Wednesday, October 20, 2010

ရဲရွာ ရေအားလျှပ်စစ် ဆည်ကျိုးပေါက်တော့မည် (သတင်းရင်းမြစ် - ဆည်မြောင်းဌာန)

ရဲရွာ ရေအားလျှပ်စစ် ဆည်ကျိုးပေါက်တော့မည် (သတင်းရင်းမြစ် - ဆည်မြောင်းဌာန)
အောက်တိုဘာလ ၂၀ ရက်နေ့  ည ၉ နာရီတွင် FNG မှ နောက်ဆုံးရရှိသည့် သတင်းများ အရ မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် ထားသည့် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ၏ ရေလွှတ် ပင်မဆည် မြောင်းမှာ တောင်ပေါ်မှ ကျလာသည့် ပြင်းထန်သော ရေဖိ အားများကြောင့် ကျိုးပေါက်တော့မည် အခြေအနေရှိသည်ဟု မန္တလေးမြို့ ဆည်မြောင်းဝန်ကြီးဌာနမှ အင်ဂျင်နီယာ တစ်ဦး က Freedom News Group သို့ ည ၁၀ နာရီ တွင် အတည်ပြုပြောကြားပါသည်။

ထပ်မံတိုးတက်မှု ရှိသည့် သတင်းအခြေအနေ နှင့် အပြည့်အစုံ ကို FNG မှ ထပ်မံဖော်ပြပေးပါမည်

ရဲရွာဆည်က တဖြည်ဖြည်း အိလိုက်လာပြီ ၊ ၄၈ နာရီ လောက်ထိ ခံဖို့ ဆိုတာ နောက်ဝင်လာတဲ့ ရေပေါ်မှာ မူတည် တယ်။ Spill Way တွေ ၊Fill Bucket တွေ Bottom Outlet Chamber တွေ ကို အကုန် လုံးတိုက်ပြီး ပွင့်သွား နိုင်တယ်။ အရေးကြီး ဆုံး အခြေအနေမို့  မေးနဲ့ လှမ်းပို့ လိုက်တာပါ။