Saturday, May 29, 2010

မြို့ကြီးရှင်သန်နေပုံ


မြို့ကြီးရှင်သန်နေပုံ
(ဆွေနိုင်)
လူ့ဘဝသက်တမ်းတမျှ
စနစ်ဆိုးဆိုး ဝတ်ဆင်ထားတဲ့
ဟောဒီမြို့ကြီး
ဖြတ်ညှပ်ကပ့့် 
မိကျောင်းမျက်လုံးတွေနဲ့
အုံးအုံးကြွက်ကြွက်
ခွေးလေခွေးလွင့်တွေ
ထမ်းပိုးလို့ 
လမ်းဖြောင့်ပေါ်မှာ
နိုင်ထက်စီးနင်း။

အရပ်ဝတ်အရပ်စားနဲ့
ရပ်ကွက်ကြီးတစ်ခုလုံး
အကျင့်ပျက်လာတ်စားမှုက
ကျောင်းဝ့ 
ဇရပ်ဝ့ 
လမ်းဆုံလမ်းခွထိ။

ရာသီမှားပြီး
ဟော်တယ်ကြီးတွေက
ပျော်ပွဲစားထွက်နေကြလေရဲ့။

နေ့နဲ့ ည မှားမှားပြီး
လမ်းဘေးမီးတိုင်တွေ
အိပ်ကောင်းနေတုန်း
ခိုးကြောင်ခိုးဝှက်
ညဈေးကြီးတစ်ခုလုံး
အနက်ရောင်ဝတ်စုံနဲ့
ရောင်းကုန်ပစ္စည်းတွေက
လူတွေဖြစ့့် 
လူတွေက ရောင်းကုန်ပစ္စည်းတွေဖြစ်လို့ပေါ့။

နံနက်မိုးလင်း
အိပ်ရာက ထ
အူပေါက်ဟောင်းလောင်း
မြေစာပင်တွေက
မိုခေါင် ရေရှာပါးမှုနဲ့
ပတ်ကြားအက်လွင်ပြင်ထဲ
အရိုးတွေပြိုင်းပြိုင်းထသည့်တိုင်
ထွက်လေ ဝင်လေကိုတော့
မှတ်နိုင်သေးရဲ့။

ဒါနဲ့
ဟောဒီမြို့ကြီးမှာ
တစုံတခု အနံ့ အသက်ကြောင့်
လူတွေက့ 
လူတွေအချင်းချင်းပြန်ကြောက်နေကြရတယ် ။ ။

ကဗျာဟောင်းလေးပါပြန်ခံစားဖော်ပြလိုက်ပါတယ်
========================================== 
ဓာတ်ပုံ http://burmapartnership.org/2010elections/ မှ