Tuesday, August 31, 2010

" ရွှတ်"... အမေ့သားစကားတိုးတိုးပြောလှည့်ပါ

အမေ...ထင်တိုင်းကြဲနေတဲ့
မ.ဆ.လ အသွင်ပြောင်း န.၀.တ
န.၀.တ အသွင်ပြောင်း န.အ.ဖ စစ်ခွေးတွေဟာ
ညသန်းခေါင်ယံကိုလှုပ်နိုးပြီး
မျိုးချစ်ခွပ်ဒေါင်းတွေနဲ့
ပြည်ချစ်ပုဂ္ဂိုလ်တွေကို
ဖမ်းဆီးသတ်ဖြတ်အကျဉ်းချဘို့
ကြံစည်ကြိုးစားနေကြလေရဲ့။

Monday, August 30, 2010

စစ်တက္ကသိုလ် ဗိုလ်လောင်းများ အား ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ်ဖြတ်

မေမြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းများ အား တပ်ပြင်ထွက်ခွင့် ၊ မိသားစု တွေ့ ခွင့် ၊ အင်တာနက်ကြည့် ခွင့် အပါအ၀င် ပြင်ပ နှင့် အဆက်အသွယ်များ ဖြတ်တောက်ထားသည် (ဖြစ်နိုင်သည် မှာ ပြုတ်/နား များ ၏ လူရင်း ကျောင်းသားများ အား ကျောင်းထုတ် ချင်သောကြောင့် ဖြစ်သည်) ပုံတွင် တွေ့ ရသည် မှာ မေမြို့ စစ်တက္ကသို လ် ဖြစ်သည်။
စစ်/ဆေး ဟု ခေါ် သည့် တပ်မတော် ကာကွယ်ရေး ဆေးတက္ကသိုလ် တွင် လည်း ကျောင်းသား များ အား ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ် ဖြတ်တောက် ထားသည်။(ပုံတွင် တွေ့ ရသည် မှာ တပ်မတော် ဆေးတက္ကသိုလ်ဖြစ်သည်)

-------------------------------------------------------------------------------------------------------------
သူရ မြင့်အောင် အမိန့် ပေးသဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် က တပ်ရင်းမှုး ၈ ဦး နှင့် အရာရှိ ၁၂ဦး ကိုဖမ်းဆီးထား
 

ထိပ်တန်း စစ်ခေါင်းဆောင် သုံးဦး အနက် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တစ်ဦး တည်းသာ ရာထူးမှ ဖယ်ရှားခံရပြီး ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးမှာ လက်ရှိ ရာထူး တွင် ပိုနေ မြဲ ကျားနေမြဲ ဖြစ်သည် ဟု နောက်ဆုံး ရ သတင်း များ က ဆိုသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း ရန်ကုန်မြို့ ၏ လုံခြုံရေး ကို တာဝန်ယူခဲ့ရသည့်ရဲမွန် တပ်မြို့ မှ တပ်ရင်းမှုး ဗိုလ်မှုးကြီး ကျော်ခိုင် အပါအ၀င် တပ်ရပ်မှုး လေးဦး နှင့် ဗျူဟာမှုး သုံးဦးမှာသြဂုတ်လ ၂၇ ရက်နေ့ ညက ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ် တစ်ခု မှ အလစ်အငိုက်ဝင်ရောက် ဖမ်းဆီးခြင်း ကို ခံရပြီး နောက် အမည် မသိ နေရာ တစ်ခု တွင် ဖမ်းဆီးထားခြင်း ခံရ နိုင်သည်ဟုထိုတပ် ရင်းမှုး များ နှင့် နီးစပ် သည့် သတင်းရပ်ကွက် တစ်ခု က Freedom News Group သို့ ပြောသည်။

ဘဏ်အပ်ငွေ များ ထုတ်မပေးခြင်း အပေါ် မကျေနပ် ၍ ဆန္ဒပြကြသည့် စစ်သားများ ကို စာနာမိသည့်တပ်ရင်းမှုး များ နှင့် ဗျူဟာ မှုးများ မှာ နေပြည်တော် (သို့ မဟုတ်) မင်္ဂလာဒုံ သို့ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရသည် ဟု သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့ တွင် ရဲမွန် တပ်မြို့ အား ၀ိုင်းထားသည့်  တပ်များ အားဆုတ်ခွာ စေပြီး လစာ ၊စားနပ်ရိက္ခာ နှင့် အရက် များ ကို ဗိုလ်မှုးကြီး တစ်ဦးက လာရောက် ပေးပြီး နောက် ရဲမွန် တပ်မြို့ မှ တပ်သားများအောင် ပွဲ ခံနေစဉ် အလစ်အငိုက် ၀င်ရောက် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။

ယခု အခါ ရဲမွန် တပ်မြို့  ကို တပ်မ ၁၁ က ၀င်ရောက် စီးနင်းထား ပြီး တပ်ရင်းမှုးများ အပြင် အရာရှိ နှင့်အခြားအဆင့် စစ်သည် များ ကိုလည်း ဖမ်းဆီးထား သည် ဟု သတင်းရရှိသည်။

ထို ကဲ့ သို့ တပ် ကို တပ် ချင်း အလစ် အငိုက် စီးနင်းမှု မှာ ၁၉၆၂ နောက် ပိုင်းတွင် ပထမ ဦးဆုံးအကြိမ်ဖြစ်ပြီးထိုကဲ့ သို့ စီးနင်းရန် အကြံပေး သူမှာ ထိုနေ့ တွင် ကာကွယ်ရေး ဦးစီးချုပ် အသစ် တာဝန် ထမ်းဆောင် ခဲ့သူဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဖြစ်သည် ဟု နေပြည်တော်ရှိ သံချပ် ကာယန္တယား တပ်မှ အရာရှိ တစ်ဦးက ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် သည် သွေးအေး ရက်စက် သူ ဖြစ်ပြီး ဓားမြောင် ပစ် ကျွမ်းကျင်သူ သထုံနယ်သား တစ်ယောက်ဖြစ်သည်။
http://freedomnewsgroup.com/ မှ

Saturday, August 28, 2010

ကရင်ရိုးရာလက်ချည်ပွဲ(နယ်သာလန်)တွင်ကျင်းပ


ကရင်ရိုးရာလက်ချည်ပွဲအခမ်းအနားကို၂၈--၀၈--၂၀၁၀(စနေနေ့)က နယ်သာလန် နိုင်ငံ Bospolderstraat 10,2912,PCNieuwwerkerkမှာ(နယ်သာလန်)ရောက်ကရင်မိသားစုများစုပေါင်းပြီးစည်းလုံးညီညွတ်စွာကျင်းပခဲ့ကြပါတယ်။ နော်ဆာဝါးကျီ& စောတာမလာ Ms Leonie Vos တို့က အခမ်းအနားအစီအစဉ်များကိုဖတ်ကြားကြပြီး၊ကရင်အမျိုးသား အလံတော်ကို (နယ်သာလန်)စံတော်ချိန် ၁၀:၃၀ တိတိတွင်အလေးပြုခြင်း၊(နယ်သာလန်)ကရင်အဖွဲ့၏ဒုဥက္ကဋ္ဌ ဆရာနယ်ဒါးမှ အမှာစကားပြောခြားခြင်း၊ကရင်ရိုးရာလက်ချည်ပွဲ ဖြစ်မြောက်လာရခြင်းအကြောင်းကို မြန်မာဘာဖြင့် စောအောင်ဘွားမှဖတ်ကြားခြင်း၊ပိုးကရင်လိုမန်းထွန်းလင်းမှဖတ်ကြားခြင်း၊(ရ)စဉ်ရိုးရာလက်ချည်ပွဲတံစာပလာများကိုယူဆောင်လာခြင်း၊ကရင်လူငယ်များမှသီချင်းနှင့်အကများဖြင့်ဖျော်ဖြေခြင်း၊မွန်အမျိုးသားအကများဖြင့်ဖျော်ဖြေခြင်း၊အစားအသောက်များဖြင့်ကြွေးမွေးဧည့်ခံကြပြီးအခမ်းအနားကို(နယ်သာလန်)စံတော်ချိန် ၁၅:၃၀ တွင်အောင်မြင်စွာပြီးဆုံးသွားခဲ့ကြပါသည်။
ဓာတ်ပုံများ
==================================================

ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ

ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ခြည်ဖြူဖွဲ့မင်္ဂလာပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။ အရှေ့ပိုးကရင် ဗုဒ္ဓဘာသာအနွယ်ဝင်တို့သည် ခြည်ဖြူဖွဲ့မင်္ဂလာပြုခြင်း ကျင်းပခြင်းကို အစဉ်အလာတစ်ရပ်အဖြစ် ပြုမြဲရှိကြသည်။

ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသသို့ ရှာဖွေရာ၌ အစဦးတွင် တစ်အုပ်စုတည်း ဆင်းသက်လာသူတို့က နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။ ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့်အခါသော်လည်ကောင်း၊ တစ်အုပ်စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်းသိရှိမှတ်သားနိုင်ရန် လက်တွင် ခြည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ ထိုသို့ လက်တွင် ခြည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထားရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟု အဆိုရှိကြသည်။

ကရင်လူမျိုးများသည် ရေကြည်ရာ၊ မြက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ်(အမိဘက်)၊ ဖါ-ထါ်(အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စုမကွဲမှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်းအသိ အမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊ (၂) ဖူ့က်ုဆင့်မဲပါ၊ (၃) ဖူ့ဒေတ်၊ (၄) ဖူ့ကျာပံင်၊ (၅) ဖူ့လေံင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖုးသူရေင့် စသည့် ကိုးယောက်သောခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။

ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့်လယ်လုပ်ငန်းကို သူသူငါငါ လုံးပန်းနေချိန်တွင် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့် ၀ါခေါင်လတွင် ခေတ္တ အားလပ်ကြ၍ အချင်းချင်းတွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့်ပင် စုပေါင်းမင်္ဂလာလက်ချည်ချင်းကို ၀ါခေါင်လတွင်ရွေးချယ်၍ ခင်းကျင်းကြလေသည်။

ဝါခေါင်လ လက်ချည်ခြင်းကို ရှေးကရင်လူကြီးများက ကြီးမားသောရည်ရွယ်ချက်များ ထားရှိပေသည်။ ၀ါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။ ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍လုပ်ကိုင်ခြင်းစားသောက်နှင့် ကြုံတွေ့ရသောဘေးအန္တရာယ်ကို စုပေါင်း၍တွန်းလှန်ကာကွယ်လေ့ရှိသလို ၀ါခေါလရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။ ၀ါခေါလတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစုပေါင်း၍ လက်ချည်ခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။

ဝါဆိုလလွန်၍ ၀ါခေါင်လရောက်လာလျှင် စားသုံးရန်ရိက္ခာများ လျော့နည်းလာ၏။ အိမ်ထောင်စုအလိုက်၊ ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ်လာသည်။ ထိုသို့ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လသည် မိုးသည်းထန်စွာ ရွာသွန်း၍ အအေးဓါတ်လည်းလွန်ကဲနေသည်။ ချောင်းရေ၊ မြစ်ရေများလျှံ၍ ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။ အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များဝင်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်းဆိုးဝါးလဟူ၍ မှတ်ယူကြသည်။ အမှန်မှာမကောင်းဆိုးဝါးလ မဟုတ်ချေ။ ၀ါခေါင်လတွင် ခံတွင်းမြိန် စားသောက်၍၀င် အာဟာရ တွေ့သောလသာဖြစ်သည်။

ကရင်ရိုးရာ လက်ခြည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာမင်္ဂလာပြုသောခြည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာခြည်ဖြူဖြင့် လက်ကိုရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။ ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။ ကရင်ရိုးရာလက်ခြည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။

ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။ ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ခြည်ခြင်း (လာဟှာခါင်စူး)၊ ထိမ်းမြားမင်္ဂလာ လက်ခြည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ခြည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။ လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ်လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊ အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေတတ်သည်ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။
ခြည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ (၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက်ညှင်းထုပ်ဖင်ချွန်၊ (၈) နတ်ပန်းညို(ဖ၀့်ဝီ)၊ (၉) ရေ စသည်တို့ ဖြစ်ပါသည်။

(၁) ဆန်ကော
ဆန်ကောသည် ၀ါးနှင့်ယက်လုပ်ထားခြင်းဖြစ်သည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အိုးအိမ်ကိုဝါးဖြင့် ဆောက်လုပ်ကြသည်။ အိမ်သုံးပစ္စည်းကို သဘာ၀၀ါးပင်နှင့်ယက်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် ယက်လုပ်ခြင်း လက်မူအတတ်ပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။

(၂) ယောက်မ
အချို့သော လူငယ်လူရွယ်တို့သည် စိတ်မြန်၊ လက်မြန်ရှိကြပြီး ဓါး၊ လှံစသည်တို့ကိုထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်လွဲမှားမူမျိုးမရှိရအောင် အေးချမ်းစွာ ညှိနှိုင်းတိုင်ပင်ပြီး ပြောဆိုရမည်ကို ယောက်မနှင့်ခေါက်၍ နှိုင်းပြထားခြင်းဖြစ်သည်။ ယောက်မသည် ပူလောင်ခြင်းကိုဒဏ်ကိုခံရည်ရှိရာ ထမင်းဟင်းလျာများချက်ရာတွင် လိုသလိုမွှေပြီး အသုံးပြုခြင်းဖြစ်သည်။

(၃) ခြည်ဖြူ
ဝါဂွမ်းစေ့ကို တစ်လုံးချင်းစုစည်းပြီး မြဲသောလက်ဖြင့် ဂွမ်းကိုကျစ်ပြီး လူမျိုးအားလုံးသည်လည်း ခြည်ဖြူကဲ့သို့ ကျစ်လျစ်ခိုင်မြဲရမည်ဟူ၍ဖြစ်သည်။ အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကိုဆောင်သည်။ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်ကာကွယ် ပြေပျောက်စေရန် အတွက်ဖြစ်သည်။

(၄) ကြံ
ကြံသည် ထူးခြားသည့်ဝိသေသ ရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ်ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများ လာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ်ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများလာနိုင်ပါသည်။ အဆစ်တိုင်းအဆစ်တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊မိုး၊ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ်ချိုမြိန်သည့်အရသာကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။

(၅)ငှက်ပျောသီး
ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်းကျနစွာဖြင့် စီတန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ်ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာဆင်းပြီး အစွယ်အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာသီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်အထိ ခုတ်ပိုင်းဖျက်ဆီးသော် လည်း အချိန်တန်လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့် ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီးမြေးမြစ်များဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

(၆) ထမင်းဆုပ်
ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ်ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန်ရည်ရွယ်ဖေါ်ပြခြင်း ဖြစ်ပါသည်။

(၇) ကောက်ညှင်းထုပ်ဖင်ချွန်
ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ ဖင်ချွန်ထုပ် စည်းထားသဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန်အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ်စုစည်း၍ ထက်မြက်ထူး ချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။

(၈) နတ်ပန်းညို(ဖ၀့်ဝီ)
နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍ ရုံဖွဲ့  မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။ ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည်။ အထူးသဖြင့် နတ်ပန်ညိုပန်း(ဖ၀့်ဝီ๏)ကဲ့သို့ပင် ကရင်လူမျိုး များသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည်တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင်ထိန်းသိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။

(၉) ရေ
ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။ ရေ၏စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရသည့်အရာဖြစ်သည်။ ဟောင်း နွမ်း ညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီးဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည်ပြည့်ဝစေခြင်းဖြစ်သည်။
လက်ချည်ရာတွင် ဆန်ကောတစ်ခုခုပေါ်တွင် ယောက်မ၊ ထမင်းခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊ ငှက်ပျောသီးမည့်ခုနှစ်လုံး၊ ကြံခုနှစ်စိပ်၊ နတ်ပန်းညို(ဖ၀့်ဝီ) ခုနှစ်ခက်နှင့် ရေကြည်အေးတစ်ခွက်ကို ချထားလေသည်။ ထိုအရာဝတ္ထုပစ္စည်းများပေါ်တွင် အရှည်တစ်တောင်ကျော်ခန့် ခြည်ဖြူများကိုဖြတ်ပြီး ဖြန့်စီထားလေသည်။
လက်ချည်ခံမည့်လူသည် လက်နှစ်ဖက်လက်ဝါးကို ဖြန့်ပြီးဆန့်ထားရသည်။ လက်ဝါးပေါ်တွင် ထမင်းတစ်ဆုပ်၊ ကောက်ညှင်းတစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး၊ ကြံတစ်စိပ်နှင့် နတ်ပန်းညိုသုံးခက်ကို ကိုင်ထားရသည်။ လက်ချည်ပေးကြမည့် ပုဂ္ဂိုလ်များသည် လက်ချည်ခံသူ၏လက်ကို ညင်သာစွာကိုင်ယူပြီး ခြည်ဖြူတစ်ပင်ကို အလယ်တည့်တည့်တွင် ရေအနည်းငယ်ဆွတ်လိုက်သည်။ ထို့နောက်တွင် မကောင်းသောအရာများ ကျသွားစေရန် လက်ကောက်ဝတ်တွင် ခြည်ဖြူဖြင့် သုံးခါသပ်ချပေးလိုက်သည်။ ထိုသို့ ပြုပြီးနောက်တွင် ခြည်ဖြူဖြင့်လက်ကိုဦးစွာ ညာလက်တွင်ရစ်ပတ်ပြီး အောက်ပါအတိုင်း ဆုတောင်းပေးကြသည်။

ပလူး- "လိပ်ပြာကလေး ပြန်ခဲ့ ပြန်ခဲ့။ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရန် ပြန်ခဲ့။ မနေအပ်သောအရပ်၊ မသွားမလာသင့်သောအရပ်။ သုသာန်တစပြင်နှင့် မကောင်းဆိုးဝါးတို့ ကျက်စားရာနေရာများမှရှောင်ထွက်၍။ မကောင်းသောမိစ္ဆာ၊ မိန်းမပျက်၊ မိန်းမယုတ်တို့၏ ဖျားယောင်းသောစကားကို မယုံကြည်ပါနှင့်။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုရန် အဘိုး၏ဖားစည်ကိုတီး၊ အဘွား၏ပလိုင်းကိုလွယ်ရန် ပြန်ခဲ့။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သားအလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သားကိုချေ သံကိုခွေနိုင်သည့် ခွန်အားတို့ဖြင့် ကျန်းမာစေပြီး၊။ သားသမီးတကျိတ်၊ မြေးတစ်ရာနှင့် မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်၍ ပြန်ခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ" ဟူ၍ဆုတောင်းကြသည်။
လက်ချည်ဆုတောင်းခြင်းကို ပြုပြီးသည်နှင့် ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ်ယူလိုက်သည်။ ထိုခြည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်ခက်နှင့် လက်ချည်ခံသူ၏ ငယ်ထိပ်တွင်တင်ပေးလိုက်သည်။ ပြီးနောက်တွင် "ဤခြည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဟူ၍ နောက်ဆုံး ဆုတောင်းပေးလေသည်။ (ဆုတောင်းပေးရာတွင် တတ်မြောက်သူတို့က တတ်မြောက်သည့်အလျောက် ဆိုကြသည်။ အချို့ကလည်း လိုရင်းကိုသာ တိုတိုတုတ်တုတ်နှင့် ဆုတောင်းပေးကြသည်)
ထိုအခါ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်တွင် လက်ချည်သူ၏ ဆုတောင်းစကားကို ဦးထိပ်ပန်သည့်သဘောဖြင့် ထိုအတိုင်းထားလေသည်။

ယင်းနောက်တွင် လက်ဝါးနှင့်ခံယူပြီး ဆန်ကောပေါ်တွင် ပြန်ချထားလိုက်သည်။ လက်ချည်ပေးခြင်း တစ်ဦးပြီးတစ်ဦး ချည်ပေးပြီးနောက်တွင် လက်ချည်ပွဲအတွက် စီမံပြုလုပ်ထားသော လက်ချည်မင်္ဂလာ ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ပြီး ၀ါခေါင်လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။ မျက်မှောက်ခေတ်တွင် ၀ါခေါင်လပြည့်နေ့ကြရောက်တိုင်း ပိုးကရင်လူငယ်များ စုစည်းဦးဆောင်၍ စုပေါင်းခြည်ဖြူဖွဲ့မင်္ဂလာပြုပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လျက် ရှိနေပေသည်။

ပြည်သူများ က အာဏာသိမ်းမှု ဟု ယုံကြည်ပြီးနောက် ထပ်မံရရှိသည့် နောက်ဆုံးရ သတင်းများ

Latest ၂(က) ပထမ အသုတ် ပြုတ်/နား များ ထဲမှ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးသာအေး ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့ အား အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထားသည် ဟု သတင်းရရှိသည် (မြန်မာ စံတော် ချိန် ညနေ ၃ နာရီ) အတည်မပြု နိုင်သေး

၂(ခ) ပြုတ်/နား များ နှင့် ရွေးကောက် /ကျောခိုင်း (ဥပမာ – ဦးခင်မောင်ဆွေ) တို့ မှာ စတ္ထုထ အင်အားစု အဖြစ်ပေါ်လာ နိုင်ဖွယ်ရှိ

၁(က) ပိတ်ထား သော ၀ဘ်ဆိုက်( အင်တာနက် စာမျက်နှာ) များ အားလုံးနီးပါးပြန်ပွင့် နေ

၁ (ခ)ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အား ကာကွယ်ရေးဦးစီးချုပ် ရာထူး ပေးသောကြောင် ဗိုလ်ချုပ်ကြီး သိန်စိန် ၊ ဗိုလ်ချုပ် သာအေး အပါအ၀င် ပထမ အသုတ် ပြုတ်/နား များကမကျေနပ် (DSA အကွဲ အပြဲဖြစ် နိုင်)

Friday, August 27, 2010

ကာကွယ်ရေးဦးစီးချုပ်ရာထူး ကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်လွတ်ဆုံးရှုံး


ယခင် တစ်ပါတီ အာဏာရှင် ဟောင်း ဦးနေ၀င်း ကွယ်လွန်ပြီး တစ်ပတ်ခန့် အကြာ တွင်ကာကွယ်ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးနှင့်စကားပြောရာ သေသည် အထိ စစ်ဝတ်စုံ ကိုမချွတ်ဟု (စစ်သား ဘ၀ ကိုမြတ်နိုး ၍ ပြောခြင်း မဟုတ်)ပြောခဲ့သည့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ ကောက်ကာငင်ကာ မြန်မာ နိုင်ငံ ၏ ခောတ်သစ် သမိုင်း တွင် အာဏာအရှိဆုံးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ကိုစွန့် လွှတ် ခဲ့ ခြင်း ကြောင့် ပြည်သူများ ကသို့ လော……သို့ လော ….အတွေး ပွား နေကြသည်။

ထိုသို့  အတွေးပွားသူများ တွင် ရွေးကောက်ပွဲ လိုလားသည့် ဆောင်းပါးများ ရေးသည့် ပြည်တွင်းစာရေးဆရာ တစ်ဦးကပင်တောင်အမေရိက တိုက် စစ်အာဏာသိမ်းမှု များ နှင့် ခပ်ဆင်ဆင်တူသည် ဟု မှတ် ချက်ပေး ပြောကြားသွားသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကာ/ချုပ် ရာ ထူးစွန့် လွှတ်ခြင်း နှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာန တွင်နှစ် သုံးဆယ် ကျော် တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် အငြိမ်းစားအရာရှိဗိုလ်မှုး တင်အောင် က ‘ခင်ဗျား တို့ မှတ်မိလား တော့ မသိဘူး ဒါ ဗိုလ်သန်းရွှေ အိန္ဒိယသွားတုန်းက အာဏာသိမ်း တယ် ဆို တဲ့ Line Up (လူစာရင်း)ပဲ ဟု Freedom News Group သို့ ပြောသည်။ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ထိပ်တန်း စစ်ခေါင်းဆောင် များ ဆိုင်းမဆင့် ဗုံမပါ နှုတ် ထွက်သွားခြင်း နှင့် ပတ် သက်၍ပြည်သူများ ၏ သဘောထား အမြင် များ ကို စနေ နေ့ ညနေတွင် စောင့်မျှော် ဖတ်ရှု ပါ။
-------------------------------------------------------------------------------------------------------------
ပြည်သူများ က အာဏာသိမ်းမှု ဟု ယုံကြည်ပြီးနောက် ထပ်မံရရှိသည့် နောက်ဆုံးရ သတင်းများ
၁။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ်သူ ဖိုးလပြည့် ၏ မိုဘိုင်းဖုန်းသည် ဆက်သွယ်ခေါ် ယူ၍ မရ တော့ဟု သတင်းရရှိသည်။
၂။ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သမက်ဖြစ်သူ ဦးတေဇ လည်း ပျောက်ဆုံးနေ ( လေယာဉ် ကွင်းများ တွင်လုံခြုံရေးတင်းကျပ်)
၃။J-Donut (ရွှေဘုံသာလမ်း – အထက်) အပါအ၀င် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ပိုင်ဆိုင်မှုများ တွင်လုံခြုံမှု မရှိ ဗုံးပေါက် မည် ဟု ကောလဟာလ ထွက်ပေါ်
၎။ပြည်ပ ငွေကြေး ပေါက် ဈေးများ အနည်းငယ် မြင့်တက် (အမေရိကန် 1 ဒေါ်လာ – မြန်မာကျပ်ငွေ1020)
၂-(၁) ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် က သောကြာနေ့  ကတ်ဘိနက် အရေးပေါ် အစည်းအဝေးတွင် ဗိုလ်ချုပ်မှုးကြီး ရာထူး လက်ခံ (အတည်ပြုမရသေး)

Freedom News Group မှ

Thursday, August 26, 2010

ပျံသန်းကြမည့် ဂီတသူရဲကောင်းများ

“ လူဆိုသည်မှာ ထင်းပုံကို တည် မီးလိုက်လို့ စား အကြွင်းက ပြာပဲ xxx ခွဲချိန်တန် ခွဲကြရမယ် ဒို့လိုလူတိုင်းပဲ xxx နှုတ်ဆက်ခြင်းရဲ့အစ . . . နှုတ်ဆက်ခြင်းရဲ့အဆုံး xxx တွေ့ဆုံကြုံကွဲ လောကရဲ့ သဘာဝပဲ xxx တွေ့ဆုံကြုံကွဲ လောကရဲ့ သဘာဝပဲ ”

အထက်ပါ သီချင်းစာသားကတော့ တေးရေး - ကိုနေ၀င်း (မောင့်လပြည့်ဝန်း) ၏ နာရေးကူညီ မှုအသင်း(ရန်ကုန်) အတွက် ကိုယ်တိုင်ရေးသား၍ သီဆိုပေးထားသော “အိုးထိန်းစက် သံသရာ” အမည်ရှိ တေးသီချင်းဖြစ်သည်။

“ May all be happy
Share my love, peace and harmony
May all be happy
Share your love, peace and harmony.
Let the world will be free. ”

အထက်ပါ သီချင်းစာသားကတော့ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ Bass ဂီတပညာရှင် ကိုရဲလွင် ကိုယ်တိုင် ရေးစပ်သီဆိုပေးထားသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် “SHARE MY LOVE” အမည်ရှိ တေးသီချင်းဖြစ်သည်။

ယင်းသီချင်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းကြသော အလှူရှင် များအား မေတ္တာဖြင့် ပြန်လည်ပေးအပ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု DVD အခွေများတွင် ထည့်သွင်းကုသိုလ်ယူကြမည် ဖြစ်သည်။ ယခင်က စိုးသိင်္ခ (ရေး/ဆို)၊ မေခလာ၊ နှင်းဧကရီ၊ ကိုစိုးပိုင်၊ မမေရွက်ဝါ၊ အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT (အာတီ)၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ (Cyclone) တို့သည် ကျွန်တော်တို့နှင့်အတူ လက်တွဲပေးဆပ် ခဲ့ကြသော ဂီတပညာရှင် လူမှုရေးသူရဲကောင်းများ ဖြစ်ကြသည်။

ယခု ကိုနေ၀င်းနှင့် ကိုရဲလွင်တို့သည်လည်း ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူအတွက် ပေးဆပ်မှုများ၊ လုပ်ဆောင်မှုများ၊ ဖေးမမှုများကို စိတ်ဝင်တစားဖြင့် မိမိတို့ တတ်ကျွမ်းသော ဂီတပညာရပ်ဖြင့် တစ်ဖက်တစ်လမ်း ကျွန်တော်တို့နှင့်အတူ ပူးပေါင်းလက်တွဲ၍ မြတ်ဗုဒ္ဓအလိုကျ လူမှုခရီးသွားကြသူများ ဖြစ်ကြသည်။ အဆိုပိုင်းတွင်မက ဂီတအတီး ပညာရှင်များ ဖြစ်ကြသော မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့မှ ကိုဇော်မျိုးထွဋ်၊ ယူနီဗာဆယ် စတူဒီယိုမှ ကိုဇော်နှင့်အဖွဲ့ အပြင် ကိုရဲလွင်မှလည်း ကိုနေ၀င်း တေးသီချင်းအား ၀င်ရောက်တီးခတ် ပံ့ပိုးကူညီအားဖြည့် ကုသိုလ် ယူခဲ့ကြသည်။

ဂီတပညာရှင် အများစုတို့သည် လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ဂရုဏစိတ်၊ မုဒိတာစိတ် များရှိကြသော ငြိမ်းချမ်းရေးသမားများ ဖြစ်ကြသည်။ ထိုငြိမ်းချမ်းရေး ဂီတပညာရှင်များနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အတွက် ပေးဆပ်ရန် အတူ လက်တွဲ ပျံသန်းနေကြပြီ ဖြစ်သည်။
Kyaw Thu Facebook မှ

Sunday, August 22, 2010

ကျုပ်တို့ မီဒီယာတွေအကြောင်း ပြောမလို့ပါ။ ပြောရေးရှိလို့သာပြောရတယ် ကြောက်တော့ ခပ်ကြောက်ကြောက်ပဲ။ မကြောက်လို့လည်း မဖြစ်ဘူးလေ။ သတင်းမီဒီယာဆိုတာက နတ်ဆိုး လိုပဲ။ နေ့စဉ်ပူဇော်ပသနေလဲ မ ချင်မှ မ တာ။ သူစိတ်ဆိုးလို့ နှောက်ယှက်ရင်လဲ မလွယ်သလို စိတ်ပျော်လို့ ကျီစယ်ရင်လည်း မချောင်ဘူး။ တခါတလေ သူစိတ်ရူးပေါက်လို့ မ စ ရင်တော့ ကောင်းစားပေတော့ပေါ့။ မ တယ်ဆိုတာကလည်း ဆယ်ခါရံတခါပါ။ ဒါပေမယ့် ကြောက်နေ ပူဇော်နေကြရတာပဲလေ။ ဒီနေ့ခေတ်ကြီးမှာ သတင်းမီဒီယာတွေရဲ့ ထက်မြက်မှုကလည်း ငြင်းစရာမရှိတဲ့ အချက်ပဲ။ အမေရိကန်သမတကြီး မစ္စတာရစ်ချတ်နစ်ဆင် (Richard Nixon) တောင် ဝါးတားဂိတ် အရေးတော်ပုံနဲ့ သတင်းစာသမားတွေ ဝိုင်းကြိတ်လိုက်ကြတာ သမ္မတထိုင်ခုံက ဆင်းပြေးခဲ့ရဘူးတယ်။

သုစိပုဘာ၊ ဝိလိသိဓာ

အက္ခရာ စွဲသုံး၊ ဤရှစ်လုံးကို

သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့…။ လို့ ငယ်ငယ်က ကျက်မှတ်ခဲ့ရဖူးတယ်။ အဓိပ္ပါယ်က အသိပညာရရာရကြောင်း အခြေခံအကြောင်းတရား (၈) ပါးကို ဆိုလိုတာပါ။ အဲဒီထဲက “ဘာ” ဆိုတာ ဘာသေယျ ကြားနာခြင်းလို့ အဓိပ္ပါယ်ရှိတယ်။ ကြားနာလေ့လာ ဆည်းပူးခြင်းပေါ့။ လူလိုသိ၊ လူလိုတွေး၊ လူလိုကျင့်ကြံ နေထိုင်ဖို့ရာအတွက် အခြေခံလိုအပ်ချက် အသိပညာရရာ ရကြောင်း မြတ်ဗုဒ္ဓညွန်ကြားခဲ့တဲ့ တရားတွေပဲ။

Saturday, August 21, 2010

ABMA ဂျာနယ် အတွဲ(၁) အမှတ်(၁၄)

BMA

ဒုဋ္ဌ၀တီမြစ်ရေစိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိ

ဒုဋ္ဌ၀တီမြစ်တွင် မြစ်ရေသည် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။

ဒုဋ္ဌ၀တီမြစ်ရေသည် သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တိုင်းထွာချက်အရ မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၈၇၀ စင်တီမီတာကို ကျော်လွန်နေကာ ၈၇၂ စင်တီမီတာသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၂၁ ရက်နေ့ မွန်း တည့် ၁၂ နာရီဝန်းကျင်အချိန် ဆက်သွယ်မေးမြန်းချက်အရ မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ၁၁ စင်တီတာကျော်လွန်ရောက်ရှိနေကြောင်း သိရှိရသည်။

''ဒီလ ၁၈ ရက်နေ့ကစပြီး မြစ် ရေချိန်မြင့်တက်လာပြီး စိုးရိမ်ရေမှတ် နားရောက်ရှိနေပါတယ်။ အရင်အပတ်တွေအထက်မှာ မိုးကောင်းတုန်းက မြစ်ရေကဒီကိုရောက်ရှိ မလာခဲ့ပါဘူး။ ဒုဋ္ဌ၀တီမြစ်ရေချိန် ဟာ လက်ရှိအချိန်မှာ ရဲရွာရဲ့ effect လို့ပြောလို့ရပါတယ်။ပုံမှန်မြစ်ရေချိန်အရဆိုရင် စိုးရိမ်စရာမရှိပါဘူး'' ဟုဒုဋ္ဌ၀တီမြစ်ရေတိုင်းထွာရေးစခန်း မှတာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

Friday, August 20, 2010

Breaking News :

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကိုလည်းကောင်း ပြည်ထောင်စုနယ်မြေ၏ ခရိုင်နှင့်မြို့နယ်များကိုလည်းကောင်း သတ်မှတ်
အပြည့်အစုံသို့
နအဖကတော့ ‘စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ’ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ မြန်မာ တိုင်းရင်းသား ပြည်သူတွေကို အစီအစဉ်တကျ စစ်ကျွန်တွေအဖြစ် သွတ်သွင်းနေပါပြီ။

ပါတီစုံရွေးကောက်ပွဲကို ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့မှာ ပြုလုပ်မယ်လို့ ၂၀၁၀ သြဂုတ်လ ၁၃ ရက် သောကြာနေ့မှာ တရားဝင်ကြေညာလိုက်ပါတယ်။ ကံဆိုးမိုးမှောင်ကျတတ်တဲ့ Friday the 13th နေ့မှာ ကြေညာလိုက်တဲ့အတွက် နအဖအဖို့ ဒုက္ခတွေ ပင်လယ်ဝေရမယ်လို့ လူအများကတော့ နိမိတ်ဖတ်နေ ကြပါတယ်။ တကယ်လဲ နအဖဟာ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်လိုက်တာပါ။

ပါတီစုံဆိုတာ ပါတီတခုထက်ပိုတဲ့ အရေအတွက်ပါ။ ကြံ့ဖွံ့ပါတီနဲ့ အခြားပါတီတခုပဲပါဝင်တဲ့ ရွေး ကောက်ပွဲကိုပြုလုပ်လိုက်ရင်ပဲ ပါတီစုံရွေးကောက်ပွဲအဖြစ် ဝိနည်းလွတ်နေပြီပေါ့။ လက်ရှိမှာ ပါတီ ပေါင်း ၄၀ နီးပါး မှတ်ပုံတင်ထားပြီးဖြစ်နေတော့ နအဖအတွက် ပိုအပြကောင်းနေပါတယ်။ နယ်ခြား စောင့်တပ်အသွင်အဓမ္မအပြောင်းခံထားရတဲ့ ငြိမ်းအဖွဲ့တွေရဲ့ပါတီများ၊ ကြံ့ဖွံ့အသင်းရဲ့သြဇာခံဒေသခံ တိုင်းရင်းသားပါတီများ၊ မစားရဝခမန်း မြော်လင့်ချက်မက်လုံးတွေနဲ့ ရသမျှနေရာလေး ဆုပ်ကိုင် လှုပ်ရှားမယ်ဆိုတဲ့ နိုင်ငံရေးဝါရင့်နဲ့မျိုးဆက်တို့ရဲ့ပါတီများ၊ အာဏာရှင်စစ်ဗိုလ်ဟောင်းများရဲ့ တစည ပါတီ၊ အဲန်အယ်လ်ဒီရဲ့ဂုဏ်အရှိန်အဝါကို မသမာစွာထင်ယောင်ထင်မှားအသုံးချမဲ့ အဲန်အယ်လ်ဒီလူ ထွက်တို့ရဲ့ပါတီ စတာတွေ မှတ်ပုံတင်ထားကြပါတယ်။

ဒီလောက်နဲ့ပင် အလွှာစုံကပါဝင်တဲ့ပါတီများယှဉ်ပြိုင်မဲ့ ပါတီစုံရွေးကောက်ပွဲကြီးရဲ့ကန့်လန့်ကာကို လာမဲ့ နိုဝင်ဘာ ၇ ရက်နေ့တွင်ဖွင့်လှစ်လိုက်မှာလို့ ပြည်တွင်းပြည်ပကို နအဖဟာ မျက်နှာပြောင်ပြောင် နဲ့ ကြေညာလိုက်တာပါ။ နိုင်ငံတကာက တောင်းဆိုနေကြတဲ့ အလုံးစုံပါဝင်မဲ့ ရွေးကောက်ပွဲကိုကျင်းပ တာပါလို့ ‘အပေါ်ယံရွှေမှုံကျဲ’တော့မှာပါ။ နိုင်ငံတကာက တောင်းဆိုတဲ့အဓိပ္ပါယ်နဲ့ကွဲလွဲလျက် မိမိဖွင့်ဆို ချင်တဲ့သဘောထားနဲ့ နအဖက လုပ်ချလိုက်တာပါ။ အာဆီယံ၊ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊အီရန်၊ အိန္ဒိယ စတဲ့ နအဖနဲ့အကျိုးတူစီးပွားဘက်နိုင်ငံများကတော့ ‘မချစ်သော်လဲ အောင့်ကာနမ်းကြလျက်’ ရွေးကောက်ပွဲကို ထောက်ခံကြိုဆိုကြမှာမလွဲပါ။

နအဖရဲ့ခေါင်းဆောင် ဖွဲ့ပေးလိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မ ရှင်ဥပဒေ၊ ပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ညွှန်ကြားချက်အမှတ် ၂/၂၀၁၀ တွေက ရွေးကောက်ပွဲဝင်မဲ့ ပါတီများကို ချုပ်ခြယ်ကန့်သတ်မှုများစွာနဲ့ ရစ်နှောင်ထားပါတယ်။ ဒီဥပဒေတွေနဲ့ညွှန်ကြားချက်ဟာ လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာရေးသားထုတ်ဝေခွင့် စတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ခြယ်ထားနေပါတယ်။

ဒါပေမင့် ဥပဒေရဲ့အထက်မှာ အမြဲရှိနေတဲ့နအဖရဲ့ ကြံ့ဖွံ့ပါတီကိုတော့ မဖော်ပြထားတဲ့ ချွင်းချက်တွေ ကို ခံစားနေစေပါတယ်။

ဒီဥပဒေတွေအရ စစ်ဘက်စိုးမိုးမှုကို အုဋ်မြစ်ခိုင်စေမဲ့ တဖက်သတ် မတရားရေးဆွဲထားပြီး မတရားဆန္ဒ ခံယူထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို သဘောတူလက်ခံရမှာဖြစ်ပါတယ်။ တကယ်တော့ ၂၀၀၈ အ ခြေခံဥပဒေဟာ မတရားဆန္ဒခံယူထားတဲ့အတွက် သဘောတူချက် ရထားရုံမျှသာရှိပါသေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲကပေါ်ထွက်လာမဲ့လွှတ်တော်က အတည်ပြုပေးရဦးမှာဖြစ်ပါတယ်။ အတည်မဖြစ် သေးပါ။ အာဏာသက်ရောက်မှုမရှိသေးပါ။ အာဏာသက်ရောက်မှုမရှိသေးတဲ့ဥပဒေတွေနဲ့ ပယ်ဖျက် ထားတဲ့ ဥပဒေတွေကို ကိုးကားနေတဲ့ နအဖရဲ့တရားရေးစံနစ်က မှန်ကန်မျှတမှုမရှိနိုင်ပါ။ ဥပဒေအ ထက်မှာ ရှိနေသူများရဲ့ လိုရာကြိုးဆွဲ ဘက်လိုက်တဲ့စံနစ်ပဲဖြစ်နေတာပါ။ ဒါကြောင့် လာမဲ့ ရွေးကောက် ပွဲဟာလဲ သမာသမတ်ကျ မျှတတဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်ပါဘူး။ အတည်မဖြစ်သေးပဲ အာဏာ သက်ရောက်မှုမရှိသေးတဲ့ အခြေခံဥပဒေအရပြုလုပ်မဲ့ဒီရွေးကောက်ပွဲဟာလဲတရားမဝင်ပါ။

မျှတမှုမရှိလဲ ရွေးကောက်ပွဲကတော့လုပ်ကိုလုပ်ဖြစ်မှာပါ။ တရားသဖြင့်မဖြစ်လဲ ရလဒ်ကတော့ နအဖ မြော်မှန်းထားတဲ့အဖြေပဲဖြစ်လာမှာပါ။ အာဏာရှင်များရဲ့လက္ခဏာစရိုက်တွေအနက် ၂ ချက်ကြောင့် ဖြစ်လာမှာပါ။ ဒီ ၂ ချက်ကတော့ (၁) အများပြည်သူအတွက်ကောင်းပြီး မိမိတို့အတွက်မကောင်းရင် မလုပ်ခြင်း (၂) အများပြည်သူအတွက်မကောင်းစေကာမူ မိမိတို့အတွက်ကောင်းရင် လုပ်ခြင်း တို့ပဲဖြစ်ပါတယ်။

ဒီတပွဲတော့ သိသိကြီးနဲ့ လည်စင်းခံကြရဦးမှာပါ။ မြန်မာတိုင်းရင်းသားပြည်သူများရဲ့ အနီးကပ်အနာ ဂတ်ကတော့ ရင်ထုမနာ ဖြစ်စရာပါ။ ကံကိုယိုးမယ်ဖွဲ့ပြီး ကံကိုပဲပုံချကြတော့မှာပါ။ မိမိကို အနိုင်ကျင့် နှိပ်စက်နေသူများအား သနားငဲ့ညှာတတ်တဲ့စိတ်(Stock holme syndrome) စွဲကပ်ကောင်းစွဲကပ်သွား မှာကိုအထူးစိုးရိမ်နေရပါတယ်။ မစွဲကပ်ရအောင် လုပ်ဆောင်ပေးရန် အရေးတကြီး လိုအပ်နေပါတယ်။

အချိန်တခုမှာ ပြည်သူ့အောင်ပွဲရလာမှာပါလို့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ပြည်ပ ပညာရှင်များက တွက် ပြထောက်ပြလေ့ရှိနေကြပါတယ်။ “လာမယ်ကြာမယ်”ဆိုတာကို မငြင်းလိုပါ။ ဒါပေမင့် “ကြာမယ်”ဆို တဲ့ အချိန်အတိုင်းအတာကတော့ အတိုတောင်းဆုံးဖြစ်ရပါ့မယ်။ အကျုံ့နိုင်ဆုံးဖြစ်ရမဲ့ကာလအတွက် ဘက်ပေါင်းစုံကတိုက်ပွဲဝင်ရမှာပါ။

အတတ်နိုင်ဆုံးတော့ ၂၀၁၀ မဟာဗျူဟာဖြစ်တဲ့ နအဖရဲ့ လာမဲ့ရွေးကောက်ပွဲ မဖြစ်မြောက် မအောင် မြင်ဘို့နဲ့ အဓမ္မ စံနစ်အရ ဖြစ်မြောက်သွားရင်လဲ နအဖဖန်တီးတဲ့ရွေးကောက်ပွဲရလဒ်ကိုအသိမှတ်မပြု ကြဘို့ဆောင်ရွက်ကြရမှာပါ။

အဓိကအနေနဲ့ မြန်မာတိုင်းရင်းသားအားလုံး အကြောက်တရားကင်းကင်းဖြင့် အောက်ပါအချက်များကို သဘောပေါက် ကျင့်ကြံနိုင်အောင် သတင်းအချက်အလက်အမှန်များ ပြန့်ပြန့်နှံ့နှံ့ မျှဝေအသိပေးဘို့ပါ။ “ရွေးကောက်ပွဲမှာ မဲမပေးပဲနေခြင်းသည် ဥပဒေကိုချိုးဖောက်တာမဟုတ်ပဲ ဥပဒေနဲ့အညီဖြစ်တယ်၊ ကြိုတင်မဲပေးခြင်းမလုပ်လေကောင်းလေဖြစ်တယ်၊ ပယ်မဲဖြစ်အောင် မဲသွားပေးလဲ ထောက်ခံမဲအဖြစ် အလွယ်တကူလိမ်ညာရေတွက်နိုင်ကြောင်း၊ ငွေကြေး၊ အခွင့်အရေး၊ မက်လုံးတို့ဖြင့် မဲအဝယ်ခံရရင်ဖြစ် စေ၊ အဓမ္မ မဲဆွယ်ခံရရင်ဖြစ်စေ၊ ကြံ့ဖွံ့ပါတီကိုဇွတ်ခြိမ်းခြောက် စည်းရုံးခံရရင်ဖြစ်စေ တိုင်တန်းနိုင်တဲ့ (လမ်းပြကြယ်အဖွဲ့လို ဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးရေး) ဥပဒေအထောက်အကူပေးအ ဖွဲ့များကို ညွှန်ပြပေးခြင်း၊” စတာတွေကို အသိပေးနှိုးဆော်သင့်ပါတယ်။

ပြင်ပ အသံလွှင့်ဌာနတွေကို အများဆုံးအားကိုးရမှာဖြစ်ပါတယ်။ ယင်း ဌာနတွေကနေ ပြည်တွင်းရှိ နိုင်ငံသား ၈၀% နားလည်လွယ်နိုင်၊ သဘောပေါက်စေနိုင်တဲ့ တင်ပြချက်များ၊ နှိုးဆော်ချက်များ၊ သတိ ပေးချက်များကို နေ့စဉ်လွှင့်အစီအစဉ်တိုင်းတွင် တကြိမ်စီ လွှင့်ထုတ်ပေးသင့်ပါတယ်။ တနေ့ ၃ ကြိမ် လွှင့်ရင် အသိပေးနှိုးဆော်ချက်များကို တနေ့ ၃ ခါကြားသိနေကြရမှာဖြစ်ပါတယ်။ (နအဖရဲ့ဝါဒဖြန့် ‘တို့တာဝန်အရေး’၊ ‘ပြည်သူ့သဘောထား’တွေနေ့စဉ်ဖော်ပြနေသလို) အသိပေးနှိုးဆော်ချက်များကို သတိမပြတ် မှတ်မိနေအောင် ထုတ်လွှင့်ပေးသင့်ကြပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ လွှင့်ထုတ်ဆော်သြသင့်ပါ တယ်။ ယင်းအသိပေးနှိုဆော်ချက်များကို ဇာတ်လမ်းတန်ဆာဆင်မနေပဲ ဒဲ့ဒိုးသာ ဆော်သြပေးခြင်း သာ အထိရောက်ဆုံးဖြစ်ပါလိမ့်မယ်။

သတင်းဌာနများအနေနဲ့ ဘက်မလိုက်ဆောင်ရွက်ကြမဲ့မူဝါဒရှိနေတယ်ဆိုလင့်ကစား အမှန်တရားအ တွက် ဘက်မလိုက်တဲ့အနေနဲ့ မတရားအနိုင်ကျင့်ခံ ဆက်လက်အဖိနှိပ်ခံနေရတဲ့ မြန်မာတိုင်းရင်းသား အပေါင်းရဲ့အနာဂတ်လှပနိုင်ရန် အလွန်အရေးကြီးနေတဲ့အချိန်မှာ သမိုင်းပေးတာဝန်ကျေပွန်စေဘို့ငှာ မေတ္တာရပ်ခံအပ်ပါတယ်။ အတတ်နိုင်ဆုံးစတင်ဆော်သြပေးနိုင်တဲ့အချိန်ကနေ ရွေးကောက်ပွဲကျင်းပ တဲ့နေ့အထိ ဖေးမကူညီသင့်ပါတယ်။ ရက်ပေါင်း ၈၀ ကျော်လောက်ပါပဲ။ ပြည်တွင်းကို ကျယ်ကျယ်ပြန့် ပြန့် ထိရောက်စွာ ထိုးဖောက်ပေးနိုင်မဲ့ “မီဒီယာအင်းအားကြီးများ”အဖြစ် အားကိုးလိုက်ရပါတယ်။ “ရှစ်လေးလုံးအရေးတော်ပုံကြီး”တုန်းကလဲ ပြည်ပအသံလွှင့်ဌာနကြီးများရဲ့ ပံ့ပိုးမှုကို မြန်မာပြည်သူများ က သမိုင်း ကမ္ဗည်းထိုး မှတ်တမ်းတင်ပေးခဲ့တာ သာဓကပါ။

ပြည်သူအပေါင်း ပြည်ပမီဒီယာများရဲ့ထုတ်လွှင့်ချက်များကို နားထောင်နိုင်ကြရန် ရေဒီယိုများများ သုံးစွဲနိုင်အောင် ပြည်တွင်းပြည်ပမှတတ်နိုင်တဲ့သူများက တာဝန်ယူဖြန့်ချိပေးရပါလိမ့်မယ်။

ပြည်တွင်းမှာက လှုပ်ရှားသူများအတွက် အန္တရာယ်စက်ကွင်းတွေကများလှပါတယ်။ ခွင်လဲကျဉ်းမြောင်း ပါတယ်။ ထိရောက်မှုအားလဲ နည်းပါးပါလိမ့်မယ်။ ပြည်တွင်းစာနယ်ဇင်းများကလဲ ဖြစ်ရပ်မှန်များကို ဖော်ပြရန် စာပေစိစစ်ရေးကင်ပေတိုင်ကို ကျော်လွှားနိုင်ကြမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံ တနံတလျား ပြန့်သွားနိုင်မဲ့ ပြည်ပမီဒီယာများရဲ့အစွမ်းကိုပဲ အားထားရမှာဖြစ်ပါတယ်။

မီဒီယာအစွမ်းနဲ့ စစ်အာဏာရှင်အခန်းကဏ္ဍ ပြုတ်ကျသွားတဲ့ သမိုင်းမှတ်တိုင်ထူနိုင်ကြပါစေ။
ဆောင်းပါးပေးပို့သော ဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်

Thursday, August 19, 2010

Myanmar split over poll boycott

----------------------------------------------------------------------------------------------------------
Pragmatic engagement with Myanmar

လူမှောင်ခိုသမားဖမ်းမိ

ကိုဦး ၊ ၊မြန်မာနိုင်ငံသား မြန်မာမိန်းခလေးနှစ်ဦးကို မလေးရှားနိုင်ငံသားက ရောင်းရန် စီစဉ်နေစဉ်တွင် ထိုင်းရဲများက စွေထိုင်းကျန်းလုန်(၇)၊ စနပ်ခမ်ရပ်ကွက်၊ စဒေါင်းမြို့၊ စုန်ခါ ခရိုင်တွင်သြဂုတ်လ၊ (၁၇)ရက်နေ့က ဖမ်းဆီးမိသည်။

တခ် ခရိုင် နယ်မြေအမှတ်(၉)မှ ဗိုလ်ချူပ်ထမနွန်ပယွန်ရုန်းဦးဆောင်သော အဖွဲ့က သတင်းအရစဒေါင်းမြို့၊ စနပ်ခမ်ရပ်ကွက်၊ စွေထိုင်းကျန်းလုန်(၇)၊ chalalaကာရာအိုကေ ဆိုင်ကို ၀င်ရောက်ရှာဖွေရာ မြန်မာမိန်းကလေး မသင်းသင်းစန်း အသက်(၂၀)နှင့် နောက်တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ဖမ်းမိသူမိန်းခလေးနှစ်ဦး၏ ထွက်ဆိုချက်အရ ဆိုင် ရှင်မှာ မလေးရှားနိုင်ငံသား Tay Boon Tiong(ခေါ်) နိုင်အာကျုန် အသက်(၃၀)နှစ် ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် မြန်မာမိန်းခလေးများ၏ ထွက်ဆိုချက်အရ သူတို့နှစ်ဦးကို မလေးရှာနိုင်ငံသို့ရောင်းရန်စီစဉ်နေစဉ်တွင် လာရောက်ဖမ်းဆီးမိခြင်းဖြစ်သည်။ သူမတို့နှစ် ဦးကို ပြည့်တန်ဆာရုံသို့ ရောင်းရန်ဖြစ်သည်။အရင်ဦးဆုံး နိုင်အာကျုန်က သူ့ဆိုင်တွင် အခန်းတွင်း လှောင်ပိတ်ထားသ်ည်။ ဧည့်သည်လာလျှင် တာဝန်ကျေအောင်ပြုလုပ်ပေး ရသည်။ တာဝန်မကျေပါက ဆဲဆိုရိုက်နှက်ခြင်းကို ခံရကြောင်းကို တာဝန်ရှိသူများရှေ့တွင်ထွက်ဆိုခဲ့သည်။ ဆိုင်ရှင်က ဟုတ်မှန်ကြောင်းကို ၀န်ခံထွက်ဆိုခဲ့သည်။

မြန်မာမိန်းခလေးနှစ်ဦးမှာလဲ တာဝန်ရှိသူများ၏ ကူညီစောင့်ရှောက်မှုဖြင့် ပြန်လည် လွတ်မြောက်သွားခဲ့ကြောင်းကိုthairathnewspaperထိုင်းသတင်းစာတွင် ရေးသားဖေါ်ပြခဲ့ သည်။ အဆိုပါအဖြစ်မျိုးကို လွန်ခဲ့သော လဆန်းပိုင်းကလဲမဲဆောက်မြို့တွင် ညီအမနှစ် ဦးကိုရောင်းစားခံရခိုက်တွင် ကူညီသူများက ကယ်တင်နိုင်ခဲ့သည်။ ထိုင်းမြန်မာလူကုန်ကူး မှုတိုက်ဖျက်ရေးအဖွဲ့ ရှိသော်လဲ လုပ်ငန်းများမှာ မဆိုသလောက်သာ လုပ်ကိုနေကြသည်။ မြ၀တီရှိ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီး ကြီးရွှေသို့  FreedomNewsGroup မှ ဖုန်းဖြင့် ဆက် သွယ်ခဲ့သော်လဲဖုန်းကိုဖြေကြားခြင်းမရှိပါ။
http://freedomnewsgroup.com/ မှ

Wednesday, August 18, 2010

မောင်တစ်ထမ်း မယ်တစ်ရွက် (၂၉) နှစ်မြောက်

ကျွန်တော်က ညာတောင်ပံ.... ဆိုလျှင်

သူမက ဘယ်တောင်ပံ။

သူမက ညာတောင်ပံ .... ဆိုလျှင်

ကျွန်တော်က ဘယ်တောင်ပံ။

ထိုသို့ .... နှစ်ကိုယ့်တစ်စိတ်ဖြင့် ပျံသန်းလာမှု
နှစ်ကိုယ့်တစ်စိတ်ဖြင့် လျှောက်လှမ်းလာမှုတို့သည်

နှစ်ဆယ့်ကိုး (၂၉) နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။

ဤသို့ .... ပျံသန်းမှု၊ လျှောက်လှမ်းမှုတို့သည် ....

ရိုးသားသည်၊ ကြိုးစားသည်။
ဖောက်ထွက်သည်၊ တိုက်ဖျက်သည်။
သီလလုံသည်၊ လိပ်ပြာသန့်သည်။
ဖြူစင်သည်၊ သန့်ရှင်းသည်။
အဖြူထည် သက်သက်သာ ဖြစ်တော့သည်။

ထိုကဲ့သို့ အဖြူထည်သက်သက်ဖြင့် ပျံသန်းလျှောက်လှမ်းနေသော ဦးတည်အရပ်သည်ကား
မြတ်ဗုဒ္ဓဟောကြား မိန့်မှာခဲ့သည့် ငြိမ်းချမ်းမှုရှိရာ အရပ်ဒေသ။

ဤကဲ့သို့ ငြိမ်းချမ်းမှုရှိရာ အရပ်ဒေသသို့ကျွန်တော် ကျွန်မတို့နှင့်အတူ ပျံသန်းကြရင်း၊

အတူလက်တွဲ လျှောက်လှမ်းကြရင်း၊ ဖြူစင်သော စားဖွယ်တို့ကို သုံးဆောင်ကြပါရန်
ဖြူစင်သော စိတ်စေတနာဖြင့် ဖိတ်ကြားအပ်ပါသည်။
လေးစားဦးညွတ်စွာဖြင့်

ကျော်သူ + ရွှေဇီးကွက်

မောင်တစ်ထမ်း မယ်တစ်ရွက် (၂၉) နှစ်မြောက်

မှတ်တိုင်ထူမည့် နေ့ရက် ။ ။ ၂၀၁၀ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့
မှတ်တိုင်ထူမည့် အချိန် ။ ။ နံနက် (၁၀) နာရီ
မှတ်တိုင်ထူမည့် နေရာ ။ ။ "သုခအဟာရ" စားသောက်ဆိုင်
နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က) ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊
မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

(အကိုကျော်သူ၊ အမ မြင့်မြင့်ခင်ဖေ တို့၏ လျှောက်လှမ်းခဲ့သည့် ၂၉-နှစ်တာသော လမ်းမှသည် ခရီးဆုံးသည်ထိ တူညီကောင်းမွန်မြင့်မြတ်သော သဒ္ဓာ၊ သီလ နှင့် အေးချမ်းစစ်မှန်သော မေတ္တာလမ်းပေါ် ဆထက်တံပိုးတိုး၍ အကျိုးပြုလုပ်ငန်းများကို စိတ်တိုင်းကျ အေးချမ်းစွာ လုပ်ဆောင်နိုင်ပါစေကြောင်း ကျွန်တော်တို့ Admin Team မှ မုဒိတာနှင့်တကွ တောင်းဆုပြုလိုက်ပါသည် ခင်ဗျား။)

လေးစားခြင်း၊ အားကျခြင်း၊ ကြည်ညိုခြင်း မှသည် ကြည်နူးပီတိများစွာဖြင့်...

Kyaw Thu Fan Page Admin Team

Kyaw Thu Facebookမှ

Sunday, August 15, 2010

ကယ်တင်ရှင်မမျှော်စေချင်

ကယ်တင်ရှင်မမျှော်စေချင် (Written by လူထုစိန်ဝင်း)
ပြောရိုးပြောစဉ်မို့ နှုတ်က အလွယ်တကူ ပြောလေ့ရှိတဲ့ မြန်မာစကားတွေထဲမှာ မနှစ်သက်နိုင်တဲ့ စကားတချို့ ရှိတယ်။ တချို့စကားတွေဆိုရင် ဘယ်ခေတ်မှာ ဘယ်သူကစခဲ့တယ် မသိဘူး။ တော်တော် ယုတ္တိမတန်၊ မမှန်ကန်တာ တွေ့ရတယ်။

ပါရမီနဲ့ ဉာဏ်ပညာကြောင့်
အဲဒီလိုစကားတွေထဲက မနှစ်သက်နိုင်ဆုံး စကားတစ်ခုကတော့ ''ဘုရားတောင် အမှီရှိမှပွင့်တယ်'' ဆိုတဲ့ စကားဖြစ်တယ်။ အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ စံပါယ်တော်မူရင်း ဘုရားအဖြစ်ကို ရောက် ရှိခဲ့ကြတာကို အကြောင်းပြုပြီး ပြောကြဆိုကြတာ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဟာ ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ဗောဓိညောင်ပင်ဆိုတဲ့ အမှီကြောင့် ဘုရားအဖြစ်ကို ရရှိခဲ့တာ မဟုတ်ပါဘူး။ လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ အထုံပါရမီနဲ့ အတိုင်းအဆမရှိ ကြီးမားလှတဲ့ ဉာဏ်ပညာကြောင့် ဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သစ်ရိပ်ဝါးရိပ်မှာ
အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ရှိခဲ့ကြတာက အခြေအနေအရ ဖြစ်ရတဲ့ သဘောပါ။ ဘုရားအလောင်းအဆက်ဆက်တို့ဟာ လောကီစည်းစိမ်ချမ်းသာတွေကို စွန့်ပြီး တောရပ်မှာ လှည့်လှည်သီတင်းသုံး ရင်း တရားစစ်တရားမှန်ကို ရှာဖွေကြပါတယ်။ ကျောင်းသင်ခန်း ဆောက်တည်နေလေ့ မရှိပါဘူး။ အရိပ်အာဝါသကောင်းရာ သစ်ပင်ဝါးပင်တွေအောက်မှာ အလျဉ်းသင့်သလို သီတင်းသုံးပြီး ကျင့်ကြံအားထုတ်နေကြတာ ဖြစ်တယ်။ နေရေးစား ရေးကိစ္စများအတွက် အချိန်ကုန်မခံပါဘူး။ ရသမျှအချိန်တိုင်း သဗ္ဗညုတဉာဏ်တော် ရရှိရေးအတွက်သာ အားထုတ်နေတာ ဖြစ်ပါတယ်။

ဘယ်သူမပြုမိမိမှု
သစ်ပင်ကောင်းတစ်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ ကျင့်ကြံအားထုတ်ရင်း ဘုရားအဖြစ်ကို ရောက်ရှိခဲ့တာကြောင့် ဘုရားနဲ့သစ်ပင်ကို တွဲပြီးမြင်နေရတာ ဖြစ်တယ်။ ဒါပေမဲ့ စကားအဖြစ် ပြောနေကြသလို ''အမှီရှိမှပွင့်တယ်''ဆိုတာ မမှန်ပါဘူး။ ဒီမမှန်တဲ့ စကားကို နှုတ်က ခပ်ပေါ့ပေါ့နဲ့ အလွယ်တကူ ပြောနေကြလေတော့ လူတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ အားမပေးတဲ့သဘော သက်ရောက်သွားခဲ့ရတယ်။ ဗုဒ္ဓဘာသာမှာက အားကိုးမှီခိုရာ ကယ်တင်ရှင် ဆိုတာ မရှိပါဘူး။ လူတစ်ယောက် ကောင်းရာမွန်ရာရောက်အောင် ဘယ်သူကမှ ပို့မပေးနိုင်သလို ငရဲရောက်အောင်လည်း ဘယ်သူကမှ တွန်းချတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ဘယ်သူမပြု မိမိမှုပါပဲ။

'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ် (Savior Complex) တွေကြောင့် ဖြစ်ပါတယ်။

ကယ်တင်ရှင်မရှိ
ဗုဒ္ဓရဲ့ အလိုတော်က ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျင့်ကြံအားထုတ်လုပ်သူ မှန်သမျှ ဘယ်သူမဆို ဗုဒ္ဓဘုရားအဖြစ်ကိုတောင် ရနိုင်ပါတယ်။ မိဘကျေးဇူး ဆပ်ချင်လွန်းလို့ဆိုပြီး မိဘကို နိဗ္ဗာန်ရောက်အောင် လုပ်မပေးနိုင်သလို၊ သားသမီးကိုချစ်လွန်းလို့ နတ်ပြည်ခြောက်ထပ်မှာ နတ်သမီးလေးတွေ တစ်ဖက်ငါးရာနဲ့ စံစားနိုင်အောင် ဘယ်မိဘကမှ လုပ်မပေးနိုင်ပါဘူး။ ကိုယ်တိုင်ကျင့်၊ ကိုယ်တိုင်အားထုတ်မှ ရနိုင်ပါတယ်။ ဘယ်သူမှ အားကိုးလို့ မရဘူး။ ကယ်တင်ရှင် မရှိဘူး။ 'အတ္တာဟိအတ္တနော နတ္ထော' မိမိကိုယ်မှတစ်ပါးကိုး ကွယ်ရာမရှိဘဲ။
ကိုယ့်ထမင်းကိုယ်ရှာစား
လူ့ဘောင်လောကမှာ လောကီသားမှန်သမျှ အချင်းချင်း ကူညီရိုင်းပင်းနေကြတယ်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အပြန်အလှန် အမှီသဟဲ ပြုနေကြတယ်။ အထီးထီး လူတွေနဲ့ အဆက်အဆံမရှိ ရပ်တည်လို့မရဘူး။ ဒါဟာ လူ့လောကရဲ့ သဘာဝတရား ဖြစ်တယ်။ ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်အသက်ရှင် ရပ်တည်ရေးအတွက် ကိုယ့်ဘ၀ သာယာအေးချမ်းရေးအတွက် ကိုယ့်ဟာကိုယ် ကြိုးပမ်းအားထုတ်ရတယ်။ ကိုယ့်ထမင်း ကိုယ်ရှာစားရတယ်။ ကိုယ့်မိသားစုကို ကိုယ့်ဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရတယ်။ ဘယ်သူ့ကိုမှ အားကိုးအားထားပြုလို့ မရဘူး။

ကယ်တင်ရှင်မလုပ်နဲ့
ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနဲ့ အတူတကွ လက်တွဲနေထိုင်ကြရတယ် ဆိုတဲ့ လောကသဘာဝတရားကို လူတွေက တလွဲဆံပင်ကောင်းလုပ်ပြီး မှီခိုအားကိုးမှု လွန်လွန်ကဲကဲဖြစ်အောင် လုပ်နေကြတာ နေရာတိုင်းမှာ တွေ့နေရတယ်။ အခက် အခဲကြုံတွေ့နေရတဲ့ လူတစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်နည်းနဲ့ကိုယ် ဖြေရှင်းဖို့ တိုက်တွန်းရမယ့်အစား၊ အားကိုးအားထားရှာဖို့ အကြံပေးတတ်ကြတယ်။ ဒါမှမဟုတ်လည်း သူ့အားနဲ့သူ ဖြေရှင်းဖို့ အကြံပေးလမ်းပြ လုပ်မယ့်အစား ကိုယ်က ကယ်တင်ရှင်လုပ်ပြီး ၀င်ကယ်ပေးကြတယ်။ စေတနာနဲ့ ၀င်ကယ်တာ ဆိုပေမယ့် ဒါဟာ ကူညီရာ မရောက်ပါဘူး။ တစ်ဖက်သားကို အားကိုးရှာလွန်းတဲ့ စိတ်ဓာတ် (Dependency Syndrome) အမြစ်တွယ်သွားပြီး တစ်သက်လုံး သူများ နှာခေါင်းပေါက်နဲ့ အသက်ရှုတဲ့လူမျိုး ဖြစ်သွားစေပါတယ်။

အမှောင်တိုက်ကြီး
အာဖရိကတိုက် အငတ်ဘေး ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီး စတင်တည်ထောင်ပြီးကတည်း က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ယူအင်ဒီပီ၊ ယူနီဆက် စတဲ့ အဖွဲ့တွေနဲ့တကွ သူဌေးနိုင်ငံကြီးတွေ အားလုံးက ဒေါ်လာတွေ ထရီလျံပေါင်းများစွာ သုံးပြီးဆောင်ရွက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပါပြီ။ အာဖရိကတိုက်ကြီးကတော့ အငတ်ဘေးတွေ၊ ရောဂါဘယတွေ၊ မျိုးနွယ်စု လူသတ်ပွဲကြီးတွေ အောက်မှာ နစ်မွန်းသထက်နစ်မွန်းပြီး 'အမှောင်တိုက်ကြီး' (Black Continent) အဖြစ်ပဲ ရှိနေဆဲပါပဲ။ လွတ်လမ်းလည်း ရေးရေးတောင် မမြင်ရသေးပါဘူး။
လှေနဲ့ ပိုက်တွေပေးရမှာ
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ်(Savior Complex) တွေကြောင့် ဖြစ်ပါတယ်။ ငတ်နေတဲ့လူတွေကို ငါးတွေပဲ ယူလာပေးနေတဲ့ အခါကျတော့ အဲဒီလူတွေက ငါးလာပေးမှာ ကိုသာ အမြဲစောင့်မျှော်နေကြတော့တယ်။ တကယ်လုပ်သင့်တာက လှေတွေနဲ့ ပိုက်တွေပေးပြီး ငါးများတတ်အောင် လုပ်ပေးရမှာ မဟုတ်လား။ ကယ်တင်ရှင်စိတ်ဓာတ် လွန်ကဲနေတဲ့ ကယ်တင်ရှင်တွေက လူတွေကို မှီခိုလွန်းတဲ့ စိတ်ဓာတ် အမြစ်တွယ်သွားစေတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်အတော်များများကလည်း ကယ်တင်ရှင် လုပ်ရပ်တွေကို မနှစ်သက်ကြပါဘူး။

ကယ်တင်ရှင် မမျှော်စေချင်
'အလှူဒါနနဲ့ နိုင်ငံတစ်ခုကို မကယ်တင်နိုင်' (Charity does not save a nation) ဆိုတဲ့ စကားကို ဖွံ့ဖြိုးရေးပညာရှင်တွေက ထောက်ပြလေ့ရှိတယ်။ လူတွေကို သူတို့ခြေထောက်ပေါ် သူတို့ရပ်ပြီး၊ သူတို့ဘ၀ကို သူတို့ကိုယ်တိုင် ကယ်တင်ဖို့ကိုသာ တိုက်တွန်းတယ်။ ကျွန်တော်တို့ လူငယ်တွေကို 'ကယ်တင်ရှင်စိတ်ဓာတ်'တွေ ကူးစက်မလာစေချင်ဘူး။ အလားတူပဲ ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်မျိုးတွေလည်း ရှိမလာစေချင်ဘူး။
ဗုဒ္ဓဘုရားရှင်ဟောကြားတော် မူတဲ့အတိုင်း 'အတ္တာဟိအတ္တနော၊ နတ္ထော' စိတ်ဓာတ်မျိုးပဲ ထွန်းကားစေချင်တယ်။ ''ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်''ဆိုတဲ့ စကားကတော့ လူငယ်တွေကို ကယ်တင်ရှင်မျှော်တဲ့ စိတ်ဓာတ်သွင်းပေးတဲ့ သဘော သက် ရောက်တယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အစဉ်အလာ ဆိုရိုးစကားဖြစ်တိုင်း နှုတ်ထွက်မလွယ်သင့်ဘူး။ လက်လည်း မခံသင့်ဘူး။ မြတ်စွာဘုရားရဲ့ အလိုတော်အတိုင်း ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဉာဏ်နဲ့ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီးမှ ဆုံး ဖြတ်သင့်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။
http://www.news-eleven.com/မှ

Saturday, August 14, 2010

ကရင်ရိုးရာလက်ချည်ပွဲနယ်သာလန်တွင်ကျင်းပမည်

ကရင်ရိုးရာလက်ချည်ပွဲဖိတ်ကြားလွှာ
ကရင်ရိုးရာလက်ချည်ပွဲအခမ်းအနားကို နယ်သာလန်နိုငံရောက်ကရင်များစုပေါင်းပြီးစည်းလုံးညီညွတ်စွာ
ကျင်းပမည်ဖြစ်သဖြင့်လူကြီးမင်းများအောက်ပါအစီအစဉ်အတိုင်းကြွရောက်ချီးမြင့်ပေးပါရန်လေးစား
စွာဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက်---၂၈--၀၈--၂၀၁၀(စနေနေ့)
ကျင်းပမည့်အချိန် _နံနက် ၁၀း၀၀ -မှ-ညနေ-၃နာရီအထိ
ကျင်းပမည့်နေရာ- -Ontmoetingscrum,Bospolderstraat 10, 2912 PC Nieuwwerkerk
ဆက်သွယ်ရန် ---ကိုထွန်းလင်း ၀၀၃၁၆၈၄၈၁၅၇၀၉, ကိုလယ်မူး---၀၀၃၁၆၈၄၁၃၆၅၈၆
                       မခင်ညွှန့် --၀၀၃၁၈၀၇၅၆၄၈၈+ ကိုချနိုနို--၀၀၃၁၆၁၉၃၆၀၉၆၅
ကရင်မိသားစုများ(နယ်သာလန်)
==================================================
ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ
ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ခြည်ဖြူဖွဲ့မင်္ဂလာပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။ အရှေ့ပိုးကရင် ဗုဒ္ဓဘာသာအနွယ်ဝင်တို့သည် ခြည်ဖြူဖွဲ့မင်္ဂလာပြုခြင်း ကျင်းပခြင်းကို အစဉ်အလာတစ်ရပ်အဖြစ် ပြုမြဲရှိကြသည်။

ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသသို့ ရှာဖွေရာ၌ အစဦးတွင် တစ်အုပ်စုတည်း ဆင်းသက်လာသူတို့က နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။ ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့်အခါသော်လည်ကောင်း၊ တစ်အုပ်စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်းသိရှိမှတ်သားနိုင်ရန် လက်တွင် ခြည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ ထိုသို့ လက်တွင် ခြည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထားရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟု အဆိုရှိကြသည်။
ကရင်လူမျိုးများသည် ရေကြည်ရာ၊ မြက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ်(အမိဘက်)၊ ဖါ-ထါ်(အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စုမကွဲမှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်းအသိ အမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊ (၂) ဖူ့က်ုဆင့်မဲပါ၊ (၃) ဖူ့ဒေတ်၊ (၄) ဖူ့ကျာပံင်၊ (၅) ဖူ့လေံင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖုးသူရေင့် စသည့် ကိုးယောက်သောခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။
ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့်လယ်လုပ်ငန်းကို သူသူငါငါ လုံးပန်းနေချိန်တွင် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့် ၀ါခေါင်လတွင် ခေတ္တ အားလပ်ကြ၍ အချင်းချင်းတွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့်ပင် စုပေါင်းမင်္ဂလာလက်ချည်ချင်းကို ၀ါခေါင်လတွင်ရွေးချယ်၍ ခင်းကျင်းကြလေသည်။

ဝါခေါင်လ လက်ချည်ခြင်းကို ရှေးကရင်လူကြီးများက ကြီးမားသောရည်ရွယ်ချက်များ ထားရှိပေသည်။ ၀ါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။ ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍လုပ်ကိုင်ခြင်းစားသောက်နှင့် ကြုံတွေ့ရသောဘေးအန္တရာယ်ကို စုပေါင်း၍တွန်းလှန်ကာကွယ်လေ့ရှိသလို ၀ါခေါလရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။ ၀ါခေါလတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစုပေါင်း၍ လက်ချည်ခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။

ဝါဆိုလလွန်၍ ၀ါခေါင်လရောက်လာလျှင် စားသုံးရန်ရိက္ခာများ လျော့နည်းလာ၏။ အိမ်ထောင်စုအလိုက်၊ ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ်လာသည်။ ထိုသို့ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လသည် မိုးသည်းထန်စွာ ရွာသွန်း၍ အအေးဓါတ်လည်းလွန်ကဲနေသည်။ ချောင်းရေ၊ မြစ်ရေများလျှံ၍ ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။ အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များဝင်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်းဆိုးဝါးလဟူ၍ မှတ်ယူကြသည်။ အမှန်မှာမကောင်းဆိုးဝါးလ မဟုတ်ချေ။ ၀ါခေါင်လတွင် ခံတွင်းမြိန် စားသောက်၍၀င် အာဟာရ တွေ့သောလသာဖြစ်သည်။

ကရင်ရိုးရာ လက်ခြည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာမင်္ဂလာပြုသောခြည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာခြည်ဖြူဖြင့် လက်ကိုရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။ ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။ ကရင်ရိုးရာလက်ခြည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။

ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။ ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ခြည်ခြင်း (လာဟှာခါင်စူး)၊ ထိမ်းမြားမင်္ဂလာ လက်ခြည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ခြည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။ လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ်လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊ အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေတတ်သည်ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။

ခြည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ (၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက်ညှင်းထုပ်ဖင်ချွန်၊ (၈) နတ်ပန်းညို(ဖ၀့်ဝီ)၊ (၉) ရေ စသည်တို့ ဖြစ်ပါသည်။

(၁) ဆန်ကော
ဆန်ကောသည် ၀ါးနှင့်ယက်လုပ်ထားခြင်းဖြစ်သည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အိုးအိမ်ကိုဝါးဖြင့် ဆောက်လုပ်ကြသည်။ အိမ်သုံးပစ္စည်းကို သဘာ၀၀ါးပင်နှင့်ယက်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် ယက်လုပ်ခြင်း လက်မူအတတ်ပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။

(၂) ယောက်မ
အချို့သော လူငယ်လူရွယ်တို့သည် စိတ်မြန်၊ လက်မြန်ရှိကြပြီး ဓါး၊ လှံစသည်တို့ကိုထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်လွဲမှားမူမျိုးမရှိရအောင် အေးချမ်းစွာ ညှိနှိုင်းတိုင်ပင်ပြီး ပြောဆိုရမည်ကို ယောက်မနှင့်ခေါက်၍ နှိုင်းပြထားခြင်းဖြစ်သည်။ ယောက်မသည် ပူလောင်ခြင်းကိုဒဏ်ကိုခံရည်ရှိရာ ထမင်းဟင်းလျာများချက်ရာတွင် လိုသလိုမွှေပြီး အသုံးပြုခြင်းဖြစ်သည်။

(၃) ခြည်ဖြူ
ဝါဂွမ်းစေ့ကို တစ်လုံးချင်းစုစည်းပြီး မြဲသောလက်ဖြင့် ဂွမ်းကိုကျစ်ပြီး လူမျိုးအားလုံးသည်လည်း ခြည်ဖြူကဲ့သို့ ကျစ်လျစ်ခိုင်မြဲရမည်ဟူ၍ဖြစ်သည်။ အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကိုဆောင်သည်။ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်ကာကွယ် ပြေပျောက်စေရန် အတွက်ဖြစ်သည်။

(၄) ကြံ
ကြံသည် ထူးခြားသည့်ဝိသေသ ရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ်ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများ လာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ်ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများလာနိုင်ပါသည်။ အဆစ်တိုင်းအဆစ်တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊မိုး၊ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ်ချိုမြိန်သည့်အရသာကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။

(၅)ငှက်ပျောသီး
ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်းကျနစွာဖြင့် စီတန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ်ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာဆင်းပြီး အစွယ်အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာသီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်အထိ ခုတ်ပိုင်းဖျက်ဆီးသော် လည်း အချိန်တန်လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့် ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီးမြေးမြစ်များဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

(၆) ထမင်းဆုပ်
ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ်ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန်ရည်ရွယ်ဖေါ်ပြခြင်း ဖြစ်ပါသည်။

(၇) ကောက်ညှင်းထုပ်ဖင်ချွန်
ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ ဖင်ချွန်ထုပ် စည်းထားသဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန်အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ်စုစည်း၍ ထက်မြက်ထူး ချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။

(၈) နတ်ပန်းညို(ဖ၀့်ဝီ)
နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍ ရုံဖွဲ့  မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။ ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည်။ အထူးသဖြင့် နတ်ပန်ညိုပန်း(ဖ၀့်ဝီ๏)ကဲ့သို့ပင် ကရင်လူမျိုး များသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည်တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင်ထိန်းသိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။

(၉) ရေ
ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။ ရေ၏စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရသည့်အရာဖြစ်သည်။ ဟောင်း နွမ်း ညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီးဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည်ပြည့်ဝစေခြင်းဖြစ်သည်။

လက်ချည်ရာတွင် ဆန်ကောတစ်ခုခုပေါ်တွင် ယောက်မ၊ ထမင်းခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊ ငှက်ပျောသီးမည့်ခုနှစ်လုံး၊ ကြံခုနှစ်စိပ်၊ နတ်ပန်းညို(ဖ၀့်ဝီ) ခုနှစ်ခက်နှင့် ရေကြည်အေးတစ်ခွက်ကို ချထားလေသည်။ ထိုအရာဝတ္ထုပစ္စည်းများပေါ်တွင် အရှည်တစ်တောင်ကျော်ခန့် ခြည်ဖြူများကိုဖြတ်ပြီး ဖြန့်စီထားလေသည်။

လက်ချည်ခံမည့်လူသည် လက်နှစ်ဖက်လက်ဝါးကို ဖြန့်ပြီးဆန့်ထားရသည်။ လက်ဝါးပေါ်တွင် ထမင်းတစ်ဆုပ်၊ ကောက်ညှင်းတစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး၊ ကြံတစ်စိပ်နှင့် နတ်ပန်းညိုသုံးခက်ကို ကိုင်ထားရသည်။ လက်ချည်ပေးကြမည့် ပုဂ္ဂိုလ်များသည် လက်ချည်ခံသူ၏လက်ကို ညင်သာစွာကိုင်ယူပြီး ခြည်ဖြူတစ်ပင်ကို အလယ်တည့်တည့်တွင် ရေအနည်းငယ်ဆွတ်လိုက်သည်။ ထို့နောက်တွင် မကောင်းသောအရာများ ကျသွားစေရန် လက်ကောက်ဝတ်တွင် ခြည်ဖြူဖြင့် သုံးခါသပ်ချပေးလိုက်သည်။ ထိုသို့ ပြုပြီးနောက်တွင် ခြည်ဖြူဖြင့်လက်ကိုဦးစွာ ညာလက်တွင်ရစ်ပတ်ပြီး အောက်ပါအတိုင်း ဆုတောင်းပေးကြသည်။

ပလူး- "လိပ်ပြာကလေး ပြန်ခဲ့ ပြန်ခဲ့။ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရန် ပြန်ခဲ့။ မနေအပ်သောအရပ်၊ မသွားမလာသင့်သောအရပ်။ သုသာန်တစပြင်နှင့် မကောင်းဆိုးဝါးတို့ ကျက်စားရာနေရာများမှရှောင်ထွက်၍။ မကောင်းသောမိစ္ဆာ၊ မိန်းမပျက်၊ မိန်းမယုတ်တို့၏ ဖျားယောင်းသောစကားကို မယုံကြည်ပါနှင့်။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုရန် အဘိုး၏ဖားစည်ကိုတီး၊ အဘွား၏ပလိုင်းကိုလွယ်ရန် ပြန်ခဲ့။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သားအလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သားကိုချေ သံကိုခွေနိုင်သည့် ခွန်အားတို့ဖြင့် ကျန်းမာစေပြီး၊။ သားသမီးတကျိတ်၊ မြေးတစ်ရာနှင့် မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်၍ ပြန်ခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ" ဟူ၍ဆုတောင်းကြသည်။

လက်ချည်ဆုတောင်းခြင်းကို ပြုပြီးသည်နှင့် ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ်ယူလိုက်သည်။ ထိုခြည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်ခက်နှင့် လက်ချည်ခံသူ၏ ငယ်ထိပ်တွင်တင်ပေးလိုက်သည်။ ပြီးနောက်တွင် "ဤခြည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဟူ၍ နောက်ဆုံး ဆုတောင်းပေးလေသည်။ (ဆုတောင်းပေးရာတွင် တတ်မြောက်သူတို့က တတ်မြောက်သည့်အလျောက် ဆိုကြသည်။ အချို့ကလည်း လိုရင်းကိုသာ တိုတိုတုတ်တုတ်နှင့် ဆုတောင်းပေးကြသည်)

ထိုအခါ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်တွင် လက်ချည်သူ၏ ဆုတောင်းစကားကို ဦးထိပ်ပန်သည့်သဘောဖြင့် ထိုအတိုင်းထားလေသည်။

ယင်းနောက်တွင် လက်ဝါးနှင့်ခံယူပြီး ဆန်ကောပေါ်တွင် ပြန်ချထားလိုက်သည်။ လက်ချည်ပေးခြင်း တစ်ဦးပြီးတစ်ဦး ချည်ပေးပြီးနောက်တွင် လက်ချည်ပွဲအတွက် စီမံပြုလုပ်ထားသော လက်ချည်မင်္ဂလာ ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ပြီး ၀ါခေါင်လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။ မျက်မှောက်ခေတ်တွင် ၀ါခေါင်လပြည့်နေ့ကြရောက်တိုင်း ပိုးကရင်လူငယ်များ စုစည်းဦးဆောင်၍ စုပေါင်းခြည်ဖြူဖွဲ့မင်္ဂလာပြုပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လျက် ရှိနေပေသည်။

ဆုတောင်း
http://flyingpeacock.blogspot.com/ မှကူးယူဖော်ပြပါသည်

Friday, August 13, 2010

ပညာရွှေအိုး လူမခိုး

နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တွင် မျိုးဆက်သစ် ကလေးငယ်များအတွက် အင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်ပေးလျှက်ရှိသလို လူလတ်ပိုင်းများမှ တောင်းဆိုမှုတို့ကြောင့် လူလတ်တန်း မျိုးဆက်သစ်တို့ အတွက်အင်္ဂလိပ်စာ 4 – Skills သင်တန်းအား ၁၁.၈.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် စတင်၍ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ 4 – Skills သင်တန်းအား တက်ရောက်ကြသည့် သင်တန်းသူ/သားများ၏ ပညာအချင်း မှာတက္ကသိုလ်ဝင်တန်းနှင့် အထက်ဖြစ်ပြီး ဘွဲ့ရပြီးသူများပါ တက်ရောက်ကြပြီး သင်တန်းချိန်များမှာ(ဗုဒ္ဓဟူး၊ သောကြာ၊ စနေ) တစ်ပါတ်လျှင် (၃) ရက် ဖြစ်ပြီး သင်တန်းကာလမှာ (၄) လ ကြာမြင့်မီဖြစ်ပါသည်။ စာသင်ချိန် စုစုပေါင်း (၁၀၀) နာရီ ဖြစ်ပါသည်။ ဗုဒ္ဓဟူးနေ့တွင် နံနက် (၈း၀၀)နာရီ မှ (၁၀း၀၀) နာရီထိ Grammar နှင့် Vocab ကို ဆရာ ဦးဝင်းကိုမှ သင်ကြားပို့ချပမည်။သောကြာနေ့တွင် နံနက် (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီထိ Speaking, Listing ကို ဆရာမ ဒေါ်နီနီအေးမှသင်ကြားပို့ချ ပါမည်။ စနေနေ့တွင် နေ့လည် (၁း၀၀) နာရီမှ (၄း၀၀) နာရီထိ ဆရာ ဦးတင်ဝင်းနှင့်ဆရာ ဦးသက်ထွဋ်နိုင်တို့မှ Reading, Writing ကို သင်ကြားပို့ချပါမည်။ ယခု လက်ရှိ တက်ရောက်နေကြသော သင်တန်းသူ/သား စုစုပေါင်း (၂၅) ယောက် တက်ရောက်သင်ကြားနေသလို ထပ်မံ၍ သင်တန်းတက်ရောက်လိုသူများကလည်း စာရင်းပေးသွင်းလျှက်ရှိပါသည်။

ပညာရေးကို လိုလားတောင့်တနေကြသော သူတို့အဖို့အသက်ကြီးငယ်မရွေး ကုသိုလ်ဖြစ် ပညာဒါန အခမဲ့ သင်ကြားပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သည်"ပညာရွှေအိုး လူမခိုး" ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ ပေးဆပ်လျှက် ရှိပါသည်။

Kyaw Thu's Notes မှ

Thursday, August 12, 2010

ချစ်ခြင်းအားဖြင့် . . .

Written by မောင်ကိုကို(အမရပူရ)
ထူးအိမ်သင် သီဆိုသော နှုတ်ဆက်တေးကို နားထောင်မိရာက ထူးအိမ်သင် ကွယ်လွန်သည့် ရက်စွဲမှာ၂၀၀၄ ခုနှစ် သြဂုတ် ၁၄ ဟု သိရ၏။ ၂၀၁၀ ပြည့်နှစ် သြဂုတ် ၁၄ ဆိုလျှင် သူကွယ်လွန်တာ ခြောက်နှစ်ပြည့်ပြီ။ နှုတ်ဆက်တေးကို သူ့သူငယ်ချင်း မြင့်မိုးအောင် ရေးဖွဲ့ထားသည်။ နှုတ်ဆက်တေးသည် တေးရေး၏ ဘ၀ပေလား။ တေးဆိုသူ၏ ဘ၀ပေလော။ အနုပညာသည် တစ်ဦး၏ ဘ၀ပေလော။ ထိုသီချင်းကို ဗီစီဒီအဖြစ် လွင်မိုးက ရိုက်သည်။ ဆံပင်ကောက်ကွေး၊ နှုတ် ခမ်းမွှေး မုတ်ဆိတ်မွှေးငုတ်စိ၊ နှုတ်ခမ်းပြဲပြဲ၊ ပါဝါမျက်မှန်ထူထူ၊ ခေါင်းမာတတ်ဟန်တူသူ၊ အင်္ကျီအကွက်၊ ဂျင်းဘောင်းဘီအပြာ ၀တ်ဆင်ထားသူ မွန်မြန်မာလူငယ်လေး ဂစ်တာတီးနေသည်။ သီချင်းဆိုနေသည်။

ပြီးတော့ အလင်းရောင်အခန်းလေးကို ထားခဲ့သည်။ လှေကားအတိုင်း ဆင်းသွား၏။ အမှောင်ဆီသို့ သူတိုးဝင်သွားပြီ။ ဂျင်းဘောင်းဘီ အပြာသည် အမှောင်ထဲမှာ မှောင်သွားသည်။ ပုသိမ်ကောလိပ် ဂီတညဆီသို့ သွားမှာလား။

'နှုတ်ဆက်ခဲ့ပါတယ် အချစ်ဖွဲ့ သီချင်းလေးရယ် ငါ နောက်ထပ်ဆိုညည်းစရာ မလိုအပ်တော့ပါ' ချစ်မေတ္တာတရားကို တမ်းတတတ်လေသူက အချစ်ဖွဲ့သီချင်းလေးကို ပြတ်ပြတ်သားသား နှုတ်ဆက်သွားပြီ။ 'ငါပြန်မလာတော့ဘူး အခန်းလေးရယ်'ဟု သူ သည် သီချင်းနှင့် နှုတ်ဆက်သွား၏။

'နှုတ်ဆက်ခဲ့ပါတယ်ကောင်းမြတ်ခြင်းတရားရယ်။ငါမင်းရဲ့အလိုအတိုင်းသာစွန့်စားခဲ့တယ်။ငါ့အိပ်မက်တွေဟာ ဖြစ်မလာခဲ့ဘူး။အမှောင်မှာ ကျင်လည်ဖို့ ထွက်သွားပြီဟေ့'

ထူးအိမ်သင် ကွယ်လွန်ချိန်မှာ သူ၏ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထောသည် သူ့သီချင်းတွေ စိမ့်ဝင်နေသော သူ့ဂစ်တာလေးနှင့်အတူ ကျန်ရစ်ခဲ့ကြ၏။ သြစတြေးလျ ပလွေလေးမှာ မှုတ်သူကင်းမဲ့ချေပြီ။

''ကျွန်တော် စိတ်အ၀င်စားဆုံးက နှစ်ခုပဲရှိတော့တယ်။ အနုပညာရယ် သေခြင်းတရားရယ်ဗျ။ သေတော့လည်း ပျောက်သွားတာပဲဗျ။ ကျွန်တော်တို့လုပ်ခဲ့တဲ့ ကုသိုလ်တွေ၊ ကောင်းမြတ်တဲ့စိတ်ထားတွေ၊ ရိုးသားမှုတွေက ဘယ်လိုလဲ မသိဘူး''

ထူးအိမ်သင်က သူနှင့်တွဲဖော်တွဲဖက် စာရေးဆရာ နီကိုရဲကို ပြောခဲ့သည်။ တေးရေး၊ တေးဆို ထူးအိမ်သင်သည် သူ့မိတ်ဆွေ နီကိုရဲ၏ မွေးနေ့ မစ္စတာဂစ်တာမှာ ကျင်းပစဉ် မွေးနေ့ရှင်က သီချင်းဆိုပေးဖို့ တောင်းဆိုသော်လည်း အပြုံးလေးတစ်ပွင့် သာ ပွင့်ပြခဲ့၏။ သီချင်းဆိုမပေးပါ။

ဧရာဝတီမြစ်ဝှမ်းမှာ မြန်မာနိုင်ငံကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ကြသော ရှေးမြန်မာတို့ကို သူအရမ်းအံ့သြ၊ အရမ်းကြည်ညို၊ အရမ်း လေးစားနေမိသည်။ ဧရာဝတီ၏ တောက်ပသော သမိုင်းကြောင်းကို သူ့ရင်ဘတ် ပေါက်ထွက်မတတ် ခံစားမိသည်။ ရှေ့ဆက်သွားမည့် သူ့မျှော်လင့်ချက်တွေကို ဖြန့်ကြက်ခင်းကျင်းကြည့်မိသည် . . .


သူ့ကို လုပ်ချင်တာကို လုပ်ရဲသော သတ္တိထက် မလုပ်ချင်တာမလုပ်ဘဲ နေရဲသော သတ္တိကို ပိုသဘောကျမိပါ သည်ဟု ၀တ္ထုရေးဆရာက မှတ်ချက်ချသည်။ အပိုဆာဒါးတွေ မလုပ်ခဲ့သူဟု ကျွန်တော်က ထပ်ဖြည့်ချင်၏။

နှုတ်ဆက်တေးကို နားထောင်အပြီးမှာ အလင်းဆိုင်လေးရဲ့သီချင်း၊ ကြယ်တွေစုံတဲ့ည သီချင်းနှစ်ပုဒ်ကို ကျွန်တော် ဆက်နားထောင်မိသည်။ အယ်ဖြူရေးသည်။ ၂၀၁၀ မှာ ကျွန်တော်သည် ထူးအိမ်သင်၏ ပရိသတ် အစစ်ဖြစ်သွားပြီ။ သူ့မျက်နှာပေါ်မှ ဟန်မလုပ်သော ရိုးသားမှုကို ကျွန်တော်ကြိုက်သည်။ သူသည် ပေါ်လွင်ချင်လွန်းသော လူစားမျိုးမဟုတ်။ သူ့မျက်နှာပေါ်မှာ ၀ါဝါထိန်ထိန် အရောင်များကို မတွေ့ရပါ။ ငြိမ်းချမ်းသော အပြာရောင်၊ ရိုးသားသော အဖြူရောင်ကိုသာ တွေ့ရတတ်သည်။

"ကျွန်တော် ဒီလောကကြီးမှာ နေမှု၊ ထိုင်မှု၊ ရှင်သန်မှုပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော့် မတရားသဖြင့် အသက်ရှင်နေတာမျိုး မဖြစ်အောင်လို့ ကိုယ့်ဘာသာကိုယ် ကြိုးစားပြီးတော့ နေထိုင်ပါတယ်''ဟု မဂ္ဂဇင်း အင်တာဗျူးတစ်ခုမှာ သူပြောခဲ့ဖူး၏။

သူလူ့ဘ၀မှာ မရှိတော့။ သူ့အနုပညာ၊ သူ့ရိုးသားမှု။ သူ့ကောင်းမြတ်ခြင်းတရားတို့က ပျောက်ကွယ်မသွားပါ။ ကျွန်တော်တို့ ခံစားနေရသည်။

အိပ်မက်သည်သူ၊ သူသည် အိပ်မက်။ အိပ်မက်သည်အသက် ဖြစ်စေ။ အချစ်ကြွင်းစေ၊ မြတ်နိုးမှု ကြွင်းစေ၊ မေတ္တာကြွင်းစေ။ လင်းလက်တောက်ပဆဲမှာ ကွဲကြေသွားသော ညနေကြယ်ဟု သူ့သူငယ်ချင်းများက သူ့ကိုတင်စားကြ၏။

'ရက်စက်မှုတွေနဲ့ ကမ္ဘာကြီးက

ခဏကြည့်တာနဲ့ ရင်ထဲတုန်လှုပ်သွား။
ဘ၀မှာ ဆိုးရွားလွန်းတဲ့ အဓမ္မကို နိုင်ဦးမလား။
ဉာဏ်ပညာရယ်၊ ချစ်ခြင်းတရား ရင်ထဲလှပတဲ့ နေ့တွေရှိဦးမလား။
ဉာဏ်ပညာရယ် ချစ်ခြင်းတရား ရင်ထဲတောက်ပတဲ့ နေ့ရက်တွေ ကြုံဦးမလား။
ယုံကြည်တမ်းတဲ့ နှလုံးသားများအားလုံးရဲ့ ကမ္ဘာသစ်ရယ်
ယုံကြည်တမ်းတတဲ့ နှလုံးသားများအားလုံးရဲ့ အိပ်မက်ရယ်

ဉာဏ်ပညာနှင့်ချစ်ခြင်းတရားတို့ ထုံးမွှမ်းသော အသစ်ကမ္ဘာကို လှပသည့်နှလုံးသားဖြင့် ယုံကြည်တမ်းတတတ်သူ ထူးအိမ်သင်၏ လူငယ်ဘ၀မှာ အသည်းကွဲသော အမေ့ဒုက္ခအိုးလေးဖြစ်သည်။

၁-၇-၆၃ မှာ သူ့မွေးရက်စွဲ။ ပုသိမ်မြို့မှာ မူလတန်းပညာ စတင်သင်ကြားခဲ့ပြီး အထက်တန်းပညာကို ပုသိမ် အ.ထ.က(၃)မှာ အောင်မြင်ခဲ့၏။ ၁၉၈၂-၈၃ တွင် ပုသိမ်ကောလိပ်မှာ ပထမနှစ်ကို နှစ်ကြိမ်ကျရှုံးပြီး ပြင်ပဖြေ (External) ကျောင်းသား တစ်ဦးဖြစ်နေ၏။

အခန်းထဲမှာ သူလဲကျနေ၏။ သူ့သူငယ်ချင်း၏ အခန်းလေးထဲမှာ သူသည် ခွေခွေလေး လဲကျနေ၏။ သူသည် အခန်းထဲမှာ ပစ်ချခံရသော ဖဲချပ်တစ်ချပ် ဖြစ်၏။ သူသည် အခန်းထဲက ပုလင်းလွတ်တစ်လုံး ဖြစ်သည်။ သူသည် အခန်းထဲမှာ ထောင်ထား သော ဂစ်တာစုတ်ကလေးတစ်လုံး ဖြစ်သည်။ သူသည် အခန်းပြတင်းပေါက်မှ ကြယ်ကလေးကို ငေးကြည့်နေသော ကြယ်ငေးသူတစ်ဦး ဖြစ်သည်။

'အမေ . . . ကျွန်တော့်ကို စိတ်မပျက်ဘူးလား

အမေယုံကြည်မျှော်လင့်ထားသမျှ ဘာတစ်ခုမှဖြစ်မလာ
ကိုယ်မှန်တယ်ထင်ရင်ပြီးရော ခေါင်းမာတတ်တဲ့အကျင့်ကဆိုး
ပိုက်ဆံတစ်ပြားမှမရှိဘဲ သူသိက္ခာရှိချင်သေးသတဲ့
အမေ့ရဲ့ဒုက္ခအိုးလေးပေါ့'

သို့သော် သူသည် ပုသိမ်ကောလိပ် အနီးအနားက အခန်းလေးထဲမှာ အမြဲတမ်း လဲကျနေသူ မဟုတ်ပါ။ လဲကျရာမှ သူရုန်းထသည်။ သူကိုယ်ကို သူကိုယ်တိုင် ထူမတ်ခဲ့၏။ မိဘများက မော်လမြိုင်သို့ တာဝန်ဖြင့် ပြောင်းရွှေ့ရပြီးနောက် သူလည်း မော်လမြိုင်တက္ကသိုလ်မှ ရုက္ခဗေဒဘွဲ့ဖြင့် ကျောင်းပြီးသွားသည်။ မော်လမြိုင်မြို့တွင် ဂီတဆရာဦးအောင်စိုး(KC Francis) ထံမှ ဂီတသင်္ကေတနှင့်ဂီတပညာ သင်ယူသည်။ ၁၉၈၆ ခုနှစ်တွင် နာရီပေါ်မှ မျက်ရည်စက်များ' အမည်ရှိ ပထမဆုံး သီချင်းအယ်လ်ဘမ်ကို ရန်ကုန်မြို့တွင် အသံသွင်းနိုင်ခဲ့သည်။ ဂီတကို ရေဆုံးရေဖျား စနစ်တကျ လေ့လာဆည်းပူးခဲ့သော ထူးအိမ်သင်သည် ပထမဆုံးသီချင်းများနှင့်ပင် နာမည်ပေါက်သွားသည်။ မှော်ဆရာ့အိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ။ သူ့သီချင်းများသည် ကောင်းကင်ကကြယ်ကလေးများနှင့် အဆက်အသွယ်ရသွားပြီ။ မြို့ပြလရောင်ညများထဲမှာ သူ့သီချင်းက သီချင်းဆိုနေသည်။ ဂျပ်ဆင်ထိပ်ကလရိပ်ပြာထဲမှာ သူ့သီချင်းဖွဲ့တည်သည်။

'ဂစ်တာသံတွေရယ် ကိုယ်သီဆိုနေမယ် ရင်ကိုခုန်စေတဲ့သီချင်းရယ် အမှောင်မှာအသာအယာ နားစွင့်ခဲ့သူမှာ . . .'

ထူးအိမ်သင်ရေးခဲ့သမျှ သီချင်းများထဲတွင် ကျွန်တော်အကြိုက်ဆုံး သီချင်းနှစ်ပုဒ်ရှိသည်။ အသစ်ကမ္ဘာသို့။ ရာဇ၀င်များရဲ့သတို့သမီး။ အသစ်ကမ္ဘာသို့ သီချင်းကို လေးဖြူ၊ အငဲ၊ မျိုးကြီးတို့အဖွဲ့က ထူးအိမ်သင်ကွယ်လွန်ပြီးမှ သီဆိုခဲ့ကြသည်။ ရာ ဇ၀င်များရဲ့ သတို့သမီးကို ထူးအိမ်သင်ကိုယ်တိုင် ရာဇ၀င်ပြောင်မြောက်အောင် သီဆိုခဲ့သည်။ လေးဖြူက ဂျပန်ဖူကူအိုကာမြို့မှာ မြန်မာလူမျိုး၊ မြန်မာပြည်ကိုယ်စားပြု Own Tune အဖြစ် ဂုဏ်ယူစွာ သီဆိုခဲ့သည်။ ကျွန်တော် တို့တိုင်းပြည်၏ ဧရာဝတီမြစ် ဖြစ်ပါသည်။

'ရာဇ၀င်သစ်တို့မွေးဖွားရာ ရွှေရောင်နေ့သစ်များအတွက်

ရင်ခုန်သူတို့ရဲ့သီချင်းတွေ ပျိုမျစ်စိမ်းလန်းရေးအတွက် ယုံကြည်သူတွေအသက်နဲ့ ထုဆစ်ခဲ့တဲ့ အိပ်မက်များ ဧရာဝတီ
ရာဇ၀င်များရဲ့သတို့သမီး ငါတို့ရဲ့မိခင် ဧရာဝတီ
ငါတို့ရဲ့ဝိညာဉ် ဧရာဝတီ'

ညတစ်ညတွင် ထူးအိမ်သင်သည် ပုဂံရှိ ကန်တော့ပလ္လင် ဘုရားပေါ်မှ ဧရာဝတီမြစ်ကို စိတ်ဝင်တစား စူးစူးရဲရဲကြည့်နေမိသည်။ ဧရာဝတီမြစ်၏ တစ်ဖက်ကမ်း စက်ရုံဆီမှ မီးရောင်များ၊ ဧရာဝတီမြစ်ပြင်ပေါ်မှာ တလက်လက်တောက်ပနေသော အလင်း ရောင်များ၊ ဤဘက်ကမ်းတွင် ရှေးဟောင်းဘုရား မည်းမည်းများ၊ မြစ်၏တစ်ဖက်တွင် တောင်တန်းများ။

ဧရာဝတီမြစ်ဝှမ်းမှာ မြန်မာနိုင်ငံကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ကြသော ရှေးမြန်မာတို့ကို သူအရမ်းအံ့သြ၊ အရမ်းကြည်ညို၊ အရမ်းလေးစားနေမိသည်။ ဧရာဝတီ၏ တောက်ပသော သမိုင်းကြောင်းကို သူ့ရင်ဘတ် ပေါက်ထွက်မတတ် ခံစားမိသည်။ ရှေ့ဆက်သွားမည့် သူ့မျော်လင့်ချက်တွေကို ဖြန့်ကြက်ခင်းကျင်းကြည့်မိသည်။

ပုဂံညမှရခဲ့သော ညဧရာဝတီ ဈာန်ဝင်စားမှုကို အိုအေစစ်စတူဒီယိုမှာ တစ်လလုံးလုံး စိတ်ရှည်လက်ရှည် မအိပ်မနေ ရေးဖွဲ့တော့သည်။ သူ့ရင်ထဲမှာ၊ သူ့သွေးထဲမှာ ဧရာဝတီမြစ်သည် အားကောင်းဟုန်ပြင်း စီးဆင်းနေ၏။ သီချင်းမပြီးမချင်း သူအိပ်မ ပြန်တော့ပါ။ သူ့စိတ်မှာ သူ့ကိုယ်မှာ သူ့သွေးမှာ ဧရာဝတီမှလွဲ၍ အခြား ဘာမှမရှိတော့ပါ။ သီချင်းမပြီးမချင်း သူမာန်မချပါ။ ကွမ်းတစ်ယာ၊ ရေတစ်မှုတ်ဖြင့် သူစိတ်လျော့ချလိုက်ခြင်း မလုပ်ပါ။ သူဖန်တီးသော 'ရာဇ၀င်များရဲ့သတို့သမီး' ကြားရတော့ မြန်မာပြည်သည် ကြက်သီးဖြန်းဖြန်း ထရပြီ။

'ဣနြေ္ဒကြီးမားလွန်းတဲ့ ဒီမြေမှာ တို့ရဲ့သွေးတွေ ဖြတ်သန်းရင်းနဲ့စီးဆင်း

သူဟာရာဇ၀င်များရဲ့ လျှို့ဝှက်ချက်တို့သိမ်းဆည်းထား ဧရာဝတီ
ရွှေအတိပြီးသော မြို့ပြများ အစဉ်အလာကြီးမားခဲ့ကြရာ ရာဇ၀င်ဟောင်းရဲ့ အမှတ်တရ
ဒီမြေဟာတို့ရဲ့အမိမြေ ယဉ်ကျေးမှုရဲ့ နှလုံးသား ရှင်သန်စေသူတန်ခိုးရှင်
အခမ်းနားဆုံးသော သက်ရှိကဗျာ ဧရာဝတီ'
ရာဇ၀င်များရဲ့သတို့သမီးကို ဖန်တီးခဲ့သော ထူးအိမ်သင်ကို ခင်ဗျား မေ့ပျောက်ပစ်နိုင်သလား။ ကွဲကြေကြယ်သို့ ချစ်ခြင်းအားဖြင့်...။ ဤစာမျက်နှာတွင် သူ့ကိုအမှတ်တရ ရှိရပြီ။
မူရင်း http://www.news-eleven.com/

မြစ်ကြီးနားတက္ကသိုလ်ကျောင်းအုပ်က၎င်း၏စာရေးမအားနားရွက်ဆွဲပါးရိုက်ခဲ့

Thursday, 12 August 2010 18:20 KNG
 မြစ်ကြီးနားတက္ကသိုလ်၊ ကချင်ပြည်နယ်။ ဓါတ်ပုံ - ကချင်သတင်းဌာန
ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ကျောင်းအုပ်ဆရာမကြီးသည် ၎င်း၏ စာရေးမတစ်ဦးအား နားရွက်ဆွဲ ပါးရိုက်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၉ရက်နေ့တွင် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ခင်သီတာက ထိုစာရေးမအား အတန်းဝင်ရမည့်ဆရာတစ်ဦးကို အခေါ်လွှတ်ရာ ချက်ချင်းသွားမခေါ်သဖြင့် ယခုလို ဒဏ်ပေးလိုက်ခြင်း ဖြစ်သည်။
“နားဆွဲပြီးပါးရိုက်ပေးလိုက်တယ်၊နားနည်းနည်း၊နားကပ်ပန်ထားလို့ဖြစ်မယ်သွေးထွက်လို့ဆေးရုံသွားလိုက်ရတယ်” လို့ တက္ကသိုလ်စာရေးတစ်ဦးပြောသည်။
ကျောင်းအုပ်ဆရာမကြီး၏ နာကျင်အောင်ပြုကျင့်မှုအပေါ် ထိုစာရေးမသည် မကျေနပ်တာကလွဲပြီး ရုံးတိုင်ကြားခြင်းမရှိခဲ့ပါ။ “လူကြီးပြောရင် ချက်ချင်းလုပ်တတ်ပါ”ဟု စိတ်ဆိုးဆိုးဖြင့် ဆရာမကြီးက ရိုက်ခံရသူအား ပြောကြောင်း စာရေးမမှ ဆက်ပြောသည်။
သြဂုတ် ၁၂ရက်နေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)တိုင်းမှုး ဗိုလ်ချုပ်စိုးဝင်း လာရောက်ကြည့်ရှုစစ်ဆေး မည်ဖြစ်သည်။

ထို့ကြောင့် သြဂုတ် ၉ ရက် တနင်္လာနေ့မစတင်ကာ အတန်းတိုင်း ဆရာ/မလစ်လပ်မှုမရှိဝင်ပေးရန် ကျောင်းအုပ်ဆရာမကြီး ညွှန်ကြားထားရာ အတန်းချိန်ပျက်ကွက်နေသည့် ဆရာတစ်ဦးကို စာရေးမအား ခေါ်ခိုင်းချိန် ယခုကိစ္စ ဖြစ်ခဲ့သည်။

ယခုလို ကျောင်းအုပ်ဆရာမကြီး၏ ရိုင်းစိုင်းသည့်အပြုအမူပေါ် ကျောင်းသားများနှင့်စာရေးများသာမက ပတ်ဝန်းကျင်ဒေသခံများပါ မကျေမနပ်ဖြစ်နေကြသည်။

“ဆရာမကြီးကသိပ်စွာတယ်၊ဇီဇာကြောင်တယ်၊ အဲလိုတော့ မလုပ်သင့်ဘူးထင်တယ်၊ ပြဿနာကဖြစ်နေကြ၊ သတင်းက အပြင်ကိုမထွက်ဘူး” ဟု ကျောင်းသားတစ်ဦးက မကျေမနပ်ပြောသည်။

ယခုကိစ္စမတိုင်ခင်ကလည်း ဗိုက်ခွဲပြီးကလေးမွေးခါစ အခြားစာရေးမတစ်ယောက်ကို ဆရာမကြီးက ကိုယ်ချင်းမစာဘဲ တက္ကသိုလ်ကျောင်းအပေါ်ထပ်သို့ စာအုပ်များ သယ်ခိုင်းခဲ့ရာ ဗိုက်ခွဲထားသည့်ဒဏ်ရာ နာကျင်ခဲ့ရသဖြင့် ထိုစာရေးမ ဆေးရုံပြန်တက်လိုက်ရသည်။

အသက်(၄၀)ကျော်ရှိ ဒေါက်တာဒေါ်ခင်တီတာသည် မြစ်ကြီးနားတက္ကသိုလ်သို့ ပြီးခဲ့သည့် ၂၀၀၉ မှ ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့လာခဲ့ပါသည်။ ဆရာမကြီးသည် ဂျပန်နိုင်ငံမှ ရုက္ခဗေဒ Ph.D ရရှိသူဖြစ်သည်။

ယခုလို စာရေးမ နှစ်ဦးကဲ့သို့ အခြားတက္ကသိုလ်ဝန်ထမ်းများပါ ကျောင်းအုပ်ဆရာမကြီး၏ စိတ်ပိုင်း ရုပ်ပိုင်း နာကျင်စေသည်အထိ အစောကား ခံခဲ့ရသော်လည်း အာဏာပိုင်များကိုကြောက်ရွံ့မှုကြောင့် ယခုချိန်ထိ တစ်စုံတစ်ရာ တိုင်ကြားခြင်း မရှိကြောင်း သိရသည်။
မူရင်း http://kachinnews.com/burmese/

Saturday, August 7, 2010

မြန်မာ့ဒီမိုကရေစီအင်အားစု(NL)မှ၂၂နှစ်မြောက်၈၈၈၈အရေးတော်ပုံအထိမ်းအမှတ်နေ့နယ်သာလန်တွင်ကျင်းပ

8888

နယ်သာလန်နိုင်ငံ    (Utrecht)  ယုထရက် မြို့တွင်  ၇- ၈-၂၀၁၀ နေ့က ၂၂နှစ်မြောက် ရှစ်လေးလုံးအရေး
တော်ပုံအထိမ်းအမှတ်ပွဲကိုမြန်မာ့ဒီမိုကရေစီအင်အားစု(NL)မှဦးစီး၍ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ
စီကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါသည့့်  ။

မြန်မာ့ဒီမိုကရေစီအင်အားစု(NL)အဖွဲ့နိုင်ငံရေးဌာနမှကိုမြတ်သီဟအခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး အလေးပြုခြင်း(၃)ရပ်ဖြင့်အခမ်းအနားစတင်နေစဉ် --------------------။
မြန်မာ့ဒီမိုကရေစီအင်အားစု(နယ်သာလန်)အဖွဲ့၏၂၂နှစ်မြောက်ရှစ်လေးလုံး
အရေးတော်ပုံအထိမ်းအမှတ်နေ့ထုတ်ပြန်ကြေညာချက်ကို BDC ဥက္ကဋ္ဌကိုညီညီယုမှဖတ်ကြားနေစဉ်  -----။
-------------------------------------------------------------------------------------------------------------
NLD_LA(NL)လွတ်မြောက်နယ်မြေ၏ဥက္ကဋ္ဌကိုလှမြင့်နိုင်မှ၂၂နှစ်မြောက်ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်နေ့ထုတ်ပြန်ကြေညာချက်ကိုဖတ်ကြားနေစဉ် --------။
----------------------------------------------------------------------------------------------------------
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)ကျောင်းသားတပ်မတော်မှ၂၂နှစ်မြောက်၈၈၈၈အရေးတော်ပုံအထိမ်းအမှတ်နေ့ထုတ်ပြန်ကြေညာချက်ကို(AB)ရဲဘော်ဟောင်း ရဲဘော်ထွန်းထွန်းဦးမှဖတ်ကြားနေစဉ်-------။
-------------------------------------------------------------------------------------------------------------
၂၂နှစ်မြောက်၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ်နေ့တွင် မောင်ကျောင်းသား၏ “မုန်တိုင်း ရှစ်ဆယ့်ရှစ်”
ကဗျာကို ဦးကျော်သူမှ ဖတ်ကြားနေစဉ်--------။   ကဗျာအပြည့်အစုံသို့ Click
၂၂နှစ်မြောက်၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ်နေ့တွင် ၁၉၈၈ခုနှစ်ကသူတို့တွေ့ကြုံခဲ့ကြရသောအ
ဖြစ်အပျက်များကို ပြောကြားနေကြစဉ်---------။
-------------------------------------------------------------------------------------------------------------
ဓာတ်ပုံများ