Wednesday, March 9, 2011

"မတ်လ၏ အတ္တုပ္ပတ္တိတစ်ခု"

"မတ်လ၏ အတ္တုပ္ပတ္တိတစ်ခု"
(ဆွေနိုင်)

ဟောတစ်နေ့
ဟောတစ်နေ့နဲ့
ဘယ်မမေ့ ပြီဘု
၁၉၈၈ အမှတ်ရ မတ်လ(၁၃)

နွေအ၀င် ခါတပေါင်း
တည်မပြောင်းပါဘု
တို့ကျောင်းက ကြွေးကြော်သံ
ဒေါင်းရင်ပြင်တ၀ိုက်မှာဖြင့်
ဒေါင်းဝိဥာဉ် တသိုက် ပျံကာဝဲနေပေါ့
“ကမ္ဘာမကြေဘူး“ သီချင်းကို
သံပြိုင်ဟစ်ကြွေး။

ကမ္ဘာမှာ
မြန်မာတို့ လူ့အခွင့်ရေးနေ့ဟု
နိဒါန်းသစ် ကဗျဉ်းတွင်
နီရဲသောသွေးများနဲ့မော်ကွန်းတင်
ဘယ်တော့မှနေမ၀င်
ရေအလျဉ်လို တသွင်သွင်စီးမျော
တခေတ်ချင်းမှတ်ကျောက်တင် ရပ်တန့်မနား။

ကမ္ဘာတလွှား
မြန်မာပြည်ဖွား မြန်မာများတို့
တစ်ရွာဝင်၊ တစ်မြို့တက်ပါလို့
လက်ချင်းဆက် တူ နွှဲပျော်
ရွှေပြည်တော်သာယာရေးကို
ရည်မျော်ကာ ကျင်းပပေးကြတယ်
ပြည်မြန်မာ လူ့အခွင့်ရေးနေ့
 ပွဲတွေ့ 
ချိန့်ချိန့်  သဲသဲ့ ။

၁၉၈၈ ခုနှစ်
ကိုဖုန်းမော်ကျဆုံးခြင်းကို
အကြောင်းပြု
 "မတ်လ၏ အတ္တုပ္ပတ္တိတစ်ခု"
ခန့်နားကြီးကြယ်သော
ဂုဏ်ပုဒ်များနဲ့ပုံကြီးထု သွင်းလောင်း
မြန်မာ့လူ့အခွင့်ရေးနေ့ ဟု
ကမ္ဘာတည်သရွေ့တည်စေသောဝ်။
(၂၃)ကြိမ်မြောက်မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ သို့