Saturday, May 21, 2011

ပြုံးစရာ ရည်စရာ ဟဒယလေးများ

စိတ်ချပါ

အလွန်ရိုးသားသော သူဋ္ဌေးကြီးတစ်ဦး သေခါနီးအချိန်တွင် ရှေ့နေအားခေါ်ကာ အရေးကြီးသောအချက်များကိုမှာလေသည်-
သူဋ္ဌေး။ ကျနော် သိပ်နေရမယ်မထင်တော့ဘူးဗျ၊
ရှေ့နေ။ စိတ်မလျှော့ပါနဲ့ဗျာ၊
သူဋ္ဌေး။ အကူအညီတောင်းချင်လို့ ခေါ်လိုက်တာပါ၊
ရှေ့နေ။ ဟုတ်ကဲ့ ပြောပါ အစွမ်းကုန် ကူညီပါ့မယ်၊
သူဋ္ဌေး။ ကျနော်သေရင် ကျနော်ပိုင်ဆိုင်တဲ့ငွေကြေးတွေကို ကျနော့ရဲ့အုပ်ဂူထဲ ထည့်ပေးစေချင်ပါတယ်ဗျာ၊
ရှေ့နေ။ စိတ်ချပါဗျာ ကတိပေးပါတယ်၊
မကြာမီ သူဋ္ဌေးကြီးသေဆုံးသွားလေသည်၊ ရှေ့နေကလည်း သူဋ္ဌေးကြီးကို ပေးခဲ့သည့်ကတိအတိုင်း သူဋ္ဌေးကြီး၏အုပ်ဂူသို့သွားကာ သူဋ္ဌေးကြီးပိုင်ဆိုင်သမျှ ငွေကြေး ဥစ္စာများ၏ တန်ဖိုးကို စာရွက်အလွတ်ပေါ်တွင်ရေးကာ ထည့်ပေးလိုက်လေသည်။

အဲ့ဒါတော့ စိတ်ချ
ဆေးရုံတွင်တက်ရောက်ကုသနေသော လူငယ်တစ်ဦးက သူနာပြုဆရာမလေးတစ်ဦး၏လက်ကိုကိုင်ကာ ပြောလေသည်-
လူငယ်။ ကိုယ်မင်းကို အရမ်းစိတ်ဝင်စားနေပြီကွာ၊
သူနာပြု။ ဘေးမှာ လူတွေရှိတယ်ရှင့်၊
လူငယ်။ ကိုယ် ဂရုမစိုက်နိုင်တော့ဘူးကွာ၊
သူနာပြု။ တော်တော်ခက်တာပဲ၊
လူငယ်။ ရောဂါလည်း မပျောက်ချင်တော့ပါဘူး၊
သူနာပြု။ ဘာဖြစ်လို့လဲ၊
လူငယ်။ ဆေးရုံက မဆင်းချင်တော့လို့လေ၊
သူနာပြု။ အဲ့ဒါတော့ စိတ်ချ၊
လူငယ်။ ဘာဖြစ်လို့လဲ၊
သူနာပြု။ ရှင် ကျမလက်ကို ကိုင်ပြီးစကားပြောနေတာကို ဒေါက်တာတွေ့သွားတယ်လေ၊
လူငယ်။ အဲ့ဒီတော့............၊
သူနာပြု။ သူကလည်း ကျမကိုစိတ်ဝင်စားနေတာဆိုတော့......ရှင့်ရောဂါပျောက်ဖို့ မလွယ်တော့ဘူးပေါ့၊
လူငယ်။ ဗျာ...........................။

အသံကျယ်ကျယ်ခေါ်ပေးပါ
စတိတ်ရှိုးပွဲတစ်ခုတွင် သီချင်းဆိုပြီးနောက် စင်အောက်သို့ဆင်းလာသော အဆိုတော်တစ်ဦးအား အမှတ်တရလက်မှတ်ရေးထိုးခိုင်းသူ ပရိတ်သတ်များ ၀ိုင်းဝိုင်းလည်လျှက်ရှိရာ အမျိုးသားကြီးတစ်ဦးရောက်လာပြီး မေးလေသည်-
အမျိုးသားကြီး။ သီချင်းဆိုတာသိပ်ကောင်းတယ်နော်၊
အဆိုတော်။ လေ့ကျင့်ထားလို့ပါ၊
အမျိုးသားကြီး။ သံစဉ်တွေနဲ့ တီးလုံးတွေနဲ့ကလည်း မြိုင်ဆိုင်နေတာပဲ၊
အဆိုတော်။ ၀ိုင်းဝန်းအားဖြည့်ပေးကြတာပေါ့၊
အမျိုးသားကြီး။ အသံကိုလည်း ဟိန်းထွက်အောင်ဆိုနိုင်တယ်နော်၊
အဆိုတော်။ ပါရမီပေါ့ဗျာ၊
အမျိုးသားကြီး။ အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ၊
အဆိုတော်။ ပြောပါဗျာ.... အမှတ်တရလက်မှတ်ရေးထိုးပေးရမလား၊ သီချင်းခွေထုတ်ချင်လို့များလား၊
အမျိုးသားကြီး။ မဟုတ်ပါဘူး.... ကျနော့ဇနီး ပွဲခင်းထဲမှာရှာမတွေ့လို့ အသံကျယ်ကျယ်နဲ့ အော်ခေါ်ပေးဖို့ပါပဲ၊
အဆိုတော်။ ဗျာ.......................။


အောင်စာရင်း
အလယ်တန်းကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသူ ကျောင်းသားတစ်ဦးအား မိခင်မှမေးလေသည်-
မိခင်။ သားတို့ဖြေထားတဲ့ လပါတ်စာမေးပွဲ အောင်စာရင်းတွေ မသိရသေးဘူးလား၊
သား။ သိပြီးပါပြီမေမေ၊
မိခင်။ အောင်စာရင်းကဒ်ပြားတွေကော မပေးသေးဘူးလား၊
သား။ တခြားကျောင်းသားတွေကိုတော့ ပေးနေတာတွေ့တယ် မေမေ၊
မိခင်။ ဒါနဲ့...သားရဲ့အောင်စာရင်းကဒ်ပြားကော မရသေးဘူးလား၊
သား။ သားကိုတော့ မပေးဘူး မေမေ၊
မိခင်။ ဟင်...သားကိုဘာလို့မပေးတာလဲ၊
သား။ မေမေ့ကိုပဲပေးမယ်တဲ့ မေမေကျောင်းကို ကိုယ်တိုင်လာခဲ့ပါလို့ ဆရာမကမှာလိုက်တယ်၊
မိခင်။ ဟင်.....................။
http://forverfriends.ning.com/profile/ayemyathidar345?xg_source=msg_share_post