Sunday, May 2, 2010

ပစ္စုပ္ပန်ကို ခံစားခြင်း ( သို့မဟုတ် )အသက်ရှင်လျက် သေဆုံးခြင်း



ပစ္စုပ္ပန်ကို ခံစားခြင်း ( သို့မဟုတ် )အသက်ရှင်လျက် သေဆုံးခြင်း
(မင်းရဲကျော်စွာ)  
ခါခါဘိုရာဇီ တောင်ထိပ်မှ
ဝိတိုရိယ အငူထိ
အမှန်တရား ၀ိဥာဉ်တွေရှိ
ပကတိ ဖြစ်စဉ်များ ကြည့်ရင်း
ခါးသီး နာကျင် နေကြတယ်….။


အသက်ဇီဝိန် ခြွေမဲ့ အသံလှိုင်းတွေ
မြန်ပြည် ခေါင်းပေါ်က ဖြတ်ပျံ
ပြည်တွင်းစစ် သေနတ်သံတွေ
နံရံထဲက ရုန်းထွက်သူကို
အသက်ရှုရပ်တန့်အောင်လုပ်နေတယ် ။
အာဏာပါဝါ အလွဲသုံးစားလုပ်
ချိုးဖြူငှက် ခြေအစုံ ထိပ်တုံးခတ်
အကျိုးအမြတ် ရဘို့ဆို
ငြိမ်းချမ်းရေးကိုတောင်
အပေါင်ဆိုင်မှာ ပေါင်နေကြတယ် ။

ပုဂံ ရာဇ၀င်ထဲက
မုဆိုးမတောင် ဘုရားတည်နိုင်တဲ့
အတိတ်က ချမ်းသာမှုတွေ တသသ
ပစ္စုပ္ပုန်ဘ၀ရဲ့ တချို့မုဆိုးမတွေ
ဝမ်းဝဖို့အတွက်
ပြည်တန်ဆာမတန်းမှာ ရောက်နေတယ် ။

အတ္တနဲ့ ပရ ၊
မမျှတ တဲ့အခါ
အပူလွန် အအေးကဲ
မြူနှင်းတွေထဲ ခရီးသွားရသလို
ဘ၀ဟာ လမ်းမမြင်
ရှင်လျက်နဲ့ သေဆုံး
နောက်ဆုံးထွက်ပေါက် ပိတ်ဆို့တဲ့ အခါ
ဘာကိုမှ မကြောက်တော့
ဖိနှိပ်မှု တံတိုင်း
မုန်းတိုင်းလို ရိုက်ချိုးခဲ့ပြီ ။ ။