Saturday, February 5, 2011

ဆင်နဲ့တူသည့် ဝက် နှင့် ခြေ ၅ ချောင်းရှိ ကြွက် တွေ့ရှိ

 ပြီးခဲ့သည့် ဇန်န၀ါရီလက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဆင်နဲ့တူသည့်ဝက် နှင့် ခြေငါးချောင်း ပါရှိသည့် ကြွက်တွေ့ရှိခဲ့ကြသည်ဟုသိရသည်။

ဇန်န၀ါရီလ ၁၃ ရက်နေ့ ည ၈ နာရီခန့်က ကလေးမြို့ တာဟန်း F ရပ်ကွက်တွင်နေထိုင်သော Pu Vanlalchuana တို့မွေးထားသည့် ဝက်မကြီးက ဆင်နဲ့တူသော ဝက် ၂ကောင် မွေးဖွားခဲ့သည်ဟု တာဟန်း ဒေသခံတဦးကပြောသည်။

သို့သော်လည်း အဆိုပါထူးဆန်းသည့် ၀က်ပေါက်စ ၂ ကောင်သည် ၁နာရီခန့်သာအသက်ရှင်ပြီး သေဆုံးသွား ခဲ့သည်ဟု သူ ကပြောသည်။

“ ဝက်မကြီးက ပုံမှန်မွေးရက်မမွေးပဲ ရက်ပေါင်း ၁၁၉ ရက်မှာ မွေးတယ်၊၀က်ပေါက်စ ၄ ကောင်အနက် ၁ ကောင်ပဲ အသက်ရှင်တယ်၊ ၃ ကောင်က သေတယ်၊ သေသွားတဲ့ဝက် ၂ ကောင်၏ ခေါင်းမှာ နှာမောင်း ပါတယ်၊ တကိုယ် လုံး ဆင်ပုံစံပါပဲ၊ခြေထောက်က အစ “ဟုသူကပြောသည်။

“ကျနော်တသက်မှာ တခါမှ မတွေ့ဖူး၊ မမြင်ဖူးဘူး၊ သတင်းကြားလို့သွားကြည့်တော့ အရမ်းအံသြတယ်၊ ကြောက်စရာ လည်းသိပ်ကောင်းတယ်” ဟုတာဟန်းမှဆိုင်ပိုင်ရှင် Pi Mawii က ပြောသည်။


 အလားတူ ကလေးမြို့နယ် Tlanglui Khua (Varpui Bethel) ရပ်ကွက်တွင်နေထိုင်သော Pu Rorela က ဇန်န၀ါရီလ ၁၂ ရက်နေ့က တောင်ယာ၌ ကြွက်ထောင်ရာတွင်ခြေငါးချောင်းပါရှိသည့် ကြွက်တကောင် ရရှိခဲ့သည်ဟုသိရသည်။

အဆိုပါကြွက်သည် ၄င်း၏ အမြီးအောက်နားတွင် ခြေထောက် ၁ ချောင်းအပိုပါရှိသည်ဟု တာဟန်းဒေသခံ တဦးက ပြော သည်။
” ဒီဖြစ်ရပ်တွေ ကြောင့် ကလေးမြို့နေ ပြည်သူလူထူတွေ အံသြနေကြတယ်” ဟု ပြောသည်။