Saturday, February 5, 2011

နအဖ စစ်ကြောင်း “ချည်” တက်

မြန်မာစစ်အစိုးရနှင့်ဒီကေဘီအေဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများတွင် စစ်တပ်အနေဖြင့် မြန်မာနိုင်ငံအသီးသီးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံရလျက်ရှိသော အကျဉ်းသားများကို ပေါ်တာအဖြစ်အသုံးပြုလျက်ရှိကြောင်းသတင်းများ ယခုရက်ပိုင်းအတွင်းကျယ်ကျယ် လောင်လောင်ထွက်ပေါ်လျက်ရှိပါတယ်။

နှစ်ဖက်ဖြစ်ပွားလျက်ရှိသောတိုက်ပွဲများအကြားမှ ထိုင်းမြန်မာနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာသည့် ဒုက္ခသည်များထဲတွင် လည်း အကျဉ်းသားပေါ်တာများ ပါဝင်လာတာကိုတွေ့ရပါတယ်။

မကြာသေးခင်ရက်ပိုင်းများအတွင်းက တောင်ငူထောင်မှာပြစ်မှုဥပဒေပုဒ်မ – ၄၅၆ နဲ့ ထောင်ဒဏ် (၁) နှစ်နဲ့ (၆) လအကျဉ်းကျခံနေရတဲ့ ကိုကြည်လွင် အသက်(၄၇)နှစ်၊ ပုဒ်မ – ၄၅၂ နဲ့ ထောင်ဒဏ် (၁)နှစ်အကျဉ်းကျခံနေရတဲ့ မောင်ငယ် အသက်(၂၀)နှစ်၊ ပုဒ်မ – ၄၇၆ နဲ့ အကျဉ်းကျခံနေရတဲ့ ဌေးဝင်း၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) နဲ့ ထောင်ဒဏ် (၃) နှစ်အကျဉ်းကျခံနေရတဲ့ သိန်းအောင် အသက်(၂၂)နှစ် နဲ့ ပြစ်မှုဥပဒေပုဒ်မ – ၃၈၀ နဲ့ ထောင်ဒဏ် (၂)နှစ် အကျဉ်းကျခံနေရတဲ့ စံငွေ အသက် (၂၀) နှစ် တို့သည် ကြိုးဖြင့် ချည်ကာ စစ်တပ်မှ လူသားမိုင်းရှင်း ကိရိယာအဖြစ် ခိုင်းစေခြင်း ခံခဲ့ရပါတယ်။

၎င်းတို့ကို (၁၃.၁.၂၀၁၁) ရက်နေ့က သံတောင်စစ်ဆင်ရေးသို့ ပေါ်တာအဖြစ်ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း၊ (၁၅.၁.၂၀၁၁) ရက်နေ့တွင် ဘောမိ ခြောက်ထပ်ကွေ့တွင် မိုင်းထိသဖြင့် တပ်သား(၅)ဦးနှင့် ပေါ်တာ(၂)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဒဏ်ရာရရှိ သည့် အကျဉ်းသားပေါ်တာ(၂)ဦးကို အင်းစိန်ထောင်သို့ (၁၈.၁.၂၀၁၁) ရက်နေ့က ပို့ဆောင်ပေးခဲ့ပြီး ယနေ့အချိန်အထိ ကုသဆောင် တွင်ထားရှိကြောင်းသိရှိရပါတယ်။ ဒဏ်ရာရရှိသူ (၂) ဦးမှာ ကြည်လွင်နှင့်မောင်ငယ်တို့နှစ်ဦးဖြစ်ကြောင်းနဲ့ ခွဲစိတ်ကုသရန်လိုအပ်လျက်ရှိ ပြီး ယနေ့အချိန်အထိ လုံလောက်သည့်ဆေးဝါးကုသမှုများလည်း ပြုလုပ်ပေးခြင်းမရှိသေးကြောင်းသိရှိရပါတယ်။

မြန်မာနိုင်ငံတွင် အကျဉ်းသားများကို ပေါ်တာအဖြစ်အသုံးပြုခိုင်းစေခြင်းနှင့်ပတ်သတ်ပြီး နိုင်ငံတကာအလုပ်သမားများအဖွဲ့ချုပ်(ILO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ်မာရှယ်က BBC မြန်မာဌာန၏ မေးမြန်းချက်ကို ခိုင်လုံသည့်အထောက် အထား အချက်အလက်များရရှိထားကြောင်းအတည်ပြုပြောဆိုခဲ့ပြီးမြန်မာအာဏာပိုင်များထံသို့ဆက်သွယ်စုံစမ်းသွားမည်ဖြစ်ကြောင်း မကြာသေး ခင်ရက်ပိုင်းများကပြောဆိုခဲ့ပါတယ်။

မြန်မာအာဏာပိုင်များအနေနဲ့ မသန်စွမ်းသည့်အကျဉ်းကျများနှင့်သက်ကြီးရွယ်အိုများကိုပါ ပေါ်တာမလိုက်နိုင်ပါက ရိုက်နှက် ကန် ကျောက်ညှဉ်းပန်းနှိပ်စက်လျက်ရှိကြောင်း ABMA က စုံစမ်းသိရှိရပါတယ်။