Wednesday, March 30, 2011

စကားတွေအများကြီးပြောနေသောဓါတ်ပုံတပုံ

 စကားတွေအများကြီးပြောနေသောဓါတ်ပုံတပုံ
(လန်ထောင်စပ်စုလေး)
၁၉၆၃ခုနှစ်ကထုတ်ဝေဖြန့်ချိခဲ့သော စာရေးသူ၏ဖခင် လန်ထောင်ဦးစပ်စု ရေးသားခဲ့သည့် "ဦးစပ်စု၏၇၅နှစ်အကြား ၄၉နှစ်အမြင် မြန်မာပြည်"စာအုပ်မှ အောက်ပါဆောင်းပါးတိုလေးကို ဖတ်ရှုကြည့်ပြီး ဖေါ်ပြထားသည့်ဓါတ်ပုံကို လေ့လာကြည့်စေလိုပါသည်။

"ပင်လုံဒေါ်နုရင်နှင့် ဆီချက်ခေါက်ဆွဲ"
ထိုစဉ်က အဖွဲ့တစ်ဖွဲ့ရှိသည်။ ဤအဖွဲ့မှာ တပ်ပေါင်းစုံ အမျိုးသမီး ချီးမြှင့်ရေးအဖွဲ့ပင် ဖြစ်ပါသည်။ ယင်းအဖွဲ့ထဲတွင် ကျွန်ုပ်၏ဇနီးနှင့်တကွ ခယ်မ၊ မရီးများပါ ပါဝင်ကြလေသည်။ ကြီးမှူးစီစဉ်ညွှန်ကြားသူက ပင်လုံဒေါ်နုရင်၊ အမျိုးသားဘက်ကဆိုလျှင် ကျွန်ုပ်စပ်စု၊ အိန္ဒိယအမျိုးသား ဘာဘူကြီး၊ ဗမာအမျိုးသားထဲကဆိုပါလျှင် ဦးဘသွင်တို့ ဖြစ်ပါသည်။ ဤအဖွဲ့သည် မင်္ဂလာဒုံ စစ်ဆေးရုံသို့တက်ရောက်ကုသနေသောလူနာများအား သူတို့စားသောက်လိုသည့် အစာအာဟာရကို တစ်လလျှင်တစ်ကြိမ် ကျွေးမွေးလှူဒါန်းပါသည်။

စာမျက်နှာ ၆၄-ပုံစာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နှင့်သားသမီးသုံးယောက်၊ ဦးဘသွင်၊ အိန္ဒိယဘာဘူကြီး
(Mr. Chenllal) ၊ ဦးစပ်စု တို့၏ တပ်ပေါင်းစုံအမျိုးသမီး ချီးမြှင့်ရေးအဖွဲ့။ ဤတကြိမ်တွင် စားသောက်စရာ၊ စောင်၊ မျက်နှာသုတ်ပုဝါ၊ ဆပ်ပြာများ လှူဒါန်းထောက်ပံ့သည့်ပြင် ရွှေနှင်းဆီအငြိမ့်ဖြင့် ကပြဖျော်ဖြေ လေသည်။)

တစ်ကြိမ်က မှတ်မှတ်ရရ ကျွန်ုပ်နှင့်ပင်လုံဒေါ်နုရင်သည် ၂၄-လမ်းသို့လာ၍ ကားဖြင့် ဆီချက်ခေါက်ဆွဲများကို သယ်ရလေသည်။ ကားထဲ၌ ပစ္စည်းဥစ္စာများပြည့်လျှံ၍နေလေသည်။ ထိုင်ရသောလူမှာလည်း ဘေးသို့မလှည့်သာအောင်ပင် ကျပ်ကျပ်တည်းတည်းနှင့်

လိုက်လာရ၏။ ၂၄-လမ်းမှ မင်္ဂလာဒုံအထိ ခရီးကားနီးလှသည်မဟုတ်၊ တစ်လမ်းလုံး ဤအတိုင်းပင်လိုက်ပါလာခဲ့ရ၏။ တစ်ကိုယ်လုံးတွင်လည်း ချက်ပြီးသောဆီများ ပေကျံကုန်၏။

မင်္ဂလာဒုံစစ်ဆေးရုံသို့ ရောက်လေသောအခါ ကျွန်ုပ်ခါးသည် မဆန့်နိုင်တော့ပေ၊ ပင်လုံ ဒေါ်နုရင်လည်း ဤအတိုင်းပင်ဖြစ်နေပါ၏။ သို့သော် သူက ပြုံးရွှင်ရယ်မောကာ "ဦးစပ်စု ဒီလို သူများအကျိုးကို ပင်ပင်ပန်းပန်းဆောင်ရွက်တာ ကုသိုလ်ရတယ်"ဟူ၍ ပြောပြပါသည်။

ကျွန်ုပ် ခါးကိုက်သောဒဏ်သည် တစ်ပတ်တိတိပင် ခံစားရလေသည်။ သို့ကလိုဖြစ်သော်လည်း ကျွန်ုပ်က စိတ်မပျက်။ အခါအခွင့်သင့်လေတိုင်း ယင်းကဲ့သို့သော ကူညီမှုမျိုးကို ပြုပေဦးမည်။ ပြုလည်းပြုနိုင်ပါစေဟူ၍ ဆုတောင်းပါ၏။

သည်ကိစ္စမျိုးပြုလုပ်ပါလျှင် ကျွန်ုပ်အဖို့ မမောနိုင် မပန်းနိုင်၊ ချွေးတလုံးလုံးနှင့် ပြုလုပ် နေတတ်ပါသည်။ တစ်ကြိမ်တစ်ခါတွင် ဤအမျိုးသမီးများထဲ ကျွန်ုပ်တစ်ယောက်ထဲသာ အမျိုးသား ဖြစ်လင့်ကစား လိုက်ပါဆောင်ရွက်ခြင်းအမှုကို ပြုလေသည်။ ယင်းသို့ပြုလုပ်ရင်း တပ်မတော်သား များသည် တိုင်းပြည်အတွက်ကာကွယ်ရင်း ထိခိုက်ဒဏ်ရာရခြင်းကို များစွာဂရုဏာဖြစ်မိသည်။ ဂုဏ်လည်းယူမိသည်။ ဤစိတ်ဓါတ်ကြောင့်ပင်လျှင် ကိုယ်တိုင်ကိုယ်ကျ မောရပန်းရ မှန်းမသိအောင်ပင် အကူအညီပေးမိခြင်းဖြစ်ပါသည်။

ဂျပန်တော်လှန်ရေးကာလဝယ် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဗမာ့တပ်မတော်အကျိုးအတွက် ထမ်းဆောင်ခဲ့ဖူးသည်။ လွတ်လပ်ရေးရပြီးအချိန်တွင်လည်း ဗမာ့တပ်မတော်အတွက် ကျွန်ုပ်နှင့် အမျိုးသမီးခေါင်းဆောင် ပင်လုံဒေါ်နုရင်နှင့် ပခုံးချင်းယှဉ်တွဲ၍ ဆောင်ရွက်ရပြန်လေသည်။
++++++++++
ထိုဓါတ်ပုံ(၂)ပုံသည် ထိုစဉ်(၁၉၄၉-၅၀)က မြန်မာအမျိုးသမီးများ၏ ထိုစဉ်ကမြန်မာ့တပ်မတော်အပေါ် လေးစားအားကိုး ဂုဏ်ယူဂုဏ်ပြုခဲ့ကြသည့် သက်သေသာဓကများဖြစ်ပါသည်။ အထူးသဖြင့် ပထမဓါတ်ပုံသည်မြန်မာတပြည်လုံးရှိ အမျိုးသမီးထုကြီး၏ကိုယ်စား ပင်လုံဒေါ်နုရင်၊ ပင်လုံဒေါ်ကြည်ကြည်၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီးဒေါ်ခင်ကြည်နှင့်သားသမီး သုံးယောက်၊ ဝန်ကြီးချုပ်ဦးနု၏ဇနီးဒေါ်မြရီ တို့ ဦးဆောင်၍ တပ်မတော်သားများအပေါ် လေးစားအားကိုး ဂုဏ်ယူဂုဏ်ပြုခဲ့ကြသည်ကို ထင်ရှားပေါ်လွင်စေပါသည်။ မြန်မာကိုချစ်သော၊ မြန်မာ့တပ်မတော်ကိုချစ်သော၊ မြန်မာပြည်နေ တရုပ် အိန္ဒိယ လူမျိုးပေါင်းစုံ၏ ပါဝင်ပူးပေါင်းကူညီမှု ကိုလည်းတွေ့နိုင်ပါသည်။အထူးသဖြင့်

ပြုံးရွှင်နေသော အမေဒေါ်ခင်ကြည်နှင့်သားသမီးသုံးယောက်ဖြစ်ပါသည်။ အမေဒေါ်မြရီ၏ပေါင်ပေါ်တွင်ထိုင်နေသော ရင်ဖုံးအင်္ကျီရှည်အဖြူ၊ အထက်ဆင့်ထမီလေးနှင့် နောင်အခါ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည့် ဗိုလ်ချုပ်အောင်ဆန်း၏သမီးငယ်လေးကိုလည်းတွေ့နိုင်ပါသည်။ ပင်လုံစိတ်ဓါတ်ရှိကြသူများ၏ ထိုစဉ်ကဗမာ့တပ်မတော်အပေါ်လေးစား အားကိုး ဂုဏ်ယူဂုဏ်ပြုခဲ့ကြသည့် အထောက်အထားဖြစ်ပါသည်။ အမေဒေါ်ခင်ကြည်မိသားစု၏ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် တာဝန်မထမ်းဆောင်မှီ မိခင်နှင့်ကလေးစေါင့်ရှောက်ရေးဌာနဝန်ကြီး၊ လူမှုဝန်ထမ်းစီမံကိန်းကော်မရှင်ဥက္ကဌ၊ ပြည်ထောင်စုအမျိုးသမီးများအဖွဲ့၏ဥက္ကဌ၊ စသောတာဝန်များနှင့်အတူ မြန်မာ့တပ်မတော်အကျိုး အားတက်သရောဆောင်ရွက်ခဲ့ကြသည့် မှတ်တမ်းလည်းဖြစ်ပါသည်။

နဝတ၊ နအဖ တို့မှ ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြောနေကြသည့်"တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့သည့် အစဉ်အလာ ဘာရှိခဲ့သလဲ? " ဆိုသည့်မေးခွန်းကို ကောင်းစွာပြန်လည်ဖြေကြားနိုင်သည့် ဓါတ်ပုံလည်းဖြစ်ပါသည်။ဤဓါတ်ပုံက ဒေါ်အောင်ဆန်းစုကြည်အတွက်" ကျွန်မငယ်စဉ်ကတည်းက ပင်လုံစိတ်ဓါတ်ရှိတဲ့ လူကြီးသူမတို့ရဲ့အုပ်ထိန်းစေါင့်ရှောက်မှုအောက်မှာ တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ တပ်မတော်သားတွေကို ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုချီးမြှင့်လှူဒါန်းထောက်ပံ့ခဲ့ဘူးပါတယ် "ဟူ၍ပြန်လည်ပြောကြားနေပါသည်။

ဤသို့"စကားတွေအများကြီးပြောနေသောဓါတ်ပုံ"ကို အဖေအမေတိုထံမှအမွေရရှိခဲ့သဖြင့် ကျွန်တော် လန်ထောင်စပ်စုလေးမှ ယခင်နှစ်များနည်းတူ ယခုနှစ်တွင်လည်း "ဒေါ်အောင်ဆန်းစုကြည်၏(၆၁)နှစ်မြောက်မွေးနေ့နှင့်မြန်မာအမျိုးသမီးများနေ့" အထိမ်းအမှတ်အဖြစ် ဂုဏ်ြုပကဗျာနှင့်အတူ၊ ခေတ်အဆက်ဆက်တိုင်ြးုပပြည်ြုပ ပြည်ထောင်စုမြန်မာအမျိုးသမီးများနှင့် ပြည်သူချစ်တပ်မတော်အား ငယ်စဉ်ကပင်ချစ်မြတ်နိုးခဲ့သော၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်တို့အား ဂုဏ်ြုပသောအားဖြင့် မြန်မာနှင့်ကမ္ဘာသို့ဖြန့်ချိအပ်ပါသည်။

ယခုနှစ်တွင်လည်း "ဒေါ်အောင်ဆန်းစုကြည်၏(၆၂)နှစ်မြောက်မွေးနေ့နှင့်မြန်မာအမျိုးသမီးများနေ့" အထိမ်းအမှတ်အဖြစ် (မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏"ကလေးအရွယ်လိမ်မာနှင့်ပါမှ၊ ကြီးရင့်က လိမ်မာမည်"ကဗျာအလိုက်အတိုင်း ဂုဏ်ပြုစပ်ဆိုထားသည့်ကဗျာနှင့်အတူ) ထပ်မံဂုဏ်ြုပဖြန့်ချိအပ်ပါသည်။ လိုအပ်သလိုထပ်ဆင့်ဖြန့်ချိပေးကြပါရန်လည်း မေတ္တာရပ်ခံပါသည်။ ။

ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေးဖြင့်၊ အေးငြိမ်းချမ်းသာ ရကြပါစေ။လန်ထောင်စပ်စုလေး
(အခု ၂၁-ရာစု ပင်လုံတပ်ပေါင်းစုံကူညီစောင့်ရှောက်ရေးအဖွဲ့ သည် ၁၉၅၀ ခုနှစ်များဆီမှ ပင်လုံတပ်ပေါင်းစုံအမျိုးသမီးချီးမြှင့်ရေးအဖွဲ့အတိုင်း ယနေ့၂၁-ရာစု မြန်မာပြည်တပ်ပေါင်းစုံတို့ကို ပြည်သူချစ်သော ပြည်ထောင်စုတပ်မတော်ကြီးတွင် အတူတကွချစ်ကြည်ရင်းနှီးစွာ ပါဝင်ပူးပေါင်း
ဆောင်ရွက်နိုင်ရေး စေ့စပ်ဖြန်ဖြေကူညီစောင့်ရှောက်သွားမည်ဟု ရိုးသားစွာ ရည်မှန်းထားပါကြောင်း။)

Tuesday, March 29, 2011

ဤခရီးမနီးသေးပါ

ဤခရီးမနီးသေးပါ
(ဘိုဘိုလန်းစင်)
စာပေစိစစ်ရေးမူသစ်ကြောင့် အထွေထွေစာအုပ်တွေ ရိုက်ပီးမှ တင်ရတော့မယ်ဆိုတဲ့သတင်းထွက်လာတော့ ဒါ မဆလခေတ်ဦးပုံစံပဲ၊ ၁၉၇၀ နှစ်လယ်ပိုင်းကမှစပီး စာအုပ်တွေအကုန် စိစစ်ရေးတင်ရတာ၊ စာပေစိစစ်ရေးရယ်လို့ ဖြစ်လာတာလဲ ဒီတုန်းက ပြန်ကြားရေးက အမ်ဒီ ဗိုလ်တက် (ဆရာတက်တိုး)လက်ချက်မကင်းဘူးလို့ ကြားဘူးတာတွေ ပြန်သတိရတယ်။ ဘယ်သူတွေ သောက်မြင်ကပ်ပုဒ်မထိကြအုံးမယ်တော့မသိဘူး။ မောင်ဖေငယ် စဥ့်ကူးမင်းနဲ့ သေဒဏ်ကျတာလဲ စိစစ်ရေးတင်စရာမလိုထုတ်ပီးမှ ဂိတာပဲ။

သတိတော့ အတော်ကို ကြီးကြီးထားရမယ်။ ဖဆပလလက်ထက် နှိပ်ကွပ်တာထက်ဆိုးတာတွေ လာအုံးမှာကတော့ သေချာနေတယ်။ အကြောင်းရှာဖမ်းတာ၊ အမျိုးစုံယုတ်မာပီး ညှဉ်းတာညှစ်တာတွေပေါ့။ ရွှေဥဒေါင်းကို လေဆိပ်မှာ ဘိန်းရှာခံရအောင် သူ့သားလောက်ရှိတဲ့ ခင်မောင်ကလေးက ပြည်ထဲရေးကိုင်တုန်းနှိပ်စက်သွားတာ သူ့တသက်တာမှတ်တမ်းမှာ တွေ့ကြမပေါ့။ ပျူစောထီးခေါင်းကြီးနဲ့ အဖိုးကြီး ကဆုန်လကြီး ထောင်ထဲတိုက်ပိတ်ခံရသေး။ ဒီလိုညစ်ကျယ်ကျယ်ရူးကြောင်ကြောင် ဖဆပလတွေထက် ဆိုးတာတွေ ခုခေတ်မှာပေါလှပေါ့။ မျိုးချစ်ဆိုတိုင်း နိုင်ငံရေးသမားပညာတတ်ဆိုတိုင်း စိတ်နေမမြင့်တာတော့ အမှန်ပဲ။

အခု လူထုဦးလှရာပြည့်အမှတ်တရ ထောင်ဝတ္ထုတအုပ်ထွက်လာတော့ ဦးလှ၊ ဗန်းမော်တင်အောင်စတဲ့ လက်ဝဲစာရေးဆရာ သတင်းစာဆရာတွေကို စာပေနဲ့ သတင်းနဲ့ အမှုဆင်ဖမ်း အာမခံတင်ခိုင်း သတင်းစာတိုက်ချိတ်ပိတ်စတာတွေ လုပ်ခဲ့တဲ့ ဒီမိုကရေစီခေတ်ဟောင်းကြီးက စာပေလွတ်လပ်ခွင့်ကို သတိရပါတယ်။ အဲဒိခေတ်လွတ်လပ်ခွင့်က ဝန်ကြီးချုပ်ဘုရားဒကာပြဇာတ်ရူးရဲ့ မကောင်းမကန်းဇာတ်တွေကို ကျောင်းသုံးပြဋ္ဌာန်းခွင့်၊ စစ်တပ်ကို သိဒ္ဓိတင်ပီး ပညာပေးတဲ့ သာဓုဝတ္ထုကို ပြဋ္ဌာန်း စာပေဆုပေး၊ အမေရိကန် ဆိုဗီယက် ဘက်ပေါင်းစုံ အမအစနဲ့ ထုတ်တဲ့ စာအုပ်တိုက်တွေ သတင်းစာတိုက်တွေ ရွှေမိုးငွေမိုးရွာတဲ့ လွတ်လပ်ခွင့်ပါ။ အောင်ဗလရေးတာတွေ ဒဂုန်တာရာရဲ့ ကြက်မြီးပါတီ ကြာပန်းရေစင်ဝတ္ထုတွေ ဖတ်ရင် တွေ့ပါမယ်။ ပြည်တော်သာတခေတ်က စစ်ဒဏ်ခံပြည်သူ့ဘဝ နိုင်ငံရေးလောက စစ်တပ်လောကရဲ့ စီးပွားရေးသောင်းကျန်းမှုတွေကို ဖွင့်ထုတ်ရေးရင် အဖမ်းခံ အသိမ်းခံရတာက တော်သေး၊ အာဖရိကနိုင်ငံတွေမှာလို ဘယ်ကမှန်းမသိ စတင်းဂန်းနဲ့ဆွဲတာ (ဗမာ့ခေတ်တိုက်)၊ မြို့လယ်ခေါင်မှာ သတ်သွားတာ (အင်းစိန်သတင်းထောက်စံရှား)၊ ကိုကိုးကျွန်းပို့ခံရတာ (အိမ်စောင့်ခေတ်)စတဲ့ ဒီမိုကရေစီဝဋ်ဒုက္ခတွေက တပုံကြီးပါ။ စစ်အစိုးရခေတ်မှာ အကုန်ဖမ်း အကုန်ပိတ်လုပ်တဲ့ဒုက္ခကတော့ တမျိုးအေးတာပါပဲ။

ခုလဲ ၁၉၆၂ အာဏာမသိမ်းမီ ခေတ်ဟောင်းပုံစံ အစိုးရလက်ဝေခံဂျာနယ်တိုက်တွေရဲ့ လွတ်လပ်ခွင့်၊ မျက်နှာစာမှာ အစိုးရအလိုကျရေးပီး အပြင်ကိုသတင်းရောင်းစားတဲ့ သာကူးသတင်းလောကနဲ့ ပြည်ပအကူးအသန်းတွေက ထူးမခြားနားဇာတ်ခင်းနေပြန်ပါပီ။ သူ့အကျိုးစီးပွား တိုက်ရိုက်မထိသရွေ့ သိသိကြီးနဲ့ လွှတ်ပြထားပီး သတင်းပြန်နှိုက်နေတဲ့ အာဏာပိုင်များရဲ့ ကွန်ယက်က အာဝါးကွန်ယက်တွေထက် ပိုခိုင်ပါလိမ့်မယ်။

“အထက်ဗမာပြည်မှာ ကွန်မြူနစ်အားကောင်းတာ လူထုသတင်းစာကြောင့်” ဆိုတဲ့ ကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေးတို့ရန်ငြိုးအကြောက်တရားကောင်းမှုနဲ့ ထောင်ထဲ ၃ နှစ်လေ့လာရေးဖဲလိုးရှစ်ရတဲ့ ဦးလှရဲ့ ထွက်ကုန် လေနှင့်အတူကနေ ထောင်နှင့်လူသား (၁၉၅၇ စာပေဗိမာန်ဆုရ)၊ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ (၁၉၅၈) (ယူနက်စကိုဆုရ)၊ ဇနီးနှင့် သားသမီးများသို့ ထောင်တွင်းမှပေးစာများ (၁၉၅၈)၊ အားလုံးကောင်းကြရဲ့လား (၁၉၅၉)၊ စစ် အချစ်နှင့်ထောင် (၁၉၆၀)၊ စစ်ပြီးစက ထောင်တံခါး (၁၉၆၈)၊ ၁၉၇၁ မှာ မနီးတဲ့ဘ၀ခရီးထိ ထောင်စာအုပ်တွေက ထောင်အရာရှိတွေ တခြားစာရေးဆရာတွေ ရေးတတ်တဲ့ မှုခင်းနဲ့ သဲထိတ်ရင်ဖိုစာအပေါစားတွေနဲ့မတူ လူမှုစီးပွားမတည်ငြိမ်တဲ့ ခေတ်ပျက်ကြီးမှာ ထမင်းမငတ်ရေး ရုန်းကန်နေရတဲ့ သာမန် တောသူတောင်သား စစ်ပြေးဆင်းရဲသားတွေဘဝကို ပြနေတာပါ။ မြန်မာစာပေမှာ နိုင်ငံရေး အနုပညာစတာတွေနဲ့ မထင်ရှားတဲ့ သာမန်လူတွေအကြောင်း ဖြစ်ရပ်မှန်ရေးချယ်ပြတဲ့ စာပေတမျိုး လမ်းစပေါ်လာတာ ဖဆပလလူညစ်ကြီးများကျေးဇူးပါ။ အနှစ် ၄-၅၀ ပြန်ရိုက်ခွင့်မရတဲ့စာတွေကို ထုတ်ခွင့်၊ အကျဉ်းဦးစီးက နရသိန်မဂ္ဂဇင်းမှာ တောင်းထည့်နေတာက လက်ရှိအာဏာရများ ကျေးဇူးတော်ပါပဲ။

လက်ရှိ ပါတီစုံအစိုးရယန္တရားသစ်မှာ ဖဆပလကို ကူးချနည်းယူထားတာတွေ အများကြီးမို့ ဦးလှမှန်းသလို ကျောင်းတံခါးတွေဖွင့်ပီး ထောင်တံခါးတွေပိတ်ဖို့ လူတွေချောင်လည်ဝပြောတဲ့တခေတ်ရောက်ဖို့ (စာပေစာနယ်ဇင်းတွေ လွတ်လပ်လာဖို့)ကတော့ အပုံကြီးလိုပါသေးတယ်။ လက်ဝါးကြီးအုပ်နိုင်ငံရေး၊ အကြမ်းဖက်ခါးပိုက်ဆောင်တပ်တွေ၊ လက်ဝေခံစီးပွားရေးသောင်းကျန်းမှု၊ ပြည်ပသြဇာခံ ဆရာမွေး (အရင်ခေတ်က အမေရိကန်၊ဆိုဗီယက်၊ အခုခေတ် တရုတ်၊အာစီယံ..)၊ ပြည်သူတွေ တိုင်းရင်းသားတွေကို တန်းတူရည်တူနိုင်ငံရေးလွတ်လပ်ခွင့်တောင်းဆိုခွင့် မပေးဘဲ တောထဲမောင်းထုတ်ဖမ်းချုပ် အညွန့်ချိုးတဲ့ အနှစ် ၆၀ ကာလပျက်ကြီး အဆုံးမသတ်သရွေ့ ဒီခရီးသံသရာက ရှည်ပါအုံးမယ်။


















လူထုတိုက်စာအုပ်ဖုံး အပြင်အဆင်များ မီးမလောင်ခင်ခေတ်ကို မမီတော့ပါ။

Saturday, March 26, 2011

စစ်သားတဦးပြောပြသောဖြစ်ရပ်မှန် ဇာတ်လမ်း(GoldenMoonရုပ်/သံ)


http://www.youtube.com/watch?v=U2bnaPJ-G-o&feature=player_embedded

==============================
Burma soldier (in Burmese)

=====================================
တပ်မတော်အတွင်းရှိ အရာရှိအရာခံ အကြပ်တပ်သားများထံပန်ကြားချက်

Friday, March 25, 2011

ပြဿနာဖြစ်နေသော ဂျပန်ဓါတ်ပေါင်းဖိုမှာ အနုမြူယိုစိမ့်မှု သံသယဖြစ်


တိုကျို။ ။ ပြင်းအားပြင်း ငလျင်ကြီးနဲ့ ဆူနာမီဖြစ်ပေါ်လာပြီး ၂ ပတ်အကြာတွင် အနုမြူဓါတ်ပေါင်းဖို တခုမှာ ပြဿနာပေါ်လာနေပါတယ်။ အနုမြူဓါတ်ပေါင်းဖိုတခုမှာ အနုမြူရောင်ခြည် စွမ့်ထွက်နေ ကြောင်း သံသယဖြစ်ရတယ်လို့ ဂျပန်အစိုးရက ၂၀၁၁ခု မတ်လ ၂၅ သောကြာ နေ့က ပြောဆိုလိုက် ပါတယ်။ တချိန်ကယူဆတွေးထင်ထားတာထက် ဓါတ်ပေါင်းဖိုမှာ အနုမြူစိမ့်ထွက်မှုဟာ ပိုမိုစိုးရိမ်စရာ ပြဿနာအဖြစ်ကောက်ချက်ချရမဲ့ အဓိပ္ပါယ်ပါ။

အနုမြူဓါတ်ပေါင်းဖိုမှ ပိုမိုဝေးကွာတဲ့အရပ်ကို လူတွေမရွှေ့ပြောင်းသေးဘို့၊ အပြင်မထွက်ပဲ အိမ်တွင်း မှာနေကြရင်ပဲ အန္တရာယ်မရှိနိုင်ပါဘူးလို့ ဂျပန်ခေါင်းဆောင်များကပြောခဲ့ကြပါတယ်။ အခုတော့ သက်ဆိုင်ရာတွေက ဓါတ်ပေါင်းဖိုဝန်းကျင်မှာနေထိုင်သူများအနေနဲ့ မိမိတို့ဆန္ဒအလျောက် ပိုမိုသင့် တင့်ကောင်းမွန်မဲ့အရပ်များဆီ ပြောင်းရွှေ့နေထိုင်လိုက ပြောင်းရွှေ့နိုင်ကြောင်းလဲ ပြောလာကြပါ တယ်။ ဆူနာမီသင့်ဒေသမှာ ရိက္ခာများလဲပြတ်လပ်လာလို့ဖြစ်ပါတယ်။

မြက်ပင်ငါဟေ့…!!!!

မြက်ပင်ငါဟေ့…!!!!
ဥယျာဉ်ခြံဝင်း
ပန်းခင်းအတွက်
နွယ်မြက်သစ်ပင်
သုတ်သင်ရှင်းလင်း
မြောင်းတွင်းပစ်ခဲ့....။

မြောင်းဘောင်ကိုကျော်
ပန်းခင်းပေါ်တက်
ခေါင်းဖော်ကြီးပြင်း
ဤမြက်ခင်းလျှင်
ခုတ်ထွင်သတ်ဖြတ်
အမြစ်ပြတ်၍
မြက်ဇာတ်ကိုသိမ်း
တိန်းပြန်ပြီ....။

တကယ်မှာမူ
နေပူ မြေပူ ရေဆူနေစေ
မြက်မသေပါ၊
တောတောင်စိမ့်စမ်း
လျှိုချိုင့်ဝှမ်းနှင့်
သောင်ကမ်းပြင်အထိ
မြက်ပင်ရှိသည်....။

ပျက်လုံးမထုတ်
အဟုတ်ဆိုလျှင်
ဥယဉ်ခြံကြား
အလှထားသော
ကျောက်ပြားချပ်များ
ဆွဲလှပ်ကြည့်ပါ
*မြက်ပင် ငါတို့ သက်ရှိကျန်လို့နေပါကြောင်း။..။

ဆူးနှင်း (နယ်သာလန်)

စာညွှန်း
*မြက်ပင် = မြန်မာတနိုင်ငံလုံးရှိ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ။

အနုပညာရှင်များနှင့် မူးယစ်ဆေး ဂယက်

 မတ်လဆန်းပိုင်းအတွင်း လူငယ်ဒါရိုက်တာတစ်ဦး စိတ်ကြွမူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးခံရသည့် သတင်းက အနုပညာအသိုင်းအ၀ိုင်းအတွင်းနှင့် ပရိသတ်များကြား ပျံ့လွင့်လာခဲ့သည်။ အားပေးသည့် ပရိသတ်များအတွက်တော့ ဟုတ်မှ ဟုတ်လေလားရယ်လို့ စိတ်ပူပန်မှုများရှိလာခဲ့သည်။ မတ်လဆန်းပိုင်းအတွင်း လူငယ်ဒါရိုက်တာတစ်ဦး စိတ်ကြွမူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးခံရသည့် သတင်းက အနုပညာအသိုင်းအ၀ိုင်းအတွင်းနှင့် ပရိသတ်များကြား ပျံ့လွင့်လာခဲ့သည်။ အားပေးသည့် ပရိသတ်များအတွက်တော့ ဟုတ်မှ ဟုတ်လေလားရယ်လို့ စိတ်ပူပန်မှုများရှိလာခဲ့သည်။ ထို့နောက်ရက်များ မကြာမီ လူလတ်ပိုင်း သရုပ်ဆောင်မင်းသားတစ်ဦး ထပ်မံစစ်ဆေးခံရသည့် သတင်း၊ အကယ်ဒမီ သရုပ်ဆောင်တစ်ဦးအား ခေါ်ယူစစ်ဆေးနေသည့် သတင်းစကားများက ပျံ့လွင့်လာခဲ့သလို သူတို့ကိုချစ်သည့် ပရိသတ်များကလည်း ချစ်ခင်အားပေးသည့် အနုပညာရှင်များအတွက် စိုးရိမ်ပူပန်မှုများရှိလာခဲ့သည်။ ယင်းသို့ အနုပညာအသိုင်းအ၀န်း အတွင်းနှင့် သူတို့ကိုချစ်သည့် ပရိသတ်များအကြား မကြာခဏ ပျံ့လွင့်လာတတ်ရာ . . .

ဒီဂယက်တွေ ဘယ်ကစခဲ့တာလဲ

ခေတ်အဆက်ဆက်ကပင် အနုပညာ အသိုင်းအ၀ိုင်းအတွင်း၌ မူးယစ်ဆေးနှင့် ပတ်သက်ဆက်နွှယ်မှုမှာ မကြာခဏရှိနေတတ်ပြီး စိတ်ကို ဦးစားပေးဖန်တီးတတ်ကြသည့် ခံစားလွယ်အနုပညာသမားများ ဖြစ်နေကြသည့်အတွက် သုံးစွဲမှုများရှိသကဲ့သို့ မူးယစ်ဆေးသုံးစွဲဖန်တီးပြီးပါက အနုပညာအစွမ်း ပိုမိုပြောင်မြောက်သည် ဆိုသည့် တလွဲအယူအဆများကလည်း ရှိနေကြပြန်သည်။ ယင်းသို့ အနုပညာသမားနှင့် မူးယစ်ဆေးတို့ ဆက်စပ်နေတတ်ကြပုံကို "ခေတ်အဆက်ဆက် က အနုပညာရှင်တချို့မှာလည်း မူးယစ်ဆေးသုံးစွဲခဲ့ကြသူတွေ ရှိတယ် ဆိုတာ သိနေခဲ့ကြတာပါပဲ။ အခုလို မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်လာတယ်။ တကယ်တော့တလွဲ အယူအဆနဲ့သုံးနေကြတယ်လို့ပဲမြင် ပါတယ်။ဒါတွေမပါဘဲနဲ့လည်း အနု ပညာကိုဖန်တီးယူလို့ရပါတယ်။ အနုပညာကို ဖန်တီးတယ်ဆိုတဲ့အပိုင်းမှာ ရင်ထဲအသွေးအသားထဲက ခံစားချက်နဲ့ ဖန်တီးပုံဖော်ကြရတာပါ။ ဒီအတွက် ဘယ်လိုအထောက်အပံ့မှတော့ လိုအပ်တယ်လို့ မယူဆပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မူးယစ်ဆေးနဲ့ ပတ်သက်လို့ လုံးဝကင်းရှင်းအောင်နေပါတယ်။ သတင်းတွေဆိုတာကတော့ ဟုတ်တာရော၊ မဟုတ်တာ ပါပါနိုင်တာပေါ့။ ပရိသတ်စိုးရိမ်သလို မဟုတ်ရင်တော့ အကောင်းဆုံးပါပဲ" ဟု သရုပ်ဆောင်နေတိုးက ပြောပြခဲ့သည်။

မတ်လဆန်းပိုင်းမှစတင်၍ ပရိသတ်များအကြား ပျံ့လွင့်နေခဲ့သည့် အနုပညာရှင်များနှင့် မူးယစ်ဆေး၏ဂယက်က ယနေ့ထက်ထိ တိုင်ပျံ့လွင့်နေဆဲဖြစ်သည်။ ဆက်နွှယ်လျက်ရှိသည့် အခြားသော အနုပညာရှင်အချို့အားလည်း ထပ်မံခေါ်ယူ စစ်ဆေးမည်ဆိုသည့် သတင်းစကားများကလည်း ကျယ်ကျယ်လောင်လောင် ပျံ့လွင့်လျက် ရှိသည် . . .
မတ်လဆန်း မှစတင်၍ ပရိသတ်များအကြား ပျံ့လွင့် နေခဲ့သည့် အနုပညာရှင်များနှင့် မူးယစ်ဆေး၏ဂယက်က ယနေ့ထက်တိုင် ပျံ့လွင့်နေဆဲဖြစ်သည်။ ဆက်နွှယ် လျက်ရှိသည့် အခြားသောအနုပညာ ရှင်အချို့ကိုလည်း ထပ်မံခေါ်ယူ စစ်ဆေးမည်ဆိုသည့် သတင်းစကားကလည်း ကျယ်ကျယ်လောင်လောင် ပျံ့လွင့်လျက်ရှိသည်

စိတ်ထွက်ပေါက်အဖြစ် သုံးကြတာလား
အနုပညာရှင်များနှင့်မူးယစ် ဆေးပတ်သက်နေမှု၌ အများစု၏ ပြောစကားများတွင်စိတ်ထွက်ပေါက် အဖြစ်သုံးကြသည်ဟုပြောလေ့ရှိကြ သည်။ အောင်မြင်သူတို့ခံစားရမြဲဖြစ် သည့်စိတ်ဖိစီးမှုကို ယင်းသို့ထွက်ပေါက် ရှာခြင်းသည်မှန်ကန်ရဲ့လားဆိုသည်ကို တော့ "စိတ်ဖိစီးမှုဆိုတာကတော့ ဘယ်သူ့မှာမဆိုရှိတာပါပဲ။ ဒါပေမယ့် (အထူးသဖြင့်)celebrities တွေကတော့ ပိုပြီးခံစားကြရပါတယ်။ ဒါကို ထွက်ပေါက်ပေးကြတဲ့အခါ ဘယ်လိုမှန်ကန်သော နည်းလမ်းနဲ့ ထွက်ပေါက်ပေးမလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ မူးယစ်ဆေးကိုလုံးဝဆန့်ကျင်ပါတယ်။ ဘယ်တော့မှလည်းသုံးမှာ မဟုတ်ပါဘူး" ဟု အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောပြခဲ့သည်။

မူးယစ်ဆေးဂယက် ဘယ်လောက်အထိ ကျယ်ပြန့်နေပြီလဲ
အနုပညာလောကအတွင်း လှုပ်ရှားနေကြသည့် အနုပညာရှင်များတွင် ပါဖောမန့်စ်ပိုကောင်းသည်၊ အာရုံပိုစူးစိုက်နိုင်သည်၊ စိတ်ထွက်ပေါက်ရသည် စသည့်ခေါင်းစဉ် ပေါင်းများစွာဖြင့် စိတ်ကြွမူးယစ် ဆေးများနှင့် ပတ်သက်ဆက်နွှယ်နေ သူများရှိသည်ဆိုသည့် ဂယက်များက ကျယ်ကျယ်လောင်လောင် ပျံ့လွင့်နေခဲ့သည်။ "ဖြူဖြူမူးယစ်ဆေးနဲ့ ပတ်သက်လို့အမြဲပြောဖူးပါတယ်။ ဒီလို အရာတွေသုံးပြီးမှ အနုပညာဖန်တီးမှုက ပိုကောင်းတယ်ဆိုတာ လုံးဝ လက်မခံပါဘူး။ အနုပညာ ဖန်တီးမှုဆိုတာမိမိရဲ့ကိုယ်ပိုင်ဖန်တီးမှုပဲ ဖြစ်ရပါမယ်။ ဒီလိုအရာတွေသုံးစွဲပြီးမှ အနုပညာဖန်တီးမှု ပိုကောင်းတယ်ဆိုလည်း အစစ်အမှန်တော့ မဖြစ်နိုင်ပါဘူး။ အောင်မြင်မှုအတွက် စိတ်ထွက် ပေါက်ဆိုတာလည်း ကောင်းသော ထွက်ပေါက်တွေ ရွေးချယ်လို့ရပါတယ်။ အနုပညာရှင်ဆိုတာ သူတို့ လုပ်သမျှကို ပရိသတ်က စောင့်ကြည့် စိတ်ဝင်စားနေမှာလေ။ ကိုယ်ကစပြီး ဒီမူးယစ်ဆေးတွေကို ဆန့်ကျင်ပါတယ်ဆိုတော့မှ ကိုယ့်ကိုလေးစားတဲ့ အားကျတဲ့သူတွေကလည်း မူးယစ်ဆေးကို ဆန့်ကျင်ရမှာပါလားဆိုတာ သိမှာ။ ဒီတော့ဖြူဖြူ့အနေနဲ့တော့ မူးယစ်ဆေးကို လုံးဝဆန့်ကျင်ပါတယ်" ဟု တေးသံရှင်ဖြူဖြူကျော်သိန်းက ဆက်လက်ပြောပြခဲ့သည်။

မူးယစ်ဆေးသုံးစွဲသူများ၏ လက်တွေ့ဆိုးကျိုးများက မြင်သာ ထင်သာရှိလှသည်။ မူရင်း လုပ်နေကျ အနုပညာအလုပ်များကိုပင် အာ ရုံမစိုက်နိုင်ခြင်း၊ ကတိပျက်ကွက်မှု များလာခြင်းစသည့် အလုပ်ပေါ်တွင် ဆိုးကျိုးများရှိလာသကဲ့သို့ လူမှုရေး ဆိုးကျိုးများလည်း ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ "ဒါတွေက မကောင်းမှန်းတော့ လူတိုင်းကသိနေ ကြတာပဲ။ ခက်တာက လူတွေရဲ့စိတ်ပဲလေ။ မကောင်းတာကိုမှပိုပြီးလုပ် ချင်ကြတာလူ့သဘာဝဖြစ်နေတာ ကိုး။ သဘာဝအတိုင်း မဟုတ်တဲ့ ဘယ်အရာကမှတော့မကောင်းပါ ဘူး။ ဒါကိုသိရက်နဲ့လုပ်ကြတဲ့အခါ နောက်ဆက်တွဲအကျိုးဆက်က သူနဲ့ ပတ်သက်နေတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအတွက်လည်း မကောင်းသလို သူကြိုးစားအားထုတ်ခဲ့တာတွေအတွက် လည်းနှမြောဖို့ကောင်းတယ်။ တကယ်အရည်အချင်းရှိတဲ့အနု ပညာသမား တစ်ယောက်ဖြစ်တယ် ဆိုရင် အနုပညာလောကအတွက် လည်းနစ်နာတယ်။ ဒီလိုအဖက်ဖက် ကမကောင်းတဲ့ကိစ္စဆိုတော့တစ်ဦးချင်း အသိစိတ်နဲ့ ဆင်ခြင်မှပဲရနိုင်မှာပါ။ရုပ်ရှင်အစည်းအရုံးဆိုတာလည်း သူတို့ကိုခေါ်ယူသတိပေးတာက လွဲပြီးတော့ တခြားတော့မတတ်နိုင်ဘူးလေ" ဟုမြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဌဦးမြင့်သိန်းဖေက ရုပ်ရှင်အစည်းအရုံး၏ တာဝန်ယူမှု အတိုင်းအတာနှင့် ပတ်သက်၍ ပြောပြခဲ့သည်။

ထို့အပြင် သရုပ်ဆောင် ကျော်ကျော်ဗိုကလည်း "အနုပညာရှင်နဲ့ မူးယစ်ဆေး ပတ်သက်ဆက်နွှယ်နေတယ် ဆိုတဲ့သတင်းက မကြာခဏဆိုသလို ကြားရတတ်တဲ့ သတင်းမျိုးပါ။ ဒီလိုသတင်းမျိုးတွေထဲမှာတကယ် ဟုတ်နေတာလည်းပါသလို ကော လာဟလတစ်ခုအဖြစ် ထွက်လာတာမျိုးလည်း ပါနိုင်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ တကယ်ပတ်သက် ဆက်နွှယ်ပြီးဒုက္ခရောက်ရတဲ့၊ အန္တရာယ်ဖြစ်ရတဲ့ အနုပညာရှင်တွေ လည်း အရင်က ရှိနေခဲ့ဖူးတဲ့အတွက် ပရိသတ်က စိုးရိမ်ကြတယ်ဆိုတာလည်း သဘာဝပါပဲ။ ကျွန်တော် တစ်ဦးတည်းအမြင်အရပြောရမယ် ဆိုရင်တော့ အနုပညာရှင်မှ မဟုတ်ပါဘူး၊ ဘယ်သူမဆိုမ ကောင်းမှန်းသိတဲ့ အရာတစ်ခုကို ရှောင်ကြဉ်သင့်ပါတယ်။ ဖြစ်နိုင် ရင်တော့ဒီလိုအန္တရာယ်ရှိတဲ့အရာကို မပတ်သက်မိအောင် ကြိုးစားရမှာပါ။ ပတ်သက်မိခဲ့တယ်ဆိုရင် ရှောင်ထွက်ဖို့ အင်မတန်ခက်ခဲတယ်လို့ ကြားဖူးပါတယ်။ ဒါကြောင့် ဘယ်သူ့ဘယ်သူ ကိုမှ အဲဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး"ဟု သူ၏အမြင်အား ရှင်းပြခဲ့သည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကလည်း မူးယစ်ဆေး၏ ဆိုးကျိုးနှင့်ပတ်သက်၍ "မူးယစ်ဆေးနဲ့ ပတ်သက်ရင်အစကတည်းက မပတ် သက်တာအကောင်းဆုံးပါပဲ။ မူးယစ်ဆေးဆိုတာစမိပြီဆိုရင် အင်မတန်ဖြတ်ရခက်တတ်တဲ့ အရာမျိုးပါ။ ဒီမူးယစ်ဆေးကြောင့် အန္တရာယ်ဖြစ်သွားသူတွေလည်း တွေ့ဖူးကြားဖူးတဲ့အခါကျတော့ အနုပညာရှင်မှမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ မပတ်သက်စေချင်တာပါ။ ဒီလိုစွဲလမ်းစေတဲ့ မူးယစ်ဆေးကို တော်ရုံစိတ်ခိုင်မာမှုနဲ့ ဖြတ်ဖို့ဆို တာလည်းမလွယ်ပါဘူး။ဒါကြောင့်မ စတာအကောင်းဆုံးပါ။ကျွန်တော်နဲ့ ခင်မင်ရင်းနှီးတဲ့သူဆိုရင် ကိုယ်တိုင် ပြောပါတယ်။ တစ်ဆင့်ပြောဖို့ လိုအပ်သူဆိုရင်လည်းတစ်ဆင့် သတိပေးပါတယ်။ အခုလိုသတင်းတွေ မကြာခဏ ထွက်လာနေတာ တကယ်ဟုတ်နေတယ်ဆိုလည်း အနုပညာရှင်အတွက်ရော ပရိသတ်အတွက်ပါ နစ်နာဆုံးရှုံး မှုရှိနိုင်ပါတယ်။ မပတ်သက်တာတော့ အကောင်းဆုံးပါပဲ" ဟုဆိုသည်။

အရင့်အရင် ပျံ့လွင့်ခဲ့ဖူးသော အနုပညာရှင်နှင့် မူးယစ်ဆေးဂယက်
ဟိုအရင်နှစ်ပေါင်းများစွာ ကတည်းက မူးယစ်ဆေးမှုနှင့်ဖမ်းဆီး ခံခဲ့ရသည့်အဆိုတော်၊မင်းသား၊ ဒါ ရိုက်တာအချို့ရှိဖူးသကဲ့သို့ မူးယစ် ဆေးအတွက်အသက်ပေးခဲ့ရသည့် အနုပညာရှင်အချို့လည်း ရှိလို့နေ ပြန်သည်။ ထို့အပြင် မူးယစ်ဆေး နှင့်ပတ်သက်ဆက်နွှယ်နေမှုကြောင့် ခေါ်ယူစစ်ဆေးမှုများကလည်း မကြာခဏဆိုသလိုကြားနေရပြန်သည်။ မကြာသေးသည့်ကာလတစ်ခုက ပျံ့လွင့်ခဲ့သည့်ဂယက်တွင် နာမည်ကျော် သရုပ်ဆောင်မင်းသား၊ မင်းသမီး၊ ဒါရိုက်တာအချို့ပါဝင်လာခဲ့သည်အထိ ကျယ်ပြန့်ခဲ့ဖူးရာ ပရိသတ်များ၏ စိုးရိမ်မှုအတိုင်းအတာသည်လည်း မြင့်မားခဲ့ဖူးပြန်သည်။ ယခုလူငယ် ဒါရိုက်တာ စတင်ဖမ်းဆီးခံရချိန်မှစတင်၍ နောက်ဆက်တွဲ ဂယက်များရိုက်ခတ် လာချိန်တွင်" လွန်ခဲ့တဲ့၂နှစ်လောက်တုန်းကလည်း အခုလိုပဲသတင်းတွေ ကြားခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း သူတို့ကိုချစ်တဲ့ ပရိသတ်တွေကတော့ စိုးရိမ်ပူပန်ပေးခဲ့ကြတယ်။ ကြီးကြီးမားမား ထိခိုက်သွားကြတယ်လို့တော့ မကြားမိဘူးပေါ့လေ။ အခုတစ်ခေါက်လည်း ဒီလိုဂယက်မျိုးတွေထပ် ကြားရပြန်ပြီပေါ့နော်။ ကိုယ်အား ပေးတဲ့အနုပညာရှင်တွေကို ဒီလိုသတင်းတွေ ကြားရတာဘယ် ပရိသတ် ကမှတော့ စိတ်ကောင်းမှာမဟုတ်သလို ဖြစ်စေချင်ကြမှာလည်း မဟုတ်ဘူး။ ဒါကြောင့် အနုပညာရှင်တွေဘက်ကလည်း ပရိသတ်ရဲ့ထားတဲ့မေတ္တာအတိုင်း ဒီလိုအရာတွေနဲ့ ဝေးဝေးနေရင်တော့ ပိုကောင်းမှာပါ"ဟု ပရိသတ်တစ်ဦးက သုံးသပ်ပြခဲ့သည်။
မည်သို့ပင်ဆိုစေ မတ်လဆန်း မှစတင်၍ ပရိသတ်များအကြား ပျံ့လွင့် နေခဲ့သည့် အနုပညာရှင်များနှင့် မူးယစ်ဆေး၏ဂယက်က ယနေ့ထက်တိုင် ပျံ့လွင့်နေဆဲဖြစ်သည်။ ဆက်နွှယ် လျက်ရှိသည့် အခြားသောအနုပညာ ရှင်အချို့ကိုလည်း ထပ်မံခေါ်ယူ စစ်ဆေးမည်ဆိုသည့် သတင်းစကားကလည်း ကျယ်ကျယ်လောင်လောင် ပျံ့လွင့်လျက်ရှိသည်။ ယခင်ပေါ် ထွက်ခဲ့ဖူးသော သတင်းစကားများ ကဲ့သို့ပင် အချိန်ခဏနှင့်ပင် ပြီးဆုံးမည် လား၊ မည်သည့်အဖြေ ထွက်ပေါ်လာမည်ဆိုသည်ကတော့ အနုပညာရှင်များနှင့် သူတို့ကိုချစ်သည့်ပရိသတ်များအကြား စိတ်ဝင်စားစရာသတင်း စကားတစ်ခုဖြစ်လို့ နေမည်မှာအမှန်ပင်ဖြစ်သည်။ အနုပညာရှင်များအပေါ် ပရိသတ်များ၏ စိတ်ဝင်စားမှု၊ စိုးရိမ်မှု၊ ချစ်ခင်အားပေးမှု အတိုင်းအတာကတော့ မကြာသေးမီက ထွက်ပေါ်ခဲ့သည့် အနုပညာရှင်များ ကွယ်လွန်သည့် ကောလာဟလအပေါ်တွင် တုံ့ပြန်ခဲ့သည့် အတိုင်းအတာကို ချိန်ဆကြည့်လျှင် သိမြင်နိုင်မည်ဖြစ်သည်။ ယခုတစ်ခေါက် ပျံ့လွင့်နေခဲ့သည့်သတင်းစကားများ၏ အဆုံးသတ်အဖြေကိုတော့ . . . .
copy from http://www.news-eleven.com/

တာလေမြို့ ငလျှင်လှုပ်ပြီး အခြေနေများ

 မနေ့ညက လှုပ်ခတ်ခဲ့သော ငလျှင်သည် တာချီလိတ်မြို့နှင့် မိုင် ၂၀ ခန့်ဝေးကွာသည့် တာလေမြို့နယ်တွင် ငလျှင်ဒဏ်အဆိုးဆုံး ခံခဲ့ရသည် လူအသေပျောက်ကို အတိအကျသိရသေးပါ. ရာကျော်နိုင်သည့်ဟု ခန့်မှန်းနေကြသည်.တာချီလိတ်-မယ်ဆိုင်တွင် လှုပ်ရုံသာလှုပ်ခဲ့ပြီး အပျက်အစီး မများခဲ့ပါ.


copy from akm-kuntha.blogspot.com

Thursday, March 24, 2011

ဘယ်ရောက်ရောက်မြန်မာဟာမြန်မာပါဘဲ ဆိုတာရှင်ပြုပွဲပုံရိပ်များကစကားပြောလို့


၁၉.၀၇.၀၉ ခုနှစ်က ဒိန်းမတ်နိုင်ငံ ဘာမင်မြို့ ရဟန်းခံရှင်ပြုပွဲနဲ့အတူ ဥရောပ
ရံသီသာသနာပြု အသင်းများတွေ့ဆုံဆွေးနွေးပွဲသို့နယ်သာလန်နိုင်ငံမှတာဝန်ခံအဖြစ်သွားရောက်စဉ် ဒိန်းမတ်နိုင်ငံရောက်မြန်မာများရဲ့နွေးထွေးစွာကြိုမှုကိုရင်တလတ်လတ်ခုံရင်း  မြန်မာဘုန်းတော်ကြီးကျောင်းဝင်းထဲကိုဝင်လိုက်တာနဲ့မြန်မာစကားသံ၊မြန်မာသီချင်းသံ၊မြန်မာ့အစားအစာ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေနဲ့ မွှမ်းထုံလို့ တကယ့်ကိုမြန်မာပြည်ပြန်ရောက်သွားသလိုပါပဲ။
 ဒီအပါတ်အလုပ်ကခွင့်ယူပြီးအားနေတာနဲ့ကော်ဖီဆိုင်ထိုင်ရင်း။အရင်းကရေးထားတဲ့ကဗျာ၊သတင်းဆောင်းပါးလေးတွေ လန်လှောကြည့်ရင်း ဓာတ်ပုံဖိုင်တွဲထဲကပုံလေးတွေကြည့်မိတာနဲ့မြန်မာပြည်အလွမ်းပြေမျှဝေပေးလိုက်ပါတယ်။
 နံနက်ဆွမ်းကပ်နေစဉ်အဘိုးဦးစိန်ထွန်းအောင်အဘွားဒေါ်လှလှ(အင်္ဂလန်)
နံနက်ဆွမ်းကပ်နေစဉ်အဘိုးဦးစိန်ထွန်းအောင်အဘွားဒေါ်လှလှ(အင်္ဂလန်)မသီတာ(နော်ဝေး)