Saturday, March 5, 2011

“ပန်းခရမ်းပြာ”

ကိုခင်ဝမ်းရဲ့ သိကြတဲ့ လူတိုင်း “ပန်းခရမ်းပြာ” ကို သိကြပါတယ်။
အဲဒီ ပန်းခရမ်းပြာ သီချင်းကို ဖန်တီးခဲ့သူကတော့ ကိုရဲလွင် ပါပဲ။ ရတနာမြိုင် အဆောင်က မိန်းကလေးတွေကို တင်စားရည်ညွန်းပြီး “ရတနာမြိုင် သံပြိုင်တင့်ဆန်းပွင့်နေ” ဆိုတဲ့စာသားတွေ၊ “လမ်း တံတားဖြူ နေရာလေး တေးသံလွမ်းစေကွယ်” ဆိုတဲ့ သမိုင်းဝင် တံတားဖြူ နေရာအဖွဲ့အနွဲ့လေးတွေနဲ့ ချစ်စရာ၊ လွမ်းမောစရာ၊ ကြည်နှုးစရာ တမ်းတ သတိရစရာတွေ အပြည့်နဲ့ လှပစွာ တန်ဆာဆင်ထားတဲ့ သီချင်းလေး တပုဒ်ပါပဲ။
အခုတော့ အဲဒီ သီချင်းကို ရေးစပ်သူ ကိုရဲလွင်ကိုယ်တိုင် vertical vibration တီးဝိုင်းနဲ့ အတူ သီဆို ဖျော်ဖြေထားတာကို ကောင်းကင်(နိုင်ငံပြု အနုပညာ) မဂ္ဂဇင်း မှတဆင့်ကူးယူ မျှဝေလိုက်ပါတယ်။
ခင်မင်စွာဖြင့်

ပန်းခရမ်းပြာ from kaungkin on Vimeo.