Tuesday, May 24, 2011

ခေတ်မှိန်နေတဲ့မိစ္ဆာဇာတ်ကြောင်း

ခေတ်မှိန်နေတဲ့မိစ္ဆာဇာတ်ကြောင်း
(သက်နှင်းခေတ်)

မြို့ကြီးပြကြီးမှာ
နံစော် ပုတ်ပွကားရောင်
ပေါင်ချိန်ကျ အတ္တဝါဒီကောင်များ အမှောင်ည
ရေခဲစိမ် အိပ်မက်ဟောင်းနဲ့ပင့်ကူအိမ်လို မြို့ပြဖွဲ့
အတောင်ကျွတ်ယင်ကောင်တွေ တွားယားသွား တွန်ကြူးနေပုံများ
လောင်စာဆီသုံးအင်ဂျင်စက်သံတွေလိုတဝေါဝေါမြည်လို့။

မသူတော်ကြောင်မျက်လုံးများနဲ့ဖြတ်ဖောက်ချုပ်
ချိတ်ထမိန် ခေါင်းပေါင်းစ အစပ် အဖာ ဗလပွ
နှုတ်ခမ်းနီဆိုး မိတ်ကပ်ပိုး ရုပ်သေးမြို့ပြကြီးမှာ ယိမ်းယိုင်ထ
အပူရှိန်တက် တုပ်ကွေးမိယောဂါသည်လို တဟည်းဟည်းညည်းလို့
ရာသီစာကြော်ငြာနဲ့ရွှေအိုးထမ်း နွေဦးမှာလေရူးတိုက်ခဲ့ပြီ။

မိုးမျှော်တိုက်တွေရဲ့ ခြေရင်းဘေး
ချိုတပ် မြေခွေးတွေ ဟောင်သံပေး ဇက်ကုံပြေးရာလမ်း
လယ်ပြင်မှာဆင်သွားနေသလို ထင်းထင်းကြီး။

မိန်းမပျက်မတစ်ယောက် ဈေးဦးပေါက် ဖောက်သည်မျှော်နေသလိုမျိုး
ထိပ်ပြောင်နေတဲ့လဒ သစ်ကိုင်းခြောက်ပေါ်မှာနား စားကျက်ရှာနေသလိုမျိုး
သဲချောက်တောမှာ မြွေနာတစ်ကောင် တွန့်လိမ်ကွေး သွားနေသလိုမျိုး
လက်တို၊နှာတိုနဲ့ အနာကြီးယောဂါသည် ဆီလိမ်း ခေါင်းဖြီး အလှပြင်ထားသလိုမျိုး
လူမြင်ကွင်းလယ် အရူးတစ်ယောက် လမ်းလျှောက် မစင်ပါနေသလိုမျိုး။

မြင်ရသူတိုင်း အရုပ်ဆိုးအကျည်းတန်
လက်ခုစုတ်နဲ့ခြေသုတ်ပုဆိုးလို
အထပ်ထပ် အခါခါ ညစ်ပေနေတဲ့ စစ်အစိုးရ
ခွေးရူးကောင်းစားရွာတပတ်နှယ် နိဂုံးမလှ ဘုံးဘုံးလဲကျ
မြန်မာ့မြေပေါ်မှာ အသေစောလည်းမနှမျောဘူးဟေ့။

သန်းရွှေ၏လက်ကိုင်တုတ်အာဏရှင်စစ်အစိုးရကိုရည်ညွန်းဖွဲ့ဆိုပါသည်။