Wednesday, February 17, 2010

အင်းစိန်ပေါက်တောဝရှိ အထည်ချုပ် အလုပ်သမားများ ယနေ့  ဆန္ဒပြ

အင်းစိန်ပေါက်တောဝရှိ အထည်ချုပ် အလုပ်သမားများ ယနေ့  ဆန္ဒပြ
ယနေ့ အင်းစိန်ပေါက်တောဝ ရှိ LION CITY အထည်ချုပ်စက်ရုံမှ အလုပ်သမားပေါင်း ၂၀၀ ကျော် မှ ၎င်း တို့  ၏ အလုပ်သမားအခွင့်အရေးများကိုတောင်းဆိုဆန္ဒပြခဲ့ကြသည် ။ အာဏာပိုင်များမှ စစ်ကားများကို ပုံ တွင်မြင်တွေ့ ရ သည့်အတိုင်း များပြားစွာ ချထားကာ လုံခြုံရေးတင်းကျပ်ထားခဲ့သည် ။ စားဝတ်နေရေးအကျပ်အတည်းကြောင်း မိမိတို့  အခွင့်အရေးများကို ငြိမ်းချမ်းစွာ တောင်းဆိုသည့် အလုပ်သမားများကို ယခုကဲ့ သို့  အင်အားပြကာ နှိပ်ကွပ်ရန် ကို အာဏာပိုင်များဖက်မှ စီစဉ်ထားရှိသော်လည်း အလုပ်သမားဆန္ဒ ပြမှု့  များမှာ တစထက်တစ ပို မိုကျယ်ပြန့် လာ ခဲ့သည် ။ ပြည်ထောင်စုနေ့  မတိုင်မီရက်များကလဲ လှိုင်သာယာ စက်မှု့  ဇုံတွင်ရှိစက်ရုံများတွင် လဲ ဆန္ဒ ပြပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့ ပြီး ယခု ချိန်ထိ အချို့  စက်ရုံးများ မှာ သဘောတူညီချက် မရ သေးကြောင်း သိရ ပါ သည်။ ပိုမိုဆိုးရွားလာသော စားဝတ်နေရေးအကျပ်အတည်းကြောင့် စက်ရုံအလုပ်သမား များ ၏ တောင်းဆိုဆန္ဒ ပြမှု့  များမှာ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိနေသေးသည်ဟု သိရ ပါသည် ။
Link_http://freeforcountry.blogspot.com/