Sunday, October 10, 2010

မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ် အချို့တွင် စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ

မန္တလေးတိုင်း ဒေသကြီး အတွင်း၌ အောက်တိုဘာလ ပထမပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး မန္တလေးမြို့ ၀န်းကျင်နှင့် ဒေသတွင်းရှိ မြို့နယ်အချို့တွင် ဆည်မြောင်း၊ ချောင်းများ ရေခံပြည့်လျံနေခြင်း၊ ဆည်ရေများ ဖွင့်ထုတ်ပေးခြင်း တို့ကြောင့် အောက်တိုဘာလ ၉ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။မန္တလေးမြို့တွင် အောက်တိုဘာလ ၈ ရက်နေ့က မိုးရေချိန် စံချိန်သစ် ၅.၁၂ လက်မ ရွာသွန်းခဲ့ပြီး ကာလတူ နှိုင်းယှဉ်ပါက ယခင် စံချိန်ကျိုးခဲ့သည့် ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ရွာသွန်းခဲ့သော ၄.၂၅ လက်မထက် မိုးရေချိန် ၀.၈၇ လက်မ ပိုမို ရွာသွန်းခဲ့ကြောင်း မိုးဇလဌာန သတင်းထုတ်ပြန်ချက် အရ သိရသည်။