Monday, November 22, 2010

တနေ့နေ့ ပေါ့

တနေ့နေ့ ပေါ့
(အမေ့သား-ဒိန်းမတ်)
အမှတ်တမဲ့ ရောက်ခဲ့ပေမယ့်
မင်းနဲ့တွေ့ တော့ အရာရာတွေဟာ
အမှတ်တရလေးတွေ ဖြစ်လာခဲ့တယ်။
အမှတ်တရ သွားခဲ့ပေမယ့်
မင်းကို မတွေ့တော့
နေရာဟောင်းလေးတွေ
ပြုံးလှောင်လို့ နေတယ်။
အမှတ်တမဲ့နဲ့ အမှတ်တရ
အဲဒီ...နှစ်ခုရဲ့ကြားမှာ
ပြောတော့ ပြောမည်
နင့်ကိုငါ ချစ်ကြောင်း သိစေချင်သည်
တနေ့နေ့ ပေါ့....။

အထူးသဖြင့်....လူတွေ အားလုံးဟာ တနေ့နေ့ တချိန်ချိန်မှာ အချစ်တွက် ရှူး ခဲ့ကြတယ်။