Wednesday, May 5, 2010

ငြိမ်းချမ်းသော ရွေးကောက်ပွဲဖြစ်စေရေး ဖိလစ်ပိုင်တပ်မတော်က ချီတက်ဆုတောင်း

ငြိမ်းချမ်းသောရွေးကောက်ပွဲ ဖြစ်စေရေး ဆုတောင်းချီတက်ပွဲ တစ်ရပ်ကို ဖိလစ်ပိုင် လက်နက်ကိုင်တပ်ပေါင်းစုက မေလ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဖိလစ်ပိုင်တပ်များက အစိုးရနှင့် ဖွဲ့စည်းပုံကို ဆက်လက်သစ္စာရှိသွားမည်ဖြစ်ကြောင်း တက်ရောက်ခဲ့ကြသည့် စစ်သည်ထောင်ပေါင်းများစွာက ကတိသစ္စာပြုခဲ့ကြသည်။

ရာထူးမှအနားယူရတော့မည့် ဖိလစ်ပိုင်သမ္မတ အာရိုယိုနေရာဆက်ခံမည့်သူ ရွေးချယ်မည့် သမ္မတရွေးကောက်ပွဲအပြီးတွင် အရှုပ်အထွေးများ ဖြစ်ပေါ်လာနိုင်သည်၊ စစ်ဘက် က ၀င်ရောက်စွက်ဖက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်ချိန်၌ စစ်ဘက်ခေါင်းဆောင်များက ဆုတောင်းပွဲကိုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ဦးစီးချုပ်ဒယ်လ်ဖင်ဘန်ဂစ် အပါအ၀င်အဓိက စစ်ဘက်အရာရှိများ ပါတက်ရောက်ခဲ့ကြ သည်။

မြို့တော်မနီလာ၊ ဆင်ခြေဖုန်း၊ ကွီဇုန်မြို့ အဂီနယ်လ်ဒိုစစ်စခန်းတွင် ပြုလုပ်သော ချီတက်ပွဲ၌စစ်သည် များက ရိုးသား၊ စနစ်ကျပြီး ငြိမ်းချမ်းသော ရွေးကောက်ပွဲဖြစ်လာရေးအတွက် ဆုတောင်းခဲ့ကြပြီး စစ်တပ်၏ မည်သည့် ဘက်မျမလိုက်ဘဲ ရပ်တည်မည့် အခြေအနေကို ဖော်ထုတ် ပြသခဲ့ကြသည်။ ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတဟောင်း အကွီနို၏သား ဘင်နစ်နိုနွိုင်နွိုင်အကွီနိုက ရေပန်းအစားဆုံးဖြစ်နေပြီး စီးပွားရေးလုပ်ငန်းရှင် မန်နီဗီလာက ဒုတိယနေရာတွင် ရှိနေသည်။
မူရင်း http://www.first-11.com/