Sunday, December 28, 2008

ဘဝရှင်မင်းတြားကြီး နာဂစ်ဒေသ တိုင်းခန်းလှည့်လည်စဉ် (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

ခါကာဘိုရာဇီ

ရာသီရိုင်းကို ဘယ်လို ရင်ဆိုင် အနိုင်ယူကြမလဲ ဇော်မှိုင်း
(၁) ၂၀၀၈ ခုနှစ်မကြာခင်ကုန်တော့မယ်။၂၀၀၉ ထဲမှာ စစ်အုပ်စု ဘာတွေလုပ်လာနိုင်သလဲ။၂၀၁၀ မှာ ချောချောမောမော အောင်ပွဲခံ ဘိသိတ်သွန်းနိုင်ရေးအတွက် စစ်အုပ်စု ဘာတွေပြင်နေပြီလဲ။
စစ်အုပ်စု ပြင်ဆင်ဆောင်ရွက်နေတာနှင့် အားချင်းမျှတဲ့ သို့မဟုတ် စစ်အုပ်စု ထက် ပိုမိုကြီးမားတဲ့ လုံ့လစိုက်ထုတ်မှုမျိုးနှင့် အစီအမံမျိုးတွေ ကျနော်တို့ ဘယ်လို ကြိုးကြိုးကုပ်ကုပ် အားထုတ်နေကြပြီလဲ။ကိုယ့်ကိုယ်ကို စက္ကန့်တိုင်းမှာ မေးခွန်းထုတ်နေသင့်တယ်။စက္ကန့်တိုင်းမှာ စမ်းစစ်နေသင့်တယ်။ အစမပြုရသေးဘူးဆိုရင် အစပြုကြရ လိမ့်မယ်။မလုံလောက်သေးဘူးဆိုရင် လုံလောက်အောင် အားစိုက်ကြရလိမ့်မယ်။၂၀၁၀ မှာ စစ်အုပ်စု စိတ်ထင်တိုင်းဖြစ်မသွားရေး၊ စစ်အုပ်စုရဲ့ ကြံစည် စိတ် ကူးထားတာတွေ တစမကျန် ပျက်သွားရေး၊ စစ်အုပ်စုရဲ့ အခြေခံဥပဒေ (၂၀၀၈) ဆို တာကြီးကို ဘယ်လိုမှ အသက်သွင်း အတည်ပြုလို့ကို မရအောင် ဆန့်ကျင်ဖျက်သိမ်း ပစ်နိုင်ရေးနှင့် ဒီမိုကရေစီခေတ်သစ်တစ်ရပ် ဖန်တီးရေးဟာ ကျနော်တို့အားလုံးရဲ့ ကနေ့ကာလ လုပ်ငန်းတာဝန်တွေဖြစ်တယ်။အလှည့်အပြောင်း အချိုးအကွေ့ဆိုင်ရာ လုပ်ငန်းရည်မှန်းချက်တွေ ဖြစ်တယ် လို့ ကျနော်မြင်တယ်။စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ်ကို ကမ္ဘာတည်အောင် လုပ်ချင်တယ်။ လုပ် လည်း လုပ်တော့မယ်။ ဒါကို ကျနော်တို့ ဘယ်လိုတားဆီးကြမလဲ။၂၀၁၀ ဟာ သူ့အတွက် သေရေးရှင်ရေးကိစ္စဖြစ်တော့ မီးကုန်ယမ်းကုန် အား ကုန်အင်ကုန်သုံးမှာ သေချာတယ်။ ဒီပွဲကို သူအပျက်မခံနိုင်ဘူး၊ အပျက်ခံမှာ မဟုတ် ဘူး။ဒီပွဲကို အနှောက်အယှက်အနည်းဆုံးနှင့် အောင်မြင်စွာပြီးဆုံးသွားရေးဟာ စစ်အုပ်စုရဲ့ အိပ်မက်၊ စစ်အုပ်စုရဲ့ သန္နိဋ္ဌာန်ဖြစ်တယ်။ဒါကို ကျနော်တို့ ဘယ်လိုကာမလဲ။ ဘယ်လို ဖျက်ကြမလဲ။ (၂) စစ်အုပ်စုရဲ့ အကြံအစည်တွေရော စစ်အုပ်စုကိုရော ကျနော်တို့ အကုန်အစင် ဖယ်ရှားပစ်ကြရလိမ့်မယ်။ အကုန်အစင် ဖျက်သိမ်းပစ်ကြရလိမ့်မယ်။ဒီကိစ္စဟာ သာမန်ကိစ္စ၊ လွယ်လွယ်ကူကူ ကိစ္စတော့ လုံးဝမဟုတ်ဘူးဆိုတာ နိုင်ငံရေးရှိသူတိုင်း သိရှိကြပါတယ်။ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ။တစ်ဦးချင်း၊ တဖွဲ့ချင်း၊ တပ်ပေါင်းစုတစုချင်း ဘယ်သူမဆို ဒီရည်မှန်းချက် တွေအောက်မှာ အလုပ်လုပ်နေသူတိုင်းကို ကျနော် အလေးအမြတ်ပြုပါတယ်။လုပ်ရပ်တခုစီတိုင်းအတွက် ဂုဏ်ယူပါတယ်။ တန်ဖိုးလည်းထားပါတယ်။ကျနော် ဒီလို စဉ်းစားမိတယ်။ဒီနေ့လို တိုက်ပွဲလိုအပ်ချက်က အင်မတန်ကြီးနေတဲ့ကာလမျိုးမှာ…အချိန်အကန့်အသတ်ကလည်း အင်မတန်ကြီးနေတဲ့ကာလမျိုးမှာ…ကျနော်တို့ရဲ့ အစီအမံတွေနှင့် ကျနော်တို့ရဲ့ အချိန်တွေဟာ တချက်ဆို ဆို သလောက်၊ တရက်ဆို ဆိုသလောက် ခရီးရောက် သွားဖို့၊ ရှေ့တဆင့်တိုးသွားဖို့ အလွန်ပဲ အရေးကြီးနေပြီလို့ စဉ်းစားဖြစ်ပါတယ်။ဒါဆို တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း ဆောင်ရွက်နေကြတာထက်…တခေါင်းတဉာဏ် အားလုံး ၀ိုင်းဝန်းစဉ်းစား၊ ၀ိုင်းဝန်းဆုံးဖြတ်ပြီး စုဖွဲ့မှုရှိရှိ ဟန်ချက်ညီညီ ၀ိုင်းဝန်းလှုပ်ရှားဆောင်ရွက်ကြရင် ပိုပြီး အားမရှိပေဘူးလားလို့ တဆင့် တိုးပြီး စဉ်းစားဖြစ်ပါတယ်။သေချာတယ်။ဖြစ်နိုင်ရင် ခိုင်မာကျယ်ပြန့်တဲ့ ညီညွတ်ကြံ့ခိုင်တဲ့ တပ်ပေါင်းစုမျိုး အတွင်းမှာ ရော အပြင်မှာရော ဖွဲ့စည်းပြီး ဒီနေ့ကာလ တိုက်ပွဲလိုအပ်ချက်တိုင်းကို စနစ်တကျ ဦးဆောင်မှုပေးကြရလိမ့်မယ်။လူထုရဲ့ တက်ကြွနိုးကြားနေတဲ့ စိတ်ဓါတ်ကို မှန်ကန်တဲ့ခေါင်းဆောင်မှုနှင့် ပိပြီး ထက်သန်လာစေရမယ်။ (၃) ဘယ်လိုစုဖွဲ့ကြမလဲ။ပြည်တွင်းမှာ စုဖွဲ့မှုကို လူထုက Mandate ရ ပါတီတွေက ဦးဆောင်ကြလိမ့် မယ်။ ကမကထပြုကြလိမ့်မယ်။အခုကိုပဲ ဒီကိစ္စကို အမြော်အမြင်ရှိရှိ ဆောင်ရွက်နေကြပြီလို့ ပြောနိုင်ပါ တယ်။NLD, CRPP, UNA, UNLD စတဲ့ အင်အားစုတွေဟာ စစ်အုပ်စုရဲ့ ဖိနှိပ်ကန့်သတ်မှု တွေအောက်ကကိုပဲ အနှစ်သာရကျတဲ့ စုဖွဲ့မှုကို တည်ဆောက်ထားနိုင်ကြပါတယ်။- ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရေး- တွေ့ဆုံဆွေးနွေးအဖြေရှာရေး- ပြည်သူ့လွှတ်တော် ခေါ်ပေးရေးဆိုတဲ့ အရေးကြီးတဲ့ တောင်းဆိုမှုတွေအောက်မှာ ညီညွတ်စွာရပ်ခံ တိုက်ပွဲဝင်နေကြ တယ်။- နအဖ ရဲ့ အခြေခံဥပဒေကို လုံးဝလက်မခံဘူး- နအဖရဲ့ အဓမ္မလုယူကြေညာခဲ့တဲ့ ဆန္ဒခံယူပွဲရလဒ်ဆိုတာကို လုံးဝလက်မ ခံဘူး- နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံဘူးဆိုတာမှာ ညီညွတ်နေ ကြတယ်။၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတာ၊ အကောင်အထည်ဖော် တာ တစုံတရာမရှိဘဲ ဘယ်လိုရွေးကောက်ပွဲအသစ်ကိုမှ လက်ခံစဉ်းစားလိမ့်မယ် မဟုတ်ဘူးဆိုတာမှာ ညီညွတ်နေကြတယ်။ဒီ ညီညွတ်မှုတွေဟာ သိပ်ကို အားရစရာကောင်းပါတယ်။ပုဂ္ဂိုလ်ရေးအရ ညီညွတ်တာမဟုတ်ဘဲ ယုံကြည်ချက်ချင်း ညီညွတ်တာ၊ အတွေးအမြင်ချင်း ညီညွတ်တာ၊ ခံယူချက်ချင်း ညီညွတ်တာ၊ လုပ်ငန်းစဉ်နှင့် မျှော် လင့်ချက်ချင်း ညီညွတ်တာ ဖြစ်ပါတယ်။ဒီလို ညီညွတ်မှုမျိုးက ကျနော်တို့ ဒီနေ့ကျရောက်နေတဲ့ ရာသီရိုင်းကို ကြံ့ကြံ့ခံနိုင်ရုံမက အောင်ပွဲကို အရယူနိုင်တဲ့ ညီညွတ်မှုမျိုး ဖြစ်တယ်။ဒါကို အသက်သဖွယ် ထိမ်းသိမ်းစောင့်ရှောက်ကြရပေလိမ့်မယ်။ (၄) အပြင်မှာရော ဘယ်လိုစုဖွဲ့ကြမလဲ။ဒီတလောမှာ ခိုင်မာကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးတရပ်ဖွဲ့စည်းဖို့ ပြင်ဆင်နေ ကြပြီဆိုတဲ့ အသံတွေ ကြားရတယ်။တည်ရှိနေတဲ့ ပါတီများ၊ အဖွဲ့အစည်းများ၊ တပ်ပေါင်းစုများရဲ့ တန်ဖိုးနှင့် အခန်းကဏ္ဍများကို တန်ဖိုးထားရင်း ပိုမိုလုပ်နိုင် စွမ်းကြီးတဲ့၊ ပိုမိုသန်စွမ်းတဲ့၊ ကနေ့ အခြေအနေသစ်နှင့် အဟတ်ညီတဲ့ တပ်ပေါင်းစုတရပ် စုဖွဲ့နိုင်ရေးကို ကြိုးစားနေပြီ ဆို တဲ့ အသံတွေ ကြားရတယ်။အင်မတန် အားရစရာကောင်းတဲ့၊ အင်မတန် အားတက်စရာကောင်းတဲ့ အသံတွေ ဖြစ်ပါတယ်။ကျနော် ဒီအသံတွေကို ကြိုဆိုတယ်။ကျနော်သိသလောက် ဒီဖက်မှာ အင်အားစုတွေ၊ စုဖွဲ့မှုတွေ အသီးသီးရှိကြပါ တယ်။ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ရှိတယ်။ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ရှိတယ်။တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) (ENC) ရှိတယ်။အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ရှိတယ်။မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)ရှိတယ်။မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် (SYCB) ရှိတယ်။တိုင်းရင်းသားလူငယ်များဆုံရပ် (NY Forum) ရှိတယ်။တခြား လူထုလူတန်းစားအရေးတွေ ဆောင်ရွက်နေကြတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ရှိကြတယ်။ဒီအင်အားစုတွေအားလုံးဟာ ကိုယ်စီကိုယ်စီ အရည်အချင်းကြီးသူများ ဖြစ် ကြပါတယ်။ လုပ်နိုင်ကိုင်နိုင်စွမ်းကြီးသူများ ဖြစ်ကြပါတယ်။ဒီအင်အားစုတွေအကုန်လုံးသာ တညီတညွတ်တည်း စုဖွဲ့စဉ်းစားပြီး တညီ တညွတ်တည်း စုဖွဲ့လက်တွဲဆောင်ရွက်ကြမယ်ဆိုရင် ကြားရုံနှင့်တင် ရန်သူ ကြောက် ဒူး တုန်သွားစေနိုင်တယ်။ (၅) အခု…အဲဒီအင်အားစုတွေ စုဖွဲ့ဖို့ လုံးပမ်းနေကြပြီဆိုတာ ကြားရတော့ ကျနော် အား တက်တယ်။ အလုပ်တူ ပူးပေါင်းဆောင်ရွက်မှုတွေ စတင်လုပ်နေကြပြီလို့ ကြားရတော့ ကျနော် အတိုင်းမသိ ၀မ်းသာတယ်။ပြီးတော့… အဲဒီအင်အားစုတွေ အားလုံးရဲ့အသံဟာ အတွင်းက NLD, CRPP, UNA တို့ရဲ့ အသံနှင့် တထပ်တည်းပဲဆိုတာ သိရတော့ အရေးတော်ပုံကြီးအတွက် ကျနော် ကျေနပ်တယ်။ကျနော်မြင်တာက…စစ်အာဏာရှင်စနစ် အကုန်အစင်ဖယ်ရှားရေးအတွက်ဆိုရင် ကျနော်တို့မှာ လုပ်စရာ အဓိကအားဖြင့် (၃) ခု ရှိတယ်လို့ မြင်ပါတယ်။နိုင်ငံရေးလုပ်ငန်း (လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲများ ဖော်ဆောင်ရေးအပါ အ၀င်)စစ်ရေးလုပ်ငန်းနှင့်သံတမန်ရေးလုပ်ငန်း။ဒီ (၃) ခု ဟာ အဓိကအကျဆုံး (၃) ခု လို့ မြင်ပါတယ်။ဒီ (၃) ခုလုံးမှာ ဒီနယ်ပယ် (၃)ခုလုံးမှာ စောစောက ကျနော်တင်ပြခဲ့တဲ့ အင်အားစုအသီးသီးက စုဖွဲ့မှုရှိရှိ လက်တွဲ ဆောင်ရွက်ကြဖို့ ပြင်ဆင်နေကြပြီ။ အရင် လက်တွဲလုပ်လက်စတွေကို အရှိန်မြှင့်ဖို့ ပြင်ဆင်နေကြပြီဆိုတာ ကြားရလို့ ကျနော် အရမ်းကို အားတက်မိပါတယ်။ (၆) ပြီးခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး အပြီးသတ်အောင်ပွဲ မခံလိုက်နိုင်တာ ရဲ့ အကြောင်းရင်းတွေထဲမှာ…‘ခေါင်းဆောင်မှု အားနည်းခဲ့တယ်’ ဆိုတဲ့အချက်က တော်တော်ပဲ အဓိက ကျ တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူများ ထောက်ပြခဲ့ကြတယ်။ လူထုရဲ့ နိုးကြွရုန်းထမှုနှင့် တထပ်တည်းဖြစ်တဲ့ ညီညွတ်တဲ့ ခေါင်းဆောင်မှုမျိုး အဲဒီကာလက အဆင်သင့်ဖြစ်မှု မလုံလောက်ခဲ့ဘူးလို့ ထောက်ပြကြတယ်။ကျနော် သဘောတူပါတယ်။ဒီနေ့ ကျနော်တို့ ဒီသင်ခန်းစာကို ယူနိုင်ကြဖို့လိုတယ်။ဒီသင်ခန်းစာကို ကျကျနနယူပြီး ပြင်ဆင်မှု ပြည့်စုံသည်ထက် ပြည့်စုံအောင် အင်အားစုတိုင်းက အရှိန်မြှင့်လှုပ်ရှားနေကြပြီလို့လည်း ယုံကြည်ပါတယ်။ညီညွတ်ရေးကို တည်ဆောက်ကြတဲ့နေရာမှာ အပြန်အလှန်လေးစားဖို့၊ အပြန်အလှန် တန်ဖိုးထားဖို့၊ ရိုးသားဖြောင့်မတ်ဖို့၊ တဦးချင်းအကျိုး တခုချင်းအကျိုး ထက် တတိုင်းပြည်လုံးအကျိုး တမျိုးသားလုံးအကျိုးကို မျက်နှာမူဖို့၊ တစိပ်တပိုင်း အကျိုးထက် တစုံလုံးအကျိုး တခုလုံးအကျိုးကိုရှေ့ရှုဖို့ အထူးလိုအပ်တယ်ဆိုတဲ့ အချက်တွေက ညီညွတ်ရေးသမားတိုင်း စိတ်ထဲ၊နှလုံးထဲမှာ အမြဲစွဲထားရမယ့် အခြေခံ စိတ်ထားတွေ ဖြစ်ပါတယ်။ဒီစိတ်ထားတွေကို မိမိရဲ့ မျက်လုံးအိမ်သဖွယ်၊ မိမိရဲ့ အသက်သဖွယ် ထား ကြမယ်ဆိုရင်…ကျနော်တို့ အလုပ်သဘောဆောင်တဲ့ စုဖွဲ့မှုမျိုးတွေကို မုချ ရှာဖွေတွေ့ရှိကြ လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။“ရိုးသားစွာလုပ် ကောက်ကျစ်စွာမလုပ်နဲ့”“စည်းလုံးရေးလုပ် သွေးကွဲရေးမလုပ်နဲ့”“ဒီမိုကရေစီနည်းနှင့်လုပ် အာဏာရှင်နည်းနဲ့ မလုပ်နဲ့”ဆိုတဲ့ စည်းရုံးရေးလမ်းညွှန်တွေကို ကျနော်ဖတ်ဖူး ကြားဖူးခဲ့တာ ကြာပြီ။အခု ကျနော်တို့အင်အားစုတွေအားလုံးက ဒီစည်းရုံးရေးလမ်းညွှန်တွေကို လက်တွေ့ကျင့်သုံးနေကြပြီဆိုတာ ကြားရတော့ ကြားရရုံနှင့်တင် အရေးတော်ပုံကြီး တခုလုံးအတွက် ကျနော် သာဓုခေါ်ချင်တယ်။တနေ့ပြီးသွားတိုင်း ရှေ့ကို တလှမ်းတိုးသွားနိုင်ကြပါစေလို့လည်း ဆန္ဒပြုပါ တယ်။၂၀၀၈ ကုန်တော့မယ်။ကျနော်တို့အားလုံး ရိုးသားစွာ၊ အမြော်အမြင်ရှိစွာ၊ ဇွဲနပဲကြီးစွာ အစွမ်းကုန် ကြိုးစားရင်း အောင်ပွဲအရောက် လက်တွဲချီတက်ကြပါစို့လို့ အင်အားစုအသီးသီးကို ပန်ကြားတောင်းဆိုလိုက်ပါရစေ။ ။

Thursday, December 25, 2008

ကဗျာ

နှစ်ဟောင်းကုန်ဆုံး နှစ်သစ်သို့ပြောင်း အဖြူရောင်မြူနှင်း ရှူရှိုက်မိချိန် ရင်တွင်းပီတိ နှစ်လုံးအေးဧ။်။ အနာဂတ်ခြေလှမ်း ပြင်ဆင်နိုင်ရန် စိတ်ကူးသစ်တွေ လှိုက်လှိုက်ဝေ၍ ကျေးဇူးပါ ဒီဇင်ဘာ့ ။ အသစ်အသစ်သော အတွေးနဲ့ မဖြစ် ဖြစ်ရမည်ဟူသော လက်နက်ကိုရင်ဝယ်ပိုက်၍ အကျွန်ုပ်အပါအ၀င် အိုအသင်လူသားတို့ အောင်ပွဲခံရန် ကျိုးစားနိုင်ဘို့ ငါတို့ခြေတလှမ်း မနှောင့်နှေးပဲ ရဲရဲတိုး၍ ၀ံ့ဝံ့စွန့်စား ဒီဇင်ဘာလို အစဉ်အေးချမ်း လောကကြီးကို အဖြူရောင်အလှဆင်နိုင်ဘို့ ငါတို့ကြိုးစားကြပါစို့ ။ ဤသို့စိတ်ထားကိန်းအောင်းနိုင်ရန် ဆောင်ကျဉ်းပေးခဲ့ ဆောင်းအငွေ့အသက်ကြောင့့်  ကျေးဇူးပါဒီဇင်ဘာ။

ကဗျာ

ဆိုသောစကား ပိတောက်ကဲ့သို့ သစ္စာတည်ဧ။် ။ ယူသောတာဝန် မင်းမှုထမ်းလိုကျေပြွန်ဧ။် ။ ရယူမှုကိုမမျော်လင့် ပေးဆပ်မှုကိုအရင်းတည် ပြည်သူ့ကောင်းကျိုးဆို ဖြောင့်ဖြူးသောလမ်း လျှောက်လှမ်းနိုင်ဘို့ တံတားသဖွယ်ကျောခင်းပေးခဲ့ နှလုံးလှရှင်ငါဧ။်ချစ်သူရယ့့် ။ နေမင်းကဲ့သို့ ကိုယ်ပိုင်အလင်းရောင် ထွန်းလင်းနိုင်ရန် ငါ့အားအသင်ပေးခဲ့။ ရေတခွန်လိုစွမ်းအားအပြည့်နဲ့ ငါဧ။်ပန်းတိုင်ရောက်အောင်လှမ်းဘို့ လှော်တက်အစုံငါ့အားအသင်ပေးခဲ့။ ကဲ့  ဤသို့များသော် တချိန်ကြ၀ယ် အသင်ပေးခဲ့  ဤစွမ်းအားတွေနဲ့ အသင်အား တတ်အားသမျှ ကူညီဖေးမ ပါရမီဖြည့်ဖက်အဖြစ် ငါ့အားတလှည့် လုပ်ကြွေးဆပ်ခွင့်ပြုပါ့  သခင်ရယ့့် ။

Thursday, December 18, 2008

ခေတ်ပြိုင်ဝက်ဆိုက်

အန်အယ်လ်ဒီ၏ အနာဂတ်မှုန်ဝါးနေဟု ဦးတင်သုံးသပ် Numbered List

အန်အယ်လ်ဒီ၏ အနာဂတ် မှုန်ဝါးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ အနာဂတ်သည်လည်း စစ်အာဏာရှင်စနစ်၏ အရိပ်မည်းကြီး လွှမ်းမိုးနေသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။ မကြာခင်က ရန်ကုန် အန်အယ်လ်ဒီရုံးချုပ်၌ ကျင်းပခဲ့သည့် လူငယ်နှင့် အနာဂတ်ဟောပြောပွဲတွင် ဦးဝင်းတင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ အန်အယ်လ်ဒီ၏ အနာဂတ် မှုန်ဝါးနေသည်ဟု ဆိုရာ၌ စိတ်ပျက်ခြင်း၊ အဆိုးမြင်ချင်း စသည့် အမြင်များပေါ် အခြေခံပြောကြားခြင်းမဟုတ်သော်လည်း လက်ရှိမြန်မာနိုင်ငံရေးအခြေအနေအရ ဒီမိုကရေစီသည် ယနေ့ နက်ဖြန်ဆိုသလို ဗြုန်းကနဲ ပေါ်လာမည့်အရာမဟုတ်ဟု ဦးဝင်းတင်က သတိပေးလိုက်သည်။ ခေါင်းဆောင်မှုအပိုင်းနှင့် ပတ်သက်၍ ဦးဝင်းတင်က ဆက်ပြောရာ “နိုင်ငံရေးအဖွဲ့အစည်းတခုမှာ လှုပ်ရှားမှုဆိုတာအရေးကြီးပါတယ်။ သက်ဝင်နေရမယ်၊ လှုပ်ရှားနေရမယ်၊ ဒီလိုမှသာလျှင် ကျနော်တို့ နိုင်ငံရေးလုပ်လို့ရမယ်။ နိုင်ငံရေးအဖွဲ့တခုဟာ လူထုကို စည်းရုံးနိုင်ရမယ်၊ လူထုကိုခေါင်းဆောင်နိုင်ရမယ်။ ခေါင်းဆောင်တယ်ဆိုတာလည်း စည်းရုံးသူမရှိဘဲ ခေါင်းဆောင်နေလို့မရဘူး၊ ဆိုင်းဘုတ်တင်ထားရုံနဲ့လည်း ခေါင်းဆောင်လို့ မရဘူး။ အမြဲတမ်းလှုပ်ရှားနေရမယ်။ အဲဒီတော့ ကျနော်တို့ ဆွေးနွေးကြတယ်” ဟု ပြောသည်။ မြန်မာပြည်၏အနာဂတ်နှင့်ပတ်သက်၍ ဦးဝင်းတင်က သုံးသပ်ရာ၌ “ဗမာပြည်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ဒီထဲမှာ ကျနော်တို့ နိုင်ငံရေး၊ စီးပွားရေးတွေကိုတော့ ကျနော်မပြောချင်ပါဘူး။ ကျနော် ပြောချင်တာကတော့ အနာဂတ်အကြောင်းပါပဲ။ ကျနော်တို့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မျှော်မှန်းခဲ့တဲ့အနာဂတ်ကလည်း စစ်အစိုးရရဲ့ ဖိနှိပ်မှုနဲ့ အုပ်ချုပ်မှုနဲ့ ဆိုတာတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။ နောက်ထပ်အနှစ်နှစ်ဆယ်ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင်ချောချောမွေ့ မွေ့ ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာ စိတ်ပျက်ဖို့ပြောတာမဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ” ဟု ပြောသည်။ (၆) လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ရန် လွှတ်တော်ခေါ်ပေးရေး အန်အယ်လ်ဒီက စစ်အစိုးရကို ရာဇသံပေးထားသော်လည်း စစ်အစိုးရဘက်က မည်သို့မျှ အကြောင်းပြန်ခြင်း မရှိသေးပေ။ အန်အယ်လ်ဒီဘက်ကလည်း (၆) လကျော်သည်ထိ စစ်အစိုးရဘက်က အကြောင်းမပြန်ပါက မည်သို့ နိုင်ငံရေးအရ ဆက်လက်ဆောင်ရွက်မည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေကမူ ၂၀၁၀ ရွေးကောက်ပွဲကိစ္စကို (၆) လ မပြည့်မချင်း အန်အယ်လ်ဒီက ဆုံးဖြတ်မည်မဟုတ်သေးကြောင်း ခေတ်ပြိုင်သို့ ပြောသည်။ “အခြေခံဥပဒေ ပြန်လည်သုံးသပ်ခွင့်ရမယ်ဆိုမှသာလျှင် ရမယ် မရဘူး ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ၂၀၁၀ ကို ဖြတ်သန်းဖို့ စဉ်းစားရမှာဖြစ်တဲ့အတွက် ခုချိန်ခါမှာ ဘာကိုမှ ကြိုပြီးတော့ စဉ်းစားလို့ မဖြစ်နိုင်သေးတဲ့ အနေအထားမို့လို့။ တောင်းထားတဲ့ (၆) လ ဆိုတဲ့ကာလလည်း မပြည့်သေးတဲ့အတွက် အန်ကယ်တို့အနေနဲ့ ဘာမှ ပြတ်ပြတ်သားသား ပေးလို့မရသေးပါဘူး။ လက်ရှိလောလောဆယ်မှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်က ရှိနေသေးတယ်။ အစိုးရကနေ တရားဝင် ပစ်ပယ်ပါတယ်ဆိုပြီးတော့ ဥပဒေထုတ်ပြီးတော့ကာ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ကို ကျုပ်တို့အစိုးရကနေပြီးတော့ ဖျက်သိမ်းလိုက်ပြီလို့ ကြေညာထားခြင်း မရှိသေးပါဘူး။ အဲဒီတော့ ဒီဟာတွေကို ကျော်လွှားပြီးတော့ကာ အန်ကယ်တို့က စဉ်းစားလို့ မဖြစ်ပါဘူး” ဟု ဦးခင်မောင်ဆွေက ပြောသည်။

(လူငယ်နှင့် အနာဂတ် ဟောပြောပွဲမှ ဦးဝင်းတင်၏ ပြောကြားချက် အပြည့်အစုံ)

Tuesday, December 16, 2008

ကလေစေးထူးဘလော့ဂါ

ကိုပင်လှနဲ့ လောကအလှ ညံညံနဲ့ တ၀ူးဝူး တဝေါဝေါ စက်သံတွေကြောင့် ဆောင်းဦးလေ ဖြူးဖြူးရဲ့ အရသာကို ခံနေတဲ့ ကျုပ်လဲ ဆတ်ခနဲ တွန့်သွားတယ်။ ကျုပ်ရင်ခွင်ထဲမှာ ခိုလှုံမှိန်းနေတဲ့ ယုန်ပေါက်ကလေးနှစ်ကောင်ရယ် ရှဥ့်ညိုလေး တကောင်ရယ်လဲ အလန့်တကြား ပြေးထွက်သွားတော့တာပဲ။ အင်း...။ သူတို့ ကျုပ်ကို အလှဆင်ပေးဖို့ အချိန်ရောက်လာပြန်ပြီနဲ့ တူတယ်။ *** တကယ်ပါဗျာ။ ကျုပ်ဘ၀က စပြီးတော့ အသက်ရှင်လို့ အရွယ်ရောက်စ ပြုပြီဆိုတာနဲ့ အညွှန့်ချိုးခံရတဲ့ ဘ၀...။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ အညွန့်ဖြတ်ခံရတာ၊ အဲ... တိတိပပ ပြောရရင် အညွှန့်ညှပ်ခံရတာပေါ့။ ကပ်ကြေးထက်ထက်ကို ခင်ဗျားတို့ မြင်ဖူးတယ် မှတ်လား။ အဲဒီ ကပ်ကြေးထက်ထက်ကြားမှာပဲ ကျုပ်ရဲ့ အညွှန့်တွေကို ဂျိခနဲ ဂျိခနဲ အညှပ်ခံရတာဗျ...။ ကျုပ်မို့လို့ အညွှန့်လေး တလူလူ ဖြစ်လာပြီလားဆိုရင် ရောက်လာကြပါပြီ၊ အညွန့်ညှပ်မယ့်လူတွေ...။ သူတို့ကတော့ ကိုယ့်ကိုယ်ကို အလှဆင်သူကြီးတွေ ဆိုပြီး ဂုဏ်ယူနေကြမလား မပြောတတ်ဘူး။ ကျုပ်မှာသာ သူတို့လက်ထဲက ကပ်ကြေး ထက်ထက်တွေနဲ့ တက်မယ်တောင် မကြံရသေးတဲ့ အညွှန့်တွေကို အညွှန့်တုံးတွေ အဖြစ် သူတို့ စိတ်တိုင်းကျ လှပပြနေရတဲ့ ဘ၀။ ကျုပ် ကိုယ့်ဘ၀ကိုကိုယ် တော်တော် စိတ်နာတယ်။ ဘယ်နှယ့်ဗျာ...၊ ဒီဘ၀မှာ အသက်ရှင်ရတာခြင်း အတူတူ ကျုပ်တို့ကိုမှ တချိန်လုံးအညွှန့်လာလာ အဖြတ်ခံနေရတဲ့ ကိစ္စ၊ စိတ်မနာဘဲ ဘယ်နေမှာတုန်း။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ဟိုနေရာ ထိုးထိုးထောင်ထောင်၊ ဒီနေရာ ထိုးထိုးထောင်ထောင်တွေ အများကြီး ရှိနေပါလျက် သူတို့ကျတော့ ကျုပ်လို ပုံအသွင်း မခံရဘူး။ ကျုပ်မှာသာ...။ ဘာလဲ...၊ ကျုပ်ဘယ်သူပါလိမ့်လို့ စဉ်းစားနေတာလား။ ခေါင်းပူမနေပါနဲ့ဗျာ။ ကိုးရီးယားကားတွေလို ကျုပ်ကလဲ ကွေ့ဝိုက်မနေချင်ပါဘူး။ ဟောဒီမှာလေ ကျုပ်ပုံ...။

ကျုပ်တို့ မျိုးနွယ်ကို ဒီလိုပုံဖော်ရင် လှမယ်ဆိုတဲ့ စိတ်ကူးကို ဘယ်လူသား သကောင့်သားကများ ရခဲ့လဲ မသိပါဘူးဗျာ။ ဒီလိုပဲ၊ လူက အဲလေ အပင်က ဟိုနားတစ ဒီနားတစ အညွှန့်ကလေးထွက်ဖို့ကို အချိန်မရဘူး။ လာလာညှပ်နေလိုက်ကြတာ။ ကျုပ်တော့ အပင်တကာ့ အပင်ထဲမှာ အပင်ဖြစ် အရှုံးဆုံးလို့သာ မှတ်လိုက်ချင်တော့တယ်။ အဲဒီလိုနဲ့ တွေးပြီး စိတ်ဓာတ်ကျနေတုန်းမှာပေါ့...။ `ဒီမယ်ဗျ´ခေါ်သံလိုလို တခု ဘယ်ကနေကြားပါလိမ့်။ အရေးထဲ ဟိုစက်သံကလဲ ဆူညံလိုက်ပါသဘိ။ စက်သံဆူဆူညံညံသံတွေ ခဏလေး တိတ်သွားခိုက်မှာပဲ ကျုပ်ကို ခေါ်သံ ထပ်ကြားရပြန်တယ်။ `ဒီမှာဗျ...၊ ဒီမှာ´အလို...၊ လက်စသတ်တော့ ခေါ်သံတွေက ကျုပ်ရဲ့ ခြေရင်း မလှမ်းမကမ်းက မြက်ပင်တွေဆီက လာနေတာကိုး။ မလောက်လေး မလောက်စား မြက်က ကျုပ်ကို ဒီလို မာထန်ထန် ခေါ်ရကောင်းလားဆိုပြီး စိတ်ထဲ ခပ်မျက်မျက်နဲ့ပဲ...`ဘာလဲကွ၊ မင်းကများ ငါ့ကို ဒီမှာလေး ဘာလေးနဲ့´`ခေါ်ရမှာပဲဗျ´`မင်းကို ငါက ဘာလုပ်နေလို့တုန်း´`ဒီမယ်၊ ခင်ဗျားက ခင်ဗျားကိုယ် ခင်ဗျား တော်တော်ကို ထိခိုက်နစ်နာလှပြီလို့ ထင်နေတယ်ပေါ့လေ၊ ဟုတ်လား´`ဟုတ်တာပဲလေကွာ၊ မင်း ဟိုမှာ မကြားဘူးလား အသံတွေ၊ အဲဒီလူတွေ ခဏနေရင် ငါ့ကို လာပြီး အညွှန့်ညှပ်ကြဦးတော့မှာ၊ ငါ့မှာ အညွှန့်တလူလူ ဆိုတဲ့ အချိန်ကို မရှိရဘူးလေ၊ အဲဒီတော့ နစ်နာတာပေါ့ကွ´မြက်ပင်က ကျုပ်စကားကိုလဲ ကြားရော တဟားဟားနဲ့ ထရယ်ပါလေရော...။ ဒီကောင်ရယ်တာမှ အားရပါးရ...၊ ဒါပေမယ့် ဒင်းရယ်တဲ့ အသံက ကျုပ်ကို လှောင်သံ ပါနေသလိုလိုပဲ။ `ဟေ့ကောင်၊ တိတ်စမ်း´`ရယ်စမ်းပါရစေဗျာ၊ ခင်ဗျားက ခင်ဗျားသာလျှင် နစ်နာသူကြီးလို့ ပြောနေတာကို ကျုပ်က ရယ်ချင်လွန်းလို့ပါ´စိတ်ရှိလက်ရှိ ရယ်လို့ဝတော့မှ မြက်ပင်က ...`ဒီမယ် ကိုပင်လှ၊ ခင်ဗျားက တချိန်လုံး အလှပဲ အဆင်ခံနေရသူဆိုတော့ ကျုပ်က ခင်ဗျားကို ကိုပင်လှလို့ ခေါ်မယ်။ တကယ်တော့ ခင်ဗျားက အညွှန့်ဖြတ်ခံနေရတယ်ဆိုတာ ခင်ဗျားအတွက်တော့ စဉ်းစားကြည့်ရင် နာကျင်စရာပေါ့။ ဒါပေမယ့် ခင်ဗျားထက်ဆိုးတဲ့ ကျုပ်တို့ ဘ၀တွေကို တွေးကြည့်စမ်းပါဗျာ။ ကျုပ်တို့မှာ ကျုပ်တို့ မရှိတော့လဲ လူတွေက ဖုန်တွေထူမှာစိုးလို့ ဆိုပြီး အလှစိုက်ကြတယ်။ ဟော...၊ ကျုပ်တို့မို့ အညွှန့်လေး ထိုးထိုးထောင်ထောင် ဖြစ်လာပြီ ဆိုပြန်တော့ လာပါပြီ၊ မြက်ရိတ်စက်မျိုးစုံနဲ့။ တခါတလေများဆို သူတို့ မလိုအပ်တော့ရင် ကျုပ်တို့ကို အမြစ်ကနေပါ လှန်ပစ်တတ်သေးတာ။ သူတို့ ဖြတ်ပစ်လို့ အညွှန့်တုံးပြီး ညီညာနေတဲ့ပုံပေါ်နေတဲ့ ကျုပ်တို့ရဲ့ မျက်နှာပေါ်ကို သူတို့ပဲ နင်းလားနင်းရဲ့၊ စိတ်လိုလက်ရနဲ့ ကျုပ်တို့အပေါ်မှာ လဲလျောင်းလား လဲလျောင်းရဲ့၊ ကျုပ်တို့မှာ ဆောင်းတွင်းချိန်လေးပဲ လူတွေရဲ့ အရိတ်အလှီးကို မခံရတာ။ ဒါလဲ အကောင်းတော့ မထင်နဲ့ ကျုပ်တို့အပေါ်မှာ တဆောင်းလုံးလုံး အုပ်မိုးနေတဲ့ နှင်းဖတ်တွေကြောင့် သက်သာသယောင် ထင်နေရတာ၊ လူတွေ ဘယ်လောက် ကိုယ်ချင်းစာတရား မရှိသလဲဆိုတာ ဆောင်းတွင်းဘက်ရောက်ရင် သူတို့မှာသာ အနွေးထည်ထူထူဝတ်ရတာနဲ့၊ မီးလင်းဖို မွှေးရတာနဲ့၊ တချိန်လုံးလုံး အပြင်မှာ အအေးဒဏ်ခံနေရတဲ့ ကျုပ်တို့ကို အဲဒီအခါကျတော့ သူတို့ အလေးမထားကြတော့ဘူးလေ´`ဒါတောင် ကျုပ်က သာမန်မြက်ဘ၀နဲ့ ဟောဒီနေရာမှာ မြက်ဖြစ်ခွင့်ရသေးလို့ တော်သေးတာ၊ ကျုပ်ထက် ဘ၀ဆိုးတဲ့ မြက်တွေ ရှိသေးတယ်။ ဘောလုံးကွင်းထဲ အစိုက်ခံရတဲ့ မြက်ဆိုရင် ခင်ဗျားစဉ်းစားကြည့်။ လူအယောက် သုံးဆယ်ဝန်းကျင်လောက်က အားရပါးရ ပြေးလွှားနင်းခြေလိုက်၊ သူတို့နင်းလို့ပြီးရင် နောက်တခါ ထပ်နင်းလို့ကောင်းအောင် တယုတယ ပြန်စိုက်လိုက်၊ တခါတခါများဆို သူတို့စိတ်တိုင်းမကျရင် မြက်တွေကို အသားလွတ်ကြီး ကန်တဲ့ကောင်တွေက ရှိသေးတယ်။ ဂေါက်ကွင်းထဲက မြက်တွေဆိုလဲ ဘာထူးသေးလဲ၊ ကြည့်တော့သာ တချိန်လုံး ရေလောင်းခံရ၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခံရနဲ့မို့ ဟုတ်သယောင်ယောင် ရှိတာ။ သူတို့လဲ နောက်ဆုံးတော့ လူတွေရဲ့ စိတ်တိုင်းကျ အနင်းခံရတာပဲ မဟုတ်လား၊ ဂေါက်တံ အဖျားမှာ ပါသွားတဲ့ မြက်တွေဆို ဘယ်လောက်တောင် နာကျင်နေမလဲ ဆိုတာ ကျုပ်တွေးကြည့်မိတယ်´`ခင်ဗျားက အညွှန့်တွေ အဖြတ်ခံရတယ်ဆိုပေမယ့် အနင်းတော့ မခံရပါဘူးဗျာ။ ခင်ဗျားကို တွေ့လိုက်ရင် လူတွေက အလှအပတခုအနေနဲ့ ပုံဖော်တာမို့ အညွှန့်အဖြတ်ခံရတာခြင်း တူရင်တောင် တော်ပါသေးတယ်။ ကျုပ်တို့ကမှ အဖြတ်ခံ၊ အနင်းခံတွေပါဗျ´`ဒါပေမယ့် ကျုပ်က ခင်ဗျားလိုတော့ အားငယ်ညည်းတွားနေမယ်လို့ ထင်သလား၊ ကျုပ်လား၊ ဟောဒီ နေရာမှာ ဒီလိုပဲ အနင်းခံ၊ အလှီးခံဘ၀နဲ့ ရှင်သန်နေတာ ကာလပေါင်းမနည်းတော့ဘူး၊ ကျုပ်ကို မမွေးခင်ကလဲ ကျုပ်တို့ အဘိုးတွေ၊ အဖေတွေက သူတို့ကိုယ်သူတို့ အနင်းခံပြီး လောကကောင်းဖို့ကို မြက်ဖြစ်ကျိုး နပ်စွာ ထမ်းသွားကြတာပဲ။ ကျုပ်လဲ ဒီလိုပဲပေါ့။ ကျုပ်ကို ဒီနေ့ အညွှန့်လာဖြတ်ရင် နောက်နေ့ ကျုပ် အညွှန့်ပြန်တက်မယ်။ လာဖြတ်တော့လဲ ဖြတ်ပေါ့။ အရေးကြီးတာက ကျုပ်အလုပ်ကိုက အညွှန့်တက်နေဖို့ပဲ။ ဖြတ်တာက သူတို့အလုပ်၊ အညွှန့်ထပ်ထွက်နေရမှာက ကျုပ်အလုပ်။ ဒါပဲ မဟုတ်လား၊ ဘာများ တွေဝေ၊ အားငယ်နေရဦးမှာလဲဗျာ´***မြက်ပင်က အားရပါးရပြောပြီးတော့ မောသွားလားတော့ မပြောတတ်ဘူး။ ငြိမ်ကျသွားတယ်။ ဒီကောင်ပြောတာ စဉ်းစားကြည့်တော့လဲ ဟုတ်ပေသားပဲ။ ကျုပ်ကို လူတွေ အညွှန့်လာဖြတ်တယ်ဆိုတာ အဲဒီ မြက်တွေထက်စာရင် ဘာဟုတ်သေးလို့တုန်း။ တကယ်ဆို သူတို့က ကျုပ်ထက် ပိုပြီး လောကအတွက် ပေးဆပ်နေရတာလေ။ ကျုပ် စောစောက ကိုယ့်ကိုယ်ကို အားငယ်နေမိတာကိုတော် ရှက်မိပါရဲ့...။ ***တဝေါဝေါနဲ့ ဆူညံနေတဲ့ မြက်ရိတ်စက်ရဲ့ အသံက ဝေးနေရာကနေ တဖြည်းဖြည်းနဲ့ နီးလာတယ်။ စောစောက ကျုပ်ကို စကားတွေ အများကြီးပြောသွားတဲ့ မြက်ပင်လေးကို ကျုပ် မရဲတရဲ လှမ်းကြည့်မိတယ်။ သူက ကျုပ်ကို အဓိပ္ပာယ်အပြည့်ပါတဲ့ အပြုံးနဲ့ အားရပါးရ ပြုံးပြနေတယ်။ ကိုယ့်ကိုယ်ကို သတိမထားလိုက်ခင်မှာပဲ ကျုပ်လဲ အဲဒီ မြက်ပင်လေးကို ဦးညွှတ်လိုက်မိတယ်။ လေပြင်းတချက်ရဲ့ အကူအညီနဲ့ပေါ့...။ ထက်မြတဲ့ စက်သွားတွေရဲ့ လှီးဖြတ်မှုအောက်မှာ မြက်ပင်ဖျားကလေးတွေ ဝေ့ခနဲဝေ့ခနဲ လွင့်ထွက်သွားကြတယ်။ ဒါပေမယ့် သူတို့ အပြုံးမပျက်ကြဘူး။ ဟိုမြက်ပင်လေးလဲ စက်သွားရဲ့ လက်ချက်နဲ့ အညွှန့်ဖြတ်ခံလိုက်လေရဲ့...၊ နောက်ထပ်လဲ လူတွေက သူတို့ကို အကြိမ်ပေါင်းများစွာ လာပြီး လှီးကြ ဖြတ်ကြဦးမှာပါပဲ။ သူတို့ကလဲ ခပ်ပြုံးပြုံးပဲ နေမှာ သေချာတယ်။ ***စောစောက ဆူညံနေတဲ့ ပတ်ဝန်းကျင် တခုလုံး အခုတော့ တိတ်ဆိတ် ငြိမ်သက်သွားပါပြီ။ ဒီနေ့တော့ ကျုပ်ကို လူတွေက ဘာလို့လဲ မသိဘူး။ အညွှန့် ဖြတ်မသွားကြဘူး။ ဒါပေမယ့် ခင်ဗျားသိလား။ ကျုပ် ဒီနေ့ မပျော်ဘူးဗျ။ သေချာတာကတော့ နောက်တခါ လူတွေ ကျုပ်ကို အညွှန့်လာဖြတ်ရင် ကျုပ်ညည်းတွားနေတော့မှာမဟုတ်ဘူးထင်တယ်။ *** ကလိုစေးထူး (တရက်မှာ ကွင်းထဲက မြက်တွေ ရိတ်နေတဲ့လူကို တွေ့တော့ တွေးမိတဲ့ စိတ်ကူးကို ပုံဖော်ကြည့်တာပါ)

ခေတ်ပြိုင်ဝက်ဆိုက်

နေပြည်တော်တွင် တရုတ်သံရုံးအတွက်မြေ (၁၅) ဧကထိ ခွဲတမ်းတိုးပေးထား
ရန်ကုန်မှ နိုင်ငံခြားသံရုံးများ နေပြည်တော်ပြောင်းလာစေရေးအတွက် သံရုံးများအတွက် မြေခွဲတမ်းချပေးရန် ကမ်းလှမ်းထားရာ တရုတ်သံရုံးက စစ်အစိုးရပေးသည့်မြေဧရိယာထက် ပိုတောင်းသည့်အတွက် ခွင့်ပြုလိုက်ရသည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂရုံးများအား ၂၀၀၇ ခုနှစ်အတွင်း နေပြည်တော် ပြောင်းရွှေ့လိုပါက မြေဧက (၅) ဧကစီ ပေးမည်ဟု စစ်အစိုးရက ကမ်းလှမ်းခဲ့သော်လည်း တရုတ်သံရုံးက တိုးတောင်းသည့်အတွက် (၁၅) ဧကထိ ပေးခဲ့ခြင်းဖြစ်သည်။ ရုရှသံရုံးကလည်း မြေတိုးတောင်းသည့်အတွက် (၅) ဧကထက် ပိုပေးထားရသည်ဟု စုံစမ်းသိရသည်။ မြန်မာစစ်အစိုးရက ပေကျင်းတွင် သံရုံးဖွင့်ထားသည့်အပြင် ကူမင်း၌လည်း မြန်မာကောင်စစ်ဝန်ရုံး ဖွင့်ထားသည့်အတွက် မြန်မာစစ်ခေါင်းဆောင်များဘက်က အပြန်အလှန် လိုက်လျောခဲ့ခြင်းဖြစ်နိုင်သည်ဟု သံတမန်တဦးက ယူဆသည်။ ကူမင်းမြန်မာကောင်စစ်ဝန်ရုံးအပြင် ရွှေလီ၌လည်း နောက်ထပ် မြန်မာကောင်စစ် ၀န်ရုံးသစ် ဖွင့်ရန်အလားအလာရှိသော်လည်း မသေချာသေးဟု နိုင်ငံခြားရေး အရာထမ်းတဦးက ပြောသည်။သို့သော် တရုတ်သံရုံး မည်သည့်အချိန် နေပြည်တော် စတင်ပြောင်းမည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ရန်ကုန်အနောက်တိုင်း သံတမန်တဦးအား နေပြည်တော် ပြောင်းရွှေ့ရန် ရှိမရှိ ခေတ်ပြိုင်ကမေးရာ “နိုက်ဂျီးရီးယားနိုင်ငံ စစ်အစိုးရလက်ထက်တုန်းကလည်း အဘူဂျာမြို့တော်သစ်ကို ပြောင်းတော့ စစ်အာဏာရှင်ရှိနေသမျှ မြို့တော်သစ်ကို မပြောင်းဘူးလို့ လေးဂို့စ်မြို့က နိုင်ငံခြားသံရုံးတွေ ဆုံးဖြတ်ခဲ့ပြီး သံရုံးအဆင့်အတန်း လျှော့ချခဲ့တဲ့ သာဓကရှိပါတယ်” ဟုသာ ဖြေကြားခဲ့သည်။ အမေရိကန်သံရုံးကမူ နေပြည်တော် မပြောင်းဘဲ ရန်ကုန်မြို့တွင်သာ ဆက်လက်ရုံးစိုက်သွားမည်ဟု ပြောထားသည့်အတွက် ကျန်အနောက်တိုင်း သံရုံးများလည်း အမေရိကန်သံရုံးနည်းတူ ရန်ကုန်တွင်သာ ဆက်နေမည့် အလားအလာရှိသည်။ မြန်မာစစ်အစိုးရသည် ရန်ကုန်မြို့ရှိ ၀န်ကြီးဌာန (၃၀) ကို ရန်ကုန်မှနေပြည်တော်သို့ ၂၀၀၅ ခု အောက်တိုဘာမှ ၂၀၀၆ ခု ဧပြီထိ (၆) လအတွင်း စစ်သုံးယာဉ် (၃,၉၀၃) စီးနှင့် ပြောင်းရွှေ့ခဲ့သည်။ မူလက ၂၀၀၆ ခု မေလ (၂၀) ရက်နေ့အပြီး ၀န်ကြီးဌာနများအားလုံး ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ထို့ကြောင့် ၂၀၀၆ ခု မေလမှ စက်တင်ဘာထိ (၄) လအတွင်း နောက်ထပ် စစ်သုံးယာဉ် (၁,၃၃၆) စီးဖြင့် ကျန်ဝန်ကြီးဌာနများကို ထပ်မံပြောင်းရွှေ့ပေးခဲ့ရသည်။

Sunday, December 14, 2008

မိုးမခ၀က်ဆိုက်

ဦးနေ၀င်းသမီး ဒေါ်စန္ဒာဝင်း ၆နှစ်ကြာအကျယ်ချုပ်မှပြန်လွတ် ဓာတ်ပုံသတင်း

ယမန်နေ့က အာဏာရှင်ဟောင်းဦးနေ၀င်း၏သမီး ဒေါ်စန္ဒာဝင်း အကျယ်ချုပ်မှ လွတ်မြောက်လာကြောင်း သူမ၏ မိတ်ဆွေများ၊ ဆွေမျိုးများက ပြောပြသည်။ အထက်ပါပုံမှာ တချိန်က ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ပြပွဲတခုတက်ရောက်စဉ် ရိုက်ကူးထားခြင်းဖြစ်သည်။

၂၀၀၁ ခုနှစ် ဦးနေ၀င်း၏ အသက် ၉၀ ပြည့်မွေးနေ့ အခမ်းအနားတွင် ရိုက်ကူးထားသောပုံဖြစ်သည်။ (photos: AP)

Saturday, December 13, 2008

ဖုန်းကတ်များကို လူအများ စိတ်ဝင်စားနေကြ

ရတနာပုံတယ်လီပို့တွင် ကျင်းပသည့် မြန်မာအိုင်စီတီ ရက်သတ္တပတ်(၂၀၀၈) ပြပွဲသို့ လာရောက်ကြသည့် ပြည်သူများသည် တစ်ခါသုံး GSM SIM Cardများကို စိတ်ဝင်စားမှု အများဆုံးဖြစ်ကာ ကြိတ်ကြိတ်တိုး ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ယခုရောင်းချပေးနေသည့် ဖုန်းကတ်များကို ရန်ကုန်မြို့တွင်လည်း ဝယ်ယူနိုင်ပြီဖြစ်ရာ အဆိုပါသတင်းမှာ လူပြောအများဆုံးဖြစ်ပြီး အလွန်ရေပန်းစားလျက်ရှိသည်။

Friday, December 12, 2008

ကာတွန်ဟန်လေး ဧရာဝတီ ၀က်ဆိုက်

ကုလသမဂ္ဂကလည်း ဒီပုံနဲ့ဆို သော့တွေ လိုဦးမယ်

မိုးကုတ်မီဒီယာ

ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးအကြောင်း သိကောင်းစရာ ခရစ်သက္ကရာဇ် ၂၀၀၈-ခုနှစ် နိုဝင်ဘာလ (၂၈)ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၀-ခုနှစ် နတ်တော်လဆန်း(၁)ရက်နေ့တွင် ရှမ်းတိုင်းရင်းသားတို့၏ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိပြီဖြစ်ပါသည်။ ယခုလာမည့်နှစ်သစ်သည် ရှမ်းသက္ကရာဇ် ၂၁၀၃-နှစ်မြောက် ဖြစ်ပါသည်။ ရှမ်းနှစ်သစ်ကူးကို ပီမောင်တိုင်း ဟု ခေါ်ပါသည်။ ပီမောင်တိုင်း ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ဖော်ပြရသော်…လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ကျော်ကတည်းက ရှမ်းလူမျိုးတို့သည် ဂန္ဓလရာဇ်တိုင်း ဟုခေါ်သော ယခု တရုတ်ပြည် ယူနန်နယ် ၏ အနောက်ဖက်နှင့် မြောက်ဖက် ရွှေလီမြစ်ဝှမ်းဒေသတွင် အင်အားစုစည်းကာ ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဖြင့် နေထိုင်ခဲ့ကြသည်။ ထို့နောက် အင်အားတောင့်တင်းခိုင်မာသော နန်ချိုလက်နက်နိုင်ငံတော် (Nan Chao AD 649-1253) ကို တည်ထောင်ခဲ့ကြသည်။သာသနာသက္ကရာဇ် ၄၅၀ (BC 94) တွင် စော(၀်)ဦးတည်ဖ ဘုရင်မင်းမြတ်သည် ဗုဒ္ဓသာသနာတော်ကို ယုံကြည်ကိုးကွယ်လိုသည်ဖြစ်၌ သားတော် စော(၀်)ခွန်စိုင်း အား သီဟိုဠ် (ယခု သီရိလင်္ကာနိုင်ငံ) သို့ စေလွတ်ပြီး ပိဋကတ်သုံးပုံကို ပင့်ဆောင်စေခဲ့ပါသည်။ ဗုဒ္ဓသာသနာတော်ကြီး နန်ချိုပြည်သို့ စတင်ရောက်ရှိလာသည့် ထိုနှစ် ထိုလ (နတ်တော်လ)မှ စ၍ ရှမ်းသက္ကရာဇ်ကို ရေတွက်သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် ၂၁၀၃-ခုသို့ ၀င်ရောက်ခဲ့ပြီ ဖြစ်ပါသည်။ ရှေးအခါက ရှမ်းနက္ခတ္တပညာရှင်များသည် နှစ်သစ်ကူးနေ့ကို သတ်မှတ်ရာတွင် နေ-လ-ကြယ်-နက္ခတ် တို့ကိုကြည့်ပြီး အချိန်နာရီအတိအကျဖြင့် သတ်မှတ်ကြသော်လည်း ယခုအခါတွင် နတ်တော်လဆန်း(၁)ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကြပါသည်။ရှေးက ဤနှစ်သစ်ကူးအခါသမယ ကျရောက်တိုင်း ပွဲလမ်းသဘင်များ စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်း၊ သူရဲကောင်းများအား ဘွဲ့များချီးမြှင့်ခြင်း၊ စာပေ ဂီတ အနုပညာရှင်များအား ဆုပေးခြင်း၊ သက်ကြီးရွယ်အိုများအား ဂါရ၀ပြုခြင်း အစဉ်အလာများ ရှိခဲ့ပါသည်။ ရှေးရိုးရာ ထုံးတမ်းအရ နှစ်သစ်ကို ကြိုဆိုရာတွင် အချက်(၄)ချက် ပါဝင်ရပါသည်။(၁) နှစ်သစ်ကို ကြိုဆိုခြင်း(၂) နှစ်သစ်ကို ဂါရ၀ပြုခြင်း (၃) ရိုးရာအစားအစာဖြင့် ဧည့်ခံခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း(၄) ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်း ဟူ၍ ဖြစ်ပါသည်။ထို့အတူ နှစ်သစ်ကူး မီးဆုခံထွက်ခြင်း သည်လည်း အိမ်ရှင်ကို ဂါရ၀ပြုခြင်း၊ နှစ်သစ်တွင် ဆုမွန်ကောင်းများ လာရောက်တောင်းပေးခြင်း၊ ဆွေမျိုးသားချင်းသဘောဆောင်ခြင်း ဟူသော အနက်ကိုဆောင်သည့် ရှေးရိုးရာ အစဉ်အလာကို ထိန်းသိမ်းခြင်း ဖြစ်ပါသည်။

Wednesday, December 10, 2008

အိမ်ရှေ့စံရဲ့လော့ဂျစ်

အိမ်ရှေ့စံရဲ့ လောဂျစ် န အ ဖ ၏ ပုံမှန် အစည်းအဝေး (ဘရီဖင်) တစ်ခုတွင်--- ဗိုလ်ချုပ်မှူးကြီး သန်းရွေ ဒီကနေ့ ညီလာခံ သဘင်မှာ ငါကိုယ်တော် အာဏာစက် အပြင်ဘက်က တိုင်းပြည် အသီးသီးမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ဒို့နိုင်ငံတော်နဲ့ဆက်စပ် တဲ့ သတင်း တွေ လျှောက်တင်စမ်း- အပြည်ပြည် ဆက်ဆံရေးဝန်မင်းဂျီး။ နိုင်ငံခြားရေးဝန်ကြီး --- ( ပြာပြာသလဲ စိုးရိမ်တကြီးဖြင့်)၊ မှန်လှပါ ဖြား၊ ဘုန်းတော်ကြောင့်- ထားရင်လည်းနေရပါမည်၊ ဖြုတ်ရင်လည်း ပြုတ်ရပါမည်၊ ချုပ်ရင်လည်း ခံရပါမည် ဖြား။ ဘုန်းတော်ရှင် ရဲ့ မဟာသစ်စာတော်ခံ ကျေးတော်မျိုး ကျွန် တော်မျိုးသည်- မ ကွယ်မ၀ှက် မခြွင်းမခြံ အရင်းအတိုင်း လျှောက်ထားရမည်ဆို လျှင်--- “ မှန်လှပါ --- ကျေးတော်မျိုး ကျွန်တော်မျိုးတို့ရဲ့ မာယာ စည်း ရုံးရေးလှိုင်း အောက်မှာ တချိန်လုံး မျှောပါလာတဲ့ ခေါင်း ဆောင်တွေအနက် သမတဟောင်း၊ ၀န်ကြီးချုပ်ဟောင်း အချို့ နဲ့ သဟာယ အာစီယံ မိတ်ဆွေ ကောကပ် တချို့က ဟိုအရေး ဒီအရေး အခွင့်အရေးတွေ ဖိ အားပေး ဆွေးနွေးစေဖို့ ကဘာ့ အဖွဲ့ချုပ် မှူးကြီး ဘန်ကီမွန်း အား ကျွန်တော်မျိုး တို့ နေပြည် တော်ကို လာရောက်စေဖို့ တိုက်တွန်းနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်းပါ ဖြား ၊ (ဆက်လက်၍) မှန်လှပါ --- ဘုရားငယ်ကျွန် ကျနော်မျိုး အဖျင်းသိုး မဟုတ်ပေမဲ့ အောက်ခြေက စည်းရုံးရေး ညံ့လာတယ် ထင်မိကြောင်းပါ၊ ထို့ပြင်တ၀ အာစီယံ အသင်းတော် ကြီး ရဲ့ အဖွဲ့ဝင်များ ယခုလို သဘောထား ယိုင်း ယိမ် သွားတာဟာ ကျွန်တော်မျိုးတို့အပေါ် သစ်စာဖေါက် သွားသလားလို့ထင်မိကြောင်းပါ၊ စိုးရိမ်စရာ တော့ မဟုတ်ပေမဲ့ ဘန်ကီမွန်း လာမဲ့အရေး အတွက်တော့ ပြင်ဆင်ထားသင့် ကြောင်းပါ ဖြား၊ အိမ်ရှေ့စံ ဗိုလ်ချုပ် မောင်အေး ( ဒေါသဟန်ဖြင့်) --- ၀န်မင်းတော့နော် --- ပြောပြန် ရင် လည်းလွန်ရာကျမယ်။ အစိုးရိမ်လည်း လွန်လွန်း သကိုး။ ဒီမယ် ၀န်မင်း။ ကျုပ်တို့တိုင်းပြည်နဲ့ ပတ် သက်လို့ ကဘာ့ အဖွဲချုပ်က ဆုံးဖြတ်ချက်ချနေတာ ကြာပြီ၊ ဒါဟာ ရူတိုင်းဘဲ နှစ်စဉ်ချနေကြ ဘဲမဟုတ် လား၊ ---- ဒီမယ် ၀န်မင်းတို့၊ ဒါဟာ စိုးရိမ်စရာမဟုတ် ဘူး ဆိုတာ အထင်းကြီးပါ။ ဘန်ကီမွန်း လေးက တနှစ် သားလေးဘဲရှိ သေးတာပါ- ဟဲ ဟဲ၊ အိမ်ရှေ့စံ ၀င်ရောက်ထောက်ပေးလိုက်သည့်အတွက် အပြည်ပြည်ဆက်ဆံရေးဝန်မင်း စိတ်သက်သာရာ ရသွားတော့၏၊ ပဏ္ဍိတ

ကာတွန်း ဟန်လေး -ခေတ်ပြိုင်ဝတ်ဘ်ဆိုက်

Monday, December 8, 2008

Committee for Promoting People’s Activities

မျိုးချစ်မြန်မာများAားလုံးသို့ - ရက်စွဲ ။ ၀၆-၁၂-၂၀၀၈ မြန်မာနိုင်ငံစစ်Aုပ်ချုပ်ရေးစနစ်ေAာက်တွင် ပြားပြားဝတ်နေရသောပြည်သူတရပ်လုံး၏ လူမူဆင်းရဲဒုက္ခများမှာ တနေ့ ထက် တနေ့ Aဆိုးဝါးဆုံးရင်ဆိုင် ခံစားနေရယုံမျှမက စစ်Aာဏာရှင်တို့ ၏ နည်းAမျိုးမျိုးဖြင့် နှိပ်ကွပ်ခြင်းခံ နေရသော သံဃာတော် များ၊ Aတိုက်Aခံနိုင်ငံရေးပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ၈၈မျိုးဆက်များ၊ နိုင်ငံရေးလUပ်နေသူAားလုံးတို့ သည်လည်း စစ်တပ်Aာဏာ ပိုင်တို့ က နာလံမထူနိုင်ေAာင် ခြေမှုန်း နေကြပါသည်၊ မိမိတို့ Aနေဖြင့် ကိုယ့်နိုင်ငံAတွင်းမှ ပြည်သူလူထုတရပ်လုံးAား စစ်Aာဏာရှင်များက လူမဆန်စွာ နှိပ်စက်သတ်ဖြတ် နေ သည်ကို မိမိတို့ နှင့်မဆိုင်သလိုသဘောထားလျှက် ကိုယ်ကျိုးစီးပွာရေးကိုသာ လုပ်နေပါက မြန်မာနိုင်ငံသည်လူမျိုးနှင့် သာသနာ ကွယ်ပျောက်ရတော့မည်ဖြစ်သည်။ လူယုတ်မာတစု၏တစ်နိုင်ငံလုံးတွင် လူမျိုးဘာသာသာသနာကိုဖျက်စီးနေမှုများကို ပြန်လည်တုန့် ပြန်ဆန့် ကျင်တိုက်ပွဲဝင်ရန်ပြင် ဆင်မှုများပြုလုပ် မည်ဖြစ်သဖြင့် မိမိနိုင်ငံAရေး စိတ်ဝင်စားကြသော မျိုးချစ်မြန်မာများAနေနှင့် တတ်နိုင်သမျှ Aင်Aား ကိုယ်စီ ဖြင့်မိမိတို့ .“ပြည်သူ့ တိုက်ပွဲမြုင်တင်ရေးကော်မတီ”နှင့် Aတူတကွပူးပေါင်း တိုက်ပွဲ ၀င်ကြရန် နှိုးဆော်လိုက်သည်။ CPPA ၏တိုက်ပွဲဝင် လမ်းစU်များ- (၁) ပြည်တွင်းမှ နိုင်ငံရေး တိုက်ပွဲဝင် လှုပ်ရှားမူများAရှိန်လျှော့မသွားစေရေး ပြည်တွင်း မှနိုင်ငံရေးAင်းAား စုများနှင့်Aတူ ပြည်သူ့ တိုက်ပွဲဆက်လက် မြုင့်တင် Aကောင်ထည်ဖေါ်ရေး ။ (၂) ပိုမိုထိရောက်သော နိုင်ငံရေးတိုက်ပွဲဝင်နည်းလမ်းများဖြင့် ပြည်တွင်းAင်AားစုများAား လက်တွေ့ Aသုံးချ တိုက်ပွဲ ၀င် နိုင်ရေးAတွတ် နည်းလမ်းမျိုးစုံဖြင့် ကူညီပံ့ပိုးပေးရေး၊၊ (၃) စစ်Aုပ်စု၏ဖိနှိပ်မှုများကြောင့် ထွတ်ပြေးတိမ်းရှောင်လာခဲ့သော လွတ်မြောက်နယ်မြေAသီးသီးရှိပြည်တွင်း နိုင်ငံရေး Aင်AားစုများAား ဆက်လက်တိုက်ပွဲ ၀င်နိုင်ရေးAတွတ် Aားပေးကူညီရေး။ (၄) ပြည်သူတရပ်လုံး ပါဝင်လာနိုင်သော Aဆင့်မြုင့် နိုင်ငံရေး လှုပ်ရှား မှုတိုက်ပွဲများဖြင့် Aာဏာရှင်စစ်Aုပ်စုAား ဖိAားပေး တိုက်ပွဲဝင်ရေး။ မိမိတို့ ကော်မတီAနေနှင့် ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမူ များပြန်လည်Aားကောင်းလာစေရန် စစ်မှန်သည့် တိုက် ပွဲဝင်လိုသူ၊ တိုက်ပွဲဝင်နေကြသည့် မည်သည့်Aဖွဲ့ စည်းနှင့်မဆို ပူးပေါင်းလုပ်ဆောင်ရန် ကူညီပံ့ပိုးရန် Aဆင်သင့်ဖြစ်သည် ။ ပြည်သူ့ တိုက်ပွဲမြှင့်တင်ရေး ကော်မတီ (Committee for Promoting People’s Activities) aunglantin@yahoo.com cppa2008@gmail.com. nbc8888@hotmail.com

Saturday, December 6, 2008

ကဗျာ(ဥာဏ်ဦးမောင်)

တသက်လေလား
ညှိုးတရားလည်း
ထိပါစေတော့။
တရက်လေလား
ဝိုးတ၀ါးလည်း
ရှိပါစေတော့။
တရားမပျက်
မှားမဖက်တဲ့
သင့်အိပ်မက်တွေ
ဆက်လက်ဝေ။
ကမ္ဘာမြေကြီး
ငြိမ်းချမ်းစေ။

မိုးမခ၀က်ဆိုက်

လာမည့် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အသက် ၁ဝဝ ပြည့်မည့် မြန်မာနိုင်ငံသား ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ရာပြည့်အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ၃ မျိုး ကုလသမဂ္ဂက ထုတ်ဝေမည်ဟု သတင်း ထုတ်ပြန်ထားသည်။ ဦးသန့်၏ ရုပ်ပုံဖြင့် ထုတ်ဝေမည့် အမေရိကန် ဝ.၉၄ ဒေါ်လာ (၉၄ ပြား)တန်၊ ဆွစ်ဇာလန်ငွေကြေး ၁.၃ဝ ဆွစ်ဖရန့်စ်တန်၊ ဥရောပသမဂ္ဂ ငွေကြေး ၁.၁၅ ယူရို တန် တံဆိပ်ခေါင်းများကို ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ဝေမည်ဟု ကုလသမဂ္ဂ စာတိုက်ဌာန၏ အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကုလသမဂ္ဂ၏ တတိယမြောက် အတွင်းရေးမှူးချုပ်ဖြစ်သည့် ဦးသန့်၏ ရုပ်ပုံဖြင့် ထုတ်ဝေသည့် တံဆိပ်ခေါင်း ယခင်က ထုတ်ဝေခဲ့ဖူးခြင်း မရှိဘဲ အတွင်းရေးမှူးချုပ်များ၏ ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေခြင်းမှာလည်း ပထမဆုံး ဖြစ်သည် ဟု နယူးယောက်မြို့ရှိ တံဆိပ်ခေါင်း စုဆောင်းသူ မြန်မာတစ်ဦးက ပြောပြခဲ့သည်။ ဦးသန့် မတိုင်မီ ရာပြည့်ပုဂ္ဂိုလ်များဖြစ်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းများမှာ ပထမဆုံး အတွင်းရေးမှူးချုပ် နော်ဝေနိုင်ငံသား ထရိဗီလီး (၁၈၉၆-၁၉၆၈) နှင့် ဒုတိယ အတွင်းရေးမှူးချုပ် ဆွီဒင်နိုင်ငံသား ဒက်ဟမ်းမားရှိုးလ် (၁၉ဝ၅-၁၉၆၁) တို့ဖြစ်သည်။ ဦးသန့်ကို ဧရာဝတီတိုင်း ပန်းတနော်မြို့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့က ၁၉ဝ၉ ခုနှစ်၌ ဖွားမြင်ခဲ့သည်။ ပန်းတနော် အမျိုးသားအထက်တန်းကျောင်း၊ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့ပြီး အထက်တန်းပြ ကျောင်းဆရာ၊ ထိုမှ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသုံးစာအုပ် ပုံနှိပ်ထုတ်ဝေရေးကော်မတီ၊ အမျိုးသားပညာရေးကောင်စီ၊ ဗမာ့သုတေသနအဖွဲ့တို့တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းများဦးစီးအဖွဲ့ အမှုဆောင်၊ ဂျပန်ခေတ် ပညာရေးပြန်လည်ထူထောင်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဖဆပလအဖွဲ့၏ လူထုရေးရာတာဝန်ခံ စသဖြင့် တာဝန်များထမ်းဆောင်ခဲ့ပြီး ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သည်။ ဦးသန့်၏ ဇနီးမှာ ဒေါ်သိန်းတင်ဖြစ်ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ ဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် အသက် ၆၅ နှစ် တွင် ကင်ဆာရောဂါဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကွယ်လွန်ခဲ့သည်။ ၎င်း၏ ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ယူခဲ့သော်လည်း ထိုစဉ်က မဆလ အစိုးရ၏ ဂရုတစိုက် မရှိမှုကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အုံကြွကာ ‘ဦးသန့် ဈာပနအရေးအခင်း’ ပေါ်ပေါက်ခဲ့သည်။ ဦးသန့်၏ ရာပြည့် အထူးအစဉ်ကို မိုးမခ က တင်ဆက်သွားမည်ဖြစ်ပါ၍ ဦးသန့်နှင့်ပတ်သက်ပြီး တင်ပြလိုသော အကြောင်းအရာများ ရှိပါက မိုးမခ သို့ ဆက်သွယ်ပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။

ပတ္ထနာ(ဥာဏ်ဦးမောင်)

Friday, December 5, 2008

ကာတွန်း ဟန်လေး-ခေတ်ပြိုင်ဝက်ဆိုက်

လူထုခေါင်းဆောင်ကို ၀န်းရံရေး တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၂)လူထုခေါင်းဆောင်ကို ၀န်းရံရေးဒေါက်တာလွဏ်းဆွေ(၂၀၀၇ခုနှစ် မတ်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)မလွတ်မြောက်သေးတဲ့ တိုင်းပြည်တွေရဲ့ တိုက်ပွဲနိုင်ငံရေးကာလတွေမှာ တိုက်ပွဲထဲကနေ လူထုခေါင်းဆောင် တွေ ပေါ်ထွက်လာစမြဲပါပဲ။ လူထုခေါင်းဆောင်ဆိုတာ လူထုက နာမည်သိရုံပဲသိတဲ့ ခေါင်းဆောင်ကို ဆိုလိုတာ မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ရင်ထဲအသည်းထဲက တကယ့်ကို ယုံကြည်ကိုးစားတဲ့ ခေါင်းဆောင်မျိုးကို ဆို လိုတာပါ။ ယုံကြည်ကိုးစားတယ် ဆိုရာမှာလည်း သူသာလျှင် တိုင်းပြည်ကိုလွတ်မြောက်အောင် လမ်းပြနိုင် မယ်၊ အောင်ပွဲဆီရောက်အောင် ဦးဆောင်ခေါ်ငင်သွားနိုင်မယ်ဆိုတဲ့ ယုံကြည်ကိုးစားမှုမျိုးပါ။ဟိုအရင်တခေတ်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ မဟတ္တမဂန္ဒီတို့ဟာ တိုက်ပွဲထဲက ပေါ်ထွက်လာခဲ့တဲ့ လူထုခေါင်း ဆောင်တွေ ဖြစ်ခဲ့ကြသလို ဒီဘက်ခေတ်မှာဆို တောင်အာဖရိကက နယ်လ်ဆင်မင်ဒဲလား၊ ပိုလန်က ၀ါလက် ဆာ၊ ချက်က ဗားကလပ်ဟာဘယ်လ်၊ တောင်ကိုးရီးယားက ကင်ဒေးဂျုံတို့ဟာ တိုက်ပွဲထဲက ထွက်ပေါ်လာခဲ့တဲ့ အထင်ကရ လူထုခေါင်းဆောင်တွေပါ။ ဒီကနေ့ မြန်မာနိုင်ငံမှာဆိုရင်လည်း ရှစ်လေးလုံးတိုက်ပွဲထဲကနေ ပေါ် ထွက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုက ယုံကြည်ကိုးစားတဲ့ လူထုခေါင်းဆောင်ဖြစ်တယ် ဆိုတာကို ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်ခဲ့၊ ၀င်နေဆဲ ဘယ်တိုင်းပြည်မှာမဆို ပြည်သူလူထုတွေအနေနဲ့ သူတို့ရဲ့ နှ လုံး သားထဲက သူတို့အတွက် အမှန်တကယ် အနစ်နာခံ ပေးဆပ်တယ်လို့ ခံစားယုံကြည်သူကိုသာ လူထုခေါင်း ဆောင်အဖြစ် လက်ခံအားကိုးကြစမြဲပါ။ ထိုပုဂ္ဂိုလ်မျိုးဟာ လူထုရဲ့နှလုံးသားထဲမှာ အခိုင်အမာ နေရာယူပြီးသား ဖြစ်လို့ သူ့နေရာကို အခြားဘယ်သူကမှ ဘာနဲ့မှ လဲယူချင်လို့ မရနိုင်ပါဘူး။ အဲဒီလို လူထုခေါင်းဆောင်ရှိတဲ့ တိုင်းပြည်မှာ အဆိုပါလူထုခေါင်းဆောင်ရဲ့ နိုင်ငံရေးအတွေးအခေါ်၊ နည်းပရိယာယ်ပေါ်မူတည်ပြီး တိုက်ပွဲအ ရှိန်အဟုန်ဟာ အနှေးအမြန် သိသာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုက သူ့ရဲ့ ဦးဆောင်မှု နောက်ကို တသွေးတသံတမိန့် နဲ့ တက်ညီလက်ညီ လိုက်ပါဆောင်ရွက်တတ်လို့ပါပဲ။ဒါပေမယ့် လူထုခေါင်းဆောင်တိုင်းမှာ လိမ္မာပါးနပ်ပြီး ပရိယာယ်ကြွယ်ဝတဲ့ နိုင်ငံရေးသမားရဲ့ အရည်အချင်း မျိုးရှိ ချင်မှ ရှိမှာပါ။ ရှိကြတာတော့ များပါတယ်။ သေချာတာတခုကတော့ သူ့မှာ ရိုးသားမှုရယ်၊ တိုင်းပြည်နဲ့ လူ မျိုးအ တွက် အဆုံးစွန်ဆုံး အနစ်နာခံပေးဆပ်လိုတဲ့ စိတ်ရယ် အပြည့်အ၀ရှိတာပါပဲ။ လူထုအနေနဲ့ကလည်း အဲဒီစိတ်ဓာတ်အပေါ်ပဲ အဓိကထား ယုံကြည်ကိုးစားတာကိုး။ ဒါပေမယ့် တိုက်ပွဲဆိုတာက ရှေ့ဆုံးကနေ အနစ် နာခံပြီး မဆုတ်မနစ်ဦးဆောင်တိုက်ပွဲဝင်ပေးမယ့် ခေါင်းဆောင်ရှိဖို့လိုသလို သူနဲ့အတူ နိုင်ငံရေးနည်းပရိယာယ် ကောင်းကောင်းလည်း တပါတည်း ကပ်ပါနေမှ အောင်ပွဲကို မြန်မြန်ဆန်ဆန်ရမှာ ဖြစ်ပါတယ်။အဲဒီတော့ လူထုခေါင်းဆောင်တွေမှာ လိမ္မာပါးနပ်တဲ့ နိုင်ငံရေးပရိယာယ် ရှိကြတာများပေမယ့် မရှိခဲ့ရင်လည်း ရှိတဲ့သူတွေက ၀န်းရံပြီး အကြံကောင်း ဥာဏ်ကောင်းတွေ ပေးကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မဟတ္တမ ဂန္ဒီရဲ့ နောက်မှာ ဂျဝါဟာလာနေရူး၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်မှာ သခင်မြ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ နယ်ဆင်မင်ဒဲလားရဲ့နောက်မှာ သာဘိုအမ်ဘီကီတို့လို နိုင်ငံရေးသမားကောင်းတွေ၊ ပညာရှင်တွေက ၀န်းရံ ပေးခဲ့ကြတာပါပဲ။ ဒါဟာ ထင်သာမြင်သာရှိတဲ့ သူတွေကို ဥပမာပေးခြင်းသာ ဖြစ်ပါတယ်။ အဆိုပါ လူထုခေါင်း ဆောင်တွေရဲ့ နောက်မှာ တခြားနိုင်ငံရေးသမားကောင်းတွေ၊ ပညာရှင်တွေလည်း အများကြီး ၀န်းရံခဲ့ကြဦးမှာ ပါ။ အဲဒီလို စုဖွဲ့ဝန်းရံမှုနဲ့ပဲ တိုက်ပွဲကို ပြီးဆုံးအောင် တိုက်ခဲ့ကြတာဖြစ်ပါတယ်။ပြောရရင် အောင်မြင်ပြီးမြောက်ခဲ့တဲ့ တိုက်ပွဲတွေမှာ ဘယ်လောက်တော်တဲ့ နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ ဘယ် လောက်တတ်တဲ့ ပညာရှင်ပဲဖြစ်ဖြစ် လူထုခေါင်းဆောင်ရဲ့ရှေ့ကို ကျွံထွက်ပြီး ငါသိငါတတ် ဆရာကြီးမလုပ်ဘဲ လူထုခေါင်းဆောင်ရဲ့ နောက်ကသာ ၀န်းရံ၊ အကြံကောင်း ဥာဏ်ကောင်းတွေပေးပြီး အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြလို့ အောင်ပွဲတွေ ရခဲ့ကြတာပါ။ဒါပေမယ့် ကျနော့်တို့ရဲ့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲမှာ ဖြစ်နေတာက ဒီလိုပါ။ လူထုက ယုံကြည်ကိုးစားတဲ့ လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တော့ ရှိနေပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ၀န်းရံပေးတဲ့သူ တွေ ရှိနေတာလည်း အမှန်ပဲ။ ဒါပေမယ့် ၀န်းရံနေတဲ့သူအများစုက နိုင်ငံရေးပရိယာယ်ကြွယ်ဝတဲ့ နိုင်ငံရေးသ မားကောင်းတွေမဟုတ်ဘဲ အာဏာရှင်ဗိုလ်နေ၀င်းနဲ့အတူ မြန်မာပြည်ဒီမိုကရေစီ ဆိတ်သုဉ်းအောင် ကြံရာပါ လုပ်ခဲ့သူတွေ ဖြစ်နေကြလို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အကြံကောင်း ဥာဏ်ကောင်းပေးနိုင်မယ့် ဆရာဦး ၀င်းတင်လို လူမျိုးကျတော့လည်း နအဖက ထောင်ကနေ လုံးဝလွှတ်မပေးတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစု ကြည်ကို အကျယ်ချုပ်ချလိုက်ပြီဆိုတာနဲ့ တိုက်ပွဲက ရှေ့ကို ဆက်မရွေ့တော့ဘူး ဖြစ်နေတယ်။ဒီကြားထဲ တတိယနိုင်ငံက ပဏ္ဍိတတဦးကလည်း မြန်မာပြည်အရေး သူပဲဖြေရှင်ပေးတော့မယ့်ပုံနဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုကျော်ပြီး နအဖနဲ့ တိတ်တဆိတ် ဆက်ဆံလိုဆက်ဆံ၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဆန့်ကျင်ဘက်လမ်းစဉ်ကိုရွေးပြီး မီဒီယာမှာ အော်ဟစ်လိုဟစ်နဲ့ နောက်ဆုံးကျတော့လည်း အဆဲခံရ တာပဲ အဖတ်တင်တာပဲ။ တိုက်ပွဲမပြီးမြောက်သေးတဲ့ နိုင်ငံတွေမှာ ဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက် ပဲတတ်တတ် လူထုခေါင်းဆောင်ကိုကျော်ပြီး မိုးကျရွှေကိုယ်နည်းနဲ့ ဆရာကြီးဝင်လုပ်ချင်လို့ မရဘူးဆိုတာကို အဆိုပါပဏ္ဍိတ မသိခဲ့တာဟာ အဓိက နိုင်ငံရေးအကင်းမပါးလို့ပါပဲ။ နိုင်ငံရေးအကင်းမပါးတဲ့အခါကျတော့ လုပ်ချင်တာပဲသိပြီး ကိုယ့်နေရာကိုယ် မသိတဲ့အခြေအနေ ဖြစ်ကုန်တာပေါ့။ လူထုခေါင်းဆောင်ကို ၀န်းရံရ ကောင်းမှန်းမသိဘဲ အခုလိုကျဆုံးသွားတဲ့အခါကျတော့ အရည်အချင်းရှိသူတဦးအနေနဲ့ နှမြောစရာတော့ အ ကောင်းသား။တလောကလည်း ကြားရပြန်သေးတယ်။ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့နည်းနဲ့ နိုင်ငံရေးအဖြေရှာတဲ့ ဆွေး နွေးပွဲတခုလုပ်လေသတဲ့။ အဆဲခံရမှာ ကြောက်လို့လားတော့မသိ၊ အဖွဲ့စုံ လူစုံကို မဖိတ်ဘဲ အသွေးတူ အမွေး တူတွေစုပြီး ကုတ်ကုတ်ကုတ်ကုတ်နဲ့ တံခါးပိတ်အစည်းအဝေးလို အသံတိတ်လုပ်သွားတဲ့ပွဲလို့ပဲ သိလိုက်ရ တယ်။ ဒီကြားထဲ ပဏ္ဍိတတချို့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာနေလို့ တွေ့ ဆုံဆွေးနွေးရေးမဖြစ်တာဆိုပြီး နအဖကြောင်ဖားတွေဘက်ကို သာသာထိုးထိုးတွေးကာ တောင်ပြောမြောက် ပြော လျှောက်ပြောနေကြတာကို ကြားရသေးတယ်။ ပဏ္ဍိတတဦးကျပြန်တော့လည်း စစ်အုပ်စုက လှမ်းခေါ်ရင် ပဲ ငေါက်ကနဲထပြီး သွားဆွေးနွေးတော့မယောင် (သူ့လိုလူကိုလည်း ဟိုကခေါ်ဆွေးနွေးမယ့်ပုံ မရှိပါဘူး) ရေး သားပြောဆိုနေတာကို တွေ့ရပြန်တယ်။ ဒုက္ခ ဒုက္ခ … အို ဒုက္ခ … လို့ပဲ ညည်းတွားနေမိတော့ရဲ့။ပြောရရင်တော့ ကျနော်တို့နိုင်ငံဟာ လွတ်မြောက်သေးတဲ့ တိုင်းပြည်မဟုတ်လေတော့ လွတ်မြောက်ပြီး သား နိုင်ငံတွေက စဉ်းစားပုံစဉ်းစားနည်းကားနဲ့ စဉ်းစားရင် မှားမယ်ဆိုတာပါပဲ။ ဒီမိုကရေစီနည်းကျ စဉ်းစားပုံစဉ်း စားနည်းနဲ့ အသားမကျသေးတဲ့ မြန်မာပြည်သူအများစုကြီးရဲ့ စိတ်ထဲမှာ ခေါင်းဆောင်တဦးတယောက်ကို ယုံ ကြည်အားကိုးတဲ့အလေ့ ရှိနေဆဲဆိုတာကို သတိပြုရမှာဖြစ်တယ်။ ဒါဟာ မလွတ်မြောက်သေးတဲ့ တိုင်းပြည် တိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဒါကြောင့်မို့လည်း မလွတ်မြောက်သေးတဲ့ အခြေအနေတွေဖြစ်တည်နေတဲ့ တိုင်းပြည်တွေမှာသာ လူထုခေါင်းဆောင်ဆိုတာ ပေါ်ထွက်တာပါ။တောင်အာဖရိကမှာတုန်းက ဆိုရင်လည်း မလွတ်မြောက်ခင်က နယ်ဆင်မင်ဒဲလားကိုပဲ လူထုခေါင်းဆောင်အ ဖြစ် အဓိကအားကိုးပြီး တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဟော အခုလွတ်မြောက်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက် သွားတဲ့အခါကျတော့ မင်ဒဲလားမရှိလည်း ကျန်လူတွေနဲ့ တိုင်းပြည်ကို မောင်းနှင်လို့ရသွားပြီ။ တောင်ကိုးရီး ယားမှာလည်း ဒီလိုပဲ။ ကင်ဒေးဂျုံမရှိလည်း ရသွားပြီ။ ဒီမိုကရေစီရသွားပြီဆိုတော့ တင်တိုက်စရာ လူထုခေါင်း ဆောင်လည်း မလိုတော့ဘူးလေ။ အရည်အချင်းရှိတဲ့သူက တိုင်းပြည်ကို တက်အုပ်ချုပ်နိုင်တဲ့ အနေအထားကို ရောက်နေပြီလို့ ဆိုရမှာပေါ့။ ကျနော်တို့တိုင်းပြည်လည်း နအဖလက်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ကို ရောက်တဲ့အခါကျရင် အခုလက်ရှိ တောင်အာဖရိကလိုပဲ လူထုခေါင်းဆောင်မရှိလည်း မောင်းနှင်နိုင်တဲ့ အနေအထားမျိုးကို ရောက်လာမှာပါ။အချုပ်အနေနဲ့ ပြောရရင်တော့ အခုလို ဒုတိယအကျော့ တိုက်ပွဲနိုင်ငံရေးကာလမှာ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်မပါဘဲ အဖြေရှာမယ်ဆိုတဲ့ အတွေးမျိုးတွေကို ရှေ့တန်းတင်နေကြရင် ဒီမိုကရေစီအစစ် အမှန်နဲ့ ဝေးမြဲဝေးနေဦးမယ်လို့ ယူဆမိကြောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အတွေးအခေါ် ကောင်းခြင်းမကောင်းခြင်းထက် မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် ကိုးစားတဲ့စိတ်က အခိုင်အမာရှိနေဆဲမို့ သူမ မပါတဲ့နည်းနဲ့ အဖြေထုတ်ခဲ့ရင် ထုတ်မောကြီးပဲ အဖတ်တင်လိမ့် မယ်။ ပြည်သူလူထု လက်မခံဖို့က ရာနှုန်းပြည့်နီးပါး သေချာတယ်လို့ပဲ ပြောချင်ပါတယ်။ အဲဒီလို လူထုလက်မခံ ရင် ဘာပဲလုပ်လုပ် ဘယ်လိုပဲ အုပ်ချုပ်အုပ်ချုပ် ချောချောမောမော မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်ဖို့လိုပါ တယ်။ အဲဒါကြောင့်မို့ နိုင်ငံရေးသမားကောင်းတွေရော၊ ပဏ္ဍိတလူတော်တွေပါ ငါတော်ငါတတ်နဲ့ တဗိုလ်တမင်း ထင်ရာစိုင်းပြီး ထမင်းလက်ဆုံ စုစားမနေကြဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို ၀ိုင်းဝန်းကြိုးပမ်းကြပြီး သူမကို အကောင်းဆုံး ၀န်းရံပေးခြင်းဖြင့်သာ တိုက်ပွဲကို အောင်အောင်မြင်မြင် အ ဆုံးသတ်ဖို့ ကြိုးပမ်းသင့်ကြောင်း စေတနာနဲ့ အကြံပြု ရေးသားလိုက်ရပါတယ်။ဒေါက်တာလွဏ်းဆွေ

Tuesday, December 2, 2008

ကဗျာ(လူနိုင်)

ဖြတ်သန်းခြင်း (လူနိုင်) 
တပတ်နွမ်းရာသီထဲ
ဆင်ကန်းတောတိုး
တောကြီးလည်း ပြုတ်ပြုတ် ပြုန်းခဲ့။
အိမ်နောက်ဖေးပေါက်က
တိတ်တဆိတ်ထွက်လာနေကြ
အကျဉ်းမြောင်းဆုံး အကွေ့ အကောက်ထဲ
သမိုင်းဘီး အပေါက်ကြီးကို
နောက်ပြန်တွန်းလာ
 မ၀ရေစာခေတ်ကာလထဲထိ
သူတို့ ဟာ့ 
ရာသီပေါ်ကြေညာချက်
ခါတော်မှီလေပူထိုးသံထက်
ဘာမှမပိုတော့
မိုးကြီးလည်း စုန်းစုန်းချုပ်လုပေါ့ ။
နေ့ တဓူဝ
ကောလာ ဟလ ထူပြောပြီး
 မြို့ ကြီးတခုလုံးကို ထောင်ချထားတဲ့ မြို့ 
 သတင်းစာထဲ ဗုံးခွဲ
ရေဒီယိုထဲ
လေစစ်ပွဲ
ရုပ်မြင်သံကြားထဲ
ကင်ပေတိုင်တွေနေတဲ့မြို့ 
လူနာတွေကို့ 
အနာတခြား
ဆေးတခြားပေးတဲ့ မြို့ 
 အဲဒီ မြို့ မှာ
ဒီမိုကရေစီ လောင်းလျာကိုမွေးဖွားဖို့ 
အမေများစွာဟာ
 ငိုကြွေးရဦးမယ်။
ဆောင်းမှာ ညတာရှည်ပြီး
နွေမှာ့  နေ့ တာတိုတယ်
အဲဒီ့ 
နွမ်းပြီးရင် နွမ်းသွားတဲ့ ရာသီထဲ
ဘာဆို ဘာတခုမှ အရာမထင်
 သစ်လွန်ခြင်း မနက်ဖြန်တို့ သာ
အခါခါ ရှင်သန်ထမြောက်
နောက်ပြန်လမ်းလျောက်ပြီး
ခရီးမပေါက်တာ
အရပ်ထဲ လက်ညှိုး မထိုးကြပါနဲ့ တော့။
“ဘယ်သူတွေ တားလို့မှ မနေနိုင်ပေါင် … ဆိုင်းကြိုက်တဲ့မောင်” Monday, 01 December 2008 15:34 ဟန်လေး
ထိုင်းဝန်ကြီးချုပ်နုတ်ထွက်၊ ဆန္ဒပြမှု အဆုံးသတ် ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ်က သူ့ကို နိုင်ငံရေး ၅ နှစ်မလုပ်ရ၊ သူ့ရဲ့နိုင်ငံရေးပါတီလည်း ဖျက်သိမ်းရမယ်လို့ ထိုင်းနိုင်ငံတော် ဖွဲ့စည်းပုံရေးရာ တရားရုံးရဲ့ စီရင်ချက်ကို လက်ခံကြောင်း သတင်းထောက်များကို ပြောကြားပါတယ်။

Monday, December 1, 2008

ကဗျာ(ဆူးနှင်း)

မော့မကြည့်ရဲ ကြည့်လိုက်တိုင်းမှာ စင်္ကြာဝလာရင်သွေး ကြယ်ကလေးတွေ ကြွေနေတာနဲ့ ကြုံတတ်တယ်။ မကြည့်ပဲနေ မကြွေတော့ဘူး။ အကြည့်ဓာတ်ကို သော့ခတ်ပိတ်ထား ထားတဲ့ကြားလေ ရေဒါလိုနောက်ပြန်လှည့် ဦးဏှောက်တည့်တည့်ဆီ ကြည့်နေတဲ့ မျက်လုံးအစုံကို ဘာနဲ့ ဖုံးအုပ်ရပါ့ မလဲ။ အကြည့်ဓာတ်ကို သော့ခတ်ပိတ်ထား ထားတဲ့ကြားလေ ကြည့်မနေလည်း ကြွေနေတာပဲမြင်ရတယ်။