Sunday, February 28, 2010

အတောင်ကျိုးငှက်(လက်ယာ)

ငါပျံသန်းဖူး ဟိုအထက်ကကောင်ကင်ယံ လွတ်လပ်စွာပျော်မြူးခဲ့ အတော်ထူးတဲ့လေအဟုန်မှာ နိမ့် တလှည့် မြင့်တခါ ပုံစံအမျိုးမျိုးမရိုးဘူးလေ တွေးမိတယ်ငါ.ဘ၀ ဒီလိုလေးဆိုကောင်းမှာပဲလေ မာယာကြွယ် ပရိယာယ်နဲ့ မုန်တိုင်းအလယ်မှာ အတောင်ကျိုးကာ မြေပြင်ထိုးကျ ဝေဒနာကစပြီပေါ့ အင်းလေ ကံပေးသလောက်နေခဲ့ရ အရင်ဘ၀လေးကိုပျော်ပါတယ် အခုတော့ အသွင်သစ် မြေပြင်ထက်မှာငါ့ဘ၀ လေးနက်စွာနေတတ်နေပါပြီ ဒါပေမဲ့လေ ငါ့ လိုငှက်တကောင် အပြစ်မဲ့စွာ လုပ်ရက်လိုက်တဲ့ မုန်တိုင်းဆိုးနဲ့ ဝေးနေကြပါစေ ........။ ။

"Weekly Political Events Regarding the SPDC%27s ..."

Weekly Political Events Regarding the SPDC%27s Election %28005-2010%29[1]


Friday, February 26, 2010

အမျိုးသား အကျိုးစီးပွားဆိုရာဝယ် (ခင်မမမျိုး)

နိဒါန်း

နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ပုံတွေကို လေ့လာဆန်းစစ်တဲ့အခါမှာ အမျိုးသား အကျိုးစီးပွားဆိုတဲ့ သဘောတရားဟာ အလွန်အရေး ကြီးလှပါတယ်။ ဒီသ ဘောတရားကို အသုံးပြုပြီး စစ်ဘုရင်တွေက သွေးချောင်းစီး စစ်ပွဲတွေ ဆင်နွှဲ ခဲ့ကြဖူးပါတယ်။ အာဏာရှင်တွေက အုပ်ချုပ်ခံပြည်သူလူထုကြီးကို ညှဉ်းပမ်းနှိပ် စက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာနဲ့အဝှမ်းမှာ ပဋ္ဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒီသ ဘောတရားကို အသုံးပြုပြီး တနိုင်ငံရဲ့ အကျိုးစီးပွားကို တခြားနိုင်ငံက ထိခိုက် စေမယ့် လုပ်ဆောင်မှုတွေကို ရှောင်ရှားရေး၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်မှုတွေကလဲ ထွက်ပေါ်လာပါတယ်။ Hans Morgenthau က ကမ္ဘာကြီးတခုလုံးကို နိုင်ငံရေးအားဖြင့် တိုင်းနိုင်ငံ တွေအနေနဲ့ ခွဲခြမ်းစိတ်ဖြာထားတာဖြစ်တဲ့အတွက် ဒီတိုင်းနိုင်ငံတွေရဲ့ အကျိုး စီးပွားတွေကသာလျှင် ကမ္ဘာ့နိုင်ငံရေးအပေါ်မှာ လွှမ်းမိုးမှုရှိမယ်လို့ ဆိုထားခဲ့ ပါတယ်။ ၁၈၄၈ ခုနှစ်မှာ Lord Palmerston ကလဲ “ငါတို့ဆီမှာ ထာဝရ မိတ် ဆွေဆိုတာ မရှိဘူး။ ရေရှည်တည်တံ့နေတဲ့ ရန်သူ ဆိုတာလဲ မရှိဘူး။ ငါတို့ရဲ့ အ ကျိုးစီးပွားတွေကသာလျှင် ထာဝရရေရှည်တည်တံ့နေတဲ့ အရာတွေ ဖြစ်တဲ့အ တွက် ဒီအကျိုးစီးပွားတွေကို ဆောင်ကျဉ်းပေးနိုင်ဖို့ကသာ ငါတို့ရဲ့ တာဝန်ဖြစ် တယ်” လို့ အဆိုရှိခဲ့ဖူးပါတယ်။





တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားဟာ အနက်အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခဲယဉ်းပြီး၊ ဒီသဘောတရားကို နိုင်ငံခေါင်း ဆောင်တွေက နည်းမျိုးစုံနဲ့ သဘောပေါက်နားလည်မှုတွေ ကွဲပြားကြ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွားဆိုတာ အ ပေါ်မှာ အခြေခံပြီးမှ နိုင်ငံတော်က ကျင့်သုံးရတဲ့ အမျိုးသားရေးမူဝါဒတွေနဲ့ ဒီမူဝါဒတွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ့် စစ်ရေး အင်အား၊ စီးပွားရေးအင်အား စတာတွေကို တွက်ချက်ရမှာ ဖြစ်တဲ့အတွက် ဒီသဘောတရားကို နားလည်နိုင်မှုတွေမှာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း သဏ္ဌာန်တွေနဲ့ ဟန်ချက်ညီ အသုံးပြုနိုင်ဖို့ အလွန်ပဲ အရေးကြီး လှပါတယ်။ အမျိုးသားအကျိုးစီးပွားရဲ့ အနက်အ ဓိပ္ပာယ်တွေနဲ့ တွေးမြင်ယူဆပုံတွေ၊ အမျိုးအစား ကွဲပြားမှုတွေ၊ သဘောတရား နားလည်မှုအပေါ်ကို လွှမ်းမိုးနိုင်တဲ့ အကြောင်းအချက် တွေကို ကွဲကွဲပြားပြား သိမြင်မှသာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါလှတဲ့ ဒီသဘောတရားကို ကောင်းမွန်ထိရောက်စွာ အ သုံးချနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားအကျိုးစီးပွားဆိုရာဝယ်

စစ်ဘုရင်နပိုလီယံက ရုရှားကို ဆင်နွှဲခဲ့တဲ့ စစ်ပွဲဟာ ပြင်သစ်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဟစ် တလာကလဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားစေခဲ့တာတွေနဲ့ ဂျူးလူမျိုးတွေကို သုတ်သင်ရှင်းလင်းခဲ့မှုတွေကို ဂျာမဏီရဲ့ အကျိုးစီးပွား အ တွက် ပြုလုပ်တာလို့ ဆိုပြန်ပါတယ်။ စတာလင်ကလဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ သြဇာခံ အစိုးရတွေကို ပိုလန်နဲ့ ဥရောပ အရှေ့ပိုင်း နိုင်ငံတွေမှာ အာဏာရအောင် ကြိုးပမ်းခဲ့မှုတွေကို ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြုလုပ်ခဲ့တာလို့ ဆို ပြန်ပါတယ်။ အီရတ်က ကူဝိတ်ကို ကျူးကျော်ခဲ့ တုန်းက အီရတ်အစိုးရကို တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ စီနီယာ ဘွတ်ခ်ျကလဲ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားအကျိုးစီးပွားအတွက် စစ်ပွဲဆင်နွှဲခဲ့တာလို့ ဆိုခဲ့ပါတယ်။ ပါကစ္စတန် သမ္မတ Benazir Bhutto ကလဲ အိန္ဒိယ ကက်စ်မီးယားဒေသ နိုင်ငံရေး မတည်ငြိမ်မှုဟာ ပါကစ္စတန်ရဲ့ အမျိုးသားအကျိုးစီးပွားလို့ ယူဆတယ် လို့ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။ မြန်မာ စစ်အာဏာရှင်တွေကလဲ အာဏာတည်မြဲရေးအတွက် သွေးချောင်းစီး လူသတ်ပွဲပြုလုပ် တာ၊ တိုင်းရင်းသား လူမျိုးစုတွေကို ဖိနှိပ်ချုပ်ချယ်တာတွေကို နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တာလို့ ဆိုကြပြန်ပါတယ်။

တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို ဓားတချောင်းဘဝကို ရောက်နေတာနဲ့ တူပါတယ်။ စားဖိုမှူးလက်ထဲ ရောက်ပြီး၊ ဟင်းချက်ဖို့ အသုံးပြုခံရတဲ့အခါကျတော့ အရသာရှိတဲ့ ဟင်းကောင်းတခွက်အတွက် အထောက်အကူပြုပါတယ်။ ထင်း ခုတ်သမားလက်ထဲရောက်ပြီး ညမီးလှုံဖို့ လိုအပ်မယ့် ထင်းတွေကို ခုတ်ဖို့ အသုံးပြုခံရတဲ့ အခါကျတော့ လူတွေကို အနွေးဓာတ်ပေး မယ့် မီးဖိုလေးတခုဖြစ်လာစေပြန်ပါတယ်။ အဲလိုမဟုတ်ပဲ ဓားပြလက်ထဲရောက်တော့ လူတွေရဲ့ စည်းစိမ်ဥစ္စာကို ခြိမ်းချောက်တဲ့ လက် နက်ကိရိယာဖြစ်လာပါတယ်။ လူသတ်သမားလက်ထဲ ရောက်တော့ လူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ လက်နက်ပစ္စည်း ဖြစ်လာပါတော့တယ်။

ဒါကြောင့် အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရား တခုတည်းနဲ့ ကောင်းမွန်တဲ့ သဘောတရားလား၊ ဆိုးရွားတဲ့ သဘောတရား လားဆိုတာကို ဘယ်သူမှ မဆိုနိုင်ပါဘူး။ ကိုင်စွဲအသုံးပြုသူရယ်၊ အသုံးပြုခံရတဲ့ ပစ္စည်းရယ်၊ အသုံးပြုလိုက်တဲ့ အချိန်၊ နေရာနဲ့ အခြေ အနေတွေရယ်၊ အသုံးပြုပုံနည်းလမ်းရယ်၊ နောက်ဆက်တွဲ သက်ရောက်စေမှုရယ်ကသာ ကောင်းခြင်း၊ ဆိုးခြင်းကို ဖော်ကျူးပေးနိုင် တာ ဖြစ်ပါတယ်။ ဘယ်အရာကိုမှ တရားသေသတ်မှတ်ထားလို့ မရပါ။ အပြည့်အဝ မှန်ကန်တဲ့ အမှန်တရားလို့ သတ်မှတ်လို့ မရပါ။ တိ ကျတဲ့ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဖော်ဆောင်လို့မရပါ။ အခြေအနေ၊ အချိန်အခါအရ အနက်အဓိပ္ပာယ်များစွာကို လူပေါင်း များ စွာက ဖော်ထုတ်ခဲ့ကြပါတယ်။ ဘယ်သူတွေက ဘယ်လို အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်ဆိုတာကို လေ့လာဖို့ ဆိုသလို၊ ဒီဖွင့်ဆိုခဲ့မှု ဟာလဲ လက်ရှိ အခြေအနေ၊ အချိန်အခါနဲ့ ထင်ဟပ်မှုရှိရဲ့လား ဆိုတာကို စဉ်ဆက်မပြတ်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

လေ့လာဆန်းစစ်မှုတွေ၊ ဆွေးနွေးငြင်းခုံမှုတွေမှာ ဘယ်သူက ဒါကို ပြောခဲ့တာမို့ မှန်တယ်ဆိုပြီး ပြောဆိုတတ်တာတွေ ရှိပါတယ်။ ဒါ တွေဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေများပြီး၊ တိုးတက်တဲ့ အတွေးအခေါ် နည်းပါးတဲ့ လူ့အဖွဲ့အစည်းတွေမှာ အဖြစ်များပါတယ်။ အဲဒီက နေ အပြန်အလှန် လေးစားမှုရှိတဲ့ ဆွေးနွေးငြင်းခုံမှု မဟုတ်ပဲ သူဘာလဲ၊ ငါဘာလဲ လုပ်နေကြတဲ့ တောင်စဉ်ရေမရ အရက်သမား စ ကားဝိုင်းတွေ ဖြစ်သွားတတ်တာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေ ရေးသားခဲ့တဲ့ ကျမ်းဂန်စာပေတွေ၊ ခေါင်းဆောင်တွေရဲ့ အဆိုအမိန့် စ ကားလုံးတွေကို ကိုးကားတဲ့အခါမှာ သူပြောခဲ့တဲ့ ဆိုတာထက် သူပြောခဲ့တဲ့ အကြောင်းအရာဟာ လက်ရှိအခြေအနေ၊ အချိန်အခါနဲ့ သင့်လျော်နိုင်စေမှု၊ အသုံးဝင်မှုတွေကို အဓိကထားပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ပဲ စကားပြောနေရင်း “ဒါကို ဦး တောက်တဲ့က ပြောခဲ့တာ၊ ဒေါ်ဘုမက ပြောခဲ့တာ။ မင်းက သူတို့လောက်ပဲ တတ်ဦးမတဲ့လား။ မင်းကဘာမို့လို့လဲ” ဆိုတာမျိုးတွေ၊ “ငါဆိုတဲ့ ရွှေဇီးကွက်က ပြောတာ။ ငါဘာလဲ ဆိုတာ မင်းတို့ သိတယ်မလား။ ငါပြောတာမှန်တယ်” ဆိုတာမျိုးတွေ ပါလာပြီဆိုရင်တော့ အဲလိုလူမျိုးဟာ အဝေးဆုံးကနေ ရှောင်ရှားသင့်သူတွေ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ရင် မိမိရဲ့ အတွေးအခေါ်တွေကို တိုးတက်မှု မရှိ စေတော့ပဲ သင်းကွပ်ခံရနိုင်လို့ပဲ ဖြစ်ပါတယ်။

အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီးတော့လဲ ပညာရှင်ပေါင်းများစွာ၊ ခေါင်းဆောင်ပေါင်းများစွာက အနက်အ ဓိပ္ပာယ်များစွာကို ဖွင့်ဆိုခဲ့ကြပါတယ်။ Padleford နဲ့ Lincoln တို့က အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံတော်အတွင်းမှာ မှီတင်းနေ ထိုင်ကြတဲ့ လူ့အဖွဲ့ အစည်းတရပ်လုံးရဲ့ အကျိုးစီးပွားတွေဖြစ်တဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံတော်ရဲ့ မြေပြင်ပိုင်နက်၊ ရေပိုင်နက်၊ ဝေဟင်ပိုင်နက် စတာတွေအပေါ်မှာ ဗဟိုပြုတယ်လို့ ဆိုထားခဲ့ပါတယ်။ Robert Osgood ဆိုသူကလဲ အ မျိုးသားအကျိုးစီးပွားဆိုတာ တိုင်းပြည်အကျိုးအတွက် တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် နိုင်ငံတော်ရေးရာကိစ္စတွေလို့ ဆို ခဲ့ပါတယ်။ Morgenthau ကတော့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာ နိုင်ငံတော်ရဲ့ နိုင်ငံရေး identity နဲ့ ယဉ်ကျေးမှုရေးရာ identity ကို အခြားနိုင်ငံတွေက ထိပါးစော်ကားလို့ မရအောင် ကာကွယ်စောင့်ရှောက်ခြင်းလို့ ဆိုခဲ့ပါတယ်။

ဒီအနက်အဓိပ္ပာယ် ဖွင့်ဆိုချက်တွေကို လေ့လာခြုံငုံကြည့်ရင် အမျိုးသားအကျိုးစီးပွားဆိုတာ နိုင်ငံတနိုင်ငံရဲ့ နယ်မြေပိုင်နက်၊ အချုပ် အခြာအာဏာ၊ political identity cultural identity စတာတွေနဲ့ ဆက်စပ်ကြောင်း ယေဘုယျ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆက်စပ် မှုတွေမှာမှ ဘယ်လို အချက်တွေကို ဦးစားပေးရမယ်၊ ဘယ်လိုအကြောင်းတရားတွေက ယာယီဖြစ်တယ်၊ ဘယ်လိုအချက်တွေက ရေ ရှည်အရေးဖြစ်တယ် ဆိုတာတွေကို ထပ်မံပြီး ခွဲခြားစိတ်ဖြာကြည့်ဖို့ လိုအပ်ပါမယ်။ ဒီလို မစိတ်ဖြာခင်မှာ အမျိုးသားအကျိုး စီးပွားကို ဒဿနိကဗေဒရှုထောင့်ကနေ ဘယ်လို သုံးသပ်ခဲ့ကြသလဲဆိုတာကို ရေးသားတင်ပြလိုပါတယ်။

ဒဿနိကဗေဒရှုထောင့်မှ လေ့လာခြင်း

အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားရဲ့ အခြေခံစဉ်းစားတွေးခေါ်မှုတွေကို ဆယ့်ငါးရာစုခေတ် တွေးခေါ်ပညာရှင် Machiavelli ရေးသားခဲ့တဲ့ စာတွေထဲမှာ တွေ့ရှိနိုင်ပါတယ်။ အီတလီနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားထက် ပိုပြီးအရေးကြီးတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်မှုဆိုတာ မရှိနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ အဲဒီခေတ်အချိန်ကာလမှာ အီတလီနိုင်ငံ ပေါင်းစည်းရေး၊ ပြည်ပအင်အားကြီး နိုင်ငံများရဲ့ ခြိမ်းချောက်မှုမှ လွတ်ကင်းရေးစတာတွေကို ဦးစားပေးလုပ်ဆောင်နေတဲ့ ကာလဖြစ်တာကြောင့် ဒီလိုရေးသားချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

medieval ခေတ်က ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များရဲ့ အဆိုအမိန့်တွေမှာလဲ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်တဲ့ တွေး ခေါ်စဉ်းစားမှုတွေကို တွေ့မြင်နိုင်ပါတယ်။ လူတွေမှာ ဝိညာဉ်တွေ ရှိပြီး၊ သေဆုံးပြီးနောက်ပိုင်းမှာ ပြန်လည်ဆန်းစစ်ခံရမှာ ဖြစ်တဲ့အ တွက် ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စံချိန်စံညွှန်းတွေ ရှိတယ် လို့ သူတို့က ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် နိုင်ငံတွေမှာကျတော့ ဝိညာဉ်နဲ့ သေဆုံးပြီး နောက်ပိုင်း ကာလဆိုတာ မရှိတဲ့အတွက် နိုင်ငံတွေဟာ ကိုယ့်ဘာသာကိုယ် ကာကွယ်နိုင် ဖို့နဲ့ ရေရှည်တည်တံ့ ခိုင်မြဲဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးကိုမဆို အကောင်အထည်ဖော်နိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။ ခရစ်ယာန်ဘာ သာရေးခေါင်းဆောင် Thomas Aquinas တင်သွင်းခဲ့တဲ့ jus ad bellum နဲ့ jus in bello သီအိုရီတွေထဲမှာ ဒီသဘောတရားတွေကို ထင်ထင်ရှားရှား တွေ့ရှိရပါတယ်။ ဒီသီအိုရီသဘောတရားတွေဟာ နိုင်ငံတော်အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ realism ဝါဒရဲ့ အ ခြေခံတွေ ဖြစ်လာခဲ့ပါတယ်။

စစ်ရေးပါရဂူ ကလော့ဝတ်စ်ကလဲ အမျိုးသားအကျိုးစီးပွား သဘောတရားနဲ့ ပတ်သက်ပြီး ဆိုထားခဲ့ဖူးပါတယ်။ သူက နိုင်ငံတနိုင်ငံရဲ့ ပြုမူဆောင်ရွက်ချက်တွေကို နိုင်ငံတနိုင်ငံအဖြစ် ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေက တွန်းအားပေးတာ ဖြစ်တာကြောင့် နိုင်ငံတနိုင်ငံဟာ သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် စစ်ဖြစ်ဖို့ ဆုံးဖြတ်ရတဲ့ အခြေအနေတွေ ရှိ နိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။ စစ်ပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါမှာ အမျိုးသားအကျိုးစီးပွားထက် ပိုပြီး အရေးကြီးတဲ့ တခြားဘယ် အကြောင်းအရာကိုမှ ဦးစားပေး မစဉ်းစားသင့်ကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမယ့်လဲ အောင်ပွဲ၊ အချိန်အတိုင်းအတာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်မရှိတဲ့ စစ်ပွဲတွေကကျတော့ အမျိုးသားအကျိုးစီးပွားအတွက် ကောင်းကျိုး မဖြစ်စေ တဲ့အတွက် မိုက်မဲရူးသွပ်မှုသာ ဖြစ် တယ်လို့ ဆိုပါတယ်။ အဲဒီခေတ်ကာလတွေရဲ့ ဥရောပ နိုင်ငံရေးနဲ့ သံတမန်ရေးအတွေးအခေါ်တွေမှာ raison d’etat (သို့မဟုတ်) Staatsraison သဘောတရားတွေက လွှမ်းမိုးပျံ့နှံ့နေခဲ့ပါတော့တယ်။

(၂ဝ) ရာစု ကာလထဲမှာတော့ Hans Morgenthau ရဲ့အတွေးအခေါ်တွေက အမေရိကန်နဲ့ ကမ္ဘာတဝှမ်းမှာ ပျံ့နှံ့လာပါတယ်။ နိုင်ငံ တွေဟာ စနစ်တကျ သုံးသပ်လေ့လာမှုမရှိပဲ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကိုပဲ အကောင်အထည်ဖော်မယ်ဆိုရင် အနည်းဆုံး တ ခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နိုင်စေတတ်တယ်လို့ သူက ဆိုထားခဲ့ပါတယ်။ ဒီလို ထိခိုက်မှုဖြစ်စေတဲ့အခါ ဖြစ်ရပ်တော် တော် များမှာတော့ သံတမန်နည်းလမ်းတွေကို အသုံးပြုပြီး အပေးအယူလုပ်လို့ ရနိုင်ပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတွေဟာ အပေးအယူ လုပ်လိုစိတ်မရှိပဲ သူတို့ရဲ့ ကိုယ်ပိုင်အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှု တခုတည်းကိုသာ ဦးစားပေးလာပြီဆိုရင် တော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးတွေအတွက် အန္တရာယ်ရှိလာပါပြီ။ နိုင်ငံတွေဟာ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ကိုယ် ပိုင်အမျိုးသား အကျိုးစီးပွားကို အကြောင်းပြုပြီး၊ နယ်ချဲ့စနစ်ကို ကျင့်သုံးလာတဲ့အခါ စစ်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လဲ နိုင်ငံတွေအ နေနဲ့ တကမ္ဘာလုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေတာတွေထက်စာရင် ကိုယ်ပိုင်အမျိုးသားအကျိုးစီးပွားကိုသာ ပထမဦးစားပေး စဉ်းစားလေ့ ရှိကြပါတယ်လို့ သူက ဆိုခဲ့ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒတွေချမှတ်ရာမှာ အမျိုးသားအကျိုးစီးပွားဆိုတာက အလွန်အရေးပါတာမှန်ပေမယ့် ပါဝါပေါ်အခြေ တည်ပြီး ထည့်သွင်းစဉ်းစားမှု လုပ်ဖို့ လိုတယ်လို့ သူက အကြံပြုထားခဲ့ပါတယ်။ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး မူဝါဒတရပ်မချ မှတ်ခင်မှာ ဒီမူဝါဒကို ကျင့်သုံးအကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ National Power ကို တိုးမြင့်စေတာလား၊ အားလျော့ စေတာလားဆိုတာကို ထည့်သွင်းမှုတွေ ပြုလုပ်လို့ရှိရင် နိုင်ငံတော်အနာဂတ်အတွက် ကောင်းမွန်တဲ့ မူဝါဒတွေ ပေါ်ထွက်လာနိုင် တယ်လို့ ဆိုထားခဲ့ပါတယ်။

သူ့ရဲ့ အယူအဆတွေကို ကန့်ကွက်သူတွေ အမြောက်အမြား ပေါ်ထွက်ခဲ့ပေမယ့်၊ ဒီအယူအဆတွေထဲမှာ rational ဖြစ်တဲ့ အချက်အ လက်တွေလဲ အများအပြား ပါဝင်နေပါတယ်။ တိုင်းပြည်တပြည်ရဲ့ National Power ဆိုတာက လူဦးရေ၊ တည်နေရာ အနေအထား၊ ရာသီဥတုအခြေအနေ၊ သဘာဝသယံဇာတ၊ ထုတ်လုပ်မှုစွမ်းအား၊ စီးပွားရေးအင်အား၊ စစ်အင်အားစတဲ့ tangible elements တွေသာ မက ဦးဆောင်မှု၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ အစိုးရအမျိုးအစား၊ လူ့အဖွဲ့အစည်း ညီညွတ်မှုစတဲ့ intangible elements တွေနဲ့ပါ တိုင်း တာရတာဖြစ်ပါတယ်။ တချို့အစိုးရတွေက အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို အသုံးပြုပြီး စစ်အင်အားကြီးထွားလာ အောင် ဦးစားပေးဆောင်ရွက်တတ်ကြပါတယ်။ အဲဒီအခါမှာ စစ်အသုံးစရိတ် ကြီးမားတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက် မှုကို ထိခိုက်စေပါတော့တယ်။ စီးပွားရေးအင်အားမှာ ယုတ်လျော့အားနည်းလာပါတယ်။ ဒါကြောင့် Hans Morgenthau ဆိုထားခဲ့ သလိုပဲ နိုင်ငံတွေဟာ အမျိုးသားအကျိုးစီးပွားကို အသုံးပြုပြီး မူဝါဒတွေချမှတ်တဲ့အခါ National Power ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ဟာ လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေ၊ အခင်းအကျင်းတွေမှာ အသုံးဝင်တဲ့ အယူအဆတရပ်ဖြစ်ပါတယ်။

စစ်အင်အား ကြီးထွားလာအောင် ပြုလုပ်တာ၊ ခေတ်မီဖွံ့ဖြိုးသော တပ်မတော်တရပ်ပေါ်ထွက်လာအောင် ပြုလုပ်တာတွေဟာ စီးပွား ရေး ခိုင်မာတောင့်တင်းမှ တိုင်းပြည်ရဲ့ ဂျီဒီပီများလာမှ ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေ ဖြစ်ပါတယ်။ ငွေတမတ်နဲ့ ငါးကြင်းခေါင်း ကိုင်ချင်လို့ မရပါ။ အိမ်တအိမ်မှာရှိတဲ့ အိမ်ထောင်ဦးစီးဟာ အိမ်တအိမ်လုံးရဲ့ ဝင်ငွေ ဆယ်သိန်းရှိနေချိန်မှာ အိမ်ကို ကာကွယ်ဖို့ဆိုပြီး တသောင်းတန် ဓားတလက်ဝယ်တာက အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမယ့် ဝင်ငွေ နှစ်သောင်းရှိနေချိန်မှာ တသောင်းတန်ဓားဝယ်မယ် ဆိုရင်တော့ အိမ်ကလူတွေ အစာရေစာ မဝပဲ ငတ်ဖို့ များပါတယ်။ ဒီလိုအိမ်ထောင်ဦးစီးမျိုးက အိမ်ရဲ့ အကျိုးစီးပွားအတွက် ဒီဓားကို ဝယ်ရတာပါလို့ ဘယ်လောက်ပဲ လူကြားကောင်းအောင် ဟစ်နေနေ၊ ဒါကို ရူးသွပ်မှု လို့ပဲ လူအများက သုံးသပ်ပါလိမ့်မယ်။ ပိုပြီး ဆိုး တာက အဲဒီဓားကြီးကို ကိုင်ပြီး အိမ်က လူတွေကို ခုတ်မယ်တကဲကဲ ဖြစ်နေတဲ့ အခြေအနေမျိုးပါ။ အိမ်တအိမ်မှာ အဲလိုအရူးက အိမ် ထောင်ဦးစီး လုပ်နေလို့ မရတာကတော့ အသေအချာပါပဲ။ အရူးကို မဖယ်ရှားနိုင်ရင်တော့ အဲဒီအိမ်တအိမ်လုံး ဒုက္ခဆင်းရဲ ကြုံကြရ မှာပါ။

နိုင်ငံတွေမှာလဲ ဒီလိုပဲ ဖြစ်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေတိုင်းမှာ စစ်အသုံးစရိတ်ကို တိုင်းပြည်ဂျီဒီပီရဲ့ ၁ ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းပဲ သုံးစွဲကြတာ ဖြစ်ပါတယ်။ တိုင်းပြည်ဂျီဒီပီများလေ စစ်အသုံးစရိတ်ကလဲ ကြီးလာလေလေပါပဲ။ နိုင်ငံရဲ့ National Power ကလဲ တိုးလာလေလေပါပဲ။ ရေမြင့်လို့ ကြာတင့်တာဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ တိုင်းပြည်စီးပွားရေးကလဲ ဆုတ် ယုတ်၊ စစ်အသုံးစရိတ်ကလဲ ကြီး၊ စစ်အသုံးစရိတ်ကြီးလာလို့ စီးပွားရေးက ပိုဆုတ်ယုတ်နဲ့ သံသရာလည်နေတဲ့ နိုင်ငံတွေကတော့ ဘယ်လောက်ပဲ ကြိုးစားပေမယ့်လဲ နိုင်ငံတကာ စစ်အင်အား အဆင့်အတန်းကလဲ မမှီနိုင်၊ စီးပွားရေးအင်အား အဆင့်အတန်းကလဲ ဆုတ်ယုတ်ပျက်စီး၊ အုပ်ချုပ်သူတွေကို အဖိနှိပ်ခံပြည်သူတွေက တော်လှန်လာကြတဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှုကလဲ မရ၊ နိုင်ငံ တော်အုပ်ချုပ်သူများ အတွက်ကလဲ ဘယ်အရာကို ဘယ်အချိန်မှာ ဦးစားပေးရမှန်း မသိပဲ ဝမရှိပဲ ဝိလုပ်ချင်တဲ့ မိုက်မဲရူးသွပ်နေသူ များအဖြစ်သာ ကမ္ဘာက သတ်မှတ်ခံရနဲ့ national power လဲ မရ၊ တိုင်းပြည်သိက္ခာကျတာပဲ အဖတ်တင်ကျန်ရစ်တတ်ပါတယ်။ ရေမ မြင့်တဲ့အတွက် ကြာလဲ မတင့်ပါ။ ဖွတ်မရ၊ ဓားမဆုံးပြီး၊ နိုင်ငံသူ၊ နိုင်ငံသားတွေမှာသာ ရေနည်းငါး ဘဝလို မျက်နှာငယ်ကြရပါတော့ တယ်။

အမျိုးအစားကွဲပြားမှုများ

Realists တွေက နိုင်ငံတနိုင်ရဲ့ အမျိုးသားအကျိုးစီးပွားဆိုတာကို အမျိုးအစားလေးမျိုး ခွဲခြားပြီး ဖော်ပြလေ့ရှိကြပါတယ်။ ပထမ အမျိုးအစားကတော့ အရေးကြီးမှုအပေါ်မှာ အခြေခံပြီး အမျိုးသားအကျိုးစီးပွားဆိုတာကို vital interests နဲ့ secondary interests ဆိုပြီး ခွဲခြားဖော်ပြပါတယ်။ ဥပမာ စစ်အေးကာလတုန်းက ကျူးဘားမှာ ဘယ်လို missiles မှ မရှိစေရဘူးဆိုတဲ့ အမေရိကန်ပြည် ထောင်စုရဲ့ vital interest ဖြစ်ပါတယ်။ စစ်အေးကာလနှောင်းပိုင်းမှ ကမ္ဘာ့ ရေနံရောင်းလိုအားကို ဘယ်နိုင်ငံကမှ ထိန်းချုပ်ခြင်း မရှိစေ ရဆိုတာက အမေရိကန်ရဲ့ secondary interest ဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားကတော့ ရေတိုရေရှည် အချိန်ကာလအပေါ်မှာ အခြေခံပြီး temporary interests နဲ့ permanent interests ဆိုပြီး ခွဲခြားသတ်မှတ်တာဖြစ်ပါတယ်။ ဥပမာ အီရန်ကို ဆန့်ကျင်ဖို့ အီရတ်ကို ကူညီတာ စတာမျိုးက temporary interests ဖြစ်ပါတယ်။ Western Hemisphere မှာ hostile power မရှိရဘူးဆိုတာက အမေရိကန်ရဲ့ permanent interest ဖြစ်ပါတယ်။

တတိယအမျိုးအစားကတော့ တိကျသောသတ်မှတ်ချက်ပေါ်မှာ အခြေခံပြီး specific interests နဲ့ general interests ခွဲခြားသတ် မှတ်ချက်ဖြစ်ပါတယ်။ ဥပမာ ဂျပန် ကုန်သွယ်မှု အတားအဆီးတွေ မရှိရဘူးဆိုတာက specific interest ဖြစ်ပါတယ်။ လူ့အခွင့်အ ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကတော့ general interest ပဲ ဖြစ်ပါတယ်။ စတုတ္ထအမျိုးအစားကတော့ compatibility ပေါ်မှာ အ ခြေခံပြီး complementary interests နဲ့ conflicting interests ဆိုပြီး ခွဲခြားသတ်မှတ်မှု ဖြစ်ပါတယ်။ ဥပမာ ကိုဆိုဗိုအရေးမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုက complementary interest ဖြစ်ပြီး၊ ဆာဗ့်တွေကို ရုရှားတွေက ကူညီမှုကကျတော့ conflicting interest ဖြစ်ပါတယ်။ နိုင်ငံခြားရေးမူဝါဒတွေမှာ ဒီလိုအမျိုးအစား ကွဲပြားမှုတွေက အလွန်အရေးကြီးပါတယ်။ ဥပမာ- တခြားနိုင်ငံတခုရဲ့ လူ့အ ခွင့်အရေးကိစ္စတွေဆိုတာက Permanent, general, secondary interests ဖြစ်ပါတယ်။ ဒါကြောင့် အင်အားကြီးနိုင်ငံတွေဟာ လူ့အ ခွင့်အရေးကို အကြောင်းပြုပြီး နိုင်ငံငယ်တွေ အပေါ်မှာသာ အရေးယူမှုတွေ ပြုလုပ်တတ်ပေမယ့် နိုင်ငံကြီးတွေအပေါ်ထားရှိတဲ့ နိုင် ငံခြားရေး မူဝါဒတွေမှာကျတော့ ရှေ့တန်းတင်လေ့ မရှိတတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ်မှာ အမေ ရိကန်ပြည်ထောင်စု အနေနဲ့ စီးပွားရေးပိတ်ဆို့ အရေးယူသင့်သလားဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေမှာ ဒီအချက်ကို ထည့် သွင်းပြီး ဆွေးနွေးလေ့ရှိကြပါတယ်။ တရုတ်ပြည်ကို စီးပွားရေးပိတ်ဆို့အရေးယူခြင်းအားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထိခိုက်စေနိုင်မှု၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမှာ ဆိုးဝါးတဲ့ အကျိုးသက်ရောက်စေမှု၊ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အားနည်း ချက်ရှိစေမှု စတာတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ပညာရှင်တွေက ရေးသား တင်ပြထားကြပါတယ်။ အထူးသဖြင့် မြောက်ကိုးရီးယားရဲ့ န ယူးကလီးယားအရေးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှု လျော့နည်းသွားစေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီနေရာမှာ မြောက်ကိုးရီးယားအရေးဟာ အမေရိကန် ပြည်ထောင်စုရဲ့ specific interests ဖြစ်ပြီး၊ တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးးဖောက်မှုကကျ တော့ general interestsပဲ ဖြစ်တဲ့အတွက် ပိုပြီးအရေးကြီးတဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိနိုင် ပါတယ်။ ဒီလို competing interests တွေဖြစ်လာတဲ့အခါ ဘယ်လိုအကျိုးစီးပွားကို ဘယ်လိုအချိန်အတွက် ပိုပြီး ဦးစားပေးသင့်သလဲ ဆိုတာကို နိုင်ငံတွေအနေနဲ့ လေ့လာသုံးသပ်ပြီး ရွေးချယ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။

အကြောင်းအရာ တခုတည်းပေါ်မှာတင် မူတည်ပြီး တနိုင်ငံနဲ့ တခြားတနိုင်ငံတို့ရဲ့ အကျိုးစီးပွားတွေက ထပ်တူမကျနိုင်ပါဘူး။ ဥပမာ ဆားဗီးယားတွေက ကိုဆိုဗာ အယ်ဘေးနီးယားတွေကို ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွား သတ်မှတ်ချက် က general, temporary and secondary interests ဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားရဲ့ အမျိုးသားအကျိုး စီးပွားသတ်မှတ်ချက် ကကျတော့ specific, permanent and vital interests ဖြစ်သွားပါပြီ။ ဒီလိုပါပဲ။ မြန်မာ့အရေးနဲ့ ပတ်သက်ရင်လဲ တရုတ်နဲ့ အမေရိ ကန်ပြည်ထောင်စုတို့ရဲ့ အကျိုးစီးပွားတွေက မတူညီပါဘူး။ လူ့အခွင့်အရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး စတာတွေနဲ့ ဆိုင်တဲ့ အတွက် general and temporary interests ဖြစ်ပါတယ်။ တရုတ်ရဲ့ ဒေသတွင်းသြဇာအာဏာလွှမ်းမိုးမှုကို ထိန်းချုပ်ရေးနဲ့ ဆိုင်တာ ဖြစ်ပေမယ့် ဒေသတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ သြဇာအာဏာ ကြီးထွားလာရေးကိုပါ တွဲစပ်ထားတာဖြစ်တဲ့အတွက် secondary interests အဆင့်မှာပဲ ရှိပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အတွက်ကျတော့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်နေတာက တ ကြောင်း၊ တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုမှာ အရေးကြီးဆုံးဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို အမေရိကန် ရေတပ်ထိန်း ချုပ်ထားတဲ့ မလက်ကာရေလက်ကြားကနေတဆင့် ဖြတ်စရာမလိုပဲ မြန်မာနိုင်ငံကနေတဆင့် ဖြတ်သန်းတင်သွင်းနိုင်မယ့် အလား အလာ ရှိနေတာ၊ မဟာဗျူဟာ စီမံကိန်းတွေလဲ ရှိနေတာတွေက တကြောင်း၊ စစ်ရေး၊ နိုင်ငံရေးအချက်အချာ ဒေသ တခုဖြစ်နေတာက တကြောင်း စတာတွေကြောင့် မြန်မာ့အရေးဟာ specific, permanent and vital interests ဖြစ်နေပါတယ်။ ဒါကြောင့် အမေရိ ကန်ပြည်ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ဘယ်တော့မှ ထိပ်တိုက် ဖြစ်လာနိုင်စရာ အ ကြောင်း မရှိပါ။ အမျိုးသားအကျိုးစီးပွားနှစ်ခု ထပ်တူ မကျနေတဲ့အတွက် vital interests အဖြစ် တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ နယ်မြေဒေသကို secondary interests အဖြစ် သတ်မှတ်ထားတဲ့ အမေရိကန်က စစ်အင်အားသုံးပြီး ဝင်လာနိုင်စရာ အကြောင်း မရှိ ရခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ ဒီအချက်ကို သတိမမူတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြ ဿနာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာ မြန်မာအတိုက်အခံတွေအနေနဲ့ အမေရိကန်တွေကပဲ အီရတ်ကို ဝင်သလို မြန်မာပြည်ကို ဝင်လာလေမလားဆိုပြီး စိတ်ကူးယဉ်မိသွားတတ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အီရတ်က အမေရိကန်အတွက် vital interests ဆိုတာ ကို သတိပြုမိဖို့ လိုအပ်လှပါတယ်။ ဒီလို သတိမမူ၊ ဂူမမြင်တာတွေ များလာတဲ့အခါကျရင် “အမောင်၊ တောင်မှန်း၊ မြောက်မှန်း မသိ” ဖြစ်ကိန်း ဆိုက်တတ်တာကြောင့်ပါ။

နာဂစ်ကာလတုန်းက အမေရိကန်တပ်တွေ မြန်မာပြည်ကို ဝင်ဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် Responsibility to Protect ထဲမှာ ပြဌာန်းထားတဲ့ အချက်တွေထဲမှာ သဘာဝဘေးအန္တရာယ်ဆိုတဲ့ စကားလုံး မပါဝင်ပါဘူး။ ဆွဲယူအသုံးပြုမှသာ အကျုံး ဝင်မှာ ဖြစ်ပါတယ်။ ဒီလိုဆွဲယူအသုံးပြုပြီးမှ ပြင်သစ်က ဦးဆောင်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တင်ပါတယ်။ လုံခြုံရေးကောင် စီဆိုတာကလဲ log-rolling problem ရှိတဲ့အတွက် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မကျလာပါဘူး။ အဲဒီအခါမှာ ကမ္ဘာ့ကုလသမဂ္ဂ က authorised လုပ်တဲ့ multilateral intervention မဟုတ်တဲ့ coalition အသွင်သဏ္ဍာန်နဲ့ multilateral intervention တွေ၊ unilateral intervention စတာတွေကို ထပ်မံတောင်းဆိုကြပါတယ်။ ဒါပေမယ့် ဝင်ရောက်ခြင်း မပြုခဲ့ကြပါဘူး။ အဓိကကတော့ ဖြစ် တဲ့ ကိစ္စရပ်ဟာ သဘာဝဘေးအန္တရာယ်အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ အစိုးရရဲ့ လျစ်လျူရှုမှုဖြစ်တဲ့အတွက် တခြားနိုင်ငံတွေ အတွက် general, temporary, secondary interests ဖြစ်နေရခြင်းကြောင့်ပါပဲ။ နိုင်ငံတကာ ဥပဒေအရမှာလဲ legitimized intervention မဖြစ်နိုင်တဲ့အတွက် နောက်ဆက်တွဲပြဿနာတွေ အများအပြား ရှိလာနိုင်လို့ဖြစ်ပါတယ်။ ဒီလို အမျိုးသားအကျိုးစီးပွား သဘောတရားကို သတိမမူတဲ့ အတိုက်အခံတွေက ဒါကို နိုင်ငံတကာက ပါးစပ်နဲ့ပဲ ပြောတယ်၊ ဘာရယ်နဲ့ အပြစ်တင်ဝေဖန်ကြပြန်ပါ တယ်။ အာဏာရှင်ဘက်တော်သားတွေကလဲ အမေရိကန်နဲ့ ဥရောပတို့ကပဲ သူတို့ရဲ့ စစ်အင်အားကို ကြောက်လန့်လို့ မဝင်ရဲသလိုလို ဆိုကြပြန်ပါတယ်။ ဒါကို အကြောင်းပြုပြီး တဘက်နဲ့ တဘက် အင်တာနက်ပေါ်မှာ ငြင်းခုန်ရန်ဖြစ်နေကြသူတွေကလဲ ရှိပြန်ပါသေး တယ်။ တောထဲမှာ အလေ့ကျပေါက်တဲ့ အရွက်ကို ခုမှ စမြင်သူအချင်းချင်း တယောက်က အေ အရွက်လို့ပြော၊ နောက်တယောက်က ဘီ အရွက်လို့ ပြောပြီး ငြင်းနေကြတာနဲ့ အတူတူပါပဲ။ အချိန်ကုန်၊ လူပမ်းပြီး ဘာမှလဲ အကျိုးရှိတာ မဟုတ်ပါ။

ဒီကြားထဲ ကိုးကိုးကျွန်းကို အမေရိကန်ရေတပ်ကို နှစ်တရာတပ်စွဲခွင့်ပေးပြီး၊ မြန်မာကို အမေရိကန် ဝင်ပေးပါလို့ ပြောပေးကြပါ ဆိုတဲ့ စာတွေကလဲ ထွက်လာပြန်ပါသေးတယ်။ ဒီထက် ပိုဆိုးတာက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ရေပိုင်နက် အငြင်းပွားတာကို စစ်ဖြစ်လာရင် တော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အမေရိကန်က ဝင်ကူညီပေးပြီး မြန်မာအာဏာရှင်စစ်တပ်ကို တိုက်လိမ့်မယ် ဆိုတာမျိုးတွေ ပြောပြီး မြန်မာလူထုကို မဆက်စပ်၊ မသက်ဆိုင်တဲ့ အတွေးမှား၊ မျှော်လင့်ချက်မှားတွေ ပေးတာမျိုးဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေဟာ နိုင်ငံ တော်ရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံတနိုင်ငံရဲ့ permanent and vital interests နဲ့ သက်ဆိုင်တဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။ မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေ” ဆိုတာ မရှိနိုင်ကြောင်း ပြောဆိုထားခဲ့ဘူးပါ တယ်။ နိုင်ငံ ခေါင်းဆောင်များစွာကလဲ အမြဲတမ်း မဟာမိတ်၊ အမြဲတမ်း ရန်ဘက် ဆိုတာ မရှိနိုင်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး ဖြစ် ပါတယ်။

အခုလက်ရှိအခြေအနေမှာ စစ်အာဏာရှင်စနစ်ကို မြန်မာတမျိုးသားလုံး ဆန့်ကျင်ဖို့ လိုအပ်တဲ့ အဓိက အချက်ကတော့ စစ်အာဏာ ရှင်စနစ်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို မဆောင်ကျဉ်းပေးနိုင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ National Power ကို လျော့ကျစေနိုင်တယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်တယ်။ ဒီအတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လို အပ်တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ကနေ မြန်မာတမျိုးသားလုံးကို တောင်း ဆိုလာတဲ့ temporary interests ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွက် permanent and vital interests ဖြစ်တဲ့ နယ်မြေပိုင်နက်၊ အချုပ်အခြာအာဏာ စတာတွေကို ဘယ်သူကမှ ဘာအကြောင်းကြောင့်မှ compromise လုပ်လို့ မရပါဘူး။

ကိုယ့်ရန်သူရဲ့ ရန်သူတိုင်းကို မိတ်ဆွေဖွဲ့လို့ မရပါဘူး။ ကိုယ့်ရန်သူရဲ့ မိတ်ဆွေတိုင်းကို ရန်သူသတ်မှတ်လို့ မရပါဘူး။ အမျိုးသား အ ကျိုးစီးပွားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုလူပုဂ္ဂိုလ်ကမှ လက်လွတ်စပယ် လုပ်ကိုင်ဆုံးဖြတ် လို့ မရပါဘူး။ ဒီလိုပါပဲ။ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဟာလဲ အမျိုးသား အကျိုးစီးပွားနဲ့ ပတ်သက်တာဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေးစနစ် မှန်ကန်ကောင်းမွန် လာချိန်ကျမှ ဒိုင်ယာလော့ခ် ဆွေးနွေးပွဲတွေ၊ ပြည်သူ့ဆန္ဒခံယူပွဲတွေနဲ့ စဉ်းစားသတ်မှတ်ကြရမယ့် လုပ်ငန်းဆောင်တာတွေ အများကြီး ရှိလာမှာ ဖြစ်ပါတယ်။ လူမျိုးစုသတ်မှတ်ရေး၊ နယ်မြေပိုင်နက် ခွဲဝေသတ်မှတ်ရေး ကိစ္စရပ်တွေ အားလုံးကို ဘယ်လိုလူတွေက ဘယ်လိုကတိတွေပဲ ပေးထားခဲ့သည်ဖြစ်စေ၊ ဘယ် လိုနိုင်ငံတွေက ထောက်ခံမှုပြုသည်ဖြစ်စေ ဒါတွေဟာ အကျုံးမဝင်ပါဘူး။

ဘာတွေပဲ ပြောနေနေ လက်တွေ့မှာကျတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး မြန်မာတမျိုး သားလုံးရဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး၊ လူ့ဂုဏ်သိက္ခာတွေ ကျဆင်းနေမှာပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ သွေးခွဲအုပ်ချုပ်မှု တွေ၊ အိမ်ကြက်ချင်း အိုးမဲသုပ်ပြီး ခွပ်ခိုင်းမှုတွေ ရှိနေသမျှကာလပတ်လုံး အမျိုးသားသွေးစည်းညီညွတ်ရေးနဲ့ တန်းတူညီမျှရေး ကို အကောင်အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက်ဖျက်ဆီးနေတာက စစ်အာဏာရှင် စနစ်သာ ဖြစ်ပါတယ်။ တပ်မတော်မဟုတ်ဘူး။ ဒါပေမယ့် တပ်မတော်ဟာ စစ်အာဏာရှင်စနစ်ရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတဲ့အတွက် ဖျက်ဆီးသူတွေထဲမှာ ပါဝင်နေတယ်။ ရဲတပ်ဖွဲ့ မဟုတ်ဘူး။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ မတရားတဲ့ ဥပဒေတွေကို ရဲတပ်ဖွဲ့က အ သုံးပြုနေကြရတယ်။ ကြံ့ဖွံ့တွေ မဟုတ်ဘူး။ ဒါပေမယ့် အာဏာရှင်ဒေါက်တိုင်အဖြစ် စနစ်ကို ထောက်မထားသလို ဖြစ်နေတယ်။ ဒါ ကြောင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်ထဲ၊ ရဲတပ်ဖွဲ့ထဲ၊ ကြံ့ဖွံ့ထဲ ဝင်ရောက်ခဲ့သူတွေဟာ ပြည်သူ့ ရင်ခွင်ကို ခိုလှုံပြီး အာဏာရှင်စနစ်ကို ဖီဆန်ဆန့်ကျင်ဖို့ လိုအပ်လှပါတယ်။ ယနေ့မြန်မာ့နိုင်ငံရေး အခြေအနေမှာ စစ်အာဏာရှင်စနစ် ဆိုး အောက်ကနေ လွတ်မြောက်ရေးအတွက် တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့ အပါအဝင် မြန်မာ တမျိုးသားလုံး လက်တွဲပြီး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို ဖော်ဆောင်နိုင်ဖို့က လက်တွေ့ကျသော လုပ်ငန်းစဉ် တိုက်ပွဲဝင်လမ်းကြောင်း တရပ်အဖြစ် လိုအပ် နေပြီ ဖြစ်ပါတယ်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုဆိုတာကို အချို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေးတို့နဲ့ ယှဉ်ပြီး ပေါ်ထွက်လာတယ်လို့ ထင်တတ်ကြတယ်။ ဒါတွေဟာ strategy framework သဘောတရားအပေါ်မှာ ကွဲလွဲစွာ နားလည်မှု တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုလုပ်ငန်းဆောင်တာမှာမဆို ends (အဆုံးသတ် ပန်းတိုင်)၊ ways (သွားမယ်လမ်းကြောင်း) နဲ့ means (resources) သုံးမျိုး ဟန်ချက်ညီမှ အောင်မြင်နိုင်တာ ဖြစ်တယ်။ ကျောင်းသားတယောက်က ဘဝမှာ ဘွဲ့တခုရဖို့ လိုအပ် တယ်လို့ ယူဆတယ်။ အဲဒီအခါမှာ ဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက်ကို ထားတယ်။ ဘွဲ့ရဖို့ ကြိုးစားမယ်ဆိုပြီးတော့လဲ မိဘဆွေမျိုး အသိုင်း အဝိုင်းကို ကြေညာတယ်။ ဒါက ends ဖြစ်တယ်။ ဒါပေမယ့် ဒါတခုတည်းနဲ့တင် မပြီးသေးဘူး။ ဒီလိုဘွဲ့ရဖို့အတွက် ဆယ်တန်းအောင် ရမယ်၊ တက္ကသိုလ် တက်ရမယ်။ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စာမေးပွဲတွေ အဆင့်ဆင့် ဖြေရမယ်။ ဒါက ways ဖြစ်တယ်။ ဒီလို ရှိရုံလောက်နဲ့လဲ မရသေးဘူး။ ဘွဲ့ရဖို့ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်မယ့် လမ်းကြောင်း အဆင့်ဆင့်မှာ အချိန် ကုန်မယ်၊ ငွေကုန်မယ်၊ လူရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ရှိမယ်။ ဒါတွေက means တွေပဲ ဖြစ်တယ်။

မြန်မာပြည်အရေးမှာဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး ဆိုတာတွေက မြန်မာနိုင်ငံ အနာဂတ် အတွက်လိုအပ်တဲ့ အမျိုးသားအကျိုးစီးပွားတွေ ဖြစ်တယ်။ တမျိုးသားလုံး ဦးတည်ရမယ့် ပန်းတိုင် ends ဖြစ်တယ်။ အမျိုးသားလွတ် မြောက်ရေး လှုပ်ရှားမှုဆိုတာက ဒီပန်းတိုင်ကို ရောက်အောင်သွားဖို့ လမ်းကြောင်းအဆင့်ဆင့်ထဲက အဆင့် တဆင့်သာပဲ ဖြစ်ပါတယ်။ ways တွေထဲက တဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းဖော်ဆောင်မှုတွေမှာ strategic picture တခုလုံးကို ခြုံငုံကြည့်ပြီးမှ complementary interests လား၊ competing interests လားဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ လိုအပ်လှပါတယ်။ ဒီလို မဟုတ်ပဲ သူဘာလဲ၊ ငါဘာလဲ လုပ်နေလို့ကတော့ ဟင်္သာကိုးသိန်း ပျက်ကိန်း ကြုံပါလိမ့်မယ်။ ပင်လယ်ထဲ သင်္ဘောပျက်နေချိန်မှာ အ သက်ကယ်လှေတွေပေါ် လူတွေရောက်ဖို့က အရေးကြီးပါတယ်။ သင်္ဘောပျက်နေမှ သင်္ဘောဆောက်ပြီး ကယ်ဖို့ လုပ်နေလို့မရပါဘူး။ သင်္ဘောဆောက်တာကတော့ ရေရှည်အတွက် ဆောက်ဖို့လိုမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီသင်္ဘောနဲ့ပဲ ကယ်မယ်လုပ်နေလို့တော့ မရပါ ဘူး။ ရေတို၊ ရေရှည် လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ရေရှည်ပဲ အာရုံစိုက်နေရင် နောက်တွန့်ပါတယ်။ ရေတိုပဲ အာရုံစိုက်နေရင် ရှေ့ကျွံပါတယ်။ ဟန်ချက်မညီရင် အောင်မြင်မှုရမှာလဲ မဟုတ်ပါ။ ပြည်တွင်းပဋ္ဋိပက္ခမှာပဲ ဖြစ်ဖြစ်၊ ပြည်ပ ပဋ္ဋိပက္ခတွေမှာပဲ ဖြစ်ဖြစ် အမျိုးသားအကျိုးစီးပွားဆိုတာက မူဝါဒတွေ၊ မဟာဗျူဟာတွေကို အဆုံးအဖြတ်ပေးတာဖြစ်ပါတယ်။ အမျိုး သားအကျိုးစီးပွားရဲ့ အမျိုးအစားကွဲပြားမှုတွေ အပေါ်မှာ အခြေခံပြီးမှ strategy framework ကို ချမှတ်မယ်ဆိုရင် အောင်မြင်ဖို့ အ လားအလာတွေ ပိုရှိမှာ ဖြစ်ပါတယ်။

နိဂုံး
နိဂုံးချုပ်ဆိုရရင် အခုဒီဆောင်းပါးဟာ အမျိုးသားအကျိုးစီးပွားဆိုတဲ့ သဘောတရားကို အတိုချုပ်အနေနဲ့ ရေးသားတင်ပြပြီး မြန်မာပြည် နဲ့ ဆက်စပ်တဲ့ အကြောင်းအရာအချို့ကို ယေဘုယျဥပမာအနေနဲ့ ထည့်သွင်းတင်ပြထားခြင်းသာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အမျိုး သားအကျိုးစီးပွားကို သီးသန့်ရေးသားထားတဲ့ ဆောင်းပါးမဟုတ်ပါဘူး။ ရေးသားထုတ်ဝေဖို့ လိုအပ်သော အချိန်ကာလ မဟုတ်သေး ပါ။ ကုလားစာ၊ ဘိုစာ၊ တရုတ်စာ ချက်စားဖို့ နေနေသာသာ မီးဖိုထဲ ဝေးလို့ အိမ်ထဲတောင် ရောက်သေးတာ မဟုတ်ပဲ ဘိုစာကောင်း တယ်၊ တရုတ်စာ ကောင်းတယ်နဲ့ ငြင်းခုန်ဆွေးနွေးမှုတွေကိုလဲ စိတ်ပါဝင်စားမှု မရှိလှပါ။ ကုလားစာ ချက်လိုသူက တကယ်ချက်ရမယ့် အချိန်မှာ မှန်မှန်ကန်ကန် ချက်တတ်အောင် ပြင်ဆင်လေ့လာထားဖို့၊ ဘိုစာ ချက်လိုသူက မီးဖိုထဲရောက်မှ ဟိုဟာမသိ၊ ဒီဟာမသိနဲ့ အင်္ဂလန်မှ စားဖိုမှူးများ ပြန်ပင့်နေရတဲ့ ဘဝ မရောက်ဖို့၊ တရုတ်စာ ချက်လိုသူကလဲ မီးဖိုထဲရောက်မှ ရွာရိုးကိုးပေါက် ပြန်ထွက် လျှောက်ပြီး သားလှီးဓား လိုက်ရှာနေရတဲ့ ဘဝမရောက်ဖို့ကိုသာ ကိုယ့်အသိနှင့်ကိုယ် ဝိုင်းဝန်းကြိုးပမ်း ပြင်ဆင်ထားသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ခင်မမမျိုး
(၂၅၊ ၂၊ ၂ဝ၁ဝ)
ရည်ညွှန်းကိုးကား ...

St. Thomas Aquinas, Summa Theologica, 2-2ae, Quest. 40, Art. 1 in Aquinas, Selected Political Writings, trans. J. G. Dawson (Oxford: Blackwell, 1948).

Hans J. Morgenthau, Politics Among Nations (6th ed.; New York: Knopf, 1985).

Niccolo Machiavelli, The Prince and the Discourses (New York: Random House, 1940).

Morgenthau, “Alliances in Theory and Practice,” in Arnold Wolfers, ed., Alliance Policy in the Cold War (Baltimore: Johns Hopkins Univ. Press, 1959).

Donald E. Nuechterlein, America Overcommitted: United States National Interests in the 1980s (Lexington: Univ. of Kentucky Press, 1985)

K. J. Holsti, International Politics: A Framework for Analysis, 5th ed. (Englewood Cliffs, N.J.: Prentice Hall, 1988)

Paul M. Kennedy, The Rise and Fall of the Great Powers: Economic Change and Military Conflict from 1500-2000 (New York: Random House, 1987)

Barry O’Neill, “Power and Satisfaction in the United Nations Security Council,” Journal of Conflict Resolution, 40 (June 1996), 219-37;

Stephen M. Wait, “The Search for a Science of Strategy, A Review Essay,” International Security, Summer 1987, Vol. 12, No. 1, pp. 142-143
Photos by: http://www.art2bank.com/

NCGUB: Migrant & Refugee News

Report 2009 Idp Bu[1]





Thursday, February 25, 2010

မျှော်လင့်ခြင်း

ပိတောက်ကိုချစ်တယ်ဆိုတဲ့ ပိတ်တောက်ချစ်သူရေ
ဆောင်းအကုန် နွေဝင်လို့
ပိတ်တောက်ပွင့်မယ့် အချိန်တောင်ကျရောက်ပြန်တော့မယ်
ရက်တွေက လတွေဖြစ်
လတွေက နှစ်တွေရောက်လို့ ရာသီတွေပြောင်းလဲသွားပေမယ့်
ဒီရင်ထဲကခံစားချက်တွေကတော့ ပြောင်းလဲမသွားပါဘူး


ချစ်သူရေ....
မင်းချစ်တဲ့ ပန်းပိတောက်တွေကို
မင်းမရှိတဲ့ နေရာကနေ ငါမြင်တွေ့ရအုံးမယ်
မင်းချစ်တဲ့ ရွှေပိတောက်လေးတွေကို
မင်းရင်ခွင်အဝေးကနေ ငါ..ထွေးပိုက်ရအုံးမယ်
မင်းနဲ့ မဆုံနိုင်သေးတဲ့ ကောင်းကင်ပြာကြီးအောက်ကနေ
ပိတောက်ရနံ့တွေ ငါ.ရူရိုက်ရအုံးမယ်

ဒါပေမဲ့...ချစ်သူရေ
ငါ့အတွက် တော်ဝင်ဆန်တဲ့ မင်းရဲ့ချစ်ခြင်းတရားတွေနဲ့
ပါးပြင်ထက်က မျက်ရည်စက်တွေကို
အားအင်အဖြစ် ပြောင်းလဲပြစ်ပါ့မယ်
ဆိုသောစကား ပိတောက်ကဲ့သို့ တည်ကြည်ဖြောင့်မတ်တဲ့
မင်းရဲ့ဂတိ သစ္စာတွေနဲ့
ငါတစ်ယောက် သက်ဝင်လူပ်ရှားနေပါ့မယ်...
မင်းရဲ့အပြုံး မင်းရဲ့ရည်သံ
ချစ်တဲ့ မင်းရဲ့ကာရံတွေနဲ့
ငါ..ခေါင်းကိုမော့ပြီး လမ်းတွေလျှောက်နေပါ့မယ်

တစ်နေ့ နေ့ ကျရင်သာ
ငါ့ချစ်တဲ့မင်းနဲ့ကာရံတွေစပ် သံစဉ်တွေ ဆိုညည်းရင်း
လရောက်အောက်မှာ ကြည်နူးပါရစေ
မနက်ဖြန်ဆိုတဲ့ ရောင်နီဦး နိဒါန်းကို
မင်းနဲ့ အတူကြိုဆိုပြီး
နေ၀င်ခြင်း နိဂုံးကိုလည်း မင်းရင်ခွင်ကနေ
အဆုံးသပ်ခွင့် ရပါ ရစေ...။ ။

Wednesday, February 24, 2010

လူထုတရပ်လုံးအတွက် စတေးခံ (အကောင်းဆုံး မြေသြဇာ အဖွဲ့ )

လှိုင်သာယာ မြို့နယ် ၊ ( ၇ ) ရပ်ကွက် ၊ အန်အယ်ဒီ အဖွဲ့ဝင် ဦးတင်ယု နေသည့် ရပ်ကွက် တံတား ဖြူ မှတ်တိုင် ရှိ ဦးပုည လမ်းထိပ် ဆိုက်ကားဂိတ် နားတွင် ရှိသော လမ်းဆိုင်းဗုဒ် တွင် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ ၂၀၀၈ အခြေခံ ဥပဒေ ဖျက်သိမ်းပစ် ၊ စစ်အစိုးရ အလိုမရှိ စသော စာများပါသည့် စာသားများရေးသားထားသည့် စာရွက်များ လိုက်လံ ကပ်သည့် လှုပ်ရှားမှုများကို အကောင်းဆုံး မြေသြဇာ အဖွဲ့မှ လိုက်လံ ပြုလုပ်ခဲ့ကြပါတယ်။ ထို့အပြင် လှိုင်သာယာမြို့နယ် အောင်မြေရိပ်သာ ဘုရား ပေါ်တွင်လည်း ၂၀၁၀ အလိုမရှိစာသားများကို ဆော့ပင် အနီ/အပြာ များဖြင့် လိုက်လံ ရေးသားကြပါတယ်။ အထပ်ပါ (၇ ) ရပ်ကွက် ဦးပုံည လမ်းသွယ် အောင်မင်းခေါင် ( ၁ ) လမ်း၊ အိမ်အမှတ် ( ၂၉၉ ) တွင် မြို့နယ် ကြံ့ဖွံ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်း နေထိုင်သည်ဟု သိရှိရပါတယ်။
လူထုတရပ်လုံးအတွက် စတေးခံ (အကောင်းဆုံး မြေသြဇာ အဖွဲ့ )


Tuesday, February 23, 2010

ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဦးတင်ဦး တိုက်တွန်း

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး။ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀။
23 February 2010




ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး။ဖေဖော်ဝါရီ ၁၈၊ ၂၀၁၀။မြန်မာ့တပ်မတော်အနေနဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းပြီး ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော်အဖြစ် ပြောင်းလဲဖို့ မကြာသေးခင်မှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာခဲ့တဲ့ NLD ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက စစ်တပ်အရာရှိတွေ၊ တပ်မတော်သားတွေကို တိုက်တွန်းလိုက်ပါတယ်။ အဘက်ဘက်က ချို့ယွင်းနေတဲ့ တိုင်းပြည်အခြေအနေကို ပြန်လည်ထူထောင်ဖို့ ယုံကြည်မှု တည်ဆောက်ပြီး သဘောတူညီချက်တွေ ရအောင် ကြိုးစားဖို့ လိုတယ်လို့ ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက သူဟာ ငယ်ရွယ်စဉ် အချိန်ကတည်းက တပ်မတော်မှာ အရာရှိငယ် တယောက်အဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့အကြောင်း၊ တပ်မတော်ဟာ သူ့ရဲ့ အသည်းနှလုံးထဲမှာ ထာဝရ ရှိနေတဲ့ အကြောင်း ဗွီအိုအေ မြန်မာပိုင်းနဲ့ ဆက်သွယ် မေးမြန်းတဲ့အချိန် ပြောဆိုပါတယ်။ သူဟာ တပ်မတော်သားတွေကို ချစ်တဲ့အကြောင်းနဲ့ ဒါပေမဲ့လည်း ပြည်သူတွေကို ပိုချစ်တဲ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင် ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

လက်ရှိ တပ်မတော်ဟာ ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်ဖို့လိုပြီး လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ အစဉ်အလာကောင်းတွေကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“ဒီလိုပဲ အစဉ်အလာကောင်းတွေကို ထိန်းစေချင်ပါတယ်။ အကုန်လုံး တာဝန်ရှိနေတဲ့သူတွေ အားလုံး အလိုက်ပေါ့။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ၊ ပြည်သူတို့ကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကို ဦးဆောင် ခေါင်းရွက်သွားနေ တာ ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့ ဦးဆောင်မှုအောက်မှာ တပ်မတော်သည် တကယ့်ကို စံပြကောင်းကောင်းနဲ့ ဖြစ်တဲ့ ၀န်ထမ်းကောင်းကြီးတွေပေါ့၊ ကိုယ့်ရဲ့ လုပ်ငန်းကိစ္စ အ၀၀ကို ကျွမ်းကျင်အောင် လုပ်ပြီးတော့ မိမိရဲ့တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေးကို တရားနည်းလမ်း မှန်ကန်စွာနဲ့ ကျင့်သုံးနိုင်အောင်တော့ ဖြစ်စေချင်တယ်၊ ဒါပါပဲ။”

အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရေးအရ သဘောတူညီမှုတွေကို ရှာနိုင်တဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဦးတင်ဦးက ပြောပါတယ်။ ဒီလို ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အနေအထားကို ဖန်တီးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက် ကတော့ အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

“တယောက်နဲ့ တယောက်ဟာ ယုံကြည်မှု တည်ဆောက်ကြဖို့ပဲ။ ပြည်သူလူထုတွေဟာ ဒီနေ့အထိ နိုင်ငံရေးအားဖြင့်၊ စီးပွားရေးအားဖြင့်၊ လူမှုရေးအားဖြင့် ချွတ်ခြုံကျနေတာ။ အဲဒါကို ညှိနှိုင်းဆွေးနွေးပြီး တခုနဲ့တခု တွေ့ဆုံဆွေးနွေးပြီးတော့ ယုံကြည်မှု တည်ဆောက်လို့ ရနိုင်မယ့် နေရာတခု၊ The area of agreement ရောက်အောင် လုပ်မယ်ဆိုရင် လုပ်လို့ ရနိုင်ပါတယ်လို့၊ ယုံယုံကြည်ကြည်လုပ်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ ဒီလိုကိစ္စနဲ့ ပတ်သက်လို့ တစိုက်မတ်မတ် စွဲကိုင်ထားတဲ့ ၀ါဒပါ။”

မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ နိုင်ငံတကာရဲ့ ထောက်ခံ အားပေးမှုတွေကို ကြိုဆိုတဲ့အကြောင်း၊ ဒါပေမဲ့လည်း တကယ်တမ်း အပြောင်းအလဲတွေ၊ တိုးတက်မှုတွေရှိဖို့ ပြည်တွင်းက အင်အားတွေကသာ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့ အကြောင်းကိုလည်း အခုလို ပြောဆိုသွားပါတယ်။

“ဒါပေမဲ့ တကယ့်အင်အားကတော့ ကိုယ့် ပြည်သူလူထုပဲ။ ကိုယ့်ဟာကို လုပ်ကြပါ။ ကိုယ့်ဟာကိုလုပ်တဲ့ အားကိုပဲ ကိုယ်က ယုံကြည်တာပါ။ အဲတော့ နိုင်ငံတကာက ကူညီနေပြီး ကျနော်တို့အတွက် ပြောကြတယ်၊ ဆိုကြတယ် ဆိုတဲ့ဟာတွေ အပေါ်မှာ၊ အထောက်အပံ့တွေ အပေါ်မှာတော့ ကြိုဆိုတယ်၊ အားရတယ်၊ ဆက်လက်ပြီးတော့လည်း ကြိုဆိုကြပါ၊ ထောက်ခံကြပါ။ သို့သော် တကယ်ဆောင်ရွက်ရမယ့် အင်အားကတော့ ကိုယ့်ပြည်တွင်းက အားပဲ ဖြစ်တဲ့အတွက် ပြည်သူ လူထုတွေက လုပ်ရမယ်လို့ပဲ၊ ကိုယ့်အချင်းချင်း တိုင်းရင်းသားတွေနဲ့ အတူတကွ လုပ်ရမယ်လို့ပဲ ကျနော်တို့က ယုံကြည် တယ်။”

ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းတဲ့အချိန် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက လက်ရှိ မြန်မာနိုင်ငံ အခြေအနေတွေနဲ့ မြန်မာ့တပ်မတော်အပေါ် သူ့ရဲ့ သဘောထားတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော် အနေနဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့ လိုအပ်သလို အနာဂတ်မှာ တပ်မတော်ရဲ့ သမိုင်းကောင်းအောင် ဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ မြန်မာပြည် နိုင်ငံရေးမှာ တပ်မတော်အနေနဲ့ သမာသမတ် ရှိတဲ့ ဒိုင်လူကြီး နေရာက ရပ်တည်စေချင်တဲ့အကြောင်း NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပြ သွားပါတယ်။
Link:

ပြိုင်ပွဲ(ကျော်သူ)

အမှည့် . . . ကြွေ
. . . ခြွေခြင်း။
အချိန်တန်လို့ ကြွေ
အချိန် မတန်ဘဲ ခြွေ . . . စသည်ဖြင့် နိဒါန်းပျိုးလိုက်၍ “ပြိုင်ပွဲ” ဟူသောခေါင်းစည်းနှင့် လားလားမှ မဆိုင်ဟု ဆိုပါလိမ့်မည်။

 

အမှည့်ကြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းကုန် ဆီလည်းခမ်း ဖြစ်ခြင်းပျက်ခြင်း တို့သည် သဘာဝတရားပင်ဖြစ်တော့သည်။

အမှည့်ခြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းမကုန်၊ ဆီလည်း မခမ်းဘဲနှင့် ဖြစ်ခြင်း၊ ဖျက်ခြင်း တို့သည် သဘာဝတရားကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။

ကြွေချိန်မတန်ဘဲနှင့် ကြွေ
အမှည့်မလွန်ဘဲနှင့် အခြွေခံရခြင်းပင် ဖြစ်တော့သည်။
မှည့်၍ကြွေသော “အမှည့်ကြွေ” ကို မပြောလိုပါ။

ယင်းသည် တရားသဘောတရားနှင့်အညီ ဖြစ်ခြင်းပျက်ခြင်းပင် ဖြစ်တော့သည်။
မမှည့်ဘဲနှင့် အခြွေခံရသော . . . အမှည့်မလွန်သေးဘဲနှင့် အခြွေခံရသော “အမှည့်ခြွေ” ကိစ္စကိုသာ တွေးတောမိတော့သည်။

အခြွေခံချင်၍ ခြွေခြင်းခံရသည်လား . . . . . ?
အခြွေမခံချင်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?
ခြွေသင့်ခြွေထိုက်၍ ခြွေခြင်းကို ခံရသည်လား . . . . . ?
မခြွေသင့်မခြွေထိုက်ဘဲနှင့်
ခြွေခြင်းကို ခံရသည်လား . . . . . ?

ဤတွင် . . . . . မခြွေသင့် မခြွေထိုက်ဘဲနှင့် အခြွေခံရသူတို့ ကိုယ်စား ကျွန်တော် ပြောပါတော့မည်။ ကမ္ဘာမြေပြင်ကို ရောက်ရှိပြီး ဘဝဘဝတွေ လှော်ခတ်ကြရာဝယ် . . . . .
မိမိအတ္တအတွက် လှုပ်ရှားကြသော . . . . . အတ္တဟိတ။
အများအတွက် လှုပ်ရှားကြသော . . . ပရဟိတ စသည်ဖြင့် (နှစ်) မျိုးခွဲထုတ်နိုင်တော့သည်။

အတ္တဟိတ . . . အများအတွက် တစ်ချက်ကလေးမှ လှည့်မကြည့်သော အတ္တလူသား ။
မိမိကောင်းကျိုးတစ်ခုတည်းကိုသာ ရည်ရွယ်လှုပ်ရှား ရုန်းကန်နေသော လောဘလူသား ။

မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်ဟူသော ဗုဒ္ဓ၏ဆုံးမသြဝါဒကို တလွဲဆံပင်ကောင်း၍ မိမိအတွက်မှ လွဲ၍ ကျန်လူများကို ရန်လုပ်၊ ဂုံးချော၊ မြှောက်ထိုးပင့်ကော်လုပ်သော ဒေါသလူသား။
မိမိအကျိုးရှိမည့် အလုပ်၊ မိမိစီးပွားဖြစ်မည့် လုပ်ရပ်များကိုသာ မည်သူ့ကိုမျှ မငဲ့ဘဲ အရိုးကြေကြေ၊ အရည်ခမ်းခမ်း လှုပ်ရှားနေသော မောဟလူသား။
ထို . . . ထိုသော အတ္တသမား၊ အတ္တလူသားများသည် မှည့်ရုံတင်မက ပုတ်ချင်ပုတ်ပါလေ့စေတော့ . . . ဥပက္ခာပြုသင့်သည် မဟုတ်ပါလား။

ယင်းတို့သည် . . . ဆန်ကုန်မြေလေး ပင်ဖြစ်တော့သည်။
ထိုသူ . . . ထိုလူသားတို့ ကြွေလွင့်သွားခြင်း၊ အခြွေခံရခြင်းအတွက် ပူဆွေးဝမ်းနည်းစရာ မလိုပေ။
မိမိတို့၏ မျက်ရည်များကိုပင် အားနာစရာဖြစ်တော့သည်။

ပရဟိတ ။ ။ အများအတွက် . . . ဘဝဘဝတွေကို လှော်ခတ်ရုန်းကန်နေသော ပရဟိတလူသား။
ပြည်သူအတွက် . . . ဘဝဘဝတွေကို နှစ်မြုပ်ရုန်းကန်နေသော ပရဟိတလူသား။
တိုင်းပြည်အတွက် . . . ဘဝဘဝတွေကို အဆုံးခံ၍ ကြံ့ကြံ့ခိုင်နေသော ပရဟိတလူသား။

ကမ္ဘာကြီးအတွက် . . . ဘဝဘဝတွေကို ပေးဆက်၍ ရဲရင့်ပြတ်သားစွာ ရင်စည်းခံ၍ စွန့်လွှတ်အနစ်နာခံနေသော ပရဟိတလူသား . . . စသည်ဖြင့် နည်းလမ်းပေါင်းစုံနှင့် အများအတွက် အဖက်ဖက်မှ ပေးဆပ်နေသော ပရဟိတလူသားများ . . . များစွာရှိနေဆဲ . . . ရှိနေဦးမည် ဖြစ်သည်။

ထို . . . ထိုသော . . . ပရဟိတစစ်စစ်လူသားများသည် စွန့်လွှတ်ခြင်းများစွာ၊ ပေးဆပ်ခြင်းများစွာတို့ဖြင့် လုပ်ဆောင်ပေးနေသော လူသားများ (အဖြူထည်လူသားများ) ဖြစ်သည့်အတွက် “မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်” ဟူသော စကားနှင့်အညီ အဖြူထည်ကို အရောင်မဆိုးမိရန် အညစ်အထေးမပေရန်၊ အပွန်းအပဲ့ အထိအခိုက်မဖြစ်ရန် အထူးအရေးကြီးလှသည်။

မမှည့်ခင် . . . မကြွေစေလိုပါ။
မမှည့်ခင် . . . အခြွေမခံလိုပါ။
မှည့်သော်ငြားလည်း . . . အခြွမခံလိုပါ။
သဘာဝအရ . . . မှည့်ပြီးမှကြွေ
ကြွေလျှင်မှည့်လို့သာ ဖြစ်သင့်သည်။

မနာလို ဝန်တိုစိတ်မွေးခြင်း၊ မစ္ဆိယစိတ်ပွားများခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ဂုံးချောခြင်း၊ သပ်ရှိုခြင်း၊ သိမ်းသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ခုတုံးလုပ်ခြင်း၊ အငြိုးအတေးကြီးခြင်း စသည့်ဓမ္မလမ်းကြောင်းကို ဖီဆန်၍ ဘုရားမကြိုက်သော လူမဖြစ်ရန် သတိရှိဖို့ သတိထားဖို့၊ အထူးလိုအပ်နေပြီ ဖြစ်သည်။ ဆုတ်ကပ်အချိန်ကာလကြီးသို့ ရောက်ရှိနေသောကြောင့် အဓမ္မဝါဒီကို ရှောင်ကြရန် ထပ်ခါ ထပ်ခါ သတိပေးခြင်းသာဖြစ်သည်။

မိမိကိုယ်ကိုလည်း ထပ်ခါထပ်ခါ ဆင်ခြင်ပွားများနေရဆဲပင် ဖြစ်သည်။
ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဖြစ်သည်။
ပရဟိတလူသားများ အနေနှင့်လည်း အတ္တဟိတလူသားများ၏ ထောင်ချောက်ထဲ၊ သတ်ကွင်းထဲ မဝင်မိဖို့ အထူးသတိထားရမည်။

အတ္တဟိတ သမားများအနေနှင့်လည်း မိမိ၏အတ္တကိစ္စရပ်ကိုသာ စိတ်ထက်သန်ပါက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ရုံပင် ဖြစ်သည်။

သို့သော် . . . ပရဟိတသမားများ၏ ပေးဆပ်မှုလမ်းကြောင်းများကို ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း စသည့် အဓမ္မဝါဒီလမ်းစဉ်ကို မလုပ်သင့်ပေ။

မိမိတို့၏ သမိုင်းကြောင်းလှပအောင် မိမိတို့၏ လုပ်ရပ်များကသာ ဖော်ကျူးပေးမည်ဖြစ်သည်။

ငှက်တစ်သောင်း . . . တစ်သိန်း . . . တစ်သန်း စသည်ဖြင့် နားနေနိုင်သော ပရဟိသစ်ပင်ကြီးမှ အကိုင်း၊ အခက်၊ အသီးတို့ကို ဘာကြောင့်များ ခုတ်ထွင်၊ ရှင်းလင်း၊ ဆွတ်ခူးချင်ပါသနည်း . . . ?

မိမိတို့ကိုယ်တိုင် ဖြူစင်သန့်ရှင်းသော သီလနှင့်နေထိုင်သွားမည်ဆိုပါက မိမိတို့တွင်လည်း ငှက်တစ်သိန်း၊ တစ်သန်းမက ငှက်ပေါင်းကုဋေ နားနေနိုင်မည့်၊ လူ့လောကကြီးကို အလှဆင်နိုင်မည့် လူသားအားလုံး အားကိုးရာ မြတ်နိုးရာ . . . အထွဋ်အထိပ်နေရာ တစ်နေရာသို့ ရောက်ရှိမည် ဖြစ်တော့သည်။

ဒါကြောင့် . . . ပြိုင်ကြပါ
ကိုယ်ကျင့်တရား . . . ပြိုင်ကြပါ
သီလလုံခြုံရေး . . . ပြိုင်ကြပါ
အကြင်နာရှိရေး . . . ပြိုင်ကြပါ
မေတ္တာထားရေး . . . ပြိုင်ကြပါ
ကရုဏာထားရေး . . . ပြိုင်ကြပါ
မုဒိတာထားရေး . . . ပြိုင်ကြပါ
သစ္စာတရား . . . ပြိုင်ကြပါ
ဒီပြိုင်ပွဲဟာ . . . ဓမ္မပြိုင်ပွဲ . . . အရှုံးမရှိ။ ပြိုင်ပြီဆိုကတည်းက နိုင်နေပြီဖြစ်သည်။

သို့တည်းမဟုတ် . . .
တရားမဲ့ရေး . . . ပြိုင်မလား။
အာဃာတထားရေး . . . ပြိုင်မလား။
မစ္ဆိယစိတ်ထားရေး . . . ပြိုင်မလား။
ယုတ်မာရက်စက်ရေး . . . ပြိုင်မလား။
ထိုပြိုင်ပွဲသည်ကား . . . အဓမ္မဝါဒီပြိုင်ပွဲပင် ဖြစ်တော့သည်။ ပြိုင်ပြီဆိုကတည်းက ရှုံးနေပြီဖြစ်သည်။

ဒါတွေကြောင့် . . . ဓမ္မဝါဒီ ပရဟိတလူသားများ အချိန်မတန်ဘဲနှင့် ကြွေလွင့်သွားမှုသည် လူသားတိုင်းအတွက် အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု၊ နစ်နာမှုပင် ဖြစ်သည်။

အဓမ္မဝါဒီ အတ္တလူသားများ အချိန်အတန်၍ဖြစ်စေ၊ အချိန်မတန်ဘဲနှင့် ဖြစ်စေ လွင့်စင်သွားမှုသည်ကား ဖြစ်ပျက်သဘောသာ ဆောင်တော့သည်ဟု မှတ်ယူလိုက်တော့သည်။

သူတို့အတွက် . . . ကမ္ဘာမြေကြီးကတောင် ကျေးဇူးတင်မည် ဖြစ်သည်။
“အဓိပ္ပာယ်မဲ့သော လူတစ်ယောက်ကို ထမ်းပိုးထားရသည့် ဝဋ်ကြွေးမှ လွတ်ပြီ” ဟုပင် သတ်မှတ်ပေလိမ့်မည်။
ထို ထိုသော အကြောင်းအချက်များကို သုံးသပ်လိုက်သော် . . .
မိမိရေးခဲ့သော (ဟိတ်!) ကို ပြန်မြင်ယောင်မိတော့သည်။
ဟိတ်!
ကိုယ့်လမ်း . . . ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သီလ . . . ကိုယ်လုံ
ကိုယ့်သမိုင်း . . . ကိုယ်ရေး
ဒါပဲ . . . ကျော်သူ

မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ သောကကင်းဝေး ငြိမ်းချမ်းသာယာရေးကို ရှေ့ရှုလျက် . . . ဓမ္မပြိုင်ပွဲ ဆင်နွှဲကြရန် . . . ဦးတည်လျှက် . . .

အချိန်မတန်ဘဲ အခြွေခံခဲ့ရသော သက်ရှိထင်ရှား ပရဟိတ သူရဲကောင်း လူစွမ်းကောင်း အာဇာနည်ပုဂ္ဂိုလ်များအား အစဉ်လေးစားဦးညွတ်လျက် . . . ။
ကျော်သူ

နယ်ခြားစောင့်တပ် ပြောင်းရေး ၀နှင့် စစ်အစိုးရ တင်းမာ

နယ်ခြားစောင့်တပ် ပြောင်းရေး ၀နှင့် စစ်အစိုးရ တင်းမာ
Tuesday, 23 February 2010 17:31 သန်းထိုက်ဦး
ရှမ်းပြည်နယ် တနေရာတွင် စစ်ရေးပြ လေ့ကျင့်နေသော UWSA တပ်ဖွဲ့ဝင်များ
စစ်အစိုးရဘက်မှ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ၀တပ်ဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူ ချမ်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ လားရှိုးမြို့တွင် လာရောက် တွေ့ဆုံရန် အကြောင်းကြားခဲ့ပြီး ၀တပ်ဖွဲ့က ငြင်းဆန်ခဲ့သည်။
အလားတူပင် ၀တပ်ဖွဲ့ကလည်း ၎င်းတို့ ဌာနချုပ်ဖြစ်သော ပန်ဆန်းမြို့သို့ ယခုလ ၂၀ ရက်နေ့တွင် လာရောက် တွေ့ဆုံနိုင်ရန် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်အား ပြန်လည် ဖိတ်ကြား ထားသည်ကို ယမန်နေ့ အထိ အကြောင်း ကြားခြင်း မရှိဘဲ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။





“အစိုးရ ဘက်က ပန်ဆန်းကို ဖုန်းနဲ့ ပြောတယ်၊ လာရှိုးမြို့ အထိ ဥက္ကဌ ပေါက်ယူချမ်းကို လာတွေ့ဖို့ ပြောတယ်၊ အဲဒါကို ဥက္ကဌ ပေါက်ယူချမ်းက ကျနော် နေမကောင်းဘူး၊ မသွားနိုင်ဘူး၊ ခရီးက ဝေးတယ်၊ လမ်းက ကြမ်းတယ်၊ ဖြစ်နိုင်ရင် ပန်ဆန်းဌာနချုပ်ကို လာပါ ၂၀ ရက်နေ့ လာနိုင်တယ်ပေါ့၊ ဆွေးနွေးမယ်၊ အဲဒါကို ယနေ့ အထိ အစိုးရ ဘက်က တစုံတရာ အကြောင်း မပြန်ဘူး”ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

ယင်း သို့တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းမှု နှင့် ပတ်သက်ပြီး ၀တပ်ဖွဲ့ဝင်များက အမေရိကန်နိုင်ငံမှ အလိုရှိနေသည့် ၀ခေါင်းဆောင် ၈ ဦးထဲတွင် ဥက္ကဌ ပေါက်ယူချမ်း ပါဝင်နေသည့် အတွက် စစ်အစိုးရအပေါ် သံသယရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

အပစ်ရပ် တိုင်းရင်းသား အဖွဲ့များအားလုံး နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရေးကို ယခုလကုန် နောက်ဆုံးထားပြီး ပြုလုပ် ရန် စစ်အစိုးရက ညွှန်ကြားထားကြောင်း သိရသည်။

အပစ်ရပ် အဖွဲ့များတွင် အင်အား အကြီးဆုံးဖြစ်သည့် UWSA တပ်ဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းလျှင် စစ်အစိုးရဘက်မှ ဒုတိယ တပ်ရင်းမှူး ရာထူးတခုသာ ပါဝင်ခွင့် ပြုမည် ဖြစ်ကြောင်း သဘောထား ပေးထားသည်။

ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခု အဖြစ် သတ်မှတ်ပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကို စစ်အစိုးရက ပယ်ချထားသည်။

UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ ယမန်နှစ်က အတည်ပြုခဲ့သည့် “ပြည် ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” တွင်လည်း ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့် သွင်း ပြဌာန်းထားပြီး ဖြစ်သည်။

အခြေခံဥပဒေတွင် “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားသည်။ အဆိုပါ သံလွင်မြစ် အရှေ့ ဘက်ခြမ်းမှ မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်သည် ပြီးခဲ့သည်နှစ် ဧပြီလမှ စတင်ခဲ့ပြီး ယခုအချိန်အထိ ကချင်ပြည်သစ် တပ်မတော် (NDA-K) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (က လလတ) နှင့် ကိုးကန့် အထူးဒေသ(၁) စသည့် အဖွဲ့ ၃ ဖွဲ့သာ နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းလဲခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Monday, February 22, 2010

ဘောလုံးကန်ချင်ရင်(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

ဘောလုံးကန်ချင်ရင်
*** (ရွှင်ပြုံးတခဏ-ဘောလုံးဟာသ) ***
စိတ်ဝေဒနာရှင်များအား ဆေးရုံပြောင်းရန် လေယာဉ်ဖြင့် ခေါ်ဆောင်လာသည်။ တာဝန်ရှိဆရာဝန်မှာ ပိုင်းလော့နှင့်အတူ ခေါင်းခန်းအတွင်းထိုင်နေစဉ် လေယာဉ်အတွင်း ဆူညံသံကျယ်လောင်စွာ ကြားရသဖြင့် လူနာခေါင်းဆောင်ကို ခေါ်လိုက်သည်။
`ဟေ့… ဘာဖြစ်နေတာလဲ´
`ဘောလုံးကစားနေကြတာပါ´
`လေယာဉ်ပေါ်မှာ ဘောလုံးကန်စရာလား။ မကစားနဲ့လို့ ပြောလိုက်´
ခဏအကြာမှပင် ဆူညံသံများ တိတ်ဆိတ်သွားသည်။ သို့နှင့် လူနာခေါင်းဆောင်ကို ထပ်ခေါ်လိုက်သည်။
`တယ်ဟုတ်ပါလားကွ… ချက်ချင်းတိတ်သွားတာပဲ…. ဒါနဲ့ မင်းဘယ်လိုထိန်းလိုက်တာလဲ´
`ဆရာပဲ လေယာဉ်ပေါ်မှာ ဘောလုံးမကန်ရဘူးဆို… အပြင်မှာသွားကစားကြဆိုပြီး… ကျနော် လေယာဉ်တံခါးဖွင့်ပေးလိုက်တယ်လေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
http://jacbaburma.blogspot.com/2010/02/blog-post_23.html

သံယောဇဉ် အတွင်းရေး(ချစ်တိုးနွယ်)

သံယောဇဉ် အတွင်းရေး
(ချစ်တိုးနွယ်)

ဒီလို ရှိတယ်
ညီမလေ့း့ ရဲ့။

နှစ်သိမ့်ဆုဆိုတာ
အရှုံးရဲ့ မျက်နှာဖုံး တစ်ခု
တစ်ခါ တစ်ရံမှာတော့
ယဉ်နေတဲ့ စိတ်ကူးကို ရိုင်းစေတဲ့
လှိုင်းတစ်ခုလည်း ဖြစ်တယ်။

သမိုင်းက ရွေ့နေတယ်
(ဒါပေမဲ့)
တစ်ကွေ့ တွေ့မယ်လို
ထစ်ချုန်းရလောက်အောင်
တို့တွေ မုန်းရောင် မညိုခဲ့ကြဘူး။

တကယ်တော့
ချစ်ခြင်းဆိုတာ အဆုံးမဲ့ စစ်ပွဲ
ပိုင်းဖြတ် ဝေးကွာ
အလွမ်းနာဆိုတာလည်း
နောက်ဆက်တွဲဝဋ္ဋ်နာကံနာ တစ်မျိုးပေါ့
သံယောဇဉ် ဒီအရိပ်မှာ
ကျည်အဆိပ်သင့်ရသတဲ့လားကွယ့့် ။
၂၀၀၆ခုနှစ်ထုပ်သရဖူမဂ္ဂဇင်းမှကူးယူဖော်ပြပါသည်


Sunday, February 21, 2010

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး လူငယ်များညီညွတ်ရေးမှာကြား





ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ချစ်ခင်လေးစားသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များမှ ဂါဝရပြု နေကြကြောင်းသတင်းရရှိပါတယ်။ လူငယ်တွေ က လေးစားတဲ့ အတွက် သွားရောက်သတင်းမေးကြ အားပေးကြနဲ့ ဂါဝရ ပြုကြတာဟာ ကြည်နူးစရာ အလွန်ကောင်းလှပါတယ်။.လူငယ်တွေကြားထဲမှာ..တစ်ယောက်ကိုတစ်ယောက် ပြန်ပြီး...ဝေဖန် တိုက်ခိုက်တာတွေဖြစ်အောင်..စနစ်က..ဖန်တီးထားပေမယ့် စည်းစည်းလုံးလုံးနေထိုင်ကြဖို့...မှာကြားကြောင်းသိရှိရပါတယ်။


WFWW W YORK
http://komoethee.blogspot.com/2010/02/blog-post_21.html

ဒေါင်းဒင်္ဂါး(မောင်ရောင်ဏီသစ်)

ကျုပ်တို့ကို
ခေတ်ပုပ်ပုပ်တွေထဲ
ဘယ်သူတွေက
ဇွတ်အတင်း သွတ်သွင်းခဲ့တာလည်း။

ကျုပ်တို့နှလုံးသားပေါ်
ခြေရာတွေ
ဘယ်သူတွေက
ချန်ထားခဲ့တာလည်း။

ဒဏ်ရာအထပ်ထပ်
လောကဇာတ်ခုံအတုပေါ်
မျက်ရည်
ဘ၀တွေ
အငွေ့ပျံ။

ပဲ့တင်သံမြစ်ဖျားဟာ
နွေ(၃၀)ခြားသွားပေမဲ့
ဘယ်တော့မှတိမ်ကောမသွားပဲ
ရာဇ၀င်နှလုံးသားထက်က
သေရာပါမည့်
ခြေရာတွေပေါ့။

ကျုပ်တို့ရဲ့
အချိန်တွေကို
ခိုးစားသွားတဲ့
မိစ္ဆာတို့ရေ့ 
ဖိနှိပ်ခြင်းဥပဒေတွေ
ထောင်ငရဲတွေ
လူသတ်လက်နက်တွေနဲ့
အခါခါမခြောက်ကြပါနဲ့
သွေးအိုင်ထဲကနေ
ကြိုးစင်တက်ရဲတဲ့
နူးညံ့တဲ့သံမဏိနှလုံးသား
ကျုပ်တို့မှာရှိတယ်။

ခန္တာကိုယ်က
သွေးကြောတွေပါးပျဉ်းထ
မိုးကောင်းကင်ပြိုကျလို့
နောဧရဲ့ သင်္ဘောပေါ်မှာ
“အရိမေတ္တယျဘုရားအလောင်းလျှာ”ကို
ဖွားမြင်တဲ့အခါ
ကမ္ဘာမြေဟာ
ဖြူစင်တဲ့
သူ့ရင်သွေးအတွက်
ငိုကြွေးရလိမ့်မယ်။ ။

Saturday, February 20, 2010

၆၂နှစ်မြောက်ချင်းအမျိုးသားနေ့(နယ်သာလန်)ဓာတ်ပုံသတင်း

ကင်တားနားနှင့် ကိုဋ္ဌေးကြွယ်တို့ တွေ့ဆုံမှုကို ထောက်လှမ်းရေးက အသံဖမ်း

 

(ကိုဌေးကြွယ်)

သတင်းရင်းမြစ် (နိရဉ္စရာ)
မောင်အေး (နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင် အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် ကိုဌေးကြွယ်တို့ တွေ့ဆုံမှုကို ထောက်လှမ်းရေးမှ ခိုးဝှက်ပြီး အသံဖမ်းထားလိုက်သည်ဟု အမည် မဖေါ်လိုသူ ထောင်အရာရှိ တဦးက ပြောသည်။

“ခုလို အသံဖမ်းတာကို မောင်တောက ရဲအထူးစုံစမ်း စစ်ဆေးရေး အဖွဲ့က ဒုရဲအုပ် အောင်ကျော်ဆန်းနဲ့ စရဖက အမည်မသိ ဗိုလ်ကြီး အဆင့်ရှိသူတဦးမှ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။”

သူတို့နှစ်ဦးအား ကင်တားနား ဘူးသီးတောင်ထောင်သို့ မရောက်ရှိမှီ ကတည်းက အရပ်ဝတ်ဖြင့် ထောင်ထဲသို့ သွင်းထားပြီး ခေတ်မှီ စက်ကရိယာများကို အသုံးပြုပြီး အသံဖမ်းခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“ကင်တေးနား မလာမီ တနေ့ကတည်းက သူတို့နှစ်ယောက်ကို ထောင်သား အယောင်ဆောင်ပြီး ထောင်ထဲကို သွင်းထားပါတယ်။ ကင်တားနားနဲ့ ကိုယ်ဌေးကြွယ်တို့ စကားပြောမယ့် အခန်းထဲမှာ အသံဖမ်း စက်တွေကို သူတို့တပ်ထားတာ ဖြစ်ပါတယ်။” ဟု ထောင်အရာရှိက ပြောသည်။

ယခုကဲ့သို့ အသံဖမ်း မှတ်တမ်းတင်ရခြင်းမှာ နေပြည်တော်သို့ မောင်တောခရိုင် ထောက်လှမ်းရေးမှ ဆွေးနွေးသည့် အကြောင်းအရာကို တိုက်ရိုက် အစီရင်ခံရန် ညွှန်ကြားထားသည့် အတွက်ကြောင်း ဖြစ်သည်ဟု သူက ပြောသည်။


အဆိုပါ ထောင်အရာရှိက “ကင်တားနားက မနက် ၁၁ နာရီမှာ ဘူးသီးတောင် ထောင်ကို ရောက် ရှိလာပါတယ်။ ကိုဌေးကြွယ် အပြောအရ ဆိုရင် ကင်တားနားက သူ့ကို မိသားစုတွေ ထောင်ဝင်စာ လာတွေ့တဲ့ အခြေအနေရယ်။ ပီးတော့ စာအုပ်ဖတ်ခွင့်၊ ဆေးကုသခွင့်နဲ့ အစားအသောက် ရရှိမှု အခြေအနေတွေကို မေးသွားတယ်လို့ သိရပါတယ် ”ဟု ပြောသည်။

တခြား အထွေအထူးမေးသွားခြင်း မရှိဟုသိရသည်။

“ဘူးသီးတောင်ထောင်ထဲမှာ ကိုဌေးကြွယ်အတွက် အစားအစာ အခြောက်တွေကိုတော့ ကျွန်တော်တို့ ပုံမှန် သွင်းခွင့် ပေးထားပါတယ်။ အဓိက အားဖြင့် သခွားသီးတို့လို အစာစိမ်းတွေ သွင်းခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။ ဒါကိုလည်း သူတို့ စကားပြာဖြစ်ခဲ့တယ်လို့ သိရပါတယ်။”

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ဘူးသီးတောင်ထောင်ထဲတွင် ကိုဌေးကြွယ်၊ ဦးထွန်းညို၊ ဦးမြတ်ထွန်း၊ ကျော်မင်း အပါအ၀င် နိုင်ငံရေး အကျဉ်းသားများနှင့်တွေ့ဆုံခဲ့ပြီး တခြား ငွေကြေးအလွဲသုံးစားမှုဖြင့် ထောင်ကျ ခံနေရသူများ နှင့်လည်း တွေ့ဆုံခဲ့သည်ဟု ထောင်တွင်းက လာသော သတင်းများအရ သိရသည်။

ကင်တားနားသည် ကိုဌေးကြွယ်နှင့် တွေ့ဆုံပြီးနောက် မျက်နှာ သိပ်မကောင်းဘဲ ထောင်ထဲကနေ ဘူးသီးတောင် သင်္ဘောဆိပ်သို့ တန်းပြန်သွားခဲ့သည်ဟု အဆိုပါ အရာရှိက ပြောသည်။

သတင်းရင်းမြစ် (နိရဉ္စရာ)

Thursday, February 18, 2010

တုပ်ကွေး(မြတ်သစ်_dawn)




ကြက်တုပ်ကွေး
ဝက်တုပ်ကွေး
(၂၀၁၀) နှစ်ထောင့်တစ်ဆယ်မှာလူတုပ်ကွေး။ ။

လူတုပ်ကွေးကဘယ်နေမှန်းမသိ
နှုတ်ခမ်းနာတွေက
နှုတ်ခမ်းလေးတသသ၊
ရမ်းကုတွေက
ဆေးထိုးအပ်လေးတမြမြ။

ဇရက်တောင်ပံကျိုးနဲ့
ကြောင်ခံတွင်းပျက်တွေ၊
ဆုပ်ချင်လည်းဆုပ်ကြပါစေ
စားချင်လည်းစားကြပါစေ၊
သူတို့ သပွတ်အူထဲ
ကိုယ့် သမိုင်းကိုလက်မလျှိုမိစေနဲ့။

လူတုပ်ကွေးဆိုတာ
သားသတ်သမားတို့ အတွက်
တရားဝင် လူသတ်လိုင်စင်။

လူတုပ်ကွေးကို ကာကွယ်ဖို့
၁၉၉၀ ကိုသောက်ကြ
ရွှေ ဂုံတိုင်ကိုစားကြ။ ။



ထွက်ပေါက်(ကျော်သူ)




အဘရဲ့အမွေ၊ အဖရဲ့အမွေ။

အဘ (ဘဘဦးသုခ) . . . ။

(၇) ရက်သားသမီး ဆင်းရဲချမ်းသာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပြည်သူလူထုတို့ရဲ့ နာရေးကိစ္စအဝဝကို အဆင်ပြောချောမွတ်စွာနှင့် သင်္ဂြိုလ်ပေးနိုင်အောင် နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ . . . “အဘ”။
အဖ (ဗိုလ်ချုပ်အောင်ဆန်း) . . . ။
အဖ တိုက်ပွဲဝင်ခဲ့တဲ့ . . . အမွေ။
အဖ ဦးဆောင်ခဲ့တဲ့ . . . အမွေ။
မြန်မာပြည်သူလူထုကို ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးရရှိအောင် တိုက်ပွဲဝင်ခဲ့တဲ့ . . . “အဖေ”။

“အဘ”ရဲ့ အမွေကို အထိခိုက်အပွန်းပဲ့မခဲ့ဘဲ ဆက်လက်တိုးပွားအောင် နာရေးကူညီမှုအသင်း (ရန်ကုန်) လူမှုရေးလုပ်ငန်းစဉ်မှ တစ်ဆင့်တက်၍ “သုခကုသိုလ်ဖြစ်ဆေးခန်း”ဟူ၍ အခမဲ့ကုသိုလ်ဖြစ်ဆေးကုသပေးခြင်းလုပ်ငန်းကို ကျွန်တော်တို့ရှိသမျှ အင်အား၊ အလှူရှင်တို့ရဲ့သဒ္ဓါတရားနှင့် ရဲရဲရင့်ရင့်ဖွင့်လှစ်ပြီးဖြစ်သလို ယခု “သုခအလင်း”ဟူလေသော စာကြည့်တိုက်ကိုပါ ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။

“သုခအလင်း” . . . ဟုဆိုရာ၌ လူမှုရေးလုပ်ငန်းများလုပ်စဉ် လူမှုရေးသမားများ၏စိတ်ဓာတ်၊ ခံယူချက်၊ ရည်မှန်းချက်များထိမိအောင် ပြည်သူလူထုအတွက် အကျိုးတိုးပွားအောင်၊ အနာဂတ်ရဲ့ အားကိုးအားထားရာ၊ အနာဂါတ်ရဲ့ သူရဲကောင်းများဖြစ်ရန်၊ အနာဂါတ်မြန်မာပြည်ကြီးရဲ့ ဦးဆောင်မှုပေးနိုင်သော လူငယ်မျိုးဆက်သစ်များ ပေါက်ဖွားစေရန် ရည်သန်လျက် ဤ “သုခအလင်း”စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် ငြိမ်းချမ်းသောအလင်းတန်းကို ဖွင့်လှစ်ပေးမည့်၊ ပျိုးထောင်ပေးမည့် လမ်းပြကြည်ဟု ဆိုချင်ပါသည်။
ဒီလို “အဘ (ဘဘဦးသုခ) ရဲ့အမွေ” ကို တိုးပွားအောင် ထမ်းဆောင်ထိန်းသိမ်းရာ၌ အနှောက်အယှက်၊ အတိုက်အခိုက်၊ အဖျက်အဆီးများ . . . များစွာကြုံတွေ့ခဲ့ရသည်။ ဤတွင် “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့အမွေ” “အဖဗိုလ်ချုပ်အောင်ဆန်း) ရဲ့သြဝါဒ” “အဖ (ဗိုလ်ချုပ်အောင်ဆန်း) ရဲ့ဆိုဆုံးမမှု” တို့ကို မိမိတို့လက်ကိုင်တုတ်အဖြစ် အသုံးပြုရတော့မည်။

ဤတွင် ကျွန်တော်၏စိတ်ထဲတွင် “ဖျက်ကနဲ” ပေါ်လာသည်။ ကျွန်တော်၏ ဆရာတစ်ဦးဖြစ်သော ကမ္ဘာမြေပြင်ပေါ်မှ ထွက်ခွာသွားပြီဖြစ်သော ဘဘဆရာကြီးမင်းသိင်္ခပင်ဖြစ်သည်။ ဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဏားဘကွန်းကို သူ၏ဆရာဖြစ်သော ဖိုးသူတော်ကြီးက လူ့ဘဝကိုရင်ဆိုင်ဖို့၊ သူဌေးဖြစ်ဖို့ ပေးလိုက်သည့် ပစ္စည်းများပင် ဖြစ်တော့သည်။
နံပါတ် (၁) မီးအိမ်
နံပါတ် (၂) လွယ်အိတ်
နံပါတ် (၃) ဝါးရင်းတုတ် . . . တို့ဖြစ်သည်။


နံပါတ် (၁) မီးအိမ် ။ ။ မီးအိမ်သည်ကား ဘဝခရီးလမ်းကို လျှောက်ရာ၌ အမှောင်ထုကို ဖြိုခွင်းသွားဖို့၊ ငြိမ်းချမ်းသောပန်းတိုင်ကို
ရောက်ဖို့အလင်းတန်းများပေးမည့် . . . မိမိတို့ရိုးမြေကျသည်အထိ လက်ကိုင်ထားရမည့်အရာ ဖြစ်သည်။
နံပါတ် (၂) လွယ်အိတ်။ ။ လွယ်အိတ်သည်ကား မိမိလျှောက်ရာဘဝလမ်းခရီး၌ မိမိအတွက် အကျိုးရှိမည့် ဆောင်ပုဒ်များ၊ ခံယူချက်များ၊ ဒဿနများ၊ ကုသိုလ်အထုပ်များ စုဆောင်းသိမ်းဆည်းရမည့် အရာဖြစ်သည်။

နံပါတ် (၃) ဝါးရင်းတုတ်။ ။ ဝါးရင်းတုတ်သည်ကား မိမိလျှောက်ရာလမ်းခရီး၌ နှောက်ယှက်သူ၊ ဖျက်ဆီးသူ၊ ဟန့်တားမှုများ၊ တားမြစ်ပိတ်ပင်မှုများကို ရှင်းလင်းသုတ်သင်ရာတွင် သုံးရမည့်အရာ ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့၏ခံယူချက် (အများပြည်သူလူထုအတွက်)နှင့် လျှောက်လှမ်းနေသော ကုသိုလ်ရေး၊ ငြိမ်းချမ်းရေးလမ်းခရီး၌ မိမိတို့ရရှိသမျှ ကုသိုလ်ရေးအထုပ်ပစ္စည်းများကို လွယ်အိတ်ထဲထည့်၊ ဘဝရဲ့အလင်း၊ ဘာသာရေးရဲ့အလင်း၊ ငြိမ်းချမ်းမှုအလင်း၊ လူမှုရေးအလင်း ဖန်မီးအိမ်ကိုကိုင်ခါ လမ်းခရီး၌ တားမြစ်ပိတ်ပင် အယူသည်းမှုများကို မိမိတို့၏ လက်ကိုင်ဝါးရင်းတုတ်နှင့် ဖယ်ရှားသွားရမည်ဖြစ်တော့သည်။

ထို့ကြောင့် “ပုဏ္ဏားဘကွန်းလမ်းစဉ်”ကို ကျင့်သုံးရမည်ဖြစ်တော့သည်။
ဤသို့ ကျွန်တော်တို့ရဲ့လူမှုရေးလမ်းတစ်လျှောက် ငြိမ်းချမ်းရေးပန်းတိုင်သို့ သွားရာလမ်းခရီးတွင် အမှောင်ရှိလျှင် အလင်းပြ၊ ကုသိုလ်အထုပ်များကို သိမ်းဆည်းသကဲ့သို့ အယူသည်းမှု၊ နှောက်ယှက်မှုများကို ရှင်းလင်း၍ သွားသော်လည်း မိစ္ဆာဒိဋ္ဌိရန်စွယ်ကား မသေးလှချေ။ ဆုတ်ကပ်ခေတ်ကြီးရောက်နေပြီ မဟုတ်ပါလား။
ရှင်းလင်း၍ မကုန်နိုင်။
သုတ်သင်၍ မကုန်နိုင်။
ဖယ်ရှား၍ မကုန်နိုင်။
ရန်သူအင်အားသည် များလာပြီ၊ အယူသည်းမှုများ တိုးပွားလာပြီ၊ ပိတ်ပင်တားဆီးမှုများ များလာပြီဖြစ်ပါက . . . ။
ကျွန်တော်၏ ခံယူချက် . . . အဓိဋ္ဌာန်ကိုတော့ မည်သို့မျှ မဖျက်။
အများမိုးခါးရေသောက်ပေမဲ့ ကျွန်တော်မသောက်နိုင်။
ကျွန်တော် . . . ကြံ့ကြံ့ခံမည်။
ခံယူချက်၊ ကျင့်ကြံမှု၊ ရည်မှန်းချက်များ လုံးဝအပွန်းအပဲ့မခံ။
အဆုံးစွန်ဆုံး ကျွန်တော်ပြောတော့မည်။
တစ်ယောက်နဲ့အများ
တစ်ယောက်အားနဲ့ အများအား . . . ။
အင်အားခြင်းမမျှဖြစ်လာခဲ့သော် . . . ။

တိုက်ပွဲတစ်ပွဲတွင် ရန်သူအင်အားအလုံးအရင်းနှင့် မိမိဖက်မှ အင်အားနည်းသွားပါခြင်း၊ သစ္စာအဖောက်ခံရခြင်း . . . စသည်တို့ကြောင့် မိမိတစ်ဦးတည်း ကျန်ရစ်ခဲ့သော် သင်တို့ကောမည်သို့ လုပ်မည်နည်း၊ မည်သို့ဆုံးဖြတ်မည်နည်း၊ ကျွန်တော်ကတော့ အသေခံ၍ တိုက်မည်။

ရန်သူ၏အဖမ်းကို မခံနိုင်။
ရန်သူ၏စည်းရုံးမှုကို မခံနိုင်။
ရန်သူ၏ သိမ်းသွင်းမှုကို မခံနိုင်။
နောက်ဆုံး . . . မိမိတွင် ကျန်ရစ်သော ကျည်တစ်ထောင့်၊ ဗုံးတစ်လုံး . . . ဓားတစ်ချောင်းဖြင့် . . ။
ဟုတ်ပါသည်။

ပုဏ္ဏားဘကွန်းကို သူ၏ဆရာ ဖိုးသူတော်ကြီးပေးလိုက်သည့် ပစ္စည်များတွင် နောက်ဆုံးနံပါတ် (၄) ပစ္စည်းတစ်ခုရှိပါသေးသည်။
ယင်းပစ္စည်းသည် . . . “မင်းလိုချင်တဲ့ ပန်းတိုင်ကို . . . ရက် . . . လ . . . နှစ် - နောက်ဆုံးထားပြီးသွား”။

“အေး . . . အဲဒီ့နေ့ရက်ရောက်လို့မှ မင်းလိုချင်တဲ့ပန်းတိုင်၊ မင်းသွားချင်တဲ့ နေရာ၊ မင်းရောက်ချင်တဲ့ ဌာနကိုမှ မရောက်ခဲ့ရင် မင်းအဲဒီ့အဆိပ်ပုလင်းကိုသာ သောက်ချလိုက်တော့” ဟုဆိုကာ ဘကွန်း၏ လည်ပင်းတွင် ကြိုးနှင့်အဆိပ်ပုလင်းကို ချိတ်၍ ဆွဲပေးခဲ့သည်။

ဟုတ်သည် . . . ကျွန်တော့်တွင် နောက်ဆုံးလက်နက်ရှိသည်။
ကျွန်တော့်ရဲ့ အဓိဌာန်
ကျွန်တော့်ရဲ့ ရည်မှန်းချက်
ကျွန်တော့်ရဲ့ ခံယူချက်

ကျွန်တော့်ရဲ့ သစ္စာတရားတို့ကိုတော့ လုံးဝအထိအခိုက် အပွန်းအပဲ့မခံနိုင်တော့။ ကျွန်တော့် ကိုယ်လွတ်ရုန်းခြင်းမဟုတ်။ အဖန်ငါးရာ ငါးကမ္ဘာကိုလည်း မကြောက်တော့။ အဓိဌာန်ကိုတော့ မဖျက်နိုင်တော့ချေ။

သတ်ကွင်းရှိလျှင် ထွက်ပေါက်ရှိရမည်။
ဒါကြောင့် . . ရန်သူ၏သတ်ကွင်းထဲသို့ ရောက်ခဲ့လျှင် ထွက်ပေါက်ကို ရှာရမည် မဟုတ်ပါလား . .။
ယင်းထွက်ပေါက်သည် . . . ?

ကျော်သူ
_______________________________________________
အမေလက်ဆင့်ကန်းပြောထားတာ . . .
“စိတ်မပျက်နဲ့၊ စိတ်ဓာတ်မကျနဲ့” တဲ့။
“ကျွန်တော် စိတ်မပျက်ပါဘူး၊ စိတ်ဓာတ်မကျပါဘူး အမေ
စိတ်နာနာနဲ့ ဖိလုပ်နေတာပါ”။
ဒါကြောင့် . . . စိတ်နာနာနဲ့ ချရေးမိတာပါ ခင်ဗျာ။
_______________________________________________
သား (ကျော်သူ)

http://www.moethaukkye.co.cc/2010/02/blog-post_1587.html


Wednesday, February 17, 2010

အင်းစိန်ပေါက်တောဝရှိ အထည်ချုပ် အလုပ်သမားများ ယနေ့  ဆန္ဒပြ

အင်းစိန်ပေါက်တောဝရှိ အထည်ချုပ် အလုပ်သမားများ ယနေ့  ဆန္ဒပြ
ယနေ့ အင်းစိန်ပေါက်တောဝ ရှိ LION CITY အထည်ချုပ်စက်ရုံမှ အလုပ်သမားပေါင်း ၂၀၀ ကျော် မှ ၎င်း တို့  ၏ အလုပ်သမားအခွင့်အရေးများကိုတောင်းဆိုဆန္ဒပြခဲ့ကြသည် ။ အာဏာပိုင်များမှ စစ်ကားများကို ပုံ တွင်မြင်တွေ့ ရ သည့်အတိုင်း များပြားစွာ ချထားကာ လုံခြုံရေးတင်းကျပ်ထားခဲ့သည် ။ စားဝတ်နေရေးအကျပ်အတည်းကြောင်း မိမိတို့  အခွင့်အရေးများကို ငြိမ်းချမ်းစွာ တောင်းဆိုသည့် အလုပ်သမားများကို ယခုကဲ့ သို့  အင်အားပြကာ နှိပ်ကွပ်ရန် ကို အာဏာပိုင်များဖက်မှ စီစဉ်ထားရှိသော်လည်း အလုပ်သမားဆန္ဒ ပြမှု့  များမှာ တစထက်တစ ပို မိုကျယ်ပြန့် လာ ခဲ့သည် ။ ပြည်ထောင်စုနေ့  မတိုင်မီရက်များကလဲ လှိုင်သာယာ စက်မှု့  ဇုံတွင်ရှိစက်ရုံများတွင် လဲ ဆန္ဒ ပြပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့ ပြီး ယခု ချိန်ထိ အချို့  စက်ရုံးများ မှာ သဘောတူညီချက် မရ သေးကြောင်း သိရ ပါ သည်။ ပိုမိုဆိုးရွားလာသော စားဝတ်နေရေးအကျပ်အတည်းကြောင့် စက်ရုံအလုပ်သမား များ ၏ တောင်းဆိုဆန္ဒ ပြမှု့  များမှာ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိနေသေးသည်ဟု သိရ ပါသည် ။
Link_http://freeforcountry.blogspot.com/

(ဝေလီထွန်း) နတ်သမီး

နတ်သမီး (ဝေလီထွန်း)
ငြိမ်သက်နေ့
ညအလယ်မှာ အတွေးဘက်ကိုဦးလှည့်ကာ ပြုံးလျှက်မှေးစက်ချင်ခဲ. ဒါပေမဲ. ထိန်းမရတဲ့ အတွေးတစ်စက် လွမ်းချင်သလို ရင်ဘတ်ဆီက အမှောင်မှာလဲ လင်းနေဆဲပုံရိပ် ကြိတ်ကြိတ်ကာ လွမ်းနေတော့တယ် အလွမ်းရက်ရှည် ညအလယ်က ငါ.နတ်သမီး ရယ်

(မောင်နီဦး)၀တ္ထုဇာတ်ညွှန်း

ဝတ္ထုဇာတ်ညွှန်း
(မောင်နီဦး)
ဒီတစ်ပတ်အတွင်း ယတြာ
အန္တရာယ်ကင်းအောင် အိမ်ကဘုရားမှာ
နှင်းဆီပန်းဝါ ကိုးပွင့်လှူပါ။
ရိုးရိုးတန်းလက်မှတ်ကလေးရေ
ပီအိုစီကနေတဆင့် အွန်လိုင်းပေါ်တက်လို့ရပါတယ်
ရေခဲ ဓာတ်ဆား ဆုံးရှုံးနေပြီလား
ဝန်ဆောင်မှုဟာလည်း
အနုပညာမြောက်တဲ့ ဖျော်ဖြေမှုပါပဲ။
အဆီများနေသူအဖို့တော့
လေ့ကျင့်ခန်းလိုတာပေါ့
အ၀လွန်တဲ့ရောဂါ တန်ဖိုးဂိတ်မှာ သွားချိန်ပါ
ဈေးကွက်ကို ငွေနဲ့ဆက်ပြီး ကုသကြတယ်
သွေးတိုးရှိတယ်
ဈေးနှုန်းတွေ မမေးပါနဲ့။
သစ္စာတရားဟာ ဧည့်ဝတ်ပြူငှာပါတယ်
ဧည့်သည်က အိမ်ရှင်လိုအမူအရာနဲ့
လူးစားထိုး သရုပ်ဆောင်
အကယ်ဒမီတောင် ရဦးမယ်တဲ့။
ကျောက်ဆောင်ပေါ်မှာ ပန်းကလေးတွေ ပွင့်နေကြပြီ
လှိုင်းနဲ့မျိုးပွားထားတဲ့ရနံ့ပါ
ပင်လယ်ပန်မှ လှမယ်ထင်တယ်။
ချစ်သူက ရီပတ်ပလီကင် ကျွန်တော်က ဒီမိုကရက်
မောင်တထမ်း မယ်တစ်ရွက်နဲ့
ရိုးမြေကျ ခရီးဆက်ဆဲပါ။ ။
အမှတ် ၂၆၅၊ဇန်န၀ါရီ၊ ၂၀၀၇ ခုနှစ် မဟေသီရုပ်စုံမဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။

Tuesday, February 16, 2010

(ဗိုလ်သူ)‘‘ပြည်သူတွေမေ၀၀ါးပါစေနဲ့” ဆက်ကြည့်ရန်သို့




‘‘ပြည်သူတွေမေ၀၀ါးပါစေနဲ့”
(ဗိုလ်သူ)

(၁) ပြည်သူတွေဘာ့ကြောင့်ဖိနှိပ်ခံဘ၀က မလွတ်မြောက်ရသေးတာလဲ၊(ဘာကြောင့် တော်လှန်ရေးမအောင်မြင်ရသေးတာလဲ ) ဆိုတာနဲ့ အောင်မြင်အောင် ဘာလုပ်ကြမှာလဲ ဆိုတဲ့ မေးခွန်းနှစ်ခု ကျွန်တော်တို့ ရင်ဆိုင်နေကြရပါတယ်။

ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားအားလုံးကလဲ ကိုယ်ဖြတ်သန်းခဲ့တဲ့ သမိုင်းအတွေ့ အကြုံတွေကိုအခြေခံပြီး ကိုယ့်အယူအဆနဲ့ ကိုယ် စဉ်းစားကြ အဖြေထုတ်ကြတာလဲ မျိုးစုံပါ။ ပြည်သူတွေ လိုက်ပါမှုလိုနေသေးလို့ ၊ ခိုင်မာတဲ့ ခေါင်းဆောင်မှုမရှိသေးလို့ ၊ တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်မှုမရှိသေးလို့ ၊ ဖြတ်သန်းခဲ့တဲ့ သမိုင်းတိုက်ပွဲတွေထဲက အားနည်းခဲ့တာတွေ ၊ ပြန်စဉ်းစား သင်ခန်းစာယူ ၊ အသစ်ပြန်တည်ဆောက်တာမျိုးမလုပ်ကြလို့ ၊ တကယ်ကိုယ်ကျိုးမစွန့် ကြသေးလို့ ၊စသဖြင့် ကိုယ့်ရှုထောင့်ကနေကိုယ် ဘာ့ကြောင့်မအောင်မြင်ရသေးတာလဲဆိုတာ ပြောကြပါတယ်။ ဒါပေမဲ့ အောင်မြင်အောင် ဘာလုပ်ကြမှာလဲဆိုတဲ့ နံပါတ်နှစ်မေးခွန်းကိုတော့ လက်နက်ကိုင် အဖွဲ့ အစည်းတွေရော ၊ လက်နက်မဲ့အဖွဲ့ အစည်းတွေရော ၊ ပြည်တွင်းအဖွဲ့ အစည်းတွေပါ အားလုံးက “နိုင်သလောက်တော့လုပ်နေတာပဲလေ ” ဆိုတာမျိုး ၊ လျော့တိလျော့ရဲ အဖြေကလွဲရင် ပြတ်သားရေရာတဲ့ အဖြေပေးမှုကို မတွေ့ရပါဘူး။

ဒီနေ့ စစ်အစိုးရရဲ့ဒါဏ်ကို ခါးခါးသီးသီးခံနေရတဲ့ ပြည်သူလူထုကြီးက မျှော်လင့်ချက်မဲ့ဖြစ်နေပါပြီ ၊ ဘာလုပ်ရမလဲေ၀၀ါးနေပါပြီ ၊ သူတို့ရင်ဆိုင်နေရတဲ့ ဘ၀ ပြဿနာမျိုးစုံကရုန်းထွက်ဘို့ ၊ အုံကြွတိုက်ပွဲဝင်ဘို့ကလဲ ဦးဆောင်မဲ့ခေါင်းဆောင်နဲ့ အဖွဲ့အစည်းမရှိသေး ၊ (ရှိတဲ့သူတွေကလဲ ထောင်နှစ်ရှည်လများ ကျနေကြပြီ ။)မမှန်ဘူး မတရားဘူးဆိုတာသိပါရက် ဘာမှထိထိရောက်ရောက်မလုပ်နိုင်တဲ့အတူ လတ်တလောဘေးကင်းဘို့ကအရေးကြီးပါတယ်ဆိုတာမျိုး ၂၀၀၈ မေ ၁၀ ဆန္ဒခံယူပွဲမှာ အံကြိတ် ခေါင်းညှိမ့်ခဲ့ကြပြီးပြီ ၊ခုလဲ ခြိမ်းခြောက်မှု ၊ဖျားယောင်းမှု မျိုးစုံနဲ့ စစ်အစိုးရလက်ကိုင်ဒုတ်ကြံ့ဖွတ်တွေကြား ၊ တတိယအုပ်စုဆိုပြီး ဟိုကသည်က ပေါ်လာတဲ့ ခါတော်မှီ စစ်အစိုးရအကြိုက် နိုင်ငံရေးလုပ်စားတွေကြား ၊ ရွေးကောက်ပွဲကို ဖြတ်သန်းသင့်တယ် ၊ မဖြတ်သန်းသင့်ဘူး ငြင်းခုန်နေကြတဲ့ လေလှိုင်းထဲက ပေါ်ပင်နိုင်ငံရေး စကားလုံးတွေကြား ကျွန်တော်တို့ပြည်သူတွေေ၀၀ါးနေကြရပြန်ပြီ ၊ ရွေးကောက်ပွဲသာ လုပ်ဖြစ်ရင် ပြည်သူ့ဆန္ဒအမှန်ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲပြည်ဖုံးကားကျပြီး စစ်ကျွန်သက် ရှည်သထက်ရှည်ဘို့ဖြစ်လာမယ်ဆိုတာထက် ခုလဲခံနေရတာပဲ ၊ ရွေးကောက်ပွဲလုပ်ဖြစ်လို့ အပြောင်းအလဲတစ်ခုဖြစ်ရင် နဲနဲတော်သွားမလာဲးဆိုတာမျိုးေ၀၀ါးနေကြပြီ ၊ ဒါကိုကျွန်တော်တို့ဘယ်လိုတည့်မတ်ပေးကြမှာလဲ ။

(၂) ဆရာတစ်ယောက်က စာမေးပွဲကျတဲ့ကျောင်းသားတွေကို သြ၀ါဒပေးတာ နားထဲ စွဲနေအောင်မှတ်ထားမိပါတယ် ၊ “ မင်းတို့ ဘာကြောင့် စာမေးပွဲမအောင်လဲသိလား ၊ တိုတိုတုတ်တုတ်ပြောရရင် လုံလောက်အောင်မကြိုးစားခဲ့ကြလို့ ပဲကွ ”တဲ့။

ကျွန်တော်တို့တော်လှန်ရေး ဘာ့ကြောင့်မအောင်မြင်ရသေးတာလဲ ဆိုတာလဲ ဒီလိုပါပဲ ၊ အောင်မြင်ဘို့လုံလောက်အောင် မကြိုးစားအားမထုတ်ခဲ့ကြလို့ မအောင်မြင်ရသေး တာပါ ၊ ကျွန်တော်တို့ (အားလုံး) ကိုယ်ကျိုးစွန့်မှုပမာဏ အများကြီးလိုနေကြသေးတယ် ၊ ကိုယ်ကျိုးကိုကာကွယ်ဘို့ ဟိုလိုသည်လို (ဆင်ခြေတွေ) အကြောင်းအမျိုးမျိုးပြခဲ့ကြတယ် ၊ နိုင်ငံရေးစကားလုံးတွေနဲ့အလှမ်းဝေးတဲ့ပြည်သူတွေက ဟိုလူပြောဟုတ်နိုး သည်လူပြော ဟုတ်နိုး နဲ့ေ၀၀ါးရင်း လက်တွေ့ရင်ဆိုင်နေရတဲ့ ဖိနှိပ်ခံဘ၀နဲ့ လိုက်လျောညီထွေဖြစ်မဲ့ ပုံစံ မှာပဲ ဖြတ်သန်းနေကြရတယ် ။

ရှစ်လေးလုံးအရေးတော်ပုံ ၊ ၁၉၉၀ ရွေးကောက်ပွဲ ၊ ၂၀၀၇ စက်တင်ဘာ တွေမှာ ရလာဒ် တစ်စုံတစ်ရာ ရှိပြီးပါလျက် ၊ အောင်မြင်မှုအခြေအနေတစ်ခု ရောက်ပြီးပါလျက် ၊ ပြည်သူတွေကိုေ၀၀ါးစေခဲ့လို့ ပြန်ကျရှုံးခဲ့ရတယ် ၊ ရှစ်လေးလုံးအရေးတော်ပုံမှာ လူထုက မောင်နုထောက်ခံရမလား ၊ အောင်ကြီးထောက်ခံရမလာူး၊ ဒေါ်စု ထောက်ခံရမလား ၊ေ၀၀ါးခဲ့တယ် ၊ အောင်ပွဲရဲ့အဆုံးသတ်အတွက် ဘာလုပ်ရမလဲေ၀၀ါးခဲ့တယ် ၊ အကြမ်းဖက် ပြစ်ခတ် အာဏာသိမ်းခံခဲ့ရတယ် ။ ၁၉၉၀ ရွေးကောက်ပွဲမှာလဲ “ပြီးရင် စစ်တန်းလျားပြန်မယ် ၊ အာဏာလွှဲပေးမယ် ” ဆိုတဲ့ကတိကို စစ်တပ်က ခုလိုချိုးဖေါက်ခဲ့ရင် ၊ ခုလို ပြည်သူ့ဆန္ဒကို စော်ကားခဲ့ရင် ဘာလုပ်မလဲလို့ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူး ၊ ဖွဲ့စည်းပုံဥပဒေဆွဲရဦးမယ် ပြောပြိး နားလှည့်ပါးလှည့်လုပ်ခံရချိန်မှာ ပြည်သူလူထုက ဘာလုပ်ရမယ်မသိေ၀၀ါးခဲ့ရပြန်တယ် ၊ ၂၀၀၇ စက်တင်ဘာမှာလဲ သံဃာတော်တွေဦးဆောင်မှုကို အကြမ်းဖက် ဖြိုခွဲခံရရင် ဘာလုပ်မလဲလို့ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘူး ၊ စစ်အာဏာရှင်တွေရဲ့ ရိုင်းစိုင်းမှုကို လျော့တွက်ခဲ့ကြတယ် ၊ ကျွန်တော်တို့သုံးနှုန်းခဲ့ကြဘူးတဲ့ တစ်ဗိုလ်ကျတစ်ဗိုလ်တက် ဆိုတာလဲ တကယ်တမ်းမှာဖြစ်မလာခဲ့ဘူး ၊ ပြည်သူတွေကတော့ ထုံးစံအတိုင်း ဘာဆက်လုပ် ရမယ်မသိေ၀၀ါးခဲ့ရပြန်တာပါပဲ ။

သေချာတာတစ်ခုက ကျွန်တော်တို့ ဗမာပြည်သူတွေက တိုက်ပွဲမကြောက်ဘူး ၊ တိုက်ပွဲရှိရင်ပါတယ် ၊ နယ်ချဲ့ကျွန်ဘ၀ ၊ ဖက်စစ်ကျွန်ဘ၀ ၊ အမျိုးသားချင်းကျွန်ပြန်ဖြစ်တဲ့ဘ၀ တွေမှာ သက်တမ်းကြာနေခဲ့ရတော့ ၊တော်လှန်တဲ့အတွေးအခေါ် ချိုးနှိမ်ခံထားရသလိုဖြစ်နေပြီး မှန်ကန်တဲ့ဦးဆောင်လမ်းပြမှု လိုနေတာပါ၊ ပြည်သူကိုမေ၀၀ါးစေတဲ့ မှန်ကန်တဲ့ဦးဆောင်မှုနဲ့ တိုက်ပွဲရှိရင် ၊ ကျွန်တော်တို့ပြည်သူတွေ ဘာ့ကြောင့်ဖိနှပ်ခံဘ၀က မလွတ်မြောက် ရသေးတာလဲ ဆိုတဲ့မေးခွန်း ၊ ပြီးဆုံးသွားမှာပါ ။

(၃) ထိုးသားကျလက်ရည်ဝနေတဲ့ လက်ရှိချန်ပီယံကို စိန်ခေါ်ပွဲတစ်ပွဲတက်ထိုးပြီး အရှုံးနဲ့ ပြန်ဆင်းခဲ့ရချိန်တိုင်း ဒါဏ်ရာဒါဏ်ချက်တွေ အများကြီးရခဲ့တယ်၊ နောက်တစ်ကြိမ် စိန်ခေါ်ထိုးနိုင်ဘို့ ၊ ဒါဏ်ရာတွေပျောက်အောင်စောင့်ရတယ် ၊ ရန်သူ့ သတ်လုံး သတ်ကွက် တွေကို ပြန်သုံးသပ်ရင်း ၊ ခုခံနိုင်ဘို့ ၊ ပြန်တိုက်စစ်ဆင်နိုင်ဘို့ လေ့ကျင့်ရတယ် ၊ အသေအချာ ပြင်ဆင်ပြိး နောက်တစ်ကြိမ် စိန်ခေါ်ထိုးသတ်ပြီးမှ အနိုင်ရမှာဖြစ်တယ် ။

ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်အောင် ဘာလုပ်ကြမှာလဲ ဆိုတဲ့အဖြေက အဲဒါပဲ ၊ တိုက်ပွဲမရှိရင် အောင်ပွဲမရှိဘူး ၊ လေ့ကျင့်ပြင်ဆင်မှုမလုံလောက်ရင် တိုက်ပွဲမနိုင်ဘူး ၊ စစ်အစိုးရကတော့ လက်ရှိရထားတဲ့ အာဏာသရဖူကိုကာကွယ်ဘို့ ဘက်စုံပြင်နေတာ အားလုံးအသိပါပဲ ၊ စင်ပေါ်တက်စိန်ခေါ်မလာရအောင်လဲ အောက်လမ်းနည်းမျိုးစုံနဲ့ ကာကွယ် တားဆီးတယ် ၊ စင်ပေါ်တက်စိန်ခေါ်လာရင်လဲ ခပ်ကြမ်းကြမ်းထိုးသတ်နိုင်အောင် ပြင်ဆင် ထားတယ် ၊ကျွန်တော်တို့ ကသူတို့ထက်သာအောင် လေ့ကျင့်ရမယ် ၊ ပြင်ဆင်ရမယ် ။

ဥက္ကဌ မော် ပြောသလို တော်လှန်ရေးကတော့ ဇာပန်းထိုးသလို ၊ ဧည့်သည်ထမင်းစား ဖိတ်သလို လွယ်တာမျိုးမဟုတ်ဘူး ၊ ကျွန်တော်တို့ ကိုယ်ကျိုးမစွန့် နိုင်ရင် တော်လှန်ရေး အလုပ်တွေ လုပ်နိုင်ဘို့ မလွယ်ဘူး ၊ ခုက ကျွန်တော်တို့ အားလုံး လုံလုံလောက်လောက် ကိုယ်ကျိုးမစွန့် ကြသေးဘူး ၊ မနက်မိုးလင်းအိပ်ယာထတိုင်း ဗမာပြည်လွတ်မြောက်ရေး အတွက် ၊ တော်လှန်ရေးအတွက် ငါ ဒီနေ့ ဘာလုပ်မလဲ ၊ စ စဉ်းစားဖြစ်သလား ၊ ဘာစားမယ် ဘာသောက်မယ် ၊ မိသားစုဘယ်သွားမယ် ၊ ဒီနေ့ ဘာသင်တန်းရှိတယ် ၊ စသဖြင့် ကိုယ်ကျိုး စီးပွားတွေပဲ စ စဉ်းစားဖြစ်သလား ၊ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်မညာတမ်း အဖြေထုတ်ရင် တွေ့ နိုင်ပါတယ် ၊ ကျွန်တော်တို့ ကိုယ်တိုင်က တက်ကြွမှုတွေလျော့နည်း နေတာ တွေ့ ရပါတယ် ၊ “ငါတို့ လုပ်ခဲ့ကြပြီးပြီပဲ ” ဆိုတာထက် ၊ ငါတို့ လုပ်ဘို့ လိုနေသေး တယ်ဆိုတာမျိုးစဉ်းစားမှ ကျွန်တော်တို့ နှစ်ပေါင်းများစွာရင်းနှီးခဲ့တာတွေ အချည်းနှီး မဖြစ်မှာပါ ။ နိစ္စဓူဝ အသေးအမွှားကိစ္စလေးတွေကအစ ကျွန်တော်တို့ ပြန်ပြင်ရင်း တိုက်ပွဲ ၀င်ရေးအားထည့်ကြရအောင် (ကိုယ့်ကိုယ်ကိုယ်ကအစ) အားလုံးကိုတိုက်တွန်းချင်ပါတယ် ။

ဗမာပြည် ပြည်သူလူထုက ဖွဲ့ စည်းပုံဥပဒေမှာ ဘာတွေမမျှတဘူးဆိုတာ မသိဘူး ၊ စစ်အစိုးရအနိုင်ကျင့်အုပ်ချုပ်နေတာပဲသိတယ် ၊ အတိုက်အခံအင်အားစုတွေကထုတ်တဲ့ ကြေငြာချက်တွေမဖတ်ရဘူး ၊ လမ်းပေါ်ထွက်ဦးဆောင်မဲ့သူမရှိတာပဲသိတယ် ၊ ရွေးကောက်ပွဲ လုပ်ပြီးရင် စစ်ကျွန်သက်ပိုရှည်မယ်မရှည်ဘူးမတွေးဘူး ၊ လက်ရှိငတ်မွတ်ဆင်းရဲနေတာပဲ သိတယ် ၊ အားလုံးညီရင်တော့ ချဘို့ အသင့်ပဲဆိုတာမျိုး တိုက်ပွဲမျှော်တဲ့စိတ်ဓါတ်တွေလဲ ရှိကြတယ် ၊ ပြည်သူတွေက ပြည်သူတွေပီသစွာ လက်တွေ့ဘ၀နဲ့ကိုက်ညီအောင် ဖြတ်သန်းနေကြတယ် ။ ပြည်သူကို ဦးဆောင်မဲ့ ကျွန်တော်တို့တော်လှန်ရေးအင်အားးစုတွေက လက်တွေ့ဘ၀နဲ့ ကင်းကွာနေကြတယ် ၊ တော်လှန်ရေးလမ်းကြောင်းပေါ်ကနေ မသိမသာ တစ်မျိုး ၊ သိသိသာသာ တစ်မျိုး သွေဖီနေကြတယ် ၊ တော်လှန်ရေးသမားဘ၀တွေကနေ ကိုယ်ပိုင်ဘ၀တွေဆီကို ပြန်ဦးလှည့်နေကြတယ် ။

ကျွန်တော်တို့ ရွေးကောက်ပွဲဆန့်ကျင်ရေး ကြေငြာချက်တွေထုတ်ယုံ ၊ မီဒီယာတွေ ကနေ့ ၀ါဒဖြန့်ချီရေးတွေလုပ်ယုံ ဟာ ထိရောက်တဲ့တိုက်ပွဲ ပုံသဏ္တာန်မဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်၊ “ ဘာမှမလုပ်တာထက်စာရင် ဒါလဲတော်လှန်ရေးအလုပ်ပဲ ” ဆိုပြီး အာသာပြေ လုပ်နေတာမျိုးထက် ၊ တကယ်တိုက်ပွဲဝင်ဘို့ နီးစပ်ရာညှိနှိုင်း ပြင်ဆင် တည်ဆောက်ကြတာ ပိုကောင်းမယ်ထင်ပါတယ် ၊ စစ်အစိုးရက ဖွဲ့စည်းပုံအတည်ပြုခဲ့တာ ၊ ရွေးကောက်ပွဲလုပ်မယ်ဆိုတာတွေဟာ သူ့အာဏာတည်မြဲရေး သူ့အလုပ်သူလုပ်နေတာပါ ၊ ကျွန်တော်တို့က ကိုယ့်အလုပ်ကိုယ်မလုပ်ကြဘူး ၊ သူတို့လုပ်တဲ့အမှားတွေပဲထောက်ပြပြီး “ဒါမဖြစ်သင့်ဘူး ၊ ဒါကိုဆန့်ကျင်ရမယ်”ဆိုတာမျိုးပဲ ၀ိုင်းအော်နေတာ ၊ အကယ်တမ်းက ပြည်သူ့အာဏာကို လက်နက်နဲ့ အကြမ်းဖက်သိမ်းပိုက်ပြီးကထဲက သူတို့ကမှားနေပြီးသားပါ ။ ကျွန်တော် တို့ရဲ့ မူလတာဝန်ကိုက စစ်အစိုးရဖြုတ်ချနိုင်ရေးလုပ်ဘို့ပါ ၊ သူတို့လုပ်တာကို ကန့်ကွက်နေယုံ မဟုတ်ပါဘူး ၊ စစ်အစိုးရက ကျွန်တော်တို့ရဲ့ အတိုက်အခံ မဟုတ်ပါဘူး ၊ ရန်သူသာဖြစ်ပါတယ် ၊ အဲဒီတော့ ပြည်သူကိုမေ၀၀ါးစေပဲ စစ်အစိုးရကို ဘယ်လိုတိုက်ပွဲဝင် ဖြုတ်ချမလဲဆိုတဲ့ ကိုယ်ပိုင်တိုက်ပွဲလမ်းကြောင်းပဲ စဉ်းစားကြစေချင်ပါတယ် ။

လက်နက်ကိုင်အင်အားစုတွေကလဲ တပ်တည်ဆောက်ရေးတွေပြန်လုပ် ၊ တောတွင်း မြို့ တွင်း ထိုးစစ်ဆင်နွှဲနိုင်အောင်ကြိုးစား ၊ လက်နက်မဲ့အဖွဲ့ အစည်းတွေကလဲ ရေရာတဲ့အချိန် တစ်ခုသတ်မှတ်ပြီး လူထုအုံကြွမှုဖေါ်နိုင်အောင် ပြည်တွင်းအင်အားစုတွေတည်ဆောက်၊တစ်ဗိုလ်ကျတစ်ဗိုလ်တက် ဆိုတာမျိုးဖြစ်အောင် ပြင်ဆိုတာမျိုး (ဟန်ရေးပြနေတာ မျိုးမဟုတ်ပ)ဲတကယ်လုပ်ကြသင့်ပါပြီ ၊ ဟန်ချက်ညီလှုပ်ရှားမှုအတွက် ကျွန်တော်တို့ အားလုံး စုစည်းညီညွတ်ဘို့ တကယ်တမ်းက နောက်တောင်ကျနေပါပြီ ။

ပြည်သူတွေမေ၀၀ါးစေပဲ တိုက်ပွဲဆီဦးတည်ကြပါစို့ ။
စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။
ပြည်သူ့ ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည် ။
ယုံကြည်ချက်ဖြင့်----
ရဲဘော် ဗိုလ်သူ
၁၅.၂.၂၀၁၀
8888peoplepower




Amnesty International Press Release:Myanmar: End repression of ethnic minorities before elections-ဆက်ကြည့်ရန်သို့




February 2010

Myanmar’s government must halt its repression of ethnic minority activists before forthcoming national and local elections, Amnesty International warned in a major report released today.

The 58-page report, The Repression of ethnic minority activists in Myanmar, draws on accounts from more than 700 activists from the seven largest ethnic minorities, including the Rakhine, Shan, Kachin, and Chin, covering a two-year period from August 2007.

The authorities have arrested, imprisoned, and in some cases tortured or even killed ethnic minority activists. Minority groups have also faced extensive surveillance, harassment and discrimination when trying to carry out their legitimate activities.

“Ethnic minorities play an important but seldom acknowledged role in Myanmar’s political opposition,” said Benjamin Zawacki, Amnesty International’s Myanmar expert. “The government has responded to this activism in a heavy-handed manner, raising fears that repression will intensify before the elections.”

Many activists told Amnesty International that they faced repression as part of a larger movement, as in Rakhine and Kachin States during the 2007 Buddhist monk-led ‘Saffron Revolution’. Witnesses described the killings and torture of monks and others by the security forces during its violent suppression of peaceful demonstrations in those states.

Others said they were pursued for specific actions, such as organizing an anti-dam signature campaign in Kachin State.

Even relatively simple expressions of political dissent were met with punishment, as when Karenni youths were detained for floating small boats on a river with “No” (to the 2008 draft Constitution) written on them.

“Activism in Myanmar is not confined to the central regions and urban centres. Any resolution of the country’s deeply troubling human rights record has to take into account the rights and aspirations of the country’s large population of ethnic minorities,” said Benjamin Zawacki.

More than 2,100 political prisoners, including many from ethnic minorities, languish in Myanmar’s jails in deplorable conditions. Most are prisoners of conscience who have expressed their beliefs peacefully.

Amnesty International urged the government to lift restrictions on freedom of association, assembly, and religion in the run-up to the elections; to release immediately and unconditionally all prisoners of conscience; and to remove restrictions on independent media to cover the campaigning and election process.

Amnesty International called on Myanmar’s neighbours in the Association of South East Asian Nations (ASEAN), as well as China, Myanmar’s biggest international supporter, to push the government to ensure that the people of Myanmar will be able to freely express their opinions, gather peacefully, and participate openly in the political process.

“The government of Myanmar should use the elections as an opportunity to improve its human rights record, not as a spur to increase repression of dissenting voices, especially those from the ethnic minorities,” said Benjamin Zawacki.

BackgroundIn 2010, Myanmar will hold its first national and local elections in two decades.
In 1990, two years after mostly peaceful anti-government protests resulted in the deaths of at least 3,000 demonstrators, the National League for Democracy (NLD) and a coalition of ethnic minority parties resoundingly won national elections.

The military government ignored the results, however, and continued their long-standing campaign against the political opposition. Myanmar’s most well-known human rights defender, Daw Aung San Suu Kyi, leader of the NLD, has been under some form of detention for over 15 of the last 20 years.

In 2007, monks from ethnic minority Rakhine State initiated country-wide demonstrations against the government’s economic and political policies, in what has become known as the Saffron Revolution.In May 2008, a week after Cyclone Nargis devastated the country, the government insisted on holding a referendum on the draft constitution. The official results were that 99% of the electorate had gone to the polls, 92.4% of whom had voted in favour. While the 2008 Constitution potentially allows for greater representation in local government, it ensures that the military will continue to dominate the national government.
Ethnic minorities constitute some 35-40 percent of the country’s population, and form the majority in the seven ethnic minority states. Each of the country’s largest seven ethnic minorities has engaged in armed insurgencies against the government, some of which continue to date.

Amnesty International has documented serious human rights violations and crimes against humanity by the government in the context of the Myanmar army’s campaigns against ethnic minority insurgent groups and civilians.
END
Link_http://_