Saturday, May 29, 2010
မြို့ကြီးရှင်သန်နေပုံ
မြို့ကြီးရှင်သန်နေပုံ
(ဆွေနိုင်)
လူ့ဘဝသက်တမ်းတမျှ
စနစ်ဆိုးဆိုး ဝတ်ဆင်ထားတဲ့
ဟောဒီမြို့ကြီး
ဖြတ်ညှပ်ကပ့့် 
မိကျောင်းမျက်လုံးတွေနဲ့
အုံးအုံးကြွက်ကြွက်
ခွေးလေခွေးလွင့်တွေ
ထမ်းပိုးလို့ 
လမ်းဖြောင့်ပေါ်မှာ
နိုင်ထက်စီးနင်း။
အုပ်နီခဲနဲ့ထိုက်တန်သူများအမည်စာရင်းထုတ်ပြန်ချက်
သူတို့ကတော့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် လှုပ်ရှားဆောင်ရွက်ခဲ့သူများဖြစ်ပြီး  ရေတို ရေရှည်စီမံကိန်းတွေနဲ့တိုင်းပြည်ကိုဖျက်စီးခဲ့ကြသော၊ပြည်သူလူထုကိုဂုတ်သွေးစုပ်၊လူတစ်စုကောင်းစားရေး၊တရားသေ၀ါဒနဲ့လူတလုံးသူတလုံးဖြစ်လာခဲ့ကြသူတွေပါ။ အခုလည်း န အ ဖ(နွားအ အဖွဲ့)ကပြုလုပ်မဲ့၂၀၁၀ ရွေးကောက်ပွဲဝင်ကြလေဦးမည်။
၂၀၁၀ ရွေးကောက်ပွဲမှာမဲမပေးပဲ အုပ်နီခဲကိုသာပေးသင့်သော(တ စ ည)ကြီးများအမည်စာရင်း
(မဆလ)ယခင်ရာထူး (တစည)ယခုပါတီတာဝန်
၁။ ဦးထွန်းရီ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဥက္ကဋ္ဌ
၂။ ဦးသန်းတင် ဒု-ဝန်ကြီးချုပ်၊ သတ္တုတွင်းဝန်ကြီး အထွေထွေအတွင်းရေးမှူး
၃။ ဦးခင်မောင်ကြီး ကုန်သွယ်ရေးဝန်ကြီး တွဲဖက်အထွေထွေအတွင်းရေးမှူး
၎။ ဦးချစ်လှိုင် ဒုကာကွယ်ရေးဦးစီးချုပ်-ရေ(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ နိုင်ငံခြားရေးဝန်ကြီး
၅။ ဦးလှထွန်း ဗိုလ်မှူးချုပ်(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဆောက်လုပ်ရေးဝန်ကြီး
၆။ သူရဦးစောဖြူ ဒုကာကွယ်ရေးဦးစီးချုပ်-လေ(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ သယ်ယူပို့ဆောင်ရေးဝန်ကြီး
၇။ ဦးထွေးဟန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး
၈။ ဦးသိန်းငွေ ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၉။ ဦးဗန်ကူး ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁ဝ။ ဦးစောကျော်ခင်ဝင်း ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၁။ ဦးထွန်းရင်လော ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၂။ ဦးခင်မောင်ကျော် အငြိမ်းစားဗိုလ်မှူးချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၃။ ဦးအေးစံ ဗိုလ်မှူးချုပ်(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၄။ ဦးသန်းလှ ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၅။ ဦးစိန်ရ ဒုဝန်ကြီး(သယ်ယူပို့ဆောင်ရေး-ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၆။ ဦးအောင်ဝင်း မွေး/ရေဒုဝန်ကြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဗိုလ်မှူးကြီး(ငြိမ်း)
၁၇။ ဦးမြမောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၈။ ဒေါ်မေမေအောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၁၉။ ဦးဟန်ရွှေ ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂ဝ။ ဦးထွန်းရီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၁။ ဦးစိန်အောင် ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၂။ ဦးဖေလိန်းမောင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ
၂၃။ ဦးရဲဝင်း ဗိုလ်မှူးကြီး(ငြိမ်း) ဗဟိုအလုပ်အမှုဆောင်ကော်မတီ တို့ ဖြစ်ကြသည်။
======================================================
သီရိမင်္ဂလာဈေးကို မရွှေ့ဖို့ ဈေးသူဈေးသားတွေ ဆန္ဒပြ
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်က သီရိမင်္ဂလာဈေးကို လှိုင်ဂေါက်ကွင်းနား ရွှေ့မယ်ဆိုပြီး မနေ့က မေ ၂၈ ရက် မနက်ပိုင်းမှာ ဈေးစည်ပင် ဌာနမှူး ဦးတင်ကိုကိုက ဈေးသူဈေးသားတွေကို အပေါ်ဆုံးထပ်က ဟက်ပီးဝေါလ်မှာရှိတဲ့ ခန်းမမှာ စည်းဝေးခေါ်ပြောတဲ့အခါ မရွှေ့ဘူး၊ မပြောင်းနိုင်ဘူးလို့ ၀ိုင်းအော်ပြီး ဆန္ဒပြကြပါတယ်။
အဲ့ဒါနဲ့ ဦးတင်ကိုကိုက သူ့ကားဆီကို ပြေးတော့ လူအုပ်ကြီးက သူ့ကားကို ၀ိုင်းထားပြီး ဈေးကို မဖျက်ပေးနိုင်ဘူး၊ မပြောင်းနိုင်ဘူးဆိုပြီး အော်နေကြတယ်။
Friday, May 28, 2010
Global Day of Action Protest in Manila, Philippines
By Free Burma Coalition - Philippines  May 27, 2010
Peoples’ voices from all over the globe were heard as one today as solidarity groups hold simultaneous actions marking the Global Day of Action to Denounce Burma’s 2010 Military Elections.
About 100 protesters from the Free Burma Coalition – Philippines (FBC-Phils) staged a mock balloting in front of the SPDC Myanmar Embassy in Makati City, Manila. The protesters, one by one, dropped their mock ballots into a huge replica of a ballot box – marking the vote for Real Elections and Not Military Selection. The protest is one of the many actions happening in different parts of the world today.
The protesters shouted slogans calling for the release of Daw Aung San Suu Kyi and all political prisoners as they wave their “Peoples’ Ballot” and await their turn to ‘vote’. Representatives from participating organizations took turns in calling on the regime to step down and pave the way to genuine democratization in the country.
“The democratic movement of Burma set the minimum benchmarks for an election to be truly fair, honest, credible and meaningful. These are the release of all political prisoners; cessation of attacks against ethnic nationalities and democracy activists; and and all-inclusive dialogue to review the 2008 Constitution. The military junta did not give in to these; and even pursued their election design with the recently announced election laws that effectively excluded the democratic opposition,” a speaker from the Free Burma Coalition – Phils. said. “The elections is so designed by the military to further entrench their rule at the impoverished country. We do not want this process that will only legitimize the military junta. It is devoid of credibility and democratic integrity. We vote for real elections and not a military selection,” the speaker continued.
Participating groups in the said rally were the Initiatives for International Dialogue (IID), Bagong Kamalayan Collective Inc., Coalition Against Trafficking in Women – Asia Pacific (CATW AP), Akabayan Citizens’ Party – Youth, Alliance of Progressive Labor (APL), APL-Youth, Bukluran ng Mangagawang Pilipino (BMP), Partido ng Mangagawa (PM), Asian Bridge, Asia-Pacific Solidarity Coalition (APSOC).
The protesters dispersed peacefully after the one hour program. A similar protest action will be staged by the FBC-Phils in Davao City, south of the Philippines this afternoon.
Tags: Free Burma Coalition - Philippines, Global Day of Action, Philippines
This post is in: Campaign Updates
======================================================
Thursday, May 27, 2010
At least 40 killed in train collision in India
By Harmeet Shah Singh, CNN
May 28, 2010 -- Updated 0523 GMT (1323 HKT)
New Delhi, India (CNN) -- At least 40 bodies have been pulled out of the mangled wreckage where two trains collided in eastern India early Friday, a railway spokesman said.
About 110 passengers were injured when the Mumbai-bound Lokmanya Tilak Gyaneshwari Express derailed. Railway authorities suspect that the incident could be an act of sabotage by Maoist rebels at West Midnapore district of West Bengal state.
"The blast was carefully timed," India's Railway Minister Mamata Banerjee said on television. "The tracks were sabotaged 15 minutes before the train passed over them."
But police said they have not yet found signs of explosives from the scene. Manoj Verma, the district police superintendent, said investigators were looking into the possibility of fishplates that secure rail joints missing from the track. An investigation was under way to determine the cause of derailment.But the role of Maoists "cannot be ruled out", Verma said.
The crash about 1.30 a.m. (4 p.m. ET) occurred in West Bengal state when a passenger train bound for India's financial capital, Mumbai, jumped the track, railway spokesman Anil Kumar Saxena said.
At least 13 cars of the Lokmanya Tilak Gyaneshwari Express derailed on an adjacent line and were slammed by a cargo train, he said.
India regards Maoists as its gravest internal security threat.
The insurgents attacked several parts of eastern India last year during general elections.
In April, more than 70 officers of armed federal police were killed in a suspected Maoist ambush in Chhattisgarh state in what was one of the deadliest strikes on Indian security forces by the left-wing guerrillas, who have claimed to be fighting for the dispossessed since the 1960s.
-------------------------------------------------------------------------------------------------------------
တရုတ်ဝန်ကြီးချုပ် မြန်မာ့နိုင်ငံရေးကိစ္စ ဇောင်းပေး ပြောကြားဖွယ်ရှိ
Thursday, 27 May 2010 17:28 သျှမ်းသံတော်ဆင့်
တရုတ်နိုင်ငံဝန်ကြီးချုပ် ၀မ်ကျားပေါင်သည် တောင်ကိုးရီးယား ဂျပန် မွန်ဂိုလီးယား နှင့် မြန်မာ စသည့် နိုင်ငံများသို့ မေ ၂၈ ရက်မှ ဇွန် ၃ ရက်နေ့အထိ ၇ ရက်တာ ခရီးလှည့်လည်မည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ဇွန် ၂ ရက်နေ့တွင် ရောက်ရှိမည် ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံခရီးစဉ်တွင် ၀န်ကြီးချုပ်မစ္စတာဝမ်သည် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ၀န်ကြီးချုပ် ဦးသိန်းစိန် တို့နှင့် တွေ့ဆုံမည် ဖြစ်သည်။
နအဖအကြီးအကဲများနှင့်တွေ့ဆုံစဉ် မစ္စတာဝမ်အနေဖြင့် ရွေးကောက်ပွဲနှင့် တိုင်းရင်းသားလက်နက်ကိုင်ကိစ္စများကို အဓိက ထား ဆွေးနွေးဖွယ်ရှိကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။
“အချက် (၃) ချက် အဓိကထားဆွေးနွေးနိုင်တယ်၊ ပထမက ၂၀၁၀ရွေးကောက်ပွဲပြဿနာကို မုချပြောမှာပဲ၊ ကြားရသ လောက် ဆိုရင် ရွေးကောက်ပွဲကို ဒီထက်သင့်တင့်လျှောက်ပတ်တဲ့ အနေအထားမျိုးကို တရုတ်ဘက်က လိုလားတယ် ဒါမှ လည်း သူတို့ဘက်ကထောက်ခံလို့ရမယ်ပေါ့ဗျာ၊ အခု NLD မပါတဲ့အတွက် နအဖရဲ့ရွေးကောက်ပွဲကို တရုတ်က ထောက် ခံဖို့ခက် တယ်” ဟု သူက ဆိုသည်။
တရုတ်နယ်စပ်ဒေသများရှိ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အာခံနေသည့် တိုင်းရင်းသား လက်နက်ကိုင်များ အရေးသည် တရုတ်နိုင်ငံ၏အကျိုးစီးပွားနှင့် တိုက်ရိုက်ဆက်နွယ် နေသောကြောင့် ဆွေးနွေးမည့်အထဲတွင် အဆိုပါကိစ္စလည်းပါဝင် ဖွယ်ရှိသည်ဟု သူကဆက်ပြောသည်။
“နယ်စပ်ပြဿနာနဲ့ပတ်သက်လို့ အေးအေးဆေးဆေးဖြေရှင်းဖို့ပေါ့၊ အရင်တုန်းကလည်းပြောခဲ့တယ် အခုလည်း ထပ်ပြော နိုင်တယ်။ ကျနော်တစ်ဦးတည်း အမြင်ပြောရရင် တရုတ်ပြည်ကတော့ တိုက်တာခိုက်တာကို မလိုလားဘူးထင်တယ်၊ တရုတ်ရဲ့ မြန်မာပြည်အပေါ်ထားတဲ့ ပေါ်လစီက နှစ်မျိုးလို့ထင်တယ်”
“သူ့ရဲ့ အကျိုးစီးပွားရှိနေတော့ ပြည်တွင်း ပြဿနာတွေအပေါ်မှာ နအဖနဲ့သိပ်အတိုက်အခံမလုပ်ဘူး၊ နအဖ ဘက်က ရပ်တည်တာပေါ့၊ နယ်စပ်ကတော့ သူနဲ့တိုက်ရိုက်ပတ်သက်တော့ ဒါကိုမုချ သူဖြေရှင်းရမှာပဲ၊ တတိယအနေနဲ့တော့ စီးပွား ရေးကိစ္စတွေ ဂက်စ်နဲ့ ရေနံပိုက်လိုင်းကိစ္စတွေ ဆွေးနွေးနိုင်တယ်” ဟု သူက ဆိုသည်။
အာရှနှင့်ပစိဖိတ်ဒေသရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကဒ်ကင်းဘဲလ် (Mr. Kurt Campbell) ၏ မေ ၉ ရက် မြန်မာပြည်ခရီးစဉ်အပြီး တရုတ်ခေါင်းဆောင်များထံ မြန်မာ့နိုင်ငံရေးကိစ္စ သွားရောက်ဆွေးနွေးခဲ့ သေးသည်။
တရုတ်ဝန်ကြီးချုပ်သည် ဘရူနိုင်း မြန်မာ အင်ဒိုနီးရှား နိုင်ငံများသို့ ဧပြီလကုန်ပိုင်းက အလည်အပတ်သွားရန် စီစဉ်ထား သော်လည်း ဧပြီလ ၁၄ ရက်နေ့၌ တရုတ်နိုင်ငံအတွင်း ငလျှင်လှုတ်ခတ်ခဲ့သဖြင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရသည်။
၁၉၉၄ နှင့် ၂၀၀၁ တွင် တရုတ်ဝန်ကြီးချုပ်လီပင်းနှင့် သမ္မတကျန်ဇီမင်းတို့ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့အပြီး တတိယအကြိမ် တရုတ်ထိပ်တန်းခေါင်းဆောင်တစ်ဦး မြန်မာနိုင်ငံသို့ သွားခြင်းဖြစ်သည်။
-------------------------------------------------------------------------------------------------------------
ဘိန်းဘုရင်နှင့် ဆက်စပ်သော Transoceanကုမ္ပဏီ မြန်မာ့ရေပြင်တွင် ရေနံတူးနေ
သောမတ်စ်မောင်ရွှေ
သောကြာနေ့၊ မေလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၄၄ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆွစ်-အမေရိကန် ဖက်စပ်ကုမ္ပဏီ Transocean သည် တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီနှင့် စစ်အစိုးရ၏ လူရင်းလူယုံဖြစ်ပြီး အမေရိကန် အစိုးရက ငွေကြေး ခဝါချသူအဖြစ် စွပ်စွဲနေသော စတီဖင်လောနှင့် အစုစပ်ကာ မြန်မာ့ရေပြင် ရေနံလုပ်ကွက် တနေရာတွင် အစမ်းတွင်း တူးဖော်နေသည်။
ပြီးခဲ့သော ဆောင်းဦးပေါက်က တူးဖော်ခဲ့သည်ဟု အမေရိကန် စတော့ဈေးကွက် ကြီးကြပ်ကွပ်ကဲရေး အဖွဲ့သို့ တင်သွင်းသော ကော်ပိုရေးရှင်း စာရွက်စာတမ်းများတွင် ဖော်ပြထားခြင်း ဖြစ်သည်။
စတီဖင်လော ခေါ် ထွန်းမြင့်နိုင်၊ သူ့ဇနီးစင်္ကာပူနိုင်ငံသူ၊ သူ့ဖခင်ဘိန်းဘုရင်တို့မှာ အမေရိကန် နိုင်ငံ ဘဏ္ဍာရေးဌာန နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က နာမည်ပျက်စာရင်း အသွင်းထားခံရသည်။ အဆိုပါ နာမည်ပျက်စာရင်းကို တရားဝင်အားဖြင့် အထူးသတ်မှတ်ထားသော နိုင်ငံသားများ (Specially Designated Nationals – SDN) ဟု ခေါ်သည်။ သူတို့ ၃ ဦးမှာ ဥရောပသမဂ္ဂက ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် စီးပွားရေးပိတ်ဆို့ အရေးယူခြင်းကိုလည်း ခံထားရသူများ ဖြစ်သည်။
နာမည်ပျက်စာရင်းမှာ မြန်မာစစ်အစိုးရ၏ ထိပ်တန်းခေါင်းဆောင်များ၊ ယင်းတို့၏ လူရင်းလူယုံများနှင့် စစ်အာဏာရှင်များကို အထောက်အပံ့ပြုနေသည့် ဘဏ္ဍာရေးကွန်ရက်များကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူထားခြင်း ဖြစ်သည်။ ပုဂ္ဂိုလ်တဦး၊ စီးပွားရေးလုပ်ငန်းတခု၊ စီးပွားရေးအဖွဲ့အစည်းတရပ်ရပ်တို့ကို ပိတ်ဆို့မှုခံရသော စာရင်းတွင် ထည့်သွင်းခြင်းခံရလျှင် `အဆိုပါ သတ်မှတ်ခံရသူ သို့မဟုတ် အဖွဲ့အစည်း၏ အမေရိကန် ပြည်ထောင်စု၏ စီရင်ပိုင်ခွင့် အောက်တွင်ရှိသည့် မည်သည့် ရပိုင်ခွင့်ကိုမဆို ထုတ်ယူမရအောင် ပိတ်ဆို့ထားရမည်။
ထို့ပြင် အဆိုပါ သတ်မှတ်ခံရသော ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များတို့နှင့် မည်သည့် အမေရိကန်နိုင်ငံသားမျှ ဘဏ္ဍာရေးနှင့် စီးပွားရေးဆောင်ရွက်ခြင်းများ မပြုလုပ်ရန် တားမြစ်သည်´ ဟု အမေရိကန် ဘဏ္ဍာရေးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အမေရိကန် စတော့အိပ်ချိန်း ကော်မရှင်သို့ Transocean International ကုမ္ပဏီက တင်သွင်းသည့် Corporate 8-K စာရွက်စာတမ်းတွင် ဖော်ပြထားချက်အရ တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီတခုဖြစ်သော CNOCC က ကုမ္ပဏီပိုင် ပနားမားမှတ်ပုံတင်ရေတွင် တဝက်တပျက်နစ်မြုပ်နေသော ရေနံတွင်းတူးစင် Actinia ကို ငှားရမ်းခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သော အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ပုံစံ 8-Kစာရွက်စာတမ်းဆိုသည်မှာ ကုမ္ပဏီများ၏ `လတ်တလော အစီရင်ခံစာ´ ဖြစ်ပြီး အစုရှယ်ယာပိုင်ရှင်များ သိရှိရန် လိုအပ်သည့် အဓိကအဖြစ်အပျက် ဆောင်ရွက်မှုများကို အမေရိကန် စတော့ဈေးကွက် ကွပ်ကဲမှုဌာနသို့ တင်သွင်းရသည့် စာရွက်စာတမ်းတခု ဖြစ်သည်။ အရှည် ၈၂ မီတာ၊ အကျယ် ၇၈ မီတာရှိသည့် အဆိုပါ ရေနံတွင်းတူးစင်ကို တရက်လျှင် အမေရိကန်ဒေါ်လာ ၂ဝ၆ဝဝဝ ဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းရန် Transoceanကို ဆက်သွယ်ရာ ဆက်သွယ်၍မရပါ။
CNOC ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ကုမ္ပဏီပိုင် မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်း ပိုင်ဆိုင်မှုနှင့် အစုရှယ်ယာများကို ယခင် Golden Aaron ဟု သိကြသော China Focus Development နှင့် China Global Construction တို့နှင့်အတူ ပူးတွဲပိုင်ဆိုင်ခြင်းဖြစ်ပြီး CNOC က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သူအဖြစ်သာ လုပ်ကိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ChinaFocus Development မှာ စင်္ကာပူတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီတခုဖြစ်ပြီး တဦးတည်းသော အစုရှယ်ယာပိုင်ရှင်များမှာ စတီဖင်လောနှင့် သူ့ဇနီးသည် Ng Sor Hong ခေါ် Cynthia Ng တို့ ဖြစ်ကြသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် NgSor Hong ကို ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်အဖြစ် ဖော်ပြထားပြီး အမေရိကန်ဘဏ္ဍာရေးဌာန လက်အောက်ခံ (OFAC)ရုံးက ပိတ်ဆို့အရေးယူထားသော မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ နာမည်ပျက်စာရင်းတွင် ထည့်သွင်းဖော်ပြထားခြင်း ခံရသည့် စတီဖင်လော ထိန်းချုပ်ထားသည့် အခြားကုမ္ပဏီ တဒါဇင်တွင် ပါဝင်နေသော စီးပွားရေးလုပ်ငန်းတခုလည်း ဖြစ်သည်။
စက်မှုလုပ်ငန်းဆိုင်ရာ ဂျာနယ်တစောင်ဖြစ်သော InternationalOilDailyက လွန်ခဲ့သော ဖေဖော်ဝါရီလက သတင်းရေးသားဖော်ပြရာတွင် CNOCC နှင့် China Focus Development တို့သည် မြန်မာနိုင်ငံ ကုန်းတွင်းရေနံနှင့် ဓာတ်ငွေ့လုပ်ကွက်များဖြစ်သော C-1,C-2Mတို့နှင့် ကမ်းလွန်ရေနံလုပ်ကွက်များဖြစ်သော A-4, M-2, M-10 တို့ကို အတူပူးတွဲ ပိုင်ဆိုင်ထားကြသည်ဟု ဆိုသည်။ သူတို့ပိုင်ဆိုင်သော လုပ်ကွက် ၂ ခုကို CNOCC က ထိုင်းအစိုးရပိုင် PTEEP သို့ ရောင်းချရန် ၂ဝဝ၈ ခုနှစ်အတွင်းက ကြိုးပမ်းခဲ့ရာ မြန်မာစစ်အစိုးရက ဗီိတိုအာဏာသုံးပယ်ချခဲ့သည်ဟုလည်း အဆိုပါသတင်းတွင် ဆက်လက်ရေးသားဖော်ပြထားသည်။
စတီဖင်လော၏ဖခင် လော်ဆစ်ဟန် ခေါ် လော်ရှင်းဟန်မှာ ၁၉၇ဝ စုနှစ်များအတွင်း အရှေ့တောင်အာရှတွင် အကောင်းဆုံး လက်နက်များ တပ်ဆင်ထားသည့် ဘိန်းတပ်ကို ထိန်းချုပ်ကိုင်တွယ်ခဲ့သည်ဖြစ်သည်ဟု အမေရိကန် မူးယစ်ဆေးဝါးအရာရှိများက ယုံကြည်ထားကြသည်။
အမေရိကန်ဘဏ္ဍာရေးဌာန၏ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီလ ဖော်ပြရေးသားချက်အရ `စတီဖင်လောနှင့် လော်ရှင်းဟန်တို့သည် စစ်အစိုးရကို ထောက်ခံပံ့ပိုးနေသည်သာမက တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည့် ရာဇဝင်ရှိသူများလည်း ဖြစ်သည်´ ဟု ဆိုသည်။
`ဟီးရိုးအင်းခေါင်းကိုင်ဖခင်ကြီး´ ဟု သိရှိကြသော လော်ရှင်းဟန်သည် ၁၉၇ဝ စုနှစ်အစောပိုင်း နှစ်ကာလများက ကမ္ဘာ့အဓိက ဟီးရိုးအင်း ရောင်းဝယ်ဖောက်ကားသူများတွင် တဦးအပါအဝင် ဖြစ်သည်။ စတီဖင်သည် သူ့ဖခင်၏ မူးယစ်ဆေးဝါးအင်ပါယာကို ၁၉၉ဝ စုနှစ်များအတွင်း ဝင်ရောက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ထိုအချိန်ကတည်းကစ၍ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် တဦးဖြစ်လာခဲ့သည်ဟု ဘဏ္ဍာရေးဌာန ကြေညာချက်တွင် ရေးသားထားသည်။
အမေရိကန်အစိုးရက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခြင်း
ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှုမှ ကိုဝင်းအောင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ Transocean နှင့် စတီဖင်လောတို့အကြား အဆက်အဆံများကို ချက်ချင်း စုံစမ်းစစ်ဆေးပေးပါရန် အမေရိကန်အစိုးရကို သူတောင်းဆိုကြောင်း ပြောကြားခဲ့သည်။
`စတီဖင်လောပိုင် ကုမ္ပဏီလုပ်ငန်းစုကြီးအတွက် Transocean က ရေနံတွင်းတူးပေးနေခြင်းသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုကို အကြီးအကျယ် ချိုးဖောက်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော Transocean ၏ လုပ်ငန်းများအားလုံးကို အမေရိကန်အစိုးရက အမြန်ဆုံး စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်းနှင့် Transoceanကဲ့သို့ နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတခုအနေဖြင့် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးရာဇာကြီးနှင့် စီးပွားရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ခြင်းကို လက်မခံနိုင်ကြောင်း ပြတ်သားစွာ သတင်းစကားပါးရမည်´ ဟု သူက ပြောသည်။
ပြီးခဲ့သောလက Transocean သည် အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံး ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့သည့် ဖြစ်ရပ်တခုတွင် ပါဝင်နေခဲ့သည်။ ရေနံကုမ္ပဏီကြီးဖြစ်သော ဘီပီအတွက် ရေနံတွင်းတူးပေးနေသည့် Transocean ပိုင် ပင်လယ်ရေနက် ရေနံတွင်းတူးစင်သည် ၂ဝ၁ဝ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့က မက္ကဆီကို ပင်လယ်ကွေ့တွင် ပေါက်ကွဲမီးလောင်သွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုတွင် လုပ်သား ၁၁ ဦး သေဆုံးသွားခဲ့သည်။
အဆိုပါ ကပ်ဘေးဒုက္ခကြီးနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်လွှတ်တော်က ယခုလဆန်းပိုင်းတွင် အထူးကြားနာပွဲတရပ် ပြုလုပ်ခဲ့ရာ ဘီပီ၊ Transocean နှင့် ဟာလီဘာတန် (Halliburton) ကုမ္ပဏီတို့က ပေါက်ကွဲမှုနှင့် နောက်ဆက်တွဲ ပေါ်ထွက်လာသော တခါမျှမကြုံဖူးအောင် ဆိုးရွားလှသည့် ရေနံယိုစိမ့်မှုကြီးအတွက် သူတို့တွင် တာဝန်မရှိဘဲ အခြားကုမ္ပဏီများတွင်သာ တာဝန်ရှိကြောင်း ထွက်ဆိုခဲ့ကြသည်။
အဆိုပါ ကြားနာပွဲပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သူတို့တွင် တာဝန်ရှိမှုကို လက်မခံဘဲ ငြင်းဆန်ခဲ့သည့်အတွက် ကုမ္ပဏီအမှုဆောင်အရာရှိများကို ဒေါသတကြီး ဝေဖန်ပြစ်တင်ပြောဆိုခဲ့သည်။ `သြချစရာကောင်းလောက်အောင် ဟာသမြောက်တဲ့ ပြောဆိုမှုတွေကို ကျနော်အထင်မကြီးဘူး´ ဟု သူက ပြောခဲ့သည်။
ထို့ပြင် အဆိုပါ သန်းကြွယ်သူဋ္ဌေး အမှုဆောင် အရာရှိများသည် `တဦးကိုတဦး လက်ညှိးထိုး အပြစ်တင်နေကြသည်။ အမေရိကန်ပြည်သူများက ဤလုပ်ရပ်အပေါ် အထင်တကြီးရှိပြီး ယုံကြည်လက်ခံမည် မဟုတ်သကဲ့သို့ ကျွန်ုပ်ကလည်း လက်မခံပါ´ လည်း ဆက်လက်ပြောဆိုခဲ့သည်။
-------------------------------------------------------------------------------------------------------------
Tuesday, May 25, 2010
၂၇၊ မေ၊ ၉၀သို့
မေကိုးဆယ် အောင်ပွဲမှ ရောင်စုံမြင်ကွင်းသို့
(ဆွေနိုင်)
အဲဒီနေ့ကပေါ့
အမှတ်တမဲ့မဟုတ်တဲ့
မှတ်မှတ်ရရများ
ညကြီးကိုယ်တိုင်
ကောင်ကင်ကြီးကို
ဖွင့်ကြည့်လိုက်ကြတယ်။
၉၀၊ မေ၊ ၂၇ သို့
၉၀ ရလဒ်ဟာ ပြည်သူက အပ်နှင်းထားတာ ဖြစ်တဲ့ အတွက် ကိုယ့်သဘောနဲ့ကိုယ် စွန့်လွှတ်ခွင့် မရှိဘူး။ ၉၀ ရလဒ်ကို လက်နက် သဖွယ်၊ ဓါးသွားသဖွယ် သဘောထားပြီး ချွန်မြ ထက်မြက်အောင် သွေးနေ ရမယ်၊ ၉၀ ရလဒ်နဲ့သာ နှောင်ကြိုးတွေကို ဖြတ်တောက် နိုင်မယ်။”
ဦးဝင်းတင်
မြို့အ၀င်ဂိတ်ကို ဆိုင်ကယ်စီး လူတစုဗုံးပစ် ရဲတစ်ဦးသေ နှစ်ဦးထိ
သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့ မြောက်ဘက်ရှိ မြို့အ၀င်/အထွက်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီး လူငယ်တစ်စုက လက်ပစ်ဗုံးနှင့်ပစ်ပေါက်ခဲ့သောကြောင့် ရဲတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း စုံစမ်း သိရှိရသည်။အဆိုပါဂိတ်၌ ဒုရဲအုပ်မောင်ထွေးဦးဆောင်ပြီး ရဲသားသုံးဦးနှင့်အတူ မေ ၂၂ ရက်နေ့တွင် ကင်းစောင့် နေခဲ့ကြသည်။ မွန်းလွဲပိုင်း ၂း၁၅ နာရီခန့်တွင် လူငယ် ၃ ဦးက တရုတ်မော်တော်ဆိုင်ကယ် (125CC)၂ စီး မောင်းနှင်လာပြီး ဂိတ်ရှေ့ဖြတ်သန်းစဉ် လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်၍ ပစ္စတိုသေနတ်နှင့်လည်း ပစ်ခတ် သွားခဲ့သည်။ သေဆုံးသူမှာ ရဲဒုတပ်ကြပ်ထူးနေလင်းဖြစ်ကြောင်း သိရှိရသည်။
မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရှိရသေးသော်လည်း ဒေသခံမြို့သူမြို့သားများက သျှမ်းသံတော်ဆင့်ထံ ဤကဲ့သို့ပြောကြားကြပါသည်။“သျှမ်းသူပုန်တွေဖြစ်မယ်ထင်တယ်။ဒါမှမဟုတ်ရဲတွေရဲ့စစ်ဆေးအော်ငေါက်ဆဲဆိုခံရပြီး ပစ္စည်းတွေဆုံးရှုံးခဲ့ရတာ ကြောင့် ရဲတွေအပေါ် စိတ်နာနေတဲ့လူတွေလဲဖြစ်နိုင်တယ်”
ထိုအခင်းဖြစ်ပွားပြီးနောက်ပိုင်း လဲချား-တောင်ကြီးသို့သွားသော တောင်ဘက်ဂိတ်၊ တုံလောဝ်း-သီပေါ လားရှိုး သို့သွားသော မြောက်ဘက်ဂိတ်နှင့် အခြားဂိတ်များတွင် စစ်ဆေးရေးတင်းကြပ်ထူပြောလာကြောင်းဒေသခံတစ်ဦး ပြောကြားချက်အရ သိရှိရသည်။
Monday, May 24, 2010
လေးလပတ် အစည်းအဝေး ပြုလုပ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်အစိုးရအတွက် အရေးပါသော စုဝေးမှုဖြစ်သည့် လေးလပတ် အစည်းအဝေး ကျင်းပရန်အတွက် ထိပ်သီးစစ်ဘက်အရာရှိကြီးများ နေပြည်တော်တွင် ယနေ့ ရောက်ရှိနေကြပြီဖြစ်သည်။
၂ဝ၁ဝ ခုနှစ်အတွက် ပထမဆုံးဖြစ်သော လေးလပတ် အစည်းအဝေးကို မနက်ဖြန်မှစတင်၍ သုံးရက်ကြာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ဖက်သတင်းရပ်ကွက်များက ပြောသည်။
တပ်တွင်းနေရာ အပြောင်းအရွေ့အများစုပေါ်ပေါက်လေ့ရှိသည့် လေးလပတ်အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နအဖ ကောင်စီဝင်များ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးများ ၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှူး၊၊ တပ်မမှူး၊ စစ်ဘက် ညွှန်ကြားရေးမှူးများ၊ စစ်ကျောင်းများမှ ကျောင်းအုပ်များ တက်ရောက်လေ့ရှိသည်။
ထို့အပြင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများလည်း တက်ရောက်ကြရလေ့ရှိသည်။
ဌာနအသီးသီးက မိမိတို့ဒေသနှင့် လုပ်ငန်းများအကြောင်း တင်ပြကြရပြီး ခေါင်းဆောင်များ၏ ညွှန်ကြားမှုကို နာယူကြရသည်။
ယခု အစည်းအဝေးတွင် ၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် စီမံကိန်းများနှင့် လုပ်ငန်းစဉ်များကို ဒေသအသီးသီးမှ စစ်တိုင်းမှူးများထံ အသေးစိတ် ညွှန်ကြားဖွယ်ရှိကြောင်း တရုတ်- မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။
အစည်းအဝေး၏ နောက်ဆုံးရက်တွင် တပ်ချုပ်ကြီး ၊ ဒု - တပ်ချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဆင်ရေး အထူးအဖွဲ့မှူး - ကစထမှူးနှင့် ဒေသအသီးသီးမှ စစ်တိုင်းမှူးများ အထူးတံခါးပိတ် သီးသန့် အစည်းအဝေး ပြုလုပ်လေ့ရှိသည်။
“လွှတ်တော်မှာ တမတ်သား ပါဝင်မယ့် စစ်ဘက်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးချယ်နိုင်ဖွယ်ရှိပြီး မကြာခင်မှာ ဒီလူတွေကို ကြေငြာလာဖွယ်ရှိတယ်”ဟု ဦးအောင်ကျော်ဇောက ပြောသည်။
လေးလပတ်သည် စစ်ဘက်အရာရှိများအတွက် မိမိအထက်ရာထူးပိုင်ရှင်များနှင့် ဆက်စပ်သူများကို လက်ဆောင်ပေးရန်နှင့် လာဘ်ထိုးရန်အတွက် စုံရပ်တခုလည်း ဖြစ်စေသည်ဟု ဝေဖန်သူများက ပြောကြားကြသည်။
ပုံမှန်အားဖြင့် လေးလပတ်အစည်းအဝေးများကို ဇန်နဝါရီ၊ မေလနှင့် စက်တင်ဘာလများတွင် ကျင်းပလေ့ရှိသော်လည်း နေပြည်တော်က အကြောင်းပြချက်မဲ့ ရွှေ့ဆိုင်းမှုများလည်း ရှိသည်။
နောက်ဆုံးကျင်းပခဲ့သည့် လေးလပတ် အစည်းအဝေးမှာ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖြစ်သည်။
၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ လေးလပတ် အစည်းအဝေးနောက်ပိုင်းတွင် ရွေးကောက်ပွဲဥပဒေများ ကြေငြာခြင်းနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဦးဆောင်သည့်ဝန်ကြီးများ စစ်ဘက်ရာထူးမှ နှုတ်ထွက်ကာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို ဦးဆောင်ခြင်းစသည့် နိုင်ငံရေးပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သည်။
ထိုင်းနိုင်ငံအခြေစိုက် Network of Democracy and Development အဖွဲ့မှ ဗဟို အလုပ်အမှုဆောင်တဦးက ယခုလေးလပတ်တွင် နယ်ခြားစောင့်တပ်အရေးနှင့် ပက်သက်၍ ထည့်သွင်း ဆွေးနွေးဖွယ်ရှိကြောင်း ပြောသည်။
“နယ်ခြားစောင့်တပ်ကိစ္စတွေ သူတို့ဆွေးနွေးဖွယ်ရှိပေမယ့် တရုတ်ဝန်ကြီးချုပ် ခရီးစဉ်ရှိတဲ့အတွက် ဘယ်လိုတွေဖြစ်လာမလဲ စောင့်ကြည့်ရဦးမယ်။ အရမ်းတော့ ထူးခြားပြောင်းလဲမယ် မထင်မိဘူး”ဟု သူက ပြောသည်။
ပုံမှန် ကျင်းပလေ့ရှိသည့်အတိုင်းတွက်ချက်ပါက ယခုနှစ်စက်တင်ဘာလတွင် ကျင်းပရမည့် တတိယ လေးလပတ် အစည်းအဝေးသည် ရွေးကောက်ပွဲကျင်းပမည့် အချိန်နှင့် တိုက်ဆိုင်ဖွယ်ရှိသည့်အတွက် ယခုအစည်းအဝေးသည် ၂ဝ၁ဝ ခုနှစ်၏ တခုတည်းသော နောက်ဆုံး အစည်းအဝေး ဖြစ်နိုင်ကြောင်းလည်း အကဲခတ်များက မှန်းဆထားကြသည်။
မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေဆဲကာလတွင် ညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်းနေ ၊၂၅ ရက်နေ့ နံနက် ၁ နာရီထိ မီးငြိမ်းသတ်နေရဆဲ
မင်္ဂလာဈေးမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နေဆဲကာလတွင် ညနေ ၆ နာရီ ၁၅ ၀န်းကျင်၌ မီးထပ်မံလောင်ကျွမ်းနေကြောင်းသိရှိသည်။ မီးလောင်ကျွမ်းမှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်းသိရသည်။
မင်္ဂလာဈေးမီးလောင်မှုသည် နံနက် ၈နာရီဝန်းကျင်ကတည်းက လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်နေစဉ်ကာလအတွင်းမှာပင် ယခုကဲ့သို့ ထပ်မံလောင်ကျွမ်းခဲ့ခြင်းဖြစ်ပါသည်။ မီးစတင်လောင်ကျွမ်းမှုသည် မင်္ဂလာဈေးစတုတ္ထထပ်မှဖြစ်ပြီး ယခုထပ်မံလောင်ကျွမ်းရခြင်းမှာ စတုတ္ထထပ်အပေါ်ရှိskyhallမှ စားသောက်ဆိုင်အချို့၏ ဂတ်စ်အိုးများပေါက်ကွဲလောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် စတုတ္ထထပ်မှ တစ်ဆင့် skyhall ရှိ style-3 စားသောင်ဆိုင်သို့ ကူးဆက်လောင်ကျွမ်းနေကြောင်းသိရသည်။ အဆိုပါ စားသောက်ဆိုင်ရှိ ဂက်စ်အိုးများ ၊ ဘီယာစည်များ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပေါ်နေကြောင်းသိရသည်။ ထို့အပြင် မီးလောင်ကျွမ်းမှုနှင့် မီးတောက်များ၏အနေအထားအရ မီးငြိမ်းသတ်နိုင်ရန် မလွယ်ကူကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုအခါတွင် skyhallသို့ လှေကားထောင်မီးသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်နေကြောင်းသိရသည်။
နယ်ခြားစောင့်တပ် ဆွေးနွေးရေး ၀ တပ် ငြင်းပြန်
Monday, 24 May 2010 18:06 သျှမ်းသံတော်ဆင့်
 UWSP ဒုဥက္ကဌ ရှောက်မင်လျံ၊ ရမခ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်၊ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်(အလယ်)၊UWSPဥက္ကဌပေါက်ယူချမ်း၊တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး
မေလတတိယပတ်အတွင်းက ၀တပ်အား နယ်ခြားစောင့်တပ်ကိစ္စ ထပ်မံရှင်းလင်းပြလိုသည်ဟုဆိုကာ လားရိုးမြို့သို့ သွားရောက်ဆွေးနွေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် (ရမခ) စစ်ဘက်ရေးရာလုံခြုံရေးဋ္ဌာန (စရဖ) မှတဆင့် နှုတ်ဖြင့် ဖိတ်ကြားခဲ့မှု အပေါ် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။
ဝ တပ် အနေဖြင့် နယ်ခြားစောင့်ကိစ္စ ပြောသင့်သည်များကို တင်ပြပြီး ဖြစ်သဖြင့် ထပ်ဆွေးနွေးရန် မလိုတော့ကြောင်း ရက်ပိုင်း အတွင်း တုန့်ပြန်ခဲ့ကြောင်း ၀တပ် သတင်းရပ်ကွက်များက ဆိုသည်။
ရန်ကုန်မြို့ မင်္ဂလာဈေး မီးလောင်မှု
ရန်ကုန်မြို့ မင်္ဂလာဈေး အပေါ်ဆုံးထပ်တွင် မီးလောင်မှု ဖြစ်ပွား
latyar.20: ကိုကြီး မင်္ဂလာဈေး မီးလောင်တာ သမီးmp 4 နဲ.ရိုက်ထားတာ အဲဒါပို.လိုက်တာ သက်လဲအတူတူပါတယ် စိတ်မကောင်းစရာပါ
Emailမှရရှိသောဓာတ်ပုံများနှင့်ဝက်ဆိုက်-Blogစာမျက်နှာပေါ်မှဓာတ်ပုံများကိုစုစည်းပြီးဖော်ပြလိုက်ပါသည်။
Sunday, May 23, 2010
2010 Elections The military's 2010 election laws ensure that the elections will not be democratic, free or fair.
2008 Constitutional Referendum
The 2010 elections will enact the fundamentally flawed 2008 Constitution, ratified by force in the wake of Cyclone Nargis
http://burmapartnership.org/2010elections/
Saturday, May 22, 2010
“ ပြုပြင်ပြောင်းလဲကြဘို့သင့်လေပြီ ”
“ ပြုပြင်ပြောင်းလဲကြဘို့သင့်လေပြီ ”
(မောင်ချင့်ချိန်)
ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတယ် ။ တချို့ကနှစ်ခြောက်ဆယ်ကျော် ၊ တချို့က နှစ်လေးဆယ်ကျော် ၊ တချို့ကနှစ်,နှစ်ဆယ်ကျော်နဲ့ နိုင်ငံရေးပါတီတွေ ၊ ကျောင်းသားသမဂ္ဂတွေ ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ သတင်းမီဒီယာတွေ စတဲ့အဖွဲ့မျိုးစုံမှာ ဗမာပြည် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲသမိုင်းတလျှောက် ကိုယ်စီအတွေ့အကြုံများစွာ ရရှိဖြတ်သန်းခဲ့ ကြပါတယ် ။
အကျဉ်းထောင်တွေထဲရောက်ခဲ့တဲ့သူတွေရှိတယ် ၊ တောတောင်တွေထဲရောက်ခဲ့တဲ့သူတွေရှိတယ် ၊ ဒုက္ခသည်စခန်းရောက်သွားကြတာတွေရှိတယ် ၊ နိုင်ငံတကာမှာရောက်နေသူတွေရှိတယ် ၊ ဘ၀မျိုး စုံမှာ ကျင်လည်နေရသူတွေရှိတယ် ၊ ပြည်တွင်းမှာရပ်တည်နေရသူတွေရှိတယ် ၊ ကျဆုံးသွားသူ တွေရှိတယ် ၊ ရောဂါမျိုးစုံနဲ့သေဆုံးသွားသူတွေရှိတယ် ၊ ဘ၀ပျက်သွားသူတွေရှိတယ် ၊ သစ္စာ ဖေါက်သွားသူတွေရှိတယ် ၊ ဘေးထွက်ထိုင်သွားသူတွေရှိတယ် ၊ လူမျိုးစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့ ။
အားလုံးဟာ အဖွဲ့အစည်းတွေဘယ်လိုကွဲပစေ ၊ ဖြတ်သန်းမှုပုံစံဘယ်လိုခြားနားပစေ ၊ တူညီခဲ့တာတွေ ရှိပါတယ် ၊ ခေတ်အဆက်ဆက် အာဏာရှင်တွေဘယ်သူပဲဘယ်လိုပုံစံနဲ့တက်လာတက်လာ ဆန့်ကျင် ခဲ့ကြတာတူတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှာဆိုရင် ၁၉၉၀ရွေးကောက်ပွဲအနိုင်ရ NLD ကိုဝန်းရံကြရေးဆိုတာတူတယ် ၊ အကြမ်းမဖက်ရေးလမ်းစဉ်ဆိုပြီး ကြွေးကြော်ခဲ့ကြတာတူတယ် ၊ လက်နက်ကိုင်အဖွဲ့စည်းဆိုတာတွေအားလုံးကတောင် သေနတ်တွေကိုင်ထားရက်နဲ့ အကြမ်းမဖက်ရေး လမ်းစဉ်ဆိုပြီး အားလုံးနဲ့ထပ်တူ ( ခုချိန်ထိ) ကြွေးကြော်နေတုံးပဲဖြစ်တယ် ။
ဒီနေ့ ကျွန်တော်တို့အင်အားစုအားလုံးရဲ့အခြေအနေကိုသေချာပြန်လေ့လာကြည့်ရင် တယောက်နဲ့ တယောက် ၊ တဖွဲ့နဲ့တဖွဲ့ မခေါ်နိုင်မပြောနိုင်တွေဖြစ် ၊ အယုံကြည်လဲမရှိကြ ၊ အမျိုးသမီးရေး ၊ ကလေး သူငယ်အရေး၊ အလုပ်သမားအရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုစောင့်ရှောက်ရေး စသဖြင့်ခေါင်းစဉ်တွေအမျိုးမျိုးပြ ၊ တော်လှန်ရေးကိုသွေဖီပြီး ကိုယ်ကျိုးစီးပွားရှာသူတွေဖြစ်ကုန်ကြ ၊ အရက်သမားတွေဖြစ်ကြ ၊ အကျိုးစီးပွားတူရင်ခဏတဖြုတ်ညီညွတ်လိုက်ကြနဲ့ ဘုံရန်သူစစ်အာဏာ ရှင်ကို တွန်းလှန်နိုင်စွမ်းမရှိဖယိုဖရဲဖြစ်နေတာတွေ့ရပါတယ် ။ ဒါ အရှိတရားပါ ။
သတင်းတို
သတင်းတို
By abma May 22, 2010
-လွန်ခဲ့တဲ့ ၃ ရက်လောက်က ဒေါ်အောင်ဆန်းစုကြည်ကို ရေတပ်က ဟယ်ရီကော်ပလာနဲ့ နေပြည်တော်သို့
ခေါ်ဆောင်ပြီး၊ ဦးသန်းရွှေနဲ့တွေ့ဆုံးစကားပြောခဲ့သည်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ကြားသိရသည်။ ။
-၂၀-၅-၂၀၁၀နေ့က ပြည်မြို့်မှ လူ့အခွင့်ရေးတွက် လုပ်ကိုင်းနေသူတစ်ယောက်က စစ်ကျွန် မဖြစ်ရေး
စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြောင်း သတင်းရှိပါသည်။
Friday, May 21, 2010
-------------------------------------------------------------------------------------------------------------
ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက သတင်းထောက်တစ်ဦးအား အင်တာဗျူးမေးမြန်းမှုအပေါ် မကျေနပ်မှုနှင့်ပတ်သက်၍ ကိုယ်ထိလက်ရောက် ကျူးလွန်သောကြောင့် နစ်နာသူက တရားရုံးသို့ ဦးတိုက်လျှောက် ထားမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
7Days News ဂျာနယ်၏ သတင်းထောက် မအေးသူစံသည် Entertainment စာမျက်နှာ အင်တာဗျူးကဏ္ဍအတွက် သရုပ်ဆောင်ထက်ထက်မိုးဦးအား ချိန်းဆိုရာ ဆီဒိုးနားတွင် ပြုလုပ်မည့် အရောင်းမြှင့်တင်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်၍ ထိုအခမ်းအနားသို့ လာရောက်နိုင်ကြောင်း ပြန်လည် ချိန်းဆိုမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းနောက်မေလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ပစ္စည်းအရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Days News သတင်းဂျာနယ်မှ သတင်းထောက်မအေးသူစံအား ကိုယ်ထိလက်ရောက်မှု ပြုခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
အင်တာဗျူးပြုလုပ်ချိန်တွင် မေးခွန်းခုနစ်ခုခန့်မေးပြီးနောက် အဆိုပါသတင်းထောက်က”ပရိသတ်တွေကပြောကြတယ်၊ ထက်ထက်မိုးဦး ဘ၀ကိုခဏခဏ ပြန်စနေရ တယ်၊ အဲဒီဝေဖန်မှုတွေကို အစ်မ ဘယ်လိုခံစားရလဲ”ဟု မေးမြန်းချက် အပေါ်ထက်ထက်မိုးဦးက ”သွားလိုက်တော့၊ နင်သွားလိုက်တော့ဟု ပြန်လည် ပြောကြားခဲ့ ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် အတွင်း တိုက်ပွဲဖြစ်
Friday, 21 May 2010 20:53 သျှမ်းသံတော်ဆင့်
သျှမ်းပြည် တပ်မတော် အမှတ် ၁ စစ်ဒေသ နှင့် ဗမာ့တပ်မတော်တို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုစုံစမ်းသိရှိရ ပါသည်။
အမည်မဖေါ်လိုသူ ရွာသားတဦးက -“ သျှမ်းတပ်က ၁၀ ကျော် နဲ့ ဗမာ့တပ်မတော် စစ်ကြောင်းတကြောင်း မိုင်းကိုးကျေးရွာအုပ်စုစီငေါက့်ရွာ အနီး လယ်ကွင်းပြင်ထဲမှာ တိုက်ပွဲဖြစ်တာ၊ နာရီဝက်နီးနီး ပစ်ခတ် ကြတယ်” - ဟု ပြော၏။
သျှမ်းပြည်တပ်မတော်သားများ
မေ ၁၆ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းက တာချီလိတ် အခြေစိုက် ခမရ ၃၃၁ တပ်ရင်းမှ အင်အား ၃၀ ကျော် စစ်ကြောင်းတကြောင်း နှင့် သျှမ်းပြည်တပ်မတော် နယ်လှည့်တပ်ဖွဲ့တို့ တာချီလိတ်မြို့ အရှေ့မြောက်ဘက် ၁၅ မိုင်အကွာ မိုင်းကိုးကျေးရွာအုပ်စုအတွင်း နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်၏။
“တိုက်ပွဲပြီးတော့ ဗမာစစ်သားတွေ အထမ်း ၃ ထမ်း ထမ်းသွားတာတွေ့ရတယ်။ လူနာလား/အလောင်းလား တော့မသိဘူး။ သျှမ်းတပ်ဘက် ကတော့ ဘယ်လောက်သေကျေဒဏ်ရာရလဲမသိဘူး” - ဟု ဒေသခံ နောက်တဦး က သျှမ်းသံတော်ဆင့်သို့ ပြော၏။
ထို့အတူ ပြီးခဲ့သည့် တနင်္လာနေ့ကလည်း မိုင်းကိုးကျေးရွာအုပ်စုဝင် ၀မ့်ပန်စလီရွာရှိ အခါပြည်သူ့စစ်တပ်ဖွဲ့အား နအဖ လှုပ်ရှားစစ်ကြောင်း တကြောင်းက စက်သေနတ်ပေးပြီး သျှမ်းပြည်မတော် နယ်လှည့်စစ်ကြောင်း တစ် ကြောင်းကို လိုက်လံပစ်ခတ်စေခဲ့သေးသည်ဟုဆို၏။ သို့သော် နှစ်ဦးနှစ်ဘက်ထိခိုက်ဒဏ်ရာရခြင်းမရှိဟု ဆက်လက်ပြောပြ၏။
သျှမ်းပြည်တပ်မတော် နှင့် ဗမာ့တပ်မတော်ကြား မကြာခဏ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ၌ တာချီလိတ် မြို့နယ် ပြည်သူ့ စစ်တပ်ဖွဲ့အားလုံးစုပေါင်းပြီး နယ်ခြားစောင့်တပ်ရင်း အဖြစ် ပြီးခဲ့သည့် အင်္ဂါနေ့က ပြောင်းလဲဖွဲ့စည်းလိုက်၏။ စရဖ အရာရှိချုပ်ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် အခမ်းအနားဖြင့် ရာထူးအဆင့် အပ်နှင်းပေးခဲ့သည်။
ABMA ဂျာနယ် အတွဲ (၁) အမှတ် (၈)
Thursday, May 20, 2010
The nation mourns
Level of chaos catches government off-guard / A nation mourns Death toll climbs to 52 in 6 days of bloodshed / Arms stockpiles found at abandoned sites
The government underestimated the potential for violence in the wake of the surrender of the red shirt leaders, the prime minister's secretary-general says.
A major centre of Bangkok’s world of glamour is no more as part of the gutted CentralWorld mall comes crashing down after a fire blazed out of control for almost 20 hours. Natthiti Ampriwan
Monday, May 17, 2010
ရန်ကုန်မြို့မှာ မိုးရွာပြီ
၂၀၁၀ ပြည့်နှစ်၊မေလ ၁၇ ရက်နေ့က ပထမဆုံးမိုးရွာသွန်းနေမှုအဖြစ် ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးတွင် တွေ့ရစဉ်
Seh Daeng dead(Maj-Gen Khattiya dies in hospital)
Key red-shirt leader and rogue army officer Maj-Gen Khattiya Sawasdipol, who was shot in the head imemdiately after giving an interview to foreign reporters on Thursday night, died on Monday morning.
Dr Chaiwan Charoenchokthawee, director of Vajira Hospital, said Maj-Gen Khattiya, better known as Seh Daeng, was pronounced dead at 9.20am.
Seh Daeng sufferred an acute kidney failure, causing all other organs to stop functioning. Doctors were unable to detect a pulse so they tried to stimulate his heart for about five minutes, but without success, he said.
Seh Daeng, 58, was shot after troops troops began the operation to seal off the Ratchaprasong rally site on Thursday afternoon.
His body is to be taken to Wat Sommanas at 1.30pm. Religious rites will be held there late this afteernoon.
Shortly before 11am, red-shirt leader Jatuporn Prompan announced on rally stage that Seh Daeng was dead. He asked the red-shirts to be ready and keep on fighting.
His elder sister Chiaranai Matchakijborikarn said on Monday her brother knew he has been targeted for death and had told them earlier he expected to be killed within a month.
This photo gallery shows Khattiyaa Sawasdipol, daughter of Seh Daeng, receiving the body of her father from hospital for funeral ceremony at a temple in Bangkok on May 17. (Photos by Tawatchai Tawatpakorn and Pattanapong Hirunard)
bangkok post
Bangkok burning
The city was thrown into confusion on Sunday when the Centre for the Resolution of the Emergency Situation said it would impose a curfew in some areas of Bangkok, only to then retract the statement a few hours later when army chief Anupong Paojinda reportedly opposed the decision.The army commander remained confident the army could handle the situation without a curfew which could cause more trouble for people in the capital.But the centre did not rule out a curfew in the future if the situation worsened.
Sunday, May 16, 2010
ရေလိုနေသည်
Saturday, May 15, 2010
အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ၊ ရှော့ပင်းမောလ်၊ စူပါမားကတ်နှင့် ပုဂ္ဂလိကဆေးရုံဆေးခန်းစသည်တို့ကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ညွှန်ကြား
အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံများ၊ စီးပွားရေးလုပ်ငန်းများ၊ ရှော့ပင်းမောလ်၊ စူပါမားကတ်နှင့် ပုဂ္ဂလိကဆေးရုံ ဆေးခန်းစသည်တို့ကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ညွှန်ကြားထားကြောင်း သတင်းရရှိပါသည်။
Friday, May 14, 2010
BANGKOK WAR ZONE
Seven civilians die, 101 hurt in crackdown - CRES allows troops to fire live ammunition - Reds fight back with rockets, petrol bombs
Soldiers take up position as anti-government protesters burn tyres near Bon Kai intersection yesterday. Security forces tried to push protesters back, sparking sporadic clashes. APICHART JINAKUL
Seven civilians have died in clashes between United Front for Democracy against Dictatorship protesters and security officers in downtown Bangkok.
Clashes started late yesterday morning and continued throughout the afternoon at the Witthayu intersection, the Thai-Belgium Bridge, Lumpini police station, Ratchaprarop Road, Din Daeng intersection, Silom Road and Soi Sala Daeng.
Soldiers used tear gas, rubber bullets, and live rounds against protesters, who retaliated using home-made rockets and Molotov cocktails to block advancing soldiers and by setting fire to a bus.The sound of gunfire was heard from both sides.
In the evening, a number of grenade attacks took place on Rama IV and Silom roads.
At least seven red shirt protesters were killed and 101 people were injured yesterday, including three journalists and several soldiers.
Two people reportedly died during the afternoon clashes, while three were killed by grenade explosions on Rama IV Road and at Sala Daeng intersection.
Heavy gunfire and grenade explosions were reported in the Ratchaprarop area late last night, resulting in several injuries.
The Centre for the Resolution of the Emergency Situation gave soldiers authority to fire live rounds at the lower bodies of attacking protesters.
Troops clearing protesters outside rally site
Soldiers fire tear gas and rubber bullets at protesters on the edges of the Ratchaprasong rally encampment in an operation to secure roads around the site, leading to more clashes -- and more injuries. (Photo by Apichit Jinakul)
Published: 14/05/2010 at 02:30 PM Online news:
Troops opened fire Friday in a tense standoff with protesters in the capital, where the army vowed to clear an area after clashes left one dead and a renegade general fighting for his life.
A succession of gunshots that sent residents fleeing in panic were heard close to the Suan Lum Night Bazaar, which is popular with tourists. Protesters set fire to an empty police bus and vandalised army vehicles and a fire truck with a water cannon.
Troops were seen firing into nearby Lumpini Park, close to the anti-government red shirts' sprawling encampment, which has been fortified with razor wire, truck tyres and sharpened bamboo poles.
Thursday, May 13, 2010
အေးချမ်းသာယာ ပြည်မြန်မာ
အေးချမ်းသာယာ ပြည်မြန်မာ
ဟန်လေး Tuesday, May 11, 2010
မဲဆောက်ရှိ မြန်မာအလုပ်သမားများ ပုန်းရှောင်နေရ
တောထဲတွင် ပုန်းရှောင်နေကြသည့် အလုပ်သမားတချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - YCOWA)
Thursday,13May201017:19ကောင်းမြတ်ကျော်
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ဒေသတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းရဲများ၏ လိုက်လံဖမ်းဆီးနေမှုကြောင့် ယခုရက်ပိုင်းအတွင်း ပုန်းရှောင်နေကြရကြောင်း သိရသည်။
“ပြီးခဲ့တဲ့ (၈) ရက်နေ့၊ စနေနေ့ကတည်းက လက်မှတ်မရှိတဲ့သူတွေ ပုန်းနေကြဖို့ သူဌေးက လာပြောတာ။ အခု ကျနော်တို့ရုံတော့ အလုပ်ပြန်ဆင်းနေကြပါပြီ။ တခြားစက်ရုံတွေက ကျနော့်သူငယ်ချင်းတွေ ပြောပြချက်အရတော့ ဆက်ပုန်းနေတဲ့ လူတွေလည်း ရှိပါသေးတယ်” ဟု စက်ချုပ်ရုံတရုံမှ အလုပ်သမားခေါင်းဆောင်တဦးက ပြောသည်။
ပုန်းရှောင်နေကြရသူများသည် ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် မရှိသူများဖြစ်ကာ အများစုမှာ သက်ဆိုင်ရာ အလုပ်ရှင်များက ရှောင်ပုန်းထားခိုင်းခြင်းဖြစ်ပြီး တချို့မှာ ရဲဖမ်းမည်ဆိုသော စကားကို တဆင့်စကား တဆင့်နားကြားပြီး နီးစပ်ရာ တောတောင်များနှင့် မြန်မာပြည်ထဲထိ သွားရောက်ပုန်းရှောင်မှုများ ရှိသည်။
ရှောင်ပုန်းနေကြရသည့် အလုပ်သမားများကို လိုက်လံကူညီပေးနေသူတဦးဖြစ်သည့် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကိုနောင်နောင်က “အလုပ်သမားတချို့က ဖမ်းမယ်ဆိုတဲ့ သတင်းကြားတော့ မြဝတီဘက်ကမ်းမှာ သွားနေကြတယ်။ တချို့လည်း မြန်မာပြည်ပြန်ဆင်းနေကြတယ်ပေါ့။ တောင်ယာစိုက်ခင်းတွေနဲ့ နီးစပ်ရာ တောတောင်တွေထဲမှာလည်း သွားပုန်းနေတာတွေ အလုပ်သမား တစ်ထောင်ကျော် ရှိတယ်” ဟု ပြောသည်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့အနေဖြင့် ပုန်းရှောင်နေသည့် အဆိုပါ အလုပ်သမားများထံသို့ သောက်ရေ၊ အအေးနှင့် အစားအစာအချို့ကို လိုက်လံဝေငှ ကူညီပေးခဲ့ကြောင်းနှင့် တချို့စက်ရုံများမှာ အလုပ်ပြန်ဆင်းနေကြသော်လည်း ဘယ်ချိန်လာဖမ်းမလဲ ဆိုသည်ကို အလုပ်သမားများ စိုးရိမ်နေကြကြောင်းနှင့် အချို့စက်ရုံ အလုပ်ရှင်ကိုယ်တိုင်က ညအိပ်တာဝန်မယူသည့်အတွက် ထိုင်း-မြန်မာနယ်စပ် နှစ်နိုင်ငံကြားက ရေလယ်ကျွန်းတွင် အိပ်သည့်အလုပ်သမားများလည်ရှိကြောင်း သူက ဆက်ပြောသည်။
ထိုင်းရဲများ စတင်ဖမ်းဆီးသည့် မေလ (၈) ရက်နေ့မှစ၍ ယနေ့အချိန်ထိ မဲဆောက်မြို့ရှိ စက်ရုံ (၅) ရုံခန့်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီးဖြစ်ကာ တောင်ယာနှင့် စိုက်ခင်း အလုပ်သမားများအပါအဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရပြီးဖြစ်ကြောင်း သိရသည်။
Wednesday, May 12, 2010
စာရေးဆရာမ မြနှောင်းညိုနဲ့ လျှပ်တစ်ပြက်
စာရေးတဲ့ အလုပ်အပြင် NGO တစ်ခုမှာပါ တာဝန်ယူ လုပ်ကိုင်နေတဲ့ စာရေးဆရာမ မြနှောင်းညိုနဲ့ တွေ့ဆုံခိုက် အခုလိုပဲ မေးမြန်း ဖြစ်ခဲ့ပါတယ်။ ဆရာမက NGO မှာ ဘာတာဝန်ယူရလဲ။ NGO မှာ ကျွန်မရဲ့ တာဝန်က ဆက်သွယ်ရေး အရာရှိပေါ့နော်။ ပုံနှိပ်မီဒီယာ ဘက်မှာ တာဝန်ယူရပါတယ်။ အဲဒီ တာဝန်ကို ယူလာတာ (၁ဝ)နှစ်ရှိပါပြီ။ ဆရာမလို စာရေးဆရာမ တစ်ယောက်က ဘယ်လို ဖြစ်ပြီး NGO ကိုရေကို ရောက်သွား တာလဲ။ ကျွန်မက (၁၉၉၅)မှာ အာဖရိကကိုသွားတယ်။ ပြန်လာတော့ (၂ဝဝဝ)ပြည့်နှစ်ပေါ့။ အဲဒီအချိန်မှာ ဆေးခန်းလည်း ပြန်မဖွင့်ဖြစ်ဘူး။ အဲဒီလိုအချိန်မှာ NGO ကပဲ ကမ်းလှမ်း တယ်ပေါ့နော်။ ကျွန်မတို့ NGO မှာ စာရေးတဲ့ အပိုင်းကို စိတ်ဝင်စားလား ဆိုပြီးမေးတော့ ဝင်စားတာပေါ့ သမီးရယ်။ ကိုယ်က အဲဒီအချိန်မှာ မြန်မာပြည်ပြန်ရောက်ကာစ လူစိမ်းဖြစ် နေတာပေါ့။ အဲဒါနဲ့ အင်တာတွေဘာတွေ ဗျူးပြီးတော့ ပထမဆုံး ကျွန်မကိုဘာလုပ်စေချင်တာလဲဆိုတော့ ကာတွန်း ဇာတ်ညွှန်းက မရေးဖူးဘူးလေ။ ဇာတ်ညွှန်းဆိုတာလည်း ဒီ HIV AIDS ပညာပေးကာတွန်းဆိုတော့ ကြိုးစားမယ်ပေါ့ဆိုပြီး ကတိပေးလိုက်တာပေါ့။ အဲဒီကနေစပြီး လုပ်ဖြစ်သွားတာပါ။ အဓိကက ပုံနှိပ်မီဒီယာဆိုတော့ ကာတွန်း ဇာတ်ညွှန်းတွေ ရေးရတာပေါ့။ PSI မှာရေးရတာက HIV /AIDS ရောဂါ ကာကွယ်ရေးတို့ ကာလသားရောဂါ ကာကွယ်ရေးတို့ အဲဒါ တွေပေါ်မူတည်ပြီးတော့ လူထု၊ လူတန်းစား အသီးသီးတို့ကို ရည်ရွယ်ရတာပေါ့။ အဲဒါလေးတွေကို ဇာတ်လမ်းဆင်ပြီး ရေးရတာပေါ့။ ပြီးတော့ ငှက်ဖျားနဲ့ပတ်သက်တာ လေးတွေ လဲရေးပါတယ်။ စာရေးဆရာဘဝနဲ့ ဆရာဝန်ဘဝ ဘာကွာ လဲဆိုတော့ ဆရာဝန်ဘဝတုန်းက ဆေးခန်းထိုင်တာပေါ့နော်။ NGOမှာ လုပ်တော့ ဆေးခန်းမထိုင်တော့ဘူး။ အဲဒီတော့ ကိုယ့်ဆေးခန်းကိုတော့ လက်လွှတ်ရတာပေါ့။ ဆေးခန်း မထိုင်ရဘူး။ အဲဒါတစ်ခုပဲ။ NGO မှာကျတော့ လုပ်ရတဲ့ အလုပ်ကလည်း တွေ့ကြုံလာမယ့် တွေ့ကြုံနိုင်မယ့် အန္တရာယ်တွေကိုဝိုင်းပြီး အကြံပေးကာကွယ်နိုင်တာဆိုတော့ အဲဒါလေးကို လည်းပျော်ပါတယ်။ တစ်ဖက်ကလည်း ကာတွန်း ဇာတ်ညွှန်းရေးနေသလို တစ်ဖက်ကလည်း ဝတ္ထုရေးနေတာပဲ ဆိုတော့ စာရေးဆရာအနေနဲ့ သိပ်ပြီး ဆုံးရှုံးတာမရှိပါဘူး။ တစ်ခုပဲ အချိန်ပေါ့လေ စာရေးဆရာတွေသွားရင် အတူ မသွားနိုင်ပဲ ကိုယ်ကျန်ခဲ့တယ်။ ဟောပြောပွဲတွေ မလိုက် နိုင်တာတစ်ခုပါပဲ။ ရတနာဦးလှိုင်
Tuesday, May 11, 2010
ဦးဝင်းတင် ရဲ့  လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု
5.5.10 နေ့ က ဦးဝင်းတင်နဲ့  other side အပါအ၀င်အင်အားစုတော်တော်များများ အစည်းအဝေး လုပ်ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ ဦးဝင်းတင်ပြောတဲ့  လူထုကို အခြေပြုတဲ့  နိုင်ငံရေးရဲ့  ပထမခြေလှမ်းအဖြစ် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့ အတွက် ဆွေးနွေးကြပါတယ်။ အဲဒီ ကန်ပိန်းကို ဦးဝင်းတင်က ဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င်နယ် 7 နယ်က အင်အားစုများက ပါဝင်ဆောင်ရွက်ပေး
မှာဖြစ်ပါတယ်။ လှုပ်ရှားမှုကာလကို 7.5.10 ကနေစပြီး 7.7.10 (7 ဇူလိုင်နေ့ ) အထိ သုံးလတာ သတ်မှတ်ထားပါတယ်။ လှုပ်ရှားမှုစတင်တဲ့  7.5.10 နေ့ မှာပဲ လက်မှတ်ပေါင်းသုံးရာကျော်ရရှိခဲ့ ပါတယ်။
လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က အချက် ခြောက်ချက်ရှိပါတယ်။
၁။ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ မတရားဖမ်းဆီးခံထားရသော ကျောင်းသားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွှတ်ပေးရန်
၂။2008 ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်
၃။2010ရွေးကောက်ပွဲဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်
၎။1990 ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပေးရန်
၅။1990ရွေးကောက်ပွဲရလဒ်အရပေါ်ထွန်းလာသောပြည်သူ့ လွှတ်တော်များအားလုပ်ပိုင်ခွင့် များအပ်နှင်းရန်
၆။NLD ပါတီကိုတရားဝင်ရပ်တည်ခွင့် ပေးရန် တို့ ပဲဖြစ်ပါတယ်။
ရရှိလာတဲ့ လက်မှတ်များကို ဘယ်ကိုမှ တင်ပြမှာမဟုတ်ပဲ လှုပ်ရှားမှုကို ဦးဆောင်တဲ့  ဦးဝင်းတင် အပါအင်
အဖွဲ့ ဝင်များက သိမ်းထားမှာ ဖြစ်ပြီးတော့မကြာခဏအနေနဲ့ မီဒီယာကနေတဆင့် ဘယ်ရွေ့ ဘယ်မျှရရှိကြောင်း ကြေငြာပြီး နအဖ ကို မပြတ်သတိပေးသွားမှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို ဦးဆောင်ပါဝင်တဲ့ အဖွဲ့ များကတော့  NLD လူငယ်များ၊ youth 109 ၊ 2007မျိုးဆက်ကျောင်းသားများ(ရန်ကုန်)နဲ့  အခြားဒီမိုကရေစီရေးဆောင်ရွက်နေသူ ပြည်သူအများပါဝင်ပါတယ်။ အဖွဲ့ နာမည်ကိုတော့  ရွှေဝါရောင်မျိုးဆက် ဒီမိုကရေစီလိုလားသူများလို့  ပေးထားပါတယ်။
http://sitmonethu.blogspot.com/  မှ
Monday, May 10, 2010
ဘုန်းဘုန်းက ဒီလို မိန့် တော်မူခဲ့တယ် ။
ကိုစိုးမြင့်(ခ)ကိုရမ်ဘို (၂၀၆) တလပြည့် အမှတ်တရ ဆွမ်းကျွေးတဲ့ နေ့ ကဦးဥတ္တရနှင့်ကိုမြတ်သီဟအမေးအဖြေကန္တကို
Mailဖြင့်ပေးပို့လာသောကိုဌေးတင့်အားကျေးဇူးတင်ပါသည်။
Sunday, May 9, 2010
(နယ်သာလန်နိုင်ငံ-ပညာရံသီဝိဟာရ)မှဦးစီး၍မြန်မာမိသားစုများစုပေါင်းပြီးဗုဒ္ဓနေ့ကျင်းပ
၉ -၀၅-၂၀၁၀ နေ့က
နယ်သာလန်နိုင်ငံရောက်မြန်မာမိသားစုများစုပေါင်း၍ဗုဒ္ဓနေ့ကျင်းပကြရာ အင်္ဂလန်နိုင်ငံ
မှကြွရောက်လာသောဆရာတော်နှစ်ပါးအား နေ့ ဆွမ်း၊ခဲဘွယ်၊ဘောဇဉ်တို့ဖြင့်ဆက်ကပ်လှူဒါန်းကြပြီး
အခမ်းအနားကိုနေ့လည်(၁)တစ်နာရီတွင်စတင်ခဲ့ကြပါသည်။
(ကဗျာဆရာတင်မိုး)၏သမီး ဒေါ်မိုးမိုးနှင်းမှ အခမ်းနားမှူးအဖြစ်ဆောင်ရွက်ကာ။
ဒေါ်မေနှင်းမှ ဗုဒ္ဓဂုဏ်တော်ရွတ်ဆိုခြင်း၊ ဗုဒ္ဓနေ့သို့ရောက်လာကြသော ဓမ္မမိတ်ဆွေများမှ
(နယ်သာလန်နိုငံပညာရံသီဝိဟာရ)၏ ဥက္ကဋ္ဌ ဆရာတော်ဦးဥတ္တရထံမှ ငါးပါးသီလခံယူခြင်း။
တရားတော်နာယူခြင်း၊လှူဘွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းကြပြီး။ရေစက်သွန်ချအမျှအတမ်းပေး
ဝေကာ အခမ်းနားကိုညနေ(၅)နာရီတွင်အောင်မြင်စွာပြီးဆုံးသွားခဲ့ပါသည်။
အင်္ဂလန်နိုင်ငံမှ နယ်သာလန်သို့ကြွရောက်ရောက်လာသောဆရာတော်နှစ်ပါး
(ကဗျာဆရာတင်မိုး)၏ သမီး ဒေါ်မိုးမိုးနှင်း အခမ်းနားမှူးအဖြစ်ဆောင်ရွက်နေစဉ်
ဒေါ်မေနှင်းမှဗုဒ္ဓဂုဏ်တော်ရွက်ဆိုနေစဉ်
--------------------------------------------------------------------------------------------------
ဓာတ်ပုံများအပြည့်အစုံသို့
Friday, May 7, 2010
နေပြည်တော် ဘုန်းတော်ဘွဲ့ 
နေပြည်တော် ဘုန်းတော်ဘွဲ့ 
(ဧရာ)
ပြည်ရပ် ပြည်ရွာ ကြားလို့ မှမတော်
ရွှေ ဥာဏ်တော်စူးရှစွာနဲ့ 
ကြေညာလိုက်တာက
အဲ့ဒါ- နေပြည်တော်တဲ့ဗျာ။
တကယ်တော့
စစ်ဖိနပ်ဟောင်းတရံကို တံခွန်ထူ
အများပြည်သူ ခေါ်ဆိုနိုင်အောင်
ဆိုင်းဘုတ်ထောင် ကင်ပွန်းတပ်
ကြပ်ပြေးဆိုတဲ့အရပ်ကတော့
မြန်မာပြည်ရဲ့ နေပြည်တော်သစ်ဖြစ်လာတယ်။
မြို့ ရိုး ပြဿဒ်နဲ့ 
အမျိုးသားဗီဇာလက္ခဏာကင်းမဲ့တဲ့
အဲ့ဒီ နေပြည်တော်မှာ
ရာဇ၀င်ထဲက ပုဂံ၊ အင်းဝ၊ ပင်းယ၊ တောင်ငူ၊ ကုန်းဘောင်နန်းမြို့ တွေ
ငိုချင်းချနေတယ်။
ပြည်သူတွေ မပျော်ပါး
မသူတော်တွေ လော်လီ ဖောက်ပြား
အမှောက်အမှားများနဲ့ ခြိမ်းခြောက်
အစိမ်းပုတ်အရောင်နဲ့ 
ဖုတ်ကောင်တွေကြီးစိုးရာဒေသဟာ နေပြည်တော်ဖြစ်တယ်။
အဲ့ဒီမြေ
အဲ့ဒီအရပ်
ညစ်ထပ်ပုပ်ပွ
အပုပ်နံ့ တထောင်းထောင်းထနေတဲ့
သုဿန်တစဖြစ်တယ်။
ဂုဏ်၊ မာန် ၊ ယက္ခနဲ့ 
စစ်ဘီလူးထကြွ
မိစ္ဆာတွေပျော်မြူးကြတဲ့ ဒေသ
မြေမျို ကောင်းကင်ပြိုကျမယ့်အရပ်ဖြစ်တယ်။ ။
ABMA ဂျာနယ် အတွဲ(၁) အမှတ်(၇)
မဲရဖို့ မကြံအပ်တာ လုပ်ကြ
ဖနိဒါ သောကြာနေ့၊ မေလ ၀၇ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၂ မိနစ်
(ခွပ်ဒေါင်းအလံ အသုံးပြုမှုနှင့် ပတ်သက်၍ ကန့်ကွက်သူများနှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် စစ်အစိုးရနှင့်နီးစပ်သော ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက သူတို့၏ ပါတီအလံနှင့် တံဆိပ်ကို သမိုင်းဝင် ကျောင်းသားသမဂ္ဂ၏ ခွပ်ဒေါင်းအလံအား အသုံးပြုထားခြင်းအား အနုပညာ၊ စာပေစာနယ်ဇင်း အသိုင်းအဝိုင်းမှ အထင်ကရ ပုဂ္ဂိုလ်များက ကန့်ကွက်ထားသည်။
ကန့်ကွက်သူများထဲတွင် ထင်ရှားသော စာရေးဆရာများဖြစ်ကြသည့် ဒဂုံတာရာ၊ လူထုစိန်ဝင်း၊ မောင်ဝံသ၊ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) တို့လည်း ပါဝင်သည်။
သစ္စာမြတ်နိုးမှု အတိုင်းအတာ
ဝမ်းနည်းပူဆွေးနေသော မိတ်ဆွေရောင်ရင်းများနှင့် တပည့်များအကြားတွင် အဆိပ်ခွက်ကို ရဲရဲရင့်ရင့် လှမ်းကိုင်နေသော ဆိုကရေးတီးစ်(ဂျက်ကွက်ဇ်လူးဝစ်ဒေးဗစ်၏ ၁၇၈၇ ခုနှစ်လက်ရာ The Death of Socrates)
Written by ဇေ၀င်းနောင်
"အမှန်ပြောလျင် အကျွန်ုပ်ကို စိတ်မဆိုးလေနှင့်"
ဆိုကရေးတီးစ်
"အမှန်တရားအားလုံးဟာ တွေ့ ရှိတာနဲ့တစ်ပြိုင်နက် နားလည်ဖို့ လွယ်ကူပါတယ်။
အဓိကအချက်ကတော့ အဲဒီအမှန်တရားတွေကို တွေ့ရှိဖို့ပဲ"
ဂယ်လီလီယိုဂါလိလဲ
အမှန်တရား (တစ်နည်းအားဖြင့် သစ္စာ)ဆိုတာကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ပါတယ်။ ကိစ္စတစ်ခု ဖြစ်ခြင်းရှိခြင်းရဲ့ အခြေအနေမှသည် တိကျမှန်ကန်တဲ့အချက်အလက် (ဒါမှမဟုတ်) အစစ်အမှန်အခြေအနေလို့ သဘောတူညီနိုင်ခြင်း၊ စစ်မှန်တဲ့ အရာတွေ၊ အဖြစ်အပျက်တွေ၊ တကယ်ဖြစ်တည်မှုတွေနဲ့ ဖွဲ့စည်းထားတယ်လို့ သဘောတူညီလက်ခံနိုင်ခြင်း၊ စံ (ဒါမှမဟုတ်) မူလပကတိအခြေအနေမှ မဖောက်ပြန်ခြင်းကို အမှန်တရားလို့ ဖွင့်ဆိုကြပါတယ်။ ရှေးသုံးအရပြောရရင် အမှန် တရားဆိုတာမှာ အပြုအမူ၊ ၀ိသေသ လက္ခဏာ၊ နုတ်ထွက်စကားတို့ မဖောက်ပြန်မှု၊ အခြားအရာများ ပြောင်းလဲသွားသော်လည်း မပြောင်းမလဲ ကြွင်းကျန်ရစ်မှု၊ ရိုးသားမှုတို့ပါ ပါဝင်ပါလိမ့်မယ်။ ဒီစံသတ်မှတ်ချက်တွေဟာ အများစုလက်ခံထား ကြတာဖြစ်ပေမဲ့ အခြားငြင်းခုံလောက်ဖွယ်ရာ ဆွေးနွေးစရာကောင်းတဲ့ အမှန်တရားဆိုတာနဲ့ ပတ်သက်တဲ့အမြင်တွေ၊ သီအိုရီတွေရှိပါသေးတယ်။
“ဘူး ဆို အဟွာမသီးဘူး ဟေ့”..
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အခမ်းအနား ရုပ်သံမှတ်တမ်း
Thursday, May 6, 2010
Myanmar opposition party looks beyond its closure
AP – Tin Oo, deputy leader of the detained pro-democracy leader Aung San Suu Kyi's National League for Democracy, …
YANGON, Myanmar – Leaders of democracy icon Aung San Suu Kyi's opposition party said Thursday they would continue working as a social movement after Myanmar's new election law forces its dissolution as a political party at midnight.
Officials at the National League for Democracy tidied their desks, locked their files in cupboards and padlocked the gate to their main office in Yangon at 4 p.m., a quiet end to a political party founded more than 20 years ago to challenge military rule.
The League won a 1990 election but the army refused to cede power. The party declined to register for elections planned sometime this year, a step that will force its dissolution at the midnight deadline. The party says the laws are undemocratic and unfair. Its non-registration is tantamount to an election boycott.
အသွင်ပြောင်းရေး ကိစ္စထပ်မံဆွေးနွေးရေး တြိဂံတိုင်းမှူးဖိတ်ခေါ်မှု မိုင်းလားတပ်ဖွဲ့ငြင်းဆန်
Thursday, 06 May 2010 20:08 သျှမ်းသံတော်ဆင့်
တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး
အသွင်ပြောင်းရေးကိစ္စ ဆက်လက်ဆွေးနွေးရန် မိုင်းလားတပ်ဖွဲ့အား ကျိုင်းတုံအခြေစိုက် တြိဂံဒေသ စစ်တိုင်းရုံးဆင့်ခေါ် ခဲ့သော်လည်း ‘ဘာမှ ထူးခြားမှာ မဟုတ်’ ဟုဆိုကာ ထပ်မံသွားရောက် မဆွေးနွေးရန် ဆုံးဖြတ် လိုက်ကြကြောင်းစုံစမ်း သိရှိရပါသည်။
“တြိဂံတိုင်းမှူးကလကုန်လောက်ကတည်းက ခေါ်ထားတယ်။သွားသွားမသွားသွားဘာမှထူးခြားမှာ မဟုတ်ဘူး၊ကျနော်တို့ဘက်က အထူးလိုက်လျောထားတဲ့တောင်းဆိုချက် ၆ ချက်ကိုတောင်မှသူတို့လျစ်လျူရှုထား တာဘဲ၊သွားတိုင်း သူတို့ လိုအပ်ချက်ကိုဘဲ တဘက်သတ်ဖိပြောတော့ မသွားဖို့ ဆုံးဖြတ်ကြတယ်”-ဟု တပ်မှူး တဦးက ပြောကြောင်း အမည်မဖေါ်လိုသည့် ကျိုင်းတုံကားဆရာက ပြောပါသည်။
မေလ ၃ ရက်နေ့ ထပ်မံဆွေးနွေးကြရန် မိုင်းလားတပ်ဖွဲ့အား တြိဂံတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုးးက လဆန်း ကတည်း က ဖိတ်ကြားထားသည်ဟုဆို၏။
ကြံ့ဖွံ့ပါတီကြီးလာချေပြီ
ဓာတ်ပုံမိုးမခမှ (ရဲဘော်ဖိုးသံချောင်း)
ငယ်ငယ်တုန်းကကြည့်ခဲ့ကြတဲ့ ကောင်းဘွိုင်ရုပ်ရှင်ကားများထဲမှာ ညနေစောင်းလို့ နွားရိုင်းသွင်းချိန်ရောက်တယ်ဆိုတာနဲ့ လူဆိုးအုပ်ကြီးဟာ မြင်းတွေစီးပြီး ဖုန်တထောင်းထောင်းနဲ့ မြို့ထဲကိုဝင်လာကြတာကို မှတ်မိကြပါလိမ့်မယ်။ အခုလည်း မြန်မာပြည်နိုင်ငံရေးရဲ့နေညိုချိန်မှာ ဗိုလ်သိန်းစိန်၊ ဗိုလ်အောင်သောင်းတို့နဲ့ ကြံ့ဖွံ့ပါတီဆိုတာကြီး ရွေးကောက်ပွဲခတ်ကွင်းထဲကို ဒုန်းစိုင်းဝင်လာတာ တွေ့ရပါတယ်။ “မဆိုင်သူမကပ်နဲ့၊ အိမ်ကမိန်းမ မုဆိုးမဖြစ်သွားမယ်” ဆိုတဲ့ အော်ဟစ်ကြုံးဝါးသံတွေလည်း ကြားနေရသလိုလိုပါပဲ။အခုတော့ လူအရေခြုံ နအဖဗိုလ်ချုပ်တွေက စည်းကမ်းရှိတဲ့ဒီမိုကရေစီနဲ့ နိုင်ငံရေးလှုပ်ရှားစရာ စပေ့စ်တွေ သယ်လာပါပြီ။ အာဏာရှင်စနစ်ကနေ နောက်တလှမ်းဆုတ်နေတယ်ဆိုတဲ့ နအဖစစ်အုပ်စုထဲက ဗိုလ်သိန်းစိန်နဲ့ ဘယ်သူများ ယှဉ်ပြိုင်အရွေးခံရဲသလဲ။ ရွေးကောက်ပွဲဝင်ခ ငါးသိန်းနဲ့ သိန်းရာချီတဲ့ မဲဆွယ်စည်းရုံးစရိတ်တွေ အဆုံးခံနိုင်သူများ အမြန် စာရင်းပေးကြစမ်းပါဗျာရို့။ ယှဉ်မယ့်လူမရှိရင် ဒင်းတို့အလိုအလျောက် အရွေးခံရပြီးသားဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် တခုတော့သတိပေးပါရစေ။ ဒီခေတ်ကြံ့ဖွံ့တွေရဲ့ လက်စောင်းဟာ ငါးဇွန်မှာ ခြောက်လောင်းပြိုင်သတ်ခဲ့တဲ့ ပြူစောထီးတွေထက် မညံ့ဘူးဆိုတာလည်း မမေ့ကြပါနဲ့။
Wednesday, May 5, 2010
ဖွတ်အဖွဲ့ဆို “ဘူး” ပဲ..
ဖွတ်အဖွဲ့ဆို “ဘူး” ပဲ..(ကာတွန်း တင်ကိုကိုဦး)
ငြိမ်းချမ်းသော ရွေးကောက်ပွဲဖြစ်စေရေး ဖိလစ်ပိုင်တပ်မတော်က ချီတက်ဆုတောင်း
ငြိမ်းချမ်းသောရွေးကောက်ပွဲ ဖြစ်စေရေး ဆုတောင်းချီတက်ပွဲ တစ်ရပ်ကို ဖိလစ်ပိုင် လက်နက်ကိုင်တပ်ပေါင်းစုက မေလ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖိလစ်ပိုင်တပ်များက အစိုးရနှင့် ဖွဲ့စည်းပုံကို ဆက်လက်သစ္စာရှိသွားမည်ဖြစ်ကြောင်း တက်ရောက်ခဲ့ကြသည့် စစ်သည်ထောင်ပေါင်းများစွာက ကတိသစ္စာပြုခဲ့ကြသည်။
ရာထူးမှအနားယူရတော့မည့် ဖိလစ်ပိုင်သမ္မတ အာရိုယိုနေရာဆက်ခံမည့်သူ ရွေးချယ်မည့် သမ္မတရွေးကောက်ပွဲအပြီးတွင် အရှုပ်အထွေးများ ဖြစ်ပေါ်လာနိုင်သည်၊ စစ်ဘက် က ၀င်ရောက်စွက်ဖက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်ချိန်၌ စစ်ဘက်ခေါင်းဆောင်များက ဆုတောင်းပွဲကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ဦးစီးချုပ်ဒယ်လ်ဖင်ဘန်ဂစ် အပါအ၀င်အဓိက စစ်ဘက်အရာရှိများ ပါတက်ရောက်ခဲ့ကြ သည်။
မြို့တော်မနီလာ၊ ဆင်ခြေဖုန်း၊ ကွီဇုန်မြို့ အဂီနယ်လ်ဒိုစစ်စခန်းတွင် ပြုလုပ်သော ချီတက်ပွဲ၌စစ်သည် များက ရိုးသား၊ စနစ်ကျပြီး ငြိမ်းချမ်းသော ရွေးကောက်ပွဲဖြစ်လာရေးအတွက် ဆုတောင်းခဲ့ကြပြီး စစ်တပ်၏ မည်သည့် ဘက်မျမလိုက်ဘဲ ရပ်တည်မည့် အခြေအနေကို ဖော်ထုတ် ပြသခဲ့ကြသည်။ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း အကွီနို၏သား ဘင်နစ်နိုနွိုင်နွိုင်အကွီနိုက ရေပန်းအစားဆုံးဖြစ်နေပြီး စီးပွားရေးလုပ်ငန်းရှင် မန်နီဗီလာက ဒုတိယနေရာတွင် ရှိနေသည်။
မူရင်း http://www.first-11.com/