Friday, May 6, 2011

အိတ်ဖွင့်ပေးသောကဗျာ

အိတ်ဖွင့်ပေးသောကဗျာ

ဖြစ်ကြပျက်ကြ ၊ နိယာမကို
သင်က ဘာကြောင့် ကြောက်သနည်း။

လက္ခဏာရေးသုံးပါး၊ ထိုတရားကို
တို့ကား ရှောင်ကွင်း၊ မရခြင်းကို
သွင်းထားနှလုံး ၊မှတ်ယူသုံး၍
နိဂုံးချုပ်လျှင်၊ အမှန်မြင်က
ရင်၌အေးမြ ချမ်းမြေ့မည်။

စိတ်ဓာတ်ကိုမြှင့်၊ ရင်ကောဖွင့်၍
အသင့်ရင်ဆိုင်၊ တိုက်ပွဲနိုင်အောင်
ခိုင်မာဆုံးဖြတ် မတ်မတ်ရပ်ပါ။

ဖြတ်သန်းခရီး ၊ ကန္တာရကြီးတွင်
ချွေးသီးချွေးပေါက်၊ တောက်တောက်ယိုကျ
ဘ၀တွေ့ကြုံ ၊ သင်၌စုံ၏။

ရတတ်သမျှ၊ သင့်ဘ၀တွင်
လောက်ငခြိုးခြံ၊ အနေမှန်လျက်
တရားဖက်မြဲ၊ သင့်ရောင့်ရဲပါ၊
သင့်ပွဲ၌လျှင်၊ သင်အောင်မြင်လိမ့်။

ဖြစ်ကြ ပျက်ကြ၊ နိယာမကို
သင်က ဘာကြောင့် ကြောက်သနည်း။ ။
ထီလာစစ်သူ

copy from http://ayeyarwaddylibrary.blogspot.com/