Wednesday, February 2, 2011

နှစ်လေးဆယ်ကျော် မှ ပြန်ဆုံကြတဲ့မောင်နှမတွေ

၁ဝ နှစ်သမီး အရွယ်မှစ၍ ၅၂ နှစ်အရွယ်ထိတိုင် မောင်နှမများနှင့် ကွဲကွာနေခဲ့သော ဒိုက်ဦးမြို့ပေါ်ရှိ အမျိုးသမီးတစ်ဦးမှာ အစ်ကိုဖြစ်သူ၏ ကြိုးပမ်းမှုကြောင့် မိသားစု ဝင်များနှင့် ပြန်လည်ဆုံတွေ့ ရပြီဖြစ် သည်။သူမ၏ အမည်မှာ ဒေါ်တင် တင်အေး။ ဒိုက်ဦးမြို့ပေါ်ရှိ အိမ် တစ်အိမ်တွင် အစောင့်ရှောက်ခံ ဘဝ ဖြင့် ၁ဝ နှစ်သမီးက တည်း က နေခဲ့ရသော်လည်း ပတ်ဝန်းကျင်က လုံးဝ မသိခဲ့။ ၂ဝဝ၂ ခုနှစ်သို့ ရောက် မှသာ အဆိုပါအိမ်တွင် ဘယ်ကိုမှမထွက်သော အမျိုးသမီး တစ်ဦးရှိသည်ဆိုသည့် သတင်း သာ ရိုးတိုး ရိပ်တိတ် ထွက်လာခဲ့သည်။ထိုသတင်းက ကောလာ ဟလဆန်ဆန်သာ။ သိပ်မကြာခင် မှာပဲ ပြန် ပျောက် ကွယ်သွားသည်။ ထို့နောက်တစ်ဖန် ၂ဝဝ၈ ခုနှစ်ကို ရောက်တော့ ယခင်ကကြားခဲ့သော သတင်းထက် ပိုခိုင်မာသောသတင်း တစ်ရပ်တစ်ကျော့ပြန်လည် ထွက် ပေါ်လာပြန်သည်။

ကျွန်တော့် ညီမများ ဖြစ်လေမလား
ဦးလှမြင့်၏အတွေးထဲတွင် လွန်ခဲ့သောနှစ်ပေါင်း ၅ဝ ကျော်က အိပ်မက်ဆိုးက တစ်ချက်တစ်ချက် တွင် ပြန်ပေါ်လာသည်။ ဦးလှမြင့် ဆိုသူ မောင်လှမြင့်အရွယ်က ချစ် ခင်ဖွယ်ရာ ညီမတစ်ဝမ်းကွဲတစ်ဦး ရှိခဲ့ဖူး သည်။”ဒီသတင်းထွက်လာတော့ ပျောက်ဆုံးသွားတဲ့ ကျွန်တော့်ညီမ ဝမ်းကွဲ ဖြစ်လေ မလား ဆိုတဲ့အတွေး က ဝင်လာတယ်” ဟု ဒိုင်နမိုပြုပြင် ရေးဖြင့် အသက်မွေးနေသူ ဦးလှမြင့် က ဆိုသည်။တစ်ရက်တွင် သူတို့မောင်နှမ နှစ်ဦးကို မိဘများက ဈေးဝယ်ရန် လွှတ်လိုက်သည်။ မောင်နှမ နှစ် ယောက် ဈေးဝယ်နေကြရင်းက မောင်လှမြင့်ကို လူကြီးများက ကိစ္စ တစ်ခုခိုင်းသဖြင့် အပြင်သို့သွားရ သည်။ မောင်လှမြင့် ပြန်ရောက်လာ တော့ ညီမ လေး တင်တင် အေးမှာ မရှိတော့။ မေးကြည့်တော့လည်း မသိကြပြန်။”အဲဒါနဲ့ ကျွန်တော် အိမ် ရောက်တော့ မိဘတွေကိုမေးကြည့် တယ်။ ညီမလေး ပြန်ရောက် လာပြီ လားပေါ့။ မ ရောက်သေးဘူးဆိုတော့ လိုက်ရှာကြတာပေါ့။ ဒါပေမဲ့ မတွေ့ ဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်း က လူပျောက်ကြော်ငြာတာတို့ ဘာတို့လည်း မရှိ၊ မိဘ တွေက လည်း ရိုးဆိုတော့ နောက်ဆုံးတော့ သေသွားပြီလို့ပဲ သဘောထားလိုက် ကြတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ် ထဲမှာတော့ သေပြီလို့မထင်မိဘူး။ ၂ဝဝ၈ ခုနှစ်မှာ ဒီသတင်း ထွက် လာ တော့ ကျွန်တော့်စိတ်ထဲ ကျွန်တော့် ညီမ မသေသေးဘူးဆိုတဲ့အသိက ပိုခိုင်မာလာတယ်” ဟု ဦးလှမြင့်က ဆိုသည်။

သမီးကို စုံစမ်းခိုင်း

ညီမလေးလားဆိုသည့် အတွေးက ဖိစီးလွန်းလာသော် လည်း မည်သို့စုံစမ်းရမည်မသိ။ ”၂ဝဝ၈ မှာ ကျွန်တော့်သမီး က ၇ တန်းပဲရှိသေးတယ်။ ၉ တန်း ရောက်ရင် အဲဒီအိမ်က စာသင်ဝိုင်း ကို တက်ခိုင်းပြီး စုံစမ်းမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်” ဟု ဦးလှမြင့်က ပြောပြသည်။၂ဝ၁ဝ ကို ရောက်တော့ သမီးက ၉ တန်းကျောင်း သူဖြစ်ပြီ။ သမီးကို အဲဒီအိမ်မှာ ကျူရှင်တက် ခိုင်းလိုက်သည်။ သမီးကို အဲဒီအိမ် မှာရှိတဲ့ အမျိုးသမီးအကြောင်း စုံစမ်း ရန် သေသေချာချာ မှာလိုက်သည်။”သမီးက ကျူရှင်တက်ရင်း အဲဒီအိမ်ကလူတွေနဲ့ ရင်းနှီးအောင် လုပ်တယ်။ အိမ်သာကို မကြာခဏ သွားပြီး အိမ်အခြေအနေ စူးစမ်း တယ်။ အဲဒီအိမ်ရောက်ပြီး တစ်လ ကျော် လောက်ကြာမှ အဲဒီမှာ အမျိုး သမီးတစ်ယောက်ရှိတယ်ဆိုတာ သိရတယ်” ဟု ဦးလှမြင့်၏ သမီး ဖြစ်သူ မအိပွင့်ဖြူက ဆိုသည်။တစ်ရက်။ အိပွင့်ဖြူ အိမ်သာ အသွား၊ နောက်ဖေးဘက် အခန်း မှာ ညည်းညူသံကြားရသဖြင့် တံခါးဖွင့်ကြည့်လိုက်ရာ နေမကောင်း ဖြစ်နေသော အမျိုးသမီးကြီးတစ်ဦး ကို တွေ့လိုက်ရသည်။ တွေ့ရသော အမျိုးသမီးမှာ သူ့အဒေါ် ဟုတ် မဟုတ်ဆိုတာတော့ မသိ။ တစ်ခါမှ မမြင်ဖူးသော အမျိုးသမီးတစ်ဦးဖြစ် သည်ကတော့ သေချာသည်။အိမ်ပြန်ရောက်ပြီး အဖေ့ကို ပြော ပြတော့ ဦးလှမြင့်က ဓာတ်ပုံ ရိုက်လို့ရသော MP4 ကို ငှားပေး လိုက်သည်။ နောက်တစ်ကြိမ်တွေ့ ပြီး ဓာတ်ပုံရိုက်တော့ အခန်းက မှောင်နေသဖြင့် ဓာတ်ပုံက မထင်။ ”ကျွန်တော်နဲ့ တင်တင်အေးရဲ့ ညီမအရင်းဖြစ်တဲ့ သန်းသန်းဌေးက အတူနေတယ်။ သူတို့ညီအစ်မ နှစ်ယောက်စလုံးက နဖူးမှာ ဗွေရာ ပါတယ်လို့ မိဘတွေက သေချာ ပြောခဲ့ဖူးတယ်။ ဒါနဲ့ သမီးကို နောက်တစ်ကြိမ်ဓာတ်ပုံရိုက်ခိုင်း တယ်။ အမှတ်အသားကို သေချာ ကြည့်ခိုင်းလိုက်တယ်။ သမီးဓာတ်ပုံ ထပ်ရိုက်တော့ ခပ်ဝါးဝါးမြင်ရ တယ်။ နဖူးမှာ ဗွေရာရှိတယ်လို့လည်း သမီး က ပြောတယ” ဟု ဦးလှမြင့်က ဆိုသည်။

သေချာသွားပြီဆိုတော့

၂ဝ၁ဝ ခုနှစ်၊ ဇူလိုင်လ။ ဦးလှမြင့်စိတ်တွင်း သေချာသွားပြီ ဆိုသောအသိကြောင့် ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီထံသို့ သွား၍ ညီမဖြစ် သူနှင့် တွေ့ချင်ကြောင်း ပန်ကြား လိုက်သည်။ရ.ယ.က၏ အကူအညီပေးမှု ကြောင့် ထိုအိမ်မှ အမျိုးသမီးနှစ်ဦး က သူတို့ နှစ်ပေါင်းများစွာ စောင့် ရှောက်ထားရသော ဒေါ်တင် တင်အေး ကို ခေါ်လာကြသည်။ထိုအိမ်မှ အမျိုးသမီးနှစ်ဦးက ဒေါ်တင်တင်အေးသည် သူတို့၏ မိသားစုဝင်သဖွယ်ဖြစ်နေပြီဟုဆိုသည်။ သို့သော် ဒေါ်တင်တင်အေးတွင် မှတ်ပုံတင် မရှိသေး။ အိမ်ထောင်စု စာရင်းတွင် မထည့်ရသေး။ မောင်နှမနှစ်ဦး၏ တွေ့ဆုံခန်း မှာ ရင်နာစရာများ ဖိတ်လျှံကျလို့။ ဒေါ်တင်တင်အေးခမျာ လူတိုင်းကို အထိတ် တလန့်ဖြစ်နေပုံရသည်။ စကားကိုလည်းလည်လည်ပတ်ပတ် မပြောတတ်။ ”ညီမလေး အစ်ကို တို့နဲ့လိုက်နေ” ဟု ဦးလှမြင့်က ခေါ်တော့ ”မလိုက်ရဲဘူး” ဆို သည့် စကားတစ်ခွန်းသာ ပြောသည်။

ပျောက်ဆုံးသွားသောဘဝ ပြန်လည်စတင်ရာဝယ်
သူမ အစ်ကို့အိမ်ပြန်ရောက် လာတော့ ခပ်နွမ်းနွမ်းအင်္ကျီနဲ့ ထဘီနှစ်စုံ။ တစ်ကျပ်တန်၊ ၅ ကျပ်တန်နဲ့ ၂ဝ တန် အလွန်ဆုံးရှိ သော ငွေ ၃၅ဝ ကျပ်။ လူမြင်လျှင် ကြောက် တတ်ခြင်း။ ”သူရောက်လာကတည်းက ကျွန်တော့်မိသားစုရော ပတ်ဝန်းကျင် ကပါ နွေးထွေးမှုပေးကြတယ်။ ရောက်စကဆို မုန့်ပေးရင် မစားရဲ ဘူး။ အခုမှ နည်းနည်း အဆင်ပြေ လာတာ။ ဒါတောင် အခု သူ့ကို ပိုက်ဆံပေးပြီး မုန့်သွားဝယ်စားခိုင်း ရင် မဝယ်တတ်ဘူး။ ပိုက်ဆံ ဘာ တန်လဲဆိုတာ မသိသေးဘူး။ ပြော ရရင် ဘာမှ မသိဘူး” ဟု ဦးလှမြင့် က ပြောပြသည်။

ကျွန်တော်တို့မြင်ခဲ့ရသော သူမ
ကျွန်တော် ဦးလှမြင့်တို့အိမ် ရောက်သွားတော့ ဦးလှမြင့်ကသာ ဒိုင်ခံပြောပြသည်။ ကျွန်တော် ရောက်ရောက်ချင်း ဒေါ်တင်တင် အေးက အိမ်အောက်သို့ ဆင်းသွား သည်။ လူစိမ်းအိမ်ထဲဝင်လာရင် သူက အဲဒီလိုပဲဟု ဦးလှမြင့်က ဆိုသည်။ နောက် ၁၅ မိနစ် လောက်ကြာတော့ အိမ်ပေါ်သို့ ဒေါ်တင်တင်အေး ပြန်တက်လာပြီး ကျွန်တော်တို့နဲ့ ဝေးသော ထောင့် လေးတွင် ထိုင်နေသည်။ တစ်ချက် တစ်ချက် ကျွန်တော်တို့ ဘက် သူမ လှည့်ကြည့်သည်။ သူမ မျက်လုံးက အကြောက်တရား များဖြင့်သာ။ကျွန်တော်က ဓာတ်ပုံရိုက်မယ် လုပ်တော့ သူမက ထိုင်နေလျက် နောက်သို့ တရွေ့ရွေ့ ဆုတ်သွား သည်။ အစ်မအတွက် ဒါနပြုတာပါ ဟု ပိုက်ဆံ အနည်း ငယ်ပေးတော့ သူမက ပိုက်ဆံကို မယူရဲ။ မိသားစု က ဝိုင်းပြောမှသာ အသာအယာ ငြိမ်သွားသည်။ သူမ၏ ပေါင်ပေါ်က ပိုက်ဆံကိုတော့ မကိုင်။ ကျွန်တော့် ကိုသာ တစ်ချက်စိုက်ကြည့်သည်။ဘယ်လိုပဲဖြစ်ဖြစ်။ အခုတော့ အားလုံးပြီးစီးခဲ့လေပြီ။ ဒိုက်ဦး ရဲစခန်းမှ ဒုရဲအုပ်သိန်းသန်းက ”အဲဒီ ကိစ္စက မိသားစုချင်းတွေ အားလုံး ပြေလည်သွားကြပါပြီ” ဟု ဆို သည်။ဒိုက်ဦးမှ ရန်ကုန်သို့ ပြန်သည့် ကားဂိတ်ပေါ်ရောက်တော့ မငြိမ်း ချမ်းခဲ့သော သူမ၏ ဖြတ်သန်းခဲ့ပုံ ကို သိချင်စိတ် ပြင်းပြလာ ခဲ့သည်။
အောင်ထက်(N.Y.K)
copy from http://popularmyanmar.com/mpaper/