Tuesday, May 11, 2010

ဦးဝင်းတင် ရဲ့  လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု

5.5.10 နေ့ က ဦးဝင်းတင်နဲ့  other side အပါအ၀င်အင်အားစုတော်တော်များများ အစည်းအဝေး လုပ်ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ ဦးဝင်းတင်ပြောတဲ့  လူထုကို အခြေပြုတဲ့  နိုင်ငံရေးရဲ့  ပထမခြေလှမ်းအဖြစ် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့ အတွက် ဆွေးနွေးကြပါတယ်။ အဲဒီ ကန်ပိန်းကို ဦးဝင်းတင်က ဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င်နယ် 7 နယ်က အင်အားစုများက ပါဝင်ဆောင်ရွက်ပေး
မှာဖြစ်ပါတယ်။ လှုပ်ရှားမှုကာလကို 7.5.10 ကနေစပြီး 7.7.10 (7 ဇူလိုင်နေ့ ) အထိ သုံးလတာ သတ်မှတ်ထားပါတယ်။ လှုပ်ရှားမှုစတင်တဲ့  7.5.10 နေ့ မှာပဲ လက်မှတ်ပေါင်းသုံးရာကျော်ရရှိခဲ့ ပါတယ်။
လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က အချက် ခြောက်ချက်ရှိပါတယ်။
၁။ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ မတရားဖမ်းဆီးခံထားရသော ကျောင်းသားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွှတ်ပေးရန်

၂။2008 ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်
၃။2010ရွေးကောက်ပွဲဥပဒေကိုပြန်လည်ပြင်ဆင်ပေးရန်
၎။1990 ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပေးရန်
၅။1990ရွေးကောက်ပွဲရလဒ်အရပေါ်ထွန်းလာသောပြည်သူ့ လွှတ်တော်များအားလုပ်ပိုင်ခွင့် များအပ်နှင်းရန်
၆။NLD ပါတီကိုတရားဝင်ရပ်တည်ခွင့် ပေးရန် တို့ ပဲဖြစ်ပါတယ်။

ရရှိလာတဲ့ လက်မှတ်များကို ဘယ်ကိုမှ တင်ပြမှာမဟုတ်ပဲ လှုပ်ရှားမှုကို ဦးဆောင်တဲ့  ဦးဝင်းတင် အပါအင်
အဖွဲ့ ဝင်များက သိမ်းထားမှာ ဖြစ်ပြီးတော့မကြာခဏအနေနဲ့ မီဒီယာကနေတဆင့် ဘယ်ရွေ့ ဘယ်မျှရရှိကြောင်း ကြေငြာပြီး နအဖ ကို မပြတ်သတိပေးသွားမှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို ဦးဆောင်ပါဝင်တဲ့ အဖွဲ့ များကတော့  NLD လူငယ်များ၊ youth 109 ၊ 2007မျိုးဆက်ကျောင်းသားများ(ရန်ကုန်)နဲ့  အခြားဒီမိုကရေစီရေးဆောင်ရွက်နေသူ ပြည်သူအများပါဝင်ပါတယ်။ အဖွဲ့ နာမည်ကိုတော့  ရွှေဝါရောင်မျိုးဆက် ဒီမိုကရေစီလိုလားသူများလို့  ပေးထားပါတယ်။
http://sitmonethu.blogspot.com/  မှ