Tuesday, May 25, 2010

၂၇၊ မေ၊ ၉၀သို့

မေကိုးဆယ် အောင်ပွဲမှ ရောင်စုံမြင်ကွင်းသို့
(ဆွေနိုင်)

အဲဒီနေ့ကပေါ့
အမှတ်တမဲ့မဟုတ်တဲ့
မှတ်မှတ်ရရများ
ညကြီးကိုယ်တိုင်
ကောင်ကင်ကြီးကို
ဖွင့်ကြည့်လိုက်ကြတယ်။

အပြာရောင်မိုးသားထဲမှာ
အတောက်ပဆုံးကြယ်စင်
အစိုစွတ်ဆုံး လရောင်
သင်္ကေတ
အ၀ါရောင်နဲ့ ခမောက်
ရောင်စုံပန်းခင်းထဲ
တရိပ်ရိပ်ချီတက်လာနေကြတယ်။

မြို့ပြများထဲ့ 
လက်ခုပ်သံ တဖျောင်းဖျောင်းနဲ့
သြဘာသံတွေ ရွာချ
လမ်းများရဲ့ကိုယ်လုံးပေါ်မှာ
သစ္စာတရားတွေ စိုစွတ်လို့ပေါ့။

အရပ်လေးမျက်နှာ
လေပြေ လေညင့်း့ 
အဖူးအညွန့်တွေ လာရာလမ်း
သစ်ပင် ပန်းမန်များပေါ့
အစိမ်းနုရောင် ရွက်သစ်များနဲ့
ဝေဆာယိမ်းကနေလေရဲ့။

မေကိုးဆယ် ၂၇
အဘိဓမ္မနဲ့ မြင်ကွင်းဟာ
လူထုရဲ့
အမှတ်တမဲ့မဟုတ်တဲ့
မှတ်မှတ်ရရ့ 
သမိုင်းဝင်အောင်ပွဲပါ။ ။