Sunday, October 31, 2010

ဖင်လန်ရောက် ကရင်နီ အချင်းချင်း လူသတ်မှုဖြစ်

ရေးသားသူ - အောလို

တနင်္ဂနွေနေ့, 31 အောက်တိုဘာလ 2010 22:56
ဖင်လန်နိုင်ငံ ရိုဗာနီအီမီ (Rovaniemi) မြို့တွင် ရောက်ရှိနေထိုင်သော ကရင်နီလူမျိုး အချင်းချင်း လူသတ်မှုတခု ပြီးခဲ့သည့် ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်ဟု ဖင်လန်ရောက် ကရင်နီများက ပြောသည်။

ဖင်လန်ရောက် ကရင်နီအမျိုးသားတဦး ဖြစ်သော အသက် ၂၃ နှစ် စိုးရယ်သည် ကရင်နီအမျိုးသမီးတဦး ဖြစ်သည့် အသက် ၂၅ နှစ် စူးမယ်ကို သူမ၏ နေထိုင်ရာ တိုက်ခန်းထဲ၌ ၀င်ရောက်ကာ သတ်ခဲ့ခြင်း ဖြစ်သည်။

မည်သည့် အကြောင်းကြောင့် ၎င်းအမျိုးသားက ထိုအမျိုးသမီးကို သတ်ခဲ့ခြင်းသည် အတိအကျ မသိရှိရသေးသော်လည်း တာဝန်ရှိ ရဲများက သေဆုံးသူ အလောင်း စစ်ဆေးချက်အရ ကြံစည်မှုသာ ဖြစ်နိုင်သည်ဟု ပြောဆိုကြောင်းကို အသတ်ခံရသူ၏ ညီမတဦးဖြစ်သူ ပြောပြချက်ကို ဖင်လန်ရောက် ကရင်နီအမျိုးသားလူငယ်ရေးရာ ပြောခွင့်ရ စေးရယ်ဒူက ပြောပြသည်။


“အစက သူ့(စူးမယ်) လည်ပင်းကို ကြိုးဖြင့် ချုည်ထားတယ်တဲ့။ နောက်ပြီး ဓါးမြောင်နဲ့ ထိုးတယ်။ ထိုးပြီး မီးနဲ့ ထပ်ရှို့လိုက်တယ်တဲ့။ မီးနဲ့ ရှို့တော့ သူ့ခန္ဓာကိုယ်တပိုင်း လောင်ကုန်ပြီ။ ခေါင်းပဲ ကျန်နေသေးတယ်။ အခန်းလည်း မီးလောင်နေတဲ့ အခါကြမှ လူများ သိသွားတာတဲ့” ဟု ထိုအမျိုးသမီး အသတ်ခံခဲ့ရပုံကို ညီမဖြစ်သူ ပြောပြချက်အရ စေးရယ်ဒူက ပြန်လည်ပြောပြသည်။

ယခု ဖြစ်ပွားသည့် အခင်း အသေးစိတ်သည် မပြီးဆုံးသေးသည့်အတွက် ရဲများက အသတ်ခံရသူ အမျိုးသမီးတဦး၏ အရင်းနှီးဆုံး သူငယ်ချင်း နှစ်ဦးမှ လွဲ၍ မိဘဆွေမျိုးများသာမက အခြားသူများအား ထုတ်ဖော်အသိပေးခြင်း မရှိသေးကြောင်း ဆိုသည်။

သို့သော် အမျိုးသမီးတဦးကို သတ်ခဲ့သော အမျိုးသားတဦးအား ဖင်လန်နိုင်ငံ လ့ပ်လဲန်ဒ် (Lapland) ခရိုင် တရားရေးရုံးမှ ထောင်ဒဏ် ၈ နှစ်ဝက် ကျခံရန် ချမှတ်ထားကြောင်း စေးရယ်ဒူက ဆက်ပြောသည်။

၎င်းအမျိုးသမီးတဦးသည် တိုက်ခန်း တခန်းတွင် တဦးတည်း နေထိုင်သူ ဖြစ်သည်။ သူမနှင့် ထိုအမျိုးသားတဦးတို့ အကြားလည်း ရန်ငြိုးမှု မရှိခဲ့ကြကြောင်း ၎င်းက ပြောသည်။

အသတ်ခံရသူ ၎င်းအမျိုးသမီး၏ ကျန်ရှိနေသေးသည့် အလောင်း တပိုင်းကို သူမ နေထိုင်ရာ ရိုဗာနီအီမီမြို့၌ ယမန်နေ့တွင် ဖင်လန်ရောက် ကရင်နီလူမျိုးများမှ သွားရောက်သဂြိုလ်လိုက်ပြီး ဖြစ်သည်။

ဖင်လန်နိုင်ငံ၌ ရောက်ရှိနေထိုင်ရာတွင် လုံခြုံမှု ရှိပြီး ဖင်လန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများ၏ ခြိမ်းခြောက်မှု၊ အနိုင်ကျင့်မှုများသည် သိပ်မရှိကြောင်း ဖင်လန်ရောက် ကရင်နီအမျိုးသားတဦးဖြစ်သူ ဆရာကျော်ကျော်ဦးက ပြောသည်။

၎င်းက “ဒီတိုင်းပြည်ကတော့ လုံခြံမှု ရှိတယ်။ အေးချမ်းတဲ့ တိုင်းပြည် ဖြစ်တယ်။ နိုင်ငံခြားသားတွေရဲ့ ခြိမ်းခြောက်တာတွေ အနိုင်ကျင့်တာတွေတော့ မရှိဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ အနည်းအကျဉ်းတော့ ရှိရင် ရှိတတ်မှာပေါ့။ ဒါမျိုးကတော့ နေရာတိုင်းမှာ အနည်းနဲ့ အများပဲလေ” ဟု ပြောသည်။

၂၀၀၅ ခုနှစ်မှ စ၍ ဖင်လန်နိုင်ငံသို့ ပြန်လည်အခြေချရေး အစီအစဉ်ဖြင့် သွားရောက်နေထိုင်သော ထိုင်း-မြန်မာနယ်စပ်မှ ကရင်နီဒုက္ခသည်များသည် လူဦးရေအရ ၁၄၀၀ ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
http://www.ktimes.org/

ရွေးကောက်ပွဲအထူးအစီအစဉ် (၃)

 
-----------------------------------------------------------------------------------------------------
ကုလ အတွင်းရေးမှူးချုပ် ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံ
ဓာတ်ပုံ ASSOCIATED PRESS
အာဆီယံ-ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်နေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်းနှင့် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်။ အောက်တိုဘာ ၂၉၊ ၂၀၁၀
စနေ, 30 အောက်တိုဘာ 2010 By ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို ပွင်းပွင့်လင်းလင်း၊ ထင်သာမြင်သာဖြစ်အောင်နဲ့ အားလုံး ပါဝင်အောင်လုပ်ဖို့ မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဦးသိန်းစိန်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

လေးစား လက်ခံနိုင်လောက်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လိုအပ်တဲ့အတိုင်း ရွေးကောက်ပွဲတွေကို ကျင်းပပေးဖို့ ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှာပြုလုပ်နေတဲ့ အရှေ့တောင် အာရှ ဒေသတွင်း ထိပ်သီးအစည်းအဝေး ပြင်ပမှာ မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ စနေနေ့က သီးခြားတွေ့ဆုံချိန်အတွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ်က ထပ်မံ တောင်းဆိုခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ပြောပြပါတယ်။


ဒီမိုကရေစီစနစ်ကျင့်သုံးပြီး တည်ငြိမ် သာယာဝပြောတဲ့အနာဂတ် ဖော်ဆောင်ရေးမှာ ကုလ သမဂ္ဂက မြန်မာအစိုးရ၊ မြန်မာပြည်သူတွေနဲ့အတူ လက်တွဲလုပ်သွားဖို့ ရေရှည် ကတိပြုထား တယ်ဆိုတာကိုလည်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ထပ်မံအတည်ပြု ပြောခဲ့တယ်လို့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့အတွက် ဂျပန်နိုင်ငံနဲ့ မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများအဖွဲ့ကလဲ သောကြာနေ့က ဟနွိုင်းမှာ မဲခေါင်ထိပ်သီးညီလာခံအပြီး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။


30th Oct 2010 - MoeMaKa Daily

MoeMaKa Daily ပေးပို့လာသော Maung Yit" moemaka.org@gmail.com အားကျေးဇူးတင်ရှိပါသည်

Saturday, October 30, 2010

စည်းတိုက်တဲ့ည


လူသက်မှူးကြီး
လူရုပ်ြကီး
ဗိုလ်ချုပ်ရူးကြီးဟာ
သူကြီးပြင်းခဲ့ရာ
သူ့ရဲ့ရွာမဟုတ်တဲ့
မြို့ကြီးမှာ
ခြောက်လုံးပတ်ဝိုင်းဆရာကြီးပေါ့။

မိုးကြီးစုန်းစုန်းချုပ်ရော့
ဘေထိခေါ်သံကြားရာ
တ၀ါးဝါးရည်မောသံများနဲ့အတူ
ရွာဆော်ကြီးများရောက်လာခဲ့ကြ။

ဇာတ်ထုတ်ဟောင်းကြီး
စည်းတိုက်တဲ့ည
ဝိုင်းတော်သားများနဲ့
လူသတ်မှူးကြီး
လူရုပ်ကြီး
ဗိုလ်ချုပ်ရူးကြီးပေါ့
ခေါင်းထောင်မပျက်
တချက်ချင်းပတ်မကြီးဖိတီးပြ
အချီ့ အချ
အတက်အဆင်း
ဘေထိသံပြင်းပြင်းနဲ့
ဆက်တွန်းနေရဲ့။

ညဘယ်လိုနက်သွားတယ်
သိသော်လည်း
နှဲအချွှဲ့ ယခွန်းအဆွဲ
ဟာခနဲ ဟင်းခနဲ
အုပ်အော်သောင်းနင်း
ဘေထိသံရှည်မျောထဲ
တ၀ိုင်းတော်သားလုံး
့ 
ရင်ခုံသံနဲ့အတူ လွင့်ပျံရီဝေလို့ ။့

နက်သထက် နက်တဲ့
ညထဲ
ဘေထိ
ဘေထိသာ
အသေအချာရလိုက်ပြီးနောက်
မိုးစင်းစင်းလင်းသွားတဲ့အခါ
ရွာဆော်ကြီးများ
ဇာတ်ထုတ်ဟောင်းကြီးထဲ
အိပ်မောကျဟောက်သံတွေသာ
ကာရံညီတေးသွားအဖြစ်ကျန်ခဲ့လေရဲ့။

ကျနော်ဆွဲဖွင့်မိသော တံခါးများ

ဒီမိုကရက်တစ် မြန်မာ့အသံ

Wednesday, October 27, 2010

ဒုတိယ ပင်လုံညီလာခံ ကျင်းပရန် ရွေးကောက်ပွဲ ၀င်မည့်ပါတီတချို့ ထောက်ခံ

ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အဓိကထား တောင်းဆိုခဲ့သည့် ကလေးမြို့ဆုံးဖြတ်ချက် ကြေညာစာတမ်းအား ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ တချို့က ထောက်ခံလိုက်ကြောင်း သိရှိရသည်။
ဒီမိုကရေစီနှင့် တန်းတူအခွင့်ရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသားပြည်သူ အားလုံး အတူတကွ လက်တွဲပြီး ဒုတိယပင်လုံညီလာခံကို ခေါ်ယူကျင်းပသွားမည်၊ ထိုညီလာခံကြီး အမြန်ဆုံးကျင်းပရန် ပြည်သူတရပ်လုံးက ကြိုးပမ်းသွားကြရမည်ဟူ၍ ကလေးမြို့ ကြေညာစာတမ်းတွင် ပါရှိသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး တောင်းဆို ချက်ကို ထောက်ခံကြောင်းနှင့် တိုင်းရင်းသားများလည်း ညီညွတ်သင့်နေပြီဖြစ်ကြောင်း ပြောသည်။

ဒေါက်တာ အေးမောင်က“ကျနော်တို့ပါတီ စတင်ထူထောင်စဉ်ကတည်းက တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်တဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကို ဦးတည်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူ အခွင့် အရေး ရရှိရေး ဆိုတာတွေက ကျနော်တို့ အလေးထားစဉ်းစားထားရတဲ့ အချက်တွေဖြစ်ပါတယ်”ဟု ဆိုသည်။

သို့သော် လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး“ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံ၊ မခံ ဆိုတာက တပိုင်းပေါ့ဗျာ၊ ဒါပေမယ့် နောက်ထပ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တရပ် ပေါ်ထွန်း လာအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်သေးဘူး၊ ကျနော်တို့တွေက ဦးတည်ချက်ကတော့ ဒီမိုကရေစီ ပန်းတိုင်ပဲ၊ ဒီပန်းတိုင် ကို ကျနော်တို့ကလည်း ကျနော်တို့လမ်းအတိုင်း လျှောက်ရမှာပဲ”ဟုလည်း ဒေါက်တာ အေးမောင်က ပြောသည်။

ပထမ ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် ရှမ်း၊ ချင်း၊ ကချင် စသည့် တိုင်းရင်းသားခေါင်းဆောင်များက မြန်မာပြည် လွတ်လပ်ရေးအတွက် လက်မှတ် ရေးထိုး၍ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည်။


ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးအဆိုကို ဇိုမီး အမျိုးသား ကွန်ဂရက်မှ ဦးဆောင်ပြီး တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေး သမားများက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကလေးမြို့ကြေညာစာတမ်း အမည်ဖြင့် ထုတ်ပြန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

၎င်းကြေညာစာတမ်းတွင် ဒုတိယပင်လုံညီလာခံကြီးကို ခေါ်ယူကျင်းပသွားမည်၊ ပြည်သူများ လိုလားတောင့်တနေသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် တန်းတူညီမျှမှုတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်၊ လာမည့် ရွေးကောက်ပွဲသည် မည့်သည့်အပြောင်းအလဲကိုမျှ ဖော်ဆောင်ပေးမည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဆောင်ရွက်သွားမည် စသည့် အချက် ၃ ချက် ပါရှိသည်။

ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ သည် တိုင်းပြည်တွင် လက်ရှိဖြစ်ပျက်နေသည့် ကိစ္စများ၊ တိုင်းရင်းသားအရေးကိစ္စများ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စ များကို ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ပြောဆိုသည်။

အဲဒါကြောင့် လူတိုင်း လူတိုင်းရဲ့ အခွင့်အရေးတွေကို အာမခံပေးမယ့် ညီလာခံတခုကျင်းပဖို့ ကျနော်တို့ တောင်းဆိုတာပါ” ဟု ဦးပူကျင့်ရှင်းထန်က ဧရာဝတီသို့ ပြောသည်။

၎င်းတို့ ကျင်းပရန်တောင်းဆိုသည့် ညီလာခံမှတဆင့် တိုင်းရင်းသားပြည်သူ တရပ်လုံးက လိုလားတောင့်တနေသည့် စစ် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးပူကျင့်ရှင်းထန်က ပြောသည်။

ယင်းတောင်းဆိုချက်ကို တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကျင်းပသည့် ဇိုမီးအမျိုးသားကွန်ဂရက်၏ ၂၂ နှစ် မြောက် အခမ်း အနားမှတဆင့် တောင်းဆိုခဲ့ကြပြီး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ကရင် အမျိုးသား ကွန်ဂရက်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် စသည့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ခေါင်းဆောင် များက လက်မှတ် ရေးထိုး ထောက်ခံခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က“ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူခဲ့ကြတဲ့ ပင်လုံညီလာခံထဲက အချက်အလက်တွေကိုတောင်မှ အကောင်အထည် မဖော်နိုင် သေးတဲ့အပြင် ပြည်တွင်းစစ်မီးကလည်း မငြိမ်းသေးဘူး၊ အပစ်ရပ် အဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတာတွေလည်း ရှိသေး တယ်။ အဲဒါတွေကိုဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်”ဟု ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦး စင်္ကာပူနိုင်ငံသို့ သွားရောက်ဆေးကုခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရနှင့် တိုင်းရင်းသားများအကြား ဖြစ်ပျက်နေသည့် ပြဿနာများကို ကြားဝင်စေ့စပ်ပေးရန် အသင့်ရှိကြောင်း ပြောဆိုခဲ့ဖူးသည်ဟု ဦးတင်ဦးက စင်္ကာပူနိုင်ငံတွင် ပြောဆိုခဲ့သည်။

ဒီမိုကရက်တီပါတီ (မြန်မာ) မှ ဦးသုဝေကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံသည့် တွေ့ဆုံဆွေးနွေးမှု သည် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍတွင် အရေးပါသောအချက်တချက်ဖြစ်ကြောင်း၊ သို့သော် လက်တွေ့တွင် အမှန်တကယ် ဖြစ်လာနိုင်ခြင်း ရှိ မရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောသည်။

“တိုင်းရင်းသားတွေ အရေးကိစ္စအတွက်ဆိုရင် ပြည်တွင်းစစ်မီးကို အရင်ဆုံး ငြိမ်းအောင်လုပ်ရမယ်၊ အဲလို ငြိမ်းဖို့အတွက် အစိုးရကပါ ပါဝင်လုပ်ဆောင်မှ ရလိမ့်မယ်။ အဲဒါကြောင့် သူတို့တောင်းဆိုတဲ့အပေါ်ကို အစိုးရက ဘယ်လိုမြင်တယ် ဆိုတာ ကလည်း အရေးကြီးတယ်”ဟု ဦးသုဝေက ဧရာဝတီသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တိုင်းရင်းသားအများစုက လက်မခံကြကြောင်း၊ ပင်လုံညီလာခံမှတဆင့်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကဲ့သို့ ဒီမိုကရေစီ ပြည်ထောင်စု၊ တိုင်းရင်းသားအခွင့်အရေး၊ လူ့အခွင့်အရေးတို့ကို အာမခံနိုင်သည့် ဥပဒေ တရပ် ပြန်လည်ရေးဆွဲရန်လိုအပ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

အခမ်းအနားတွင် National Reconciliation Hero Award အား ဇိုမီးအမျိုးသားကွန်ဂရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ဦးဝင်းတင်ကို ပေးအပ်ခဲ့သည်။ ဒု ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယခင်နှစ်များက အလားတူ ဆုမျိုး ရရှိခဲ့ဖူးသည်။

စစ်အစိုးရ၏ ဒို့တာဝန်အရေးသုံးပါးတွင် ပါဝင်သော အချက်တချက်ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ကလေးမြို့ကြေညာစာတမ်းပါ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့သည် တိုင်းရင်းသားများအပေါ်တွင် မည်မျှထိရောက်မှု ရှိမည်နည်း ဆိုသည့်အချက်သည် လည်း မေးခွန်းထုတ်စရာပင် ဖြစ်သည်။
 "moemaka" moemaka@googlegroups.com မှ

Tuesday, October 26, 2010

မြန်မာနိုင်ငံတွင် မတွေ့ရသေးသော ငါးမျိုးစိတ်သစ် စစ်ကိုင်း နဘက်တွင်တွေ့ရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၁- စစ်ကိုင်းတိုင်း ဒေသကြီး မြောင်မြို့နယ် နဘက်ကျေးရွာ တွင် ငါးမျိုးစိတ်သစ်တစ်ခုတွေ့ရှိခဲ့ရကြောင်း သိရသည်။

နဘက်ကျေးရွာမှ ရေလုပ်သား ကြီး ဦးအောင်ကြည်သည် ၂၀၁၀ပြည့်နှစ် သြဂုတ်လက နဘက်ကျေးရွာအရှေ့ဘက် အိုင်မကြီး အိုင်မငယ်အင်းအတွင်းမှ ထူး ဆန်းသောငါးသုံးကောင်ကို ဖမ်းဆီးရမိခဲ့ သည်။ ထိုငါးသုံးကောင်သည် မြန်မာနိုင်ငံ တွင် တွေ့ကြုံဖူးသေးခြင်းမရှိသော ငါးမျိုးစိတ် သစ်များဖြစ်ကြောင်း သိရသည်။

၎င်းင်းငါး၏ ခန္ဓာကိုယ်တစ်ခုလုံး တွင် ဆေးရောင်ခြယ်ထားသကဲ့သို့ အနက် ရောင်အကွက်ကျားများဖြင့် လွန်စွာလှပပြီး လူကိုင်ထားလျှင် ဒေါသတကြီးဖြင့် ဆူးတောင် များထောင်ထားကာ ရုန်းကန်နေတတ်သည်။ ငါး၏ထူးခြားချက်မှာ အကြေးခွံများမပါရှိ ဘဲ ပလတ်စတစ်ငါးတစ်ကောင်ကိုကိုင်ကြည့် ရသကဲ့သို့ မာကျောကြမ်းတမ်းသောအတွေ့ အထိကို ထူးခြားစွာခံစားရသည်။ ငါးပါးစပ် မှာ အထူးခြားဆုံးဖြစ်ပြီး တချို့ငါးများပါနေ ကျနေရာတွင်မပါရှိဘဲ ၀မ်းဗိုက်အရှေ့ပိုင်း မူလငါးပါးစပ်နေရာအောက်တွင် ပါရှိနေခြင်း ဖြစ်သည်။ အရွယ်အစားမှာ ၁၀လက်မ အရွယ်ခန့်ဖြစ်ပြီး တစ်ပေကျော်သော ထို ငါးမျိုးများကို အိုင်မကြီးအိုင်မငယ်အင်းတွင် ယခုအခါ မြင်တွေ့နေရကြောင်း ဦးအောင် ကြည်က ပြောသည်။

ငါးမျိုးစိတ်သစ်ကို စိတ်ဝင်စား၍ လေ့လာလိုသူတိုင်း စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် နဘက်ကျေးရွာမြောက်အရပ် ရှိ ရေလုပ်သားကြီး ဦးအောင်ကြည် မွေးမြူ ထားသော ငါးမျိုးစိတ်သစ်သုံးကောင်ကို သွားရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

Video: The Iron Cross 20th Anniversary Live Concert, Yangon


Monday, October 25, 2010

ဒုတိယပင်လုံ

ကဗျာပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်

မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးသို့ လေကြောင်းခရီးဖြင့် ပြည်တွင်းထုတ်ဂျာနယ်များ တင်ပို့မှုကို ခွင့်မပြုတော့ကြောင်း သိရ

မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအသီးသီးသို့ လေကြောင်းခရီးဖြင့် ပြည်တွင်းထုတ်ဂျာနယ်များ တင်ပို့မှုကို ယနေ့ (၂၅-၁၀-၂၀၁၀) မှစ၍ ခွင့်မပြုတော့ကြောင်း စုံစမ်းသိရှိရသည်။

''မနေ့က (၂၄-၁၀-၂၀၁၀) အထိ လေယာဉ်နဲ့ဂျာနယ်တွေ ပို့ခဲ့ပါတယ်။ ဒီမနက်မှာ ပုံမှန်အတိုင်း ပို့ဖို့သွားတော့မှ ခွင့်မပြုတော့ဘူးဆိုတာ သိရပါတယ်''ဟု ဂျာနယ်ဖြန့်ချိရေး ကိုယ်စားလှယ်တစ်ဦးက ပြောပြခဲ့ပါသည်။ ''မြိတ်ဘက်မှာ ရွေးကောက်ပွဲ မဲမပေးဖို့ လှုံ့ဆော်စာတွေ တွေ့တယ်လို့ ကြားပါတယ်။ အဲဒီစာတွေက လေယာဉ်နဲ့ပို့တာလို့ ယူဆတဲ့အတွက် အခုလို ပိတ်လိုက်တာလို့လည်း ကြားပါတယ်။ လောလောဆယ်မှာ လေယာဉ်နဲ့ပို့တဲ့ စာတွေကိုလည်း စာအိတ်အသေးကအစ ဖွင့် ဖောက် စစ်ဆေးတယ်လို့ သိရတယ်''ဟု လေယာဉ်ဖြင့် ပစ္စည်းတင်ပို့နေသူ တစ်ဦးက ပြောပြပါသည်။
"ဒီနေ့မနက်(၂၅.၁၀.၂၀၁၀)ကစပြီး လုံခြုံရေးအရ ခေတ္တပိတ်ထားတာပါ"ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ပြည်တွင်းထုတ် ဂျာနယ်များကို တစ်ဆင့်ပြန်လည် ဖြန့်ချိရောင်းချသော ကိုယ်စားလှယ်များ အနေဖြင့် ပြည်တွင်းရှိ ဝေးလံသော ဒေသအချို့သို့ ဂျာနယ်များ ပေးပို့ရာတွင် လေကြောင်း ခရီးဖြင့် တင်ပို့မှုကို အားထား ပြုလုပ်လျက်ရှိရာ ယခုကဲ့သို့ လေယာဉ်ဖြင့် တင်ပို့ခွင့် မရတော့သည့်အတွက် ကား၊ ရထားတို့ဖြင့် ပြောင်းလဲတင်ပို့ရန် လတ်တလော စီစဉ်လျက် ရှိကြောင်းလည်း သိရသည်။

''လေယာဉ်နဲ့ တင်ပို့ခွင့်ရတုန်းကတော့ အချိန်ကြန့်ကြာမှု မရှိပေမယ့် အခု ကားတို့၊ ရထားတို့နဲ့ အဆင်ပြေသလို ကြည့်ပို့ရမှာ ဖြစ်တဲ့အတွက် လမ်းခရီးကြန့်ကြာမှု အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ကျိုင်းတုံ၊ တာချီလိတ်လို နေရာမျိုးကို ကားနဲ့ပို့ရင် သုံးရက်လောက်ကြာပါတယ်။ အားကစားဂျာနယ်တွေ အပါအ၀င် သတင်းဂျာနယ်အချို့မှာ ပါတဲ့ နောက်ဆုံးသတင်းတွေကို စာဖတ်သူတွေက နောက်ကျမှ ဖတ်ရတော့မှာပါ။ အဲဒီအတွက် ဂျာနယ် ဈေးကွက်အပေါ် သက်ရောက်မှုတော့ အနည်းနဲ့အများ ဖြစ်လာမှာပဲ'' ဟု ဂျာနယ်ဖြန့်ချိရေး ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

''အခုလိုလေယာဉ်နဲ့ ဂျာနယ်ပို့တာတွေကို ခွင့်မပြုတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက လေယာဉ်နဲ့ဂျာနယ် တင်ပို့နေသူတွေကို ခေါ်ယူ တွေ့ဆုံမယ်လို့ သိရပါတယ်''ဟု လေယာဉ်ဖြင့် ဂျာနယ်တင်ပို့နေသူ တစ်ဦးက ပြောပါသည်။

ဂျာနယ်များကို လေယာဉ်ဖြင့် အဓိက တင်ပို့လေ့ရှိသည့် ဒေသအချို့
တာချီလိတ်၊ ကျိုင်းတုံ၊ မြစ်ကြီးနား၊ ပူတာအို၊ ကလေး၊ တောင်ကြီး၊ ဟဲဟိုး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း
ပြည်တွင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိသော လေကြောင်းလိုင်းများ
မြန်မာ့လေကြောင်းလိုင်း၊ Air Mandalay၊ Air Bagan၊ Yangon Airways
မူရင်းhttp://www.news-eleven.com/

Sunday, October 24, 2010

ရွှေဝါရောင်တော်လှန်ရေးတွင်ဦးဆောင်ပါဝင်ခဲ့သော အရှင်ဦးထာဝရနှင့်တွေ့ဆုံခြင်း(၁)(၂)

ရွှေဝါရောင်တော်လှန်ရေးတွင်ဦးဆောင်ပါဝင်ခဲ့သော အရှင်ဦးထာဝရနှင့်တွေ့ဆုံခြင်း(၁)
ရွှေဝါရောင်တော်လှန်ရေးတွင်ဦးဆောင်ပါဝင်ခဲ့သော    အရှင်ဦးထာဝရနှင့်တွေ့ဆုံခြင်း(၂)
  copy from 8888peoplepower@yahoogroups.com,

မဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးရှိ စက်ရုံအလုပ်ရုံ လေးထောင်ကျော်ကို ပိတ်ပေးမည်

စက်မှုဇုန်လုပ်သား နှစ်သိန်းဝန်းကျင် ဆန္ဒမဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့(တနင်္ဂနွေနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံအလုပ်ရုံ လေးထောင်ကျော်ကို ပိတ်ပေးရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

Saturday, October 23, 2010

Typhoon Megi arrives in China

 Cyclone brings torrential rains and powerful winds to Fujian province, shutting down public services.
The typhoon had already killed 36 people in the Philippines as it triggered widespread flooding [AFP] 
Typhoon Megi, the strongest storm to sweep through the northwest Pacific in two decades, has hit southern China, bringing torrential rains and powerful winds that prompted officials to shut down public services across the region, state media reported.

“တို့လျှောက်ရမဲ့လမ်း”အသံလွှင့်ဇာတ်လမ်း

Get this widget

Track details

Thursday, October 21, 2010

အပိုင်နော်ကြံလိုက်ထင် တိုင်ပေါ်အလံစိုက်တင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်ပါ အလံသစ်၊ နိုင်ငံတော်တံဆိပ်နဲ့ နိုင်ငံတော်သီချင်းများကို လက်ရှိအာဏာသိမ်းစစ်အုပ်စုက သုံးခွင့်မရှိသေးပါ။ အများလက်မခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခု မေလက မသမာမှုနည်းပေါင်းစုံနဲ့ လူထုဆန္ဒခံယူပွဲကို အဓမ္မပြုလုပ်ခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘောတူကြောင်း အဓမ္မဆန္ဒပြု မဲပေးစေခဲ့တဲ့အဆင့်ပဲရှိသေးတာပါ။ အာဏာ သက်ရောက်နိုင်မှု အတည်မဖြစ်သေးပါဘူး။

အများလက်မခံနိုင်တဲ့ နအဖ တဘက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေဟာ ဘယ်အ ချိန်မှာ တရားဝင်မှာပါလဲ။ နအဖ သဘောကျရေးထားတဲ့ အဲဒိအခြေခံဥပဒေထဲက ပုဒ်မတွေကို ဆန်းစစ်ကြည့်ရင် ဘယ်အခါမှ အတည်ဖြစ်လာမှာမဟုတ်ကြောင်းကိုတွေ့ရမှာပါ။
“ပုဒ်မ ၄၄၁။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြုပြဌာန်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ် တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တဝန်းလုံး၌ အာဏာတည် သည်။

ပုဒ်မ ၇၈။ ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်းကျင်းပရမည်။
ပုဒ်မ ၁၂၄။ (က) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ်ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်။”

ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက်မှ ပထမအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးကို နအဖ ကခေါ်ယူကျင်းပပေးရမည်။ တဲ့ (၁၂၄-က)
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပ သည့်နေ့မှစ၍ နိုင်ငံတော်တဝန်းလုံး၌ အာဏာတည်သည်။ တဲ့ (၄၄၁)
ပထမအကြိမ်အစည်းအဝေး စတင်တဲ့နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာတည်မှာတဲ့-
ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးမှ ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပပေးရမှာတဲ့။ ပထမအကြိမ်အစည်းအဝေး စတင်တဲ့နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေက အာဏာတည်မှာတဲ့-
ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာမတည်သေးလို့ ပထမအကြိမ်အစည်းအဝေး စတင်မကျင်းပပေးနိုင်၊ ပထမအကြိမ်အစည်းအဝေး စတင်မကျင်းပပေးနိုင်သေးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာအတည် မဖြစ်သေး။ ကဲ ဘယ်တော့ စတင်ကျင်းပပေးနိုင်လို့ ဘယ်တော့အာဏာတည်နိုင်မှာလဲ။ လွှတ်တော် လဲ စ နိုင်မှာမဟုတ်သလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေလဲ အာဏာတည်သက်ရောက်လာမှာမဟုတ်တော့  ပါ။  အတော့်ကိုတော်တဲ့ ဥပဒေပညာရှင်များရဲ့ ပညာခန်းပါပဲ။ နအဖ ကိုယ့်ရှူးကိုယ်ပတ်သွားအောင် လုပ်ဆောင်လိုက်တဲ့ “ငြိမ်သက်တော်လှန်ရေး (passive resistance)ရဲ့ နည်းဗျူဟာပြောင်မြောက် ချက်ပါပဲ။

ဒီ နည်းဗျူဟာမျိုးကို တော်လှန်ရေးကောင်စီလက်ထက်မှာလဲ စစ်အာဏာရှင်စံနစ်ကိုမကြိုက်တဲ့ ပညာ
ရှင်များသုံးခဲ့ကြပါသေးတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အတွက် စီးပွားရေးစီမံကိန်းတွေကို ပညာရှင် များအား ရေးဆွဲစေခဲ့ပါတယ်။ စီမံကိန်းတွေကတော့ ဘတ်ကြည့်လိုက်ရင် အလွန်လက်ခံနိုင်စရာ ကောင်းတဲ့စာတမ်းတွေပါ။ လုပ်ငန်းမကျွမ်းကျင်သူတွေ ကိုင်တွယ်အကောင်အထည်ဖော်ရင်တော့ အကျိုးနည်းဘို့များပါတယ်။ လူမှန်နေရာမှန်မရှိတဲ့ အုပ်ချုပ်ရေးယန္တရားနဲ့တွေ့တော့ သာဆိုးတော့တာ ပေါ့။ ငြိမ်သက်တော်လှန်ရေးဆင်နွှဲကြတဲ့ ပညာရှင်များကတော့ ဒီစစ်ဗိုလ်တွေ ဒီ“ဂယ်ပေါက်”က မလွတ်နိုင်ပါဘူးလို့ ပြောခဲ့ကြပါတယ်။ ဘယ်“ဂယ်ပေါက်”လဲမေးတော့ စီးပွားရေး“ဂယ်ပေါက်”ပေါ့လို့ ဖြေကြပါတယ်။ အမှန်ပါပဲ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်း ဝင်သွားခဲ့တာ သက်သေပါပဲ။

တရားမဝင်တဲ့အလံကိုအသုံးပြုလိုက်တော့ အခုလိုအသုံးပြုတဲ့လက်ရှိအစိုးရဟာ တရားမဝင်အစိုးရလို့
ဖော်ညွှန်းတာဖြစ်နေပြီလေ။ တရားမဝင်ကြောင်းကို နအဖကိုယ်တိုင် ကိုယ့်ကိုယ်ကို လက်ညှိုးထိုးပြ ဝန်ခံနေတာပါ။ တခြားသူတွေပြောနေတာတောင် မဟုတ်တော့ပါဘူး။
အာဏာသက်ရောက်မှု အတည်မဖြစ်နိုင်မဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ အလံသစ် ကို ရွေးကောက်ပွဲပြီးမှကျင်းပမဲ့လွှတ်တော်က ဖွဲ့စည်းမဲ့ အစိုးရသစ်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှ သုံးစွဲနိုင်မှာပါ။ အခုလဲ သူတို့အစိုးရ၊ နောက်တက်မဲ့ဟာလဲ သူတို့အစိုးရပဲလို့ ပြောင် ပြောင်တင်းတင်း ဖွင့်မပြောရုံတမယ်ပါပဲ။ “အပိုင်နော်ကြံလိုက်ထင် တိုင်ပေါ်အလံစိုက်တင်” လိုက်ပါပြီ။

ပြီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာလဲ နအဖ နိုင်ငံခြားရေးဝန်ကြီးက နောက်တက်မဲ့အစိုးရ ကလဲ လက်ရှိနိုင်ငံခြားရေးမူအတိုင်းဆက်သွားမှာပါတဲ့။ ပြောချက်ကတော့အပိုင်ပဲ။ ရွေးကောက်ပွဲဖြင့် မလုပ်ရသေးဘူး နောက်ဘယ်အစိုးရတက်မယ်ဆိုတာ အသေအချာသတ်မှတ်ပြီးသားဆိုတဲ့ သဘော ပါ။ နောက်တက်မဲ့အစိုးရဟာ သူတို့ပဲလို့ပြောသွားတာပါပဲ။ ဣနြေ္ဒတောင်မဆောင်နိုင်တော့ပါလား။ အပိုင်ကို ပြောဆိုလုပ်ကိုင်နေကြတာပါ။

ရွေးကောက်ပွဲကော်မရှင်နဲ့ ကော်မရှင်ဥပဒေအထက်မှာ ကြံ့ဖွံ့ပါတီဝင်ကိုယ်စားလှယ်များဖြစ်ကြတဲ့ လက်ရှိအစိုးရအဖွဲ့ဝင်ဝန်ထမ်းများ ရှိနေကြပါတယ်။ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း မဲဆွယ်စည်းရုံးရေး ဆင်းနေကြပါတယ်။ ပြည်သူ့အာဏာ၊ ပြည်သူ့ဘဏ္ဍာတွေအလွဲသုံးနေကြပါတယ်။ ကြံ့ဖွံ့နာယကကြီး ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကလဲ ကြံ့ဖွံ့ပါတီရဲ့ပြိုင်ဘက်များကို မတရားတဲ့ကော်မရှင် ဥပဒေတွေနဲ့ နှိပ်ကွပ်လျက်ရှိနေပါတယ်။ ရွေးကောက်ပွဲရလဒ်တောင်မထွက်သေးပဲနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ လျာထားချက်ကို အမည်နဲ့တကွ လျှို့ဝှက်ကြေညာထုတ်ပြန်ထားတယ်ဆိုတာလဲ ပေါက်ကြားနေပါတယ်။ လက်ရှိစစ်အာဏာရှင်ရဲ့ ကြံ့ဖွံ့ပါတီဟာ “နိုင်လဲနိုင် ရှုံးလဲနိုင်”မူ ကိုင်ဆွဲလျက် နိုင့်ထက်ကလူ ဆောင်ရွက်နေကြပါတယ်။
တကယ့်ကိုပဲ “အပိုင်နော်ကြံလိုက်ထင် တိုင်ပေါ်အလံစိုက်တင်”နေကြလျက်ပါ။
ဆောင်းပါးပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်

အာဏာရဘို့ နံပါတ်တစ်

အာဏာရဘို့ နံပါတ်တစ်
(အမေ့သား_ဒိန်းမတ်)
မဲပေးပေး မပေးပေး ပေး
အတင်းထည့်ခိုင်းမှာပဲ နော်
မနိုင်နိုင် နိုင် နိုင်နိုင် နိုင်
မဲ ခိုးလိုက်တော့ ဒို့တတွေနိုင်
မထည့်ထည့် ထည့် ထည့်ထည့် ထည့်
တယောက်ထဲ ထည့်လည်းရတာပဲ
ရှင်ပြိုင်ပြိုင် ပြိုင် မပြိုင်ပြိုင်
တပါတီထဲပဲ ဒို့တတွေပြိုင်
စောင့်ကြည့်ကြည့် မကြည့်ကြည့် ကြည့်
အတင်းလိုက်ဖမ်းမှာပဲနော်
မရွေးရွေး ရွေး ရွေးရွေးရွေး
အတင်းရွေးခိုင်းမှာပဲ နော်
မတရားရား ရား ရားရား ရား
အာဏာရဘို့ နံပါတ်တစ်။

Photo of the year

Wednesday, October 20, 2010

ရဲရွာ ရေအားလျှပ်စစ် ဆည်ကျိုးပေါက်တော့မည် (သတင်းရင်းမြစ် - ဆည်မြောင်းဌာန)

ရဲရွာ ရေအားလျှပ်စစ် ဆည်ကျိုးပေါက်တော့မည် (သတင်းရင်းမြစ် - ဆည်မြောင်းဌာန)
အောက်တိုဘာလ ၂၀ ရက်နေ့  ည ၉ နာရီတွင် FNG မှ နောက်ဆုံးရရှိသည့် သတင်းများ အရ မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် ထားသည့် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ၏ ရေလွှတ် ပင်မဆည် မြောင်းမှာ တောင်ပေါ်မှ ကျလာသည့် ပြင်းထန်သော ရေဖိ အားများကြောင့် ကျိုးပေါက်တော့မည် အခြေအနေရှိသည်ဟု မန္တလေးမြို့ ဆည်မြောင်းဝန်ကြီးဌာနမှ အင်ဂျင်နီယာ တစ်ဦး က Freedom News Group သို့ ည ၁၀ နာရီ တွင် အတည်ပြုပြောကြားပါသည်။

ထပ်မံတိုးတက်မှု ရှိသည့် သတင်းအခြေအနေ နှင့် အပြည့်အစုံ ကို FNG မှ ထပ်မံဖော်ပြပေးပါမည်

ရဲရွာဆည်က တဖြည်ဖြည်း အိလိုက်လာပြီ ၊ ၄၈ နာရီ လောက်ထိ ခံဖို့ ဆိုတာ နောက်ဝင်လာတဲ့ ရေပေါ်မှာ မူတည် တယ်။ Spill Way တွေ ၊Fill Bucket တွေ Bottom Outlet Chamber တွေ ကို အကုန် လုံးတိုက်ပြီး ပွင့်သွား နိုင်တယ်။ အရေးကြီး ဆုံး အခြေအနေမို့  မေးနဲ့ လှမ်းပို့ လိုက်တာပါ။

Sunday, October 17, 2010

သစ္စာပန်းတခိုင်

ကဗျာပေးပို့လာသောဆရာကြိုင်လှမောင်မောင်အားကျေးဇူးတင်ရှိပါသည်

ဒို့အခွင့်အရေး ကိုယ်တိုင်ရွေး

စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ဖိနှိပ်မှုတွေအောက်မှာပဲ ရန်ကုန်က လူငယ်တွေက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ သဘောထားကို အခုလို ရဲရင့်ပြတ်သားစွာဖော်ပြလာကြတာကို တွေ့ရပါတယ်။
 ------------------------------------------------------------------------------------------------------------
------------------------------------------------------------------------------------------------------
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုံခြုံရေးအရာရှိ မီးလောင် သေဆုံး

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လုံခြုံရေးအရာရှိ ဗိုလ်ကြီးနေဇာဌေးဟာ အောက်တိုဘာ ၇ ရက်နေ့က မီးလောင်ဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ နေပြည်တော် ကကကြည်းမှ အရာရှိတဦးက ပြောဆိုပါတယ်။

"သူ့မိန်းမနဲ့ သူနဲ့စကားများရန်ဖြစ်ကြတော့ မိန်းမဖြစ်သူက သူ့အိပ်နေတုန်းဓါတ်ဆီလောင်းပြီး မီးရှို့တယ်။ ဆေးရုံမှာ ၃ ရက်လောက် ကုသပေမယ့် မရတော့ပါဘူး"လို့ အဆိုပါ အရာရှိက ဧရာဝတီနဲ့ ပြောခွင့်ရခိုက်လေး ခနအတွင်းမှာ ပြောဆိုသွားတာပါ။

ဗိုလ်ကြီးနေဇာဌေးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အတူ လာအို ခရီးစဉ်က အပြန်မှာ မိန်းမနဲ့စကားများ ရန်ဖြစ်ခဲ့ရတာဖြစ်ပြီး သူဟာ ဗိုလ်ကြီးအဆင့်နဲ့ ဗိုလ်မှူးလစာရရှိနေသူဖြစ်တယ်လို့လည်း သိရပါတယ်။
ဖြစ်စဉ်အပြည့်အစုံကို သိနိုင်ဖို့ ဧရာဝတီဆက်လက်စုံစမ်းနေပါတယ်။
မူရင်းသတင်းhttp://www.irrawaddyblog.com/

Saturday, October 16, 2010

တခါ တခါ ချစ်ကဗျာတွေ ရေးသီရတာ စိတ်ကိုသစ်ဆန်း နုပျိုစေသလို...ပဲ

အို...အို စွဲနေပြီ
သူမလာတဲ့ အခါမျှော်
သူလာရင်ပျော်လေနိုး နဲ့
တခါ တခါ အိမ့်မက်ကမ္ဘာထဲ
မခေါ်ပဲနဲ့ ပေါ်ပေါ်လာတဲ့
ချစ်သူ့မျက်နှာ လွမ်းရင်းစိတ်ကူး
ကြည်နှုးခံစားမိလေသော်...အခါ၊
တနေ့ တနေ့ ပြန်လည်ဆုံမယ်
ရည်စူးသော်လည်း
ဆွေး တမြေ့မြေ့က ကြာလာသော်လည်း
အို ဟောင်းမသွားပဲ နုယဉ်သစ်ဆန်း
သူ့တယောက် အပေါ် သည်းစိုင်ရင်ထဲ
အို...အို စွဲငြိနေပြီ...သခင်။

Dump Yard is their home

 
--------------------------------------------------------------------------------------------------------
The Scavengers (Burmese at the rubbish dump)

မြန်မာနိုင်ငံလုံးဆိုင်ရာအထွေထွေသပိတ်ကော်မီတီဖွဲ့စည်းကြောင်းကြေညာချက်

Copy from Tay Za Thura tayzathura@gmail.com 

Friday, October 15, 2010

အလကားလူ

အလကားလူ
(အမေ့သား _ ဒိန်းမတ်)

အာရုံထဲက့ စိတ်
နာတာလေးတွေ အပေါ်ပြန်ပြောင်းတွေး
ရှုးရှုး မူးမူး ချစ်ခဲ့လေသမျှ
ဗိုလ်ကျခဲ့တဲ့ သူလေးရေ
ချုပ်မရတဲ့ စိတ်အစဉ်နဲ့ မင်းရဲ့အပေါ်
မူးမိုက်ပြီး ဝေဒနာခံစား
ကြီးလေးတဲ့ အချစ်ရဲ့အပြစ်ဒဏ်နဲ့
သန်းခေါင်ယံ ညအလယ်မှာ
ရွှေရောင်အဆင်းမရှိတဲ့ မင်းဘဝဟာ အလကား။

Wednesday, October 13, 2010

Global wedding surge on 'lucky day'

Thousands of couples tie the knot on 10/10/10, a date that has symbolic and superstitious value.

မိုးရွာတုန်းရေခံ ရေလျှံတုန်း မဲဆွယ်

ဘီရုမာ ကာတွန်း
http://www.irrawaddy.org/bur/

Tuesday, October 12, 2010

Chile mine rescue hours away

Rescue operation to get 33 miners, trapped for more than two months, to the surface to begin at 2300 GMT.
An exclusive last glimpse of life deep inside the mine as trapped miners await rescue.

Monday, October 11, 2010

နအဖ လက်နက်ခဲယမ်းသိုလှောင်ရုံ မီးလောင်ပေါက်ကွဲ

ဗုံးပေါက်ကွဲသည့်နေရာပြမြေပ

Monday, 11 October 2010 16:58 သျှမ်းသံတော်ဆင့်
ယမန်နေ့မနက်ကသျှမ်းပြည်အရှေ့ပိုင်းမိုင်းဆတ်မြို့စစ်လက်နက်ပစ္စည်းသိုလှောင်ရုံမီးလောင်ပေါက်ကွဲသဖြင့် ပျက်စီး ဆုံးရှုံးမှု များပြားကြောင်း ဒေသခံလူထုများ ပြောပြချက်အရသိရပါသည်။

မီးစွဲလောင်မှုကြောင့် ၈၁ မမ၊ ၁၂၀ မမ ဗုံးသီးများအပါအ၀င် လက်နက်ကြီးများသိုလှောင်ထားသော မြေအောက်ခန်းပါ ဂိုဒေါင် ၂ ရုံပြာကျကုန်သည်ဟု နယ်စပ်ရောက် မိုင်းဆတ်ဒေသခံတဦးကပြော၏။

“ပေါက်ကွဲပြီး မီးလောင်တာ။ လက်နက်ရုံရော ပါတ်ဝန်းကျင်က အဆောက်အအုံတွေပါ လောင်ကုန်တာ။ စစ်တပ်သတင်း အရဆိုရင်တော့ ၀ သို့မဟုတ် သျှမ်းတပ်တို့ရဲ့လက်ချက်လို့စွပ်စွဲတယ်။ ရပ်ကွက်သတင်း အရဆိုရင်တော့ စစ်တပ်ထဲက လူကဘဲ ပြန် လုပ်တာ လို့ထွက်တယ်။ အဖြစ်နိုင်ဆုံးကတော့ လျှပ်စစ်မီးဝါယာရှော့ခ် ကြောင့်လို့ ခန့်မှန်းကြ တာပေါ့” - ဟု အဆိုပါ နီးစပ်သည့် မိုင်းဆတ်ဒေသခံက ပြောပါသည်။


ထိခိုက်ရှနာ နှင့်အသေအပျောက် မရှိဟု သတင်းထွက်နေသော်လည်း မတည်မပြုနိုင်သေးသည့် သတင်းအရ ၃ ယောက် သေဆုံး ကာ ၁ ယောက်ဒဏ်ရာရသည်ဟု ဆိုသည်။

နအဖ တပ်တွင်း ပေါက်ကွဲမှုဖြစ်ပွါးသောကြောင့် ၀ (သို့မဟုတ်) SSA တပ်ဖွဲ့ လက်ချက် လုံးဝ မဖြစ်နိုင်ကြောင်း သျှမ်းပြည် နိုင်ငံရေး၊ စစ်ရေးစောင့်ကြည့်လေ့လာသူ ထိုင်းနယ်စပ်နေ အသက် ၅၀ ကျော် သျှမ်းအမျိုးသား တဦးက သုံးသပ်၏။

“အသွင်ပြောင်းရေးငြင်းဆန်တဲ့ အပစ်ရပ်တွေနဲ့ နအဖ ကြား တင်းမာနေတဲ့ အခြေအနေမှာ အခုလို လက်နက်သို လှောင်ရုံ ဗုံး ပေါက်ကွဲမှု ဖြစ်လိုက်တဲ့အပေါ် လူထုက အာရုံစိုက် နေကြတယ်။ တကယ်လို့ အခုတိုက်ကြမယ်ဟေ့ ဆိုရင်တောင်မှ တခြားက အကူအညီ တွေရမှ တိုက်နိုင်မှာ” ဟု လည်းဆက် ပြော၏။

အောက်တိုဘာ ၁၁ ရက် ယနေ့နံနက်ခင်းကဖြစ်ပွါးသော အဆိုပါ ပေါက်ကွဲမှုမှာ မိုင်းဆတ်မြို့အထွက် အနောက် တောင် ဘက် ၁ မိုင်ခန့်အကွာ၊ မိုင်းဆတ်-မိုင်းတုံကား လမ်းတောင်ဘက်ခြမ်း၊ နမ့်ဆွမ်ချောင်း မြောက်ဘက်ခြမ်း နမ့်ခုတ်နှင့် နမ့်ဆွမ်ချောင်းဆုံ အနီး ခမရ ၅၂၇ နှင့် အမြောက်တပ်အကြား၌ ဖြစ်၏။ ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး မိုင်းဆတ်မှ မိုင်းတုံသို့ထွက်သွားပြီးမကြာမီ ၀၇း၀၀ နာရီခန့်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မူရင်းသတင်းhttp://www.mongloi.org/burmese/

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်၌ ဒါးပိန်ဘူတာ အကျော်တွင် ရထား၂ စင်းတိုက်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့မီးရထားဝန်ထမ်း ၃ ဦးဒဏ်ရာရရှိ

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်၌ ရန်ကုန်တိုင်း အတွင်းရှိ ဒါးပိန်ဘူတာအကျော် ပဲခူးတိုင်း အတွင်းတွင် ရထားနှစ်စင်းတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ သိရှိရသည်။

ဖြစ်စဉ်မှာ အမှတ် ၈၀၃ ဆီတင်ကုန်ရထားတွဲနှင့် အမှတ် ၁ အဆန်စာပို့ရထားတို့ နံနက် ၅ နာရီခွဲ ၀န်းကျင်းအချိန်၌ တိုက်မိခဲ့ကြခြင်း ဖြစ်ပြီး ထိုသို့ မီးရထားနှစ်စင်း တိုက်မိမှုကြောင့် မြန်မာ့မီးရထားမှ ၀န်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက''ဒီနေ့ နံနက် ၅ နာရီခွဲ အချိန်မှာ အမှတ် ၈၀၃ ဆီတင်ကုန်ရထားတွဲနဲ့ အမှတ် ၁ အဆန်စာပို့ရ ထားနှစ်စင်း တိုက်မိပါတယ်။ လတ်တလောသတင်းတွေအရ ဆီတင်ကုန်တွဲရထားက လမ်းရှောင်ဖို့အတွက် လမ်း လွှဲဝင်တဲ့အချိန်မှာ နောက်ကလာတဲ့ အမှတ် ၁ ရထားက ၀င်ဆောင့်တယ်လို့အကြမ်းဖျင်း သိရပါတယ်။ဒီ မတော်တဆဖြစ်ပွားမှုကြောင့် မြန်မာ့မီးရထားဝန်ထမ်း ၃ ဦး ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒါးပိန်ဘူတာအကျော် နယ်နမိတ်သည် ပဲခူးတိုင်းအတွင်း ရောက်ရှိနေကြောင်း၊ ကျန်ရထားခရီးစဉ်များကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိကြောင်း သိရှိရသည်။
မူးရင်းသတင်း http://www.news-eleven.com/

Sunday, October 10, 2010

မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ် အချို့တွင် စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ

မန္တလေးတိုင်း ဒေသကြီး အတွင်း၌ အောက်တိုဘာလ ပထမပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး မန္တလေးမြို့ ၀န်းကျင်နှင့် ဒေသတွင်းရှိ မြို့နယ်အချို့တွင် ဆည်မြောင်း၊ ချောင်းများ ရေခံပြည့်လျံနေခြင်း၊ ဆည်ရေများ ဖွင့်ထုတ်ပေးခြင်း တို့ကြောင့် အောက်တိုဘာလ ၉ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။မန္တလေးမြို့တွင် အောက်တိုဘာလ ၈ ရက်နေ့က မိုးရေချိန် စံချိန်သစ် ၅.၁၂ လက်မ ရွာသွန်းခဲ့ပြီး ကာလတူ နှိုင်းယှဉ်ပါက ယခင် စံချိန်ကျိုးခဲ့သည့် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ရွာသွန်းခဲ့သော ၄.၂၅ လက်မထက် မိုးရေချိန် ၀.၈၇ လက်မ ပိုမို ရွာသွန်းခဲ့ကြောင်း မိုးဇလဌာန သတင်းထုတ်ပြန်ချက် အရ သိရသည်။

ထိုင်း ရော့ ခ် အဆိုတော်ကြီး ခါရာဘောင် ရဲ့ ဒေါ်အောင်ဆန်းစုကြည် သို့ ဂုဏ်ပြုတေး



http://komoethee.blogspot.com/ မှ

Saturday, October 9, 2010

သူငယ်ချင်းများဆီသို့ အိတ်ဖွင့်ပေးစာ........

သူငယ်ချင်းများဆီသို့ အိတ်ဖွင့်ပေးစာ........
( အမေ့သား)

သူငယ်ချင်း...တချိန်ကဆို ငါတို့ဟာတော်လှန်ဘဝနဲ့ တော်လှန်မြေမှာ ရေဘုံးဘောလအောနဲ့ ချက်ထားတဲ့ 
ကျောက်ဖရုံသီးဟင်း၊ သဘောင်္သီးဟင်း၊ ပဲဟင်းရေကြဲ နဲ့ အသားမဲ့ကြက်ရိုးဟင်းတွေ စားပြီးကြီးပြင်းလာခဲ့တယ်နော်၊နောက် ဌက်ဖျားမိလို့ အခြေမလှ သေသူကသေ၊ လေသူကလေ၊ ပြန်သူကပြန်နဲ့ ရှုးသူကရှုးသွားကြ ပြီး နိုင်ငံခြားကိုလည်းခေါင်းဆောင်ပိုင်းတချို. အတောင်တွေပေါက်ပြီး အစောတလျှင်ထွက်သူကထွက်၊ တော်လှန်ငွေတွေ ဘတ်ပြီးပြန်သူကပြန်၊ နောက် ဗိုလ်ချုပ်အမည်ခံ နဲ့ နောက်လိုက်တွေက ရန်သူ့ထံ ဒူးထောက်သူကထောက်နဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ သေသူကသေ၊ ကြွေသူကကြွေ၊ ကန်းသူကကန်း၊ ကျိုးသူကကျိုး နဲ့ ခန္ဒာများစွာတံတားခင်း ခဲ့ကြရပြန်တယ်။

ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းတချို. မှာတော့ ရွှေရငွေရ စတိုင်ကျကျ နဲ့ ရေငတ်လျှင်ဘီယာသောက် သရဲကြောက်လို့ရှိရင်လည်း တနေ့တယောက်ချိန်းကာ အဖေါ်ခေါ်အိပ်ကြသေးတယ်။ ဒီအကြောင်းတွေးကြည့်တိုင်း တွေးမိတိုင်း ရင်ထဲမှာနာတယ် သူငယ်ချင်း၊ နိုင်ငံရေး တော်လှန်ရေးကို ဗန်းပြပြီး ယနေ့ထိ လုပ်စားနေသူတွေ ရှိနေဆဲပါ၊ ကုန်းကောက်စရာတောင်မရှိတဲ့ မွဲတေစုတ်ပြတ်နေတဲ့ ပြည်သူများစွာရဲ့ ဘဝတွေကိုခုတုံးလုပ်ပြီး မိမိဘဝချမ်းသာမှုကိုတည်ဆောက်ခြင်းဟာ ဘယ်ရှု့ထောင့်ကပဲကြည့်ကြည့် ဘယ်လိုမှမသင့်တော်ပါဘူး၊ မလုပ်လည်းမလုပ်ထိုက်တဲ့ကိစ္စလို့ယူဆပါတယ်၊ လူသားများစွာတွေရဲ့ ဘဝတွေကိုစတေးပြီး တိုက်တာဆောက် ကားတွေဆီးပြီး ချမ်းသာကြွယ်ဝနေတဲ့မိမိဘဝတွေကို အသေအချာပြန်လည်သုံးသပ်ကြည့်ရင် မိမိကိုယ်မိမိ မိမိရဲ့လုပ်ရပ်တွေကြောင့် မိမိကိုယ်မိမိ မုန်းတီးရွံရှာလာမှာမလွဲမတွေပါ။

 သူငယ်ချင်း... ဘယ်သူတွေဘယ်လောက်တရားပျက်ပျက် ကိုမပျက်ဘို့က အဓိကပါ၊ တပါးသူကြွယ်ဝချမ်းသာမှု ကိုအားကျပြီး ဖေါက်ပြန်တဲ့စိတ်မမွှေးမြူမိဘို့လည်း
အရေးကြီတယ်၊မြန်မာပြည်မှာ နာဂစ်မုန်းတိုင်းကြောင့် ချမ်းသာကြွယ်
ဝလာသူတွေ၊ နယ်စပ်နဲ့
တိုင်းတပါးမှာလက်နက်ကိုင်လမ်းစဉ်ကြောင့်တော်လှန်ခေါင်းဆောင်များကြွယ်ဝချမ်းသာ
လာချင်း၊ ၈၈ အရေးတော်ပုံကြောင့် ချမ်းသာကြွယ်ဝလာတဲ့ခေါင်းဆောင်တွေဟာ ရှက်တတ်ရင်လဲသေဘို့ကောင်းပါတယ်၊ အဆိုး ဆုံးက(နအဖ) စစ်ခေါင်းဆောင်တွေနဲ့ သူ့အသိုင်းအဝန်းပါပဲ။

သူငယ်ချင်း... ငါတို့ဟာ ငါတို့ရဲ့ အဓိကမှုလရည်ရွယ်ချက်ဖြစ်တဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရရှိရေးနဲ့ တန်းတူအခွင့်အရေးရ ရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြရ ဦးမှာပဲ။ ငါတို့ဟာ ဘာကြောင့်ပန်းတိုင်ကို အရောက်နောက်ကျနေသလဲဆိုတာ ပြန်လည်သုံးသပ်ဘို့လည်း အရေးကြီးပါတယ်၊ လူတွေအားလုံး တူညီတဲ့သုံးသပ်ချက်ကတော့ အခု လိုပန်းအဝင်နောက်ကျရတာ ညီညွှတ်မှုကို မတည်ဆောက်နိုင်ကြလို့ပဲတဲ့၊ ဒီအဖြေက ရာနှုန်းပြည့်မှန်ပါတယ်၊ ငါတို့တတွေ ညီညွှတ်ရေးကိုဘယ်လိုတည်ဆောက်ကြမလဲ၊ ညီညွှတ်ရေးကိုအဓိကတည်ဆောက်ရမှာက ခေါင်းဆောင်ပိုင်းတွေပါ၊ ခေါင်းကြီးပိုင်းတွေ မညီမညွှတ်မချင်း ညီညွှတ်ရေးဟာ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး၊ ခေါင်ယိုနေတာသိလျှက်နဲ့ အခုထိမဖါထေးကြသေးပါဘူး၊ ဒါကြောင့်ခေါင်းဆောင်ပိုင်းတွေဟာ သူတို့ရဲ့မှားယွင်းတဲ့ နိုင်ငံရေးအယူအဆ အတွေးအခေါ် တယောက်နဲ့တယောက် အမြင်မကြည်လင်တာတွေကို ခဝါချဖြောင့်ဖျက်ပြီး အပြုသဘောဆန်တဲ့ဆွေးနွေးမှုတွေနဲ့ လက်ချင်းခိုင်ခိုင်ဆက်ထားရင် နောင်ဆိုရင်ငါတို့တတွေ ကမ္ဘာမကြေ သီချင်းဆက်ဆိုစရာအကြောင်းမရှိတော့ဘူးပေါ့၊ အဲဒီလိုမှမဟုတ်ရင်တော့ ကမ္ဘာမကြေဘူး သီချင်းဆက်ဆိုနေရာကနေ အစာမကြေမှုတွေလည်းနောက်က လိုက်လာဦးမယ်လို့ယုံကြည်လျှက်......။

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အတွင်း၌ ရုတ်တရက် ရေကြီးရေလျှံမှု ထပ်မံ ဖြစ်ပွား

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် အတွင်း၌ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် ရေကြီးရေလျံမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။ပုသိမ်ကြီးမြို့နယ် အတွင်း၌ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ယခုကဲ့သို့ ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၈ ရက်နေ့ အရုဏ်တက် ၁ နာရီဝန်းကျင်ခန့်တွင် တောင်ကျချောင်း ရေလျှံမှု စတင် ဖြစ်ပေါ်ခဲ့ပြီး နားဋောင်ကျချောင်းရေလည်း လျှံတက်ခဲ့ကာ ၄င်းချောင်းပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်လည်း ရေ၀င်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။နံနက် ၈ နာရီခန့်တွင် ရေလျှံမှု ပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ထိုကဲ့သို့ ဖြစ်ပွားမှုကြောင့် မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းဘေး ထုံးဘိုနှင့်ရွှေစာရံ အကြားရှိ ကျေးရွာများတွင် လူနေအိမ်ခြေများ အိမ်ခေါင်မိုးထိ ရေမြှပ်ခဲ့ပြီး ရေလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ရေကြီးမှု ဖြစ်ပွားစဉ်နှင့် ပတ်သက်၍ ကယ်ဆယ်မှုများ ပြုလုပ် ဆောင်ရွက်နေသူ တစ်ဦးက ''ည ၁၁ နာရီခွဲလောက်က စပြီး ကျေးရွာတွေကို လိုက်လံသတိပေးမှုတွေ ပြုလုပ်ပြီး ပြောင်းရွေ့ပေးတာတွေ လုပ်ပေးခဲ့တယ်။ ၁၂ နာရီ ၅၀ မိနစ် လောက်မှာတော့ ရေစတင်တတ်လာပြီး အမြင့်ဆုံးအနေနဲ့ ကားလမ်းအထက် လေးပေလောက် ရောက်ပါတယ်။အခုတခါ ဖြစ်စဉ်မှာလည်း ရေလုံးကြီးပြီး ရေစီးသန်သလို ဖြစ်ပွားချိန် ကြာမြင့်တဲ့ အတွက် အပျက်အစီး ဆုံးရှုံးမှုကို မပြောနိုင်သေးပါဘူး။လူအသေအပျောက်တော့ လောလောဆယ် မရှိပါဘူး။မြေပြန့်နားမှာတော့ ဆိုင်ကယ်ဖြတ်မောင်းလို့ ရေစီးနဲ့မျောပါသွားတာ ကယ်နိုင်ခဲ့တယ်။ဆိုင်ကယ်ကတော့ ခုထိ ရှာမတွေ့သေးဘူး''ဟု ပြောကြားခဲ့သည်။

''အခု ဖြစ်စဉ်မှာ နားဋောင်းကျချောင်း ၀န်းကျင်နဲ့ အနိမ့်ကျတဲ့ အပိုင်းတွေမှာ အများဆုံး ဖြစ်တာ။အခုတကြိမ် ဖြစ်ပွားအချိန်က ၇ နာရီလောက် ကြာပေမယ့် ဆည်ရေ လျှံတတ်လာပြီ ဆိုကတည်းက ကျေးရွာတွေကို လိုက်လံ သတိပေးနိုင်ခဲ့လို့ အသေအပျောက် မရှိခဲ့ပါဘူး''ဟု ဆက်လက် ပြောကြားခဲ့သည်။

ယင်းသို့ ရေဘေးသင့်သူများအား ကူညီ စောင့်ရှောက်နိုင်ရန် အတွက် ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့်အတူ မန္တလေးမြို့မှ လူမှုကူညီရေး အသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများက ကူညီလုပ်ဆောင်ပေးလျက် ရှိသူကိုလည်း တွေ့ရသည်။''ပထမအကြိမ်တုန်းကတော့ ရေဆင်းတာ မြန်တယ်။ ၂ နာရီအတွင်းမှာ အိမ်ထဲတွေမှာ ရေမကျန်တာ့ဘူး။ ရေဆင်းသွားပြီ။ အခုအကြိမ်မှာတော့ ညကတည်းက ရေက နေ့လယ်ပိုင်းထိ ကျန်နေသေးတယ်။ နောက်ပြီး ခုအကြိမ် ရေက လမ်းဘေးသစ်ပင်ကြီးတွေ အမြစ်ကနေ ကျွတ်ပါသွားတယ်။ဘာပဲဖြစ်ဖြစ် လိုက်ပြီး သတိပေးခဲ့တာ တော်သေးတယ် ပြောရမှာပဲ''ဟု ထုံးဘိုကျေးရွာတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပြပါသည်။ယင်းသို့ ဖြစ်ပွားခဲ့သော မန္တလေး-ပြင်ဦးလွင် ကားလမ်းမပေါ်တွင် တင်ကျန်နေသော ရွံ့နွန်များ၊ သစ်ပင်ကြီးများကို ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရန် အတွက် သက်ဆိုင်ရာ အဖွဲ့များနှင့် ဒေသခံများက ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။
မူရင်းသတင်း  http:www.news-eleven.com/

Friday, October 8, 2010

ပင်လုံစိတ်နဲ့ လူအတုကို ဒဏ်ပြုခြင်း

ပင်လုံစိတ်နဲ့ လူအတုကို ဒဏ်ပြုခြင်း
(အမေ့သား)

မူမမှန် တယူသန်တဲ့
လူတစုကို
တန်းတူရေးမူနဲ့ အခြေပြုလို့မရ...သလို
အတူတကွဆိုတာ
မူမပြလို့ ဘယ်ရ...ပ
တန်းတူရေးမူ ဆိုရင်
တန်း လည်းတူရမယ်နော့...ကိုယ့်လူ
အေးအတူပူအမျှ အတူတကွ
ဥမကွဲ သိုက်မပျက်နေထိုင်ကြ
အဲဒါ...ပင်လုံရဲ့ ဖြူစင်တဲ့ စိတ်ဓါတ်
မပျောက်မပျက် မွှေးမြူကြ၊
တန်းတူက မူ မမှန်
လူအတုကို အခြေခံ
ပင်လုံကို အခြေပြု
ဖယ်ဒရယ် နဲ့ လူစု
လူအတုတွေ ကိုတော့ ဒဏ်ပြုရမယ်...ကိုယ့်လူ။

ယာယီနိုင်ငံကူးလက်မှတ်လုပ်သူ တင်လာသည့် ကားတစ်စီး တိမ်းမှောက်

ဂျူရီချိုင်း - ရနောင်းမှာ ယာယီနိုင်ငံကူးလက်မှတ်လုပ်မှအပြန် မဟာချိုင်နှင့် မယ်ခေါင်ဒေသအကြားမှာ အလုပ်သမားတင်ကားတစ်စီး တိမ်မှောက်ပြီး အများအပြားဒဏ်ရာရရှိသည်။

ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်တွင် ရွေ့ပြောင်းအလုပ်သမားတင်လာသည့် ကား ၃ စီး အနက် တစ်စီး တိမ်းမှောက်သွားရာ ကား၌ ပါလာသောသူ အများအပြားဒဏ်ရာရရှိပြီး မယ်ခေါင်ဆေးရုံတွင် ဆေးကုသခံယူနေကြသည်။

အဆိုပါ ကားသည် လမ်းမှတ်တိုင်တစ်နေရာတွင် တိုက်မိသည့်အတွက် မြောင်းထဲသို့ ထိုးဆင်းကျသွားကြောင်း တစ်ခြားကား၌ပါလာသော မျက်မြင်တစ်ဦးက ပြောသည်။

“ဟုတ်တယ် မှောက်သွားတယ် ဒဏ်ရာရရှိသူတော့ အများပဲ၊ သေတဲ့သူတွေတော့ အသေအချာမသိသေးဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ တိမ်းမှောက်သွားသည့် ကားမှာ စုစုပေါင်း အလုပ်သမား ၃၉ ဦး၊ ပွဲစား ၂ ဦး၊ ကားဒရိုင်ဘာနှင့် ကားစပါယ်ယာတို့ပါဝင်ကြပြီး၊ ကားသုံးစီးမှာ တစ်စီးလျှင် အလုပ်သမား ဦးရေ ၃၉ ဦးခန့်ရှိကာ ကားမှာ မှန်လုံကားဖြစ်သည်။

ကားမှောက်ရာတွင် မွန်နှင့် မြန်မာလူမျိုးများပါဝင်ပြီး မြန်မာအလုပ်သမားအများဆုံးပါရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဒဏ်ရာအပြင်းထန်ရရှိထားသူများကို ကားသမားက တာဝန်ယူသွားမည်ဖြစ်ကြောင်း ဒဏ်ရာရသူတချို့မှာ ခြေ၊ လက်ကျိုးသွားသူများလည်းရှိကြောင်း လက်ရှိမှာ ထိုင်းရဲတို့က စစ်ဆေးမှုပြုလုပ်နေသည်ဟု ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးသူ အေဂျင့်တစ်ဦးက ပြောသည်။

“ယခု ဖြစ်တာက ပွဲစားနဲ့မဆိုင်ဘူး ကားသမားနဲ့ဆိုင်တယ်လေ၊ တစ်ကယ်လို့ ပတ်စပို့စ်မရသေးရင် ကျနော်တို့တာဝန်ရှိတယ်” ဟု ၎င်းက ပြောသည်။

ပတ်စပို့စ်လုပ်သူများသည် အောက်တိုဘာ ၅ ရက် ညနေပိုင်းခန့်တွင် ရနောင်းမြို့သို့သွားပြီး ၆ ရက်နေ့ နံနက်ပိုင်းမှာ အားလုံးပြီးစီးသွားပြီ ညနေပိုင်းအပြန်ခရီးမှာ ယခုလို ဖြစ်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

ထိုကဲ့သို့ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၂ နာရီဝန်းကျင်ခန့်မှာ ဘုရားသုံးဆူမြို့မှအထွက် စံခလပူရီမရောက်ခင် စံခလယ်ချောင်းအနီးတွင် ထိုင်းနိုင်ငံသို့ အလုပ်သမားများ ခိုးဝင်တင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်သွားရာ ကား၌ပါလာသူအများက ဒဏ်ရာအများအပြားရရှိကြသည်။

အဆိုပါ တိမ်းမှောက်သွားသည့် ကားမှာ စုစုပေါင်း လူ ၂၇ ဦး တင်ဆောင်လာပြီး၊ ဒဏ်ရာရသူ ၈ ဦးကို စံခလပူရီဆေးရုံ၌ ဆေးကုသခံယူနေကာ ဒဏ်ရာအပြင်းထန်ရရှိသူတစ်ဦးကို ကန်ချနပူရီခရိုင်ဆေးရုံသို့ အရေးပေါ်လူနာအဖြစ် ပို့ထားလိုက်သည်ဟု ကား၌ပါလာသူတစ်ဦးက ပြောသည်။
မူရင်း http://monnews.org/bu/

Chinese dissident wins Nobel Prize


Thursday, October 7, 2010

Sunday, October 3, 2010

သမိုင်းကို ဘယ်သူဖန်တီးတာလဲ (၂)

အောက်ခြေလွတ်တော့ လူတွေကိုအထင်သေးတယ်။ နေရာတကာ အပေါ်စီးကကြည့်တယ်။ လူတွေဟာ အသိဥာဏ်ဗဟုသုတနည်းကြရှာတယ်။ ပညာမဲ့ကြရှာတယ်။ သနားပါတယ်။ ငါမကယ်သေဖွယ်သာရှိတော့တယ်လို့ အထင်ရောက်လာတယ်။

နားကလောလွန်း

လူတွေကိုအထင်သေးတဲ့စိတ်နဲ့ အတူတူတစ်ပြိုင်တည်းပေါ်ထွက်လာတာက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်တဲ့စိတ်ဖြစ်တယ်။ နေရာတိုင်းမှာ ငါသာသိတယ်။ ငါသာတတ်တယ်။ ငါသာလုပ်နိုင်တယ်ဆိုပြီး ဘ၀င်မြင့်လာတယ်။ တစ်တိုင်းတစ်ပြည်လုံးက လူတွေကိုတပည့်လို့ယူဆပြီး နေရာတိုင်းဆရာကြီးလုပ်ချင်တယ်။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ့်မိသားစုတစ်စုလွတ်မြောက်ရေးအတွက် ပြည်ပနိုင်ငံတွေမှာနေကြတဲ့ မြန်မာတချို့ကပိုဆိုးသေးတယ်။ သူတို့မှပညာရှင်၊ သူတို့မှ ဒီမိုကရေစီသူရဲကောင်း။ ဟိုရောက်မှလက်ပူတိုက်ပေးတဲ့ သင်တန်းတွေတက်၊ ဒီမိုကရေစီသမ္မာကျမ်းတွေ အာဂုံဆောင်ပြီး ကြက်တူရွေးပညာရှင်လုပ်နေကြတာ နားကလောလွန်းလှတယ်။

ကြောက်လို့ထွက်ပြေးတာ ဘယ်သူလဲ
ကိုယ့်ကြောင်းနဲ့ကိုယ် နိုင်ငံခြားသွားနေကြတာနေပါ။ ဘာမှပြောစရာမရှိပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်။ ကိုယ့်စီးပွားကိုယ်ရှာပြီး အေးအေးနေကြပါ။ အထဲကလူတွေကို အတုံးအအတွေလို့သဘောထားပြီး ဒီမိုကရေစီဂုရုကြီးတွေမလုပ်ကြပါနဲ့။ အထဲကလူတွေကြောက်နေကြတယ် ဆိုတဲ့စကားတော့ ယောင်လို့တောင် မပြောပါနဲ့။ ကြောက်လို့ထွက်ပြေးတာ ဘယ်သူတွေလဲဆိုတာ တစ်နိုင်ငံလုံးသိကြပါတယ်။ အင်တာနက်ခေတ်၊ ဂလိုဘယ်ခေတ်နဲ့ ပါးစပ်ကအမြှုပ်ထွက်အောင်အော်နေကြပေမယ့် အင်တာနက်ရဲ့အစွမ်းကိုတော့ ဘာမှသေချာရေရာသိကြတာမဟုတ်ပါဘူး။ ဒါကြောင့်ဂုရုကြီးလုပ်နေကြတာ။

ဖြီးတာကို ဖြီးမှန်းသိ
အင်တာနက်ကို မြန်မာလူငယ်တွေ ကောင်းကောင်းအသုံးချတတ်ပါတယ်။ အင်္ဂလန်က၊ အမေရိကန်က၊ သြစတြေးလျက၊ စင်ကာပူက ကွန်ပျူတာမဟာဘွဲ့ရတဲ့လူငယ်တွေ မြန်မာပြည်မှာအများကြီးရှိပါတယ်။ အင်တာနက်ကိုအသုံးချပြီး ကိုယ်လိုချင်တဲ့ပညာရပ်မျိုးစုံကိုလေ့လာနေကြပါတယ်။ လူတွေဟာအထူးသဖြင့် လူငယ်တွေဟာ မတုံးမအကြတော့ဘူး။ ဖြီးတာကိုဖြီးမှန်းသိတယ်။ လိမ်တာကိုလိမ်မှန်းသိတယ်။ ဘယ်သူတွေဟာခြံစည်းရိုး ပေါ်ခွထိုင်ပြီးနှစ်ဖက်စလုံးကပေးစာ ကမ်းစာကိုစားသောက်နေကြတာလဲ ဆိုတာလည်းသိတယ်။ ဘယ်သူတွေ နှစ်ဖက်ချွန်လုပ်နေတာလဲဆိုတာလည်း သိတယ်။ ဒီခေတ်က (Citizen Journalist)လူထုသတင်းသမားခေတ်လေ။ လူတွေကြားမှာသတင်းတွေဟာ မရပ်မနား အစုန်အဆန်စီးဆင်းနေကြပါတယ်။

ကွန်ရက်ထဲမှာ သိန်းချီရှိ
သတင်းကိုစီအင်န်အင်န်တစ်ခုတည်းက ဖန်တီးတဲ့ခေတ်ကုန်ဆုံးသွားပြီ။ အယ်လ်ဂျာဇီးရား (aljazeera) လည်းပေါ်နေပြီ။ ၀က်ဘ်ဆိုက်တွေနဲ့ ဘလော့ဂ်တွေလည်းကွန်ရက်ထဲမှာ သိန်းနဲ့ချီရှိနေကြပြီ။ အမေရိကမှာနေမှ နယူးယောက်တိုင်းဖတ်နိုင်တဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဂျက်(ကွမ်းခြံကုန်း) ရဲ့ ၀ါးဘလောက်သောက်ကလည်း နယူးယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်၊ ကြိုက်တဲ့သတင်းစာရွေးဖတ်နိုင်တဲ့ခေတ် ရောက်နေပြီ။ ဒီခေတ်ဟာ လူစွမ်းများခေတ်၊ သူရဲကောင်းများခေတ် မဟုတ်တော့သလို ခေတ်ပျက်ဂုရုတွေရဲ့ခေတ်လည်း မဟုတ်တော့ဘူး။ အင်တာနက်က ကမ္ဘာကြီးတစ်ခုလုံးကို လူထုခေတ်အဖြစ် ပြောင်းပစ်လိုက်ပြီ။

ဗိုလ်ချုပ်က သမိုင်းဖန်တီးတာလား
ဒါကိုနားမလည်ဘဲနဲ့သမိုင်းဆိုတာ ချာချီလို၊ ရုစဗဲ့လိုခေါင်းဆောင်ကြီးတွေက ဖန်တီးတာ။ လူထုဆိုတာနောက်လိုက်တွေသက်သက်ပဲ လို့ပြောနေကြတာဖြစ်တယ်။ ဒီဂုရုတွေက ဗိုလ်ချုပ်အောင်ဆန်းလို၊ သခင်ဖိုးလှကြီးလို၊ ဆရာစံလို ပုဂ္ဂိုလ်တွေကို လက်ညှိုးထိုးပြလေ့ရှိတယ်။ ရေနံမြေသပိတ်ကြီးကို သခင်ဖိုးလှကြီးကဖန်တီးသယောင်ပြောဆိုကြတယ်။ တကယ်က ရေနံမြေသပိတ်ကြီးက သခင်ဖိုးလှကြီးဆိုတဲ့ခေါင်းဆောင်တစ်ယောက်ကို မွေးထုတ်ခဲ့တာဖြစ်တယ်။ တို့ဗမာအစည်းအရုံးကြီးကို သခင်အောင်ဆန်းက မွေးထုတ်လိုက်တာမဟုတ်ဘူး။ တို့ဗမာအစည်းအရုံးကြီးက ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်းကို မျိုးချစ်နိုင်ငံရေးသမားတစ်ယောက်ဖြစ်အောင် ဖန်တီးပေးလိုက်တာဖြစ်တယ်။ ကျောင်းသားခေါင်းဆောင်မောင်အောင်ဆန်းရယ်လို့ ဖြစ်လာအောင်လည်း ၁၉၃၆ ကျောင်းသားသပိတ်ကြီးက မွေးထုတ်လိုက်တာဖြစ်တယ်။ အလားတူပဲ ဂျဒ်ဆင်ကောလိပ် ကျောင်းသားလေးမောင်အောင်ကျော်ကိုလည်း အာဇာနည်ဗိုလ်အောင်ကျော်ဖြစ်အောင် ကျောင်းသားလှုပ်ရှားမှုကြီးက မွေးထုတ်ခဲ့တာဖြစ်တယ်။ မောင်အောင်ဆန်း၊ မောင်အောင်ကျော်တို့က ကျောင်းသားလှုပ်ရှားမှုကြီးကို မွေးထုတ်လိုက်တာမဟုတ်ဘူး။

သခင်အဖွဲ့စတင်တည်ထောင်သူ
တို့ဗမာအစည်းအရုံးကြီးကို စတင်တည်ထောင်ပြီး 'သခင်'ဆိုတဲ့ အမည်ကို စပြီးသုံးခဲ့သူက စာရေးဆရာကြီးသခင်ဘသောင်းဆိုတဲ့ လူတော်ကြီးတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူတို့ဟာတို့ဗမာအစည်းအရုံးကြီးနဲ့ ကင်းကွာသွားပြီး လွတ်လပ်ရေးတိုက်ပွဲတွေနဲ့လည်း အဆက်ပြတ်သွားခဲ့တယ်။ တိုက်ပွဲနဲ့ အဆက်ပြတ်သွားတာနဲ့ လူထုနဲ့လည်း အလှမ်းကွာဝေးသွားခဲ့တယ်။

၁၉၆၀ခုနှစ် အိမ်စောင့်အစိုးရခေတ် တည်မြဲ-သန့်ရှင်းတို့ ယှဉ်ပြိုင်ကြတဲ့ရွေးကောက်ပွဲမှာ သူဟာနတ်မောက်မဲဆန္ဒနယ် တစ်သီးပုဂ္ဂလအမတ်လောင်းအဖြစ် ၀င်ရောက်အရွေးခံရာမှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးမဲအရေအတွက်တောင် မရလိုက်ပါဘူး။ အဲဒါကြောင့် တင်ထားတဲ့ အာမခံကြေးတောင်ပြန်မရတော့ဘဲ အဆုံးခံလိုက်ရပါတယ်။

အထင်အရှားသိနိုင်တယ်
သခင်ဘသောင်းဆိုတာ အင်မတန်ထူးချွန်ထက်မြက်တဲ့ စာရေးဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကိုမဖန်တီးနိုင်ရုံသာမက သူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးကိုတောင် သူ့စိတ်ကြိုက်မဖန်တီးနိုင်ခဲ့ပါဘူး။ ထူးချွန်တဲ့ခေါင်းဆောင်တွေက သမိုင်းကိုဖန်တီးတာလား၊ သမိုင်းကခေါင်းဆောင်တွေကို မွေးထုတ်ပေးလိုက်တာလားဆိုတဲ့အချက်ကို ကိုအောင်ဆန်း၊ ကိုအောင်ကျော်တို့နဲ့ ဆရာသခင်ဘသောင်းရဲ့ဖြစ်ကြောင်း ကုန်စင်ကိုလေ့လာလိုက်ရုံနဲ့ အထင်အရှားသိနိုင်ပါတယ်။ ဒါနဲ့တောင် မက်ထရိုပိုလစ်တန်အီလစ်တွေက မသိဘူးဆိုတာတော့ ထူးဆန်းမနေဘူးလား။

အပေါ်လွှာကိုပဲ နီးစပ်အောင်
အသေအချာသုံးသပ်ကြည့်ရင်တော့ မထူးဆန်းဘူးဆိုတာသိနိုင်တယ်။ သဘာဝကျစွာဖြစ်ပေါ်လာတာပါပဲ။ အဲဒီမြို့ကြီးသားလူလည်ရေပေါ်ဆီအီလစ်တွေဆိုတာက ခေတ်တိုင်းခေတ်တိုင်းမှာ ရေပေါ်ဆီလိုအပေါ်ယံမှာပဲ ဝေ့၀ဲနေခဲ့ကြတယ်။ ဘယ်လွတ်လပ်ရေးတိုက်ပွဲစဉ်တွေမှာမှ ပါဝင်ခဲ့ဖူးခြင်းမရှိပါဘူး။ အပေါ်ယံလွှာမှာပဲ ဝေ့၀ဲနေသူတွေဖြစ်တာကြောင့် အောက်ခြေလူထုလူတန်းစားတွေနဲ့လည်း တောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးပမာ အလှမ်းကွာဝေးပါတယ်။ လူထုကိုအထင်သေးပြီး ဘယ်တော့မှ နီးစပ်အောင် မကြိုးစားပါဘူး။ အောက်ခြေအစားအပေါ်လွှာကိုပဲ နီးစပ်အောင်နည်းမျိုးစုံနဲ့ ကြိုးစားပြီး ရေပေါ်ဆီလုပ်နေခဲ့ကြတာဖြစ်ပါတယ်။

ရယ်စရာဖြစ်မနေဘူးလား
အဲဒီလိုရေပေါ်ဆီလူတန်းစားတွေကပဲ သမိုင်းကိုပြည်သူလူထုအများက ဖန်တီးတာဆိုတဲ့အယူအဆကို ပြက်ရယ်ပြုခဲ့ကြတာဖြစ်တယ်။ ပညာရှင်တွေကသာ တိုင်းပြည်ကိုအုပ်ချုပ်ပြီးလူထုတွေကတော့ နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားကြဖို့လိုတယ်လို့ ပါးစပ်က အမြှုပ်တစီစီထွက်အောင် အော်ဟစ်နေကြတာဖြစ်တယ်။ ဂလိုဘယ်အင်တာနက်ခေတ်၊ လူထုသတင်းသမားများရဲ့ ခေတ်မှာတောင် လူစွမ်းကောင်းခေါင်းဆောင်ကောင်းတွေက သမိုင်းကို ဖန်တီးတယ်လို့ပြောနေတာကတော့ ရယ်စရာဖြစ်မနေဘူးလား။
http://www.news-eleven.com/ မှ

A Young Aung San Suu Kyi was Born

A Young Aung San Suu Kyi was Born
ကျွန်တော် ဝေနှင်းပွင့်သုံရဲ့ ဗြိတိသျှလေဘာပါတီကွန်ဖရင့်မှာ တက်ရောက်ပြောကြား ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလေးကို ကြည့်ပြီး အရမ်းဝမ်းသာကြည်နူးပီတိဖြစ်မိပါတယ်။ ကျွန်တော့ ပါးပြင်တလျှောက် စီးကျလာတဲ့ မျက်ရည်တွေကို ရပ်တန့်သွားအောင်လုပ်ဘို့ ကျွန်တော် မတတ်နိုင်ခဲ့ပါဘူး။

သွေးသစ်လူငယ်များထဲမှ အောင်ဆန်းစုကြည်လေးတယောက် ပေါ်ထွက်လာခဲ့တာကို ကြည့်ရင်း ကြည်နူးမိလို့ ကျတဲ့ မျက်ရည်ပါ။ ကျွန်တော်တို့အားလုံးကို ဝေနှင်းပွင့်သုံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကို ကြိုးစားမယ့် လူငယ်တဦးဆိုတာကို သက်သေပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ မိန့်ခွန်းပြောကောင်းသူတဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုက်ပွဲအတွက် သွေးသစ်လူငယ်များ အများကြီး လိုအပ်နေပါတယ်။

စစ်အုပ်စုဟာ ဗိုလ်လောင်း မြောက်များစွာကို မွေးထုတ်ပြီး တိုင်းပြည်ကို စစ်အာဏာ စက်အောက်မှာ ထားဘို့ ကြိုးစားနေခဲ့တာ ရာစုနဲ့ချီ ရှိနေပါပြီ။ ကျွန်တော်တို့အနေနဲ့ လူငယ်သွေး သစ်များကို အားပေးပြီး တဦးနဲ့ တဦး ဆက်သွယ်နိုင်နဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ချပေးရမည့် တာဝန်ရှိပါတယ်။ ဒီလူငယ်တွေ တဦးနဲ့တဦး ဆက်သွယ်ကြပြီး မိမိတို့ ကျွမ်းကျင်ရာ ပညာတွေကို ဖလှယ်ကြရင်း အမိမြန်မာပြည်တွင်းမှာ ရှိနေတဲ့ အဖိုးအဖွား၊ အဖေအမေ၊ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး၊ အစ်ကို၊ အစ်မ၊ မောင် ညီမတို့ရဲ့ ဒုက္ခကို ဘယ်လို ကယ်တင်ကြမယ်ဆိုတာကို တွေ့ဆုံဆွေးနွေးခွင့်ရကြရင် အရမ်း အကြိုးရှိမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ အောင်ဆန်းစုကြည်လေးပေါင်းများစွာ၊ မင်းကိုနိုင်ပေါင်းများစွာ လိုအပ်ပါတယ်။ ဒီကလေးတွေကို မြေတောင်မြောက်ပေးရမည့် တာဝန် နိုင်ငံခြားကို ထွက်လာတဲ့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

အမိမြေကို စွန့်ခွာပြီး တတိယနိုင်ငံတွေမှာ အခြေချလာကြတဲ့ တော်လှန်ရေး မိသားစုတွေ ထောင်နဲ့ချီပြီး ရှိနေပါပြီ သူတို့ရဲ့ ရင်သွေးတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ ပညသင်ကြားရင်း အရွယ်ရောက်လာကြပြီ ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ သူတို့အခြေချတဲ့ နိုင်ငံရဲ့ ဘာသာစကားကို အသံနေအသံထားအရ အင်္ဂလိပ်လူမျိုး၊ အမေရိကန်လူမျိုး တွေနဲ့မခြား ပြောနိုင်ဆိုနိုင်ပြီး အစိုးရတွင်း ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အနေအထားမှာ ရှိနေပါပြီ။ သူတို့လေးတွေကို လူကြီးတွေဖြစ်တဲ့ ကျွန်တော်တို့တတွေက ပခုံးထမ်းတင် ပေးရမည့် တာဝန်ကို ယူရပါတော့မယ်။

အမေရိကန်ကွန်ဂရက်၊ ဆီနိတ်နဲ့ ဥရောပနိုင်ငံတွေမှာ ထိထိရောက်ရောက် တက် ရောက်ပြောကြားနိုင်မဲ့ လူငယ်မျိုးဆက်သစ်တွေကို နေရာပေးရမယ့်အချိန် ရောက်နေပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ သဘာဝရင်းမြစ်တွေဟာ တတိတိနဲ့ သန်းရွှေဓားပြဂိုဏ်းက ရောင်းစားလို့ ကုန်သလောက်ရှိနေပါပြီ။ ဒါကြောင့် လူသားရင်းမြစ် (Human Resources) တွေကို ကျွန်တော်တို့ အားကိုးရပါတော့မယ်။ ဝေနှင်းပွင့်သုံတို့လို လူငယ်သွေးသစ် လေးတွေကို ရှာဖွေပြီး တဦးနဲ့ တဦး မိတ်ဆက်တွေ့ဆုံ ဆွေးနွေးပွဲတွေလုပ်ပေးဘို့အတွက် လူကြီးတွေဖြစ်တဲ့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ဒီလိုတာဝန်တွေကို ဘယ်သူတွေက ယူပြီး လုပ်ကြမလဲ? ကျွန်တော့အနေနဲ့ ပါဝင်ကြိုး စားပေးဖို့ ကတိပြုပါတယ်။ လူကြီးတွေဖြစ်တဲ့ တော်လှန်ရေးသမားတွေလို့ ပြောနေကြတဲ့ ခင်ဗျားတို့ကော ပါဝင်ကူညီဘို့ အဆင့်သင့်ဖြစ်ပြီလားလို့ မေးလိုက်ပါတယ်။ လူငယ်တွေကို မြှင့်တင်ပေးမယ်ဆိုတဲ့ စိတ်သန့်သန့်လေးနဲ့ ဝိုင်းဝန်း ပါဝင်ကြဘို့ ဖိတ်ခေါ်ပါတယ်။ ခင်ဗျားတို့ရဲ့ သားသမီးတွေ နိုင်ငံခြားမှာနေပြီး မိမိနိုင်ငံရဲ့ ဒုက္ခတွေကို မမေ့ပါစေနဲ့၊ သူတို့လေးတွေ အားလုံးစုစည်းနိုင်ရင် ကျွန်တော်တို့အတွက် တအားပေါ့။

“လူငယ်သွေးသစ်များ တွေ့ဆုံဆွေးနွေးဖလှယ်ပွဲ” တခုဖြစ်အောင် ဖန်တီးကြပါစို့၊ စိတ်ဝင်စားသူများ မိမိနေထိုင်ရာမြို့များမှ လူငယ်များကို ဆွေးနွေးပြီး ဆက်သွယ်ကြပါ။ တခုမှာချင်တာက လူငယ်များကို ထိန်းချုပ်ဘို့၊ အသုံးချဘို့မဟုတ်ဘဲ သူတို့အချင်းချင်း တွေ့ဆုံပေးရေးကို ဦးစားပေးဆောင်ရွက်နိုင်ဘို့သာဖြစ်တယ်ဆိုတာ ကို အားလုံးရှင်းလင်းစွာ သိစေလိုပါတယ်။

ထွန်းအောင်ကျော်
တယ်လီဖုံး 607-339-6054
Skype အမည်- htungyaw
Gmail- hagyaw@gmail.com

Saturday, October 2, 2010

လေနှင်ရာလား . . .ရေကြည်ရာလား တိုင်းရင်းသားများ သက်ဆိုင်ရာ ပြည်နယ်များမှ မြို့ကြီးများသို့ အလုပ်အကိုင်နှင့် ပညာသင်အခွင့်အလမ်း များအတွက် ပြောင်းရွှေ့မှု ပိုမိုလာ

တိုင်းရင်းသားလူမျိုးများ သည် မိမိတို့နေထိုင်ရာ ပြည်နယ် များရှိ မြို့နယ်များ၊ ကျေးရွာများမှ တစ်ဆင့် မြို့ကြီးများသို့ ပြောင်းရွှေ့ မှုသည် ယခင်ကတည်းက ရှိခဲ့ရာမှ ယခုနောက်ပိုင်းတွင်မူ ပိုမိုများပြား လာခဲ့သည်ဟု တိုင်းရင်းသားလူမျိုး များဆိုင်ရာ လေ့လာသူအချို့ထံမှ သတင်းရရှိပါသည်။

ပြည်နယ်များတွင် အသီးသီး နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုး များ မြို့ကြီးများသို့ပြောင်းရွှေ့မှုတွင် အဓိကအချက်များသည် အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်းများအတွက် ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့လိုကြခြင်း၊ ဘ၀၏ တိုးတက်ရာလမ်းဖြစ်သော ပညာရေးနှင့်ပတ်သက်၍ ပြည်နယ်များရှိ မြို့နယ်များ၊ ကျေးရွာများတွင်ထက် မြို့ကြီးများတွင် ပိုမိုသင်ယူလေ့လာ နိုင်မည်ဟု ယူဆကြခြင်း၊ အချို့ သောပြည်နယ်များတွင် ဒေသခံတိုင်း ရင်းသားများထက် အိမ်နီးချင်းနိုင်ငံ များမှ စီးပွားရေးလုပ်ကိုင်သူများက နေရာယူလာကြခြင်း စသည့်အချက်များ ဖြစ်နိုင်ကြောင်း လေ့လာသူတို့ က သုံးသပ်ကြပါသည်။

"တိုင်းရင်းသားတွေ ပြောင်းရွှေ့တာ ကျောင်းသားတွေ ပညာရေး အတွက် ပါတယ်။ နယ်ကျောင်းတွေ မှာ ဆရာပြောင်းတာများတယ်။ ဆရာမမြဲဘူး။ နောက်ပြီး လူငယ်တွေ ဆေးသုံးတာတို့ဘာတို့ကလည်း လွတ်အောင် မိဘတွေက ပြောင်းကြတယ်။ နောက်တစ်ခုကတော့ စီးပွားရေးကြောင့်ပဲ။ အရင်တုန်းက တစ်နိုင်တစ်ပိုင် မန္တလေးဘက် ကုန်ကူးကြတယ်။ နောက်ပိုင်း ဒီလောက်မလွယ်တော့ဘူး။ အခုတော့ ကုန်သည်အလတ်ပိုင်းတွေက မိသားစု လိုက်ပြောင်းတာတွေ ရှိလာကြတယ်။ ဇောက်ချလုပ်ဖို့အတွက် မိသားစုလိုက် ပြောင်းရွှေ့ကြတယ်"ဟု တောင်ကြီးအသင်း(ရန်ကုန်)မှဥက္ကဋ္ဌ ဦးစိုင်းစံအိုက်က ပြောပါသည်။
ယခုနောက်ပိုင်း နှစ်များတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများပြားဆုံးရှိနေသည့် တိုင်းရင်းသားလူမျိုးများတွင် ရခိုင်၊ ကရင် စသည့် တိုင်းရင်းသားများ ပါဝင်ကြပြီး ရှမ်း၊ ကချင်၊ ချင်း၊ မွန် စသည့် တိုင်းရင်းသားများလည်း အများအပြား ရောက်ရှိနေထိုင်လျက် ရှိကြကြောင်း၊ အချို့မှာ မိသားစုလိုက် ပြောင်းရွှေ့လာခြင်း ရှိသကဲ့သို့ အချို့ မှာ တစ်ဦးချင်း ပြောင်းရွှေ့မှုများမှ တစ်ဆင့် မိသားစုကို ခေါ်ယူမှုများလည်း ရှိလာကြောင်း သိရှိရသည်။

"ကချင်တိုင်းရင်းသားတွေက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက် ပိုင်းမှာပျံ့နှံ့နေထိုင်ကြတယ်။ ပြောင်း ရွှေ့မှုအနေနဲ့ကတော့ ပြည်နယ်တွင်း ပြောင်းရွှေ့မှုတွေလည်းရှိခဲ့တယ်။ ၁၉၇၆ ခုနှစ်လောက်မှာ ကြွက်ဘေး ဒုက္ခဖြစ်တော့ ဆွမ်ပရာဘွမ်ဘက် က ရွာပေါင်းများစွာဟာ မြစ်ကြီးနားလို မြို့ကြီးတွေကို ပြောင်းရွှေ့နေကြ တယ်။ တချို့တွေမှော်ထဲရောက် တယ်။ မှော်ထဲမှာ ရတဲ့သူရ၊ မရတဲ့ သူမရနဲ့။ ကချင်တိုင်းရင်းသားတွေ ထဲမှာ လက်ချိုးရေလို့ ရတဲ့သူတွေက သူဌေးဖြစ်သွားတယ်။ ရန်ကုန်လို မြို့ကြီးကိုပြောင်းတာကတော့ ဒီ ဘက်နှစ်တွေမှာ ပိုလာပါတယ်"ဟု ကချင်တိုင်းရင်းသားများ၏ ပြောင်းရွှေ့နေထိုင်ကြမှုများနှင့် ပတ်သက်၍ ကိုမရစ်နော်ဆန်းက ပြောပြသည်။

တစ်ပိုင်တစ်နိုင် အလုပ်များမှလွဲ၍ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် လုပ်ကိုင်နိုင်မှုအားနည်းသော တိုင်းရင်းသားများ၏ နေ့စဉ်လူနေမှုဘ၀ သည် အခြားသောဒေသများမှ ငွေကြေးအရင်းအနှီး ခိုင်မာသူများ စီးပွားရေးအရ လွှမ်းမိုးမှု အားကောင်းလာသည့် အခါတွင် သက်ရောက်မှု အချို့ကြုံလာရ . . .


ရန်ကုန်မြို့သည် နိုင်ငံရပ်ခြား ထွက်ခွာလိုသည့် လူငယ်များအတွက် နိုင်ငံရပ်ခြားထွက်ခွာရန် ပြင်ဆင်ရန်၊ အရည်အသွေး ဖြည့်ဆည်းရန်သင်တန်းများ တက်နိုင်ရာ မြို့ကြီးလည်း ဖြစ်သည့်အတွက် ပြည်ပ ထွက်ခွာလိုသော တိုင်းရင်းသား လူငယ်များသည်လည်း ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်ဟု သိရသည်။

ပြည်နယ်များတွင် အဓိက စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပြီး ယခုနောက်ပိုင်းနှစ်များတွင်မူ စိုက်ပျိုးရေးလုပ်ငန်းသည် လည်း သဘာ၀၀န်းကျင် အပြောင်းအလဲ၊ ရာသီဥတု အပြောင်းအလဲများကြောင့် ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းခြင်းများကို ကြုံလာကြရသည်။ တစ်ပိုင်တစ်နိုင်အလုပ်များမှ လွဲ၍ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင် လုပ်ကိုင်နိုင်မှုအားနည်းသော တိုင်း ရင်းသားများ၏ နေ့စဉ်လူနေမှုဘ၀ သည် အခြားသောဒေသများမှ ငွေကြေးအရင်းအနှီး ခိုင်မာသူများ စီးပွားရေးအရ လွှမ်းမိုးမှုအားကောင်း လာသည့်အခါတွင် သက်ရောက်မှုအချို့ ကြုံလာရသည်ဟု ဆိုကြပါသည်။

"ရခိုင်မှာ ပင်လယ်လုပ်ငန်းကလည်း အရင်လောက်မကောင်းတော့ဘူး။ ငါးသိပ်မရတော့ဘူး။ လယ်ယာလုပ်ငန်းကလည်း မကောင်းဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ ယှဉ်ရင် အခုက တိုးတက်နေရမှာ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ထက်တောင် လုပ် ရကိုင်ရတာ ခက်လာတယ်။ စီးပွားရေး အခွင့်အလမ်းနည်းလာတယ်။ ဒီလိုနဲ့ပဲ ရေကြည်ရာ မြက်နုရာပြောင်း ကြတော့တာပဲ"ဟု ရန်ကုန်မြို့ရောက် ရခိုင်တိုင်းရင်းသားတစ်ဦးက သုံးသပ်ပြောပြသည်။

"စီးပွားရေးပိုင်းမှာ ပိုက်ဆံချမ်း သာတဲ့သူတွေ လွှမ်းမိုးမှုကြောင့် နေထိုင်မရတာ ရှိကောင်းရှိမယ်။ မြေ၊ အိမ်တွေကို ပိုက်ဆံတတ်နိုင်တဲ့သူ တွေဆီကိုရောင်းပြီး ဖောင်ဖျက်ဆင်း လာကြတယ်"ဟု ကိုမရစ်နော်ဆန်း ကဆိုပါသည်။ တိုင်းရင်းသားများ၏ ပြည်ပ ထွက်ခွာမှုတွင်မူ ကရင်၊ ချင်း၊ ကချင် တိုင်းရင်းသားများက အများစုဖြစ်ဖွယ်ရှိသည်ဟု လေ့လာသူတို့ ၏အဆိုအရ သိရှိရသည်။

တစ်နိုင်တစ်ပိုင်နှင့် မိရိုးဖလာ လုပ်ငန်းများကိုသာ လုပ်ကိုင်နေကြရင်းမှ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်ရာဒေသများ၊ မြို့ကြီးများသို့ တိုင်းရင်းသားများ ပြောင်းရွှေ့အခြေချမှုများသည် ၁၉၉၀ ပြည့်နှစ် ၀န်းကျင်တွင် ပိုမိုများပြားလာခဲ့ရာမှာ ယခု ၂၀၁၀ ပြည့်နှစ်ဝန်းကျင် ရောက်ရှိချိန်တွင်မူ ယခင်ထက် ပိုမိုလာခဲ့သည်ဟု လေ့လာသူတို့၏ အဆိုအရသိရှိရသည်။