Friday, October 8, 2010

ပင်လုံစိတ်နဲ့ လူအတုကို ဒဏ်ပြုခြင်း

ပင်လုံစိတ်နဲ့ လူအတုကို ဒဏ်ပြုခြင်း
(အမေ့သား)

မူမမှန် တယူသန်တဲ့
လူတစုကို
တန်းတူရေးမူနဲ့ အခြေပြုလို့မရ...သလို
အတူတကွဆိုတာ
မူမပြလို့ ဘယ်ရ...ပ
တန်းတူရေးမူ ဆိုရင်
တန်း လည်းတူရမယ်နော့...ကိုယ့်လူ
အေးအတူပူအမျှ အတူတကွ
ဥမကွဲ သိုက်မပျက်နေထိုင်ကြ
အဲဒါ...ပင်လုံရဲ့ ဖြူစင်တဲ့ စိတ်ဓါတ်
မပျောက်မပျက် မွှေးမြူကြ၊
တန်းတူက မူ မမှန်
လူအတုကို အခြေခံ
ပင်လုံကို အခြေပြု
ဖယ်ဒရယ် နဲ့ လူစု
လူအတုတွေ ကိုတော့ ဒဏ်ပြုရမယ်...ကိုယ့်လူ။