Saturday, May 1, 2010

စစ်တွေတွင် ငလျင်လှုပ်


ဖြုတ်..ထုတ်.. ချွတ် ၂၀၁၀ (ကာတွန်း တင်ကိုကိုဦး) Sunday, May 02, 2010
http://www.naytthit.com/မှ


===========================================

ရန်ကုန်ဆိပ်ကမ်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များ လွှဲပြောင်းရယူ လုပ်ကိုင်မှု ခေတ္တဆိုင်းငံ့ထား

မြန်မာနိုင်ငံ၏ ပို့ကုန်၊သွင်းကုန် လုပ်ငန်းများကို အများဆုံးကိုင်တွယ် ဆောင်ရွက်နေသည့် အဓိကဆိပ်ကမ်း ဖြစ်သော ရန်ကုန်ဆိပ်ကမ်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ရာ လက်ရှိတွင် ပုဂ္ဂလိကမှဆိပ်ကမ်းလွှဲပြောင်းယူနေမှုအား ခေတ္တဆိုင်းငံ့ထားကြောင်း ဆိပ်ကမ်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် လက်အောက်ရှိ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်း နှင့် ကျန်းမာရေးဆိပ်ကမ်း၊ ဆူးလေ ဆိပ်ကမ်းများ၏ ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းရှင် များသို့ B.O.Tစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသွားမည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိပြီး နောက်တွင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း အား ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း တစ်ခုက မြန်မာ့ဆိပ်ကမ်း အာဏာပိုင် နှင့်အတူ ဧပြီလ ၁ ရက်နေ့တွင် ပူးတွဲ စီမံခန့်ခွဲမှုစတင်ခဲ့ကြောင်း သိရသည်။

သို့သော် လက်ရှိအချိန်တွင်မူ အကြောင်းကြောင်းကြောင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်း လွှဲပြောင်းယူနေမှုအား ခေတ္တဆိုင်းငံ့ထားကြောင်း သိရှိရသည်။ ထိုသို့ ဆိုင်းငံ့ထားချိန်ကို အနည်းဆုံး ဧပြီလကုန်အထိ ထားရှိပြီး အချိန်သုံးလနီးပါးခန့်လည်း ကြာသွားနိုင်ကြောင်း အဆိုပါအသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။

''ဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့သေချာမသိပါဘူး။ ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ပုဂ္ဂလိကကို ဦးဆုံးလွှဲ ပြောင်းပေးတာပါ။ အခု ဗိုလ်အောင်ကျော်ဆိပ်ကမ်း လွှဲပြောင်းမှု ဆိုင်းငံ့နေတော့ နောက်လာမယ့်ဆိပ်ကမ်းတွေ လွှဲပြောင်းဖို့က ဘယ်လိုလဲဆိုတာ မသိသေးပါဘူး''ဟု၎င်းကဆိုသည်။

၂၀၁၀ ပြည့်နှစ် ဧပြီလ ၁ ရက် နေ့တွင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း အား ပုဂ္ဂလိကနှင့် ဆိပ်ကမ်းအာဏာပိုင် ပူးပေါင်းလုပ်ဆောင်မှု၌ အုပ်ချုပ်မှုပိုင်းအား ပုဂ္ဂလိကမှတာဝန်ယူပြီး လုပ်ငန်းလုပ်ဆောင်မှု အပိုင်းအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ယူကာ လုပ်ငန်းများဆောင်ရွက်ရန် ရှိခဲ့သော်လည်း ဧပြီလနောက်ဆုံးပတ်အတွင်း သတင်းများအရ ထိုသို့ ဆောင်ရွက်နေမှုများပင် မရှိတော့သည့် အနေအထားတွင် ရှိနေကြောင်းသိရသည်။

ထို့အပြင် ကွန်တိန်နာလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကလည်း''မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဘက်ကလွှဲတာ ရပ်ထားတာမဟုတ်ဘူး။ ပုဂ္ဂလိကလွှဲယူနေတာကို ခေတ္တရပ်ထားတာလို့ သိရတယ်''ဟု ဆိုသည်။
မူရင်း http://www.first-11.com/ မှ



=====================================================

စစ်တွေတွင် ငလျင်လှုပ်

စံလင်း (နိရဉ္စရာ) ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဧပြီလ ၂၉ ရက်နေ့ ညသန်းခေါင်ကျော် အချိန်၌ အတော်အသင့် ပြင်းအားရှိသော ငလျင် တခု လှုပ်ခတ်သွားခဲ့သည်။
သို့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိမူနှင့် အပျက်အစီး မရှိကြောင်း သိရသည်။
ငလျင်သည် ဧပြီလ ၂၉ ရက်နေ့ ညဥ့် သန်းခေါင်ကျော် အချိန် ၁၂ နာရီ ၃၃ မိနစ် တွင် အင်အား ၅.၁ ရက်ချက်စကေးဖြင့် လှုပ်ခတ်ခဲ့ပြီး စုစုပေါင်း ၁၃ စက္ကန့် ကြာမြှင့်သည်။

ငလျင်သည် စစ်တွေမြို့မှ မိုင် ၆၀ အကွာ ရှိသော ပင်လယ်ပြင်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ပြောသည်။

ငလျင် လူပ်မူကို မြို့သူမြို့သား တချို့သိရှိလိုက်သော်လည်း တချို့မှာ မသိရှိလိုက်ကြောင်း စစ်တွေမြို့ခံ အမျိုးသားတဦးက ယခုကဲ့သို့ ပြောသည်။

“လူတွေ အိပ်နေချိန်မှာ ငလျင် လှုပ်တော့ တချို့ကလည်း သိလိုက်တာပေါ့နော်။ တချို့ကလည်း အိပ်နေတော့ မသိလိုက်ဘူး။ ငလျင် ငလျင်ဆိုပြီး တချို့က ထအော်သလို တချို့ကလည်း ကြောက်ပြီး အိမ်ပေါ်က ဆင်းပြေးတဲ့ အတွက် ရုတ်ရုတ်ကလေး ဖြစ်သွားတာပေါ့နော်” ဟုပြောသည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တွင် အင်အား အတော်အသင့် ပြင်းထန်သော ငလျင် တခု လူပ်ခတ်ခဲ့သဖြင့် မာန်အောင်ကျွန်းနှင့် ရဲကျွန်းတစ်ဝိုက်တွင် တည်ရှိသော ရွှံ့မီးတောင် ၉ လုံး ပေါက်ကွဲ ခဲ့သည်။

=======================================================
ဗုံးပေါက်ကွဲမှုနှင့် ကောလာဟလများ ထွက်ပေါ်ပြီး နောက်ပိုင်း ရန်ကုန်မြို့ရှိ လူစည်ကားသော ဈေးကြီးများ၊ ရှော့ပင်းစင်တာ အချို့တွင် လာရောက်ဝယ်ယူသူ သိသိသာသာလျော့ကျ
ဗုံးပေါက်ကွဲမှုနှင့် ကောလာဟ လသတင်းများထွက်ပေါ်ပြီး နောက်ပိုင်း ရန်ကုန်မြို့ရှိလူစည်ကားသော ဈေးကြီးများနှင့် ရှော့ပင်းစင်တာ အချို့သို့ လာရောက်သူနှင့်လာရောက် ၀ယ်ယူသူဦးရေ သိသိသာသာ လျော့ကျလာကြောင်း အဆိုပါနေရာများမှ စုံစမ်း သိရှိရသည်။

ဈေးကြီးများတွင် လာရောက် ဈေးဝယ်သူ လျော့ကျလာသည်ဟု ဆိုရာတွင် အခြေခံစားသောက်ကုန် နှင့် အသင့်စားသောက်ကုန်ပစ္စည်း ရောင်းချသော ဈေးကြီးများတွင် လျော့နည်းသွားခြင်းမျိုး မဟုတ်ဘဲ အ၀တ်အထည်နှင့် အခြားလူသုံးကုန် များရောင်းချသော ဈေးများတွင်သာ လျော့ကျသွားသည်ဟု သိရှိရသည်။

''သင်္ကြန်အကြတ်နေ့ကကန်တော်ကြီးနားကရေကစားမဏ္ဍပ်မှာဗုံးပေါက်တာကြောင့်ရယ်၊ သင်္ကြန်ပြီးနောက်ပိုင်း ဟိုနေရာမှာဗုံးပေါက်တယ်၊ ဒီနေရာမှာ ဗုံးပေါက်တယ်ဆိုတဲ့ သတင်းတွေကြောင့် ကျွန်မတို့ မင်္ဂလာဈေးမှာ ဈေးလာဝယ်တဲ့သူတွေ နည်းသွားပါတယ်။ ဘာ ဖြစ်လို့လဲဆိုရင် သင်္ကြန်မတိုင်မီမှာ စည်ကားရာကနေ သင်္ကြန်ပြီးနောက်ပိုင်း လူမရှိဘဲ ခြောက်ကပ်သွားတယ်။ ကျွန်မတို့ဆီမှာ ခါတိုင်းဝယ်နေကျသူတွေတောင် အခုရက်ပိုင်းဈေးကို မလာဘဲ ဖုန်းဆက်ပြီး ပစ္စည်းမှာတယ်။ မှာတဲ့ပစ္စည်းကို ကျွန်မတို့က ကိုယ်တိုင်(သို့မဟုတ်)လူကြုံနဲ့ ထည့်ပေးလိုက်ရတယ်။ တချို့ကျတော့လည်း ရာသီဥတုပူတာကြောင့် နေ့လည်ပိုင်းတွေ ဈေးကိုမလာဘဲ ဈေးပိတ်ခါနီး ညနေစောင်းကျမှ ပစ္စည်းလာဝယ်ကြတာတွေ ရှိပါတယ်။ အခုလက်ရှိဈေးမှာ ဈေးလာဝယ်တဲ့သူ အများစုကလည်း ရန်ကုန်ကထက် နယ်ကနေတက်ပြီး လာဝယ်တဲ့သူတွေ များပါတယ်''ဟု အ၀တ်အထည်နှင့် ဆေးပစ္စည်းဈေးကြီးတစ်ခုဖြစ်သော မင်္ဂလာဈေးတွင် ဆိုင်ဖွင့်လှစ်ရောင်း ချသူတစ်ဦးက ပြောပြခဲ့သည်။


 ညောင်ပင်လေးဈေးရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင် တစ်ခုက ''ကျွန်မတို့ဈေးကတော့ စားသောက်ကုန်ပစ္စည်းရောင်းတဲ့ ဈေးဆိုတော့ လူမပြတ်ပါဘူး။ ဗုံးပေါက်ကွဲမှုတွေ၊ ကောလာဟလ သတင်းတွေထွက်ပေါ်ပြီး နောက်ပိုင်း မှာ ဈေးကိုလူလာတာ သိသိသာသာ ကြီးနည်းသွားတာမျိုး မရှိပါဘူး။ ဗုံးပေါက်ကွဲမှု မဖြစ်ခင်ကတည်းက ဈေးထဲမှာ တချို့ရက်တွေဆို လူနည်းပြီး အရောင်းအ၀ယ် အေးနေကျမို့လို့ပါ။ ကိုယ့်ဈေးက စားသောက်ကုန်ပစ္စည်း ရောင်းတဲ့ဈေးဆိုတော့ ခါတိုင်းတစ်ပတ်ကိုသုံးခါ လာတဲ့သူက အခုဆိုရင် နှစ်ခါ လောက်ပဲလာတာမျိုးတော့ ရှိပါ တယ်။ စားသောက်ကုန် ပစ္စည်းဆိုတော့ အ၀တ်အထည်တို့လို တစ်ခါတလေမှ ၀ယ်ရတာမျိုးမဟုတ်ဘူး လေ''ဟု ဆိုပါသည်။
  
ရန်ကုန်မြို့ရှိ ဈေးကြီးများတွင် လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့်အတူ လုံခြုံရေးကိုပါတိုးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အရင်ကဆို ပလာဇာ က စနေနဲ့ တနင်္ဂနွေနေ့ဆိုရင် လူအရမ်းစည်တယ်။ အခုနောက်ပိုင်း စနေ၊ တနင်္ဂနွေလိုနေ့မျိုးမှာတောင် လူသိပ်မရှိဘူး။ ပြီးတော့ဟိုရက်ပိုင်းက မင်္ဂလာဈေးတို့၊ လပြည့်ဝန်းပလာဇာတို့မှာ ဗုံးပေါက်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပြီးနောက်ပိုင်းပလာဇာမှာ လူပိုနည်းသွားတယ်
''အခုလက်ရှိမှာ ကျွန်တော်တို့ မင်္ဂလာဈေးအနေနဲ့ လုံခြုံရေးကို အရင်ကထက် တိုးထားပါတယ်။ ဒီလိုတိုးတာဟာလည်း ဗုံးပေါက်ကွဲ မှုဖြစ်စဉ်ကြောင့်လည်းပါသလို မီး ဘေးအန္တရာယ်ကြိုတင် ကာကွယ်ဖို့လည်း ရည်ရွယ်ပါတယ်''ဟု မင်္ဂလာ ဈေးသာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့သည်။

 
''အခုရက်ပိုင်းတော့ ကျွန်တော်တို့ဈေးမှာ လူနည်းနည်းခြောက်သွားတယ်။ ခါတိုင်းလတွေ အရောင်းအ၀ယ်အေးတာတောင် ဒီလိုလူမရှိ တာမျိုးမဟုတ်ဘူး။ လူနည်းနည်းရှိ သေးတယ်။ အခုဆိုရင် လူကိုသိပ် မရှိတာ။ အရောင်းအ၀ယ်ကလည်း တော်တော်ကို အေးနေတယ်''ဟု သိမ်ကြီးဈေး ဘီရုံမှ ပုဆိုးအရောင်းဆိုင်တစ်ခုက ပြောပြခဲ့သည်။

 
''ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း ကျွန်မတို့ ယုဇနပလာဇာ မှာလည်း လုံခြုံရေးကို သူ့ဟာနဲ့သူ တော့ ပိုပြီးတင်းကြပ်လာတယ်လို့ သိရပါတယ်။ အရင်ကဆို ပလာဇာ က စနေနဲ့ တနင်္ဂနွေနေ့ဆိုရင် လူအရမ်းစည်တယ်။ အခုနောက်ပိုင်း စနေ၊ တနင်္ဂနွေလိုနေ့မျိုးမှာတောင် လူသိပ်မရှိဘူး။ ပြီးတော့ဟိုရက်ပိုင်းက မင်္ဂလာဈေးတို့၊ လပြည့်ဝန်းပလာဇာတို့မှာ ဗုံးပေါက်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပြီးနောက်ပိုင်းပလာဇာမှာ လူပိုနည်းသွားတယ်'' ဟု ယုဇနပလာဇာ တတိယထပ်ရှိ ဖက်ရှင်ဆိုင်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

 
''ကျွန်တော်တို့ ရန်ကင်းစင် တာမှာလည်း သင်္ကြန်ပြီးနောက်ပိုင်း လူအလာနည်းနည်းလေး ပါးသွားတယ်လို့ ပြောရပါမယ်။ ဒီလိုလူ အလာနည်းသွားတာက ပွဲတော်ရက် တွေပြီးဆုံးသွားတာအပြင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့်လည်း ပါမယ်လို့ ထင်ပါတယ်''ဟု ရန်ကင်းစင်တာမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။

မူရင်း http://www.first-11.com/ မှ

====================================================
ပြည်ပသတင်း မီဒီယာအချို့တွင် ဖော်ပြထားမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံမည် မဟုတ်ကြောင်း လုပ်ငန်းရှင်ကြီးအချို့ ငြင်းဆို


ပြည်ပသတင်း မီဒီယာအချို့တွင် ဖော်ပြထားမှု၊ အများပြည်သူ အချို့အကြား ပြောကြားနေမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံမည် မဟုတ်ကြောင်း လုပ်ငန်းရှင်ကြီးအချို့က ငြင်းဆိုခဲ့ ကြသည်။

ပြည်တွင်းလုပ်ငန်းရှင်ကြီး အချို့အနေဖြင့် လတ်တလောပြည်ပ သတင်းမီဒီယာများတွင် ဖော်ပြထားသကဲ့သို့ ရွေးကောက်ပွဲဝင်ခြင်း၊ ပါတီထောင်ခြင်းများ ပြုလုပ်သွားရန်မရှိကြောင်း ပြန်လည်ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

''ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးမှာပါဝင်ဖို့မရှိပါဘူး။ ကျန်းမာရေး အခြေအနေကြောင့်ပါ။ အသက်အရွယ် အပိုင်းအခြားအရ ကျွန်တော် လူမှုရေးကို စိုက်လိုက်မတ်တပ်လုပ်ဖို့ ဆုံးဖြတ်ထားတာပါ။ ကျွန်တော့် အနေနဲ့ ကျွန်တော်လုပ်နိုင်သေးတဲ့ လုပ်အားတွေ၊ အချိန်တွေကို လူမှုရေးလုပ်ငန်းမှာ၊ အများနဲ့ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ Social Economy မှာပဲ အလေးထား လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အများအကျိုးရှိတဲ့ အခုလိုတောင်သူတွေကို ကူညီထောက်ပံ့ပေးတဲ့ အထူးပြုကုမ္ပဏီလို လုပ်ငန်းမျိုးကိုဆိုလိုတာပါ။ ဒီလိုအများ အကျိုးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်တာကလည်း နိုင်ငံ့အရေးကို တစ်ဖက်တစ်လမ်းက ထမ်းဆောင်တာလို့ ကျွန်တော်မြင်ပါတယ်''ဟု ဧဒင်အုပ်စု ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောပါသည်။

''ရွေးကောက်ပွဲဝင်ဖို့ မရှိပါဘူး။ လူမှုရေးလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံတော်ကတာဝန်ပေးထားတဲ့ အားကစားလုပ်ငန်းတွေကိုပဲ ဆက်လုပ်သွားဖို့ ရှိပါတယ်။ ကျွန်တော်မှာ နိုင်ငံရေးနဲ့ ပတ်သက် တဲ့ရည်မှန်းချက်မရှိပါဘူး''ဟု လွယ်ဟိန်းကုမ္ပဏီမှ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောပါသည်။

ကျန်ရှိသော လုပ်ငန်းရှင်ကြီးအချို့၏ ရွေးကောက်ပွဲဝင်ခြင်း မ၀င်ခြင်းနှင့် ပတ်သက်၍မူ ခိုင်မာသည့် ပြောကြားချက်များ စုံစမ်းရရှိခြင်း မရှိသေးပါ။