Tuesday, November 30, 2010

ပြည်ထောင်စုကြီး အတွင်းမှ ပြည်ထောင်စုလေး တစ်ခု၏ သမိုင်းအစ (သို့မဟုတ်) နှစ် ၉၀ ပြည့် ရန်ကုန်တက္ကသိုလ်

Written by နေထွန်းနိုင်   
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦးကို တည်ဆောက်ပြီးစအချိန်၌ တွေ့ရစဉ်

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့။ မြန်မာ့သမိုင်း၏ အရေးပါသော နေ့များထဲမှ နေ့ရက်တစ်ခုဖြစ်သည်။
ထိုနေ့ကို ပြည်ထောင်စုကြီးထဲမှ ပြည်ထောင်စုလေးတစ်ခု ပေါက်ဖွားလာစေမည့် နေ့ရက်၊ လူငယ်များ၏ အမျိုးသားရေး စိတ်ဓာတ်ကို အရှိန်မြင့် ဖော်ကျူးပြမည့်နေ့ရက်၊ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် လူငယ်ခေါင်း ဆောင်များကို မွေးထုတ်ပေးမည့် အသိုက်အ၀န်းတစ်ခု၏ နေ့ရက် အစရှိသဖြင့်တင်စား ပြောဆိုကြပေလိမ့်မည်။

နိုင်ငံအတွက်ဖြစ်စေ၊ လူမျိုးအတွက်ဖြစ်စေ အရေးကြီးဆုံးအချက်သည် ပညာရေးဖြစ်သည်။ ပညာရေးကသာ အရာရာကို တိုးတက်အောင် လုပ်ဆောင်နိုင်သည်။ အရာရာကို ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နိုင်သည်။ ပညာရေးအားကောင်းမှ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အားကောင်းနိုင်မည် ဖြစ်သည်။

ပညာရေးဟု ဆိုလိုက်သည်နှင့် ရန်ကုန်တက္ကသိုလ်ကို သတိရကြသည်။ ပညာရေးကြောင့် အရာအားလုံး တိုးတက်ခဲ့သည်ကို ရန်ကုန်တက္ကသိုလ်က သက်သေပြခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို မြန်မာနိုင်ငံ၏ ထိပ်ဆုံးပညာရေး ဟူ၍ပင် မြန်မာ့စွယ်စုံကျမ်း စာမျက်နှာထက်၌ ဖော်ပြထားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်(၉၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကျင်းပ

mizzima 12/01/10 02:34AM
====================================================
===================================
လာမည့်ဘေး ပြေးတွေ့ ဟူသောခေါင်းစည်းဖြင့် အမျိုးသားအောင်ပွဲနေ့ ကျင်းပ   

 

ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ဒေါ်အောင်ဆန်းစုကြည် သားနှင့်အတူသွားလည်

မူရင်းမဇ္ဈိမ သတင်းဋ္ဌာန
---------------------------------------------------------------------------------------------------------

photo။ ။AP

Sunday, November 28, 2010

ပျောက်ဆုံးနေသောနိုင်ငံချစ်စိတ်ကို ပြန်လည်တွေ့ရှိခြင်း

Written by ဇေဝင်းနောင်
ပိုကောင်းတဲ့ဘ၀တစ်ခုအတွက် ချက်ကိုစလိုဗက်ကီးယားကို စွန့်ခွာခဲ့ရမယ်လို့ အမိမြေက စတင်ထွက်ခွာတဲ့ ၁၉၆၈ ခုနှစ်ကတော့ လူငယ်ဘ၀မှာပဲရှိသေးတဲ့ ဂျူရက် တစ်ယောက်မတွေးမိခဲ့ဘူး။ ပညာတတ်တစ်ယောက်ဖြစ်ဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အပြင်ထွက်ခဲ့တဲ့ ရည်မှန်းချက်ကြီးတဲ့ ၂၂ နှစ်သားဟာ အတိတ်ရဲ့အရိပ်တွေကို အမိမြေမှာထားခဲ့ပြီး အနာဂတ်ကို မဖန်တီးပေးနိုင်တဲ့အစိုးရလက်အောက်က စွန့်ခွာခဲ့တယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအာဏာတည်မြဲရေးအတွက်အပြင်းအထန်ကြိုးစားနေပါသည်

mail from Myat Thit(dawn)

Friday, November 26, 2010

ထောက်လှမ်းရေးမှူးချုပ်ဟောင်းခင်ညွန့် ဘာတွေဖြစ်နေလဲ?

ထောက်လှမ်းရေးမှူးချုပ်ဟောင်းခင်ညွန့် နဲ့ ဒေါ်ခင်ဝင်းရွှေတို့ လင်မယားကို ခင်ရီတို့ လို့ ထင်ရတဲ့ရဲတစ်စုက
သူ့ရဲ့နေအိမ်ကနေခေါ်ထုတ်သွားပြီးစကားပြောနေတဲ့ဗီဒီယိုတစ်ခုလက်ခံရရှိလို့တင်လိုက်ပါတယ်။ ဘယ်အချိန်ကာလကရိုက်ထားတာလဲတော့မသိပါ။ အသံတော့မပါဘူး။

ဦးခင်ညွန့်က တခေါင်းလုံးဖြူနေပြီးသူတို့အိမ်ကထွက်လာတော့လဲလွယ်အိတ်ကလေးတစ်လုံးနဲ့။ ကျန်ခဲ့တဲ့အိမ်သားတွေ အကုန်လုံးကိုနှုတ်ဆက်နေတာကိုလည်းတွေ့မြင်ရပါတယ်။ ဗီဒီယိုပါအရ သူ့အိမ်ကနေအင်းစိန်ထောင်ထဲက ကန်သာယာဧည့်ရိပ်သာကို ပြောင်းလိုက်တဲ့နေ့လို့ယူဆရပါတယ်။

သူ့လက်ချက်နဲ့ဘဝပျက်သွားတဲ့ သူတွေထက်စာရင် သူ့အခြေအနေက အများကြီးသာပါတယ်။ တူဖြစ်တုန်းက စိတ်ရှိလက်ရှိနှံပြီးပြီ ပေဖြစ်တဲ့အလှည့်မှာခံပေါ့။ သူပြုတဲ့ကံ သူပြန်ခံရတာဘဲ။
http://www.dawnmanhon.com/ မှကူးယူဖော်ပြပါသည်

Men beaten off women's train in India

Thursday, November 25, 2010

Wednesday, November 24, 2010

The story behind Aung San Suu Kyi

The background story of a woman who has come to symbolise non-violent resistance against oppression in Myanmar.


ပစ်ကွင်း

ပစ်ကွင်း

(ဆက်မျိုးဦး)
ရဲဘော်
ပစ်မှတ်တစ်ခု ပစ်လိုက်တဲ့အခါ
ပစ်ကွင်းကျော်လွှား ကျည်ဆံများ
ပစ်ကွင်းမရောက် ကျည်ဆံအား
အသိအမှတ်မပြု အလကာ့း့ ၊
ရဲဘော်
စစ်ရေးနဲ့ နိုင်ငံရေး
ဘယ်ဟာအဓိက ဘယ်ဟာသာမည
စကားစစ်ခင်းမင်းငြင်းမနေနဲ့ ၊
ရဲဘော်
စစ်ရေးဟာ
သွေးထွက်တဲ့နိုင်ငံရေး
နိုင်ရေးဟာ
သွေးမထွက်တဲ့စစ်ရေး
မင်းလည်းလာခဲ့
ငါလည်းပါမယ်
ဟောဒီမှာပစ်ကွင်းရှိတယ့့် ။ ။

Tuesday, November 23, 2010

အမေ့အိမ်

အမေ့အိမ်
တက္ကသိုလ်ရိပ်သာရဲ့ ခြံ နံပါတ် ၅၄
ငါ တို့မနေတဲ့ အမေ့ရဲ့အိမ်ကို
တခါးမရှိ ဓါးမရှိ ဗီဇာမလို ခွင့်မဆိုပဲ
ဝင်ချင်ထွက်ချင်စမ်းပါဘိ...အို မိခင်။
မေတ္တာတရားလွှမ်းရစ်ခြုံသိုင်းထားတဲ့ ငါ တို့အားလုံးရဲ့ အမေ
လောကဓံကို ခံနိုင်စွမ်းတဲ့ ငါ တို့အားလုံးရဲ့ အမေ
မကြောက်တရား ကျောပိုးထားတဲ့ ငါ တို့အားလုံးရဲ့ အမေ
အာဏာရှင်ကို တွန်းလှန်နေတဲ့ ငါ တို့အားလုံးရဲ့ အမေ
ဇရာရွယ်လွန်ပေမယ့် ကျနော်တို့အတွက်တော့
တည်ကြည်ခန့်ညား အမေ့ရုပ်ရည်ဟာ
ဗေဒါပျံအံကိုခဲ ပန်းပန်လျှက်မြဲပါ...အို မိခင်။
မတွေ့တာကြာတော့လည်း
သားတွေကို တွေ့ချင်တဲ့အမေ
အမေကို တွေ့နေချင်နေတဲ့ သား
ဒီ နှစ်ခုရဲ့ ကြားမှာ
အဖြေညှို့လို့မရတဲ့
ပဟေဠိပုစ္ဆာတော့ရှိနေတယ်။
အမေနဲ့ သား
ခိုင်မြဲတဲ့ မေတ္တာတံတားအကြားမှာ
မဖြတ်ရဘူး မသွားရဘူး မလာရဘူး
ဘယ်သူတွေ ဘယ်လိုတားတား
အဲဒီ...ခိုင်မြဲတဲ့ မေတ္တာပေါင်းကူးတံတား
ဘယ်သူဖြတ်ဖြတ် ပြတ်ရိုးတဲ့လား။
ကဲ...ဒီ မနက်ခင်းလေးထဲမှာပဲ
ငါ တို့အားလုံးသွားကြပါစို့ လား
ကျနော်တို့မနေတဲ့ အမေ့ရဲ့ အိမ်
တက္ကသိုလ်ရိပ်သာ ခြံ နံပါတ် ၅၄
အမေနေတဲ့ အမေ့ရဲ့အိမ်ကို...လေ။
ထိန်လင်း(ခေါ်)Kim Aris အား ဤ ကဗျာဖြင့်ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
အမေ့သား(ဒိန်းမတ်)၂၃.၁၁.၂၀၁၀

Ta Saung Taing Festival Variety Concert, Yangon

Here is the exclusive video of Ta Saung Taing Festival Mark- Variety Concert which was held on 21 November 2010, at Thuwana Indoor Stadium, Yangon. In this video, you will enjoy with Htar Waya Hnin Si A Nyeint Performance - Dancers: Moe Yu San and Phu Sone, Comedians: Nay Toe, Kyaw Kyaw Bo, Htun Htun (Example), Ye Lay and Moe Moe. Watch Video...
နိုဝင်ဘာလ (၂၁) ရက်နေ့က တန်ဆောင်တိုင်ပွဲ အကြို အဖြစ် ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ရုပ်ရှင်နှင့်ဂီတ ပဒေသာကပွဲ ဗီဒီယိုပါ။ ဒါရိုက်တာ မောင်မျိုးမင်း စီစဉ်တဲ့ ထာဝရ နှင်းဆီ အငြိမ့် ရဲ့ ဖျော်ဖြေပုံကို မြင်ရမှာပါ။
===================================================
Exclusive Video: Ta Saung Taing Eve Rock & Punk Music Concert
Here is the exclusive video of Myanmar Rock and Punk Music Concert which was held on 20 November 2010, as the Eve of Ta Saung Taing Festival. Rock & Punk Music Concert was celebrated at Thuwana Indoor Stadium, Yangon. In this video, you will enjoy with the performance of Myanmar famous Punk Singer Han Htoo Lwin (Big Bag) and popular rocker Nor Naw. Watch Video!!!
နိုဝင်ဘာလ (၂၀) ရက်နေ့က တန်ဆောင်တိုင်ပွဲ အကြို အဖြစ် ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ "Rock & Punk Music Concert" ဖျော်ဖြေပွဲ ဗီဒီယိုပါ။ နာမည်ကျော် Punk အဆိုတော် ဟန်ထူးလွင်(Big Bag) နဲ့ Rock အဆိုတော် နောနော် တို့ရဲ့ အားပါးတရ ပရိတ်သတ်နဲ့ အပေးအယူမျှမျှ ဖျော်ဖြေခဲ့ပုံတွေကို မြင်ကြရမှာပါ။

Monday, November 22, 2010

ဒေါ်အောင်ဆန်းစုကြည် သား ဖြစ်သူ နှင့် တွေ့ဆုံ

သားအလာကိုပန်းစည်းကိုင်ပြီးကြိုနေသာဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံAP

ကံမကုန်ပြန်ဆုံ

ကဗျာပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည် 

အာဟာရစာစောင် အမှတ်(၁၁၇)နိုဝင်ဘာ၊၂၀၁၀

တနေ့နေ့ ပေါ့

တနေ့နေ့ ပေါ့
(အမေ့သား-ဒိန်းမတ်)
အမှတ်တမဲ့ ရောက်ခဲ့ပေမယ့်
မင်းနဲ့တွေ့ တော့ အရာရာတွေဟာ
အမှတ်တရလေးတွေ ဖြစ်လာခဲ့တယ်။
အမှတ်တရ သွားခဲ့ပေမယ့်
မင်းကို မတွေ့တော့
နေရာဟောင်းလေးတွေ
ပြုံးလှောင်လို့ နေတယ်။
အမှတ်တမဲ့နဲ့ အမှတ်တရ
အဲဒီ...နှစ်ခုရဲ့ကြားမှာ
ပြောတော့ ပြောမည်
နင့်ကိုငါ ချစ်ကြောင်း သိစေချင်သည်
တနေ့နေ့ ပေါ့....။

အထူးသဖြင့်....လူတွေ အားလုံးဟာ တနေ့နေ့ တချိန်ချိန်မှာ အချစ်တွက် ရှူး ခဲ့ကြတယ်။

Saturday, November 20, 2010

မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက်၊ အမျိုးသားနေ့ပေါ်ပေါက်လာပုံ- (တင်နိုင်တိုး)

မြန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက်
အမျိုးသားနေ့ပေါ်ပေါက်လာပုံ
တင်နိုင်တိုး

နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပါသည်။ ယင်းသို့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့အား အမျိုးသားနေ့အဖြစ် အသိအမှတ်ပြုပါရန် အဆိုပြုခဲ့သူမှာ ဂျပ်ဆင်ကော်လိပ်ကျောင်းသားဟောင်း ကိုမြင့် ဆိုသူဖြစ်သည်။ ဂျီစီဘီအေ န၀မမြောက် ကွန်ဖရင့်၏ နောက်ဆက်တွဲအဖြစ် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခုစစ်သမိုင်းပြတိုက်နေရာ) ၌ ဂျီစီဘီအေ အထူးကွန်ဖရင့်ကို ကျင်းပခဲ့ရာ ယင်းအစည်းအဝေးကြီးက အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။

Pro-democracy activist Aung San Suu Kyi talks about her hopes for the future of Myanmar.

Friday, November 19, 2010

ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွား

ဗုံးပေါက်ကွဲပြီးနောက် ဘုရားဝင်းအတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ဘုရားဖူးများ မ၀င်ရောက်စေရန် ကြိုးတားထားစဉ်

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရိဟေမာ အရှေ့မဟာလောကရံသီအိမ်တော်ရာ ဘုရားဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

''နံနက် ၈ နာရီ မထိုးခင်ကတည်းက အိမ်တော်ရာဘုရားထဲမှာ အလှူလည်း ရှိနေတော့ လူစည်ကားနေပါတယ်။ ပေါက်ကွဲသံ စကြားကြားချင်းတုန်းက ထရန်စဖော်မာအိုး ပေါက်တယ်ပဲ ထင်ကြတာ။ တချို့က ပေါက်ကွဲတဲ့နေရာကို သွားကြည့်မိတော့မှ ဘုရား သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကြီးက သန့်ရှင်းရေးလုပ်တဲ့နေရာမှာ အင်္ကျီအသစ်တစ်ထည်တွေ့လို့ ဆွဲလိုက်တာ ပေါက်ကွဲသွားပြီး သူ့မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်။ အခုတော့ သက်ဆိုင်ရာက ရှာဖွေစစ်ဆေးရေးတွေ ပြုလုပ်နေတာမို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးတစ်ဝိုက်ကိုတော့ ဘုရားဖူး ဧည့်သည်တွေ ၀င်ခွင့်မရှိပါဘူး''ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြောပါသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသည် အိမ်တော်ရာဘုရားဝင်း အတွင်းရှိ တောင်ဘက်မုခ် နဂါးရုံဘုရား အနီးတွင် ဖြစ်ကြောင်း သိရသည်။

(မည်သည့် ပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း ဆက်လက် စုံစမ်းဆဲဖြစ်ပါသည်။)
မူရင်း http://www.news-eleven.com/

လေဘာပါတီ ညီလာခံတွင် မြန်မာ ကျောင်းသူ မ ဝေနှင်းပွင့်သုန် ပြောကြားသောမိန့်ခွန်း

ဒေါ်အောင်ဆန်းစုကြည်နှင့် CNN Interview


Thursday, November 18, 2010

ရွေးကောက်ပွဲအပြီး စောဒက ညည်းထားမှုစတင်

သျှမ်းသံတော်ဆင့်

===================================================

ရိုင်းမိုက်ကယ်သရော်လွှတ်တော် လွှတ်တော် ခုံဖိနပ်နဲ့ဆော်

Wednesday, November 17, 2010

Video: Nan Su Yati Soe Protect By Body-Guard !!!



Tuesday, November 16, 2010

8888ပြည်သူ့သတင်းစဉ်

ပြခန်း

ပြခန်း
(မြတ်သစ်_dawn)
ဒီနေရာမှာ

စုတ်ချက်ကြမ်းကြမ်းနဲ့ 
ရေးချယ်ထားတဲ့
တော်လှန်စစ်ရဲ့ 
ရသစုံပန်းချီကားတွေရှိတယ်။

ဝင်ကြေးလား
သတ်မှတ်ချက်မရှိ
ဘ၀ အသက်
ခြေ လက်
စေတနာကြေး။

အဲဒီမှာ
ရှယ်ရွန်စတုံးနဲ့  ဒယ်မီမိုးမရှိဘူး
ဟဲဗီးမယ်ဒယ်နဲ့  မော်ဒယ်လ်ဂဲလ်တွေမရှိဘူး။

သံမဏိဘောင်ခတ်ထားတဲ့ယုံကြည်ချက်တွေရှိတယ်
နာကြည်းမှူပုံတူတွေရှိတယ်
တော်လှန်ရေးတခုရဲ့ ဆွဲလက်စပန်းချီကားတွေရှိတယ်။

စိတ်ပါရင်
ဝင်ခံစားလို့ ရတယ်
ကိုယ်တိုင်ဝင်ရေးချယ်လို့ လည်းရတယ်
ကဲ ဘယ်လိုလည်းသူငယ်ချင်း။

Saturday, November 13, 2010

အရှေ့ဆီမှာရောင်နီတွေသန်းလို့လာပြီ


အရှေ့ဆီမှာရောင်နီတွေသန်းလို့လာပြီ

အမေ့သား(ဒိန်းမတ်)

သြဘာသံတွေပြည့်လျှံ
ဟော....ဟိုရှေ့နားက လူအုပ်စုရဲ့အသံ
We love ဒေါ်အောင်ဆန်းစုကြည်
ဒေါ်စုကျမ္မာပါစေ ချမ်းသာပါစေ
အန်တီစု သက်တော်ရာကျော် ရှည်ပါစေ
ကျမလည်း ပြည်သူကိုချစ်ပါတယ်
ဒေါ်စုနဲ့ ပြည်သူ
ရင်တွင်းဖြစ်စကားတွေ အပြန်အလှန်ဆိုကြနေလေ...ရဲ့။
ယုံမကြည်နိုင်လောက်အောင်ပါပဲ
မလွတ်ခင်ကလည်းကြို
လွှတ်ပြီးတော့လည်း ပိုလာတာဟာ
သူမရဲ့ မေတ္တာအစွမ်း
ကမ္ဘာကိုလွှမ်းတာ ပြသလိုက်သလိုပါပဲ။
တချို့.....ကင်မရာတွေ တကိုင်ကိုင်နဲ့
မီဒီယာတွေနဲ့ စကားတွေဆို
တချို့.....ဝမ်းသာလွန်းတော့ စကားမဆိုနိုင်
တချို့.....ပါးပြင်ထက်မှာ မျက်ရည်တွေစို
ဒီလူတွေနဲ့ ဒေါ်စုရဲ့ချစ်ခြင်း
ဘယ်သူခွဲခွဲ ကွဲရိုးတဲ့လား။
မိခင်တယောက်လို အားကိုး
ဖခင်နေရာမှာ အစားထိုးခံခဲ့ရတဲ့ ဒေါ်စု
အောင်ဆန်းရဲ့လမ်းစဉ် ဗိုလ်ချုပ်ရဲ့ခွန်အားတွေ
သူမဆီမှာ အပြည့်ရှိတယ်။
ဟော....ဟိုရှေ့ဆီမှာ
ရောင်နီတွေ သန်းလို့လာပြီ
ငါတို့အားလုံး စိတ်သစ်အားမာန်နဲ့
အမေ့ကိုလက်တွဲ NLD ကိုဝိုင်းရံပြီ
ပန်းတိုင်ဆီကို မရောက်အရောက်လျှောက်လှမ်းကြပါ...စို့။
ကဗျာပေးပို့လာသောမိတ်ဆွေကြီးကိုမလှိုင်အားကျေးဇူးတင်ရှိပါသည်
===================================================
ယုံကြည်ချက်ကိုယုံကြည်လျက်
ကဗျာပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူးတင်ရှိပါသည်
 
====================================================
ကျနော်တို့  မြို့က မဗေဒါ
(မြတ်သစ်-dawn)

လေရူးသုန်မှုန် ရေဆုန်ရေဆန်
ဘယ်လောက်ထန်ထန်
သူ့ ခေါင်းမှာတော့ပန်းပနှ်လျက်။
သူ့ အပြုံးပန်း မေတ္တာစွမ်းက
ညှိုးးနွမ်းဝမ်းနည်း ပြည့်ငရဲကျ
စစ်နွံတွင်းက ပြည်သူ့ ဘဝ
ဒဏ်ရာအနာတရတွေ
တခဏအတွင်းပြောက်စေလျက်။
အိုဘယ့်ဗေဒါ မဗေဒါမှာ
မြစ်ဧရာတွင်း ဆန်ဆုန်တင်းလျက်၊
အိုဘယ့်ဗေဒါ မဗေဒါမှာ
လေဆုန်လေဆန် ကြံ့ ကြံ့ ခံလျက်၊
အိုဘယ့်ဗေဒါ မဗေဒါမှာ
တရာဘဲအုပ် ထိုးနှက်သုတ်လည်း
သူ့ ခေါင်းမှာတော့ပန်းပန်လျက်။

၁၃-၁၁-၂၀၁၀ ၊ဒေါ်စုအတွက်အမှတ်တရ
ကဗျာပေးပို့လာသောရဲဘော်ကြီးကိုမြတ်သစ်အားကျေးဇူးတင်ရှိပါသည်
=================================================
အန်အယ်လ်ဒီရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော (ရုပ်သံ)
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း
ဒီနေ့ နိုဝင်ဘာ ၁၄ ရက်၊ NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်း

=========================================


သူမချစ်သောသောင်းပေါင်းများစွာ သောပြည်သူလူထုကြီးအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စကားပြောကြား
================================================
ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကောက်နုတ်ချက်များ
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု၏ မျှော်လင့်ချက်နှင့် ပတ်သက်၍ ပြည်သူလူထုက မျှော်လင့်ချက်နှင့် အားပေးနေသည်ကို သိကြောင်း၊ ပြည်သူလူထု စိတ်ထဲတွင်ရှိသည့် ဆန္ဒကို ထုတ်ဖော်ပြောစေလိုကြောင်း၊ တာဝန်ကို မကြောက်၊ တာဝန်မကျေမှာကိုသာ ကြောက်ကြောင်း၊ သူတဦးတယောက်တည်း မဟုတ်ဘဲ ပြည်သူလူထုနှင့် လက်တွဲ၍ လုပ်ဆောင်ဖြစ်ကြောင်း ပြောသည်။

နိုင်ငံရေးဆိုသည်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသည့်နေရာတွင် လာထောက်ခံမှသာ နိုင်ငံရေးမဟုတ်ကြောင်း၊ အိမ်မှ ထမင်းချက်ပေးခြင်းသည်လည်း နိုင်ငံရေး၊ သားသမီး ကျောင်းပို့ခြင်းသည်လည်း နိုင်ငံရေး ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် မပါချင်ဟု ပြောသူများသည် နိုင်ငံရေးကို နားမလည်၍သာ ဖြစ်ကြောင်း ပြောသည်။

အစိုးရနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က လူနည်းစုဖြစ်သော အုပ်ချုပ်သူများကို ပြည်သူက ထိန်းသိမ်းနိုင်ရမည်ဟု ပြောသွားသည်။ သူအကျယ်ချုပ်ကျနေစဉ် လုံခြုံရေး ဝန်ထမ်းများက ကောင်းမွန်စွာ ဆက်ဆံသလို ပြည်သူကို ကောင်းမွန်စွာ ဆက်ဆံစေလိုကြောင်း၊ သို့သော် သူ့ကဲ့သို့ ပြည်သူကို အကျယ်ချုပ် မကျစေလိုကြောင်း ပြောသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အလုပ်တွဲလုပ်၍ မရဟု မရှိစေရကြောင်း ပြောသည်။ ဒီမိုကရေစီ အစုအဖွဲ့များ အားလုံးနှင့်လည်း လက်တွဲဆောင်ရွက်မည်ဟု ပြောဆိုသွားသည်။
=========================================
ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကောက်နုတ်ချက်များ ၂

လူထု၏ ဆန္ဒသဘောထားကို အရင်နားထောင်မည်
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု၏ မျှော်လင့်ချက်နှင့် ပတ်သက်၍ ပြည်သူလူထုက မျှော်လင့်ချက်နှင့် အားပေးနေသည်ကို သိကြောင်း၊ ပြည်သူလူထု စိတ်ထဲတွင်ရှိသည့် ဆန္ဒကို ထုတ်ဖော်ပြောစေလိုကြောင်း၊ တာဝန်ကို မကြောက်၊ တာဝန်မကျေမှာကိုသာ ကြောက်ကြောင်း၊ သူတဦးတယောက်တည်း မဟုတ်ဘဲ ပြည်သူလူထုနှင့် လက်တွဲ၍ လုပ်ဆောင်ဖြစ်ကြောင်း ပြောသည်။

အားလုံးသည် နိုင်ငံရေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
နိုင်ငံရေးဆိုသည်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသည့်နေရာတွင် လာထောက်ခံမှသာ နိုင်ငံရေးမဟုတ်ကြောင်း၊ အိမ်မှ ထမင်းချက်ပေးခြင်းသည်လည်း နိုင်ငံရေး၊ သားသမီး ကျောင်းပို့ခြင်းသည်လည်း နိုင်ငံရေး ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် မပါချင်ဟု ပြောသူများသည် နိုင်ငံရေးကို နားမလည်၍သာ ဖြစ်ကြောင်း ပြောသည်။

ပြည်သူက အစိုးရကို ထိန်းရမည်
အစိုးရနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က လူနည်းစုဖြစ်သော အုပ်ချုပ်သူများကို ပြည်သူက ထိန်းသိမ်းနိုင်ရမည်ဟု ပြောသွားသည်။ သူအကျယ်ချုပ်ကျနေစဉ် လုံခြုံရေး ဝန်ထမ်းများက ကောင်းမွန်စွာ ဆက်ဆံသလို ပြည်သူကို ကောင်းမွန်စွာ ဆက်ဆံစေလိုကြောင်း၊ သို့သော် သူ့ကဲ့သို့ ပြည်သူကို အကျယ်ချုပ် မကျစေလိုကြောင်း ပြောသွားသည်။

ဒီမိုကရေစီ အင်အားစုများနှင့် လက်တွဲမည်
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အလုပ်တွဲလုပ်၍ မရဟု မရှိစေရကြောင်း ပြောသည်။ ဒီမိုကရေစီ အစုအဖွဲ့များ အားလုံးနှင့်လည်း လက်တွဲဆောင်ရွက်မည်ဟု ပြောဆိုသွားသည်။
http://www.irrawaddyblog.com/ မှကူးယူဖော်ပြပါသည်
===========================================
Newly freed Suu Kyi met with 'screams of delight'
BBC NEWS-  ရုပ်သံမြင်ကွင်း -အပြည့်အစုံသို့

===============================================
============================================
Aung San Suu Kyi walked free from the lakeside home that has been her prison for most of the past two decades [AFP]
=====================================================

===========================================
CNN NEWS

ပျော်တာပေါ့ အမေရယ်


ပျော်တာပေါ့ အမေရယ်
(အမေ့သား-ဒိန်းမတ်)
ဒီနေ့.......ဒီရက် ကို
စောင့်နေတာ ကြာခဲ့ပေါ့....အမေရယ်။
အမေဟာ...တမျိုးသားလုံးလွတ်မြောက်ရေးအတွက်
စံပြုထိုက်တဲ့ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ပေမယ့်
ကျနော်တို့ ကတော့
အမေ အားထားလောက်တဲ့
စံပြပုဂ္ဂိုလ်တွေ မဖြစ်ခဲ့ကြဘူး။

Myanmar rebel armies join forces

Al Jazeera has confirmed that two of Myanmar's rebel armies have joined forces, in advance of a possible crackdown by the military government.
The move comes after thousands of civilians fled into Thailand earlier this week, after renewed fighting near the border with Thailand.
Al Jazeera's Aela Callan reports from Maesot on the Thai-Myanmar border.

Friday, November 12, 2010

Fate of Myanmar's Suu Kyi unknown

(CNN)News
Aung San Suu Kyi, Nobel Peace Prize winner and political dissident in Myanmar, may be freed after years of house arrest.

Supporters in Burma await Aung San Suu Kyi's release

သေမြေကြီးရှင်ရွှေထီး၊ သေအတူရှင်မကွာ


သေမြေကြီးရှင်ရွှေထီး၊ သေအတူရှင်မကွာ
မူရင်း သျှမ်းသံတော်ဆင့်

2008: Aung San Suu Kyi sentenced _2008: Aung San Suu Kyi sentenced _ Voice of ZAIN VERJEE LONDON (CNN:Live)


On November 12, 2010
In 2008, Myanmar's junta sentenced Nobel laureate and opposition leader Aung San Suu Kyi to 18 months house arrest.

Discussion of DKBA leader and SPDC G-3.mpg

နိုင်ငံတကာရောက်(မကဒတ)ရဲဖော်ဟောင်းများနှင့်မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများသို့(ABSDF)

Thursday, November 11, 2010

U.N. chief calls for Suu Kyi release

CNN's Anna Coren talks with U.N. Secy.-Gen. Ban Ki-moon about human rights around the globe, starting with Myanmar.

Wednesday, November 10, 2010

Tuesday, November 9, 2010

Images Myanmar does not want you to see

State media in Myanmar is declaring elections there "free and fair," but a reporter on the ground found this may not be the case.Leaks precede election results in Myanmar - CNN
==========================================
စစ်ပွဲကြားကမြ၀တီပြည်သူများဘဝ

ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆို

ရွေးကောက်ပွဲဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် ကြိုတင်မဲအားလုံးကို ပယ်ဖျက်ပေးရန် နိုင်ငံရေးပါတီများ၊ ထင်ရှားကျော်ကြားသူများနှင့် ဂျာနယ်လစ်များ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ခမောက်ပါတီကို ပြည်သူတွေက အနိုင်မဲတွေ တစ်ခဲနက် ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူ့ဆန္ဒပေါ် အခြေမခံဘဲ ကြိုတင်မဲဆိုတဲ့ လက်နက်ပုံးတွေနဲ့ ပြည်သူ့ဆန္ဒကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးလိုက်ကြပါပြီ။ ဒါဟာ ပြည်သူ့ဆန္ဒကို မထေမဲ့မြင်ပြုတာ၊ ပြည်သူတွေအပေါ် အာဏာနောက်ခံနဲ့ ငါတကောကောတာ။ ကမ္ဘာ့အလယ်မှာ တိုင်းပြည်နဲ့ လူမျိုးအပေါ် အရှက်ရစေတဲ့ ဂုဏ်သိက္ခာမဲ့မှုကြီးကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ခမောက်ပါတီဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဥပဒေမဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ဥပဒေဘောင်အတွင်းက အစွမ်းကုန်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဘယ်လိုပဲဖြစ်နေပါစေ ခမောက်ပါ တီဟာ နိုင်ငံရေးမှာ မရှုံးဘူးဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် ပြည်သူ့အတွက် ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့အတူ ကျွန်တော်တို့ နိုင်ငံရေးနောက်ကျော မလုံစရာ မရှိပါဘူး။ ခမောက်ပါတီဟာ မဲခိုးပြီး အနိုင်ရဖို့ ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့အတွက်ဆိုတဲ့ ဂုဏ်သိက္ခာနဲ့ အတူ ပြည်သူကို ကျောမခိုင်းဘဲ နိုင်ငံရေးခရီးကို ဆက်လျှောက်မယ်ဆိုတာ မိဘပြည်သူများကို အသိပေး ကတိပြုပါတယ်"ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ နိုင်ငံရေး ဦးဆောင်အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။

Monday, November 8, 2010

အိုရင်ကွဲအက်

ကဗျာပေးပို့လာသောဆရာမောင်မောင်လှကြိုင်အားကျေးဇူတင်ရှိပါသည်

ငါတို့ခြင်္သေ့ပါတီကိုဘယ်သူမဲထည့်ထည့်၊မထည့်ထည့်ငါဆင်းပေးမှာမဟုတ်ဘူး။

ကာတွန်းဟန်လေး

Villagers evacuate after clashes at Thai-Myanmar border.

by Reuters_BKK

ဒီကေဘီအေ တပ်ဖွဲ့က ဘုရားသုံးဆူမြို့ကို စတင် သိမ်းပြီ

နိုဝင်ဘာလ ၈ရက်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ယနေ့မနက် ၁၁နာရီကျော်အချိန် နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် မွန်းလွဲ ၂နာရီကျော်အချိန်တွင် ဒီကေဘီအေဘက်က ဘုရားသုံးဆူမြို့ကို စတင် သိမ်းလိုက်ပြီဟု သိရသည်။

Reuters video Aung Sang Suu Kyi's son tries to get visa for Myanmar at the embassy in Bangkok.

ဒီကေဘီအေ ဘုရားသုံးဆူရှိ အစိုးရရုံးများကို ထိန်းထားပြီ


လွတ်လပ်သောမွန်သတင်းအေဂျင်စီ - ဘုရားသုံးဆူမြို့ ရပ်ကွက် (၄) တွင် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆေးရုံ၊ အက်စ်ပီရုံးနှင့် သစ်တောရုံးကို ဒီကေဘီအေမှ ထိန်းထားသည်ဟု မြို့ခံများက ပြောသည်။
တိုက်ပွဲကြောင့် မြန်မာစစ်တပ်ဘက်မှ နှစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

Sunday, November 7, 2010

မြ၀တီမှာလူကုန်ပြီ

copy from reuters
===========================================
================================================
ဘုရားသုံးဆူတိုက်ပွဲ လူအသေအပျောက်များ
မြ၀တီမြို့ မှ မဲ့ဆောက်သို့ ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်များ

ဘုရားသုံးဆူမြို့ ရှိ ဘုန်းကြီးကျောင်းနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ မီးတွေလောင်နေပါတယ်။ မြို့ တွင်းမှအပြင်ကို ထွက်လို့မရ။ ထိုင်းဘက်ခြမ်းမှလည်း အ၀င်ပေါက်တွေကို ပိတ်ထားပါတယ်။ သေတဲ့လူ၊ ဒဏ်ရာရတဲ့လူတွေရှိတယ်။ တိုင်းမှုးလာတာကြားလို့ ကရင်တွေဝင်ပစ်တာလို့ မြို့ ခံကပြောတယ်။ မြို့ သူမြို့ သားတွေ အိမ်အပြင်ကနေ အိမ်ထဲထွက်လို့မရဘူးဖြစ်နေတယ်။ ကရင်သူပုန်တွေက ဘုရားသုံးဆူမြို့ ထဲကို ကားနဲ့ဝင်လာပြီးပစ်တယ်လို့ပြောတယ်။ အခုလည်း သေနတ်သံတွေကြားနေရတယ်။
=============================================
မြဝတီ အစိုးရနေရာများ DKBA ထိန်းချုပ်
ဧရာဝတီ Monday, 08 November 2010
မြဝတီမြို့ရှိ အဓိကကျသော အစိုးရရုံးနေရာများကို ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး)ဦးဆောင်သော DKBA က ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။ နအဖတပ်များကလည်း ပြန်လည်သိမ်းပိုက်ရန် တပ်များစုစည်းနေကြောင်း၊ တိုက်ပွဲများအတွင်း ၇ ယောက်သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကြောင်းသိရသည်။ ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်တဦး၏ ဖခင်ဖြစ်သူလည်း အသတ်ခံရသည်ဟု ဆိုသည်။

========================================
copy from reuters 

================================================
DKBA ဗိုလ်မှုးချုပ် စောလားပွယ် ၏ တပ်ဖွဲ့ ဝင်များ မြ၀တီ မြို့ သိမ်းတိုက်ပွဲစတင်
နံနက် ၁၀း၃၅ ဒီကေဘီအေ တပ်ဖွဲ့ ဝင်လေးဦး မဲဆောက်ဆေးရုံရောက်-မြ၀တီ ခယက ဥက္ကဌ အား DKBA အဖွဲ့ င်များဖမ်းဆီးထားUpdated နံနက် ၁၀း၃၀ မြ၀တီ-မဲဆောက် နှစ်မြို့ လုံး မှ စာသင်ကျောင်းများ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းထိုင်-မြန်မာ နယ်စပ် ကရင် ပြည်နယ် မြ၀တီ မြို့ အား DKBA ဗိုလ်မှုး ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ၏တပ်များက ၀င်ရောက်သိမ်းပိုက် မှု ကြောင်း ယနေ့ မနက် ၉း၃၀ အချိန် တွင် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားရာ မြ၀တီ မြို့ မှာ လက်နက်ကြီး ကျဉ် ပေါက်ကွဲ သံများ ၊သေနတ် ပစ်ခတ် သံများ ဖြင့် ဆူညံနေပြီးသင်္ကန်းညီနောင် တွင် မူ နအဖ စစ်တပ် က အပြစ်မဲ့ ပြည်သူများ ကို ဓားစားခံ လုပ်ထား သည် ဟု သိရှိရသည်။ထိုင်း-မြန်မာ နယ်စပ် အတွင်း မြ၀တီ မြို့ တွင်း ရောက်ရှိနေသည့် နိုင်ငံခြား သတင်းထောက် တစ်ဦးနှင့်FNG က တနင်္လာနေ့  နံနက် ၁၀း၃၀ မိနစ် တွင် ဆက်သွယ်ရာဉ် လက်နက်ကြီး အလုံး လေးဆယ် နှင့်မနည်း ကျရောက် ပေါက်ကွဲ ခဲ့သည် ဟု သိရသည်။ မြ၀တီ မြို့တွင်းအပြန် အလှန် ပစ်ခတ်သံများ ကိုထိုင်း နိုင်ငံ မဲဆောက် မြို့ မှ ကြားနေရပြီး ထိုင်း စစ်တပ် ကလည်း နယ်စပ် တစ်လျှောက်
လုံခြုံရေး တိုးမြင့်ထားသည်။
Freedom News Group==================================

Truth eludes Myanmar election