Friday, February 4, 2011

ညီအောင်ပြုရ မဲ့ ပြည်ထောင်စု

ညီအောင်ပြုရ မဲ့ ပြည်ထောင်စု

ထင်းတချောင်းစီ
အလီလီကွဲပြား
ဖြန့်၍ထားလျှင်
အင်အားမတိုး
ချိုး၍ကျိုးသည်။

ထင်းချောင်းများပြား
စုပေါင်းထားလျှင်
အင်အားကြီးမား
ချိုးသော်ငြားလည်း
လားလားမျှမလှုပ်
ခိုင်မာသည့်ပြယုဂ်။

ပြည်ထောင်စုဘွား
ညီနောင်များတို့ ကွဲပြားမနေ
စုစည်းလေလော့ ဒို့ပြည်ဒို့မြေ
စုပေါင်းနေမှ အခြေလှ။

ထင်းစည်းများလို
စုစည်းထားမှ အင်အားရ။
ခွဲထွက်မသွား တွဲဖက်ထားမှ
ပွဲထွက်လှမည်။

နွားကွဲ ကျားကိုက် စစ်အလိုက်ကို
အငိုက်မမိ အကြိုက်မရှိနှင့်။

ဗိုလ်ချုပ်တသိုက် လူ့အမှိုက်ကို
အင်တိုက်အားတိုက် လှည်းပစ်လိုက်။

အီဂျစ်စစ်သား စစ်မှုထမ်းများလို
ဇာတ်တူသားမစား လမ်းမမှားဘဲ
အားပေါင်းမသွေထုတ်
လက်အစုံလှုပ်မှ အာဏာရှင်ဗိုလ်ချုပ်တွေကို
အဟုတ်တကယ် ဖြုတ်ချနိုင်မယ်။

စုပေါင်းအားသည် ဒို့ရောင်ခြည်
ဒီမိုကရေစီသည် ဒို့ပန်းတိုင်
ပန်းတိုင်ဆီသို့ လှမ်းနိုင်ဖို့
ညီညာအားနဲ့ ကြိုးစားသွားစို့။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
(ပြည်ထောင်စုနေ့သို့)Feb 03 11