Friday, May 13, 2011

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့ ကျင်မွှာရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း (၄၀၀၀) ကျော်တို့သောက်သုံးရေ ရရှိရေးအတွက် ရေပိုက်သွယ်တန်းမှု့လုပ်ငန်းကို စတင်

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့ ကျင်မွှာရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း (၄၀၀၀) ကျော်တို့သောက်သုံးရေ ရရှိရေးအတွက် ရေပိုက်သွယ်တန်းမှု့လုပ်ငန်းကို အမျီုးသားဒီမီုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်၏မတည်ငွေသိန်း(၆၀ ) ဖြင့်စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ရေရရှိရေးကော်မတီကို အဖွဲ့ဝင် (၇ )ဦးဖြင့်လည်းကောင်း လုပ်ငန်း အကောင်အထည် ဖော်ရေး ကော်မတီကို အဖွဲ့ဝင် ( ၅ ) ဦးဖြင့်လည်ကောင်း၊ ဖွဲ့စည်းကာ ဒေသခံလူငယ်များ၏ ပါဝင်ကူညီမှု့ဖြင့်
အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဖလမ်းမြို့မှ (၇ )မိုင် (၅ )ဖာလုံဝေးသော “လိုင်မှိုင်း” ရေထွက်စမ်းမှ ကျင်မွှာရပ်ကွက်ထိပ် ရေလှောင်ကန်အထိ အချင်း ( ၃) လက်မရှိ ပလပ်စတစ်ပိုက်ဖြင့် သွယ်တန်းပြီး တစ်မိနစ်လျှင် စမ်းရေဂါလံ (၂၀ ) နှုန်း ရရှိအောင် ဆောင်ရွက် သွားမည် ဖြစ်သည်။

ယခုအခါ ကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများ၏ အကူအညီဖြင့် တိုင်းထွာ စစ်ဆေးမှုများ ပြုလုပ်ပြီးစီးပြီးနောက် ပိုက်သွယ်တန်းမှု့ လုပ်ငန်းများ စတင်လျက်ရှိပြီး မေလလယ်တွင် ပေ (၆၆၀၀ ) အထိ သွယ်တန်းပြီးစီး သွားပြီဖြစ်သည်။ စီမံကိန်း တခုလုံးအတွက် ကုန်ကျမည့် ငွေပမာဏမှာ ကျပ် (၄၅၅)သိန်းဖြစ်သည်။