Sunday, October 24, 2010

မဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးရှိ စက်ရုံအလုပ်ရုံ လေးထောင်ကျော်ကို ပိတ်ပေးမည်

စက်မှုဇုန်လုပ်သား နှစ်သိန်းဝန်းကျင် ဆန္ဒမဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့(တနင်္ဂနွေနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံအလုပ်ရုံ လေးထောင်ကျော်ကို ပိတ်ပေးရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။