Friday, March 25, 2011

အနုပညာရှင်များနှင့် မူးယစ်ဆေး ဂယက်

 မတ်လဆန်းပိုင်းအတွင်း လူငယ်ဒါရိုက်တာတစ်ဦး စိတ်ကြွမူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးခံရသည့် သတင်းက အနုပညာအသိုင်းအ၀ိုင်းအတွင်းနှင့် ပရိသတ်များကြား ပျံ့လွင့်လာခဲ့သည်။ အားပေးသည့် ပရိသတ်များအတွက်တော့ ဟုတ်မှ ဟုတ်လေလားရယ်လို့ စိတ်ပူပန်မှုများရှိလာခဲ့သည်။ မတ်လဆန်းပိုင်းအတွင်း လူငယ်ဒါရိုက်တာတစ်ဦး စိတ်ကြွမူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးခံရသည့် သတင်းက အနုပညာအသိုင်းအ၀ိုင်းအတွင်းနှင့် ပရိသတ်များကြား ပျံ့လွင့်လာခဲ့သည်။ အားပေးသည့် ပရိသတ်များအတွက်တော့ ဟုတ်မှ ဟုတ်လေလားရယ်လို့ စိတ်ပူပန်မှုများရှိလာခဲ့သည်။ ထို့နောက်ရက်များ မကြာမီ လူလတ်ပိုင်း သရုပ်ဆောင်မင်းသားတစ်ဦး ထပ်မံစစ်ဆေးခံရသည့် သတင်း၊ အကယ်ဒမီ သရုပ်ဆောင်တစ်ဦးအား ခေါ်ယူစစ်ဆေးနေသည့် သတင်းစကားများက ပျံ့လွင့်လာခဲ့သလို သူတို့ကိုချစ်သည့် ပရိသတ်များကလည်း ချစ်ခင်အားပေးသည့် အနုပညာရှင်များအတွက် စိုးရိမ်ပူပန်မှုများရှိလာခဲ့သည်။ ယင်းသို့ အနုပညာအသိုင်းအ၀န်း အတွင်းနှင့် သူတို့ကိုချစ်သည့် ပရိသတ်များအကြား မကြာခဏ ပျံ့လွင့်လာတတ်ရာ . . .

ဒီဂယက်တွေ ဘယ်ကစခဲ့တာလဲ

ခေတ်အဆက်ဆက်ကပင် အနုပညာ အသိုင်းအ၀ိုင်းအတွင်း၌ မူးယစ်ဆေးနှင့် ပတ်သက်ဆက်နွှယ်မှုမှာ မကြာခဏရှိနေတတ်ပြီး စိတ်ကို ဦးစားပေးဖန်တီးတတ်ကြသည့် ခံစားလွယ်အနုပညာသမားများ ဖြစ်နေကြသည့်အတွက် သုံးစွဲမှုများရှိသကဲ့သို့ မူးယစ်ဆေးသုံးစွဲဖန်တီးပြီးပါက အနုပညာအစွမ်း ပိုမိုပြောင်မြောက်သည် ဆိုသည့် တလွဲအယူအဆများကလည်း ရှိနေကြပြန်သည်။ ယင်းသို့ အနုပညာသမားနှင့် မူးယစ်ဆေးတို့ ဆက်စပ်နေတတ်ကြပုံကို "ခေတ်အဆက်ဆက် က အနုပညာရှင်တချို့မှာလည်း မူးယစ်ဆေးသုံးစွဲခဲ့ကြသူတွေ ရှိတယ် ဆိုတာ သိနေခဲ့ကြတာပါပဲ။ အခုလို မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်လာတယ်။ တကယ်တော့တလွဲ အယူအဆနဲ့သုံးနေကြတယ်လို့ပဲမြင် ပါတယ်။ဒါတွေမပါဘဲနဲ့လည်း အနု ပညာကိုဖန်တီးယူလို့ရပါတယ်။ အနုပညာကို ဖန်တီးတယ်ဆိုတဲ့အပိုင်းမှာ ရင်ထဲအသွေးအသားထဲက ခံစားချက်နဲ့ ဖန်တီးပုံဖော်ကြရတာပါ။ ဒီအတွက် ဘယ်လိုအထောက်အပံ့မှတော့ လိုအပ်တယ်လို့ မယူဆပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မူးယစ်ဆေးနဲ့ ပတ်သက်လို့ လုံးဝကင်းရှင်းအောင်နေပါတယ်။ သတင်းတွေဆိုတာကတော့ ဟုတ်တာရော၊ မဟုတ်တာ ပါပါနိုင်တာပေါ့။ ပရိသတ်စိုးရိမ်သလို မဟုတ်ရင်တော့ အကောင်းဆုံးပါပဲ" ဟု သရုပ်ဆောင်နေတိုးက ပြောပြခဲ့သည်။

မတ်လဆန်းပိုင်းမှစတင်၍ ပရိသတ်များအကြား ပျံ့လွင့်နေခဲ့သည့် အနုပညာရှင်များနှင့် မူးယစ်ဆေး၏ဂယက်က ယနေ့ထက်ထိ တိုင်ပျံ့လွင့်နေဆဲဖြစ်သည်။ ဆက်နွှယ်လျက်ရှိသည့် အခြားသော အနုပညာရှင်အချို့အားလည်း ထပ်မံခေါ်ယူ စစ်ဆေးမည်ဆိုသည့် သတင်းစကားများကလည်း ကျယ်ကျယ်လောင်လောင် ပျံ့လွင့်လျက် ရှိသည် . . .
မတ်လဆန်း မှစတင်၍ ပရိသတ်များအကြား ပျံ့လွင့် နေခဲ့သည့် အနုပညာရှင်များနှင့် မူးယစ်ဆေး၏ဂယက်က ယနေ့ထက်တိုင် ပျံ့လွင့်နေဆဲဖြစ်သည်။ ဆက်နွှယ် လျက်ရှိသည့် အခြားသောအနုပညာ ရှင်အချို့ကိုလည်း ထပ်မံခေါ်ယူ စစ်ဆေးမည်ဆိုသည့် သတင်းစကားကလည်း ကျယ်ကျယ်လောင်လောင် ပျံ့လွင့်လျက်ရှိသည်

စိတ်ထွက်ပေါက်အဖြစ် သုံးကြတာလား
အနုပညာရှင်များနှင့်မူးယစ် ဆေးပတ်သက်နေမှု၌ အများစု၏ ပြောစကားများတွင်စိတ်ထွက်ပေါက် အဖြစ်သုံးကြသည်ဟုပြောလေ့ရှိကြ သည်။ အောင်မြင်သူတို့ခံစားရမြဲဖြစ် သည့်စိတ်ဖိစီးမှုကို ယင်းသို့ထွက်ပေါက် ရှာခြင်းသည်မှန်ကန်ရဲ့လားဆိုသည်ကို တော့ "စိတ်ဖိစီးမှုဆိုတာကတော့ ဘယ်သူ့မှာမဆိုရှိတာပါပဲ။ ဒါပေမယ့် (အထူးသဖြင့်)celebrities တွေကတော့ ပိုပြီးခံစားကြရပါတယ်။ ဒါကို ထွက်ပေါက်ပေးကြတဲ့အခါ ဘယ်လိုမှန်ကန်သော နည်းလမ်းနဲ့ ထွက်ပေါက်ပေးမလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ မူးယစ်ဆေးကိုလုံးဝဆန့်ကျင်ပါတယ်။ ဘယ်တော့မှလည်းသုံးမှာ မဟုတ်ပါဘူး" ဟု အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောပြခဲ့သည်။

မူးယစ်ဆေးဂယက် ဘယ်လောက်အထိ ကျယ်ပြန့်နေပြီလဲ
အနုပညာလောကအတွင်း လှုပ်ရှားနေကြသည့် အနုပညာရှင်များတွင် ပါဖောမန့်စ်ပိုကောင်းသည်၊ အာရုံပိုစူးစိုက်နိုင်သည်၊ စိတ်ထွက်ပေါက်ရသည် စသည့်ခေါင်းစဉ် ပေါင်းများစွာဖြင့် စိတ်ကြွမူးယစ် ဆေးများနှင့် ပတ်သက်ဆက်နွှယ်နေ သူများရှိသည်ဆိုသည့် ဂယက်များက ကျယ်ကျယ်လောင်လောင် ပျံ့လွင့်နေခဲ့သည်။ "ဖြူဖြူမူးယစ်ဆေးနဲ့ ပတ်သက်လို့အမြဲပြောဖူးပါတယ်။ ဒီလို အရာတွေသုံးပြီးမှ အနုပညာဖန်တီးမှုက ပိုကောင်းတယ်ဆိုတာ လုံးဝ လက်မခံပါဘူး။ အနုပညာ ဖန်တီးမှုဆိုတာမိမိရဲ့ကိုယ်ပိုင်ဖန်တီးမှုပဲ ဖြစ်ရပါမယ်။ ဒီလိုအရာတွေသုံးစွဲပြီးမှ အနုပညာဖန်တီးမှု ပိုကောင်းတယ်ဆိုလည်း အစစ်အမှန်တော့ မဖြစ်နိုင်ပါဘူး။ အောင်မြင်မှုအတွက် စိတ်ထွက် ပေါက်ဆိုတာလည်း ကောင်းသော ထွက်ပေါက်တွေ ရွေးချယ်လို့ရပါတယ်။ အနုပညာရှင်ဆိုတာ သူတို့ လုပ်သမျှကို ပရိသတ်က စောင့်ကြည့် စိတ်ဝင်စားနေမှာလေ။ ကိုယ်ကစပြီး ဒီမူးယစ်ဆေးတွေကို ဆန့်ကျင်ပါတယ်ဆိုတော့မှ ကိုယ့်ကိုလေးစားတဲ့ အားကျတဲ့သူတွေကလည်း မူးယစ်ဆေးကို ဆန့်ကျင်ရမှာပါလားဆိုတာ သိမှာ။ ဒီတော့ဖြူဖြူ့အနေနဲ့တော့ မူးယစ်ဆေးကို လုံးဝဆန့်ကျင်ပါတယ်" ဟု တေးသံရှင်ဖြူဖြူကျော်သိန်းက ဆက်လက်ပြောပြခဲ့သည်။

မူးယစ်ဆေးသုံးစွဲသူများ၏ လက်တွေ့ဆိုးကျိုးများက မြင်သာ ထင်သာရှိလှသည်။ မူရင်း လုပ်နေကျ အနုပညာအလုပ်များကိုပင် အာ ရုံမစိုက်နိုင်ခြင်း၊ ကတိပျက်ကွက်မှု များလာခြင်းစသည့် အလုပ်ပေါ်တွင် ဆိုးကျိုးများရှိလာသကဲ့သို့ လူမှုရေး ဆိုးကျိုးများလည်း ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ "ဒါတွေက မကောင်းမှန်းတော့ လူတိုင်းကသိနေ ကြတာပဲ။ ခက်တာက လူတွေရဲ့စိတ်ပဲလေ။ မကောင်းတာကိုမှပိုပြီးလုပ် ချင်ကြတာလူ့သဘာဝဖြစ်နေတာ ကိုး။ သဘာဝအတိုင်း မဟုတ်တဲ့ ဘယ်အရာကမှတော့မကောင်းပါ ဘူး။ ဒါကိုသိရက်နဲ့လုပ်ကြတဲ့အခါ နောက်ဆက်တွဲအကျိုးဆက်က သူနဲ့ ပတ်သက်နေတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအတွက်လည်း မကောင်းသလို သူကြိုးစားအားထုတ်ခဲ့တာတွေအတွက် လည်းနှမြောဖို့ကောင်းတယ်။ တကယ်အရည်အချင်းရှိတဲ့အနု ပညာသမား တစ်ယောက်ဖြစ်တယ် ဆိုရင် အနုပညာလောကအတွက် လည်းနစ်နာတယ်။ ဒီလိုအဖက်ဖက် ကမကောင်းတဲ့ကိစ္စဆိုတော့တစ်ဦးချင်း အသိစိတ်နဲ့ ဆင်ခြင်မှပဲရနိုင်မှာပါ။ရုပ်ရှင်အစည်းအရုံးဆိုတာလည်း သူတို့ကိုခေါ်ယူသတိပေးတာက လွဲပြီးတော့ တခြားတော့မတတ်နိုင်ဘူးလေ" ဟုမြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဌဦးမြင့်သိန်းဖေက ရုပ်ရှင်အစည်းအရုံး၏ တာဝန်ယူမှု အတိုင်းအတာနှင့် ပတ်သက်၍ ပြောပြခဲ့သည်။

ထို့အပြင် သရုပ်ဆောင် ကျော်ကျော်ဗိုကလည်း "အနုပညာရှင်နဲ့ မူးယစ်ဆေး ပတ်သက်ဆက်နွှယ်နေတယ် ဆိုတဲ့သတင်းက မကြာခဏဆိုသလို ကြားရတတ်တဲ့ သတင်းမျိုးပါ။ ဒီလိုသတင်းမျိုးတွေထဲမှာတကယ် ဟုတ်နေတာလည်းပါသလို ကော လာဟလတစ်ခုအဖြစ် ထွက်လာတာမျိုးလည်း ပါနိုင်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ တကယ်ပတ်သက် ဆက်နွှယ်ပြီးဒုက္ခရောက်ရတဲ့၊ အန္တရာယ်ဖြစ်ရတဲ့ အနုပညာရှင်တွေ လည်း အရင်က ရှိနေခဲ့ဖူးတဲ့အတွက် ပရိသတ်က စိုးရိမ်ကြတယ်ဆိုတာလည်း သဘာဝပါပဲ။ ကျွန်တော် တစ်ဦးတည်းအမြင်အရပြောရမယ် ဆိုရင်တော့ အနုပညာရှင်မှ မဟုတ်ပါဘူး၊ ဘယ်သူမဆိုမ ကောင်းမှန်းသိတဲ့ အရာတစ်ခုကို ရှောင်ကြဉ်သင့်ပါတယ်။ ဖြစ်နိုင် ရင်တော့ဒီလိုအန္တရာယ်ရှိတဲ့အရာကို မပတ်သက်မိအောင် ကြိုးစားရမှာပါ။ ပတ်သက်မိခဲ့တယ်ဆိုရင် ရှောင်ထွက်ဖို့ အင်မတန်ခက်ခဲတယ်လို့ ကြားဖူးပါတယ်။ ဒါကြောင့် ဘယ်သူ့ဘယ်သူ ကိုမှ အဲဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး"ဟု သူ၏အမြင်အား ရှင်းပြခဲ့သည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကလည်း မူးယစ်ဆေး၏ ဆိုးကျိုးနှင့်ပတ်သက်၍ "မူးယစ်ဆေးနဲ့ ပတ်သက်ရင်အစကတည်းက မပတ် သက်တာအကောင်းဆုံးပါပဲ။ မူးယစ်ဆေးဆိုတာစမိပြီဆိုရင် အင်မတန်ဖြတ်ရခက်တတ်တဲ့ အရာမျိုးပါ။ ဒီမူးယစ်ဆေးကြောင့် အန္တရာယ်ဖြစ်သွားသူတွေလည်း တွေ့ဖူးကြားဖူးတဲ့အခါကျတော့ အနုပညာရှင်မှမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ မပတ်သက်စေချင်တာပါ။ ဒီလိုစွဲလမ်းစေတဲ့ မူးယစ်ဆေးကို တော်ရုံစိတ်ခိုင်မာမှုနဲ့ ဖြတ်ဖို့ဆို တာလည်းမလွယ်ပါဘူး။ဒါကြောင့်မ စတာအကောင်းဆုံးပါ။ကျွန်တော်နဲ့ ခင်မင်ရင်းနှီးတဲ့သူဆိုရင် ကိုယ်တိုင် ပြောပါတယ်။ တစ်ဆင့်ပြောဖို့ လိုအပ်သူဆိုရင်လည်းတစ်ဆင့် သတိပေးပါတယ်။ အခုလိုသတင်းတွေ မကြာခဏ ထွက်လာနေတာ တကယ်ဟုတ်နေတယ်ဆိုလည်း အနုပညာရှင်အတွက်ရော ပရိသတ်အတွက်ပါ နစ်နာဆုံးရှုံး မှုရှိနိုင်ပါတယ်။ မပတ်သက်တာတော့ အကောင်းဆုံးပါပဲ" ဟုဆိုသည်။

အရင့်အရင် ပျံ့လွင့်ခဲ့ဖူးသော အနုပညာရှင်နှင့် မူးယစ်ဆေးဂယက်
ဟိုအရင်နှစ်ပေါင်းများစွာ ကတည်းက မူးယစ်ဆေးမှုနှင့်ဖမ်းဆီး ခံခဲ့ရသည့်အဆိုတော်၊မင်းသား၊ ဒါ ရိုက်တာအချို့ရှိဖူးသကဲ့သို့ မူးယစ် ဆေးအတွက်အသက်ပေးခဲ့ရသည့် အနုပညာရှင်အချို့လည်း ရှိလို့နေ ပြန်သည်။ ထို့အပြင် မူးယစ်ဆေး နှင့်ပတ်သက်ဆက်နွှယ်နေမှုကြောင့် ခေါ်ယူစစ်ဆေးမှုများကလည်း မကြာခဏဆိုသလိုကြားနေရပြန်သည်။ မကြာသေးသည့်ကာလတစ်ခုက ပျံ့လွင့်ခဲ့သည့်ဂယက်တွင် နာမည်ကျော် သရုပ်ဆောင်မင်းသား၊ မင်းသမီး၊ ဒါရိုက်တာအချို့ပါဝင်လာခဲ့သည်အထိ ကျယ်ပြန့်ခဲ့ဖူးရာ ပရိသတ်များ၏ စိုးရိမ်မှုအတိုင်းအတာသည်လည်း မြင့်မားခဲ့ဖူးပြန်သည်။ ယခုလူငယ် ဒါရိုက်တာ စတင်ဖမ်းဆီးခံရချိန်မှစတင်၍ နောက်ဆက်တွဲ ဂယက်များရိုက်ခတ် လာချိန်တွင်" လွန်ခဲ့တဲ့၂နှစ်လောက်တုန်းကလည်း အခုလိုပဲသတင်းတွေ ကြားခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း သူတို့ကိုချစ်တဲ့ ပရိသတ်တွေကတော့ စိုးရိမ်ပူပန်ပေးခဲ့ကြတယ်။ ကြီးကြီးမားမား ထိခိုက်သွားကြတယ်လို့တော့ မကြားမိဘူးပေါ့လေ။ အခုတစ်ခေါက်လည်း ဒီလိုဂယက်မျိုးတွေထပ် ကြားရပြန်ပြီပေါ့နော်။ ကိုယ်အား ပေးတဲ့အနုပညာရှင်တွေကို ဒီလိုသတင်းတွေ ကြားရတာဘယ် ပရိသတ် ကမှတော့ စိတ်ကောင်းမှာမဟုတ်သလို ဖြစ်စေချင်ကြမှာလည်း မဟုတ်ဘူး။ ဒါကြောင့် အနုပညာရှင်တွေဘက်ကလည်း ပရိသတ်ရဲ့ထားတဲ့မေတ္တာအတိုင်း ဒီလိုအရာတွေနဲ့ ဝေးဝေးနေရင်တော့ ပိုကောင်းမှာပါ"ဟု ပရိသတ်တစ်ဦးက သုံးသပ်ပြခဲ့သည်။
မည်သို့ပင်ဆိုစေ မတ်လဆန်း မှစတင်၍ ပရိသတ်များအကြား ပျံ့လွင့် နေခဲ့သည့် အနုပညာရှင်များနှင့် မူးယစ်ဆေး၏ဂယက်က ယနေ့ထက်တိုင် ပျံ့လွင့်နေဆဲဖြစ်သည်။ ဆက်နွှယ် လျက်ရှိသည့် အခြားသောအနုပညာ ရှင်အချို့ကိုလည်း ထပ်မံခေါ်ယူ စစ်ဆေးမည်ဆိုသည့် သတင်းစကားကလည်း ကျယ်ကျယ်လောင်လောင် ပျံ့လွင့်လျက်ရှိသည်။ ယခင်ပေါ် ထွက်ခဲ့ဖူးသော သတင်းစကားများ ကဲ့သို့ပင် အချိန်ခဏနှင့်ပင် ပြီးဆုံးမည် လား၊ မည်သည့်အဖြေ ထွက်ပေါ်လာမည်ဆိုသည်ကတော့ အနုပညာရှင်များနှင့် သူတို့ကိုချစ်သည့်ပရိသတ်များအကြား စိတ်ဝင်စားစရာသတင်း စကားတစ်ခုဖြစ်လို့ နေမည်မှာအမှန်ပင်ဖြစ်သည်။ အနုပညာရှင်များအပေါ် ပရိသတ်များ၏ စိတ်ဝင်စားမှု၊ စိုးရိမ်မှု၊ ချစ်ခင်အားပေးမှု အတိုင်းအတာကတော့ မကြာသေးမီက ထွက်ပေါ်ခဲ့သည့် အနုပညာရှင်များ ကွယ်လွန်သည့် ကောလာဟလအပေါ်တွင် တုံ့ပြန်ခဲ့သည့် အတိုင်းအတာကို ချိန်ဆကြည့်လျှင် သိမြင်နိုင်မည်ဖြစ်သည်။ ယခုတစ်ခေါက် ပျံ့လွင့်နေခဲ့သည့်သတင်းစကားများ၏ အဆုံးသတ်အဖြေကိုတော့ . . . .
copy from http://www.news-eleven.com/