Wednesday, March 2, 2011

သူတို့ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ ရှိလဲ

 စိုးမြတ်သူဇာ
မကြီး ကားရိုက်ပုံမှန်ရှိပါတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ ဖေဖော်ဝါရီလထဲမှာ ဒါရိုက်တာညီညီထွန်းလွင်နဲ့ တစ်ကားရိုက်ခဲ့တယ်။ ပြီးတော့ မတ်လထဲမှာ ရုပ်ရှင်ကားကြီး ၂ကား ရိုက်ဖို့ရှိပါတယ်။ ဒါရိုက်တာခင်မောင် ဦး၊စိုးသိမ်းထွဋ်နဲ့ ဟာသရုပ်ရှင်ကား တစ်ကား၊ အဲဒီကားကြီးပြီးရင် မင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ဖို့ရှိပါတယ်။ ကျန်တာကတော့ ဗီဒီယိုကားတွေပေါ့။




သက်မွန်မြင့်
သက်မွန်မတ်လထဲမှာ ဗီဒီယိုကားတွေနဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ရှိပါတယ်။ ရုပ်ရှင်ကားကြီးက ဒါရိုက်တာညီညီထွန်းလွင် ရိုက်မယ့် ရုပ်ရှင်ကားကြီးမှာ ကိုနေတိုးနဲ့တွဲဖက် သရုပ်ဆောင်ရမှာပါ။ မတ်လထဲမှာ ရိုက်မယ့် ဗီဒီယိုကားလေးတွေကတော့ ဒါရိုက်တာကိုဝိုင်းရိုက်မယ့် ကားမှာ အောင်ရဲလင်းနဲ့တစ်ကား ရိုက်ရမယ်။ ပြီးရင် ကိုနိုင်းနိုင်းနဲ့ တစ်ကားရိုက်ဖို့ရှိပါတယ်။





ချစ်သုဝေ
ထရီဇာ အခုလတ်တလောအနေနဲ့ ဒါရိုက် တာညီညီထွန်းလွင် ရိုက်ကူးတဲ့အထာသစ်နဲ့ နှစ်ခါချစ်မယ် ဇာတ်ကားမှာပါဝင် သရုပ်ဆောင်နေပါတယ်။ Sam-sung ကြော်ငြာအတွက် ဘန်ကောက်မှာ ကြော်ငြာသွားရိုက် ဖြစ်ပါတယ်။ မတ်လထဲမှာတော့ ပြင်ဦးလွင်မှာဇာတ်ကား သွားရိုက်ဖို့ရှိတယ်။ ဗီဒီယို ဇာတ်ကားတွေပါ။ သီချင်းဆိုဖို့ကတော့ နယ်တွေမှာရော၊ ရန်ကုန်မှာပါရှိုးပွဲတွေ လက်ခံထားပါတယ်။ ပြည်ပရှိုးပွဲတွေ လာပြောထားတာရှိပေမယ့် သိပ်တော့မသေချာသေးဘူး။
ဝတ်မှုံရွှေရည်
ကစ်ကစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ ရုပ်ရှင်ကားကြီးရိုက်တယ်။ အဲဒါပြီးတော့ ဗီဒီယိုကားတွေ ရိုက်ဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးရိုက်ဖို့ ရှိတဲ့လဆိုရင် တစ်လကို ဗီဒီယိုတစ်ကားလောက် ရိုက်ဖြစ်တယ်။ ရုပ်ရှင်ကားကြီးမရှိရင် အနည်းဆုံး နှစ်ကားနဲ့ အများဆုံးသုံး ကားရိုက်ဖြစ်ပါတယ်။ မတ်လ ၁၅ ရက် မတိုင်ခင်မှာ ဗီဒီယိုနှစ်ကားကို ရန်ကုန် မှာ ရိုက်ဖို့ရှိပါတယ်။ ၁၅ ရက်နောက်ပိုင်းမှာတော့ ကိုပြေတီဦးနဲ့ ဗီဒီယိုသုံးကားကို ပြင်ဦးလွင်မှာ သွားရိုက်ဖို့ရှိပါတယ်။


နိုင်းနိုင်း
မြန်မာနိုင်ငံကိုပြန်ရောက်ပြီး ဖေဖော်ဝါရီလထဲမှာ မခိုင်ကြီး(ထွန်းအိန္ဒြာဗို)နဲ့တွဲပြီး ဗီဒီယိုတစ်ကား ရိုက်ခဲ့တယ်၊ အဲဒါပြီးတော့အခု ဒါရိုက်တာ မောင်မောင်ဦး(စနှိုးဝှိုက်)ရိုက်တဲ့ ပန်းပျော်တဲ့ပွဲဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ သက်မွန်မြင့်နဲ့ တွဲဖက်ရိုက်ကူးခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ဗီဒီယိုကားတွေကို ပုံမှန်ရိုက်ကူးသွားဖို့ အစီအစဉ် ရှိပါတယ်။
ဒါရိုက်တာမောင်မျိုးမင်း
ဦးမျိုးခေါင်းဆောင်တဲ့အဖွဲ့က မတ်လ ၃ ရက်နေ့မှာ စင်ကာပူကို ဖျော်ဖြေရေးသွားမယ်။ စင်ကာပူခရီးစဉ်မှာပဲ 'ခရီးသွားနှင်းဆီ'ဇာတ်ကားအတွက် ခရီးသွားမှတ်တမ်းလေးတွေ ထပ်ရိုက်ဖြစ်ပါမယ်။ ပြန်လာရင်တော့ ဗီဒီယိုဇာတ်ကားရိုက်ဖို့ရှိမယ်။ ဒီဗီဒီတစ်ကားလည်း ရိုက်ဖြစ်ဖို့ စီစဉ်နေပါတယ်။ ဧပြီလထဲမှာ နယူးဇီလန်ကို သွားဖျော်ဖြေဖို့ရှိပါတယ်။ သင်္ကြန်အပြီးမှာတော့ ရုပ်ရှင်ကားကြီးတစ်ကားရိုက်မယ်။ ဟာသကားတော့ လုံးဝမဟုတ်ပါဘူး။

မင်းမော်ကွန်း
 ကျွန်တော်အခု ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်တဲ့ 'အထာအသစ် နဲ့ နှစ်ခါချစ်မယ်'ရုပ်ရှင်ဇာတ်ကားကြီး ရိုက်နေပါတယ်။ အဲဒါပြီးရင် ဒါရိုက်တာခင်မောင်ဦး၊ စိုးသိမ်းထွဋ် နဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ရှိတယ်။ ကျွန်တော့်ရဲ့စီးရီးက သင်္ကြန်ပြီးမှထွက်ဖြစ်မှာပါ။ မတ်လထဲမှာ ရုပ်ရှင်ကားကြီးနဲ့ ဗီဒီယိုတွေပဲ ရိုက်နေပါတယ်။ ဂီတဖျော်ဖြေပွဲအနေနဲ့ မဆင့်စီစဉ်တဲ့ပွဲမှာ သီချင်းဆိုဖို့ရှိပါတယ်။

 နေတိုး
ကျွန်တော် ဖေဖော်ဝါရီလထဲ မှာရုပ်ရှင်ကားကြီး ရိုက်ခဲ့တယ်။ အဲဒီကားပြီးတော့ စင်ကာပူကို နှင်းဆီ အဖွဲ့ဖျော်ဖြေရေးသွားဖို့ရှိပါတယ်။ အဲဒီကပြန်လာရင် ဗီဒီယိုနှစ်ကားရိုက် ဖို့ရှိပါတယ်။ ဗီဒီယိုပြီးရင်တော့ ဒါရိုက်တာ ညီညီထွန်းလွင်နဲ့ပဲ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ရှိပါတယ်။




 မိုးမိုး

အခု လောလောဆယ် 'ကျွန်တော်အတ္တကြီးနေသည်'ဆိုတဲ့ တစ်ကိုယ်တော်ခွေလေး လုပ်နေတယ်။ တော်တော်လေးပြီးနေပါပြီ။ အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေပါတယ်။ မတ်လ ၃ ရက်နေ့မှာ စင် ကာပူကိုဖျော်ဖြေရေးသွားပါမယ်။ ဒါရိုက်တာဦးမျိုးမင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ပါ။ အငြိမ့်ကပြဖြစ်မှာပါ။ ပြန် လာရင်တော့ ဒါရိုက်တာခင်မောင်ဦး၊ စိုးသိမ်းထွဋ်ရိုက်မယ့်ရုပ်ရှင်ဇာတ်ကား မှာပါဝင်သရုပ်ဆောင်ပါမယ်။ ဧပြီ လထဲမှာတော့ ဦးမျိုးမင်းတို့အဖွဲ့နဲ့ပဲ နယူးဇီလန်ကိုသွားဖို့အစီအစဉ်ရှိပါ တယ်။ သင်္ကြန်မှာရှိုးဆိုဖြစ်ပါမယ်။ ဘယ်မြို့ဘယ်တီးဝိုင်းနဲ့ဆိုတာတော့ မသေချာသေးပါဘူး။ ဧပြီလထဲမှာပဲ ဒီဗီဒီတစ်ကားရိုက်ဖြစ်ပါဦးမယ်။
copy from http://www.news-eleven.com/