Saturday, May 28, 2011

ကိုဇေယျာသော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းချက်


တရားမမျှတမှုကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ဖို့ အဆိုတော် ဇေယျာသော်ပြောကြား

နိုင်ငံတဝန်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ မိမိတို့မှာ ရှိတဲ့ မဟုတ်မခံချင်တဲ့ စိတ်ဓာတ်၊ တရားမမျှတမှုကို လက်ပိုက် ကြည့်မနေလိုတဲ့ စိတ်ဓာတ်တွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ကြဖို့ ၂၀၀၇ မျိုးဆက် လူငယ်ခေါင်းဆောင် တဦးဖြစ်သူ နာမည်ကျော် Hip Hop အဆိုတော် ကိုဇေယျာသော်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
(Photo: RFA) မျိုးဆက်သစ် လူငယ်အဖွဲ့မှ ထင်ရှားသော အဖွဲ့ဝင်များ ဖြစ်သည့် ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချန်း (ဝဲ)နှင့် ကိုဇေယျာသော် (ယာ) တို့ ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှု ဖြစ်ပွားပြီးနောက် ဖမ်းဆီး ထောင်ချခြင်း မခံရမီ ယခင် ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: RFA)

ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး တည်ထောင်သူ ကိုဇေယျာသော်ဟာ (၃)နှစ်ကျော်အကြာ မေလ ၁၇ ရက်နေ့ အကျဉ်းထောင်က ပြန်လည်လွှတ်မြောက်လာပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့က ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံခဲ့ပါတယ်။
ကိုဇေယျာသော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။