Monday, February 22, 2010

ဘောလုံးကန်ချင်ရင်(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

ဘောလုံးကန်ချင်ရင်
*** (ရွှင်ပြုံးတခဏ-ဘောလုံးဟာသ) ***
စိတ်ဝေဒနာရှင်များအား ဆေးရုံပြောင်းရန် လေယာဉ်ဖြင့် ခေါ်ဆောင်လာသည်။ တာဝန်ရှိဆရာဝန်မှာ ပိုင်းလော့နှင့်အတူ ခေါင်းခန်းအတွင်းထိုင်နေစဉ် လေယာဉ်အတွင်း ဆူညံသံကျယ်လောင်စွာ ကြားရသဖြင့် လူနာခေါင်းဆောင်ကို ခေါ်လိုက်သည်။
`ဟေ့… ဘာဖြစ်နေတာလဲ´
`ဘောလုံးကစားနေကြတာပါ´
`လေယာဉ်ပေါ်မှာ ဘောလုံးကန်စရာလား။ မကစားနဲ့လို့ ပြောလိုက်´
ခဏအကြာမှပင် ဆူညံသံများ တိတ်ဆိတ်သွားသည်။ သို့နှင့် လူနာခေါင်းဆောင်ကို ထပ်ခေါ်လိုက်သည်။
`တယ်ဟုတ်ပါလားကွ… ချက်ချင်းတိတ်သွားတာပဲ…. ဒါနဲ့ မင်းဘယ်လိုထိန်းလိုက်တာလဲ´
`ဆရာပဲ လေယာဉ်ပေါ်မှာ ဘောလုံးမကန်ရဘူးဆို… အပြင်မှာသွားကစားကြဆိုပြီး… ကျနော် လေယာဉ်တံခါးဖွင့်ပေးလိုက်တယ်လေ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
http://jacbaburma.blogspot.com/2010/02/blog-post_23.html