Monday, May 3, 2010

NLD မှ ဦးအုံးကြိုင်၊ ဦးဥာဏ်ဝင်းတို့နှင့် တွေ့ဆုံခြင်း

ဆရာတို့က လူမှုရေး လုပ်ငန်းတွေ လုပ်တော့မယ် ဆိုတော့ မေ(၇ )ရက် နောက်ပိုင်းမှာ အိမ်ရှင်က ဒီအိမ်ကို သော့ခတ်လိုက်မယ် ဆိုရင် ဆရာတို့ ဘယ်လိုလုပ်မလဲ။ အဲဒါတော့ အိမ်ရှင်နဲ့ကျွန်တော်တို့ဖြေရှင်း ရမှာပေါ့။ ဒါကတော့ အိမ်ရှင်၊ အိမ်ငှားပြဿနာ ပေါ့ဗျာ။ ကျွန်တော်တို့ကြားတာက အရှင်ဆေ ကိန္ဒလို လူမှုရေးလုပ်ငန်းတွေလုပ်မယ်လို့ အန်ကယ်ပြောတယ်လို့ကြားတယ်။ ကျွန်တော် အရှင်ဆေကိန္ဒ နာမည်တစ်ခါမှ မပြောဖူးဘူး။ ဒါပေမယ့် လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် စိတ်ဝင်စားတယ်။ လေ့လာဖို့မှာတယ်။ ကျွန်တော်ပြောတာ အဲဒီလို ပြောတာ။ လုပ်မယ်လို့လည်း ကျွန်တော်မပြောဘူး။ ဒါ ဒေါ်စုနဲ့အရှိအတိုင်းပဲ ကျွန်တော်ပြောတယ်။ အဲဒီလိုလုပ်နိုင်ဖို့ subject အလိုက်လေ့လာပါလို့ မှာတယ်။

မေ ၂၇ ပတ်ဝန်းကျင်မှာ အန်ကယ်တို့ ဦးဆောင်ပြီးတော့ ရန်ကုန်မြို့မှာသဘာဝ ပတ်ဝန်းကျင်သန့်ရှင်းကိစ္စတွေလုပ်မယ်ဆို ဟုတ်သလား အန်ကယ်။ အဲဒီလိုလည်း မဟုတ်ဘူး။ ဒီဟာကို ကျွန်တော်ပြောခဲ့တာမှန်တယ်။ ကျွန်တော်ပြောတာ က မေ(၂၇)နေ့။ကျွန်တော်တို့ NLD CEC လူကြီး များက လူမှုရေးလုပ်ငန်း၊ ပတ်ဝန်းကျင်လုပ်ငန်း မျိုးကို စဉ်းစားသင့်တယ်။ ဥပမာအားဖြင့် အနိမ့် ဆုံးပတ်ဝန်းကျင်မှာရှိတဲ့ပလတ်စတစ်ကောက် ပြီးတော့ သိမ်းဆည်းပေးတာမျိုးလုပ်မယ်ဆိုရင် လုပ်နိုင်တယ်လို့ နမူနာပြောတာ။ ကျွန်တော်တို့ instructionမဟုတ်ပါဘူး။ အန်ကယ့်ဟာ NLD ပြောရေးဆိုခွင့်ရှိ သူအနေနဲ့ဆက်ရှိနိုင်ဦးမှာလား။ ဥပဒေအရ NLDဆိုတာ မေလ ၆ ရက်နေ့ နောက်ပိုင်းကျရင် ပါတီအနေနဲ့ ရှိတော့မှာမဟုတ် တဲ့အတွက် Spoke person (ပြောရေးဆိုခွင့်ရှိသူ) ဆိုတာလည်း အလိုအလျောက်ပျက်ပြယ်သွား မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ကို နောက် ပိုင်းမှာ NLD ရဲ့ spoke person လို့ပြောလို့မရ တော့ပါဘူး။ ကျေးဇူးပါ အန်ကယ်။
မူရင်း http://snapshot-news.com/


=======================================================

နိုင်ငံရေးကို ဆက်လုပ်သင့်တယ်လို့ ခံယူထားသူ

ဦးခင်မောင်ဆွေနှင့် တွေ့ဆုံခြင်း ၂ဝ၁ဝ ဧပြီ (၂၈)ရက်နေ့တွင် ဦးခင်မောင်ဆွေ နေအိမ်သို့ ရောက်ခဲ့သည်။ ဦးခင်မောင်ဆွေ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်စတင်တည်စဥိကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင် စမ်း ချောင်းမြို့နယ်မှဝင်ရောက်အရွေးခံခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ပါတီကို ထပ်မံမှတ်ပုံမတင်ဘဲနေခဲ့သည့် အချိန် တွင် ပါတီကိုမှတ်ပုံတင်ပြီး ၂ဝ၁ဝရွေးကောက်ပွဲကို ဝင်ရောက်ချင်သည့်သူအချို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင်ရှိနေခဲ့ပေသည်။ ယင်းအထဲတွင်ြီူ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပါတီပြောခွင့်ရ သူလည်းဖြစ်သူ ဦးခင်မောင်ဆွေလည်း တစ်ယောက် အပါအဝင်ဖြစ်သည်။ နိုင်ငံရေးထောင်ချောက်လို့ ဆိုရမလား။ '၂ဝ၁ဝ မတ်လ(၂၉)ရက်နေ့မှာကျင်းပ ခဲ့တဲ့ ဗဟိုဦးစီးအဖွဲ့ဝင်(၁ဝဝ)ကျော်တက်ရောက်ပြီး နောက်ဆုံးဆုံးဖြတ်ချက်ကတော့ မှတ်ပုံမတင် ရေး၊ ရွေးကောက်ပွဲမဝင်ရေးကို ဆုံးဖြတ်ပေးလိုက် ပါပြီ။ ဒါကြောင့် ၂၂ နှစ်ကြာရပ်တည်ခဲ့တဲ့ လူထု အခြေပြုပါတီကြီးဟာ အဖွဲ့ဝင်တွေရဲ့ ဆန္ဒအရ ဥပဒေတွင်း တိုက်ပွဲလမ်းပေါ်မှာ ပြိုလဲသွားပြီ ဖြစ် ပါတယ်'လို့ ဦးခင်မောင်ဆွေကပြောဆို ရေးသား ခဲ့တဲ့စာတွေလည်း မှတ်တမ်းအနေနဲ့ ကျန်ရှိခဲ့ပါပြီ။ NLD က ရွေးကောက်ပွဲမဝင်ဘူး ဆုံးဖြတ်လိုက်တဲ့ အတွက်ကြောင့် ပြည်သူတွေမှာ ဒီမိုကရေစီရရှိရေး အတွက် အမှန်အကန် လုပ်ပေးနိုင်မယ့်သူဟာ ဘယ် သူတွေလဲ၊ ဘယ်သူတွေကို အားကိုရမလဲ၊ ၂ဝ၁ဝ ကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတဲ့အမေးကိုတော့ ဘယ်သူမှမဖြေနိုင်ခဲ့ကြပါဘူး။ မေ(၆)ရက်နေ့ နောက် ပိုင်းမှာ ဦးခင်မောင်ဆွေတို့ရပ်တည်ချက် သဘော ထားများကို သိချင်တဲ့သူများလည်းရှိသလို၊ ဦးခင် မောင်ဆွေဟာ ပါတီထောင်ပြီး သူ့ဘာသာသူ ရပ် တည်မလားဆိုတာကိုလည်း သိချင်နေကြတဲ့သူတွေ ရှိလာပါတယ်။ ဦးခင်မောင်ဆွေ၏ ရပ်တည်ချက်၊ နိုင်ငံရေးအယူအဆ၊ နိုင်ငံရေးအတွေးအခေါ်များကို သိရှိနိုင်ရန်အတွက် ဦးခင်မောင်ဆွေနှင့် စကားပြော ဖြစ်ခဲ့သည်များကိုလျှပ်တစ်ပြက် ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါသည်။ မေး။ ။ ၂၉ ရက်နေ့က ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးမှာ ပါတီမှတ်ပုံတင်ဖို့ ပြောခွင့် ရရင် ပြောဖို့ကောအစီအစဉ်ရှိလား၊ ဦးခင် မောင်ဆွေဆန္ဒကိုလွတ်လပ်စွာပြောဆိုဖို့ လည်း အစီအစဉ်ရှိလား။ ဖြေ။ ။ ဒီလိုဗျ။ ကျွန်တော်တို့မသိဘဲနဲ့ ဘယ်သူ တွေကဆုံးဖြတ်ပြီးတော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကို စကားပြောခွင့်မပေးဘူးဆိုပြီးတော့ ဆုံးဖြတ်လိုက်လည်းမသိဘူးပေါ့။ ကျွန်တော့် စိတ်ထင်တော့ ကျွန်တော်တို့ ပြောရလို့ရှိရင် ပါတီ မှတ်ပုံတင်ရေးဆိုတာ ပါလာမယ်လေ။ ဒါကို ကျွန်တော်တို့ကိုပြောခွင့်ပေးလိုက်ရင် မှတ် ပုံတင် ရေးထပြောလိုက်လို့ရှိရင် မှတ်ပုံမတင်ရေးပြောမယ့် သူတွေနဲ့ အငြင်းအခုန်ဖြစ်ပြီး ပွဲဆူမှာကို မလိုလား လို့လား၊ ဒါမှမဟုတ် မှတ်ပုံမတင်ရေးကိုပဲ ပီပီပြင်ပြင် ရောက်ရှိသွားအောင် ကျွန်တော်တို့ရဲ့ အယူအဆ တွေကို၊ အမြင်တွေကိုမပြုဖို့ကန့်သတ်တာလားဆို တာကို ကျွန်တော်တို့ကိုယ်တိုင်လည်း မသိပါဘူး။ စီအီးစီမှာဆုံးဖြတ်ပြီးတော့ မပြောနဲ့လို့ ပြောကြားထားတာမရှိပါဘူး။ အဲဒီ့နေ့က ဗဟိုဦးစီးအဖွဲ့တွေ ဆွေးနွေးပြီးတော့ အားလုံးကုန်တော့မှ ပွဲကိုရပ်နား တယ်။ အဲဒီမှာ အပေါ်ကို တက်ပြီး ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တွေချည်းပဲ ဆွေးနွေးပြီးတော့ အဲသလို ပြောခွင့်မပေးဘူးဆိုတာကို မကျေနပ်ဘူး ဆိုတာကို စကားသန့်သန့်ကြားရတယ်။ ပြောချင် သေးလားဆိုတော့ အချိန်က အရမ်းနောက်ကျသွား ပြီး။ ပြောရမှာက အားလုံးဆန္ဒမယူခင်မှာ ကြိုတင်ပြီး တော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့သဘော ထား ကို ထုတ်ဖော်ပြောဖို့လိုတယ်။ နိုင်ငံရေးမှာ အချိန်က အဓိက ကျတယ်မဟုတ်လား။ မေး။ ။ အဲဒီ့နေ့က အန်ကယ်ဦးအောင်ရွှေက မလာဘူးဆိုတာ၊ ကျန်းမာရေးကြောင့်လား။ တခြားဘာအကြောင်းများရှိသေးလဲဆရာ။ ဖြေ။ ။ ဒါကတော့ သူမှပဲ သိနိုင်မယ်လေ။ သူ့ရဲ့ ဆရာဝန်ဒေါက်တာသန်းဝင်း အပြောအရတော့ နေမကောင်းဘူးပြောတယ်။ နေမကောင်းလို့ မလာ ဘူးဆိုတဲ့ သဘောမျိုး ကျွန်တော်တို့ကြားရတယ်။ မေး။ ။ မေ(၆)ရက်နောက်ပိုင်းမှာ ဆရာ ဦးခင်မောင်ဆွေ ဘာတွေလုပ်ဖို့ အစီအစဉ် ရှိလည်း ပြောလို့ရရင်ပြောပြပေးပါဆရာ။ ဖြေ။ ။ အဲဒါကတော့ မပြတ်ဘူးဗျ။ ဘာလို့ မပြတ်လည်းဆိုတော့ ကျွန်တော်တို့ကတော့ရှင်း တယ်။ မှတ်ပုံတင်ဖို့လိုအပ်တယ်။မှတ်ပုံတင်ပြီး ရှေ့နိုင် ငံရေးလမ်းကြောင်းကိုသွားကြဖို့ပေါ့။ ရွှေဂုံတိုင်မှာ ပါတဲ့အတိုင်း ဒီမိုကရေစီတိုက်ပွဲမှာ ရွေးကောက်ပွဲ ဆိုတာ ဖြတ်ကျော်ရမှာဖြစ်တယ်။ ပြည်သူလူထုနဲ့ တစ်သားတည်းရှိနေရမယ်ဆိုတာပါတယ်။ အဲဒီဟာ ရေးတုန်းက မဟာဗျူဟာလို့ သတ်မှတ်လို့ရတဲ့အချက် သုံးချက်ဟာ ပါတီနိုင်ငံရေးဘောင်ထဲက ရေးထား တဲ့သဘောထားတွေဖြစ်တယ်။ ပါတီနိုင်ငံရေး ဘောင်ထဲက ရေးထားတဲ့အခါကျတော့ ပါတီမှတ်ပုံ မတင်ဘဲနဲ့သွားလို့ ရှိရင် ဒါတွေကိုသုံးလို့ရတယ်လို့ ယူဆလို့မရဘူး။ ဒါတွေဟာ ပါတီနိုင်ငံရေးဘောင် ထဲက ဒီမိုကရေစီတိုက်ပွဲကို ဘယ်လိုနည်းနဲ့မှ မစွန့်ခွာဘူးဆိုတာ ပြောထားတာ။ ရွေးကောက်ပွဲ ရှိလို့ရှိရင်လည်း ဖြတ်ကျော်မှာပဲ။ ပြည်သူလူထုက မဲဆန္ဒပေးလို့ရှိရင်လည်း ယူလိုက်မှာပဲ။ ရွေးကောက် ပွဲဆိုတာ ဒီမိုကရေစီစနစ်မှာ ဖြတ်သန်းရမယ့် မှတ်တိုင်ဖြစ်တယ်ဆိုတာ ပါတီနိုင်ငံရေးအခြေခံနဲ့ ရေးထားတာဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ဘက် ကရှင်းပါတယ်။ ကျွန်တော်တို့က မှတ်ပုံတင်ရေး အတွက် ဒီဟာတွေကို ကိုင်စွဲထားတာပဲ။ ဒါပေမယ့် တစ်ဖက်မှာက ပါတီမှတ်ပုံမတင်ဖို့ကို ပြောထား တဲ့အခါကျတော့ အစတုန်းကတော့ မသိဘူးလေ။ အခုတော့ ပေါ်လာပါပြီ။ ကျန်ခဲ့တဲ့ အစည်းအဝေး ကို ကျွန်တော်တက်ပါတယ်။ အဲဒီအစည်းအဝေးမှာ သဘာပတိ အဖြစ်ဆောင်ရွက်တဲ့ ဦးတင်ဦးကပြော တယ်။ (၆)ရက်နေ့ကျော်လို့ရှိရင်လည်း ပါတီဆိုင်း ဘုတ်နဲ့ အလံက ဆက်ရှိနေမယ်။ အဲဒီမှာ ကျွန်တော် တို့ထဲက လူတစ်ယောက်က ထပြောတယ်။ ဟုတ်ပြီ အိမ်ရှင်ကမှ သဘောမတူရင်လို့ရှိရင် ဘယ်လို လုပ် မလဲပေါ့။ အိမ်ရှင်က သဘောမတူဘဲ သော့ခတ် လိုက်ရင် အဲဒီသော့ကို ချိုးဝင်မလားလို့ ဆွေးနွေး တယ်။ အိမ်ရှင်သဘောထားကို မသိရသေးတဲ့ အတွက် အဲဒီ့နေ့ကတော့ ပြတ်မသွားဘူးဗျ။ ဟုတ် ပြီ ဆက်ရှိမယ်ဆိုလို့ရှိရင် ဘယ်လိုသဘောနဲ့ရှိမှာ လဲလို့ ကျွန်တော်ကမေးတယ်။ နိုင်ငံရေးလုပ်မှာ လား။ မရှိပါဘူးတဲ့။ နိုင်ငံရေးမလုပ်ပါဘူးတဲ့။ လူမှုရေး လုပ်မှာပါတဲ့။ အဲဒီမှာ ကျွန်တော်က ကန့်ကွက်တယ်။ လူမှုရေးလုပ်မယ်ဆိုရင်တော့ လက်မခံဘူးလို့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီ အနေနဲ့ထူထောင်ခဲ့ကြတာ။ အခုကျမှ လူမှုရေးလုပ် ငန်းတွေလုပ်ဖို့ NLD ကို မူပြောင်းမယ်ဆိုရင် ကျွန်တော်လုံးဝလက်မခံဘူး။ နိုင်ငံရေးလုပ်တဲ့သူက လူမှုရေးလုပ်စရာမလိုဘူး။ နိုင်ငံရေးလုပ်ခဲ့လို့ပဲ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲပြီး နှစ် ၂ဝ နီးပါးရပ်တည်ခဲ့တာ မဟုတ်လား။ ဗိုလ်ချုပ်အောင် ဆန်းခေတ်က နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ် ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အစရှိတာ တွေကို တိုက်ပွဲဝင်လာတဲ့ ခွပ်ဒေါင်းတံဆိပ်ကို၊ အလံကို အခုကျမှလာပြီး HIV/AIDS အတွက် အသုံးချဖို့ တခြားလူမှုရေးလုပ်ငန်းတွေကို ဒီအလံ တော်အောက်မှာ လုပ်မယ်ဆိုရင် ဒါဟာမသင့်တော် ပါဘူး။ ခွပ်ဒေါင်းအလံရဲ့အမှတ်လက္ခဏာ ဂုဏ် သိက္ခာ ညှိုးနွမ်းစေတယ်။ မိမိတို့ရဲ့ နိုင်ငံရေးသိက္ခာ ကို မိမိတို့ဘာသာ ဆွဲချရာရောက်တဲ့အတွက် ကြောင့် ကျွန်တော်လုံးဝလက်မခံပါဘူး။ အဲဒီလို လုပ်ရင် ဆန့်ကျင်ပါတယ်ဆိုတာကို ပြောခဲ့တယ်။ ဆိုင်းဘုတ်နောက်ခံနဲ့ မလုပ်ဘူးဆိုရင်တော့ ကျွန်တော် ကန့်ကွက်စရာမရှိပါဘူးလို့လည်း ပြောခဲ့ သေးတယ်။ မေး။ ။ ဆရာ့အယူအဆကို သဘောတူတဲ့သူ တွေရှိလား။ ဖြေ။ ။ ရှိတာပေါ့ဗျာ။ ဒေါက်တာသန်းငြိမ်းတို့ ဦးသိန်းညွန့်တို့ စသဖြင့်ပေါ့။ မေး။ ။ မေ(၆)ရက်ကျော်လို့ရှိရင် ဦးခင် မောင်ဆွေတို့အနေနဲ့ ပါတီထောင်ဖို့ကော အစီအစဉ်ရှိပါသလား။ ဖြေ။ ။ ဆက်လုပ်သင့်တယ်လို့တော့ ကျွန်တော် တို့က ခံယူပြီးပြီ။ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ ရေးကိုတော့ ပြည်သူနဲ့တိုင်းပြည်အတွက်က တာဝန်မကျေခဲ့ကြဘူးလေ။ အဲဒီနိုင်ငံရေးတာဝန် ကို ဆက်ထမ်းဖို့အတွက် နိုင်ငံရေးကတော့ ဆက် လုပ်ရမယ်ဆိုတာကို ကျွန်တော်လက်ခံတယ်။ လုပ် တဲ့အခါမှာ တစ်သီးပုဂ္ဂလလုပ်မလား၊ ပါတီထောင် မလားဆိုတာကို မေ(၆)ရက်မတိုင်ခင် ကျွန်တော်တို့ က ထုတ်မပြောဘူး။ ဘာလို့ ထုတ်မပြောလဲဆို တော့ ပုဂ္ဂိုလ်ရေးမာနတွေ၊ အရှိန်အဝါတွေကိုသုံး ပြီး မပြောတာ မဟုတ်ပါဘူး။ နိုင်ငံရေးမှာ ရိုးသား မှုရှိရမယ်ဆိုတာကို နားလည်ပါတယ်။ ပြည်သူကို အသိပေးရမယ်ဆိုတာကိုလည်း အလေးအနက်ခံ ယူပါတယ်။ ကျွန်တော်တို့ခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်ဟာ အပြင်မှာမရှိဘူး။ ကျွန် တော်တို့ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာခံပြီးတော့ အဖွဲ့ချုပ်တည်ထောင်တဲ့ထဲမှာ ပါဝင်လာခဲ့ကြတယ်။ ထိုနည်းတူစွာပဲ NLD ကို သစ္စာခံပြီးတော့ နှစ်၂ဝ ကျော် ဒုက္ခသုတ်ခတွေခံပြီးတော့ လုပ်လာခဲ့ကြ တာ အခုကျမှ NLD မှတ်ပုံတင် ရေးမတင်ရေးကိစ္စ မပြတ်ခင်မှာ သစ္စာခံဖို့ကို ဖောက်ဖျက်ပြီးတော့ ကျွန်တော်တို့က ဘာကိုမှမပြောချင်ဘူး။ ဒါ ကျွန်တော့်ရဲ့ဆန္ဒပါ။ စည်းထားတဲ့သဘောပါ။ နိုင်ငံ ရေး စည်းထားတဲ့သဘောကြောင့်မို့ မပြောတာပါ။ နိုင်ငံရေးကို ဆက်လုပ်သင့်တယ်ဆိုတာကို ခံယူ ထားတယ်ဆိုတော့ မှန်းဆလို့ရမှာပါ။ မင်းအောင်အောင်
မူရင်း http://snapshot-news.com/