Saturday, May 29, 2010

အုပ်နီခဲနဲ့ထိုက်တန်သူများအမည်စာရင်းထုတ်ပြန်ချက်

သူတို့ကတော့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် လှုပ်ရှားဆောင်ရွက်ခဲ့သူများဖြစ်ပြီး  ရေတို ရေရှည်စီမံကိန်းတွေနဲ့တိုင်းပြည်ကိုဖျက်စီးခဲ့ကြသော၊ပြည်သူလူထုကိုဂုတ်သွေးစုပ်၊လူတစ်စုကောင်းစားရေး၊တရားသေ၀ါဒနဲ့လူတလုံးသူတလုံးဖြစ်လာခဲ့ကြသူတွေပါ။ အခုလည်း န အ ဖ(နွားအ အဖွဲ့)ကပြုလုပ်မဲ့၂၀၁၀ ရွေးကောက်ပွဲဝင်ကြလေဦးမည်။

၂၀၁၀ ရွေးကောက်ပွဲမှာမဲမပေးပဲ အုပ်နီခဲကိုသာပေးသင့်သော(တ စ ည)ကြီးများအမည်စာရင်း
(မဆလ)ယခင်ရာထူး (တစည)ယခုပါတီတာဝန်

၁။ ဦးထွန်းရီ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဥက္ကဋ္ဌ
၂။ ဦးသန်းတင် ဒု-ဝန်ကြီးချုပ်၊ သတ္တုတွင်းဝန်ကြီး အထွေထွေအတွင်းရေးမှူး
၃။ ဦးခင်မောင်ကြီး ကုန်သွယ်ရေးဝန်ကြီး တွဲဖက်အထွေထွေအတွင်းရေးမှူး
၎။ ဦးချစ်လှိုင် ဒုကာကွယ်ရေးဦးစီးချုပ်-ရေ(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ နိုင်ငံခြားရေးဝန်ကြီး
၅။ ဦးလှထွန်း ဗိုလ်မှူးချုပ်(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဆောက်လုပ်ရေးဝန်ကြီး
၆။ သူရဦးစောဖြူ ဒုကာကွယ်ရေးဦးစီးချုပ်-လေ(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ သယ်ယူပို့ဆောင်ရေးဝန်ကြီး
၇။ ဦးထွေးဟန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး
၈။ ဦးသိန်းငွေ ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၉။ ဦးဗန်ကူး ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁ဝ။ ဦးစောကျော်ခင်ဝင်း ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၁။ ဦးထွန်းရင်လော ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၂။ ဦးခင်မောင်ကျော် အငြိမ်းစားဗိုလ်မှူးချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၃။ ဦးအေးစံ ဗိုလ်မှူးချုပ်(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၄။ ဦးသန်းလှ ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၅။ ဦးစိန်ရ ဒုဝန်ကြီး(သယ်ယူပို့ဆောင်ရေး-ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၆။ ဦးအောင်ဝင်း မွေး/ရေဒုဝန်ကြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဗိုလ်မှူးကြီး(ငြိမ်း)
၁၇။ ဦးမြမောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၈။ ဒေါ်မေမေအောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၉။ ဦးဟန်ရွှေ ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂ဝ။ ဦးထွန်းရီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၁။ ဦးစိန်အောင် ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၂။ ဦးဖေလိန်းမောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၃။ ဦးရဲဝင်း ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ တို့ ဖြစ်ကြသည်။

======================================================
သီရိမင်္ဂလာဈေးကို မရွှေ့ဖို့ ဈေးသူဈေးသားတွေ ဆန္ဒပြ
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်က သီရိမင်္ဂလာဈေးကို လှိုင်ဂေါက်ကွင်းနား ရွှေ့မယ်ဆိုပြီး မနေ့က မေ ၂၈ ရက် မနက်ပိုင်းမှာ ဈေးစည်ပင် ဌာနမှူး ဦးတင်ကိုကိုက ဈေးသူဈေးသားတွေကို အပေါ်ဆုံးထပ်က ဟက်ပီးဝေါလ်မှာရှိတဲ့ ခန်းမမှာ စည်းဝေးခေါ်ပြောတဲ့အခါ မရွှေ့ဘူး၊ မပြောင်းနိုင်ဘူးလို့ ၀ိုင်းအော်ပြီး ဆန္ဒပြကြပါတယ်။
အဲ့ဒါနဲ့ ဦးတင်ကိုကိုက သူ့ကားဆီကို ပြေးတော့ လူအုပ်ကြီးက သူ့ကားကို ၀ိုင်းထားပြီး ဈေးကို မဖျက်ပေးနိုင်ဘူး၊ မပြောင်းနိုင်ဘူးဆိုပြီး အော်နေကြတယ်။
စည်းဝေးပွဲပျက်ပြီး ဦးတင်ကိုကိုလည်း ပြန်သွားတဲ့နောက် လူအုပ်ကြီးက ၄၀၀ လောက်ဖြစ်လာတယ်။

ဈေးစည်ပင်ရုံးကိုလည်း သွားပြီး ၀ိုင်းထားကြပြီး တို့အားလုံး မြို့တော်ခန်းမကို သွားဖို့ တိုင်ပင်ကြပေမယ့် အန္တရာယ်များတယ်ဆိုပြီး ဈေးစည်ပင်ရုံးရှေ့မှာပဲ ဆန္ဒပြနေကြတယ်။

လူအုပ်ကြီးကတော့ အဲ့လိုပဲ ၀ိုင်းပြီး မပြောင်းနိုင်ဘူး၊ ညီလားဟေ့ ညီတယ် ညီတယ်နဲ့ အော်နေကြတာ ညနေ ၅ နာရီလောက်မှ လူစုကွဲသွားတယ်လို့ သီရိမင်္ဂလာဈေးသူ တယောက်က ပြောပြပါတယ်။

ကြည့်မြင်တိုင်မြို့နယ်ထဲမှာ ရှိတဲ့ ဘုရင့်နောင်လမ်းပေါ်က သီရိမင်္ဂလာဈေးဟာ ရှမ်းပြည်နယ်၊ တရုတ်နယ်စပ်၊ မန္တလေးနဲ့ အခြားသော ပြည်နယ်တိုင်းတွေက လာတဲ့ ပန်း၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံစတာတွေ၊ အထည်ရောင်းဆိုင်တွေ၊ ငါးခြောက်စတာတွေ လက်လီလက်ကားဖြန့်ဝေနေတဲ့ ကုန်စိမ်းဈေးကြီး တခု ဖြစ်ပါတယ်။

ဒီဈေးကြီးကိုဝင်ထွက်နေတဲ့ ကားကြီး၊ ကားငယ်တွေကြောင့် ဘုရင့်နောင်လမ်းကြီး ပိတ်ဆို့မှုဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဈေးကို ရွှေ့ဖို့ စီစဉ်တာလို့ ပြောပါတယ်။

ဈေးသူဈေးသားတွေကတော့ ဈေးကြီးမှာ အပေါ်ထပ်အထိ တက်လို့ရတဲ့ ကားပတ်လမ်းနဲ့ ကားရပ်နားရာ နေရာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး ကုန်တင်ကုန်ချလုပ်တာကိုလည်း သတ်မှတ်ထားတဲ့ ကားရပ်ဖို့နေရာတွေမှာပဲ လုပ်တာမို့ အာဏာပိုင်တွေ အကြောင်းပြသလို ဒီဈေးလာတဲ့ ကားတွေကြောင့် လမ်းပိတ်တာမျိုး မရှိဘူးလို့ ပြောကြပါတယ်။

အမှန်တော့ ကားလမ်းပိတ်ဆို့တယ်ဆိုတာက ဈေးနားက မှတ်တိုင်မှာရပ်တဲ့ မထသ လိုင်းကားတွေက စည်းကမ်းတကျ မရပ်တာ၊ ကားနှစ်ထပ်ရပ်တာ၊ ဈေးကြီးဘေးနားက အေးရှားဝေါလ် ဆိပ်ကမ်းကိုလာတဲ့ ကွန်တိန်နာကားကြီးတွေကြောင့် လမ်းပိတ်တာတွေဖြစ်နေတာလို့ ဆိုကြပါတယ်။

ဒီဈေးက ဆိုင်ခန်းတွေက ပေါက်ဈေးက အနည်းဆုံး သိန်း ၂၀ ကနေ သိန်း ၅၀၀ အထိ တန်ဖိုးရှိနေတာရယ်၊ ဒီကုန်စိမ်းဈေးကြီးကို မှီခိုစားသောက်နေရတဲ့ ကုန်တင်ကုန်ချ ကာယလုပ်သားတွေ၊ ဒီဈေးကနေ လက်ကားဝယ်ပြီး ပြန်ရောင်းချနေကြတဲ့ ရပ်ကွက်ဈေးလေးတွေ၊ ဈေးဆိုင်လေးတွေအတွက် ထိခိုက်မှုတွေ ဖြစ်လာမှာရယ်၊ သူတို့ အသစ်ပေးတဲ့နေရာဟာလည်း စီးပွားရေး အချက်အခြာကျတဲ့နေရာ မဟုတ်သလို ဝေးလံတဲ့နေရာဖြစ်နေတာမို့ သွားလာရေး ဒုက္ခရောက်၊ အဆင်မပြေ ဖြစ်မှာတွေရယ်ကြောင့် ဈေးသူဈေးသားတွေ မရွှေ့ချင်ကြဘူးလို့ ပြောဆိုနေကြပါတယ်။

=======================================================