Tuesday, December 20, 2011
Kachin people in Myanmar face food shortages
A civil war for more than sixty years has left the Kachin people in northern Myanmar facing much problems.
Aid agencies in northern Myanmar say tens of thousands of ethnic Kachin people are facing food shortages and health problems.
The Kachin, one of many ethnic groups in Myanmar, have been fighting for greater autonomy since the country gained independence from Britain more than six decades ago.
A 17 year ceasefire with the government was broken in June, after a dispute over a government project to build a dam in the state.
Over the past six months, around 30,000 people have been displaced and in the makeshift refugee camps, conditions are difficult.
Al Jazeera's Florence Looi reports.
Source: Al Jazeera
Sunday, December 18, 2011
Philippines steps up flood relief efforts
ပြည်သူတွေ စိတ်ချမ်းသာစေချင်တယ်ဆိုရင် ...(Written by လူထုစိန်ဝင်း)
၂၀၁၁ ခုနှစ်ဟာ နှစ်ပေါင်းနှစ် ဆယ်ကျော်ကာလအတွင်းမှာ သက်ဝင်လှုပ်ရှားမှုအရှိဆုံးနှစ်အဖြစ် သတ်မှတ်ရလိမ့်မယ်။ ၁၉၈၈ အရေးအခင်းကတည်းက တစ်နှစ်လာပြောင်းနိုးနိုး၊ နောက်တစ်နှစ်လာကောင်းနိုးနိုးနဲ့ သောင်မတင် ရေမကျ အီလယ်လယ်ကြီးဖြစ်နေခဲ့ရတာကို အားလုံးက စိတ် ပျက်လက်ပျက် ဖြစ်နေကြရတယ်။
စစ်အုပ်ချုပ်ရေး ဖျက်သိမ်း
၂၀၁၁ ခုနှစ်ရောက်တော့ ရုတ်တရက်ချက်ချင်း ပြောင်းလဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတယ်။ ၁၉၆၂ ခုနှစ်ကတည်းက အာဏာသိမ်းပြီး အုပ်ချုပ်လာခဲ့တဲ့ တစ်သွေးတစ်သံတစ်မိန့် စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်း ကြောင်း တရားဝင်ထုတ်ပြန်ကြေညာပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် က လွှတ်တော်ကရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတဦးသိန်းစိန်ကို အာဏာလွှဲပေးလိုက်တယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း အစိုးရရာထူး တပ်ရာထူး အားလုံးက အငြိမ်းစားယူသွားတယ်။ သမ္မတဦးသိန်းစိန်ရာထူး လက်ခံရယူတဲ့မိန့်ခွန်းမှာ သူနဲ့တကွ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သူများဖြစ်တဲ့အတွက် ပြည်သူများရဲ့ဆန္ဒသဘောထားကို အမြဲတမ်းလေးစားလိုက်နာပြီး ပြည်သူများ စိတ်ချမ်းသာစေရန် ဆောင်ရွက်သွားမယ်။ ပြည်သူအားလုံး လိုလားတဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်သွားမယ်လို့ ထည့်သွင်း ပြောကြားသွားခဲ့တယ်။
သမိုင်းဝင်ကြေညာချက်
အဲဒီနောက်ပြီးခဲ့တဲ့နှစ်ကုန်ခါနီးမှာ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရ၀န်ကြီး ဦးအောင်ကြည်က တွေ့ဆုံခဲ့တယ်။ ဦးအောင်ကြည်နဲ့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်မှာ သမ္မတဦးသိန်းစိန်ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့တယ်။ အဲဒီ နောက် မတူတာတွေဖယ်ထားပြီး တူတာတွေ အတူလက်တွဲ လုပ်ဆောင်သွားမယ်ဆိုတဲ့ သမိုင်းဝင် ပူးတွဲကြေညာချက် ထွက်လာတယ်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း ပြောင်းလဲမှု လမ်းစကို မြင်တွေ့နေရပြီ၊ သမ္မတ ဦးသိန်းစိန်ဟာ ပြောင်းလဲမှုကို အမှန်တကယ်လိုလားသူဖြစ်တယ်လို့ သူယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်။
တင်မယ်၊ ၀င်မယ်
အဲဒီနောက်တော့ ရေခဲတောင်ကြီး အရည်ပျော်ကျသလို အပြောင်းအလဲတွေ ဆက်တိုက်တွေ့မြင်လာရတယ်။ ဧရာဝတီမြစ်ဆုံရေကာတာစီ မံကိန်းကို ပြည်သူများရဲ့ဆန္ဒကို လိုက်လျောတဲ့အနေနဲ့ဆိုပြီး သမ္မတက ရပ်ဆိုင်း ထားဖို့ ညွှန်ကြားခဲ့တယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော် အပြင်းအထန် ဆန့်ကျင်ဝေဖန်ခဲ့ကြတဲ့ အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပနိုင်ငံတွေက ၀န်ကြီးဝန်ကလေးတွေ ၀င်လာမစဲ တသဲသဲ ဖြစ်လာတယ်။ ကူညီထောက်ပံ့မှု တွေ ပြန်ပေးမယ်။ ချေးငွေတွေပေးမယ်စတဲ့ အသံတွေလည်း ကြားလာရတယ်။ နောက်ဆုံးအပြောင်းအလဲကတော့ လူတိုင်းကိုပါးစပ်ဟောင်းလောင်းနဲ့ မယုံနိုင်အောင် ဖြစ်သွားကြရတဲ့ကိစ္စဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ နေရာပြည့် ၀င်အရွေးခံမယ်။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်အရွေးခံမယ်လို့လည်း တရားဝင် ထုတ်ပြန်ကြေညာခဲ့တယ်။
ယုံကြည်မှုတိုးစေ
ဒီဖြစ်စဉ်တွေအားလုံးဟာ ပြည်သူအားလုံးရွှင်လန်းအားတက်စေတဲ့ အပေါင်းလက္ခဏာ သတင်းတွေဖြစ်တယ်။ သမ္မတဦးသိန်းစိန်အစိုးရအပေါ်မှာလည်း ယုံကြည်မှု တိုးလာစေတယ်။ နိုင်ငံတကာမှာလည်း မျက်နှာပန်းလှ လာတယ်။ ဒီခြေလှမ်းတွေအတွက် ဖြောင့်ဖြောင့်တန်းတန်းဆက် ပြီးလျှောက်လှမ်းသွားရင် ပြည်သူအားလုံး မျှော်လင့်တောင့်တနေကြတဲ့ အကြောက်တရားအားလုံးကင်းစင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်လိမ့် မယ်လို့ ယုံကြည်နိုင်ပါတယ်။ လမ်းချော်မသွားအောင်လည်း သတိရှိကြရပါမယ်။
ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာက မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ယခုနှစ်များအတွင်း နိုင်ငံတော်သို့ တစ်နှစ်လျှင် ကျပ်ငွေသိန်းပေါင်း ထောင်ချီ၍ ပြန်လည် သွင်းပေးနိုင်ခဲ့ကြောင်း ပြောကြား
ပုဆိန်နဲ့ မပေါက်ရအောင်
အပေါင်းလက္ခဏာဆောင်တဲ့ ဆောင်ရွက်ချက်တွေကြောင့် မျက်နှာပန်းလှနေတဲ့အချိန်မှာ ယုံကြည်မှုအပေါ် ဒွိဟ၊ သံသယပွားစေတဲ့ အနုတ် လက္ခဏာပြကိစ္စရပ်များကို ရှင်းလင်းဖယ်ရှားပစ်စေချင်ပါတယ်။ သတင်းသမား တစ်ယောက်အနေနဲ့ ပြည်သူများရဲ့အသံတွေကို အမြဲနားစွင့်နေတာဖြစ်တဲ့အတွက် ကြားသိမြင်တွေ့ရတဲ့ ပြည်သူ့အသံတွေနဲ့ ပြည်သူ့ဆန္ဒတွေကို သက်ဆိုင်ရာများသိအောင် တင်ပြချင်ပါတယ်။ အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ပေါက်ရတဲ့အဖြစ်မျိုး ရောက်မသွားစေချင်လို့ပါ။ ထောင်ထဲမှာကျန်ရစ်သူတွေကိစ္စနဲ့ ပြည်တွင်းစစ် ရပ်စဲရေးကိစ္စကတော့ အခုတလော အဆက် မပြတ်ရေးခဲ့တာကြောင့် ဒီတစ်ခါမရေးတော့ပါဘူး။ သားရွှေအိုးထမ်းပြီး ပြန်လာမှာကိုပဲ စောင့်မျှော်နေပါတော့မယ်။
ဘယ်သူမှမပြောကြလို့
အခုပြောချင်တာက ဂျာနယ်တွေမှာ သတင်းအမြဲပါနေပေမယ့် ဘယ်ပါတီ ဘယ်အဖွဲ့အစည်းတွေကမှ အရေးထားပြီး ပြောတာဆိုတာမရှိတဲ့အတွက် စာဖတ်ပရိသတ်များက နေ့စဉ်မပြတ် ဖုန်းဆက်ပြီး ရင်ဖွင့်နေကြတဲ့ အကြောင်းတွေပါ။သူတို့အတွက်တော့ အင်မတန်အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ အရင်ဆုံးပြောကြတာကတော့ ရထားခတွေ ဆယ်ဆတက်သွားတဲ့ ကိစ္စဖြစ်တယ်။ ဒီခေတ်မှာ မီးရထားက သာမန်ပြည်သူ ပြည်သားများအတွက် အဓိကအားထားရတဲ့ အရာဖြစ်တယ်။ ရန်ကုန်မြို့နေလူထုအတွက် ဘတ်စကားခနှစ်ရာမတတ်နိုင်လို့ မြို့ပတ်ရထားကို တစ်ဆယ်ပေးစီးရတယ်။ အခုမြို့ပတ်ရထားက အသွားအပြန် နှစ်ရာပေးဝယ်စီးရမှာဆိုတော့ အများကြီး ခက်ခဲသွားပါတယ်။ ရန်ကုန် - မန္တလေးကားခတွေက တစ်သောင်းအထက်ပေးရတော့ ဆင်းရဲသားများ မစီးနိုင်ကြဘူး။ ရထားစီးရင် တစ်ထောင်တောင်မကျတော့ ရထားပဲ အားကိုးရတယ်။
ဈေးတက် စီးပွားရေး
ရထားခတက်တဲ့သတင်းနောက်က လိုက်လာတာက စာပို့ခတွေ ပြည်တွင်းဆို နှစ်ဆယ်ကတစ်ရာ၊ ပြည်ပဆို သုံးဆယ်က ငါးရာဖြစ်သွားတယ် ဆိုတဲ့ သတင်းဖြစ်တယ်။ အဲဒီကိစ္စပြောလို့ ပါးစပ်တောင်မပိတ်ရသေးခင်မှာ နောက်ထပ်ဂျာနယ်တွေထဲပါလာတာက မီတာခတွေလည်း နောက်ထပ်တစ်ဆတိုးပြီး တက်ဦးမယ်ဆိုတဲ့ သတင်းပြီးတော့ ရေခွန်တွေ၊ အမှိုက်ခွန်တွေလည်း တိုးဦးမယ်တဲ့။ ဈေးကွက်စီးပွားရေးဆိုတာ အပြိုင်အဆိုင်ဈေးတွေ လျော့ရောင်းကြလို့ စားသုံးသူတွေ သက်သာချောင်ချိစေတယ်လို့ ဆရာကြီးတွေက ပြောကြပေမယ့် လက်တွေ့မှာတော့ ဈေးတွေတက်ချင်တိုင်း တက်နေလို့ ဈေးကွက်စီးပွားရေးလို့ မခေါ်ဘဲ ဈေးတက် စီးပွားရေးလို့ ခေါ်ချင်တယ်လို့တောင် ညည်းညူပြောဆိုနေကြရတယ်။
အဲဒီလိုညည်းညူသံတွေ ကြားနေရချိန်မှာ ထူးဆန်းတဲ့သတင်းတစ်ပုဒ် ဖတ်လိုက်မိတဲ့အတွက် ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ ခွဲခြား မရနိုင်တဲ့ ခံစားမှုတစ်မျိုး ခံစားလိုက်ရတာကို ပြောပြချင်ပါတယ်။ သတင်းက ၂၄-၁၁-၂၀၁၁ ထုတ် Popular News ဂျာနယ်အတွဲ -၃ အမှတ် ၄၆ မှာပါလာတာပါ။ 'ရန်ကုန်ပြည်သူ့ဆေးရုံကြီး နိုင်ငံတော်သို့ တစ်နှစ် သိန်းထောင်ချီ ပြန်သွင်းပေးနိုင်' လို့ ခေါင်းစီးတပ်ထားပါတယ်။ လိုရင်းပြောရ ရင်တော့ နိုဝင်ဘာ ၁၅ ရက် နေ့က ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှာပြုလုပ်ခဲ့တဲ့ ကျန်းမာရေး အသုံးစရိတ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာက မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ယခုနှစ်များအတွင်း နိုင်ငံတော်သို့ တစ်နှစ်လျှင် ကျပ်ငွေသိန်းပေါင်းထောင်ချီ၍ ပြန်လည်သွင်းပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်လို့ ရေးထားပါတယ်။
စရိတ်မျှပေးက၀င်ငွေ
"ဖြည့်ဆည်းပေးစရာများ ရှိနေသည့်ကြားကပင် နိုင်ငံတော်သို့ ယခုနှစ် ပထမလေးပတ်က ငွေကျပ်သိန်း ၁၃၀၀ နှင့် ဒုတိယလေးပတ်တွင် ငွေကျပ်သိန်း ၁၂၀၀ ကျော်ပေးသွင်းနိုင်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။ ယင်းပြန်ပေးသွင်းနိုင်ခဲ့သည့် ငွေကြေးများမှာ စားစရိတ်မျှပေး စနစ်တစ်ခုတည်းက ပြန်လည် ပေးသွင်းခဲ့သည့် ပမာဏဖြစ်ပြီး တခြားဝန်ဆောင်မှုများအတွက် ကောက်ခံထားသော ငွေကြေးပမာဏများ မပါလာသေး ကြောင်း ဒေါ်နုနုသာက ဆိုသည်" လို့ ဆက်ပြီးဖော်ပြထားတယ်။ ဒီသတင်းကို ဖတ်ပြီးတဲ့အခါ မီးရထားဌာနလို လျှပ်စစ်ဌာနလို ဌာနကြီးတွေက နှစ်စဉ်ကျပ်ငွေဘီလျံရာနဲ့ချီ အရှုံးပြနေချိန်မှာ နိုင်ငံတော်ကိုတောင် ငွေပြန်သွင်းပေးနိုင်တယ်လို့ သိလိုက်ရလို့ တယ်ဟုတ်ပါလားဆိုပြီး ၀မ်းသာသလို ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့လို့ ချက်ချင်းပြန်တွေး ကြည့်လိုက်တော့ ဈေးကွက်စီးပွားရေးဆိုတဲ့ထဲမှာ ဆေးရုံတွေပါ ထည့်ထားတာလားဆိုပြီး စိတ်ထဲစနိုးစနှောင့် ဖြစ်သွားရတယ်။ အထူးသဖြင့် ပြည်သူ့ဆေးရုံဆိုတာက ပြည်သူပြည်သားများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် နိုင်ငံတော်ဘဏ္ဍာငွေက ထုတ်ယူပံ့ပိုးပေးထားတာဖြစ်တယ်။ ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ မြန်မာ့ဆိုရှယ်လစ်ခေတ် စတဲ့ခေတ်တိုင်းမှာ ပြည်သူ့ဘဏ္ဍာငွေနဲ့ ရပ်တည်ခဲ့တာချည်း ဖြစ်တယ်။ ကိုလိုနီခေတ်နဲ့ ဖဆပလခေတ်တွေမှာ လူနာတွေ စားရေး၊ သောက်ရေးပါ ဆေးရုံက တာဝန်ယူပါတယ်။ အပြင်က အစားအစာတွေနဲ့ မတည့်မှာစိုးလို့ အိမ်ကထမင်းပို့တာတောင် အားမပေးပါဘူး။ လိုအပ်တဲ့ စွပ်ပြုတ်၊ နွားနို့၊ ဆန်ပြုတ်စတာတွေလည်း ဆေးရုံကပဲ ပေးတယ်။ အဲဒီခေတ်က ရန်ကုန်ဆေးရုံကြီးနဲ့ မန္တလေး ဆေးရုံကြီးမှာ ထမင်းပေါင်း ဘွိုင်လာကြီးတွေနဲ့ အ၀တ်လျှော် ဘွိုင်လာကြီးတွေပါ ထားရပါတယ်။
နားလည်ဖို့ခက်
အဲဒီခေတ်က ပြည်သူအားလုံးအတွက် အခမဲ့ ဆေးကုခွင့်ရှိတယ်။ ငွေကြေးတတ်နိုင်သူများအတွက် အထူးပိုက်ဆံခန်းတွေလည်း ထားပါတယ်။ အခုခေတ်မှာ အခြေအနေအရ စရိတ်မျှပေး ကျန်းမာရေးဆိုပြီး လုပ်လာတာကို နားလည်နိုင်ပေမယ့် အဲဒီစရိတ်မျှပေးက ရတဲ့ငွေကြေးကို ပြန်ယူတယ်ဆိုတာတော့ နားလည်ဖို့ ခက်ပါတယ်။ ဒီလိုကိစ္စတွေဟာ သမ္မတဦးသိန်းစိန်အစိုးရ ရှေ့မျက်နှာစာမှာ ကြိုးစားပမ်းစားလုပ်ပြနေတဲ့ ပြည်သူတွေ စိတ်ချမ်းသာစေဖို့ဆိုတဲ့ လုပ်ငန်းတွေကို ထိခိုက်စေပါတယ်။ အဲဒါကြောင့် ဒီအချက်တွေကိုလည်း ပြုပြင်ပါဦးလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
 Ref:http://www.news-eleven.com/
Monday, December 12, 2011
စင်္ကာပူမှာ မြန်မာ မိန်းကလေး တစ်ဦး သေကြောင်း ကြံ မှု ဖြစ်
စင်္ကာပူ နိုင်ငံ က အိမ်ဖော် ရှာဖွေ ပေး ရေး ဧဂျင်စီ
တစ်ခု က ထွက်ပြေးလာပုံ ရတဲ့အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာ မိန်း ကလေးတစ်ဦး ဟာ ၄.၅ မီတာ မြင့်တဲ့ လူသွားစင်္ကြန်
ကုန်းကျော် တံတားပေါ် က ခုန်ချခဲ့တယ် လို့ 
စင်္ကာပူ ကွန်မြူနတီ သတင်း ဆိုတ် တစ်ခုဖြစ်
တဲ့ OMY မှာဖော်ပြထားပါတယ်။
သူခုန်ချ ချိန်မှာ သစ်ကိုင်း တစ်ခု နဲ့  ချိတ်မိခဲ့ ပြီး တံတား အောက် ကား လား ပေါ်ရောက်တဲ့ အခါမှာ
လည်း မော်တော်ယာဉ် တစ်ခုခု နဲ့  တိုက်မိ ခဲ့ ခြင်း မရှိ တာ က သူ့  ကို ကံကောင်း စေခဲ့ ပါတယ်။
သူ ခုန် ချတဲ့ နေရာ ဟာ KPE၊PIE နဲ့  ရှမ်း ရိပ်သာ လမ်းမ လမ်းဆုံ ရှိ တဲ့ နေရာ တွေ မှာ ဖြစ်ပြီး
မော်တော် ယာဉ် သွား လာ မှု အရမ်း ရှုပ်တဲ့ နေရာ ဖြစ်ပါတယ်။
အဲဒီမိန်းကလေး ဟာ မနေ့ က တနင်္ဂနွေ နေ့ က တံတားပေါ် က နေ ခုန် ချပြီး သတ်သေတာ လို့ 
ဒီနေ့  ညနေ ထုတ် United Evening News မှာလည်း ဖော်ပြ ထား ပါတယ်။ သူမ ဟာ မခုန်
ချခင် အချိန် မှာ ကန် တုန် ဈေးရောင်း ဌာန ရဲ့  အိမ်အကူ ရှာ ဖွေ ရေး ဧဂျင် စီက ထွက်ပြေးလာ
ပုံ ရတယ် လို့  သတင်း မှာ ဖော်ပြ ထား ပါတယ်။
ဂျင်းဘောင်ဘီ အပြာ ရောင် ၊ အကျီ အပြာ ရောင် တို့  ကို ၀တ် ဆင်ထား ပြီး ခုန်ချခဲ့တဲ့ အရှိန်
ကြောင့် အသက် မသေဆုံး သော်လည်း ပြင်းထန် တဲ့ ထိခိုက် မှု တွေ ရှိ ပြီး သတိလစ် မေ့
မျော နေကာ ပြန်လည် သတိရရှိ အောင် ဆေးရုံ မှာ ကုသ ခံနေရ ပါတယ်။
အဆိုပါ အမျိုးသမီး ခုန် ချပြီး သတိလစ် မေ့မျော နေတာ ကို အငှားယာဉ် မောင်းသူ တစ်ဦး က
တွေ့ ရှိပြီး ရဲစခန်း ကို ဖုန်းဆက် အကြောင်း ကြား ခဲ့ တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ လ က မြန်မာ အမျိုးသမီး ငယ် တစ်ဦးဟာ လည်း လေးထပ်တိုက်ပေါ်က ခုန်
ချပြီး သေကြောင်း ကြံခဲ့ရာ အထ မြောက် ခဲ့ ပါတယ်။
Ref:http://freedomnewsgroup.com/2011/12/12/burmese-gilr-suicide-in-sg/
Wednesday, December 7, 2011
ဆောင်းနှင်းကြားက မြေစာပင်များ(Written by ဖြူနု၊ ဇေ၀င်းနောင်)
ဆောင်းနှင်းကြားက မြေစာပင်များ(Written by ဖြူနု၊ ဇေ၀င်းနောင်)
တစ်ဆောင်းသစ်ခဲ့ပြန်လေပြီ။ အေးမြမှုနှင့်အတူ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာမည့် ဆောင်းဟု မျှော်လင့်ရပါသော ကာလသို့ဝင်ခဲ့ ပြီဖြစ်ပါသည်။
ဒီဇင်ဘာတွင်တော့ မြန်မာနိုင်ငံတစ်ဝန်း ဆောင်း၏အငွေ့အသက်၊ ဆောင်း၏သရုပ်သကန်သည် တဖြည်းဖြည်း ပီပြင်လာသည်။ မြန်မာပြည်၏ အအေးမြဆုံး အရပ်တစ်ခုဖြစ်သော မြန်မာပြည်မြောက်ပိုင်းတွင်လည်း ခိုက်ခိုက်တုန်အောင်ချမ်းသော ကာလသို့ ရောက်ခဲ့ပြီဖြစ်သည်။အပြင်ပန်းရာသီဥတုက အေးမြလှပါသည်။ သို့ပေမယ့် ရာသီဥတုနှင့် ပြောင်းပြန်အချိုးကျနေသော ပူလောင်နေသော ရင်ခွင်အစုံအစုံတို့ အကြောင်းကိုတော့ မသိကျိုးကျွံ ဖြစ်နေမိခဲ့ကြပါသည်။
ကချင်တောင်တန်းများပေါ်တွင် ဆောင်း၏ အရိပ်အယောင်များဖြစ်သော မြူနှင်းများ လွှမ်းမိုးနေပြီဖြစ်သည်။ မြူနှင်းများအကြားတွင် စိမ်းမြရိပ်ညိုသော တောတန်းများ။ အဝေးမှ လှမ်းမျော်ကြည့်လျှင်တော့ တိတ်ဆိတ် ငြိမ်သက်နေသည်ဟု မြင်ကောင်းမြင်ရနိုင်သည်။ သို့သော် အသေအချာကြည့်မြင်တတ်မည်ဆိုလျှင်တော့ ခိုကိုးရာမဲ့သော ဘ၀များစွာသည် ရှင်သန်ခွင့်အတွက် ကူကယ်ရာ အားကိုးတကြီး ရှာနေကြသည်ကို တွေ့မြင်နိုင်ပါလိမ့်မည်။
''အခု နဂိုရှိပြီးသား ကယ်ဆယ်ရေးစခန်းတွေအပြင် အခုရက်ပိုင်းမှ စခန်းသစ်တွေ ထပ်ပေါ်လာတယ်။ တောထဲမှာ စခန်းသစ်တွေ ပေါ်လာတာပေါ့။ စခန်းနဲ့ လူဦးရေက မမျှဘူး။ တချို့စခန်းတွေက ဖက်နဲ့ပဲ တဲလုပ်ပြီးနေရ တယ်။ တချို့က အမိုးအကာမရှိဘူး'' ဗန်းမော်ခရိုင်အတွင်း တောတွင်းစခန်းများတွင် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ပေးနေသော ကချင်တိုင်းရင်းသားတစ်ဦးက ပြောပြခဲ့ခြင်းဖြစ်ပါသည်။ မိုးရာသီအ၀င် ဇွန်လကစခဲ့သည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဗန်းမော်ခရိုင်မှ စခဲ့သည်။ နောက်တော့ မြစ်ကြီးနား၊ ၀ိုင်းမော်...။
ကချင်ပြည်နယ်သည် ပုံမှန်အားဖြင့် မိုးရာသီကာလများမှာ နေ့စဉ်ရက်ဆက်လို မိုးရွာတတ်သော ဒေသတစ်ခုဖြစ်သည်။ သည်နှစ်လည်း မိုးကစွေနိုင်အားဆဲ။ ဒေသခံတိုင်းရင်းသားတို့သည် မိုးရေစက်များအကြားတွင်ပင် အိမ်ငယ်များကို စွန့်ခွာခဲ့ကြလေသည်။ စစ်က သူတို့နှင့် သိပ်အလှမ်းမကွာတော့ဘူး မဟုတ်လား။ သေနတ်သံ၊ မိုင်းကွဲသံများကို မကြားရသည်မှာ နှစ်အချို့ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုတော့ ကြားခဲ့ကြရပြီ။ ဘာအတွက်ကြောင့်ဆိုသည်ကို စိတ်ဝင်စားဖို့ထက် သူတို့ဘ၀အရေးကို လတ်တလော ဘယ်လိုဖြေရှင်းရမည်ကိုသာ စဉ်းစားခဲ့ကြရသည်။ အဖြေကား တစ်ခုတည်းသာ။ အိမ်ကိုစွန့်ခွာဖို့ဟူသော အဖြေကိုသာ သူတို့ရကြသည်။
သည်လိုနှင့် သက်ကြီးရွယ်အိုများ၊ ကလေးများအပါအ၀င် ကချင်၊ ရှမ်းဗမာတိုင်းရင်းသားများ စသည့် ဒေသခံတို့သည် အေးချမ်းမြဲဖြစ်ခဲ့သော ကျေးရွာငယ်တို့ကို စွန့်ခွာလာရသည်။ ကလေးတို့သည် စာသင်ဆဲဖြစ်သော ကျောင်းများကို ချန်ထားခဲ့ကြသည်။ မိဘတို့ကတော့ စိုက်ပျိုးဆဲမြေများ၊ အပင်များကို စွန့်ခွာခဲ့ကြသည်။ သည်နေရာကို သူတို့မကြာမီ ပြန်ရောက်နိုင်မည်ဟူသော ယုံကြည်မှုများကို ရင်တွင်ပိုက်လျှက်။ သို့သော် ယခုတော့ မိုးကုန်သည်မှာကြာခဲ့ပြီ။ ဆောင်းပင်ဝင်ခဲ့ပြီ။ ကောက်ရိတ်သိမ်းသည့် ရာသီရောက်လျှင် ပြုလုပ်မြဲဖြစ်သော ကောက်သစ်စားပွဲတို့သည်လည်း အသံတိတ်ဆိတ်ခဲ့ရပြီ။ အိမ်အပြန်လမ်းများကလည်း ဝေးသည်ထက် ဝေးခဲ့ရပြီ။
ကချင်ပြည်နယ်အကြောင်းကို ပြောပြီဆိုလျှင် မြစ်ကြီးနားကို ပြေးမြင်တတ်ကြသည်။ သို့သော် တကယ်တမ်းမှာတော့ ကယ်ဆယ်ရေးစခန်း အများစုရှိရာ၊ အဓိက သက်ရောက်ခံစားရာ ဒေသသည် ကချင်ပြည်နယ်၏ တောင်ပိုင်းမှာရှိ လေသည်။ ဗန်းမော်၊ မိုးမောက်မြို့ နယ်များ၊ အဓိကအားဖြင့်တော့ ဗန်းမော်ခရိုင်အတွင်းမှာ ကယ်ဆယ်ရေးစခန်းများသည် နဂိုရှိပြီးသားအပြင် အသစ်အသစ်ပင် ပေါ်ပေါက်လာနေကြဆဲ။
ဘုန်းတော်ကြီးကျောင်းများ၊ ကက်သလစ် အသင်းတော်များ၊ နှစ်ခြင်း အသင်းတော်များမှသည် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့သူများ စုဝေးမိကြသည့် တောတွင်းတစ်နေရာအထိ စခန်းတို့သည် စုပြုံကျပ်ညပ်နေပေပြီ။
ကယ်ဆယ်ရေးစခန်းတို့ကို အခြေခံအားဖြင့်တော့ လေးမျိုးလောက် ခွဲပြီးပြောနိုင်ပါသည်။ ပထမတစ်မျိုးကတော့ မြို့ပေါ်က အသင့်အတင့် အဆင်ပြေသော စခန်းများ။ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ပုဂ္ဂလိကအလှူရှင်များ၏ ကူညီမှုကို အောက်တိုဘာလက စပြီးရရှိခဲ့၍ အထိုက်အလျောက် အဆင်ပြေပါသည်ဟု ဆိုနိုင်သည်။ သို့ပေမယ့် နိုဝင်ဘာလကုန်ပိုင်းမှာတော့ လူဦးရေက ရုတ်တရက် ထိုးတက်လာသည်။ တိုးပွားလာသော လူဦးရေကို အလျင်မီ အောင်ချက်ကျွေးဖို့ပင် ခက်ခဲလာပြီ။ ''အလှူရှင်တစ်ယောက်က လှူတဲ့ကြက်သုံးကောင်ကို ဘူးသီးနဲ့ ရောပြီး လူ ၄၂၆ ယောက်အတွက် ညနေစာကျွေးရတာ မျိုးတောင် ရှိပါတယ်'' ဗန်းမော်ဒေသခံက ကယ်ဆယ်ရေးစခန်းက မြင်ကွင်းကို ပြောပြသည်။ မြို့ပေါ်စခန်းတို့သည် ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ရွှေကူမြို့နယ်တို့တွင် ရှိနေသည်။ အချို့ကတော့ အသိမိတ်ဆွေများ အိမ်မှာ ခိုကိုးနေထိုင်ကြလျက်။
ဒုတိယ ကယ်ဆယ်ရေးစခန်း အမျိုးအစားကတော့ တောတွင်းနှင့် ကျေးရွာများတွင် ခိုလှုံနေသော အမျိုးအစားဖြစ်သည်။ မန်စီမြို့နယ်မှာ လွယ်ကျယ်စခန်း၊ နမ်ဖူစခန်း၊ ငါနောင်ပါစခန်းတို့ ရှိနေသည်။ ဗန်းမော်မြို့နယ်အတွင်း တွင်လည်း ရှိသည်။ ရွှေကူမြို့နယ်မှာ ခပေါင်း တောတွင်းစခန်း၊ မိုးမောက်မြို့နယ်မှာ ကျခိုင်ရွာစခန်းတို့ ရှိကြသည်။ တောတွင်းနှင့် ကျေးရွာများက စခန်းများသို့ နေထိုင်စရာနှင့် စားသောက်စရာများအတွက် အသင်းတော် များက ကနဦးတွင် ပံ့ပိုးနိုင်ခဲ့သေးသည်။ သို့သော် နိုဝင်ဘာလတွင်မူ ပံ့ပိုးရန် ခက်ခဲလာပြီ။ လူဦးရေက ထိုးတက်လာသည်။ ရာသီဥတုကလည်း ဆိုးလာသည်။ ကျန်းမာရေးအရလည်း စိုးရိမ်ဖွယ်။ ''တောထဲမှာ မိုးရာသီ တုန်းက မျှစ်တွေရနိုင်သေးတော့ မျှစ်နဲ့ဆန်ကို ရောချက်စားရတယ်။ ဟင်းချက်စားတယ်။ အခုတော့ မျှစ်ရာသီလည်းကုန်ပြီဆိုတော့ တောငှက်ပျောက အူအနုကိုတောင် ချက်စားနေရတယ်။ စခန်းတွေမှာ အမိုးအကာ မရှိဘူး။ အ၀တ်အထည်လည်း လိုနေပါတယ်'' တောတွင်းစခန်းများသို့ ရောက်ရှိခဲ့သူ ဒေသခံတစ်ဦးက ဆိုခဲ့သည်။
နိုဝင်ဘာလ နောက်ဆုံးပတ်မှာတော့ တတိယအမျိုးအစားဟုဆိုရမည့် စခန်းသစ်များ ရုတ်တရက် ပေါ်ပေါက်လာပါသည်။ တရုတ်နယ်စပ်နှင့်နီးသော ကျေးရွာများရှိ အသင်းတော်များ၏ ဘုရားကျောင်းများနှင့် ပတ်ဝန်းကျင် တွင် လာရောက်ခိုလှုံကြသူများဖြစ်သည်။ စား စရာမရှိ၊ နေထိုင်စရာများ အတည်တကျ မရှိသေး။ စခန်းများအနက် အဆိုးရွားဆုံးဟုဆိုရမည်ပင်။ မန်စီမြို့နယ် မန်ဝိန်းကြီးစခန်း၊ အင်ဘာပါစခန်း၊ လနပါစခန်းတို့တွင် နိုဝင်ဘာလ ၃၀ ရက်နေ့မှာပင် လူဦးရေ က ၄၀၀၀ ၀န်းကျင် ရှိနေသည်။ နောက်ဆုံးအမျိုးအစားဖြစ်သော စခန်းများသည် ကက်သလစ် အသင်းတော်တည်ရှိရာ ကျေးရွာများနှင့် ကျောင်းပတ်ဝန်းကျင်တွင် စုစည်းနေခဲ့သော စခန်းများဖြစ်သည်။ မန်စီမြို့နယ် နမ့်လင်းပါစခန်းနှင့် မိုးမောက်မြို့နယ်က ပရံခူးဒုံစခန်းတို့ ဖြစ်သည်။ သို့ပေမယ့် တိုက်ပွဲများက ဆက်လာသည်ဖြစ်၍ စခန်းကို စွန့်ခွာကြရပြန်သည်။ နမ့်လင်းပါမှတချို့ ဗန်းမော်စခန်း ရောက်လာသည်။ ပရံခူးဒုံစခန်းကအချို့ လွယ်ကျယ်စခန်းရောက်သွားကြသည်။ မပြေးနိုင်သော သက်ကြီးရွယ်အိုများ၊ ကလေးမိခင်များကတော့ တောတွင်းမှာ ကျန်နေကြဆဲ။ လမ်းမသိ၍ကား မဟုတ်။ သိလျက်နှင့် လမ်းပျောက်နေကြခြင်း။
''အခု ဒီစခန်းလေးမျိုးလုံးမှာ မရောက်တာက ဘယ်လိုလူမျိုးလဲဆိုတော့ အဘွားကြီးတွေ မရောက်လာဘူး။ အဘိုးကြီးတွေ မရောက်လာဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစခန်းကနေပြီးတော့ လမ်းမကြီးရောက်အောင် လာနိုင်တာ ဆိုင်ကယ် ကယ်ရီတစ်မျိုးပဲရှိတယ်။ အဲဒီတော့ အဲဒီဆိုင်ကယ်ကယ်ရီမှာမှ ပင်မလမ်းတွေကနေ သွားလို့မရဘူး။ မိုင်းထောင်လို့။ မှောင်ခိုလမ်း၊ သစ်တွေ ဘာတွေတင်တဲ့ လမ်းကနေပဲ သွားရတယ်။ အနည်းဆုံး ဆိုင်ကယ်မှာ မထိုင်နိုင်တဲ့သူတွေက ကျန်ခဲ့တယ်ပေါ့။ ရောက်လာတဲ့သူတွေကလည်း မိသားစု တကွဲတွေပေါ့။ ညတိုက်ပွဲဖြစ် လို့ ပြေးတဲ့အခါကျတော့ အဖေနဲ့သား ဘယ်ရောက်နေမှန်းမသိ။ အဘွားနဲ့မြေး တစ်ယောက် ဘယ်ရောက်နေ မှန်းမသိ။ အမေနဲ့ နောက်တစ်ယောက် ဘယ်ရောက်နေမှန်းမသိ ဖြစ်ကြတယ်''ဟု ဒေသခံတိုင်းရင်းသားတစ်ဦးက ပြောပြခြင်းဖြစ်ပါသည်။ ယခုတော့ မြို့ပေါ်က စခန်းများမှာလည်း စားစရာ၊ နေစရာ အခက်အခဲရှိလာပြီ။ တောတွင်းစခန်းများမှာတော့ ဆိုဖွယ်ရာမရှိပြီ။ ခိုက်ခိုက်တုန်အောင် ချမ်းမြဲဖြစ်သော ဆောင်းရာသီမှာ တောထဲနေသူတို့သည် အမိုးအကာမရှိသော၊ အခင်းတစ်ခုမျှ ဖြစ်ဖြစ်မြောက်မြောက် ခင်း ထားရသောနေရာတို့တွင် ညများစွာ ကုန်လွန်ဖြတ်သန်းလာရသည်။ ဖက်နှင့် မိုးကာထားသော တဲများလည်း မရှား။ များစွာသော ခြင်များကလည်း ၀ိုင်းဝန်းနှိပ်စက်တတ်သေးသည်။ မကျန်းမမာ ဖြစ်ပြီဆိုပါစို့။ ကုသရန် ဆေးမရှိ။ရှိလျှင်လည်း မလုံလောက်။
ငှက်ပျောက အူအနုကိုတောင် ချက်စားနေရတယ်။ စခန်းတွေမှာ အမိုးအကာမရှိဘူး အ၀တ်အထည်လည်း လိုနေပါတယ် . .
ကလေးများကတော့ ရောက်သည့်နေရာတွင် စာသင်နိုင်ခွင့်ရကြသေးသည်။ လူမှုရေးကူညီသူများက စီစဉ်ပေးထားသည်။ ရောက်သည့်နေရာတွင် စာသင်ပေးကြသည်။ အစားအစာအတွက်ကတော့ ပဲပြုတ် ဟင်းတစ်ခွက် ကိုပဲ ကလေးငယ်များစွာ ၀ိုင်းဝန်းစားနေကြရသည်။ ဘာပဲဖြစ်ဖြစ် ထမင်းရှိနေလျှင်ပဲ ကျေးဇူးတင်စရာဖြစ်ရသည်။ ယခုအထိတော့ စခန်းများစွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းမှ တစ်ဖက်တရုတ်နယ်စပ်အထိ ၀န်းကျင်တစ်လျှောက်တွင် တည်ရှိနေသည်။ နယ်စပ်နှင့်တောတွင်းက စခန်းများဆီ ကယ်ဆယ်ရေးသွား မည်ဆိုပါစို့။ မူဆယ်ဘက်မှ ဖြတ်ဝင်ကာ တရုတ်ဘက်က ကူးလျှင်တော့ ကူးနိုင်သည်။ တခြားလမ်းကတော့သွား၍ အဆင်မပြေနိုင်။ သွားနိုင်သည်ပဲ ဆိုဦး၊ လူမှုရေးလုပ်ကြသူတို့တွင် ရန်ပုံငွေ မရှိကြတော့ပေ။ အများစုက မူလရှိသောပမာဏကို ကျော်လွန်ခဲ့ပြီ။ ဒီဇင်ဘာကုန်လျှင် အကူအညီပေးနိုင်ဖွယ်ရာ မရှိကြတော့ပေ။
ယခင်ကတော့ အငြိမ်းစားဝန်ထမ်းများ၊ တောင်သူလယ်သမားများ နေထိုင်ခဲ့ကြသော မြို့နယ်လေးများ။ ပညာတတ်လူငယ်တို့သည် စီးပွားရေးမဖွံ့ဖြိုးသော မြို့ငယ်လေးများကို စွန့်ခွာသွားခဲ့ကြသည်။ ဒေသတွင်းတွင် စိုက်ပျိုးရေးသည် အဓိကလုပ်ငန်း။ ယခုတော့ စိုက်ပျိုးခဲ့ သောလယ်ယာမြေများကိုပင် စွန့်ခွာခဲ့ကြရသည်။ လာမည့်နှစ်တွင် စား နပ်ရိက္ခာသည် မလောက်ငမည့်ဘက် တွင် အလေးသာနေသည်။
ဆောင်း၏ အငွေ့အသက်များကတော့ ကချင်တောင်တန်းများအကြား လွှမ်းခြုံနေဆဲ။ အေးမြခြင်းသည် ထိုဒေသက ဒေသခံများအတွက်တော့ လက်ဆောင်ကောင်း မမည်ပါပေ။ နွေးထွေးခြင်းကိုပေးသော အမိုးအကာများ မရှိ၊ အ၀တ်အထည် မရှိ။ ပြင်ပက လေကတိုက်ခတ်နိုင် အားဆဲ။ မှောင်နေသည်ဖြစ်သော ထိုပြင်ပကိုပင် အကူအညီမဲ့သော မျက်ဝန်းအစုံများစွာက ငေးမောနေရသည်။ သူတို့စွန့်ခွာခဲ့ရသော ရွာလေးများသည် သစ်ပင်ရိပ် များ ၀န်းရံသော ရွာကလေးများဖြစ်သည်။ အချို့ကတော့ တောင်များအကြားမှာ။ လယ်ယာမြေများက ကောက်နှံများသီးမှည့်လာလျှင် ဒါသည်ပင် သူတို့၏ ပျော်ရွှင်မှုဖြစ်သည်။ ရွာများတွင် ခေတ်၏ အဆင်တန်ဆာမရှိ။ အီလက်ထရော နစ်ဇိမ်ခံပစ္စည်းများ မရှိသလောက်ပင်။ လျှပ်စစ်မီးလည်း မရှိ။ သို့သော် သူတို့ နေပျော်ခဲ့သည်။ အပူအပင်ကင်းသော၊ ရောင့်ရဲသောဘ၀များ။ အိမ်ငယ်လေးများက နေပျော်ခဲ့သောအရိပ်များ။ ယခုတော့ သူတို့ ဘယ်အချိန် အိမ်ပြန်နိုင်မည်ကို ဘယ်သူမျှ မသိနိုင်သေး။ လာမည့် ခရစ္စမတ်နှင့် နှစ်သစ်ကူးသည် သူတို့နှစ်များစွာ သီဆိုခဲ့သော တေးသီချင်းများထဲကလို ပျော်ရွှင်ဖွယ်ဖြစ်မည်လား သူတို့ကိုယ်တိုင်လည်း မသိနိုင်သေးပါပေ။
ငြိမ်းချမ်းအေးမြမှု၏ အရိပ်အယောင်အချို့ ဆောင်းနှင်းတို့နှင့်အတူ သက်ဆင်းလာချိန်မှာ မြေစာပင်များ အကြောင်းကိုတော့ မမေ့မလျော့ဖို့မျှော်လင့်နေမိပါသည်။
Monday, December 5, 2011
ကမ္ဘာကြီးကို ခါးစောင်းတင်ထားနိုင်မှ တော်ကာကျတယ်(Written by လူထုစိန်ဝင်း)
အလဲဗင်းကို ဆူပေးပါခင်ဗျ
တစ်မနက် ဂျာနယ်တွေဖတ်နေတုန်း နယ်စာဖတ်ပရိသတ်တစ်ယောက် ဆီက ဖုန်းဆိုလို့ကောက်နားထောင် လိုက်တော့ အရင်ဆုံးကြားလိုက်ရတဲ့ စကားဖြစ်တယ်။ အဆက်အစပ်မရှိ ကြားလိုက်ရတာကြောင့် ဘုမသိ၊ ဘ မသိဖြစ်ပြီး ကြောင်သွားလို့ 'ခင်ဗျာ' လို့ပဲ အာမေဋိတ်ပြုလိုက်တယ်။
သည်းခြေခိုက်တွေ နောက်မလိုက်တော့
အဲဒီတော့မှဖုန်းဆက်သူက ''ဒီမနက်ထွက်တဲ့ Bi-Weekly Eleven ဖတ်ပြီးပြီမဟုတ်လားခင်ဗျ။ ဆရာကတော့ ဘယ်လိုမြင်သလဲမသိဘူး။ ကျွန်တော်တော့ တော်တော်စိတ်ပျက်သွားတယ်။ ကျွန်တော်သိပ်အထင်ကြီး ထားတဲ့ Eleven က ဒီလိုသတင်း မျိုးထည့်တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ Eleven က လူငယ်တွေကို ဆူပေးဦးမှဖြစ်မယ်ထင်လို့ ဆရာ့ဆီ ဖုန်းဆက်လိုက်တာပါ'' လို့ အကျိုးအကြောင်းရှင်းပြတယ်။ တိုက်တိုက် ဆိုင်ဆိုင် အဲဒီသတင်းဖတ်ပြီး အုန်းအုန်း ကျွက်ကျွက်တော့ဖြစ်သွားဦးမှာပဲလို့ တွေးတောနေချိန်မှာ ဒီဖုန်းဝင်လာတာဖြစ်တယ်။ ဒီနေ့ မြန်မာစာဖတ်ပရိသတ်ဟာ 'သည်းခြေခိုက်' (Sensational) သတင်းတွေနောက်ကို မလိုက်ကြတော့ဘူး။ တော်တော်အဆင့်အ တန်းမြင့်နေပြီလို့ ဖော်ပြနေတာဖြစ်လို့ ၀မ်းသာရသေးတယ်။
ကောင်းကောင်းချီးကျူး
ပဏာမအနေနဲ့ အကျိုးအကြောင်း ရှင်းပြပြီးတော့ သူကဆက်ပြောပါတယ်။ ''ကျွန်တော်က Eleven စထွက်ကတည်းက မပြတ်တမ်းဖတ်လာတဲ့ အမာခံပရိသတ်ပါ။ မူတစ်ခု အခိုင်အမာ ကိုင်စွဲထားတဲ့ဂျာနယ်မို့ နှစ်သက် တယ်။ အ၀ါရောင်သတင်းဆောင်းပါးမျိုးတွေနဲ့ ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရား စာမျိုးတွေကင်းရှင်းလို့ သဘောကျတယ်။ Eleven ၁၁ ပြည့်မြောက် အခမ်းအနားအခွေကို ကြည့်ပြီး Eleven စီအီးအိုပြော သွားတဲ့ စကားတွေကို သိပ်အားရတယ်။ ကိုယ့်အ ပေါ်ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး တိုင်းပြည်အတွက် ပြောသင့်ပြောထိုက်တာတွေကို ပြောသွားတာဖြစ်လို့ အလွန်လေးစားသွားတယ်။ ဧရာဝတီမြစ်ဆုံရေကာတာ ကိစ္စကတော့ မြန်မာစာနယ်ဇင်းလောကမှာ မှတ်တိုင်တစ်ခု အဖြစ် မှတ်တမ်းတင်ရလိမ့်မယ်လို့ သတ်မှတ်လိုက်တယ်။ သတင်းစာမှာပါတဲ့ အစိုးရရဲ့ ပေါ်လစီဆောင်းပါးတစ်ပုဒ်ကို ပြတ်ပြတ်သားသား ဝေဖန်ရေးသားတာ ဒါပထမဆုံးတွေ့ဖူးတာပဲ။ အရင်က ဘယ်သူမှ မရေးဖူးဘူး။
ကောင်းကောင်းဝေဖန်
သူကချီးကျူးစကားတွေအားရ ပါးရပြောပါတယ်။ ပြီးတော့မှ သူ မကြိုက်တာကိုဘွင်းဘွင်းရှင်းရှင်းဆက် ပြောတယ်။ Bi-Weekly Eleven ရဲ့ ရေးသားချက်ကြောင့် အဲဒီနေ့က တစ်နိုင်ငံလုံး ရေသန့်ဘူးတွေ ရောင်းမလောက် အောင် ဖြစ်သွားပါတယ်တဲ့။ ဒီလို 'သည်းခြေခိုက်' သတင်းတွေ ရေးနေကျဂျာနယ်တွေမှာပါရင် ပရိသတ်က ဒါလောက်အုန်းအုန်းကျွက်ကျွက် ဖြစ်ချင်မှဖြစ်မှာပါ။ သူတို့အထင်ကြီးလေးစားတဲ့ ဂျာနယ်မှာပါတာဆိုတော့ စိတ်ချယုံကြည်စွာနဲ့ အများလုပ်သလို လိုက်လုပ်ရုံသာမက၊ နီးစပ်ရာတွေဆီ ဖုန်းဆက်ပြီးတောင် သတင်းပေးမိကြတယ်။ နောက်ဆုံးမဟုတ်ဘူးဆိုတာသိရတော့ သတင်းက တစ်ပြည်လုံးသာမကဘူး နိုင်ငံခြားရောက် မြန်မာလူမျိုးတွေအထိ ပါပျံ့နှံ့နေပြီ။ ဒါကိုကြည့်ပြီး ဂျာနယ်သမားတွေ ကောင်းကောင်းဆင်ခြင် ကြဖို့ လူကြီးတွေက ဆုံးမပေးပါ။ သတင်းမီဒီယာဆိုတာ အင်မတန် တာဝန်ကြီးပါတယ်။ ကောင်းသတင်းကိုသာ ပြန့်စေပြီး အဆိပ်အတောက် အညှီအဟောက်တွေကို မဖြန့်မိစေဖို့ ကြပ်ကြပ်နှိုးဆော်ပေးပါ။ ဆရာက Eleven စထွက်ကတည်းက ရေးလာတာဆိုတော့ အယ်ဒီတာတွေနဲ့ ရင်းနှီးနေမှာပါ။ အယ်ဒီတာ လူငယ်လေးတွေကို ကောင်းကောင်းဆူပေးပါခင်ဗျား။
အသက်ငယ်ပေမယ့် သတင်းထောက်ဟာ သတင်းထောက်လုပ်နိုင်တဲ့ အရည်အချင်း အပြည့်အ၀ရှိဖို့ လိုပါတယ်။ အယ်ဒီတာလုပ်ရင် အယ်ဒီတာလုပ်နိုင်တဲ့ အရည်အချင်း အပြည့်အ၀ ရှိရမယ်။ မပြည့်သေးရင် ပြည့်အောင် အဆက်မပြတ်ဖြည့်နေရမယ်။ သတင်းထောက်တို့၊ အယ်ဒီတာတို့ဆိုတာက ကမ္ဘာကြီးကို ခါးစောင်းတင်ထားနိုင်မှ တော်ကာကျတဲ့ အလုပ်မျိုးဖြစ်တယ် . . .
ကိုရီးယားကားထဲကလို
သူပြောတာတွေကို ဂရုစိုက်နားထောင်ပါတယ်။ အားလုံးမှန်ပါတယ်။ ပါးစပ် ၁၀ ပေါက်ပါရင် တောင် ပြန်ပြောစရာစကားမရှိပါဘူး ဆိုတဲ့ ကိုရီးယားကားထဲကလို ပြောရမှာပါပဲ။ မှားသွားပါတယ်။ တောင်းပန်ပါတယ်ဆိုတာ ကလွဲပြီး တခြား ပြောစရာမှမရှိတာ။ အဲဒီတော့သူကျေနပ်အောင် ''ဟုတ်ကဲ့ ဟုတ်ကဲ့ ဆူပေးပါ့မယ်'' လို့ အာမဘန္တေခံလိုက်ရတာပေါ့။ ဒီခေတ်ဂျာနယ်လောကမှာ အသက်နှစ်ဆယ်နဲ့ သုံးဆယ်ကြား ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ များသလို Eleven ဂျာနယ်တွေမှာလည်း လူငယ်တွေချည်းပါပဲ။ ပေါ်လစီမူဝါဒ ခိုင်ခိုင်မာမာချထားတဲ့ ဂျာနယ်တစ်စောင်ဖြစ်တာကြောင့် ဂျာနယ်တွေရဲ့လားရာလမ်းကြောင်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေမှာ အပြည့်အ၀ စိတ်ချယုံကြည်နိုင်ပေမယ့် အလုပ် ပိုင်းဆိုင်ရာတွေမှာတော့ 'ဒေါင်ဒေါင်မြည်သတင်းသမား' တွေလို့ခေါ်ခံရဖို့ အဝေးကြီး လိုပါသေးတယ်။ အများကြီး ကြိုးစားကြရပါဦးမယ်။
ပိုက်ဆံမနှောမြောဘူး
သတင်းနဲ့ ပတ်သက်ရင် Eleven က ပိုက်ဆံမနှမြောပါဘူး။ နှစ်စဉ် အာဆီယံထိပ်သီးအစည်းအဝေးတိုင်းကို ကိုယ့်စရိတ်နဲ့ကိုယ် သတင်းထောက်လွှတ်ပြီး သတင်းယူခိုင်းတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံက သတင်းမီဒီယာ လုပ်ငန်းတွေကို လေ့လာဖို့ သတင်းထောက်လေး၊ ငါးယောက်ကို ကိုယ့်စရိတ်နဲ့ကိုယ် လွှတ်ပေးတယ်။ တောင်အာဖရိကနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲကိုလည်း ကိုယ့်စရိတ်နဲ့ကိုယ် သတင်းထောက်လွှတ်ပြီး သတင်းယူခိုင်းတယ်။ အဲဒါကြောင့် သတင်းတွေကို ပြည့်ပြည့်စုံစုံ ဦးဦးဖျားဖျား ဖတ်ကြ၊ သိကြရတယ်။ ဒါပေမဲ့ ပြည်တွင်းသတင်းတွေမှာတော့ အများကြီးကြိုးစားဖို့ လိုနေတာတွေ့ရတယ်။ ပါသင့်ပါထိုက်တဲ့သတင်းတွေ တခြားဂျာနယ်တွေမှာပါပြီး Eleven ဂျာနယ်တွေမှာ မပါတာမျိုးတွေ ရှိတယ်။ ဒါ့အပြင် သတ်ပုံအမှားနဲ့ စာအကျအပေါက်တွေလည်း အပတ်စဉ်တွေ့နေရတယ်။ Eleven လို ဂျာနယ်ကြီးမှာ ဒါမျိုးတွေ လုံးဝမ ရှိသင့်ဘူး။
အပတ်စဉ်သတင်းစာ
Weekly Eleven နဲ့ Bi Weekly Eleven တို့ဟာ အပတ်စဉ်ထုတ် ဂျာနယ်တွေလို့ ခေါ်နေကြပေမယ့် အမှန်ကတော့ သတင်းစာအလုပ်တွေ လုပ်နေကြတာဖြစ်လို့ အပတ်စဉ်ထုတ် သတင်းစာလို့ခေါ်မယ်ဆို ခေါ်နိုင်တယ်။ အနောက်နိုင်ငံတွေမှာလည်း 'ဆန်းဒေးတိုင်း' တို့ 'ဆန်းဒေးပို့စ်' တို့လို တစ်ပတ်တစ်ကြိမ်ထုတ် သတင်းစာတွေ ရှိတာပါပဲ။ ဒီနေ့ ဂျာနယ်ဖတ်ပရိသတ်က သတင်းတွေသိချင်လို့ ဖတ်နေကြတာဖြစ်တယ်။ သတင်းစာသမား တစ်ယောက်ရဲ့ မျက်စိနဲ့ပြောရရင်တော့ Eleven က သတင်းတွေနဲ့ ဆောင်းပါးတွေဟာ သတင်းစာရဲ့ အင်္ဂါရပ်တစ်ခုဖြစ်တဲ့ ''လိုတိုရှင်း'' ပုံစံ ကျစ်လျစ်သိပ်သည်းမှု သိပ်မရှိဘူး။ ရှည်လျားထွေပြားပြီး ပွယောင်းယောင်းဖြစ် နေတယ်လို့ မြင်တယ်။ စာမျက်နှာအပြင်အဆင် လေးအောက်ဒီဇိုင်းကလည်း ဆွဲဆောင်မှု သိပ်မရှိဘူး။ ရောင်စုံရိုက်နှိပ်နိုင်တာကို အပြည့်အ၀ အသုံးမချနိုင်သေးပါဘူး။ သတင်းဓာတ်ပုံပညာ (ဖိုတိုဂျာနယ်လစ်ဇင်) နဲ့ ရောင်စုံပုံနှိပ်ပညာပေါင်းစပ်ပြီး သွက်လက်လှပတဲ့ စာစောင်တစ်ခုဖြစ်အောင်လုပ်ဖို့ ကြိုးစားကြစေချင်ပါတယ်။
မျက်စိပသာဒလှပဖို့
သတင်းစာတစ်စောင်ရဲ့အသက်ဟာ အဲဒီသတင်းစာကကျင့်သုံးတဲ့ ပေါ်လစီမူဝါဒပေါ်မှာ မူတည်တာမှန်တယ်။ ဒါပေမဲ့သတင်းစာတွေအများကြီး ဖြန့်ခင်းရောင်းချနေတဲ့ထဲက ကောက်ယူဆွဲလှန်ကြည့်ချင်လောက်အောင် မျက်စိပသာဒလှပနေဖို့လည်း လိုတယ်။ လှဖို့ဆိုရာမှာ ခံ့ညားလှပတာကိုပြောတာပါ။ ကလက်တက်တက်နဲ့ လှတာကို ပြောတာမဟုတ်ပါဘူး။ စာနယ်ဇင်းမိတ်ကပ်ပညာ ကျွမ်းကျင်သူတစ်ယောက်ဟာ ခံ့ညားလှပအောင် စာမျက်နှာဖွဲ့တတ်ရပါတယ်။ မျက်နှာဖုံးတစ်ခုတည်းလှ နေ လို့မဖြစ်ဘူး။ အတွင်းကစာမျက်နှာတိုင်း လှနေဖို့လိုတယ်။
ကိုယ့်ဟာကိုယ်ခန့်တဲ့ မော်နီတာ
နိုင်ငံကြီးတွေက သတင်းစာတိုက်ကြီးတွေမှာ စာဖတ်ပရိသတ်ရဲ့ တိုင်တန်းမှုတွေကို စိစစ်ဖို့နဲ့ တိုက်တွင်းသတင်းစာကျင့်ဝတ်မြဲမြံစေဖို့အတွက် အခါမလပ် စောင့်ကြည့်စည်းကြပ်ပေးဖို့အတွက်၊ အများယုံကြည်လေးစားတဲ့ အယ်ဒီတာတစ်ဦးကို အလွယ်တကူ Watch dog လို့ခေါ်တဲ့ Ombudsman အဖြစ် ခန့်ထားလေ့ရှိပါတယ်။ စာသင်ကျောင်းတွေမှာ အတန်းလိုက် မော်နီတာတွေ ခန့်ထားတဲ့သဘောပေါ့။ အခုလည်း Eleven ရဲ့ မော်နီတာ အဖြစ် ကိုယ့်ဟာကိုယ်ခန့်ပြီး အမြင်မတော်ဘူးထင်တာလေးတွေ ရေးလိုက်တယ်။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဆိုပါတော့။ သူများက လာထောင်းရင်ပိုနာမယ်မဟုတ်လား။ ဒါလောက်ဆိုရင် ''Eleven ကို ဆူပေးပါ ခင်ဗျ'' လို့ ပြောတဲ့ စာဖတ်ပရိသတ်လည်း ကျေ နပ်သွားလိမ့်မယ်ထင်ပါတယ်။
ဝေဖန်တာကြိုဆိုတယ်
လက်တွေ့လုပ်ကိုင်နေတဲ့ လူငယ်တွေအနေနဲ့လည်း 'ဆရာက ဒို့ (တို့) ကိုခေါ်ပြီး ဆူရင်ရလျက်သားနဲ့ ခုလိုဂျာနယ်ကနေရေးတာတော့ မကောင်းပါဘူး'ဆိုပြီး စိတ်မကွက်ကြစေချင်ဘူး။ Eleven ဟာ သူများတွေကိုသာ ဝေဖန်တာမဟုတ်ဘူး။ ကိုယ့်ကို ဝေဖန်တာကိုလည်း အမြဲကြိုဆိုတယ်ဆိုတဲ့အကြောင်း ပရိသတ်သိအောင်ပြလိုက်တာလို့ သဘောထားစေချင်တယ်။ ပြီးပြည့်စုံသူဆိုတာ မရှိပါဘူး။ လူတိုင်းမှားတတ်တာပဲ။ မှားတာက အပြစ်မဟုတ်ဘူး။ ရှက်စရာလည်း မဟုတ်ဘူး။ မှားတာကိုမှားတယ်လို့ ၀န်မခံချင်ဘဲ ဆင်ခြေဆင်လက် အမျိုးမျိုးပေးပြီး မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာသလိုလုပ်ရင်သာ အပြစ်ဖြစ်တာပါ။ မှားသွားပါတယ်။ တောင်းပန်ပါတယ်။ နောင်မမှားအောင် သတိထားဆင်ခြင်ပါ့မယ်လို့ ပြောလိုက်ရင် စာဖတ်ပရိသတ်က ကျေနပ်ခွင့်လွှတ်နိုင်ပါတယ်။
အရည်အချင်းပြည့်ဝဖို့လို
လူငယ်တွေမို့ မှားသွားတာ ခွင့်လွှတ်ပါဆိုတာမျိုး မပြောစေချင်ဘူး။ အသက်ငယ်တာကြီးတာကို စာဖတ်ပရိသတ်က မကြည့်ဘူး။ ကြည့်စရာလည်း မလိုဘူး။ ဂျာနယ်မှာ ''ဂျာနယ်လစ်''ဆိုပြီး လုပ်တယ်ဆိုကတည်းက ဂျာနယ်လစ်အရည်အချင်း အပြည့်အ၀ရှိသူတွေလို့ သူတို့ယူဆထားမှာပဲ။ အသက်ငယ်ပေမယ့် သတင်းထောက်ဟာ သတင်းထောက်လုပ်နိုင်တဲ့ အရည်အချင်းအပြည့် အ၀ရှိဖို့လိုတယ်။ အယ်ဒီတာလုပ်ရင် အယ်ဒီတာ လုပ်နိုင်တဲ့ အရည်အချင်း အပြည့်အ၀ရှိရမယ်။ မပြည့် သေးရင်ပြည့်အောင် အဆက်မပြတ်ဖြည့်နေရမယ်။ သတင်းထောက်တို့၊ အယ်ဒီတာတို့ ဆိုတာက ကမ္ဘာကြီးကို ခါးစောင်းတင်ထားနိုင်မှ တော်ကာကျတဲ့အလုပ်မျိုး ဖြစ်တယ်။ ဒါကြောင့် စဉ်ဆက်မပြတ် လေ့လာဖြည့်ဆည်းနေကြပါလို့ တိုက်တွန်း လိုက်ပါတယ်။
Ref:http://www.news-eleven.com/
Monday, November 28, 2011
က, ကညစ်ပေမှာခြစ် မဖြစ်ကြရအောင် (Written by လူထုစိန်ဝင်း)
ဒီခေတ်က နည်းပညာလွှမ်းမိုးတဲ့ ခေတ်ဖြစ်တယ်။နည်းပညာတိုးတက်မှုရှိမှ တိုင်းပြည်တိုးတက်နိုင်တယ်။ ဈေးရောင်းတာတောင်တိုးတက်တဲ့ ဈေးရောင်းနည်းအတတ်ပညာတွေ သုံးတတ်ဖို့ လိုအပ်လာတယ်။ သမားရိုးကျ 'ဆန်ပေးဆေးယူ' ဈေးရောင်း နည်းတွေနဲ့တင် အလုပ်မဖြစ်တော့ဘူး။
အာရှရဲ့ ထိပ်ဆုံးက
မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ ကိုလိုနီခေတ်ကတောင် အာရှတိုက်တစ်ခုလုံးမှာ ထိပ်ဆုံးကရှိတဲ့ ပညာရေးစနစ်ဖြစ်တယ်။ စာတတ်မြောက်မှုရာနှုန်းမှာဆိုရင် အာရှသာမကဘူး ဥရောပနိုင်ငံတချို့ထက်တောင် မြင့်မား ခဲ့တယ်။ ဥရောပနိုင်ငံတွေမှာ မြို့တော် ကြီးက မှူးမျိုးမတ်နွယ်တွေနဲ့ လူကုံ ထံသားသမီးတွေသာ အိမ်မှာဆရာထားပြီး စာသင်ကြားခွင့်ရကြပေမယ့် မြန်မာပြည်က ကျေးလက်တောရွာတွေမှာတော့ တောင်သူလယ်သမား ဆင်းရဲသား သားသမီးတွေအားလုံး ဘုန်းတော်ကြီးကျောင်းတွေမှာ အခမဲ့ပညာ သင်ကြားနိုင်ခဲ့ကြတယ်။ အဲဒါကြောင့် မြန်မာအမျိုးသမီးအများစုဟာ သေစာရှင်စာလောက်တော့ တတ်ကြတယ်။ လက်မှတ်ထိုးတဲ့နေရာမှာ ကြက်ခြေခတ်စရာမလိုဘူး။ မြန်မာပြည်က မယ်ခွေလို အမျိုးသမီးစာဆိုတွေ စာပလွေရင်မှာပိုက်ပြီး ကဗျာလင်္ကာတွေ ရေးဖွဲ့နေချိန်မှာ ဥရောပ နိုင်ငံအတော်များများမှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေးအတွက် တိုက်ပွဲဝင်နေရဆဲ ဖြစ်တယ်။
ကွမ်းယာဆိုင်တောင်မကျန်
၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး မကြာမီမှာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းမှန်သမျှ ကွမ်းယာဆိုင်တောင်မကျန် ပြည်သူပိုင်သိမ်းလိုက်တယ်။ သာသနာပြုကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံး လည်း သိမ်းပစ်လိုက်တယ်။ အဲဒီအချိန်ကစပြီး ပညာရေးအဆင့်အတန်းဟာ တရိပ်ရိပ်ကျဆင်းသွားခဲ့ရတယ်။ ပညာရေးစနစ်တွေက မတည်ငြိမ်ဘဲ ခဏခဏအပြောင်းအလဲဖြစ်နေတဲ့ဒဏ်ကို ကျောင်းသားတွေ မရှုမလှ ခံခဲ့ကြ ရတယ်။ ဆရာ၊ ဆရာမတွေလည်း 'ခုတစ်မျိုးတော်ကြာတစ်မျိုး'ပေါ်လစီမူဝါဒတွေကြောင့် မလုပ်တတ်၊မကိုင်တတ်ဖြစ်ပြီး လက်မှိုင်ချ နေကြရတယ်။ ကြားထဲကအချောင် နာမည်ပျက်တာပဲ အဖတ်တင်တယ်။
မရှိမဖြစ်ကျူရှင်
အပြောင်းအလဲများတဲ့ ပညာရေးစနစ်ကြောင့် ကျူရှင်တွေ ပေါ်ပေါက်လာရတယ်။ မရှိမဖြစ် အနေအထားမျိုးထိ ရောက်သွားတယ်။ အစိုးရ ကျောင်းက ဆရာ၊ ဆရာမတွေလည်း ကျူရှင်ရေစီးထဲ မျောပါလာကြတယ်။ ဒီမှာတင် အားလုံးက ဆရာ၊ ဆရာမ တွေကို ၀ိုင်းပြီးလက်ညှိုးထိုးကြတယ်။ တကယ်တော့ ဘယ်ဆရာ၊ ဆရာမမှ ကျူရှင်မပေးချင်ပါဘူး။ ကျောင်းမှာ ကျောင်းတက်ခေါင်းလောင်းထိုးချိန်ကစပြီး ကျောင်းဆင်းခေါင်းလောင်း ထိုးချိန်အထိ တစ်တန်းဝင်တစ်တန်းထွက် မနားတမ်း သင်ကြားနေရတာဆိုတော့ ညနေစောင်းတာနဲ့ ခြေကုန် လက်ပန်းကျပြီး မောဟိုက်နေပါပြီ။ အိမ်မှာခြေပစ်လက်ပစ် နားနေချင်တဲ့ သူချည်းပါပဲ။ မတတ်သာလို့သာ နားချိန်ကလေးအဆုံးခံပြီး ကျူရှင်သင်ရတာပါ။ ဘယ်သူကသင်ချင်ပါ့မလဲ။ ငါ့ဝမ်းပူဆာမနေသာဆိုတဲ့ အခြေအနေမျိုးသာမဟုတ်ရင် ဘယ်ဆရာ၊ ဆရာမမှ ကျူရှင်မသင်ပါဘူး။ မြန်မာ့ပညာရေး ဒီအခြေအနေထိ ကျဆင်းသွားရတာဟာ ဆရာ၊ ဆရာမတွေ ကျူရှင်ပေးလို့ မဟုတ်ပါဘူး။
တွေ့သမျှလူ ပါရဂူ
ဆရာ၊ ဆရာမတွေက ကျူရှင်ကို မွေးထုတ်လိုက်တာ မဟုတ်ဘူး။ ပညာရေးစနစ်ကြီးဟန်မကျလို့ ကျူရှင်တွေ ပေါ်ပေါက်လာရတာဖြစ်တယ်။ နောက်ဆုံးဘယ်လောက်ထိ အခြေအနေဆိုးလာသလဲဆိုရင် 'မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူပါရဂူ' ဆိုတဲ့စာ ချိုးတွေတောင် ပေါ်ပေါက်လာခဲ့ရတယ်။ ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်း အစိုးရအဆက်ဆက်လက်ထက်တွေမှာ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ညီလာခံတွေ အကြိမ်ကြိမ် ကျင်းပခဲ့ကြတယ်။ စာတမ်းတွေလည်း အများကြီးတင် သွင်း ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ သင့်တော်အပ်စပ်တဲ့၊ မှန်ကန်ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ရပ် ဒီနေ့ထိ မထူထောင်နိုင်သေးပါဘူး။
မကြားဖူးတာတွေ
ဒီနေ့ဒီအချိန်မှာတော့ နှစ်ငါးဆယ်လုံးလုံး ကျင့်သုံးလာခဲ့တဲ့ တစ်ပါတီတစ်ဖွဲ့စည်း အာဏာရှင်စနစ်ကို ထားရစ်ခဲ့ပြီး ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းဖို့ ခြေလှမ်းပြင်နေတာ မြင်တွေ့ရတယ်။ နှစ် ပေါင်းငါးဆယ်လုံးလုံး မကြားဖူးခဲ့တဲ့ ပြည်သူ့ဆန္ဒကို လေးစားရမယ်။ အမြင်ချင်းမတူသူတွေနဲ့တောင် မတူတာတွေထားပြီး တူတာတွေအတူတွဲလုပ်နိုင်အောင် နည်းလမ်းတွေရှာရမယ်။ စတုတ္ထမဏ္ဍိုင်ကို ကြံ့ခိုင်အောင် ထူထောင်ရမယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး စတဲ့စကားသံတွေ နေ့စဉ်ကြားလာရတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆွေးနွေးပွဲကြီးတွေလည်း တစ်ခုပြီးတစ်ခု ကျင်းပနေတာ တွေ့ရတယ်။
ကာယကံရှင်တွေမပါဘူး
ပညာရေးနဲ့ပတ်သက်လို့လည်း လွှတ်တော်ထဲမှာ မေးမြန်းဆွေးနွေးနေကြတာ ကြားရတယ်။ မကြာခင်မှာတော့ စီးပွားရေးဆွေးနွေးပွဲကြီးတွေ လုပ်ခဲ့သလို ပညာရေးဆိုင်ရာ ဆွေးနွေးပွဲကြီးတွေလည်း လုပ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ မြန်မြန်လုပ်လေ ကောင်းလေလို့ပဲ ပြောချင်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ အရင့်အရင် ခေတ်အဆက်ဆက်ကလုပ်ခဲ့တဲ့ ညီလာခံတွေလို အခရာအကျဆုံး အဓိကလူတွေကို ချန်ထားပစ်ခဲ့တာမျိုး မဖြစ်စေချင်ဘူး။ ရှေးကဆွေးနွေးပွဲကြီးတွေ ညီလာခံကြီးတွေ ကျင်းပတဲ့အခါ အ စိုးရဌာနဆိုင်ရာ အရာရှိကြီးတွေနဲ့ တက္ကသိုလ်က ပါမောက္ခကြီးတွေ၊ ဆရာ၊ ဆရာမကြီးတွေနဲ့ တခြားပညာရှင်ကြီးတွေကို ဖိတ်ကြားတက်ရောက်စေခဲ့တယ်။ တကယ့်ကာယကံရှင်တွေတော့ မပါဘူး။
လယ်မင်းသားတွေ
တောင်သူလယ်သမား ညီလာခံတွေမှာ တဘက်ကြီးတွေခေါင်းမှာ ပေါင်းထားတဲ့မြို့က အရာရှိကြီးတွေနဲ့ ပါတီကောင်စီဝင်တွေ၊ လယ်သမားယောင်ယောင်၊ စပါးပွဲစား၊ ပဲစားယောင်ယောင် 'လယ်မင်းသား' တွေချည်း တက်ရောက်ပြီး ရေးပေးထားတာတွေကို ဖတ်ကြ၊ ပြောကြတယ်။ လယ်သမားစစ်စစ်တွေမပါတော့ ပကတိအခြေအနေမှန်ကို ဘယ်လိုလုပ်သိမှာလဲ။ ဒီလိုနဲ့ပဲ အပ်နဲ့ထွင်းရမယ့်ကိစ္စတွေကို ပုဆိန်နဲ့ပေါက်ပြီး ရှင်းရတဲ့အဖြစ်မျိုးတွေ ဖြစ်လာရတာမဟုတ်လား။
ရင်ဖွင့်သံတွေ
အလုပ်သမားညီလာခံဆိုတာတွေလည်း အလားတူပဲ။ ဘာမှ မထူးဘူး။ အပြာရောင် အလုပ်သမားဝတ်စုံဝတ်ထားတဲ့ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ၊ စက်ရုံမှူးတွေ၊ မန်နေဂျာတွေနဲ့ အလုပ်သမား အရာရှိတွေချည်းပဲ။ အဲဒီတော့ စက်ရုံ၊ အလုပ်ရုံတွေရဲ့ အခြေ အနေမှန်ကို မသိရတော့ဘူး။ တစ်နှစ်လုံးရပ်ထားပြီး လူကြီးလာမှ စွမ်းအားပြည့်လည်ပြတဲ့ စက်ရုံမျိုးတွေကိုပဲ ဟုတ်လှပြီ ထင်နေကြတာ။ ဒါမျိုးတွေ မနေ့တစ်နေ့ကအထိတောင် မြင်တွေ့နေရသေးတယ်။ ဒီနေ့ဒီအချိန်မှာတော့ ဒါမျိုးတွေဆက်ပြီး ရှိမနေသင့်တော့ဘူး။ လယ်ယာစိုက်ပျိုးရေးကိစ္စတွေမှာ အညာက၊ မြစ်ဝကျွန်းပေါ်က၊ မြေလတ်က၊ ကမ်းရိုးတန်းက၊ တောင်ပေါ်ကစသဖြင့် ဒေသစုံက တောင်သူလယ်သမားစစ်စစ်တွေရဲ့ ရင်ဖွင့်သံတွေကြားရအောင် လုပ်ဖို့လိုတယ်။ အလုပ်သမားကိစ္စတွေမှာလည်း အလုပ်သမားစစ်စစ်တွေ မပါမဖြစ် ပါရပါမယ်။
ဆရာတွေကအသိဆုံး
လယ်ယာကိစ္စကို လယ်သမားထက် ဘယ်သူမှ ပိုမသိနိုင်ဘူး။ အလုပ်သမားကိစ္စကို အလုပ်သမားက အသိဆုံးပဲ။ အလားတူပဲ ပညာရေးကိစ္စမှာလည်း လက်တွေ့သင်ကြားပေးနေရတဲ့ ဆရာ၊ ဆရာမတွေနဲ့ သင်ကြားခံကျောင်းသူကျောင်းသားတွေ ထက် ဘယ်သူမှ ပိုမသိနိုင်ဘူး။ အဆင့်မြင့်နဲ့ အထက်တန်းပညာရေးကိစ္စ ဆွေးနွေးပွဲတွေမှာ လက်တွေ့သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ မပါမဖြစ် ပါစေသင့်သလို အရွယ်ရောက်နေပြီဖြစ်တဲ့ အထက်တန်းနဲ့ အဆင့်မြင့်ပညာကျောင်းသားတွေရဲ့အသံတွေပါ ကြားနိုင်အောင် သူတို့ကိုလည်း ပါဝင်စေသင့်ပါတယ်။
လွတ်လပ်တဲ့ တက္ကသိုလ်ပညာရေး
ရှေးကတက္ကသိုလ်ဆီးနိတ်လို့ခေါ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီမှာဝန်ကြီးချုပ်က အဓိပတိဖြစ်ပြီး ကျောင်းအုပ်ကြီးက ဒုတိယအဓိပတိ ဖြစ်တယ်။ ဘာသာရပ်အလိုက် ပါမောက္ခတွေက ဆီးနိတ်လူကြီးများအဖြစ်ပါဝင်ပြီး မြို့မိမြို့ဖကိုယ်စားလှယ် နဲ့ ကျောင်းသားများရဲ့ကိုယ်စားလှယ်အဖြစ် သမဂ္ဂဥက္ကဋ္ဌက ပါဝင်ရတယ်။ တက္ကသိုလ်အုပ်ချုပ်ရေး သင်ကြားရေးကိစ္စ အရပ်ရပ်ကို ဒီအဖွဲ့က လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တယ်။ အစိုးရက ၀င်ရောက်စွက်ဖက်တာမျိုး မလုပ်ဘူး။
ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီပညာရေးစနစ်ဖြစ်ဖို့အတွက် အောက်ခြေကစဖို့ လိုအပ်ပါတယ်။ အလားတူပဲ တခြားနေရာတွေမှာလည်း အောက်ခြေက စပြောင်းလဲဖို့ လိုပါတယ် . . .
က ကညစ်ပေမှာခြစ်
ပညာရေးမှာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက မူလတန်းပညာရေးဖြစ်တယ်။ တက္ကသိုလ်အဆင့် အထက်တန်းအဆင့်တွေနဲ့ အတူရောပြီး ဆွေးနွေးတာမျိုးမလုပ်ဘဲ မူလတန်းအဆင့်ပညာရေး ဆွေးနွေးပွဲ သီးသန့် လုပ်သင့်တယ်။ မူလတန်းဆရာ၊ ဆရာမတွေကိုပဲဦး စားပေး ဖိတ်ကြားပြီး စာတမ်းဖတ်တာ၊ ဆွေးနွေးတာတွေ လုပ်စေသင့်တယ်။ ပညာရေးတက္ကသိုလ် ကောလိပ်တွေက မူလတန်းပညာသင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမတွေကလည်း ခေတ်မီသင်ကြားရေး နည်းစနစ်နဲ့ပတ်သက်တဲ့ စာတမ်းတွေတင်တာ၊ ဟောပြော တာတွေ လုပ်စေသင့်တယ်။ မူလတန်းအတွက် ပြဋ္ဌာန်းစာအုပ်တွေ ရေးသားပြုစုတဲ့နေရာမှာလည်း ဒီပုဂ္ဂိုလ်တွေဟာ မပါမဖြစ်ပါသင့်သူတွေဖြစ်တယ်။ မူလတန်းကလေးတွေရဲ့အကြောင်းကို မူလတန်းဆရာ၊ ဆရာမတွေက အသိဆုံးဖြစ်တယ်။ ကလေးတွေအကြောင်းမသိသူတွေကို အရေး ခိုင်းတဲ့အတွက် ရှေးက 'က ကညစ်ပေ မှာခြစ်' ဆိုတဲ့ စာအုပ်မျိုးတွေ ထွက်ရှိလာတာဖြစ်တယ်။
ကညစ်ကို မမြင်ဖူးဘူး
'ကကြီးကစွန်းပင် ရေမှာရွှင်' ဆိုတဲ့ စာကဟုတ်နေပါလျှက်နဲ့ 'က ကညစ်ပေမှာခြစ်' လုပ်ပစ်လိုက်တော့ အားလုံး ဒုက္ခရောက်ကုန်ကြရော။ က ညစ်တို့၊ ပေတို့ဆိုတာ ကလေးတွေက ဘယ်လိုလုပ်သိမှာလဲ။ ကလေး မပြောနဲ့ သူတို့ကို သင်နေရတဲ့ဆရာမတွေ ကိုယ်တိုင်တောင် ကညစ်ကို မမြင်ဖူးသလို ပေရွက်ကိုလည်း မြင်ဖူးတာမဟုတ်ဘူး။ အဲဒါကြောင့် ကျောင်းသုံးစာအုပ်ပြုစုရာမှာ မူလတန်းဆရာ၊ ဆရာမတွေ မပါမဖြစ်ပါသင့်တယ်လို့ ပြောခဲ့တာဖြစ်တယ်။
လျောစီးသလို
အပြောင်းအလဲတစ်ခု ပြုလုပ်တဲ့အခါမှာ လှေကားထစ်တက်သလို တစ်ဆင့်ပြီးတစ်ဆင့် အထက်ကိုတက်သွားတဲ့ပုံစံနဲ့ သွားရပါတယ်။ ဒါမှ ချောချောမောမောနဲ့ လိုရာရောက်ပါတယ်။ လျောစီးသလိုအပေါ်ကအောက်ကို လျောချတဲ့ပုံစံနဲ့ သွားတာက ၀ရုန်းသုန်းကားနိုင်လှပြီး အခန့်မသင့်ရင် တလိမ့်ခေါက်ကွေးကျသွားတတ်ပါတယ်။ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီပညာရေးစနစ်ဖြစ်ဖို့အတွက် အောက်ခြေကစဖို့ လိုအပ်ပါတယ်။ အလားတူပဲ တခြားနေရာတွေမှာလည်း အောက်ခြေကစပြောင်းလဲဖို့ လိုပါတယ်။ အပေါ်ပိုင်းပဲပြောင်းပြီး အောက်ပိုင်း အခြေခံက မပြောင်းဘဲနဲ့တော့ ဘယ်နည်းနဲ့မှ ဒီမိုကရေစီဖြစ်မလာနိုင်ဘူးလို့ ပြောလိုက်ချင်ပါတယ်။
Wednesday, November 23, 2011
မနှင်းဆီသို့ … ပေးစာ(Kamar Pale)
မနှင်းဆီသို့ … ပေးစာ
ဆူးတွေကိုမှ
သိပ်ပြီးမုန်းနေပါသတဲ့လား
မနှင်းဆီ …။
သင့်ရဲ့
အလှ
ဣနြေ္ဒ
ဘဝ
ဂုဏ်သိက္ခာ
ရှင်သန်ခြင်းမှာ
သင့်အတွက်
နှလုံးသား ခံကတုတ်ဟာ
ဆူးကလေးတွေ ဖြစ်ခဲ့တယ်။
ညောင်ရေ ပန်းအိုး
မဟူရာ ကေသာ
ပွဲတက်မင်္ဂလာ
သင့်ကိုယ်သင်
စိတ်ချယုံကြည်စေမှုကို
သင်မုန်းနေတဲ့ ဆူးကလေးတွေက
သူတို့သွေးနဲ့ ဆေးမင်ထိုးခဲ့တယ်။
ဆူးတွေကိုမှ
သိပ်ပြီးမုန်းနေပါသတဲ့လား
မနှင်းဆီ …။
ရှိစေတော့ …
ရှိပါစေတော့ မနှင်းဆီ
ကမ်းနှင့်လှေငယ်ဟာ
ဒီမျှသာပဲ
ဆုံစည်းခွင့်ဟာ ရှိခဲ့တယ်။
သတိတရားကလေးနဲ့
ရှေ့ဆက်သွားပါ … မနှင်းဆီ
ငယ်က
ထားခဲ့တဲ့
သံယောဇဉ် မေတ္တာတရားတွေက
ခုထိ
ရနံ့မပြယ်နိုင်အောင်
စွဲလို့မြဲလို့ နေဆဲပဲ။
မနှင်းဆီ
မင့်အတွက်
နောက်ဆုံး စေတနာစကားကို ဆိုပါမယ်
နေညိုချိန်
ရွှေအိုရောင် ခြယ်ရေးထားတဲ့
မိုးသားတိမ်ဆိုင်တွေနဲ့ အပြိုင်
ဆံမြိတ်မပြေခင်
အကြွေမစောစေဖို့ ။ ။
မနှင်းဆီ
ငယ်အိပ်မက်တွေကို
အပြီးတိုင် စွန့်လွှတ်လိုက်ပြီလား။
Ref:"8888peoplepower@yahoogroups.com"
Monday, November 21, 2011
ပညာရေးကွန်ယက် (၁) နှစ်ပြည့် ဈေးေ၇ာင်းပွဲတော်ရုပ်/သံ
Ref:http://www.facebook.com/burmavjmedia?sk=wall
ထိပ်တန်းကျသော အစိုးရ(Written by လူထုစိန်ဝင်း)
အခုတလော စာရေးပျက်တာတွေ များနေတယ်။ နိုဝင်ဘာလလယ် ရောက်နေတာတောင် ရန်ကုန်မှာ ဆောင်းမ၀င်သေးဘဲ ပူမြဲပူနေသေးတာကြောင့် နေလို့ထိုင်လို့ သိပ်မကောင်းဘူး။ ပြီးတော့ ဒီရက်ပိုင်းအတွင်း ခေါင်းပူစရာတွေကလည်း များတယ်။ 
လွတ်ပြီဆိုနဲ့ ၀င်မယ်ဆို
တိုင်းရေးပြည်ရေး လှုပ်လှုပ်ရှား ရှားဖြစ်လာတဲ့အခါမျိုးတွေဆိုရင် ဧည့်များသလို ဖုန်းခေါ်သံတွေလည်း များတယ်။ မျက်စိကြီး နားကြီး ရပ်ကွက်ထဲက လူတစ်ယောက်လို့ အများက ထင်မှတ်မှားနေကြလေတော့ တစ်ခုခု အသံကြားတိုင်း လှမ်းမေးတတ်ကြတယ်။ ဒီရက်ပိုင်းမှာတော့ 'လွတ်ပြီဆို' နဲ့ '၀င်မယ်ဆို' မေးခွန်း နှစ်ခုကို မောလောက်အောင်ကို ဖြေနေရတယ်။ မသိပါဘူး၊ မကြားပါဘူး၊ မသိပါဘူး။ မကြားပါဘူးပေါ့။ ဟုတ်တယ်လေ နိုင်ငံ့အရေး ပေါက်နဲ့ကျေးဆိုတာ အင်မတန်ခန့်မှန်းရ ခက်တာကလား။ မိုးလေ၀သခန့်မှန်းသလို ရာသီဥတုသာသာယာယာရှိ မယ် ခန့်မှန်းထားပေမယ့် တ၀ုန်းဝုန်း တဒိုင်းဒိုင်းထစ်ချုန်းပြီး မိုးတွေသည်း ကြီးမဲကြီး ရွာချင်ရွာချတတ်တာ။
ဒီမိုကရေစီကြာတောမိုး
မျက်စိကြီးနားကြီး ရပ်ကွက်သားဆိုပေမယ့် မျက်စိကမှုန်သီပြီး နားကလည်း ထိုင်းနေပြီဆိုတော့ တည့်တည့်ပြောမှ ရိပ်မိတယ်ဆိုရုံလောက် ရှိတော့တာ။ အဲဒီတော့ မသိပါဘူး။ မကြားပါဘူးဆိုတာထက် ဘာမှပိုမပြောနိုင် တော့ဘူး။ ဒီမိုကရေစီဆိုတာကလည်း ကြာတောမှာရွာတဲ့ ပေါက္ခရ ၀သမိုးလို စိုချင်တဲ့နေရာမှာစိုပြီး ခြောက်ချင်တဲ့နေရာမှာ ခြောက်တဲ့ သဘောရှိတယ်ထင်ပါရဲ့။ အများအားဖြင့်တော့ ရုပ်မြင်သံကြားမှာ ထုတ်ပြန်ကြေညာ တော့မှ သိရတာချည်းပါပဲ။ ကိုယ်တိုင်က သတင်းသမားဖြစ်တော့ အချက်အလက် မရှိရင် မပြောတတ်ဘူး။ ရော်ရမ်းမှန်းဆလည်း မလုပ်တတ်ဘူး။ ခုအချိန်မှာ သတင်းစာထုတ်မလားလို့မေးရင် ခေါင်းခါမိမှာပဲ။ ဘယ်လိုမှ လုပ်တတ်မှာ မဟုတ်တာ သေချာတယ်။
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်
စာတွေအများကြီးရေးနေတော့ ဓာတ်မသိသူတွေကတော့ မျက်စိကြီး နားကြီးလို့ ထင်ကြရှာတာပေါ့။ အဲဒီ အထင်နဲ့ပဲ တစ်ခုခုလှုပ်လှုပ်ရွရွ ကြားရမြင်ရတာနဲ့ ဖုန်းလှမ်းဆက်ကြတယ်။ တက္ကသိုလ်ရိပ်သာလမ်းက ခြံထဲကို ဘယ်အချိန်က ကားဘယ်နှစင်း ၀င်သွားတယ်ဆိုတာမျိုး၊ အင်းစိန်ထောင် ဗူးဝမှာ သတင်းထောက်တွေ အများကြီး လာစောင့်နေတယ်ဆိုတာမျိုး သတင်းတွေ လှမ်းပြောကြတယ်။ ဒီလိုနဲ့ပဲ ငါးကြင်းဆီနဲ့ငါးကြင်းကြော်သလို လူထုဆီကရတဲ့သတင်းတွေကို လူထုဆီပြန်ပို့ပေးရတယ်။ နည်းနည်းလေးဝါယမစိုက်ထုတ်ပြီး သေချာ အောင် ထပ်ဆင့်မေးမြန်းရတာမျိုးတော့ ရှိတာပေါ့လေ။ ဒါလောက်ကလေးမှ မလုပ်ရင်လည်း သတင်းသမားလို့ အခေါ်မခံထိုက်တော့ပါဘူး။
စောင့်ကြည့်မယ်ဆိုတဲ့ ကိစ္စ
သမ္မတဦးသိန်းစိန်အစိုးရကို မထောက်ခံသေးဘူး။ ထောင်ထဲက လူတွေလွှတ်၊ မလွှတ်ဆိုတဲ့စံနဲ့ ပြည်တွင်းစစ် ရပ်စဲရေး လုပ် မလုပ်ဆိုတဲ့ စံနှစ်ခုနဲ့ ချိန်ထိုးပြီး စောင့်ကြည့်ဦးမယ်လို့ ဂျာနယ်တွေအတော်တော်များများမှာ ရေးခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းကြသူ တော်တော်များတယ်။ တချို့က ဖုန်းဆက်တယ်။ တချို့က စာရေးတယ်။ တချို့က လူကိုယ်တိုင် လာပြီးမေးတယ်။ အင်တာနက်ကတစ်ဆင့် မေးတာတွေလည်းရှိတယ်။ တချို့က စောင့်ကြည့်တာကို သဘောတူတယ်။ တချို့ကတော့ ဘာစောင့်ကြည့်စရာလိုသလဲ ဒီပုတ်ထဲက ဒီပဲ တွေပဲမဟုတ်ဘူးလားလို့ စောဒက တက်ကြတယ်။ တက်ပါစေ။ဒီလို ကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောခွင့်ရှိမှ ဒီမိုကရေစီလို့ ခေါ်နိုင်မှာပေါ့။ အထက်ကပြောသမျှ လက်ညှိုးထောင် ခေါင်းညိတ်လုပ်တဲ့ အကျင့်တွေ ဆက်ပြီးသယ်ဆောင်လာဖို့ မကောင်းပါဘူး။
ဖြည့်စွက်ချက်
စောင့်ကြည့်တာကို သဘောတူသူနဲ့ မတူသူပဲ ရှိတာမဟုတ်ဘူး။ ဖြည့်စွက်ဆွေးနွေးသူလည်း ရှိပါတယ်။ သူ့ဆွေးနွေးချက်ကလည်း မှန်နေတာကြောင့် ထည့်မစဉ်းစားလို့မဖြစ်ဘူး ယူဆတယ်။ သူက စံနှစ်ခုနဲ့ ချိန်ထိုးကြည့်ရုံ နဲ့တင် မလုံလောက်ဘူးလို့ ထောက်ပြတယ်။ တိုင်းသူ ပြည်သားအများစုကြီးရဲ့ကျောပေါ်မှာပိနေတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို လျော့ချမပစ်သရွေ့ ကာလပတ်လုံး ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်ပြီလို့ မဆိုနိုင်ဘူးလို့ ဆိုပါတယ်။ ဆွေးနွေးသူ မိတ်ဆွေက မန္တလေးက လုပ်ငန်းရှင်တစ်ယောက်ပါ။ တိုင်းသူပြည်သားများအနေနဲ့ မြေခွန်၊ အိမ်ခွန်၊ ရေခွန်၊ မီးခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်စတဲ့ တရားဝင် အခွန်အတုတ်များကို မှန်မှန်ကန်ကန် ပေးသွင်းထမ်းဆောင်ဖို့ တာဝန်ရှိတယ်။ ရှောင်ရှားပျက်ကွယ်ရင် အရေးယူသင့်တယ်လို့ သူက လက်ခံပါတယ်။
တချို့ကစောင့်ကြည့်တာကို သဘောတူတယ်။ တချို့ကတော့ ဘာစောင့်ကြည့်စရာလိုသလဲ ဒီပုတ်ထဲက ဒီပဲတွေပဲ မဟုတ်ဘူးလားလို့ စောဒကတက်ကြတယ်။ တက်ပါစေ။ ဒီလိုကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောခွင့်ရှိမှ ဒီမိုကရေစီလို့ ခေါ်နိုင်မှာပေါ့။ အထက်ကပြောသမျှ လက်ညှိုးထောင်ခေါင်းညိတ် လုပ်တဲ့အကျင့်တွေ ဆက်ပြီးသယ်ဆောင်လာဖို့ မကောင်းပါဘူး . . .
ခါးစည်းခံခဲ့ရ
တရားဝင်ဥပဒေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ အခွန်အတုတ်များအပြင် မလိုလားအပ်တဲ့ ဥပဒေနဲ့လည်း မကိုက်ညီတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ထားတဲ့ ကောက်ခံမှုတွေက တရားဝင် အခွန်အခတွေထက် အမျိုးပိုစုံပြီး ကောက်ခံ မှုပမာဏကလည်း မတန်တဆ ကြီးမားများပြားလွန်းတဲ့ဒဏ် ကို တောရောမြို့ပါမကျန် နှစ်ငါးဆယ်လုံးလုံး ခါးစည်းခံခဲ့ရတာကြောင့် တိုင်းပြည်ရဲ့စီးပွားရေး နာလန်မထူနိုင်အောင်ဖြစ်နေတာလို့ သူကဆိုပါတယ်။ မြို့ပေါ်က လုပ်ငန်းရှင်တွေဆိုရင် ဥပဒေအရ ကောက်ခံတဲ့အခွန်တွေအပြင် တော်တော်ကြာ လမ်းခင်းဖို့ဆိုပြီး အနည်းဆုံး ငါးသိန်းက ဆယ်သိန်း၊ ဆယ့်ငါးသိန်းထိ ကောက်လိုက်၊ တော်တော်ကြာ ထရန်စဖော်မာထိုင်ဖို့ဆိုပြီး ငါးသိန်း၊ ဆယ်သိန်းကောက်လိုက်၊ ရေပိုက်သွယ်ဖို့၊ ဖုန်းလိုင်းသွယ်ဖို့ဆို ကောက်လိုက်နဲ့ တစ်နှစ်ပတ်လုံးကောက်လို့ မပြီးနိုင်တော့ဘူး။
ပြာတာတောင် ဆရာခေါ်ရ
ဒီကောက်ခံမှုတွေလုပ်ပြီး လုပ်ငန်းတွေပြီးအောင် လုပ် မလုပ်ဆိုတာ မသိရသလို စာရင်းအင်းရှင်းတမ်းလည်း ဘယ်တော့မှမမြင်ရဘူး။ တောက တောင်သူလယ်သမားတွေဆို ပိုဆိုးတယ်။ ရုံးက စာလာပိုတဲ့ပြာတာကိုတောင် ကြောက်ပြီး ဆရာခေါ်နေကြရတာဆိုတော့ ဘာလာကောက် ကောက် မေးရဲ မြန်းရဲကြတာမဟုတ်ဘူး။ ထည့်လိုက်ကြရတာပဲ။ အမတော်ကြေးထုတ်ချေးတဲ့အခါများ ဟိုဟာဒီဟာတွေ ဖြတ်ယူထားလည်း မပြောရဲဘူး။ ငြိမ်နေကြရတယ်။ အဆိုးဆုံးကတော့ ဈေးလာရောင်းတဲ့သူတွေ ဖြစ်တယ်။ အမတော်ကြေး ထုတ်ပေးတဲ့နေရာနားမှာ ကားတွေ ထိုးဆိုက်ပြီး ဌာနဆိုင်ရာလိုလို ဘာလိုလိုနဲ့ ရောင်တော်ပြန်ရောလွှတ်ပြီး မြေဆီတွေနဲ့ ပိုးသတ်ဆေးတွေ မ၀ယ်မနေရ ဇွတ်ရောင်းကြတယ်။ သူတို့ ရောင်းတဲ့တံဆိပ်တွေက မကောင်းလို့ မ၀ယ်ချင်ပေမယ့်လည်း လယ်သမားတွေက ပြန်ပြောရဲတာ မဟုတ်ဘူး။
အမတော်ကြေးစနစ်ပြင်ဖို့လို
အမတော်ကြေးပေးတဲ့စနစ်ကို လည်းပြုပြင်ဖို့ စဉ်းစားသင့်တာကြာပြီ။ အမတော်ကြေးပေးရုံနဲ့ လယ်သမားတွေရဲ့ အခက်အခဲ ပြေလည်သွားတာမဟုတ်ဘူး။ ပေးတုန်းက ဟိုနှုတ် ဒီနှုတ်နဲ့ အပြည့်မရပေမယ့် ပြန်ဆပ်ချိန် ရောက်တော့ အပြည့်ဆပ်ကြရတာ။ လယ်သမားတွေရဲ့ဘ၀ အမှန် တကယ်တိုးတက်ဖို့ဆိုရင် မျိုးကောင်းမျိုးသန့် သီးနှံတွေ ဖြန့်ဖြူးပေးပြီး နည်းပညာအကူအညီတွေ လုံလုံလောက်လောက် ပံ့ပိုးပေးကြရမှာဖြစ်တယ်။ အဓိကကတော့ လယ်သမားတွေရဲ့ ကျောပေါ်က ၀န်ထုပ်ဝန်ပိုးတွေဖြစ်တဲ့ တရားမ၀င်ငွေကောက်ခံမှုမျိုးစုံကို အမြန်ဆုံး ရပ်စဲပစ်ဖို့ဖြစ်တယ်။ ဒါတွေမလုပ်ဘဲနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်မယ်ပြောဆိုနေခြင်းဟာ အိတ်ပေါက်နဲ့ဖားကောက်သလိုသာ ရှိလိမ့်မယ်လို့လည်း မိတ်ဆွေက ထောက်ပြပါတယ်။
ထိပ်တန်းကျသော အစိုးရ
နောက်ဆုံးတော့ မိတ်ဆွေက လူထုဦးလှရဲ့ 'ထောင်နဲ့လူသား' စာအုပ် အဖွင့်စာမျက်နှာမှာပါတဲ့ စာပိုဒ်ကလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စမ်းပါလို့ ညွှန်းလိုက်တဲ့အတွက် ရှာပြီးဖတ်ကြည့်လိုက်တော့ ဒီလိုတွေ့ရပါတယ်။
"အစိုးရ"
''ဆင်းရဲသားများပျော်ရွှင်၍ ပညာမတတ်သူ၊ ဒုက္ခရောက်သူများ မရှိဘဲ အကျဉ်းသားမဲ့သော ထောင်၊ သူတောင်းစားကင်းသော လမ်း၊ လူအိုများချမ်းသာ၍ အခွန်အတုတ်နည်းပါပေသည်ဟု ပြောနိုင်သော အစိုးရမျိုးမှ လောကတွင် ထိပ်တန်းကျသော အစိုးရဟု ကြွားနိုင်သည်"
Sunday, November 20, 2011
မန္တလေးမြို့ အိုးဘိုထောင်အတွင်း မွေးဖွားသော ကလေးငယ်အား ၇ နှစ်အကြာတွင် ပြင်ဦးလွင်မြို့နယ် ပရဟိတဘုန်းတော်ကြီးတစ်ပါးက ခေါ်ယူမွေးစား
မန္တလေးမြို့ အိုးဘိုထောင်အ တွင်း မွေးဖွားသော ကလေးငယ်အား ၇ နှစ်အကြာတွင် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွားအုပ်စု ၀ါးဘိုးရေကျေးရွာ အာရှအလင်းရောင်စာသင်တိုက် မိဘမဲ့အမျိုးသား၊ အမျိုးသမီး စောင့်ရှောက်ရေးကျောင်း ဆရာတော်က နိုဝင်ဘာလ ၁၇ ရက်နေ့က ခေါ်ယူမွေးစားခဲ့ကြောင်း သတင်းရရှိသည်။
''ကလေးအမေက ကိုယ်ဝန်ကြီးနဲ့ ထောင်ထဲကို ရောက်လာတယ်။ မွေးဖွားခါနီးမှာ ထောင်ဆေးရုံကတစ်ဆင့် ဗဟိုအမျိုးသမီးဆေးရုံကို ပို့ပေးခဲ့ပြီး ဗိုက်ခွဲမွေးခဲ့တယ်လို့ သိရတယ်။ ကလေးက ထောင်ထဲမှာ ၇ နှစ် လောက်နေ ခဲ့ရတယ်။အခုမွေးစားတဲ့ သူပေါ်လာတယ်။ အခုလို မွေးစားတဲ့သူပေါ်လာတဲ့အတွက် ကလေးရဲ့ ရှေ့ရေးအတွက် ကောင်းသွားတာပေါ့'' ဟု ကလေးမိခင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါကလေးငယ်၏ မိခင် ကျန်းမာရေးမကောင်းသဖြင့် ပြင်ပတွင် ဆေးကုသမှုခံယူစဉ် နီးစပ်သူများက ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွားအုပ်စု ၀ါးဘိုးရေကျေးရွာ အာရှအလင်းရောင် စာသင်တိုက် မိဘမဲ့အမျိုးသား၊ အမျိုးသမီး စောင့်ရှောက်ရေးကျောင်းသို့ ဆက် သွယ်ပေးခဲ့ကြောင်း သိရသည်။
''ကလေးရဲ့ မိခင်ကျန်းမာရေး မကောင်းလို့ ဗဟိုအမျိုးသမီးဆေးရုံမှာ အမျိုးသမီးရောဂါနဲ့ ဆေးလာကုတော့ ကလေးကပါလာတယ်။ နီးစပ်သူတွေက ဘုန်းဘုန်းနဲ့ လှမ်းဆက်သွယ်တယ်။ ဒါနဲ့ကလေးကို မွေးစားဖြစ်သွား တယ်။ ကလေးပုံစံလေးက ချစ်စရာလေးပါ။သူ့မှာအပြစ်မရှိဘဲနဲ့ ထောင်ထဲမှာ နေနေရတာ မကောင်းပါဘူး''ဟု အာရှအလင်းရောင် ဆရာတော်ဘဒ္ဒန္တစိန္တိတက မိန့်ကြားသည်။
အိုးဘိုအကျဉ်းထောင်အတွင်း ၇ နှစ်ကြာ နေထိုင်ခဲ့သော ကလေး၏ အမည်မှာ မသွန်းဝသန်ဖြိုးဖြစ်ပြီး ၂၀၀၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က မွေးဖွားခဲ့ကြောင်း၊ လက်ရှိတွင် အသက် ၇နှစ် ၃ လရှိပြီဖြစ်ကြောင်း၊ မိခင်ဖြစ်သူမှာ ထောင်ဒဏ် ၂၆ နှစ် ကျခဲ့နေရသော အကျဉ်းသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
Ref:http://www.news-eleven.com/
Friday, November 18, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ်
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း နိုဝင်ဘာလ (၁၈)ရက်နေ့တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ကြေညာချက်အရ သိရသည်။
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။
အဆိုပါဆုံးဖြတ်ချက်မကြေညာမီတွင် "ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက မှတ်ပုံတင်ရေးဘက်က ရပ်တယ် ၊ ရွေးကောက်ပွဲကိုလည်း (၃) နေရာ စတိအစား လစ်လပ်နေရာအားလုံးကို ယှဉ်ပြိုင်စေချင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေး၏ ဆုံးဖြတ်ချက် ၂ ရပ်မှာ
(၁) နိုင်ငံရေးပါတီဖြစ်မှတ်ပုံတင်မည်
(၂) ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည် ဟူ၍ ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး တက်ရောက်လာသူတစ်ဦးကို တွေ့ရစဉ်
ယခုဆုံးဖြတ်ချက် ၂ ရပ်ကို ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် သတင်းရယူနေသော ပြည်တွင်း ပြည်ပ သတင်းထောက်များအားတွေ့ရစဉ်
Ref: http://www.news-eleven.com/
Monday, November 14, 2011
၁၄-၁၁-၂၀၁၁ မွန်းလွဲ ၁း၀၀ နာရီတွင် N.L.D. ရုံးတွင် ကျင်းပပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ရုပ်/သံ
------------------------------------------------------------------------------------------------
ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (၁၄ နိုဝင်ဘာလ ၂၀၁၁)
Saturday, November 12, 2011
မစုစုနွေး၏ပြည်မြို့ခရီးစဉ်ရုပ်/သံ
အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မစုစုနွေးဟာ သူ့ရဲ့ပထမဆုံးနယ်ခရီးစဉ်အဖြစ် ပြည်မြို့ကို သွားရောက်ခဲ့ပြီး အနီးနား မြို့နယ်နဲ့ ကျေးရွာတွေက တောင်သူလယ်သမားတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦးရဲ့နေအိမ်မှာ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ အဓမ္မလယ်မြေသိမ်းခံရတာမှုတွေ ဘဏ်စုငွေပြန်မရတာတွေအပါအ၀င် အခြားအထွေထွေပြသနာတွေနဲ့ပက်သက်လို့ တောင်သူလယ်သမားတွေဘက်ကတင်ပြဆွေးေ​နွးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို မကွေးတိုင်းအတွင်း စစ်စရန် ၊ ၀ဲကြီး ၊ ထောက်မ ၊ ကံမစတဲ့ကျေးရွာတွေနဲ့ ပဲခူးတိုင်းဒေသကြီးက ပန်းတောင် ၊ တလုတ်ပင် ၊ ဥသျှစ်ပင် ၊ သူရဲတန်း ၊ သီးကုန်း ၊ စတဲ့မြို့ရွာတွေက တောင်သူလယ်သမား ၁၀၀ ကျော်လောက်တက်ရောက်ဆွေးနွေးခြဲ့​ကတယ်လို့လည်းသိရပါတယ်။
တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပွဲအပြီးမှာတော့ မစုစုနွေးဟာ သွေးနှင့်ခလေးကူညီရေးအဖွဲ့ရဲ့ 7 days ဆိုင်းဘုဒ်တင်ပွဲကိုသွားရောက်ခဲ့​ပါတယ်။
အဲဒီနောက် ပြည်မြို့ အန်အယ်ဒီရုံးချုပ်မှာ ဒေါက်တာဦးခင်မောင်ဝင်းကိုလည်းသွားရောက် တွေ့ဆုံခဲ့သလို ပြည်မြို့ ရွှေစံတော်ဘုရားကိုလည်းသွားရောက်​ဖူးမြော်ခဲ့ပါတယ်။
မစုစုနွေးဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှာ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၁၂ ခွဲ ချခံခဲ့ရတာဖြစ်ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူ့ရဲ့ အနစ်နာခံလှုပ်ရှားခဲ့မှုတွေကြော​င့် ကနေဒါနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့တဖွဲ့က ပေးအပ်ချီးမြင့်တဲ့ လွတ်မြောက်ရေးဆု ၊ ချက်သမ္မတနိုင်ငံ people in need အဖွဲ့က ပေးအပ်တဲ့ လူ့အခွင့်အရေးနဲ့သက်ဆိုင်တဲ့ဆု အပါအ၀င် အီတလီနိုင်ငံ Agrate မြို့က ပေးအပ်တဲ့ ဂုဏ်ထူးဆောင်မြို့သားဆု တွေကို ရရှိထားတာဖြစ်ပါတယ်ခင်ဗျာ။
Ref:http://www.facebook.com/burmavjmedia?sk=wall
Friday, November 11, 2011
၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနား ရန်ကုန်မြို့  ဆီဒိုးနားဟိုတယ်တွင်ကျင်းပ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သ၀ဏ်လွှာ ပေးပို့
၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
အခမ်းအနားတွင် အနာဂတ် မြန်မာနိုင်ငံအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းခြင်းကို ဦးဇာဂနာ၊ လှုမှုရေးအသင်းအဖွဲ့များကိုယ်စား နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ သတင်းမီဒီယာများကိုယ်စား ပြည်သူ့ခေတ်ဂျာနယ်၏ အယ် ဒီတာချုပ် ဒေါက်တာဖေမြင့်၊ NGO အဖွဲ့များကိုယ်စား ဒေါက်တာကျော်သူ၊ စီးပွားရေးလုပ်ငန်းရှင်များကိုယ်စား ဒဂုံဆိပ်ကမ်းစက်မှုဇုန် အတွင်းရေးမှူး ဦးကျော်သူ၊ တိုင်းရင်းသားများကိုယ်စား ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကိုယ်စား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကို ဌေးကြွယ်၏ ညီမ မခင်မိမိကြွယ်၊ လူငယ်နိုင်ငံရေးသမားများကိုယ်စား Generation Wave မှ ကိုဇေယျာသော်၊ လူငယ်အနုပညာရှင်များကိုယ်စား သရုပ်ဆောင် အဆိုတော် ချစ်သုဝေ၊ အလုပ်သမားများကိုယ်စား လှိုင်သာယာမှ ကိုအောင်ထွန်း၊ လယ်သမားများကိုယ်စား တွံတေးမှ ကိုဇော်မင်းထွန်းစသည့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ကိုယ်စားပြုပုဂ္ဂိုလ် ၁၁ ဦးက ဦးစွာပြုလုပ်ခဲ့ကြသည်။ 
ထို့နောက် ဦးဇာဂနာက "ကျွန်တော် တကယ် အမှန်ပြောရရင်တော့ ဆုမတောင်းတော့ပါဘူး။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်ဆိုတဲ့ စကားကို ကျွန်တော် မကြိုက်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးရဲ့ရင်ထဲမှာမတူညီတဲ့ဆန္ဒတွေ အားလုံးရှိနေကြမှာ ဖြစ်ပါတယ်။ အဲဒီမတူညီတဲ့ဆန္ဒတွေ အားလုံး ဒီကနေ့ကစပြီး ပြည့်ကြပါစေလို့ ကျွန်တော် ဆုတောင်း ပေးချင်ပါတယ် ခင်ဗျာ" ဟု ပြောကြားခဲ့သည်။
ထို့နောက် ဆရာဇော်ဂျီ၏ "သင်သေသွားသော်" ကဗျာအား အဆိုပါပုဂ္ဂိုလ် ၁၁ ဦးက ရွတ်ဆိုခဲ့ကြသည်။ 
 ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပေးပို့လာသည့် သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဖတ်ကြားခဲ့ရာ ယင်းသ၀ဏ်လွှာ အပြည့်အစုံမှာ "အရာခပ်သိမ်းသည် အမြဲ မပြတ် ပြောင်းလဲနေသည်။ ကာလဒေသအခြေအနေနှင့် လိုက်လျောညီထွေရှိသော ပြုပြင်ပြောင်းလဲမှုဖြစ်ရေးသည် မိမိတို့ မြန်မာ့လူဘောင်အဖွဲ့အစည်းအတွင်း သက်ဝင်လှုပ်ရှားရန် လိုသည်။ ထိုလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ပြုလုပ်နေမှသာ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် လိုအပ်မည့် ပြုပြင်ပြောင်းလဲမှုများကို ငြိမ်းချမ်းစွာဆောင်ရွက်နေကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုရမည်ဖြစ်ပါသည်။" ဟူ၍ဖြစ်သည်။
အခမ်းအနားတွင် ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်မြင့်မြင့်ခင်က အမှတ်တရစကားပြောကြားခဲ့သည်။ ယင်းအပြင် ကိုမင်းကိုနိုင်၏ မိခင်ဒေါ်လှကြည်ကလည်း အမှတ်တရစကားပြောကြားခဲ့သည်။
ထို့နောက် Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်က ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဂုဏ်ပြုရန် မတက်ရောက်နိုင်သေးသည့်သူများ၊ ဂုဏ်ပြုခံနိုင်သည့်နေရာတွင် မရှိသည့်သူများ၊ ဘ၀ကို အသက်ပေးပြီး စွန့်လွှတ်အနစ်နာခံခဲ့ရသူများ အားလုံးကို ဂုဏ်ပြုသည့်အနေဖြင့် စားပွဲနံပါတ် ၁၁ ကို နေရာ လွတ်အဖြစ် ထားရှိပြီး ၎င်းတို့ ကိုယ်စား ဂုဏ်ပြုစီစဉ်ထားရှိခဲ့ကာ ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူများ၏ မိသားစုဝင်များက အဆိုပါစားပွဲဝိုင်းတွင် ဆုတောင်းခဲ့ကြသည်။
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ည ၆ နာရီ ၃၀ မိနစ်မှ ည ၉ နာရီ ၃၀ မိနစ် အထိ ကျင်းပခဲ့သည့် ၁၁ ရက်၊ ၁၁ လ၊ ၂၀၁၁ ခုနှစ် "၁" ခြောက်လုံးစုံသည့်နေ့ ဂုဏ်ပြု ဆုတောင်းပွဲ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတ အကြံပေးများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန် များ၊ INGO နှင့် NGO များမှ ကိုယ်စားလှယ်များ၊ စာရေးဆရာများ၊ ပြည်တွင်းပြည်ပသတင်းမီဒီယာများ၊ အနုပညာရှင်များ၊ ပြည်သူများ ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ 
Ref:http://www.news-eleven.com/
အသံတွေကြားနေရတယ်
အသံတွေကြားနေရတယ်
ထိုင်ဆိုထိုင် လျှောက်ဆိုလျှောက်
ပြောဆိုပြော ရေးဆိုရေး
မြင်ဆိုမြင် ကြားဆိုကြား
ဝင်ဆိုဝင် ထွက်ဆိုထွက်နေရတဲ့ခေတ်ကြီးထဲ၊
အသံတွေကိုကြားနေရတယ်
ပျော့ပြောင်းနေပါပြီ(မာနေတာတွေ၊မပြောင်းတာတွေကိုမစဉ်းစားဘူး)
ခဏခဏတွေ့ နေတာပဲ(စောင်းကြိုးတွေကုန်တာထည့်မပြောဘူး)
အရှေ့ အနောက်ကလူတွေလာနေပြီ(ခရီးစရိတ်တွေသာကုန်ပြီးပြန်တာမသိဘူး)
လွှတ်နေပါပြီ လွှတ်အုံးမှာပါ(ဆင်ကြီးကိုခွေးမျှော်သလို)
ဥပဒေတွေပြင်နေပါပြီ(ဟိုကလေလည်လိုက်တာကိုအမြီးလေးတနှန့် နှန့် )၊
အသံတွေကိုကြားနေရတယ်
တရားဝင်မှတ်ပုံတင်ပါ(တရားဝင်ဖြစ်နေတာနားမလည်ဘူး)
လွှတ်တော်ထဲဝင်ပါ(မိအေးနှစ်ခါနာရအောင်၊လွှတ်တော်ပြင်ပရဲ့ တန်ဘိုးကိုနားမလည်ဘူး)
၂၀၀၈ကိုလေးစားပါ(စစ်ဖိနပ်အောက်တိုးဝင်နေမှန်းမသိဘူး)
အသံတွေကြားနေရလား
ကြားရင်အကြောင်းမပြန်နဲ့ ။
မြတ်သစ်(dawn)
Wednesday, November 9, 2011
Monday, November 7, 2011
Bangkokpost-Morning Focus:Mon November 07th, 2011
Ref:Bangkokpost
Friday, November 4, 2011
Sunday, October 30, 2011
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စတုထ္ထအကြိမ်တွေ့ဆုံ လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်သူများကိစ္စနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရ
အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ စတုထ္ထအကြိမ်မြောက်အဖြစ် အောက်တိုဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ၁နာရီ ၅၅မိနစ် အချိန်အထိ ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုအပြီး၌ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ကာ သတင်းထုတ်ပြန်ချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့ပါသည်။
''ယခင် ဆွေးနွေးခဲ့မှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည့်အခြေအနေ၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနှင့် လွတ်လပ်စွာငွေကြေးလည် ပတ်သုံးစွဲခွင့်ရရှိရေးတို့၏ အရေးကြီးမှုတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့် လွတ်ငြိမ်းချမ်း သာခွင့် ပေးသင့်သူများကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါသည်။တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်'' ဟု သတင်းထုတ်ပြန်ချက်၌ ပါရှိခဲ့ပါသည်။
ထို့နောက် သတင်းထောက်များအား မေးခွန်းသုံးခု မေးမြန်းခွင့်ပြုခဲ့ပြီး ပထမဆုံးမေးခွန်းကို ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက မေးမြန်းခဲ့ပါသည်။ ''လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို မကြာသေးခင်က တွေ့ခဲ့ရပါတယ်။ ဥပမာပြောရရင် နိုင်ငံရေး အကျဉ်းသားအချို့ လွှတ်ပေးတာ၊ the labour union ဖွဲ့ခွင့်ပေးတာ၊ ဆန္ဒပြခွင့်ပေးတယ်။ နောက်ဆုံးကတော့ ပါတီမှတ်ပုံတင်ဥပဒေပေါ့။ ဒီအရာတွေက NLD ပါတီပြန် မှတ်ပုံတင်ဖို့အတွက် လုံလောက်တဲ့ လိုအပ်ချက်များဖြစ်ပါပြီလား'' ဟု ဦး အောင်လှထွန်းက မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။
"NLDပါတီ ပြန်ပြီးတော့ မှတ်ပုံတင်ရေးကိစ္စဟာ ဥပဒေပေါ်မှာ တည်ပါတယ်။ အဲတော့ ဒီဥပဒေ အတည်ပြုပြီးတော့ ထွက်လာတဲ့အထိ ကျွန်မတို့စောင့်ပြီးမှ ပြောနိုင်မယ့်ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့က ဒီဥပဒေက ထွက်လာပြီ ဆိုလို့ရှိရင် အစည်းအဝေးခေါ်ရမှာပေါ့။ ဒါကျွန်မ တို့ရဲ့ ပါတီစည်းမျဉ်းစည်းကမ်းအရ အစည်းအဝေးခေါ်ပြီးမှ ဆုံးဖြတ်ချက်ကို ချပါလိမ့်မယ်'' ဟု ဒေါ် အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။
''ကျွန်တော်သိထားတာကတော့ ဥပဒေပါ အကြောင်းအရင်းရဲ့ အဓိက အချက်သုံးချက်ကတော့ သိထားပြီးပါပြီ။ NLD က ဥပဒေပညာရှင်အချို့လည်း သိထားပြီးထင်ပါတယ်''ဟု ဦးအောင်လှထွန်းက ဆက်လက် မေးမြန်း ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''ဟုတ်တယ်။ ကျွန်မတို့က တိကျတယ်လေ။ ဥပဒေကို မသိရသေးလို့၊ ကျွန်မတို့ မမြင်ရသေးလို့ မပြောသေးတာပါ'' ဟု ပြောကြားခဲ့ပါသည်။
အဆာဟိရှင်ဘွန်း သတင်းစာမှ ဦးတင်မောင်ဝင်းက '' ၀န်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တာလည်း လေးကြိမ်ရှိတာ သိရပါတယ်။ အဲတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာတွေကို အများအားဖြင့် သိရပါတယ်။ အဲတော့ ဘယ်နေ ရာတွေမှာ ဘယ်လိုတွေပေါ့နော်၊ နည်းနည်းအသေးစိတ် သိလိုရမယ်ဆိုရင်လည်း သိချင်တာလေးတွေရှိပါတယ်''ဟု မေးမြန်းခဲ့ပါသည်။ ထိုမေးခွန်းကို ဦးအောင်ကြည်က ''ကျွန်တော်တို့ သြဂုတ် ၁၂ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ကလေး ရှိပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု လုပ်ငန်းစဉ်မှာပါမက၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှာ ပူးပေါင်း ဆောင်ရွက်ကြမယ်လို့ ကျွန်တော်တို့သဘောတူထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဥစ္စာဟာ တော်တော်လေး ပြည့်စုံလုံလောက်တဲ့ အဖြေဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
ရန်ကုန်တိုင်းမ်ဂျာနယ်မှ ကိုကျော်စွာမင်း မေးမြန်းခဲ့သော''အခု ဒီတွေ့ဆုံဆွေးနွေးမှုမှာ ဦးအောင်ကြည်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ NLD ပါတီ မှတ်ပုံတင်ဖို့ ကိစ္စရပ်ရယ်၊နောက်တစ်ခါနိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် လွှတ်ပေးရေးကိစ္စရပ်ရယ်၊ နောက်တစ်ခါ အန်တီစုအနေနဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံဖို့ကိစ္စရပ်တွေကိုရော ဆွေးနွေးခဲ့တာရှိပါသလား''မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။
''ကျွန်မတို့ ဒီကိစ္စကို အားလုံး ဆွေးနွေးပါတယ်။ အမြဲပဲ တွေ့တိုင်းလည်း ဒီကိစ္စကို ဆွေးနွေးပါတယ်။ ဘာလို့လဲဆိုရင် ဒါဟာကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စနဲ့ ဆက်နွှယ်နေတဲ့ကိစ္စမို့ပါ'' ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပါသည်။ နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွှတ်ပေးရန် အစီအစဉ်ရှိမရှိ ဟူသော ဦးအောင်လှထွန်း၏ မေးခွန်းကို ဦးအောင်ကြည်က ပြန်လည် ဖြေကြားခဲ့ပါသည်။
''ကျွန်တော်တို့က လုပ်ငန်းစဉ်တစ်ရပ်ကို လုပ်တဲ့အခါမှာ ကျွန်တော်တို့တစ်လှမ်းပြီးတစ်လှမ်း ဆောင်ရွက်တတ်တဲ့ သဘာဝရှိပါတယ်။ ဒါအားလုံးလည်း သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့က စုံလည်းမခုန်ဘူး။ ရပ်လည်း မနေပါဘူး'' ဟု ဦးအောင်ကြည်က ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်
အစိုးရသစ် လက်ထက်တွေ့ဆုံမှု
၁။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်
၂။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်
၃။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
၎။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ရက်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုများ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်
အစိုးရသစ် လက်ထက်တွေ့ဆုံမှု
၁။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်
၂။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်
၃။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
၎။ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ရက်
Friday, October 28, 2011
Thursday, October 27, 2011
Ma Ha Nwe ..Win KO Khine (Rakhine song)
 ရခိုင်ပြည်နယ်ရှိ ဓည၀တီခေတ်နန်းတော်မြို့ရိုး ရှေးဟောင်းနယ်မြေအား ထိန်းသိမ်းတူးဖော်ခြင်းများ ပြုလုပ်သွားမည်
ဓည၀တီမြို့ဟောင်းအား လေ့လာနေသူတစ်ဦး
သမိုင်းဝင် နယ်မြေများအား ထိန်းသိမ်းခြင်း နည်းပါးခဲ့မှုကြောင့် ပျက်စီးပျောက်ကွယ် မသွားစေရန်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ ဓည၀တီခေတ်နန်းတော်မြို့ရိုးများအား ထင်ရှားစွာတွေ့မြင်နိုင်သော အနေအထားတွင် ရှိနေသည့်အတွက် ထိန်းသိမ်းတူးဖော်ခြင်းများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအနေအထားတွင် မြန်မာနိုင်ငံအနှံ့အပြားရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တူးဖော်သုတေသနပြုလုပ်ခြင်းများကို နိုင်ငံတော်အဆင့် မူဝါဒချမှတ်၍ စီမံချက်များရေးဆွဲကာ ဆောင်ရွက်လျှက်ရှိကြောင်း၊ ယင်းသို့ ထိန်းသိမ်းရာတွင်လည်း ဥပဒေ၊ နည်း ဥပဒေများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် သတိပေးတားမြစ်ချက်များလည်း ရှိနေကြောင်း၊ မူလပုံသဏ္ဌာန် လက်ရာမပျက်စေရေးကိုဂရုပြုကာ အဆောက်အအုံပိုင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် အနုလက်ရာများဖြစ်သော နံရံဆေးရေးပန်းချီ၊ အင်္ဂတေပန်းတော့၊ ကျောက်ပန်းတမော့၊ စဥ့်ချပ်များ၊ သစ်သားပန်းပုလက်ရာများ အစရှိသည်တို့ကို ရေရှည်တည်တံ့ခိုင်မြဲစေရန် စနစ်တကျ ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။
ဘီစီ ၃၃၂၅ အချိန်ကာလမာရ ယုမင်းလက်ထက်တွင် ဓည၀တီခေတ်ကို လည်းကောင်း၊ ဘီစီ ၁၅၀၇ တွင် ကံရာဇာကြီးမင်းသည် ဒုတိယဓည၀တီ ခေတ်ကိုလည်းကောင်း၊ဘီစီ ၅၈၀ တွင် စန္ဒသူရိယမင်းသည် တတိယ ဓည၀တီခေတ်ကိုလည်းကောင်း တည် ထောင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် တွေ့ရှိချက်များအရ တတိယဓည၀တီ မြို့ဟောင်းသည် ကျောက်တော်မြို့၊ မဟာမြတ်မုနိဘုရားကြီးအား ဗဟိုပြုကာ ကျုံးများ၊ မြို့ရိုးများအား တွေ့ရှိထားပြီးဖြစ်ကြောင်း၊ ယင်းအတွက် ဓည၀တီမြို့ဟောင်း တူးဖော် သုတေသနပြုလုပ်ခြင်းကို ၂၀၀၄ ဖေဖော်ဝါရီလကုန်အထိ နောက်ဆုံးပြုလုပ်ခဲ့ကြောင်း ထိုသို့ပြုလုပ်ရာတွင် နန်းမြို့ရိုးဝင်ပေါက်၊ နန်းတော်ရာ အပါအ၀င် တူးဖော်မှုကုန်း(၄)ကုန်း၊ အပြင် မြို့ရိုးနှင့် အတွင်းမြို့ရိုးနေရာများ၊ မြို့ထောင့်များ၊အတွင်းနန်းတော် မာရဘင်အုတ်ရိုးတန်းနေရာများ အပါအ၀င် စမ်းသပ်တူးဖော်မှု ၁၃ ခုကို တူးဖော်ခဲ့ရာ အုတ်ဖြင့်တည်ဆောက် ထားသော မြို့ရိုးသုံးထပ်ကို တွေ့ရှိခဲ့ရကြောင်းလည်း သိရှိရပါသည်။
ထို့ကြောင့် ဆက်လက်လုပ်ဆောင်စရာများအား ဆောင်ရွက်ကာ ထိန်းသိန်းစောင့်ရှောက်ထားခဲ့မှုများရှိသည့်တိုင် ယဉ်ကျေးမှုအမွေအနှစ် ဒေသ ၃၇ နေရာအတွင်း ထည့်သွင်းထားခြင်း မရှိသေးသော်လည်း မကြာမီ သတ်မှတ်ထိန်းသိမ်းသွားရန်ရှိကြောင်းလည်း သိရသည်။ သို့သော်လည်း နိုင်ငံတော်က ကာကွယ်ထိန်းသိမ်းသည့်အဆင့် သုံးဆင့်တွင် သင့်တော်သောအဆင့်၌ထားကာ ကာကွယ်ထိန်းသိမ်းခြင်းများ ပြုလုပ်သွားမည် သာဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထို ဓည၀တီမြို့ဟောင်းအပြင် ဝေသာလီမြို့ဟောင်းနှင့် အခြားသော ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သင့်သည့် ရှေးဟောင်းနယ်မြေများကိုလည်း ယဉ်ကျေးမှုအမွေအနှစ် ဒေသများအဖြစ် အဆင့်များသတ်မှတ်ကာ ကာကွယ်ထိန်းသိမ်းသွားရန်ရှိကြောင်းလည်း သိ ရှိရပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးမြို့သည်လည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းထားခြင်းခံရသော ဒေသ တစ်ခုဖြစ်ရာ ရှေးဟောင်းနယ်မြေများ၏ အရေးပါမှုကို လေ့လာသူများလည်း ရှိကြောင်းနှင့် ထိန်းသိမ်းထားခြင်းသည် အရေးပါကြောင်းလည်း သိရှိရပါသည်။
ရခိုင်ပြည်နယ်အတွင်း ခေတ်ကြီးလေးခေတ် ထွန်းကားခဲ့သဖြင့် ယင်းခေတ်လေးခေတ်တို့၏ အမွေအနှစ်များကို လေ့လာရှာဖွေလျှက် ရှိနေသေးကြောင်း၊အချို့မှာ တိမ်မြုပ်ပျောက်ကွယ်နေသေးသော်လည်း အချို့ကို တွေ့ရှိခဲ့သည်များလည်း ရှိခဲ့ကြောင်း သမိုင်းသုတေသီ အသိုင်းအ၀ိုင်းမှ ပြောဆိုကြပါသည်။ လက်ရှိအနေအထားတွင် မြောက်ဦးမြို့နယ်အတွင်း၌ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်များ ပျောက်ဆုံးခြင်းများကို တွေ့ရှိ လာရကြောင်း၊ ယခင်ကလည်း လူမသိသူမသိ ပျောက်ဆုံးမှုများလည်း ရှိခဲ့နိုင်ဖွယ်ရှိကြောင်းနှင့် ရှေးဟောင်း အမွေအနှစ်များအား ရှိရင်းစွဲဒေသမှ တရားမ၀င်သယ်ဆောင်ခြင်းကို သတိပြုရန်လိုအပ်ကြောင်း သိရသည်။
Ref:http://www.news-eleven.com/
Bangkokpost-Morning Focus: Flood Relief Operations Center situation
Ref:BANGKOKPOST
Wednesday, October 26, 2011
အထူးအဆန်း မိန်းကလေးသစ်ပင်
သူယောင်မယ်သီးဆိုပြီး မြန်မာ့ရှေးဟောင်းကျမ်းတွေမှာ ဆိုပါတယ်။ ပါးစပ်ရာဇ၀င်အရ
ဝိဇ္ဇာ၊ဇော်ဂျီ၊တပသီစတဲ့လောကီထွက်ရပ်ပေါက် ပုဂ္ဂိုလ် များဟာ သူတို့ ရဲ့ လောကီဣဒ္ဓိပ္ပါဒ်အစွမ်းဖြင့် အသက်ဝင်အောင် ဖန်တီးပြီး ပျော်ပါးလေ့ရှိကြောင်း အဆို အမိန့် များရှိကြပါတယ်။ မိန်ခလေးသဏ္ဌာန်နဲ့  အံ့သြစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမ၀န္တာတောင်တန်း ၀န်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲထပ်မံသိရပါသေးတယ်။ Naree ဆိုတာကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေါ့ဗျာ..။ အားလုံး ဗဟုသုတတိုးပွါးနိုင်ကြပါစေ။