Tuesday, February 2, 2010

“ရန်ကုန်သူတစ်ယောက်ပို့ပေးလိုက်သောရာသီပေါ်BREAKING NEWS”


ပြည်တွင်းဖြစ် ပြည်တွင်းစစ်ကြီးထဲ
ရန်ကုန်သူတစ်ယောက်ပို့ပေးလိုက်သော
BREAKING NEWS ကိုဖတ်ပါတော့မယ်။
မာဂလင် မင်္ဂလာပါရှင်
အထပ်ထပ်အခါခါလျှော်ဖွပ်ထားတဲ့
ကျဉ်းမြောင်းလှတဲ့မြင်ကွင်းရယ်
ကောင်းကင်ထဲ သွားနေကြ မဟုတ်တဲ့
တိမ်အုပ်တွေသုတ်ခြေတင်ပြေးလွှား
မြို့ပြောင်းဘူတာ ညရထားကြီးအထွက်မှာ

ဥသြဆွဲသံသောင်မတင် ရေမကျ
လွဲချော်မှုအပိုနဲ့
အံဝင်ဂွင်ကျနေသားကျ
မူလီအရစ်ပြုံးဇလီဖာတုံးခုံသံများ
မီးခိုးလုံးတလူလူနဲ့ သံလမ်းကြိတ်သံများ ကျကျန်ရစ်ခဲ့

ပါးရည်တွန့်လိပ်အနာကြီးရောဂါသည်
ဆေးလိပ်တိုဖွာနေသလို
ခရီးနှင်
စိတ်ကူးယဉ်အနာဂတ်မှာ ညူကလီးယားအိပ်မက်နဲ့
မျက်တွင်းဟောက်ပက် ဈေးကွက်စီးပွားရေး
ကောလဟလတွေ လက်ပံပင်ဇရက်ကျသလို
ခေါက်ရိုးကျိုးပျံကျဈေးသည်တွေရဲ့
ဇောက်ထိုးမိုးမျှော်လေပူထိုးသံကမ္ဘာပျက်သည့်အလား

တိုက်ဆိုင်မှုစနက်တံများ
စနစ်တကျမီးကွင်းပစ်ကစား
မြို့ပြ ညထဲ အခွန်လွတ်ကြော်ငြာများ
လမ်းဘေး၊ဇာတ်ပွဲ ဗုံးခွဲ
အရပ်ထဲ့ 
လက်ညှိုးထိုးလိုက် လက်ညှိုးကွေးလိုက်နဲ့
မှော်ဆရာရဲ့တွန့်ကောက်လွင့်လူး ရာသီသုံးလီ
မျက်လုံးတစ်စုံက လျှက်ရောင်လိုတောက်ပ
ညစ်ထေးခြင်း ညနေခင်းထဲ မှင်စာတွေခုန်ပေါက်လို့

တမိုးလုံးပိန်းပိတ်အောင်မှောင်ခဲ့ပြီ
ချုံးပြီး မရွာသည့်မိုးနှယ်
ရွာကွင်းပြင်လယ်နဘေးကပြေးထွက်လာခဲ့
ကစဥ့်ကလျားတလမ်းသွား သီအိုရီနဲ့
သနပ်ခါးရေ ကြဲကြဲလိမ်းထားတဲ့ ချစ်သူပါးပြင်ကို
သမင်လည်ပြန်ကြည့် သွေးတိုးစမ်း
အဖျားတိုင်းကိရိယာနဲ့ မိုင်နှုန်းစဉ်တိုင်းထွာ
ရွေပေါ်ထိုးမထားတဲ့မြေကြီးပေါ်
တွတ်ထိုး
ထုတ်ထိုး
ကျားထိုးတမ်းလည်းကစားကြမယ်တဲ့
လေပေါင်မကျသေးဘူး မြို့ပြောင်းဘူးတာညရထားကြီးအဆိုက်မှာ

ရာသီပေါ်
စမူဆာကြော်ရတယ်
စာကလေးကြော်ရတယ်
ဗူးသီးပေါင်းကြော်ရတယ်
ပုရစ်ကြော်ရတယ်
တနေ့တာ ရောင်းပန်းလှရေးဈေးကွက်ခေါ်သံ
ဘူတာဟောကြီးထဲဆူညံပွက်လောရိုက်လို့။ ။