒါကြောင့်ရှေးဖြစ်ဟောင်းတွေ ပြန်ပြီးပြောနေရတာပါ။

Sunday, February 6, 2011

ရွှေပြည်သာစက်မှုဇုံ (၁)က စက်ရုံ ၂ ရုံ ဆန္ဒပြ

ရွှေပြည်သာ စက်မှုဇုန် (၁)၊ စက်မှု (၆) လမ်းရှိ အော်စကာ အထည်ချုပ်စက်ရုံတွင် ဖေဖော်ဝါရီ ၅ရက် စနေနေ့ည ရ နာရီ အချိန်မှာ အလုပ်သမားတွေ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။

အလုပ်သမားအင်အား ၅၀၀ ခန့်ရှိပြီး လစာဖြတ်တောက်တဲ့ကိစ္စအပေါ် ကျေနပ်မှုမရှိရာက ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါစက်ရုံအား ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်ခေါ်တုန်းက

(က) အုပ်စု၊ (ခ) အုပ်စုနှင့် (ဂ) အုပ်စုခွဲကာ
(က) အုပ်စုအား အခြေခံလစာ ၇၅ ၀၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊
(ခ)အုပ်စုအား အခြေခံလစာ ၇၀ ၀၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊
(ဂ)အုပ်စုအား အခြေခံလစာ ၆၅ ၀၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊ ပေးမယ်ဆိုပြီး အလုပ်ခေါ်ယူခဲ့တာလို့ သိရပါတယ်။

ယခုလစာထုတ်တဲ့အခါ အချိန်ပိုကြေးနှင့် ဘောနပ်စ်ကြေး မပေးတဲ့အပြင် မူရင်းလစာကိုပင် အကြောင်းပြချက် မပေးဘဲ ဖြတ်တောက်ခဲ့ရာ

(က) အုပ်စုမှာ အလုပ်သမားအားလုံးမှာ လစာထဲမှအကြောင်းမဲ့ ငွေ ၆၄၀၀ ခန့် ဖြတ်တောက် ခံခဲ့ရပါတယ်။ စက်ရုံဝန်ထမ်းအားလုံးမှာ ၉၀၀ ခန့်ရှိပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က အလုပ်သမား ၅၀၀ ခန့် ဆန္ဒပြမှုဖြစ်ရာနေရာကို ရွှေပြည်သာမြို့နယ် အလုပ်သမား ညွှန်ကြား မှုဦးစီးဋ္ဌာန ဦးစီးမှူးဦးသိန်းလွင်၊ ရွှေပြည်သာရဲစခန်းမှ တာဝန်ရှိသူများ၊ မယက နှင့် အခြားအာဏာပိုင်အဖွဲ့တွေ ရောက်ရှိလာပြီး အလုပ်သမားများနှင့်ညှိနှိုင်းရာ ၇ ရက်နေ့ တနင်းလာနေ့ နေ့လည် ၁၂ နာရီတွင် ထပ်မံညှိနှိုင်းရန် အာဏာပိုင်တွေ က ပြောတဲ့အတွက် ၆ ရက်နေ့ နံနက် ၂ နာရီ ခန့်မှာ အလုပ်သမားများ ပြန်သွားကြပါသည်။

၇ရက်နေ့ တနင်းလာနေ့ နံနက်ပိုင်းမှစကာ အလုပ်သမားအားလုံးပါဝင်ပြီး ထပ်မံဆန္ဒပြ တောင်းဆိုဦးမယ်လို့ သိရှိရပါတယ်။ ၇ ရက်နေ့ သတင်းတွေကို ဆက်လက် စုံစမ်းတင်ဆက် သွားမှာဖြစ်ပါတယ်။

အလားတူပဲ ဖေဖော်ဝါရီလ ၄ ရက်နေ့က ရွှေပြည်သာမြို့နယ် ကနောင်မင်းသားကြီးလမ်းပေါ်ရှိ super one အထည်ချုပ် စက်ရုံမှာလည်း လုပ်ခ လစာငွေနည်းခြင်း၊ စက်ရုံတွင်း သုံစွဲနေရတဲ့ အိမ်သာ မလုံလောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း စတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

ဆူပါဝမ်း စက်ရုံမှာတော့ စက်ရုံပိုင်ရှင်အမည်ခံ ကိုဇော်မင်းဦးမှ ကိုရီးယားနိုင်ငံမှ ပိုင်ရှင်နဲ့ ဆက်သွယ် ညှိနှိုင်ပေးခဲ့တဲ့အတွက် အလုပ်သမားတွေအတွက် လုပ်ခငွေ လစာ ငွေ ၈၀၀၀ နဲ့ အလုပ်သမားများဘက်က သဘောတူခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

ဆိုပါစက်ရုံမှာ နိုင်ငံသားပိုင်အဖြစ်နဲ့ အမည်ခံထားပြီး အခွန်တိမ်းရှောင်နေသော နိုင်ငံခြားသားပိုင် စက်ရုံဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပေမယ့် အာဏာပိုင်တွေအနေနဲ့ တစုံတရာ အရေးယူဆောင်ရွက်မှု မရှိတာကို တွေ့ရှိရပါတယ်။

တစ်တီတူး၊ ရန်ကုန်
source by :http://www.naytthit.net

Saturday, February 5, 2011

မြန်မာပြည်မှပေးစာ

ယုံကြည်ချက်စိတ်ဓာတ်ကိုထိန်းသိမ်းစောင့်ရှောက်ထားသူများ

ဘခင်၏ဓါတ်ပုံအောက်တွင် ထိုင်နေသော ဒေါ်အောင်ဆန်းစုကြည်
(ဒီဇင်ဘာ ၃၀၊ ၂၀၁၀)

ပင်နော့ချို ပုံပြင်သည် ကလေးများကြားတွင် ရေပန်းစားပါသေးရဲ့ လား။ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်နေစဉ် အထင်ကရကာလများကို ရုတ်တရက် သတိထားမိသည့်အချိန်တွင် ထို မေးခွန်းများပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ကျွန်မ၏မြေးများ သို့မဟုတ် အခြားသူများ၏မြေးများနှင့် အစဉ်မပြတ် ထိတွေ့ဆက်ဆံမှု ရှိနေခဲ့မယ်ဆိုလျှင် အဖြေများကို ကျွန်မသိနေခဲ့မှာပါ။

ပင်နော့ချိုအကြောင်းကျွန်မခေါင်းထဲပေါ်လာပြီးရက်အနည်းငယ်အကြာမှာ ရန်ကုန်ရှိ အမေရိကန်သံရုံးဝန်ထမ်း၏ကလေးများနှင့် ကံအားလျော်စွာ ကျွန်မတွေ့ဆုံခဲ့ပါသည်။ အကြီးဆုံးက အသက် ၂၀ဝန်းကျင်ခန့်ပါ။ အငယ်ဆုံးမှာ ၃ နှစ်ရွယ် ဂျပန်-အမေရိကန် ယောက်ျားကလေးပါ။ အိပ်ပျော်နေသည့်ထိုကလေး၏ စူတူတူမျက်နှာသည် နောင် လာမည့် ‘တောင်ကိုလှုပ်ဖြိုမည့်အချီ’အတွက် ကြံရွယ်ပြင်ဆင်နေသည့် ဆူမိုနပန်းသမား၏ပုံပန်းပေါ်လွင်နေပါသည်။

ဝါ့ဒ်ဒစ္စနီရုပ်ရှင်၏ ပင်နော့ချိုနှင့် ရင်းနှီးသူအတော်များများရှိကြခဲ့ကြပါတယ်။ အများစုအနေနှင့်ဂျင်မီနီ ခရစ်ကက်သည် ပုံပြင်ထဲတွင် စိတ်အဝင်စားဆုံး ဇာတ်ကောင်အဖြစ် တွေးထင်ခဲ့ကြပါသည်။ပင်နော့ချိုပုံပြင်ကို ဆိုးပေရုပ်သေးရုပ်တရုပ်ထက် ဦးထုပ်ရှည်ကိုဆောင်း ထီးကိုင်ထားသည့် တရားမျှတသောသူအနေနှင့် ကျွန်မရုတ်ချည်းသတိရစေလိုက်သော အဓိကအကြောင်းရင်းအဖြစ် ကျွန်မကိုကျေနပ်ကြည်နူးစေခဲ့ပါသည်။

နိုင်ငံရေး အတွေးအခေါ် လှုပ်ရှားမှုများ၏ နှစ်ပေါင်းများစွာသောအတိတ်ကာလများကို ပြန်လည်သုံးသပ် ကြည့်မြင်လာရင်း ကလေးများ၏ပုံပြင်သည် လူတို့၏ကြောက်ရွံ့ခြင်းများ၊ လိုအင်ဆန္ဒများ၊လျစ်လျူရှုမှုများနှင့် သူတို့၏ဆရာများအဖြစ်ရွေးချယ်လိုက်သူများက အသိစိတ်ကင်းမဲ့စွာဖြင့်
လူသားများသည် ရုပ်သေးရုပ်များသဖွယ် ကြိုးဆွဲခံနေရရုံမျှသာ ဖြစ်နေကြောင်းကိုပေါ်လွင်နေပါသည်။လွတ်လပ်စွာယုံကြည်မှုနှင့် ထုတ်ဖော်မှုဟူသည့် အပြည်ပြည်ဆိုင်ရာအခွင့်အရေးကို ကောင်းစွာကာကွယ်နိုင်ရန် သူတို့၏ရုပ်ပိုင်းဆိုင်ရာလွတ်လပ်ခွင့်အား စွန့်လွှတ်ရန်ယုံကြည်သူများကို ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရသူများအဖြစ် သတ်မှတ်သင့်ကြောင်း အသင့်လျော်ဆုံး ဖြစ်ပါသည်။သူတို့နှင့်သူတို့နိုင်ငံသားများ ဂုဏ်သိက္ခာရှိစွာနေထိုင်နိုင်ရန် သက်သာမှုကင်းမဲ့လျက် တခါတရံ ရက်စက်မှုများသည့် နှစ်ပေါင်းများစွာ အကျဉ်းချခံရန် သူတို့၏ခန္ဓာကိုယ်များကို ပေးဆပ်ကြသော ယင်းအမျိုးသား၊ အမျိုးသမီးများသည် ကျွန်မတို့၏စုပေါင်းယုံကြည်မှုကို ထိန်းသိမ်းစောင့်ရှောက်သူများဖြစ်ကြပါသည်။

မြန်မာနိုင်ငံ၏ထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်အနက် ၂၀ခန့်သည် ကမ္ဘာပေါ်တွင် အမည်ကျော်ကြားကြပါသည်။ ကျွန်ုပ်တို့၏ နှစ်ထောင်ကျော်သော အမည်မပေါ်လွင်သည့် မထင်ရှားသောစစ်သည်များ၊ အညတရသူရဲကောင်းအမျိုးသားအမျိုးသမီးများသည်တိတ်ဆိတ်စွာလှုပ်ရှားခြင်းဖြင့် ဒီမိုကရေစီရေးလှုပ်ရှားမှုကို သန်စွမ်းသက်ဝင်နေအောင် ထိန်းသိမ်းထားပါသည်။

၂၀၁၁ ခုဇန္နဝါရီလ၄ရက်တွင်ကျရောက်သော၆၃ နှစ်မြောက် ကိုလိုနီစံနစ်မှ လွတ်မြောက်သည့်နှစ်ပတ်လည်နေ့တွင်အခြေအနေခွင့်ပြုသည်အထိ ရုပ်ဝတ္ထုပစ္စည်းများနှင့်စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများပေးရန် တာဝန်ယူလိုသည့်ဆန္ဒရှိသူများက နိုင်ငံရေးအကျဉ်းသား များ၏အမည်များကိုကျပန်းမဲ ဖောက်ကြသည့်အစီအစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စီစဉ်ပေးခဲ့ပါသည်။ကျွန်မမဲပေါက်သောအမျိုးသားငယ်မှာ မထင်မရှားသောစစ်သည်တဦးဖြစ်နေပါသည်။ရွှေတိဂုံဘုရားပေါ်၌ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆုတောင်းခြင်းပေးခြင်းကြောင့် သူသည်၂၀၀၇ ခုနှစ်တွင်ဖမ်းခံခဲ့ရပါသည်။

ထိုဆုတောင်းပွဲလှုပ်ရှားမှုတွင် ပါဝင်သူလူရွယ်များသည် မြန်မာနိုင်ငံအကျဉ်းထောင်များအနှံ့တွင်ထိန်းသိမ်းခံကြရသော်လည်း ထိုရဲဘော်လေးမှာ ကံကောင်းထောက်မစွာ သူ့နေအိမ်နှင့်မနီးမဝေးအင်းစိန်ထောင်မှာပင် အကျဉ်းကျလျက်ရှိနေပါသည်။ သူ့အတွက် အစားအစာထုပ်ကိုပြင်ဆင်နေရင်းကျွန်မတို့ရဲဘော်များ အစားအသောက်ချို့တဲ့မှုအခြေအနေဖြင့် သူတို့၏နေ့ရက်များအား အကျဉ်းထောင်အတွင်း ဖြတ်သန်းနေရသည်ကို အမှတ်ရစေခဲ့ပါသည်။

နိုင်ငံရေးအကျဉ်းသားများအနေနှင့် ကျွန်ုပ်တို့၏ယုံကြည်မှုစိတ်ဓါတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်လွယ်ကူသော နည်းလမ်းများစွာရှိပါသည်။ကျွန်မနေအိမ်အကျယ်ချုပ်ကျခံနေရစဉ် မနက်စာကိုနောက်ကျမှ စားခြင်းအလေ့ကို ပြုကျင့်ခဲ့ပါသည်။ထိုသို့ဖြင့် သူတို့၏မိသားစုနှင့်အလှမ်းဝေးကွာသည့် အရပ်များတွင် သူတို့၏အိမ်မဟုတ်သော အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေကြရသည့်ရဲဘော်များကို ကျွန်မ၏ဆာလောင်ခြင်းက မမေ့စေခဲ့ပါ။ယင်းအကျင့်သည် ကျွန်မတို့၏ရည်ရွယ်ချက်အတွက် ကျွန်မပေးဆပ်မှုကို သစ်လွင်စေခဲ့ပါသည်။ရဲဘော်များအပေါ် ထားရှိသော ကျွန်မ၏လေးစားမှုနှင့် မေတ္တာကို လန်းဆန်းစေခဲ့ပါသည်။ယုံကြည်ချက်ကို စောင့်ရှောက်ထိန်းသိမ်းနေသူများ၏ အံ့သြဘွယ်အကောင်းဆုံးမှာ သူတို့၏ထူးခြားသော စိတ်ဓါတ်နှင့်ပြဌာန်းချက်ပင်ဖြစ်ပါသည်။

လွတ်လပ်ရေးနှစ်ပတ်လည်အခမ်းအနားမတိုင်မီ ၂ ရက်အတွင်း နိုင်ငံရေးအကျဉ်းသားများအတွက်ရန်ပုံငွေဈေးရောင်းပွဲတခုကို ကျင်းပခဲ့ပါသည်။ ရောင်းချသောပစ္စည်းများတွင် အကျဉ်းကျနေသည့်ကျွန်မတို့ရဲဘော်များမှ တီထွင်ကြံဆပြုလုပ်ပေးသော အနုပညာပစ္စည်းများ အတော်အတန် ပါဝင်ပါသည်။ ရာထောင်များစွာသော မျိုးကွဲ ငွေရောင်စက္ကူများကို စိတ်ရှည်လက်ရှည် ပေါင်းစပ်ဖန်တီးပြုလုပ်ပေးလိုက်ကြပါသည်။ နောက်ဆုံးထွက် ပစ္စည်းများမှာ ငှက်များ၊ ကချေသည်များ၊ ပန်းများ၏ ထင်ရှားသောပုံရုပ်များ ဖြစ်ကြပါသည်။

စိတ်ဓါတ်ပြင်းပြလျှင် လုပ်နိုင်တာကို တားဆီးနိုင်သည့်အရာမရှိကြောင်းနှင့်၊ အခွင့်အရေးမရှိဆုံးသူများပင် ကျွန်မတို့၏ ဆရာများနှင့်ကျေးဇူးရှင်များဖြစ်နိုင်ကြောင်း ဒီဖြစ်ရပ်က ထင်ရှားသောကြေညာချက် ဖြစ်ပါသည်။

အကျဉ်းကျရဲဘော်များထံမှ လက်ရာမြောက်သောလက်ဆောင်များကို မကြာခဏ ကျွန်မလက်ခံရရှိခဲ့ပါသည်။ သစ်သား သို့မဟုတ် ဆပ်ပြာ သို့မဟုတ် ဖယောင်းများဖြင့် အနုစိတ်ပြုလုပ်ထားသော ရုပ်ထုများ၊ တိရစ္ဆာန်ပုံစံများ၊ အရုပ်များ၊ စိတ်ပုတီးများနှင့် ပလပ်စတစ်စများဖြင့်ရက်လုပ်ထားသော ဈေးဝယ်အိတ်များ၊ ကျွန်မတို့၏အကျဉ်းချခံနေရသည့်အမျိုးသမီးရဲမေများပြုလုပ်ပေးသည့် လွတ်လပ်မှု၊ တရားဥပဒေနှင့်ငြိမ်းချမ်းရေး၊ အချစ်၊ သဟဇာတမျှခြင်းနှင့်စည်းရုံးမှု၊ ဇွဲနှင့်မြော်လင့်ခြင်း အမှတ်အသားများကို လှပစွာပုံဖော်ပန်းထိုးထားသည့် အဝတ်စများ တို့ကို လက်ဆောင်ရခ့ပဲါသည်။

ကျွမ်းကျင်သိမ်မွေ့စွာ ပန်းထိုးပုံဖော်ချက်တခုစီသည် ကျွန်မတို့၏ရဲမေများ၏ မယိမ်းယိုင်သည့်မြော်လင့်ချက်များနှင့် စိတ်ဓါတ်တက်ကြွမှုများကို သူတို့ထက် ပိုမိုသက်သာလွယ်ကူသော အခြေအနေတွင်နေထိုင်ကြရသော ကျွန်မတို့ကို ထုတ်ဖော်ပြသနေကြပါသည်။

ယင်းကြောင့် အရောင်အသွေးစုံ သပ်ယပ်သည့်အဝတ်အစားများနှင့် မွေးရာပါ မြူးကြွနေသော ဂျင်မီနီခရစ်ခက် ပုံရိပ်သည် ကျွန်မကို ယုံကြည်ချက်၏ဆီလျော်သောပြယုဂ်အဖြစ် ထင်မြင်စေပါသည်။ယုံကြည်ချက်ကို ထိန်းသိမ်းစောင့်ရှောက်သူများသည် ပျော်ရွှင်မြူးကြွသော အရောင်အသွေးတောက်ပသော တီထွင်ကြံဆသော သူများဖြစ်ကြပါသည်။ သူတို့အားလုံးသည် အဆင်မပြေသောဘဝများကိုရှေ့ရှုနေရလင့်ကစား သက်တောင့်သက်သာ အဆင်ပြေမှုများကို ဖန်တီးနေကြသူများဖြစ်ကြပါသည်။

အောင်ဆန်းစုကြည်
ဖေဖော်ဝါရီ ၆ ရက်။၂၀၁၁
(ဖေဖော်ဝါရီ ၆၊ ၂၀၁၁ နေ့ထုတ် MAINICHI DAILY NEWS သတင်းစာတွင်ဖော်ပြထားသော
ဒေါ်အောင်ဆန်းစုကြည်၏ Keepers of Conscience ကိုပြန်ဆိုပါသည်။)
မောင်မောင်လှကြိုင်

ရဲဘော်ကျော်သန်း၏ ဒေါက်တာလွဏ်းဆွေသို့ အိတ်ဖွင့်ပေးစာနှင့် ဒေါက်တာ လွဏ်းဆွေ၏ ပြန်လည်ဖြေကြားစာ

ကိုကျော်သန်းကြီးခင်ဗျား …
အက်ဆစ်ရဲ့ဆောင်းပါးနဲ့ ပတ်သက်ပြီး တကူးတက အချိန်ကုန်ခံ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့အတွက် အ ထူးကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျနော်လည်း ညက ကိုစိန်ဟန်နဲ့ စကားသွားပြောရင်း အိမ်ပြန်နောက်ကျလို့ ကိုကျော်သန်း ပို့တဲ့ မေးလ်ကို ဖတ်ရတဲ့အချိန်မှာ အရမ်းအိပ်ချင်နေတယ်။ အဲဒါကြောင့် ဘလော့ဂ်ပေါ် ချက်ချင်းတင်မပေးနိုင်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။ ထူးတာက အိပ်မက် မက် လေ့မက်ထ အင်မတန်နည်းတဲ့ ကျနော် ညက ထူးထူးခြားခြား အိပ်မက်တယ်ဗျာ။ အိပ်မက်ထဲမှာ ကျနော်တို့ လေးစားကြည်ညိုတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောနေတယ်ဗျ။ အဲဒါနဲ့ ကျ နော်လည်း စိတ်ဝင်တစား နားထောင်မိတယ်။ အဲဒီအိပ်မက်က ကိုကျော်သန်းရဲ့ စာကို ဖတ်ပြီး မက်တဲ့ အိပ် မက်လို့ ယူဆလို့ အိပ်မက်ထဲမှာ ဗိုလ်ချုပ် ပြောသွားတဲ့ မိန့်ခွန်းကို (စကားလုံးအတိအကျမဟုတ်ဘဲ) ကျနော် ပြန်မှတ်မိသလောက် ကိုကျော်သန်းကို မျှဝေလိုက်ပါတယ်။ ကျနော် မှတ်မိသလောက်ကတော့ …

“ရဲဘော်တို့ … ငါတို့ဟာ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ တိုက်ပွဲဝင်တဲ့နေရာမှာ ကျုပ်က ခေါင်းဆောင်ဆိုပေမယ့် ကျုပ်လုပ်တာ မှန်တာရှိသလို မှားတာလည်းရှိမှာပဲ။ ကျုပ်လည်း လူ၊ ဘုရား မဟုတ်ဘူး။ အဲဒီတော့ ကျုပ်မှားတာရှိရင် ခင်ဗျားတို့ ကျုပ်ကို ပြောရဲရမယ်။ ဝေဖန်ရဲရမယ်။ အဲ … ဒါပေမယ့် တခုတော့ရှိတယ်။ ဝေဖန်ရေးဆိုပြီး နအဖသတင်းစာတွေမှာပါတဲ့ ဆောင်းပါးတွေလို အခြေအမြစ်မရှိ အရူး ချေးပန်း ချက်အောက်လိုက်ကန်နေတဲ့ ဝေဖန်ရေးမျိုးကို ကျုပ်က ဆိုလိုတာမဟုတ်ဘူး။ ကျုပ်တို့လူအဖွဲ့အ စည်းအကျိုးအတွက် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ကိုယ်မှန်တယ်ထင်တာကို ထင်တဲ့အတိုင်း စေတနာပါပါနဲ့ ပြောရဲတာ၊ ဝေဖန်ရဲတာ၊ ထောက်ပြရဲတာကို ကျုပ်က ဆိုလိုတာဖြစ်တယ်။ အဲလိုလူမျိုးကို မောင်ကကြီးပဲ ဖြစ်ပါစေ၊ မောင်ခခွေးပဲဖြစ်ပါစေ ကျုပ်တို့က အသက်နဲ့လဲပြီး ကာကွယ်ပေးရမယ်။ ကိုညိုမြကြီးတုန်းကလည်း ကျုပ် ဒီလိုပဲ ကာကွယ်ပေးခဲ့တာပဲ။ ဒါဟာ လွတ်လပ်စွာရေးသားပြောဆိုခွင့်ဆိုတဲ့ (ကျုပ်တို့ ခင်ဗျားတို့ လိုချင် လှပါတယ်ဆိုတဲ့) ဒီမိုကရေစီအခွင့်အရေးတခုကို လေးစားလိုက်နာတာဖြစ်သလို သစ္စာရှိရှိ အကာအကွယ်ပေး တာမျိုးလည်းဖြစ်တယ်။ ဒီနေရာမှာ တခုတော့ရှိတယ်။ လူတယောက်နဲ့ တယောက် ဘ၀ဖြတ်သန်းမှုချင်း မတူ တော့ ရှုမြင်သုံးသပ်ပုံချင်းလည်း တထပ်တည်း မကျနိုင်ဘူးပေါ့။ အက်ဆစ်လည်း အက်ဆစ်အမြင်နဲ့ သူမှန် တယ်ထင်တာကို ပြောမှာ ဝေဖန်မှာ ဖြစ်သလို ရဲဘော်ကျော်သန်းလည်း ရဲဘော်ကျော်သန်းအမြင်နဲ့ သူမှန် တယ်ထင်တာကို ပြောမှာ ဝေဖန်မှာပဲဖြစ်တယ်။ ဥပမာတခုပေါ့ဗျာ ဘ၀မှာ ဂျီသြမေတြီ သင်ဖူးတဲ့လူလည်း ရှိ မယ်၊ မသင်ဖူးတဲ့လူလည်း ရှိမယ်။ ကဲကုလသင်္ချာကို သင်ဖူးတဲ့လူလည်း ရှိမယ်၊ မသင်ဖူးတဲ့လူလည်း ရှိမယ်။ ဆက်သီအိုရီကို သင်ဖူးတဲ့လူလည်းရှိမယ် မသင်ဖူးတဲ့လူလည်းရှိမယ်။ အဲသလို သင်ဖူးခြင်း မသင်ဖူးခြင်းအ ပေါ်မှာတော့ တွေးထောင့်တွေ၊ ရှုမြင်ပုံတွေ တယောက်နဲ့ တယောက် ကွာနိုင်တာပေါ့။ ဘယ်လိုပဲကွာကွာ အ ရေးကြီးတာက စေတနာပဲ။ စေတနာကို မြင်အောင်ကြည့်တတ်ဖို့ လိုတယ်။ စေတနာဆိုတာမျိုးက လူတိုင်း မြင်တတ်တဲ့ အရာမျိုးမဟုတ်ဘူး။ ပညာတတ်တိုင်းလည်း မြင်တာမဟုတ်ဘူး။ စာတွေ အများကြီး ဖတ်ထား တိုင်းလည်း မြင်တာမဟုတ်ဘူး။ အစွဲကင်းကင်း စိတ်ရှင်းရှင်း အကြည်ဓာတ်ရှိရှိနဲ့ ကြည့်တတ်မှ မြင်ရတဲ့အရာ မျိုး။ အဲဒီတော့ ကျုပ်ပြောချင်တာက ဗိုလ်ချုပ်လုပ်တာ အကုန်ကောင်း၊ အကုန်မှန် အားလုံးဂွတ်ဒ်ပါတယ်ခင် ဗျားဆိုရင်တော့ ခင်ဗျားတို့အားလုံး ဒီမိုကရေစီနဲ့ ဝေးနေကြဦးမှာပဲ။ အဲလိုလူတွေကို ကျုပ်က ကျုပ်ကို ချီးကျူး တယ်လို့ မမြင်ဘူး။ ကျုပ်ကို ဘောမနေတဲ့ကောင်တွေလို့ပဲ ကျုပ်က ရိုင်းရိုင်းပြောချင်တယ်။ အဲလိုဘောမတဲ့ လူတွေဟာ ကျုပ် အိပ်ငိုက်ငိုက်နဲ့ စတီယာတိုင် မှားကွေ့ပြီး ချောက်ထဲကို ဦးတည်မယ်ဆိုရင် အကုန်ဆင်းပြေး မယ့် လူတွေလို့ပဲ ကျုပ်က မြင်တယ်။ ကျုပ်ဖြစ်စေချင်တာကတော့ ဆင်းမပြေးဘဲ “ဗိုလ်ချုပ်ရေ ဘယ်ကို မောင်းနေတာလဲ၊ ဘယ်လိုမောင်းနေတာလဲ၊ ရှေ့မှာ ချောက်ကြီးဗျ” လို့ အော်ဟစ်ပြီး သတိပေးချင်ပေး၊ လက်မောင်းကို ပုတ်ပြီး နှိုးချင်နှိုး၊ ကျုပ်က ဒါမျိုးပဲဖြစ်စေချင်တယ်။ ဒါမှသာ ကျုပ်တို့ လမ်းမှန်ပေါ်ဆက်လက် မောင်းနှင်နိုင်ပြီး ကျုပ်တို့ လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်ချီတက်နိုင်မယ်”

အိပ်မက်က ရှည်တော့ ကျနော် အဲသလောက်ပဲ အကြမ်းဖျင်း မှတ်မိတော့တယ် ကိုကျော်သန်းရေ။ ကျနော်က တော့ ကျနော့်အိပ်မက်ကို “ဗိုလ်ချုပ်အောင်ဆန်းရဲ့ မော်ဒန်ဒီမိုကရေစီမိန့်ခွန်း” လို့ပဲ ကင်ပွန်းတပ်ချင်တော့ တာပဲ ဟဲ … ဟဲ။ ကိုကျော်သန်းကြီးတယောက် ကျန်းမာရေးအတွက် ဆေးတခွက်ကို ကြိုကြားကြိုကြား မှီဝဲ ရင်း အသက်ရာကျော်ရှည်စွာနဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းအကျိုးကို ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းဆောင်နိုင်ပါစေ။

ချစ်ခင်လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
Copy from http://drlunswe.blogspot.com/
Copy from Photo http://www.maukkha.org/

ဝိုင် အဟောင်း ပုလင်းလဲမပြောင်းဘူး ဒါပေမဲ့ တံဆိပ်အသစ်တပ်တယ်

ဒေါက်တာလွဏ်းဆွေသို့ အိတ်ဖွင့်ပေးစာ

ဒေါက်တာလွဏ်းဆွေသို့ အိတ်ဖွင့်ပေးစာ
(ရဲဘော်ကျော်သန်း)
ကိုလွဏ်းဆွေရဲ့ဘလော့ဂ်မှာပါတဲ့ အက်စစ် ရဲ့ လက်ပေးသတ်တဲ့အပုပ်ချစာကို တင်ပေး နိုင်တဲ့ ကိုလွဏ်းဆွေ ရဲ့ နိုင်ငံရေးအမြင်နဲ့ ပါတ်သက်ပြီး အတော်စိတ် မသက်မသာခံစား မိလို့ ဒီစာကို ရေးလိုက်ပါတယ်။ ကိုလွဏ်း ဆွေ ရဲ့ ဒီမိုကရေစီသမားတွေ ဆင်ခြင်နိုင်ရန် အတွက် တင်ဆက်ပါတယ်။ စာရေးသူရဲ့ အာဘော်လို့ အမှာစကားနဲ့ တင်ဆက်ထား ပေမဲ့ စာပါအကြောင်းအရာတွေကတော့ ဒီ စာကို ကိုယ့်ဘလော့ဂ်မှာ တင်ဆက်နိုင်တဲ့ ကိုလွဏ်းဆွေရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မေးခွန်းထုတ်ခြင်စိတ် ပေါ်မိတာအမှန်ပါပဲ။

အက်စစ်ဆိုတဲ့ အမှောင်ထဲက ဟောင်သံတခု အတွက်တော့ တုံ့ပြန်စရာ မရှိပါဘူး။ ဒီလို ဒီ မိုကရေစီလိုလားသလိုလိုပြောပြီး အလင်း ကြောက်တဲ့ အမှောင်ထဲက ဟောင်သံတခု အတွက် အညံ့ဆုံး ကျောက်ခဲတလုံးနဲ့တောင် မထိုက်တန်ပါဘူး။ အဲဒီကျောက်ခဲကမှ လမ်း ခင်းဖို့ အသုံးဝင်နိုင်ပါသေးတယ်။

ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်ဟာ ဒီမိုကရေစီ ချိန်ပီယံလို့ အမည်ခံနေကြတဲ့ လင်းနို့လိုလိုကြွက်လိုလို ရေဒီယိုနဲ့အွန်လိုင်း သတင်းဌာန ဆိုတာတွေကြားမှာ ပြည်တွင်းပြည်ပက ဗမာလူထုအတွက် သတင်းအချက်အလက်နဲ့ အသိပညာတွေကို အကောင်းဆုံး တင်ဆက်ပေးနေတယ်လို့ မြင်ပါတယ်။ သို့သော်လည်း ဒီတခါတော့ သမီး ဟိုစစ်တပ်ကြီးနဲ့ တခါတည်း မှားတာပါ ဆိုသလို ဖြစ်သွားပြီပေါ့ဗျာ။ ကိုလွဏ်းဆွေအနေနဲ့ ဒီအပုပ်ချစာ တင်ခြင်းအားဖြင့် ဗမာပြည် ဒီမိုကရေစီ ထူ ထောင်ရေးမှာ ဘယ်လိုအကျိုးရလာဒ်တွေ ရနိုင်လေမလဲဆိုတဲ့ မျှော်လင့်ချက် တင်လေသလဲတော့ မသိပါဘူး။

ကျနော်သာ သန်းရွှေဆိုရင်တော့ ကိုလွဏ်းဆွေကို ဆုတော်လာဒ်တော်တွေ ချီးမြှင့်မိမှာ အမှန်ပါ။ အက်စစ် ဆိုတဲ့ အ မှောင်ထဲက သူရဲဘောကြောင် ငတိအတွက်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ပြီးတော့ ဒီစာကို ကော်ပီ သန်းချီရိုက်ပြီး ဗမာအနှံ့ လေယာဉ်ပျံနဲ့ ကြဲချလိုက်ဦးမယ်။

လူမှုအဆောက်အဦ တခုကို ပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားဆောင်ရွက်မှုတိုင်းမှာ လူထုကိုယ်တိုင် မဖြစ်မနေပါ ဝင်ရမှာ ဖြစ်သလို ခေါင်းဆောင်မှု (Leadership) ဆိုတာကလည်း အရေးကြီးပါတယ်။ ကျုပ်တို့ကိုယ်တိုင်ပါခဲ့ကြတဲ့ ရှစ်လေး လုံးအရေးတော်ပုံကြီးထက် ကြီးမားကျယ်ပျံ့တဲ့ လူထုလှုပ်ရှားမှုမျိုး ဗမာပြည်သမိုင်းမှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ခေါင်း ဆောင်မှုကင်းမဲ့တဲ့အတွက် ဘာတွေဖြစ်သွားသလဲ သမိုင်းကသက်သေပါပဲ။ ခေါင်းဆောင်မှုဆိုတာ အဲဒီလှုပ်ရှားမှုထဲက လူထုရဲ့ ရင်းနှီးပေးဆပ်မှုတွေ လှုပ်ရှားဆောင်ရွက်မှုတွေရဲ့ ဆုံချက်ဖြစ်တယ်။ လူထုမျှော်မှန်းချက်ကို ရောက်အောင် လမ်းညွှန်ထိမ်းကျောင်းပေးရေးဖြစ်တယ်။ လိုအပ်ချက်ကတော့ ခေါင်းဆောင်မှုနဲ့ လူထုအကြားပေါင်းကူးဆက် သွယ်ရေးဖြစ်တယ်။ ခိုင်မာပြတ်သားပြီး သစ္စာရှိ ရဲရင့်တဲ့ ဒုတိယတန်း၊တတိယတန်းခေါင်းဆောင်တွေဟာ ခေါင်း ဆောင်မှုနဲ့လူထုအကြားက အသက်သွေးကြောပေါင်းကူး တံတားဖြစ်တယ်။ ဒီလိုပေါင်းကူးမှု မရှိတဲ့ ခေါင်းဆောင်မှုဆိုတာ ဘယ်လိုစွမ်းရည်မှ မပြနိုင်ဘူး။ လူထုနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်၊ လူထုနဲ့ ဆက်စပ်ခွင့်မရှိတဲ့ ခေါင်းဆောင်ဆို တာ တပ်မရှိတဲ့ စစ်သေနာပတိလိုပါပဲ။
ဒီသဘောတရားကို ခပ်ညံ့ညံ့ ဗိုလ်ချုပ်တွေတောင် သိပါတယ်။ ဒါကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ ဆက် စပ်ဖို့ ကျိုးစားတိုင်း စစ်အာဏာရှင်တွေက ဖမ်းထိန်းလိုက်တယ်။ ပေါင်းကူးလိုဖြစ်တဲ့ ဒုတိယတန်း၊ တတိတန်း ခေါင်း ဆောင်တွေဆိုတာ ထောင်ထဲက ထွက်ရတယ်လို့ကို မရှိဘူး။ တချို့ထောင်ထဲမှာ ရိုက်သတ်ခံရတယ်။ တချို့ အပြင်မှာ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ရိုက်သတ်တာ ခံရတယ်။

ဗမာပြည် နိုင်ငံရေးကို ဝေဘန်ချင်ရင် ပထမအချက်အနေနဲ့ မထူးဇာတ်ခင်းနေတဲ့ ပြည်တွင်းဖြစ် စစ်အာဏာ ရှင်တွေ အကြောင်း သိဖို့လိုတယ်။ ဒုတိယ ဗမာလူထုရဲ့ ဘဝအမြင်နဲ့ အချောင်သမားပေါလှတဲ့ ဗမာပြည်နိုင်ငံရေး လောကအ ကြောင်း အကြမ်းဖျင်း သိဖို့လိုတယ်။ နောက်ဆုံး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဘန်ချင်ရင်တောင် သူ့ အကြောင်းကိုလည်း သိဖို့လိုပါသေးတယ်။ တခုတော့ ရှိပါတယ်။ သူ့ကို လူထဲက လူတယောက်၊ လူထုထဲက လူထု ခေါင်းဆောင်တယောက်ထက် ပိုပြီး တန်ခိုးရှင်လို၊ ကယ်တင်ရှင်လို မမျှော်လင့်ဖို့တော့ လိုတာပေါ့။ သိတဲ့အတိုင်း ကျုပ်တို့ ဗမာလူမျိုး ဆိုတာကလည်း တဖက်သားကို သူဘာကြောင့် အဲသလိုလုပ်သလဲ၊ သြော်.. သူဒီလိုလုပ်တာ ဒါ့ ကြောင့်ကိုးလို့ မတွေးသလို သူဒါလုပ်တာတော့ အတော်ကောင်းသွားပါလား ဆိုပြီး အသိအမှတ်ပြုဖို့ထက် ငါဆိုရင် ဘာကြီးဖြစ်အောင် ဘယ်လိုလုပ်လိုက်မယ်ဆိုပြီး အပြောသန်တဲ့လူမျိုး ဖြစ်နေတယ်။

ဒီနေ့ ဗမာစစ်အုပ်စုဆိုတာ ပြည်တွင်းဖြစ် စစ်စစ်ဖြစ်တယ်။ ဘယ်နိုင်ငံ ဘယ်အင်အားကြီးကမှ မွေးထုတ်ခဲ့တာမဟုတ် သလို ဘယ်နိုင်ငံကိုမှလည်း မှီခိုရပ်တည်နေတာ မဟုတ်ဘူး။ ဒီနေ့ တရုတ်ကြီးနဲ့ ပြေလည်နေတယ် ဆိုတာလည်း အ ပြန်အလှန် အကျိုးစီးပွားအတွက်ပဲ ဖြစ်တယ်။ သူ့အာဏာကို ထိပါးလာရင်တော့ တရုတ်ကြီးလဲ နိုးပဲလုပ်မှာ သေချာ တယ်။ ကျန်တာမကြည့်နဲ့ သူ့အာဏာကိုထိပါးမဲ့ အခြေအနေ ရောက်လာတော့ ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေ ကိုသတ်၊ ဘုန်းကြီးကျောင်းတွေကို ရန်သူ့စခန်းတခုလို ဝင်စီး တိုက်ခိုက်ဖျက်ဆီးခဲ့တာ တကမ္ဘာလုံး အမြင်ပါပဲ။ ဒီနေ့ နိုင်ငံတကာ အရေးအယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဘို့ နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ဟောင်နေကြတဲ့ အချောင်သမား လုပ်စားတွေ သိဖို့က အမေရိကန်တို့၊ အီးယူတို့က အဲဒီ့ဆန်ရှင်တွေ ရုတ်ပြီး အပြုသဘော ဆက်ဆံမယ်ဆိုရင်လည်း ဒီသဘောပဲ။ အမေရိကန်သော အီးယူသော ဘာမှ ထည့်မတွက်ပဲ သူ့အာဏာထိရင် နိုးပဲ ပြောမှာပဲ။ ဒီတော့ ဆန်ရှင် ရုတ်သိမ်းရေးဆိုတာ စစ်အုပ်စု အကျိုးသက်သက်သာ ဖြစ်တယ်။ အရေးအယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေးက တဆင့် ပေါင်းပြီး ပြောင်းဖို့ စစ်အုပ်စုကို ဖျောင်းဖျမယ်ဆိုတာ အရူးအိပ်မက် သက်သက်သာ ဖြစ်တယ်။

အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာအရင်းအမြစ် မှန်သမျှကို ထင်တိုင်းကြဲ ခိုး ဝှက်လု ယက်ရုံမက သောင်းသိန်းချီတဲ့ ကိုယ့်ပြည်သူ၊ ကျောင်းသား၊ အလုပ်သမားနဲ့ ရဟန်း သံဃာမကျန် သတ်ဖြတ်လာခဲ့သူ တွေ ဖြစ်တယ်။ ဒီလို ဆွေစဉ်မျိုးဆက် ဆပ်မကုန်နိုင်တဲ့ သူတို့ရဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေအပေါ် ကျူးလွန်းခဲ့တဲ့ ရာဇဝတ်ကြွေးတွေကို သူ့တို့သာလျင် အသိဆုံး ဖြစ်တယ်။ စစ်သည် စစ်သား တပ်မတော်ဆိုတာကတော့ ဓားစာခံ သက်သက်ပဲ။ ဒါကြောင့်လည်း ဒီဗိုလ်ချုပ်တွေ အကြောက်ကြီးကြောက်ပြီး အာဏာကိုရတဲ့နည်းနဲ့ ဖက်တွယ်ထားကြတာ ဖြစ်တယ်။ တခုတည်းသော သူ့တို့ရဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်။ ပြောရရင်တော့ သေမထူး နေမထူး ဇာတ် ခင်းနေကြတာပဲ။ ဒီဗိုလ်ချုပ်တွေရဲ့ အကြောက်တရားနဲ့ အတ္တလောဘကတော့ ဘုရား၊ တရား၊ သံဃာတောင် စော် ကားရဲတဲ့အထိ ဆိုးသွမ်း ယုတ်ကန်းနေကြတယ်။ ဒီလို မထူးဇာတ်ခင်းနေတဲ့ စစ်အုပ်စုကို ရင်ဆိုင်ဖို့ဆိုတာ တော်တန်ရုံ ကျစ်လစ်တဲ့ စည်းရုံးရေး အင်အားနဲ့ မဖြစ်နိုင်ဘူးဆိုတာ တကယ်တမ်း တိုက်ပွဲထဲမှာ ပါဝင်နေသူတိုင်း မြင်နိုင်ပါ တယ်။

တကယ်တော့ ဒီစစ်အာဏာရှင် ငရဲသားတွေကို ဗမာပြည် နိုင်ငံရေး လောကထဲ ကျောပိုးသည်လာ သူဟာ နိုင်ငံရေး သမားတွေပဲ ဖြစ်တယ်။ လူထုမဟုတ်ဘူး။ အဲဒီ့ မစွန့်ဘဲ စားချင်တဲ့ နိုင်ငံရေးသမားတွေ ကိုယ်အာဏာမြဲဘို့အတွက် နိုင်ငံရေး ပြဿနာကို အာဏာအရင်းအခံဖြစ်တဲ့ လူထုအကြားမှာ ဖြေရှင်းဖို့ မကြိုးစားပဲ လူထုအစေခံ လက်နက်ကိုင် တပ်ကို အသုံးချခဲ့ကြလို့ စစ်ခေါင်းဆောင်တွေ ဇာတ်ပျက်သစ္စာဖောက်ပြီး အာဏာရှင်စနစ် ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဒီအန္တရာယ်ကိုသိလို့ လူထုက ၁၉၅၆ နဲ့ ၁၉၆၀ ရွေးကောက်ပွဲတွေမှာ စစ်တပ်နဲ့ နိုင်ငံရေးလုပ်တဲ့ ပါတီတွေကို မဲမပေးပဲ စစ်အာဏာရှင် အန္တရာယ်ကို တားဆီးဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အချိန်က မမှီတော့ဘူး။ စကားတခုရှိတယ်၊ ( The State ruin by politic and politicians, but not by nature,culture and religion) နိုင်ငံတော်ကို ဖျက်ဆီးတာ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ဘာသာရေးနဲ့ သဘာဝတရားတွေ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေသာဖြစ် တယ်။

ဒီနေ့ခေတ် တချို့သော အမည်ခံနိုင်ငံရေးသမားတွေရော ဟိုဖက် လွတ်လပ်ရေးခေတ်က အချောင်သမားတွေနဲ့ ဘာ ကွာလို့လဲ။ ဟိုကွေ့ ဟိုတက်နဲ့လှော်၊ ဒီကွေ့ ဒီတက်နဲ့ လှော်နေကြတာပဲ မဟုတ်လား။ လူထုဆိုတာကတော့ လက်ညှိုး ထိုးခံ သက်သက်ပဲ။ ၈၈ ပြီးစ ဒီမိုကရေစီ ရေစီ်းမြင်တုန်းကလည်း ဒီမိုကရေစီ ဆိုပြီး ပါလိုက်တာပဲ။ အခု စစ်ကျွန်ရွေး ကောက်ပွဲ ဆိုတော့လည်း ခွေးမစင်ငတ်သလို ပြေးဝင်ဟပ်လိုက် ကြတာပဲ။ ပြီးတော့ သူတို့လို ခွေးဇာတ်မခင်းနိုင်တဲ့ သူတွေကို ကိုယ့်ခေါင်းဆောင်ပါမချန် ဟောင်ကြ အူကြသေးတယ်။ ဒီလိုခွေးတစီစီနဲ့ တော်လှန်ရေးရထားကြီးကို ဘယ် လိုခေါင်းတွဲမောင်း ခေါင်းဆောင်က လိုရာခရီးရောက်အောင် မောင်းနိုင်ပါ့မလဲ။ ဒီကြားထဲ ကတ္တီပါအိတ်စွပ်ထားတဲ့ သံ လက်သီး အက်စစ်လို ခွေးဆိုးက ပါသေးတယ်။

ဒီခေါင်းဆောင် ဆိုသူတွေပဲ ကိုးဆယ်ခု ရွေးကောက်ပွဲမှာ လူထုက အာဏာအပ်နှင်းထားတာကိုတောင် စစ်အာဏာ ရှင်တွေ ကြောက်ပြီး တာဝန်ရှောင်ခဲ့ကြတာ၊ လက်နက်ကိုင်မယ်ဆိုပြီး နယ်ခြားထွက်လာကာ အင်ဂျီအို ခိုင်းတာတွေပဲ ရွေးလုပ်ပြီးတော့ အကျဉ်းကျနေတဲ့ ဒေါ်စုကို လက်ညှိုးထိုး ဆင်ခြေရှာကြတယ်။ ၈၈ ပြီးစ ပုသိမ်မှာ ရန်ကုန် မြေနီကုန်း မှာ အသက်ဘေးအန္တရာယ်ကို ရင်ဆိုင်ပြီး လူထုကို ဦးဆောင်ဖို့ ကြိုးစားတယ်။ ဘယ်မှာလဲသူ့နောက်လိုက် သူ့ပါတီဝင် တွေ။ ၉၈ က အညာစုမှာ ပိတ်မိနေတယ်။ ကိုးဆယ်ခြောက် ရန်ကုန်မှာ၊ ၂၀၀၃ ဒီပဲရင်းမှာ ကြံ့ဖွတ်တွေက သတ်ဖို့ လုပ်တယ်။ ဘယ်မှာလဲ သိန်းချီရှိတယ်ဆိုတဲ့ ပါတီဝင်တွေ။ ခေါင်းဆောင်ဆိုသူတွေ။ နယ်စပ်က လက်နက်ကိုင် ဆိုသူ တွေကကော အဲဒါတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ တိုက်ပွဲ ဘယ်နှပွဲ တိုက်ခဲ့သလဲ။ ပြည်တွင်းမှာကော ဘာတွေ ဖောက်ခွဲ ပြခဲ့ကြသလဲ။ ကိုယ်ကဖြင့် တူတူတန်တန် ဘာမှ မလုပ်ပဲ ခေါင်းဆောင်းကို အပြစ်ရှာတယ်။ ဒါဟာ ဖောက်ပြန်တာပဲ။ ရန်သူကို အလုပ်ကြွေးပြုတာပဲ။

လူတကာသိပြီးသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး စွန့်လွှတ်မှုတွေကို ဒီမှာ မပြောတော့ပါဘူး။ တော် လှန်ရေး အကျိုးကိုမျှော်ကိုးပြီး သူ့အခန်းကဏ္ဍကိုပဲ ပြောချင်ပါတယ်။ စစ်အုပ်စုဟာ သူ့စိတ်တိုင်းကြ နိုင်ငံရေး အခင်း အကျင်းကို ဖန်တီးသွားခဲ့ပါပြီ။ ရုပ်သေး အစိုးရတခုကို ရွေးကောက်ပွဲ တခုနဲ့ လုပ်သွားတယ်။ လူထု မျှော် လင့်တောင့် တတဲ့ ဒီမိုကရေစီ မဆိုထားတဲ့ နိုင်ငံရေး ပုံစံတခုလို့တောင် ပြောမရတဲ့ အခင်းအကျင်းဖြစ်တယ်။ စစ်အာဏာရှင်က စစ် အာဏာရှင်ပါပဲ။ နိုင်ငံတကာကို ဝင်ဆန့်ရုံ သက်သက်အတွက် လုပ်ခဲ့တယ်ဆိုတာ ကလေးအစ ခွေးအဆုံး တလော ကလုံး သိပါတယ်။ နိုင်ငံတကာ ဆိုတာတွေကလည်း သိပါတယ်။ သို့သော်လည်း ကိုယ်ကျီုးစီးပွား ပဓာနလွှမ်းမိုးနေတဲ့ ဒီနေ့ ကမ္ဘာ့နိုင်ငံရေးမှာ ဘယ်တိုင်းပြည်ကမှ ဒီဗိုလ်ချုပ်တွေရဲ့ ကလိမ်ခြုံဇာတ်ထုတ်ကို အရေးမလုပ်ကြတော့ပါဘူး။ ပြေလည်အောင် ပေါင်းဖို့ပဲ စိုင်းပြင်းနေကြပါပြီ။ တချို့သော နိုင်ငံကြီးတွေကတော့ မသူတော် ဗမာဗိုလ်ချုပ်တွေနဲ့ ပေါင်းဖက်ရတာကို သိပ်စိတ်မသန့်ဘူးနဲ့ တူပါတယ်။ သူတို့ လက်ဝေခံတွေရဲ့ ပါးစပ်ကတဆင့် ဒီအရပ်သား ရုပ်သေးအစိုးရမှာ ဒေါ်စုကပဲ နိုင်ငံခြားဆက်ဆံရေးတာဝန် ယူတော့မယောင်၊ ဒေါ်စုရဲ့ ဦးဆောင်မှုက မပြည့်ဝသယောင် တီးတိုးဝါဒဖြန့်နေကြတယ်။ တဖက်ကလည်း စစ်အုပ်စုနဲ့ ပေါင်းသင်းတာ၊ စစ်အုပ်စု မကြိုက်တာ မလုပ်မပြောတာ လက်တွေ့နိုင်ငံရေးလိုလို ဆိုနေကြတယ်။

ဒါပေမဲ့ စစ်အုပ်စု ကိုယ်တိုင်ကတော့ ဒီအခင်းအကျင်းသစ်ဟာ သူတို့အာဏာ တည်မြဲရေးအတွက် မခိုင်မာဘူးဆိုတာ သိပါတယ်။ ဒါက နိုင်ငံရေး အန္တိမ မဟုတ်သလို သူတို့ရဲ့ အောင်ပွဲလို့လဲ မပြောနိုင်ဘူး။ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD, CRPP ထဲက ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်တွေ၊ အကျဉ်းထောင်တွေထဲက ၈၈ ကျောင်းသား ခေါင်းဆောင် တွေ ရှိနေသေးသရွေ့ ဗမာလူထုရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲတွေ ရှိနေတုန်းပဲဆိုတာ စစ်အုပ် စုသိထားပါတယ်။ ဒီတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရုပ်သေးအစိုးရ ထူထောင်နိုင်တာဟာ စစ်အုပ်စုအတွက် အောင်ပွဲ မဟုတ်သလို ဒီမိုကရေစီအရေးအတွက်လည်း လမ်းဆုံးမဟုတ်ပါဘူး။

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည် အမှူးရှိတဲ့ လူထု ဒီမိုကရေစီတိုက်ပွဲ ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍကို သေးသိမ်း မှေးမှိန်အောင် အားထုတ်နေတယ်။ ဒါဟာ သူ့တို့ လက်ငင်း မဟာတာဝန် ဖြစ်တယ်။ နောက်တချက်ကလည်း စစ်အုပ်စုအတွက် မခံချင်စရာကောင်းတာက ဗမာလူထုသာမက ကမ္ဘာ့လူထုကပါ ဒေါ်အောင်ဆန်းစုကြည်ကို ဗမာ ပြည်လူထုခေါင်းဆောင်အနေနဲ့ လက်ခံအသိအမှတ်ပြုထားတာ ဖြစ်တယ်။ ဒါကို ခြေဖျက်နိုင်မှသာ စစ်အုပ်စုရဲ့ ရုပ် သေးအစိုးရက လူရာဝင်နိုင်မှာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်မှုကို သေးသိမ်းမှေးမှိန်အောင် စစ်အုပ်စုက လက်ရှိအချိန်အထိ ကိုယ်တိုင် မ လုပ်နိုင်သေးဘူး။ အခင်းအကျင်းသစ်ကြောင့် သူတို့ထဲက လူအပြောင်းလဲ နေရာအပြောင်းလဲတွေ အသားကျအောင် စီမံနေရတုန်းပဲ။ လောလောဆယ် ဒီတာဝန်ကို ဆောင်ရွက်နေတာက လက်ရှိအခင်းအကျင်းသစ်ကို တကယ်ခိုင်မာတဲ့ အပြောင်းအလဲတို့ ထင်ယောင်မှားနေကြတဲ့ လုပ်စားသမား တွေပဲဖြစ်တယ်။ ငါးမင်းဆွေဆိုတဲ့ နိုင်ငံရေး အုတ်ကြား မျက်ပေါက်က စတယ်။ ဟိုတလောကလည်း ဧရာဝတီမှာ ဗမာကြီးဆိုတဲ့ နာမည်နဲ့ ဒေါ်စုနဲ့ NLD ရဲ့ နိုင်ငံ ရပ်တည် ချက်ကို မထိတထိ လှီးဖဲ့သွားတယ်။ အခု အက်စစ်ရဲ့ အပုပ်ချစာကတော့ ဗြောင်အကျဆုံးပဲ။ လူထုဘဝကို စာနာသ ယောင် သကြားလေးတော့ အုပ်ထားတယ်။ အရင်ကတော့ ဦးဝင်းတင်ကိုအဓိက ဦးတည်တိုက်ကြတယ်။ အခုတော့ ဒေါ်စု ကိုပါ ဖွင့်တိုက်လာတာ ဖြစ်တယ်။
အကြောင်းကို စိစစ်ကြည့်ရင် ဒီအချောင်သမားတွေ စစ်အုပ်စုနဲ့ ပေါင်းပြီးသွားချင်နေတဲ့ လူထုအတွက် မပါတဲ့ “ငါ့ဒီမို ကရေစီ” လမ်းကြောင်းမှာ ဒီခေါင်းဆောင်တွေက အတားအဆီးဖြစ်နေတယ်။ ဒီခေါင်းဆောင်တွေရှိနေသရွေ့ လူထုကို နှပ်ချနှပ်စား လုပ်လို့ မရနိုင်ဘူးလေ။ ဒီတော့ ခေါင်းဆောင်မှုကို ဖြိုဖျက်ရတော့တာပဲ။ သေးသိမ်အောင် လုပ်ကြရ တော့တာပဲ။ ဒါမှလဲ ခေါင်းဆောင် လုပ်စားခွင့် ရလာမှာ ဖြစ်သလို စစ်အုပ်စုကလည်း သဘောကျ တော်ကောက်ခံရ မှာကိုး။

ဒီတော့ ကိုလွဏ်းဆွေရေ၊ ပြည်တွင်း ပြည်ပက အချောင်သမား ပေါင်းစုံတို့ရဲ့ မထိတထိ ထိုးနှက်တာ ခံနေရတဲ့ ကျွန်တော်တို့ တိုက်ပွဲရဲ့ ခေါင်းဆောင်မှု (Leadership) ကို နိုင်ငံရေးအရ ဝိုင်းဝန်းကာကွယ်ဖို့ရာ ဒီမိုကရေစီလို လားသူ တိုင်းရဲ့ တာဝန်ပါပဲ။ လက်နက်၊ ထောင်၊ တရားရုံးနဲ့ မတရားဥပဒေ အဆောင်အယောင် ယန္တယားတွေနဲ့ တိုင်းပြည် ဘဏ္ဍာတိုက်ကို ဖင်ခုထိုင်ထားတဲ့ ရန်သူကို တိုက်ဖို့ ဆိုတာက လူထုပါရုံနဲ့တင် မပြီးနိုင်ဘူး။ ခေါင်းဆောင်မှုဆိုတာ လည်း အရေးတကြီး လိုအပ်ချက် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့က ခေါင်းဆောင်မှုကို မျက်လုံးအိမ်သဖွယ် စောင့်ရှောက်ကြလို့ ဆိုကြတာပဲ။ လက်ရှိ ခေါင်းဆောင်မှု ဆိုတာဟာ ၈၈ အရေးတော်ပုံရဲ့ လက်ကျန် ရလာဒ်တခု လည်း ဖြစ်တယ်မဟုတ်လား။ သူတို့ရဲ့ နိုင်ငံရေး အမြင်ကို သဘောမတူနိုင်ရင်တောင် ကိုယ်ယုံကြည်ရာလမ်းကို ရွေး လျှောက်ကြရင်း ဒီခေါင်းဆောင်မှုကို နိုင်ငံရေးအရ ကာကွယ်ထိန်းသိမ်းသွားကြရမှာပဲ။ ဒီနေ့ အထိတော့ လူထုက သူ တို့အပေါ် ယုံကြည်နေဆဲပါပဲ။ ဒီယုံကြည်မှုက အခွင့်အခါပေါ်တဲ့အခါ အလွယ်စည်းရုံးလှုံ့ဆော်ပြီး အောင်ပွဲကို သယ် ဆောင်သွားနိုင်ပါတယ်။ နိုင်ငံရေး ဆိုတာကလည်း အခွင့်အခါမကျဘဲ ကိုယ်ထင်ရာ ဇွတ်လုပ်ပြန်ရင်လည်း တဖျတ် ဖျတ်ခုန်တဲ့ ငါး လှော်တက်စာ မိသွားသလို ကြုံရတတ်တယ် မဟုတ်လား။

နောက်ဆုံးအနေနဲ့ ကိုလွဏ်းဆွေကို ဆရာမောင်ထင်ရဲ့ စကားလက်ဆောင်လေး ထပ်ဆင့်ပါးလိုက်ချင်ပါတယ်။ ဆရာ မောင်ထင်က ကျနော် နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှန်းသိတော့ ဟေ့ကောင် မင်းနိုင်ငံရေးမှာ သတ္တိမရှိရင် သစ္စာ ဖောက် ဖြစ်တတ်တယ်မှတ်ထား ပြောပါတယ်။ ဒီအဓိပ္ပါယ်က ဗိုလ်ငါးပါးနဲ့ ယှဉ်ပြီး ယူရပါတယ်။ ဒါတွေက ကာယ သတ္တိ၊ ဉာဏသတ္တိ၊ ဝီရိယသတ္တိ၊ စာရိတ္တသတ္တိနှင့် ဘောဂသတ္တိတို့ ကွဲသွားပါတယ်။ ကာယသတ္တိမရှိရင် ကြောက်ပြီး သူများခိုင်းတိုင်း မှားမှားမှန်မှန် လုပ်မိပြီး သစ္စာဖောက် ဖြစ်တတ်တယ်။ ဉာဏသတ္တိနည်းရင် အသိအ ဉာဏ် ဆင်ခြင် တုံတရား ခေါင်းပါးတော့ အမှားအမှန် မခွဲခြားနိုင်ပဲ သစ္စာဖောက်ဖြစ်တတ်တယ်။ ဝီရိယသတ္တိနည်းလို့ ပျင်းရိငိုင်မော ပျင်းကျောဆွဲရင်း ရေသာခိုအချောင်လိုက် ရင်း ကလည်း သစ္စာဖောက်ဖြစ်တတ်တယ်။ ဘောဂသတ္တိ ဆိုတဲ့ စွန့်သင့်တာ မစွန့်ရဲ ပေးကမ်းသင့်တာ မပေးကမ်းရဲ လိုချင်လောဘတွေ မထိန်းနိုင်ရင် ရုပ်ဝတ္ထု ငွေကြေးတွေရဲ့ လွှမ်းမိုးမှုခံရ တတ်ပြီး အဲဒါတွေနောက် တကောက် ကောက်လိုက်ရင်း သစ္စာဖောက်ဖြစ်တတ်တယ်။ နောက်ဆုံးကတော့ စာရိတ္တ သတ္တိပဲ သူမရှိရင် သူ့က သတ္တိတွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ စာရိတ္တိမခိုင်ရင် အကုန်ယိုင်လဲသွား တတ်တယ်။ အ ကျင့်သီလ ကင်းတဲ့သူကို လူမကြည်ညိုဘူး၊ အသရေမဲ့တယ်။ စာရိတ္တအမည်းစက်တွေကြောင့် သူတပါးက အကြပ်ကိုင် ဗိုလ်ကျခံရရင်း သစ္စာဖောက် ဖြစ်တတ်တယ်။ ဒါကြောင့် တကယ့်နိုင်ငံရေး လူထုကို အလုပ်ကြွေးပြုမဲ့ နိုင်ငံရေး လုပ်မယ်ဆိုရင် ဒီသတ္တိငါးပါးကို အစဉ်တစိုက် အားဖြည့်နေရ ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် ဆရာမောင်ထင် ပြော သလို သစ္စာဖောက် ဖြစ်တတ်ပါတယ်။ သာဓကအနေနဲ့ လေ့လာဖို့ လူထုဦးလှရဲ့ နိုင်ငံတော် လုပ်ကြံမှုထဲက ကိုသုခ အကြောင်း စာကလေး ထည့်ပေးလိုက်တယ်။

ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်မှာ နတ်သုဒ္ဓါထဲ မစင်တခဲ မြင်လိုက်ရသလို အော့နှလုံးနာမိလို့ ဒီစာကို ရေးမိပါတယ်။ ဘာ ပဲပြောပြော ကိုလွဏ်းဆွေဘလော့ဂ်ဟာ ဗမာလူထုအတွက် အတိုင်းအတာတခုအထိ အသိဉာဏ် အလင်းဆောင်ခဲ့သလို ဆက်လက်ထွန်းလင်းနိုင်ဖို့ ဆန္ဒပြုပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေလို့ ဆိုငြား သော်လည်း တချို့သော ရန်သူ့ရန်သူတွေဟာ ကိုယ့်အတွက်လည်း ရန်အန္တရာယ်ဖြစ်တတ်ပါတယ် ဆိုတဲ့အကြောင်း မေတ္တာ စကားလက်ဆောင် ပါးအပ်ပါတယ် ကိုလွဏ်းဆွေ။