ကျနော်တို့ မြို့ က သူတို့ ရဲ့ စည်းကမ်းရှိသောဒီမိုကရေစီ
၂၀၁၁၊၂၀၁၀၊၂၀၀၈၊မရောက်ခင်၊
ဗိုလ်ခင်ညွန့် က လမ်းပြခဲ့ပြီ
စည်းကမ်းရှိ တဲ့သူတို့ ရဲ့ ဒီမိုကရေစီ။
မြေပုံနဲ့ လမ်းကိုပြ
ကျောချလို့ မှ ဓါးပြ မှန်းမသိ၊
၁၉၉၀ကိုပစ်
၂၀၀၈ လည်းဟုတ်နိုးနိုး
၂၀၁၀ လည်းဟုတ်နိုးနိုး နဲ့ 
ပြည်သူ့ အကျိုး ပြည်သူ့ အကျိုးဆိုပြီး
ဟိုအကောင့်ဟာကို ဟိုအကောင်မျှော်သလို။
သူတို့ ကိုခွါတိုက်လို့ မရနိုင်ဘူး
ပူးတိုက်မယ်၊
လွှတ်တော်ထဲသွားပြီး
ကျားဖမ်းမယ် ဆင်ဖမ်းမယ်ဆိုတဲ့သူတွေဟာ သနားစရာ၊
စစ်အစိုးရရဲ့  စိတ်ကြိုက်ဥပဒေကို
ဝေလေလေ လိုက်နေကြတုံး။
၈၈ကစ ၂၀၁၁ထိ
ရဟန်းပြည်သူကိုနှိပ်စက်သတ်ဖြတ်နေတာ
အဲဒါ သူတို့ ရဲ့ 
စည်းကမ်းရှိတဲ့ဒီမိုကရေစီ။
၈၉ကစ ၂၀၁၁ထိ
လွတ်ငြိမ်းချမ်းသာနေကြတာ
သူတို့ အမေယောင်္ကျား
ဓါးပြခိုးဆိုးခါးမုဒိမ်းကောင်တွေသာ။
ဟေ့ ဒီမှာ
ဒို့ ခေတ်ရောက်လာလို့ က
မင်းတို့ အလှည့်နွဲ့ မရဘူးမှတ်ပါ။
မြတ်သစ်(dawn)
ကဗျာပေးပို့လာသောဆရာမြတ်အားအထူးကျေးဇူးတင်ရှိပါသည်
ကဗျာပေးပို့လာသောဆရာမြတ်အားအထူးကျေးဇူးတင်ရှိပါသည်