Saturday, March 19, 2011

မမပုသိမ်သူ သီချင်းဖြင့် ကပြအသုံးတော်ခံသော ပုသိမ်မောင် ဆင်က။

copy from PatheinCity News

+++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာ – တရုတ် ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်း ဧရာဝတီမြစ်ကို ဖြတ်သန်းရန် စတင်

မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည်း ရေနံ နှင့် ဓါတ်ငွေ့ပိုက်လိုင်းသည် ဧရာဝတီဖြစ်ကို ဖြတ်သန်းသွယ်တန်းမည် ဖြစ်ရာ မြစ်၏ အောက်ခြေအား ကန့်လန့်ဖြတ် ပုံစံဖြင့် တူးဖော်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြစ်ဖြတ်သန်းရေး လုပ်ငန်းစဉ်များ စတင်ရန်အတွက် ပနှက်ချပွဲသို့ စွမ်းအင်ဝန်ကြီး ဦးလွန်းသီ တက်ရောက်ခဲ့ပြီး ပိုက်လိုင်း၏ ၁၇၉၀ မီတာ အရှည် သည် မြစ်ကို ဖြတ်သန်းမည်ဖြစ်ရာ ဖြစ်အောက်ခြေရှိ သဲနှင့်ကျောက်လွှာများတွင် တူးဖေါ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း China National Petroleum Corporation (CNPC) ၏ ပိုက်လိုင်း ဌာနခွဲမှ ပြောကြားပါသည်။
အဆိုပါ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား သွယ်တန်းမည့် ပိုက်လိုင်းတည်ဆောက်ရေး စီမံကိန်းတွင် ရေနံစိမ်းပိုက်လိုင်းနှင့် သဘာဓါတ်ငွေ့ပိုက်လိုင်းတို့ ပါဝင်ကာ မြန်မာနိုင်ငံ အနောက်ဘက်ပိုင် ကျောက်ဖြူမှ စတင်၍ တရုတ်နိုင်ငံ ယူနန်နယ်စပ်ရှိ Ruili မြို့အထိဖြစ်သည်။
သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသည် စုစုပေါင်း အကွာအဝေး ၂၅၀၀ ကီလိုမီတာ ရှည်လျားပြီး မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းတွင် ၇၉၃ ကီလိုမီတာ နှင့် တရုတ်နိုင်ငံအတွင်းတွင် ၁၇၂၇ မီတာ ရှည်လျားသည်။ ရေနံစိမ်း ပိုက်လိုင်းသည် စုစုပေါင်း အကွာအဝေး ၂၄၀၂ ကီလိုမီတာ ကွာဝေးကာ မြန်မာနိုင်ငံအတွင်း ၇၇၁ ကီလိုမီတာနှင့် တရုတ်နယ်နိမိတ်အတွင်းတွင် ၁၆၃၁ ကီလိုမီတာ ရှည်လျားကြောင်း သိရှိရသည်။
PatheinCity News