Tuesday, January 29, 2013

**မငိုပါနဲ့ မောင်လေးရယ်**

**မငိုပါနဲ့ မောင်လေးရယ်**

 မငိုပါနဲ့ မောင်လေးရယ်
မောင်လေးဘေးမှာ မမရှိပါတယ်
ဗိုက်ဆာနေလို့ ငိုနေတာလားမောင်လေးရယ်
... မုန့် စားကျောင်းဆင်းရင်
ဆရာမဆီကမုန့် တောင်းကျွေးပါ့မယ်
မျက်ရည်တွေမကျပါနဲ့ လားမောင်လေးရယ်
မောင်လေးငိုတော့
မမလည်းငိုချင်တယ်ကွယ်..။

အို အေ အေ အို
အငိုရယ်တိတ်ပါတော့လားကွယ်
မမစာတွေကျက်ရဦးမယ်
မမစာတွေတွက်ရဦးမယ်
စာမပြီးရင်ဆရာမကရိုက်လိမ့်မယ်..

မငိုပါနဲ့ မောင်လေးရယ်
အိပ်ပါတော့ကွယ်
အိပ်ယာကနိုးရင်
မမကွန်းပိုးလို့ ဆော့ကစားပေးပါ့မယ်
မမစာတွေလုပ်ရဦးမယ်မောင်လေးရယ်
မမပညာတတ်ကြီးဖြစ်ချင်တယ်ကွယ်
ပညာတတ်မှ မမတို့ လူရာဝင်မယ်
လူရာဝင်မှ လူရာသွင်းခံရမယ်
လူရာသွင်းခံရမှ လူပီသနိုင်မယ်
လူပီသနိုင်မှ လူသားတာဝန်ကျေပွန်နိုင်မယ်ကွဲ့ ..။

မငိုပါနဲ့ မောင်လေးရယ်
အငိုနဲ့ စပြီးအငိုနဲ့ အဆုံးသတ်တဲ့ဘ၀ခရီးမှာ
အပူမီးတွေကိုအပြုံးမပျက်ဘဲ
ငြိမ်းသတ်နိုင်ရမယ်ကွဲ့ 
နေတတ်ရင်ကျေနပ်စရာပါမောင်လေးရယ်
ဘာအားငယ်စရာလိုလဲကွဲ့ 
အမှိုက်ပုံထဲစွန့် ပစ်ခံရတဲ့ကလေးတွေထက်စာရင်
မောင်လေးအများကြီးကံကောင်းပါတယ်ကွယ်
မောင်လေးဘေးမှာ မမရှိနေသေးတယ်..။

မငိုပါနဲ့ မောင်လေးရယ်
မောင်လေးရဲ့ငိုရှိုက်သံဟာ
မမရင်ကိုထိခိုက်စေလို့ ပါကွယ်
တင်းထားတဲ့အားတွေ
ကျိတ်ထားတဲ့အံတွေ
တားဆီးထားတဲ့မျက်ရည်တွေ
တာလိုကျိုးလာအောင်
ငိုသံတွေကိုမပျိုးပါနဲ့ လားမောင်လေးရယ်
မောင်လေးဘေးမှာ မမရှိပါတယ်
မောင် လေး ဘေး မှာ
မ မ ရှိ နေ ပါ တယ် ကွယ် ....။

(ပုံလေးကိုခံစားရေးဖွဲ့ ပါတယ်ရှင်)
ချစ်ခင်လေးစားလျှက်
ဆုဂျေ

team work

 

Monday, January 28, 2013


ရခိုင်လူမျိုးတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးပါတယ်
ဆိုသည့် ရတနာမိုင်နှင့် တွေ့ဆုံခြင်း

 ရန်ကုန်၊ ဇန်နဝါရီ ၂၈။

... MMA ။ ။ လက်တလော အစ်မရဲ့ အနုပညာ ပတ်သက်ပြီး
ပြောပါအုံး။
YT ။ ။ အခု မိုင်လေးတို့ အင်တာတိန့်မန့် ရုံးခန်းလေးဖွင့်ထားတယ်။
ရုံးကနေ ပွဲလေးတွေ စီစဉ်ဖြစ်တယ်။ မိုင်လေး အင်တာတိန့်မန့်က
နေပြီးတော့ မတ်လ(၂၃) ရက်နေ့မှာ ပြည်သူ့ရင်ပြင်မှာ SIR ရှိုးပွဲလေး
ရှိတယ်။ လက်တလော အနုပညာ လှုပ်ရှားမှုကတော့ ဖေဖဝါရီလ
(၃)ရက်နေ့၊ မြောင်းမြမှာ iron crose နဲ့ သီချင်းဆိုဖို့ ရှိပါတယ်။ အိမ်မက်ဆုံရာက အဆိုတော်တစ်ဦးနဲ့ မျှော်စင်ကျွန်းမှာ (၁၀)ရက်နေ့ ဆိုဖို့ရှိတယ်။ သာစည်၊ ပခုက္ကုဘက်မှာ သီချင်းဆိုဖို့ ရှိတယ်။

အမေ့ခံ ကျောင်းတော်ပြန်တို့၏ စကားသံ (ကျောင်းတော်ပြန်တို့ စကားဝိုင်း)


အမေ့ခံ ကျောင်းတော်ပြန်တို့၏ စကားသံ
(ကျောင်းတော်ပြန်တို့ စကားဝိုင်း)
တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် ကားအစီးပေါင်းများစွာ
ဖြတ်သန်း သွားလာနေကြသည်။ အရောင်အဆင်းလွင့်ပျယ်နေ
... သော ခိုထီးအနက်ရောက်လေးကို ကိုင်ဆောင်ကာ အသက်
၅၀ ခန့် အရွယ်ရှိ လူတစ်ဦး ၁၅၄ လမ်းရှိ အခန်းကျဉ်းလေး
ဆီသို့ ဦးတည်လျှောက်လှမ်းလာသည်။ ထိုအခန်းကျဉ်းလေး
သည် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPs) ၏ အခန်း
ပင် ဖြစ်သည်။
 

Sunday, January 27, 2013

စိတ်ကျရောဂါ တိုက်ထုတ်နည်း ၁၀ နည်း ........

စိတ်ကျရောဂါ တိုက်ထုတ်နည်း ၁၀ နည်း ........
 
သင့်မှာ စိတ်ကျရောဂါ ပြင်းပြင်းထန်ထန် ဖြစ်နေပြီဆိုရင်တော့ တတ်ကျွမ်းသူ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ အကူအညီ လိုမှာပါဘဲ။ သင့်စိတ်ကျရောဂါ သက်သာအောင် ဆေးဝါးမှီဝဲနေပါစေ၊ အထူးငွေကုန်ကြေးကျ မခံရဘဲ စိတ်ကျရောဂါကနေ သက်သာအောင် လုပ်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ မိမိကိုယ်ကို အပြစ်မတင်ပါနဲ့
... စိတ်ကျခြင်းကို သက်သာစေသည့် အရိုးရှင်းဆုံး၊ စရိတ်အသက်သာဆုံးနှင့် အရေးအကြီးဆုံး အချက်မှာ မိမိကိုယ်ကို အပြစ်မတင်ခြင်းပင် ဖြစ်သည်။ မိမိ၏ စိတ်ကျရောဂါကို လူများ မသိစေခြင်း၊ မိမိမှာ အပြစ်ရှိနေသည်ဟု ထင်မြင်မိခြင်းနှင့် မိမိတွင်ရှိသော ချို့ယွင်းချက် မပြည့်စုံမှုတို့ အပေါ် စိတ်စွဲလမ်းနေခြင်းက စိတ်ကျရောဂါ ပြန်လည်သက်သာစေခြင်းကို အနှောင့်အယှက် ဖြစ်စေသည်။ စိတ်ကျရောဂါ၏ လက္ခဏာများကို ထိန်းသိမ်းရန်မှာ လက်တွေ့ဆန်မှု၊ ပြင်ပစေ့ဆော်မှု၊ တိုက်တွန်းမှုမပါဘဲ စတင်ဆောင်ရွက်နိုင်စွမ်းနှင့် စိတ်ရှည်နိုင်မှုတို့ လိုအပ်သည်။ “စိတ်ကျသည့် ရောဂါသည် နှလုံးရောဂါ၊ ဆီးချိုနှင့် ကင်ဆာရောဂါများကဲ့သို့ ခန္ဓာကိုယ်မှာ ဖြစ်သောရောဂါဟု သင်သည် လက်တွေ့ဆန်စွာ လက်ခံရမည်”ဟု ကွန်နတ်တီကတ် ပြည်နယ်မှ ပြည်နယ်စိတ်ပညာရှင် ဒေါက်တာ ရစ်ချတ်ဒ်ရာ့စ်ကင်းန် ကပြောပါသည်။ သူက မိမိ ခန္ဓာကိုယ်တွင် ရောဂါဖြစ်နေသည်ကို လက်ခံပြီး ထိုရောဂါကို ဂရုတစိုက်ထားပြီး ကုသရန်လိုအပ်ကြောင်း ရောဂါဖြစ်ရသည်မှာ မိမိအပြစ်မဟုတ်ကြောင်း၊ မိမိကြိုးစား အားထုတ်မှုနှင့် စိတ်ထားပြောင်းရုံမျှနှင့် စိတ်ကျရောဂါ ပျောက်ကင်းမည် မဟုတ်ကြောင်း ပြောကြားပါသည်။

၂။ ဒီအကြောင်းကို ထုတ်ဖော်ပြောပါ
မိမိ စိတ်ကျဝေဒနာ ခံစားနေရသည်ကို ဝန်ခံရန် မလွယ်ကူပါ။ သို့သော် ဤအကြောင်းကို လူတွေကို ပြောပြတာက လျှို့ဝှက်ထားသည်ထက် ပို၍ကောင်း ပါသည်။ “လူတိုင်းကတော့ မိမိကို နားလည် သဘောပေါက်ပြီး ဖေးဖေးမမ လုပ်ပေးမည် မဟုတ်ပါ” ဟု ဒေါက်တာက ပြောပါသည်။ လက်ကျိုး၊ ခါးနာ ခေါင်းကိုက်ခြင်းတို့ကို လူတွေက ကြုံဖူးကြသဖြင့် ကိုယ်ချင်းစာမိ ကြမည်ဖြစ်သော်လည်း စိတ်ကျရောဂါနှင့် ပက်သက်၍ လူတိုင်းကိုယ်ချင်းစာမိ နိုင်မည်မဟုတ်ပါ။ လူအများက မိမိ အခြေအနေကို နားမလည်နိုင် သော်လည်း မိတ်ဆွေ၊ မိသားစုနှင့် မိမိယုံကြည် အားထားရသူများသည် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ ဆေးဝါး ကုသမှုဆိုင်ရာ အကြံပေးချက်များနှင့် မိမိအခြေအနေကို သုံးသပ်ပေးသူများ ဖြစ်နိုင်ပါသည်။ ထိုလူများနှင့် သီးခြားမနေဘဲ တတ်နိုင်သမျှ ထိတွေ့ဆက်ဆံပေါင်းသင်းရန်လိုအပ်ပါသည်။

၃။ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
စိတ်ကျနေစဉ်မှာ သင်မလုပ်ချင်ဆုံးအရာမှာ ကိုယ်လက်လေ့ကျင့်ခန်း ဖြစ်ပေမည်။ သို့သော် အပြေးလေ့ကျင့်ခြင်း၊ အားကစားရုံမှာ သွားပြီး လေ့ကျင့်လိုက် သည်က သင့်ကို ပိုပြီး အကျိုးရှိစေ နိုင်ပါသည်။ အားစိုက်ရသည့် လေ့ကျင့်ခန်းမျိုးကို မိနစ် ၃၀ ခန့်လောက် နေ့စဉ်ပုံမှန်လုပ်ပါက သင်၏ စိတ်ကျမှုကို သက်သာစေပါသည်။ လေ့လာချက် တစ်ခုတွင် လမ်းလျှောက်စက်ပေါ်တွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း အစရှိသည့် လေ့ကျင့်ခန်းလုပ်သော ဝေဒနာရှင်များသည် ရောဂါလက္ခဏာ ၅၀ % လျော့နည်းသွား ကြောင်း တွေ့ရသည်။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်အတွက် ကောင်းသော ကာလတိုအကျိုးကျေးဇူးများလည်း ဖြစ်ထွန်းနိုင်ပါသည်။ အခြား လေ့လာချက် တစ်ခုအရ လေ့ကျင့်ခန်းလုပ်ခြင်းသည် လေ့ကျင့်ခန်းလုပ်ပြီးနောက် ၁၂ နာရီအကြာအထိ သင်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးသည်ဟု သိရှိရပါသည်။

၎။ အရေးကြီးသော ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ထားပါ
စိတ်ဓာတ်ကျခြင်းသည် ရှုမြင်ခြင်းနှင့် ဆုံးဖြတ်ခြင်းကို ထိခိုက်နိုင်သဖြင့် အရေးကြီးသော လူမှုရေးကိစ္စနှင့် လုပ်ငန်းကိစ္စစသော ဆုံးဖြတ်ချက်များကို သင်ပြန်လည်နေကောင်းမှ ပြုလုပ်ပါ။ စိတ်ကျခြင်း၏ လက္ခဏာတစ်ခုမှာ သင်၏ ဘဝတွင်ဖြစ်ပျက်နေသမျှအပေါ် မကောင်းသည့် ဘက်ကသာ မြင်နေခြင်း ဖြစ်သည်ဟု ရာစ်ကင်းက ပြောကြားပါသည်။ စိတ်ကျခြင်းကြောင့် မိမိ၏ သုံးသပ်ဆုံးဖြတ်ချက်များသည် လုပ်ဆောင်မှုအပေါ် အကျိုးသက်ရောက်မှုရှိသော်လည်း မိမိကိုယ်မိမိ မသိဖြစ်နေတတ်သည်။ ထို့ကြောင့် ဖြစ်နိုင်သည့် အတိုင်းအတာအထိ အရေးကြီးသော ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ ထားသင့်သည်။ ဆုံးဖြတ်ချက်ကို မဖြစ်မနေ ပြုလုပ်ရမည် ဆိုလျင်လည်း စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်။ အရေးကြီးသော ဆုံးဖြတ်ချက်များ မချမီ သင်ယုံကြည်နေသောသူများ သင်၏ဆရာဝန် မိသားစုဝင် မိတ်ဆွေ သူငယ်ချင်း၊ ဘာသာရေးပုဂ္ဂိုလ်တို့နှင့် တိုင်ပင်ပါဟု ရာ့စ်ကင်းန် က အကြံပေးပါသည်။

၅။ မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ပါ
စိတ်ကျခြင်းနှင့် ကျန်းမာရေးသည် ဆက်စပ်နေသဖြင့် မိမိ၏ကျန်းမာရေးကို လျစ်လျူရှုထားပါက စိတ်ကရောဂါ လက္ခဏာမှာ ပိုမိုဆိုးရွားလာနိုင်သည်။ ဆီးချိုရောဂါနှင့် နှလုံးရောဂါတို့ကဲ့သို့ စိတ်ကျခြင်းနှင့် ကျန်းမာရေးသည်လည်း ကြက်မကြီးနှင့် ကြက်ဥ ပဟေဠိလိုပင် အကြောင်းအရင်း အကျိုးဆက်တို့ တွဲဖက်နေကြသည်။ သုတေသနအရ စိတ်ကျနေချိန်တွင် ၎င်း၏ဆန့်ကျင်ဖက် ဖြစ်ရပ်များကို အမှန်အဖြစ်ထွက်ပေါ်လာစေနိုင်ပါသည်။ ဆီးချိုရောဂါ သို့မဟုတ် နှလုံးရောဂါဖောက်ပြီး ပြန်ကောင်းလာချိန်တို့တွင် စိတ်ကျရောဂါကို ခံစားရနိုင်ပါသည်။

၆။ နေ့စဉ် လုပ်ရိုး လုပ်စဉ် အလုပ်ကို ပုံမှန်ရှိနေပါစေ
ပုံမှန် တစ်နေ့တာ အလုပ်အကိုင်များကို နဂိုအတိုင်း၊ နဂိုအချိန်ဇယားအတိုင်း အတတ်နိုင်ဆုံး လုပ်ပါဟု ရာစ်ကင်က ပြောသည်။ မည်သည့် အလုပ်ကို လုပ်သည်ဘဲ ဖြစ်ပါစေ၊ ပုံမှန်လုပ်နေကျ အပြေးလေ့ကျင့်ခြင်း၊ ပန်းကန်ဆေးခြင်းဘဲ ဖြစ်ပါစေ လုပ်နေကျအတိုင်း လုပ်ပါ။ ထိုသို့ လုပ်ခြင်းက အိမ်ပြင်မထွက်ဘဲ အိမ်တွင်းပုန်း လုပ်မိခြင်းထက် စိတ်ကျခြင်းကို သက်သာစေပါမည်။ အိမ်ထဲတွင် အောင်းနေခြင်းက အခြေအနေကို ပိုဆိုးသွား စေနိုင်ပါသည်။ လုပ်စရာများကို ပုံမှန်လုပ်နေခြင်းက သင်သည် တစ်နေ့တာ ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ကြောင်း သင့်ကိုယ်သင် ပြသနိုင်သကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ပြသပြီး၊ သင်ပြန်လည် နေကောင်းလာမည် ဖြစ်သည်။

၇။ ကျန်းမာအောင် စားပါ
စားလိုက်သော အစားအစာသည် ခန္ဓာကိုယ်ကို သာမက ဦးနှောက်အပေါ်မှာပါ အကျိုးသက်ရောက်သည်။ စိတ်ကျနေလျှင် ကျန်းမာရေးကို အထောက်အကူဖြစ်စေသော အာဟာရ မျှတပြည့်စုံသည့် အစားအစာများ၊ အထူးသဖြင့် အသီးအနှံများ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ပရိုတင်းဓာတ် ကြွယ်ဝသော အစားအစာများကို စားပေးပါ။ မည်သည့် အစာအာဟာရမှ စိတ်ကျရောဂါကို ယူပစ်သလို မပျောက်စေနိုင်ပါ။ သို့သော် အချို့သော အစားအစာများသည် စိတ်အတက်အကျအပေါ်တွင် ပို၍ အကျိုးသက်ရောက်မှု ရှိစေပါသည်။ ဥပမာ - ကာဗွန်ဟိုက်ဒရိတ်များနှင့် ဗိုက်တာမင် D ကြွယ်ဝယ်သော အစားအစာများသည် ခန္ဓာကိုယ်ထဲတွင် စီရိုတိုးနင်းကို တိုးပွားစေသည်။ ၎င်းစီရိုတိုနင်း သည် စိတ်အတတ်အကျအပေါ် အကျိုးသက်ရောက်မှု ရှိသည်။ ပရိုဇက်ကဲ့သို့ တားဆေးများသည် စီရိုတိုနင်းအပေါ် အကျိုးသက်ရောက်မှုရှိသည်။ အချို့သော သုတေသီများက ငါးများနှင့် ငါးကြီးဆီများရနိုင်သော အိုမီဂါ ၃ သည် စိတ်ကျခြင်းကို ဆန့်ကျင်နိုင်သည်ဟု အကြံပေးထားသည်။

၈။ ဆေးဝါးများနှင့် အရက်ကို ရှောင်ရှားပါ
ဆေးဝါးများနှင့် အရက်များအား တလွဲသုံးစွဲခြင်းသည် စိတ်ကျသူများကို ကသိကအောက် ဖြစ်သွားစေနိုင်သည်။ စိတ်ကျခြင်းနှင့် စိတ်လှုပ်ရှားခြင်း ဖြစ်နေပါက ဝေဒနာခံစားရခြင်းမှ သက်သာရန် ဆေးဝါးနှင့် အရက် သုံးခြင်းဆီသို့ ရောက်သွားနိုင်သည်။ သို့ရာတွင် နည်းလမ်းမှာ ရေရှည်တွင် အန္တရာယ်ရှိသောနည်းလမ်းတစ်ခုသည်။ အရက်သောက်ခြင်းနှင့် ဆေးဝါးသုံးခြင်းသည် ဦးနှောက်၏ လုပ်ဆောင်မှုများအပေါ် ထိရောက်မှုရှိသဖြင့် လူမှုရေး၊ အလုပ်အကိုင်နှင့် အခြားဘဝကိစ္စများတွင် ပြဿနာ ဖြစ်စေနိုင်သည်။ ၎င်းတို့သည် စိတ်ကျရောဂါအတွက် သောက်ရသော ဆေးများနှင့်လည်း ပေါင်းစပ်မိပြီး အန္တရာယ်ဖြစ်စေနိုင်သည်။ ရံဖန်ရံခါ ဝိုင်တစ်ခွက်သောက်၍ ဘာမှ အကျိုးမယုတ်စေနိုင်သော်လည်း သောက်သောပမာဏကို မိမိကိုယ်မိမိ သတ်မှတ် ထားရမည်။ ဖြစ်နိုင်လျှင် ဆေးဝါး သုံးစွဲခြင်းများကို ရှောင်ကြည်သင့်သည်။

၉။ ကောင်းစွာ အိပ်ပျော်အောင် အိပ်ပါ
စိတ်ကျခြင်းနှင့် အိပ်ရေးမဝခြင်းသည် တွဲဖက်ဆက်စပ်နေသည်။ အိပ်မပျော်ခြင်း စသော အိပ်စက်ခြင်းနှင့် ပတ်သက်သော ပြဿနာများသည် စိတ်ကျခြင်းများတွင် ဖြစ်လေ့ရှိသည်။ လူအများစုတွင် အိပ်ရေးဝဝမအိက်ရပါက စိတ်ကျခြင်းကို ဖြစ်စေနိုင်သည်။ လူတိုင်းတွင် မဟုတ်သော်လည်း အချို့သော စိတ်ကျ ရောဂါသည်များတွင် အိပ်ရေးမဝခြင်းသည် စိတ်ကျရောဂါကို အမြဲခံစား ရစေသည်။ အိပ်စက်ခြင်းနှင့် စိတ်ကျခြင်း ဆက်စပ်မှု အများစုကို မသိရသေးသော်လည်း၊ လူတိုင်းအတွက် အိပ်ချိန်လိုအပ်မှုမှာ မတူညီကြပါ။ သို့သော် ကျွမ်းကျင်သူများက စိတ်ကျရောဂါရှိသူများသည် အိပ်ရေးဝဝ အိပ်ရန်နှင့် အိပ်ချိန်နိုးချိန် ပုံမှန်ဖြစ်ရန် အကြံပေး တိုက်တွန်းထား ကြပါသည်။

၁၀။ အလုပ်ဝန် မပိပါစေနှင့်
စိတ်ဖိစီးမှုနှင့် ဝန်ပိမှုသည် စိတ်ကျရောဂါကို ဖြစ်ပေါ်လာစေသော အချက်ဖြစ်သည်။ စိတ်ကျနေစဉ်တွင် မိမိနိုင်နိုင်နင်းနင်း ပြုလုပ်နိုင်သည့်ထက်ပို၍ အလုပ်လုပ်ရန် လျာထားခြင်းမှ ရှောင်ရှားပါ။ အလုပ်မှာ ဖြစ်စေ အိမ်မှာဖြစ်စေ ရှုပ်ထွေးသော ခက်ခဲသော အလုပ်ရှိပါက အလုပ်ကို သေးငယ်သွားအောင် အပိုင်းများပိုင်းပြီး လုပ်ဆောင်ပေးပါ။ သတိထားရန်မှာ အလုပ်ကို နဲနဲလောက် လျော့လိုက်ပါ။ သင်သည် ၁၀၀% စွမ်းဆောင်မှုဖြင့် အလုပ် မလုပ်နိုင်ပါ။ ၇၅% စွမ်းဆောင်မှုကလည်း သင့်အတွက် အောင်မြင်မှု တစ်မျိုးပါပဲ။ အမှန်တကယ် အလုပ်လုပ်နိုင်လျှင် မိမိကိုယ်ကို သနားညှာတာပြီး နားချိန်ယူပါ၊ အလုပ်က ခွင့်ယူပါ လို့ ရာ့စ်ကင်းန်က ထပ်လောင်း ပြောကြားခဲ့ပါသည်။Health
See more

Saturday, January 26, 2013

ဘတ်ဂျက်ချထားပေးခြင်းမရှိတော့သဖြင့် မြဧရာဈေးသင်္ဘောအား ပုဂ္ဂလိကသို့ လွှဲပြောင်းတော့မည်

 

ဘတ်ဂျက်ချထားပေးခြင်းမရှိတော့သဖြင့် မြဧရာ
ဈေးသင်္ဘောအား ပုဂ္ဂလိကသို့ လွှဲပြောင်းတော့မည်

 နိုင်ငံတော်မှ ဘတ်ဂျက်ချထားပေးမှုကို လာမည့် ၂ဝ၁၃/၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှစတင်၍ ရပ်ဆိုင်းတော့မည်ဖြစ်သဖြင့် ပြည်တွင်း
ရေကြောင်းပို့ဆောင်ရေးအနေဖြင့် နှစ်စဉ်အရှုံးပေါ်နေသော
မြဧရာဈေးသင်္ဘောအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်စေ
တော့မည်ဟု ၎င်းဌာန၏ အထွေ အထွေမန်နေဂျာဖြစ်သူ ဦးမောင်မောင်လွင်က ပြောကြားသည်။

" လာမယ့်နှစ် ဘဏ္ဍာရေးနှစ်ကစပြီးတော့ ကျွန်တော်တို့အနေနဲ့ မိမိဌာနဝင်ငွေနဲ့ မိမိ ရပ်တည်ရတော့မှာပါ။ နိုင်ငံတော်ဘက်ဂျက်
ထဲကနေ ခွဲဝေချထားခွင့် မပေးတော့ပါဘူး"ဟု ယနေ့ ဇန်နဝါရီလ
၂၆ရက် မွန်းလွဲ ၁နာရီတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
ပြုလုပ်သော မြဧရာ ဈေးသင်္ဘောအား ပုဂ္ဂလိကပိုင် လွှဲပြောင်း
ပေးရေးကိစ္စ စာနယ်ဇင်းရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်း
ဖြစ်သည်။

အဆိုပါ ဈေးသင်္ဘော စတင်ပြေးဆွဲစဉ်က ခရီးသည်နှင့် ကုန်စည် ရရှိမှုများသဖြင့် ရေယာဉ်(၅)စင်း၊ တွဲ(၁ဝ)တွဲဖြင့် ပြေးဆွဲပေးခဲ့
သော်လည်း ခရီးသည်နှင့် ကုန်စည်လိုက်ပါမှုမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည့်အတွက် နှစ်စဉ်အလိုက်ဈေးသင်္ဘောစင်း
ရေနှင့် ခေါက်ရေလျော့ချ ပြေးဆွဲခဲ့ရပြီး ၂ဝဝ၅/၂ဝဝ၆ ဘဏ္ဍာ
ရေးနှစ်မှ စတင်ကာ မြဧရာသင်္ဘောနှင့် (ဘ-၈ဝဝ)တွဲ နှစ်တွဲ
ဖြင့်သာ အရှုံးခံပြေးဆွဲနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဘတ်ဂျက် မရရှိတော့သည့်အတွက် ၁၉၉၂ခုနှစ်မှစ၍
ရန်ကုန်-မန္တလေး အစုံ/အဆန် တစ်နှစ်လျှင် သုံးကြိမ် ပြေးဆွဲပေး
နေသော အဆိုပါဈေးသင်္ဘောကြီးအား ဆက်လက်အရှုံးခံပြေး
ဆွဲရန် ခက်ခဲလာသောကြောင့် ယခုလို ပုဂ္ဂလိကပိုင်အဖြစ် လွဲပြောင်း ရကြောင်း သိရ သည်။

"ဒီနှစ်မှာထူးခြားတာတွေက စက်သုံးဆီရောင်းချရမှု လျော့နည်း
လာတယ်။ ခရီးလမ်းတွေ ယာယီပိတ်တယ်။ ရေယာဉ်ကြီးတွေ
ပြေးဆွဲတဲ့နေရာ မှာ အရှုံးများလို့ ရေယဉ်ငယ်တွေနဲ့ အစားထိုး
ပြေးဆွဲရတယ်။ ဒါ့အပြင် ကချင်ပြည်နယ်ဘက်မှာ မငြိမ်သက်
တာတို့၊ ကုန်စည်စီးဆင်းမှု လျော့ နည်းလာတာတို့ကြောင့် ငှားရမ်း သင်္ဘောတွေ ငှားရမ်းရမှု လျော့နည်းလာပါတယ်။ အဲဒီလို အကြောင်းတွေကြောင့်လျာထားချက်တွေ မပြည့်မီ ခဲ့ပါဘူး။ ဝင်ငွေထက်အသုံးစရိတ်က များလာတဲ့အတွက် လာမယ့်နှစ်မှာ
ရှုံးလာနိုင်တဲ့ အနေအထားတွေ တွေ့နေရပါတယ်"ဟု ဦးမောင်မောင် လွင်က ပြောကြားသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် မြဧရာဈေးသင်္ဘော
အား တန်ဆာခစနစ်အစား ငှားရမ်းစနစ်အဖြစ် ပြောင်းလဲလုပ်
ဆောင်ပါက တစ်နှစ်လျှင် အမြတ်ငွေ ကျပ်သိန်း(၃ဝဝ)ကျော်
ရရှိမည်ဖြစ်ပြီး ထိုသို့ ပုဂ္ဂလိကပိုင် လုပ်ဆောင်ရန်အတွက် ၁၉၉၂ခုနှစ်မှစတင်ကာ နှစ်ပေါင်း (၂ဝ)ကျော် ဈေးရာင်းချနေ
သော ဈေးဆိုင်ခန်း(၆ဝ)မှာမူ သင်္ဘောပေါ်မှ ဖယ်ရှားပေးရမည်
ဖြစ်ကြောင်း သိရသည်။

ထက်နောင်နောင်

စစ်အာဏာရှင်တွေကပဲဖြစ်ဖြစ် ခရိုနီတွေကပဲဖြစ်ဖြစ် ၎င်းတို့ဆီမှရရှိတဲ့ငွေများနှင့်ပတ်သက်ပြီး အသုံးချတတ်ဖို့လို

စစ်အာဏာရှင်တွေကပဲဖြစ်ဖြစ် ခရိုနီတွေကပဲဖြစ်ဖြစ် ၎င်းတို့ဆီမှရရှိတဲ့ငွေများနှင့်ပတ်သက်ပြီး အသုံးချတတ်ဖို့လို
by Ko Balai Aung Soe on Saturday, 26 January 2013 at 10:55 ·
 

အခုတလောခရိုနီငွေတွေနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခရိုနီတွေဆီက ပညာရေးအလှူငွေများကို
ရယူလက်ခံခြင်းအပေါ် ယူသင့်မယူသင့်- လက်ခံသင့်မသင့်ကိုအချင်ပွါးငြင်းခုံမှုတွေပြုနေတာကြားသိနေရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အမြင်ကိုအနည်းငယ်တင်ပြလိုပါတယ်။

Friday, January 25, 2013

ပန်းတိုင် (The Goal)


ပန်းတိုင် (The Goal)
 
**ကျားကိုရှိခိုး -
နတ်ဆိုးပသ
ပါးစပ်ဟောင်းလောင်း
...အကြောင်းကြောင်း ကြောင့်
မိကျောင်းရဲရာ
အခွင့်မသာလျှင်
ကြမ္မာကိုယိုး
ဒီပံုမ်ၽိးနဲ ့
ဆူးၿခံ ုတိုးလို ့
ၿဖစ္ဖို ့လား????..၊
**မိုးမှောင်ကျပြီ -
လေပြင်းချွေလို့ 
ကမ်းခြေမမြင်
ပင်လယ်ပြင်ထဲ
လှိုင်းကြားဝဲမှာ
ရမ်းရော်လှော်ရင်း
နတ်သိကြားမ
ဘုရားတတယ်.....
လှော်တက်ကိုတင်
ရွက်မပြင်တော့-
လှေရှင်ကမ်းနဲ့ ဝေးနေဆဲ...၊
**ဘ၀သမုဒ် -
ဝဲမစုပ်ခင်
ရွက်တင်လှော်ခတ်
ကျော်ဖြတ်လှိုင်းလေ
ကမ်းခြေမမြင် တက်မတင်နဲ့ 
ကမ်းစပ်မရောက် တက်မမြောက်နဲ့ 
မသေအသက် ဇွဲမပျက်နဲ့ 
တစ်ရက်ကမ်းခြေတွေ့ လိမ့်မည်..။ ။


ဆူးနှင်း (၁၀၁/၁၀၂)
ဘုရားသုံးဆူ စစ်ဒေသ ။

Thursday, January 24, 2013

စာရေးဆရာနှင့် လွတ်လပ်မှု မြှုံးမိတဲ့ငါး




စာရေးဆရာနှင့် လွတ်လပ်မှု
မြှုံးမိတဲ့ငါး

(၁)
“ဦးလေး ကိုမင်းရှင်ကြီးက ဦးလေးကို အရေးကြီးတဲ့ ကိစ္စတခုအတွက်
တိုင်ပင်ချင်တယ်ဆိုပြီး တိုက်ကလာလာ စောင့်နေတာ သုံးလေးရက်တောင်
ရှိသွားပြီ။”

“ဟေ.......ဟုတ်လား......”
ကျွန်နော်သည် အလန့်တကြား အာမေဋိတ်ပြုလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ....
ဦးလေးကိုမင်းရှင်ကြီးနှင့် အရေးကြီးတဲ့ ကိစ္စတခု ဆိုသောအကြောင်းအရာများ
ပါရှိလာသောကြောင့် ဖြစ်လေသည်။

စာရေးဆရာ မင်းရှင်သည် ကျွန်နော်နှင့် စာရေးဖော် ရေးဖက်
မိတ်ဆွေတဦးဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး အပြီးလောက်မှစ၍ အတူတကွ
စတင်စာရေးသူများလည်း ဖြစ်လေသည်။ ကျွန်နော်တို့ နှစ်ဦး၏
မိတ်ဆွေသက်တမ်းသည် ဆယ့်ငါးနှစ်ကျော်ကျော် ဆယ့်ခြောက်နှစ် နီးပါးခန့်မျှ
ရှည်လျားကြာမြင့် ခဲ့ပေပြီ။



Wednesday, January 23, 2013

အမေက မမတို့ကို အားကိုးစရာမလိုပါဘူး ဆိုလာတဲ့ ချစ်သုဝေ

MMA ။ ။ လက်ရှိအနုပညာလှုပ်ရှားမှုကို ပြောပါအုံး။
...

MMA ။ ။ လက်ရှိအနုပညာလှုပ်ရှားမှုကို ပြောပါအုံး။
...
CTW ။ ။ ဒါရိုက်တာမိုက်တီး၊ ဇာတ်ညွှန်း ဂေါက်ကြီး
ရိုက်ကူးတဲ့ တိုင်ပတ်တယ် ဇာတ်ကားကို ပြေတီဦးနဲ့
ရိုက်နေပါတယ်။ ရိုးရိုးဖန်စီကားလေးပါ။ မမ ရိုက်တဲ့ကားတွေက ပေါ့ပေါ့ပါးပါးလေး တွေပါပဲ။

MMA ။ ။ ပွင့်လင်းလာတဲ့အပေါ်မှာ အစ်မ အနေနဲ့ ဘယ်လို ကာရိုက်တာမျိုးတွေ ရိုက်ချင်လဲ။

CTW ။ ။ ဆင်ဆာတွေ လျော့ပေါ့လာတော့ မမတို့ လုပ်နိုင်ခွင့်၊ လုပ်နိုင်တာတွေ များလာတယ်။ အဓိကတော့ ပေးတဲ့ အခွင့်ရေးပေါ်မှာ ပိုပိုသာသာ မယူမိဖို့ အရေးကြီးတာပါပဲ။ လွတ်လပ်ပွင့်လင်းလာတဲ့ အပေါ်မှာ မရိုက်သင့် မရိုက်ထိုက်တဲ့ ကာရိုက်တာလေးတွေ၊ အရင်လို ဆင်ဆာမရတဲ့ ဟာလေးတွေတို့၊ သွေးထွက်သံယို အရမ်းများတာ မရတာတို့ အဲလိုလေးတွေမှာတော့ ရရှိလာတဲ့ အခွင့်အရေးလေးတွေ ရှိလာတာပေါ့။ ဒီအပေါ်မှာမှ ကိုယ်ရိုက်ချင်တဲ့ ကာရိုက်တာ ဆိုတာတွေ ထွေထွေထူးထူး မရှိပါဘူး။

MMA ။ ။ အစ်မအနေနဲ့ ကာရိုက်တာ အစုံ သရုပ်ဆောင်ဖူးပြီလား။

CTW ။ ။ မမ သက်တမ်းက နုပါသေးတယ်။ ကာရိုက်တာ
အစုံတော့ သရုပ်မဆောင် ရသေးပါဘူး။ ခုတော့ နည်းနည်းလေး
စုံလာတဲ့ သဘောတော့ ရှိတဲ့ အဆင့်လောက်ပါပဲ။

MMA ။ ။ လက်ရှိ အနုပညာလောကကိုရော အစ်မအနေနဲ့ ဘယ်လိုမြင်လဲ။

CTW ။ ။ လောကတိုင်းမှာ ဖြစ်ပျက်နေသလိုပဲ အနုပညာလောကမှာလည်း ဖြစ်ပျက်နေတယ်။ ဒီလိုပဲ အကောင်းတွေ၊ အဆိုးတွေ ဒွန်တွဲနေတယ်။ လူကောင်းတွေ ရှိသလို၊ လူဆိုးတွေလည်း ရှိတယ်။ ဒွန်တွဲနေတာပဲ။ ဒါဘယ်လောကမဆို ယေဘုအားအမြင်ပဲ
မြင်တတ်တယ်။ ကိုယ်လည်း အရမ်းသိ၊ အရမ်းတတ်၊
အရမ်းတော်နေတာ မဟုတ်တော့ လောကကြီး တစ်ခုလုံးကို
ဝေဖန်ရအောင် မမ မဝေဖန်တတ်ဘူး။

MMA ။ ။ အခုဆို ဒေါ်အောင်ဆန်းစုကြည် ပွဲတွေမှာ အစ်မကို တွေ့နေရတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ ပါဝင်ကူညီ
ဖြစ်တာလဲ။

CTW ။ ။ မမတို့က ပွင့်လင်းလာတဲ့ အချိန်ကတည်းက
မဟုတ်ဘူး။ ဟိုး မပွင့်လင်းခင်၊ မဲမရွေးခင် အချိန်ကတည်းက၊
Do or Die အချိန်ကတည်းက စိတ်ဓာတ်ရှိလို့ မမတို့ လုပ်ခဲ့ကြတာ။ ဘယ်လိုရည်ရွယ်ချက်ကြောင့်မှ မဟုတ်ဘူး။ အမေ့ကို ဦးနှောက်ရော၊ နှလုံးသားရော လက်ခံလို့ ရတယ်၊ ချစ်တယ်။
အဲဒီ အတွက် ကိုယ်လုပ်လို့ ရတဲ့အရာလေးတွေ ကိုယ်လုပ်ပေးတယ်။ အနုပညာအားဆို အနုပညာအား အရာအားလုံးပေါ့။ ကိုယ်ယုံကြည်လို့ ရတဲ့သူ၊ ကိုယ်ချစ်တဲ့သူမို့ ကိုယ်လုပ်ချင်လို့ကို ဝင်လုပ်ပေးတာ။ ဒီကိစ္စမှ မဟုတ်ဘူး၊ မမက ဘယ်ကိစ္စမဆို ရည်ရွယ်ချက်နဲ့ မရှင်သန်တတ်ဘူး။ ကိုယ့်စိတ်ပါ၊ ကိုယ်စေတနာရှိရင် ကိုယ်လုပ်ချင်မှ ထလုပ်လိုက်တဲ့
အရာတွေ များတယ်။ ဒီအလုပ်တစ်ခုကို ကိုယ်လုပ်လိုက်လို့
ဘယ်အရာတွေ ကိုယ်ပြန်ရမလဲ image ပြန်ရတာတို့၊ ပိုက်ဆံ
ပြန်ရတို့၊ အရာရာပေါ့လေ ဘယ်ကိစ္စမဆို ပြောတာနော်။ တစ်ခုခု
ပြန်ရလို့ လုပ်တယ်ဆိုတာ တော်တော်ကို မသန့်စင်တဲ့ ကိစ္စပဲ။ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံတဲ့ ကိစ္စပဲ။ အဲလို ကိစ္စနဲ့ မမဘယ်အလုပ်မှ မလုပ်ဘူး။ လူမှုရေးလည်း မလုပ်ဘူး၊ စီးပွားရေးလည်း မလုပ်ဘူး၊ မမ အနုပညာ အလုပ် လည်း မလုပ်ဘူး။ ဥပမာ ကျောင်းပွဲတစ်ခုမှာ ပိုက်ဆံမရဘူး။ မမဆိုချင်ရင် သွားဆိုမှာပဲ။ မမစိတ်၊ မမသဘောနဲ့ ပဲဆိုင်တယ်။ တစ်ခုခု ပြန်ရမှဆိုတာကို မမ မကြိုက်ဘူး။ ရိုးရှင်းသော လက်ဆောင်ပေးမှု ကိစ္စလေးမှာ မမချစ်ရင် မမလက်ဆောင်ပေး
လိုက်တယ်။ ဒီလက်ဆောင် ပေးလိုက်လို့ သူ့ဆီက ဘာပြန်ရမယ်ဆိုတဲ့ စိတ်မျိုးရှိရင် စေတနာသည်လည်း မသန့်တော့ဘူး။ စိတ်သည်လည်း မသန့်တော့ဘူး။ အရာအားလုံးက မသန့်စင်တော့ဘူး။ မမက အဲလို ရှင်သန်လို့ ရတဲ့ထဲမှာ မပါဘူး။ အဲလို လုပ်နေ၊ ကိုင်နေကြတဲ့ အပေါ်မှာလည်း ဘေးကနေ ကြည်ရင် ရှက်မိတယ်။ ကိုယ်ကိုတိုင် လုပ်မိရင် သေသွားမလား မသိဘူး။ ဥပမာ အနေနဲ့ ပြောပြတာနော်။ အမေစုရဲ့ ပွဲတွေမှာ ဘာလို့ လုပ်ရတာလည်းဆိုရင် မပွင့်လင်းခင်
အချိန်ကတည်းက ချစ်လို့ လုပ်တာ ဒါပဲ။ ဦးနှောက်ကလည်း ချစ်တယ်၊ နှလုံးသားကလည်း ချစ်တယ်။ အဲဒီအတွက် လုပ်တာဒါပဲ။ ဘာရည်ရွယ်ချက်မှ မပါဘူး။

MMA ။ ။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာမှာ Celebrity အနေနဲ့ ဘယ်လောက်ထိ ပါဝင်ပံ့ပိုးမှု ပါလာနိုင်သလဲ။ ဘယ်လောက်ထိ လိုအပ်လဲ။

CTW ။ ။ Celebrity မှမဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်တဲ့ အခါမှာ ပြည်သူတွေ အားလုံးလိုတယ်။ ပြည်သူတွေမှာ စီးပွားရေး လုပ်ငန်းရှင် ပါမယ်၊ အနုပညာရှင်တွေ ပါမယ်၊ ကျောင်းသူ၊ ကျောင်းသားတွေ ပါမယ်။ အခန်းကဏ္ဍစုံ ရှိတယ်။ ကဏ္ဍစုံ အားလုံးက တတ်ညီလက်ညီ လှုပ်ရှားမှ နိုင်ငံတစ်နိုင်ငံ တည်ဆောက်လို့ရမယ်။ တည်ဆောက်တဲ့ အခါမှာ တည်ဆောက်ပြီး အကူညီဖြစ်သွားပြီ ဒါကို အတည်ပြုမယ် ထိုးဖောက်မယ့် အချိန်ကျမျိုးကျတော့ အတတ်ပညာက အရေးကြီးတယ်။ ဥပမာ ပြောရရင် ကိုးရီးယား အတတ်ပညာနဲ့ ဝင်လာတယ်၊ အတတ်ပညာနဲ့ ထိုးဖောက်တယ်။ အဲဒီမှာ စီးပွားရေးလုပ်ငန်းက နောက်ကလိုက်လာတယ်။ ကိုယ့်နိုင်ငံ imageကတတ်လာတယ်။ ကမ္ကာက သိလာတယ် ဒါမျိုးပေါ့။ ဒါကို ပြုပြင်မွန်းမံ လိုက်တယ်။ တည်ဆောက်လိုက်တဲ့အခါ ကဏ္ဍအစုံက လိုအပ်တယ်။ ကဏ္ဍအစုံက ပညာတွေတတ်နေဖို့ လိုတယ်။

MMA ။ ။ အခုဆို ဒေါ်အောင်ဆန်းစုကြည်က အနုပညာရှင်တွေကို အားကိုးလာတယ်၊ အားကိုးလာတဲ့ အပေါ်မှာရော အနုပညာရှင်တွေဘက်က ဘာတွေလိုအပ်လိမ့်မယ်လို့ ထင်လဲ။

CTW ။ ။ အိုး..အမေက မမတို့ကို အားကိုးစရာ မလိုပါဘူး။ အားလည်းမကိုးပါဘူး။ အဲဒီ စကား မှားနေပြီ ထင်တယ်။ မမတို့တွေကိုက ပျော်လို့လုပ်ပေးတာလေ။ မမ အမြင်သီးသန့် ကိုပြောတာနော်။

MMA ။ ။ လာမယ့် ဖေဖော်ဝါရီ(၁၄)မှာ ဘာလုပ်ဖို့ အစီစဉ်ရှိလဲ။

CTW ။ ။ ဖေဖဝါရီလက မမကားရိုက်နားတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ စတိတ်ရှိုးလေးတွေ များနေတယ်။ ပြီးတော့ မမရဲ့
အခွေလေးကို စတည်ချင်တယ်။ စတိတ်ရှိုးများတော့ ကြားရက်တွေမှာ ဘယ်လိုမှ တည်ဖို့ အဆင်မပြေဘူး။ ကားရိုက်ကို ခဏနားထားမယ်။ စတိတ်ရှိုး ဆိုမယ်။ မမရဲ့ မီးအိမ်ကဗျာ VCDကို အပြတ်ဖြတ်မယ်။

MMA ။ ။ အစ်မ ပရိသတ်ကို ပြောချင်တဲ့ စကားလေးရှိရင်
ပြောပါအုံး။

CTW ။ ။ မမက လူတွေကို ချစ်တယ်။ ကိုယ့်အပေါ်
မေတ္တာထားတဲ့ သူတွေရော ချစ်တယ်။ မေတ္တာမထားတဲ့
သူတွေကိုရော မေတ္တာထားနိုင်အောင်၊ ချစ်နိုင်အောင် အမြဲထားတယ်။
လူသားအားလုံး မမရဲ့ ပရိသတ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် စိတ်ချမ်းသာပါစေ၊ ကိုယ်ချမ်းသာပါစေ၊ အဓိပ္ပာယ်ရှိကြတဲ့ လူသားတွေ ဖြစ်ကြပါစေလို့ ၊ ကျွန်မတို့ အတူတူ ကြိုးစားကြအောင်လို့ ဒီလိုနည်းနဲ့ပဲ ကမ္မာကြီးကို ရန်နည်းသော၊ လှပသော ကမ္မာကြီး ဖြစ်အောင် တည်ဆောက်နိုင်မယ်လေ။
 

copy from https://www.facebook.com/#!/pages/The-Myanma-Age/531356690226816 မှ

Tuesday, January 22, 2013

ရန်ကုန်မှာ ရောက်နေတဲ့တရုတ်လူမျိုး ရိုက်စားဆေးခန်းအကြောင်း

ရန်ကုန်မှာ ရောက်နေတဲ့တရုတ်လူမျိုး ရိုက်စားဆေးခန်းအကြောင်း
 
ရန်ကုန်မြို့  လသာမြို့နယ် ရှိ စဉ့် အိုးတန်းလမ်း အောက်ဘလောက်မှာရှိတဲ့ " ခေတ်မှီ " ဆေးခန်း အကြောင်းနဲ့ ပတ်သက်လို့  သိသမျှ ဖောက်သည်ချ လိုက်ချင်ပါတယ် ...ဖြစ်ရပ်မှန် ကိုယ်တွေ့ ပါခုတစ်လော ...ဂျာနယ်တွေ မှာ ဆက်တိုက်ဆိုသလို ကြော်ငြာအားကောင်းကောင်းနဲ့  တွေ့ နေရတော့ ...အနာနဲ့ ဆေး တည့် မလားဆိုပြီး တိုက်တိုက်ဆိုင်ဆိုင် ရောက်သွားခဲ့တယ်စရောက်တည်းက သတိထားမိတာက ....ဆေးခန်းအပြင်ဘက်မှာ အထွေထွေရောဂါကုဆရာဝန်၂ယောက်အမည်ပဲဆိုင်းဘုတ်ချိတ်ထားတာတွေ့  ရတယ်။
 
အဲ့ဒီ ဆရာဝန်၂ယောက် က မြန်မာ နာမည် နဲ့ .... ပါနောက် တစ်ချက်က ....လူနာမှတ်တမ်း စာအုပ်ယူပြီးတာနဲ့ ပိုက်ဆံ ၅၀၀၀/ စတောင်းပါတယ် ဒါလဲ ထားတော့ ...နောက်တစ်ချက် က .... ဆရာ လာပြီတဲ့ ဆိုပြီးနာမည်ခေါ်တော့ ....ကျမ အထင်က မြန်မာဆရာဝန်ပဲထင်ခဲ့တာပါ
အဲ့ဒီမှာ စတွေ့ တော့တာပါပဲ .... ဆရာဝန်က တရုတ် လူမျိုးအသက် ၃၀ ခန့်  မြန်မာ စကားမတတ်ဘူး မြန်မာ တရုတ်ကောင်မလေး တစ်ယောက်က စကားပြန်လုပ်ပေးတယ် ...အရင်က ကျှီးပေါင်း ဖြစ်ဖူးလို့  မြန်မာဆရာဝန်နဲ့  ပြတာ ပျောက်သွားပြီးကာမှ .... အခန့် မသင့်တော့
ပြန်ဖြစ် ချင်သလို ဖြစ်တာနဲ့  ခုတစ်လော ဂျာနယ်တွေ မှာ ကြော်ငြာ ကောင်းတာကြောင့် ဒီဆေးခန်းကို လာခဲ့မိတာ ..မေးကြည့် တော့ တရုတ်တိုင်းရင်းဆေး ဆရာလို့ ပြောတယ်။ ဒါပေမယ့် ..ဘာအထောက်အထားမှ မရှိ ဘူး အနည်းဆုံး တိုင်းရင်းဆေးအသိအမှတ်ပြု လက်မှတ် တစ်ခုခုပေါ့ ...အဲ့ဒါလည်းမတွေ့ ရပါဘူး ....
အဓိကပြောပြချင်တာက ဆေးကို ရက်၃၀ သောက်ရမယ်ပြောတယ် ..ပုခုံး ၂ဖတ် ကိုလည်းဆေးထိုးရမယ်လို့ ပြောတယ် ...ဘာမှလဲ သေချာ စစ်ဆေးပေးတာမျိုးလည်းမရှိဘူးဒါပေမယ့် သောက်ရမယ့် ဆေးဖိုးက လေးသောင်းကျမယ်လို့ပြောတယ်။
ထင်လိုက်တာက ရက် ၃၀ စာကို ဆေးဖိုး ငွေ လေးသောင်း လို့ထင်လိုက်တာ ... အဲ့ဒီအချိန်မှာ ဆရာဝန်ကို လည်းသိပ်မကြိုက်တော့ ..ဆေးလည်းမထိုးချင်ဘူး သောက်ဆေးကို လည်း၁၅ ရက်စာပဲ ယူမယ်လို့ ပြောလိုက်တယ် ....အဲ့ဒီ တော့ ကောင်မလေးက ပိုက်ဆံ အရင်ရှင်းရမယ် လို့ ပြောတယ် ဘောင်ချာမှာ ရေးထားတာ ကြည့် လိုက်တော့600000(ခြောက်သိန်း)တိတိဖြစ်နေတာကိုတွေ့ လိုက်ရတယ် ..
သေချာအောင် မေးကြည့်လိုက်တော့မှ ဆေးတစ်ရက် စာ ကိုလေးသောင်း ဆိုပြီးပြောတယ် .....အံ့ သြ လွန်းလို့ ယုံတောင် မယုံ နိုင်ပါဘူး
သောက်သေး ၃မျိုး နှင့် ကပ်ခွာ တစ်ခု တစ်ရက် စာ ကို လေးသောင်းကျ တယ် ဆိုတာ ဘယ်လိုဆေးမျိုးပါလဲစိတ်ဝင်စားစရာပါပဲအဲ့ဒါနဲ့စကားအချေအတင်မပြောချင်တော့တာနဲ့၂ရက်စာရှစ်သောင်းဖိုး ၀ယ်လာခဲ့ရပါတော့တယ်။ ....
ဒါပေမယ့် အဲ့ဒီဆေးကိုမသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ် .... ကိုယ် မသိတာတွေ သိခဲ့ရလို့  ရှစ်သောင်းတန်တယ်လို့ ပဲ စိတ်ဖြေလိုက်ပါတယ် မနက်ဖြန်ကစပြီးအဲ့ဒီ ဆေးခန်းကိုဆက်လက်စုံစမ်းသွား ပြီးအမှန်တရားကိုဖော်ထုတ်သွား မှာဖြစ်ပါတယ်။ကိုယ့်လိုမဖြစ်ရလေအောင် ဓာတ်ပုံနှင့် တကွတင်ပြ လိုက်ပါတယ်။
 copy from foreverfriends mail မှ
 

သရီးဘိုင်ဖိုး ၉၀ အင်းဆက်များ

                         သရီးဘိုင်ဖိုး ၉၀ အင်းဆက်များ                                
(လင်းသစ်ဝေ)
 
အမှောင်ခေတ်ရဲ့ အမိုက်မဲဆုံးရလဒ်ပဲ
သိမှုနယ်ပယ်၊ အတွေးအခေါ်နဲ့ အစွမ်းအစများ
နှစ်လေးဆယ်စာ နောက်ကျကျန်ရစ်ခဲ့တယ်။


 အနှစ်နှစ်ဆယ်ကြာ ထိုးဖောက်ခဲ့တဲ့ အကြောက်တရား
အဲဒီအကြောက်တရားက အသွေးအသားထဲမှာ စိမ့်ဝင်
ဝင်လာသမျှ ဒေါသကို
ဂိမ်းစက်ထဲက ဓားတွေနဲ့ အာသာဖြေခဲ့တယ်
ပြီးတော့ မရယ်ရတဲ့ ဟာသကားတွေကိုပဲ
ရယ်ရယ်မောမော ကြည့်တတ်လာခဲ့တယ်။

 သရီးဘိုင်ဖိုး ၉၀ အင်းဆက်များ . . .
လူလားမြောက်ပြီဆိုတာနဲ့ နိုင်ငံခြား
ထွက်မယ်ဆိုတာချည်းပဲ
ပညာနဲ့ပိုက်ဆံ တန်းတူမှ အတန်းတက်နိုင်တဲ့ ခေတ်
၂၄ နာရီ ကြက်တူရွေးစာသင်ခန်းနဲ့
ငွေနဲ့ဝယ်တဲ့ ပညာရေးနဲ့ နိုင်ငံခြားမှာ
ပြေးပြေးလွှားလွှားကြပ်ကြပ်သိပ်သိပ် ပညာသင်
တချို့က လယ်ပေါင်ယာပေါင် ရှိသမျှရောင်းချ
လူမျိုးခြားခိုင်းသမျှ ခေါင်းငုံ့ခံ
မသေထမင်း မသေဟင်းနဲ့ မသေရုံတမယ်
ခြစ်ခြစ်ခြုပ်ခြုပ် ငွေစု
သူ့ပခုံးပေါ်ထမ်းထားရတဲ့ မိသားစုဆီ ပြန်ပြန်ပို့လို့
ငွေရောက်လာပြီး လူရောက်မလာတဲ့ မိသားစုတွေ
လူရောက်လာပြီး ငွေပါမလာလို့
အကြွေးထူနေရတဲ့ မိသားစုတွေ . . . ထုနဲ့ ထည်နဲ့
၁၂ ရာသီ ရွှံ့ထဲ ဗွက်ထဲ တောထဲ တောင်ထဲက
ရုန်းမထွက်နိုင်သူ ကျေးလက်လူငယ်တချို့နဲ့
ရှိသမျှအချိန် လက်ဖက်ရည်ဆိုင်မှာ ပုံအပ်ထားသူတစ်ချို့နဲ့
အသွေးအသား ရောင်းဝယ်ဖောက်ကား တွင်ကျယ်မှုနဲ့
နယ်ပယ်လေး နည်းနည်းခြားလာပြီဆို
တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုခက်ခဲလာတဲ့ ခေတ်
ဟစ်ဟော့ပ်ဂီတ အဖော်အချွန် ဆက်ဆီဂဲလ်နဲ့
ညစ်ညမ်းဗွီဒီယိုတွေ ခေတ်စားလာတဲ့ ခေတ်
အမှောင်ခေတ်ရဲ့ တန်စာခံအင်းဆက်တွေရဲ့ အဖြစ်ပေါ့
ပွင့်လင်းမြင်သာမှုရှိလာတယ်ဆိုတဲ့ ခေတ်မှာ
ဘယ်သူ့ဆရာတင်ရမလဲ ကိစ္စနဲ့
အသားထဲက လောက်ထွက်တဲ့ ပြဿနာနဲ့
အိမ်ကြက်ချင်း အိုးမဲအသုတ်ခံရတဲ့ အဖြစ်နဲ့
လမ်းပေါ်ထွက် တက်ညီလက်ညီ လက်သီးလက်မောင်းတန်းသူတချို့နဲ့
အင်တာနက်ထဲက ခေါင်းမထွက်နိုင်သူတချို့နဲ့
မနက် (၇) နာရီ ည (၇) အရောင်းဝန်ထမ်းဘဝနဲ့
ငြိမ်းချမ်းရေးနဲ့ ဧရာဝတီနဲ့ NGO နဲ့ INGO နဲ့
လူမှုကွန်ယက်နဲ့ သဘာဝဘေးအန္တရာယ်နဲ့
လူက လူကိုမြိုတဲ့ လူမျိုးကြီးဝါဒနဲ့
ပြည်တွင်းစစ်နဲ့ ဒုက္ခသည်စခန်းနဲ့
ငွေပေးငွေယူ လူလိမ်လူကောက်ပြဿနာနဲ့
အခုထိ တန်စာခံဘဝက မကျွန်မလွှတ်နိုင်သေးတဲ့
သရီးဘိုင်ဖိုး ၉၀ အင်းဆက်များ။ ။


copy from 8888 NEW GENERATION​S Mail group မှ

Sunday, January 20, 2013


ရန်ကုန်လည်ပြန်
 
ခြင်္သေ့ရုပ်တုတွေ
မျက်စောင်းခဲနေတဲ့ ဆူးလေဘုရား
ခိုပြာခိုနက်ကလည်း လူလန့်စာစား။
ဗန္ဓုလကျောက်တိုင်လား
ဓားလွတ်တောင် မထောင်နိုင်။
အမှိုက်က စ
ပြာဿဒ်မီးလောင်ပဲ ကြားဖူးပါတယ်
အမှိုက်မသိမ်းလို့
ကာရာအိုကေယိမ်းက
အမှိုက်ပုံဘေးမှာ
တော်သလင်းအိမ်ရာဖြစ်သတဲ့။
လေလံသာပစ်
ဘာဖြစ်ဖြစ်၊ ဖြစ်တဲ့ခေတ်လို့
အရေးတော်ပုံ ၂၄ နှစ်သား
နိုင်ကျဉ်းကျောင်းသားတယောက်က ခနဲ့တယ်။
ရေးတတ်ရင် ၀တ္ထုဖြစ်သလို
ဝတ်တတ်ရင် ပေါ်ပင်ဖြစ်မှာပါ
ဆင်ဆာမဲ့ မီဒီယာခေတ်ဦး
အသစ်ဖူးတွေနဲ့ တဝေေ၀ ဆိုသူက ဆို။
ပြည်တော်ပြန်
အသံတချို့က
ညှီစော်နံသတဲ့၊ ဆိုမယ့်ပြောမယ့်သူတော့ ရှိသေး။
သင်းခွဲရတာ၊ ထင်းခွဲရတာလောက်
မခက်ပါဘူး ကိုယ့်လူရာ ဆိုပါလား
မီဒီယာမှာ ကြားမိတာ။
အဲလိုကောင်စားတွေကိုများ
နင့်မေကလွှား၊ မင်းတို့မို့
လက်ဖ၀ါးချင်းထပ်၊ ပါးချင်းကပ်ကြရတယ်လို့။ ။
မောင်လွမ်းဏီ
၁၅-၁-၂၀၁၃
copy from 8888 NEW GENERATION​S Mail group မှ

Saturday, January 19, 2013

မိမိကိုယ်သာ.....

**သူသူငါငါ ဖြစ်လိုရာကို
ဘယ်နတ်ဒေoါ မ,နိုင်မှာလဲ။

ရောဂါအဖြာဖြာ ဖြစ်တတ်ရာကို
ဘယ်ပျောက်စေဆရာ ကုနိုင်မှာလဲ။

စုံစီနဖာ ပြဿနာကို
ဘယ်မေခလာ ကယ်နိုင်မှာလဲ။
...
**ဘယ်လမ်းဘယ်ပန်း ဘယ်ခရီးဘယ်ထီး
ဆင်ခြင်ပြီးကာ မိမိဘာသာ
သွားလာသတိ ဥာဏ်အသိနဲ့ 
ပေါင်းညှိလိုက်နာ ဘယ်ဟာမလို
ဘာဆိုမသင့် ဘာဖြင့်မကောင်း
အကြောင်းအကျိုး အဆိုးအပြစ်
စိစစ်ရွေးကာ ရွက်ဆောင်ပါမှ
အတ္တာဟိအတ္တနော သဘောအစစ်
အမှန်ဖြစ်မှာ လွန်သေချာ၏ ။ ။
ဆူးနှင်း
 

မိန်းကလေးတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း

ဝဲလောင်ရွာသူတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း
အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် အသက် ၃၀ကျော်
အညာကျေးလက်သူတဦးကို မယားငယ်အဖြစ် တရားမ၀င် အဓမ္မ ပေါင်းသင်းနေသည်ဟုစုံစမ်းသိရသည်

တရားဝင်မယားကြီး ဒေါ်ခင်ရီရှိပါလျက် အသက် ၇၀ကျော် ၀န်ကြီးဟောင်း
ဦးအောင်သောင်း တရားမ၀င် အလိုမတူပဲ ပေါင်းသင်းနေသည့် မယားငယ်ဖြစ်သူမှာတောင်သာမြို့နယ် ၀ဲလောင်ရွာနေ အသက် ၃၀ကျော် မအေးမို့မို့လှိုင် ဖြစ်သည်။

မအေးမို့မို့လှိုင်နှင့်အခြား မိန်းကလေများကို ၀န်ကြီး
ဦးအောင်သောင်းအိမ်တွင် အိမ်ဖော်လုပ်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့်
ဝဲလောင်ရွာမြောက်ဘက် ခံပင်ကွေ့ရွာနေ ဒေါ်ဒေါင်းသမီးနှင့်အဖွဲ့က
လူကုန်ကုးသည့်ပုံစံမျိုးဖြင့် စုဆောင်းပေးခဲ့ခြင်းဖြစ်သည်။

ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို အိမ်ဖော်မလုပ်ခိုင်းပဲ
ဝန်ကြီး၏တယ်လီလီဖုန်းကိုင်သူ ကိုယ်ရေးအရာရှီအဖြစ်ထားရှိပြီးနောက်
ဇနိးမယားအဖြစ် သိမ်းပိုက်ခဲ့သည်ဟု မအေးမို့မို့လှိုင်၏
ဆွေမျိုးတဦးကပြောသည်။

အိမ်ဖော်မိန်းကလေး မည်မျှ ဦးအောင်သောင်း
ဖျက်ဆီးခဲံသည်ကိ တိတိကျကျ မသိရသေးသဖြင့် စုံစမ်းနေဆဲဖြစ်သည်။

အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို
တရားဝင်မဟုတ်သည့် မယားငယ်သဘော ပေါင်းသင်းပြီး နေပြည်တော်မှာ
တိုက်ခန်းနှင့်ထားသည်ဟု မရေမရာ သတင်းကြားသော်လည်း ၁၀နှစ်ကျော်
ပျောက်ဆုံးနေသည့် မအေးမို့မို့လှိုင်အတွက် ဆွေမျိုးများကစိတ်ပူပြီး
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သမ္မတ ဦးသိန်းစိန်ထံ စာရေးတိုင်မည်ဟု သိရသည်။

မအေးမို့မို့လှိုင်နှင့် ရသည့်ကလေး (ယောကျားလေး) ကို ဦးအောင်သောင်း၏
ရန်ကုန်အိမ်မှာ ထားရှိသည်။ အသက် ၈၀နီးသည့်တိုင် အညာဒေသမှ
မိန်းကလေးများကို ဖျက်ဆီးနေသည့် ဦးအောင်သောင်းကို တောင်သာ နယ်ခံများအော့နှလုံးနာနေသည်ဟု သိရသည်။

Posted From Vicky Mandra
http://www.myanmardailynews.org/2013/01/blog-post_8094.html

Friday, January 4, 2013


 
နှစ်သစ်သို့ကြေးနန်းစာ
 
 
သူငယ်ချင်းရေ
မင်းပြောပြောနေတဲ့ ဒါဏ်ရာတွေနဲ့ ဒိုင်ရာရီမြို့ပြ
နှစ်ဆယ့်တစ်ရာစု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်
ဒုတိယပင်လုံ စစ်စစ်နဲ့ ဝေးကြရတော့မှာလား။
 
 
ပြည်တော်ပြန်
မိုးတိမ်ဝတ် လျှက်စီးတွေ ရွှေ့လျှားလင်းလက်
ထက်ချုန်းသံပေး ပြေးထွက်သွားခဲ့ပုံများ
ဘောင်းဘီလက်ရှည် ဦးထုပ်လက်ပြတ်များနဲ့
မြွေတွေလိုတွားယားသွား
ညခင်းကြောင်တောင် လရောင်အောက်
ခြေရာတွေက
မိုးစွေသလိုစွေလို့။
 
 
မာယာပြက္ဒိန်အလိုအရ
၂၀၁၂ ဒီဇင်ဘာ၂၁ ရက်နေ့ဟာကမ္ဘာပျက်မယ်တဲ့
မေတ္တာတရားတွေမွှေးပျံ့နေတဲ့ ကမ္ဘာမြေ
ကမ္ဘာမပျက်ခဲ့ပါဘူး … … …၊
 
 
ဒါပေမဲ့ တို့(ဒို့)သွေးချင်း
ကချင်တို့(ဒို့)ရဲ့မနောမြေ
အုပ်အုပ်ကြွက်ကြွက် မေခနဲ့မလိခ က မ္ဘာပျက်ခဲ့ရပြီ။
 
 
ခေတ်အဆက်ဆက်
ဖိုးဘွား၊ဘီ၊ဘင်ပိုင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်
သမိုင်းအရိုးစုတွေထိုးထိုးထောင်ထောင်ထနေတဲ့
လောကပါလတရားတွေထွန်းကားရာ ရခိုင်တို့(ဒို့)ဌာနေ
သွေးပင်လယ်ဝေ လှပတဲ့ ဘ၀တွေကြွေခဲ့ရပြီ။
 
မြန်မာ့ဂုဏ်ဆောင် 
အထင်ကရသာသနာ့အကျော်အမော်
လယ်တီဆရာတော်ဘုရားကြီးရဲ့ဓမ္မနယ်မြေ
ခရိုနီနေတွေလက်ထဲ လက်ပံတောင်းတောင်ရင်အုံကွဲ
အပြစ်မဲ့ ကျေးလက်က မြေဇာပင်တွေနင်းခြေခံခဲ့ရပြီ။
 
 
စစ်ပွဲတွေမပြီးသေးတဲ့
မြို့သစ်ကြီးထဲ
ခေတ်အဆက်ဆက် အဖိနှိပ်ခံများ
နာကျည်းပေါက်ကွဲသံတွေက
တောမီးရိုင်းပမာ
မျည်ဟီးတောက်လောင်လာနေပေါ့။
 
 
 
အရိမေတ္တယဘုရားလောင်းလျှာပွင့်လာတဲ့အခါ
ကမ္ဘာမြေကြီးဟာငိုကြွေးရဦးမယ်တဲ့။
 
 
အမိမြန်မာမြေကြီးဟာလည်း
နှစ်ဆယ့်တစ်ရာစု
ဒုတိယပင်လုံနဲ့ဝေးကွာခဲ့ရင်
အမိမြေကြီးရဲ့မိခင်များစွာဟာလည်း
ပုစဉ်းရင်ကွဲတစ်ကောင်ရဲ့အော်ညီးသံလို
ငိုကြွေကြရဦးမယ်။

ဆွေနိုင်