Monday, May 16, 2011

Media Training for NLD Youths

Media Training for NLD Youths
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ပညာပေးအစီအစဉ်အရ ဖွင့်လှစ်ပို့ချတဲ့ သတင်းစာပညာ... သင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို အဖွဲ့ချုပ်မှာ ကျင်းပခဲ့ပါတယ်။

အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ကျမကတော့ သတင်းသမားတွေ အမှန်တရားဘက်က ရပ်တည်စေချင်တယ်၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျမတို့ဘက်က ရပ်တည်စေချင်တယ်။ ကျမတို့လုပ်တာတွေ အမြဲမှန်လို့ မဟုတ်ဘူးဘဲထား ကျမတို့က အမှန်တရားဘက်က ရပ်တည်နေလို့ပြောရတာပါ။ ကျမတို့ဟာ အခြေခံအားဖြင့် လူ့အခွင့်အရေးတွေ ရရှိဘို့၊ ဒီမိုကရေစီရရှိဘို့ အတွက် ကြိုးစားနေကြတာဖြစ်တယ်။ ဒါ့ကြောင့်လဲ သတင်းလောကက ကျမတို့ဘက်က ရပ်တည်ပေးနေသူတွေကို ကျေးဇူးတင်တယ်။ ဒါပေမယ့် စောစောကပြောခဲ့သလို သတင်းအချက်အလက် တွေကတော့ မှန်ဘို့လိုတယ်လို့ ပြောသွားပါတယ်။

သင်တန်းမှာ သတင်းစာပညာမိတ်ဆက်၊ ဂျာနယ်အကြောင်း၊ အယ်ဒီတာနှင့် မဂ္ဂဇင်းများ၊ စာပေလွတ်လပ်ခွင့်၊ ဘာသာပြန်ဗေဒ၊ သတင်း၊ သတင်းရေးနည်း၊ စာနယ်ဇင်းကျင့်ဝတ်၊ အရပ်သား သတင်းစာဆရာ အစရှိတဲ့ ဘာသာရပ်တွေကို ဟံသာဝတီဦးဝင်းတင်၊ ဦးမိုးသူ(မောင်မိုးသူ)၊ ဦးသာဘန်း၊ ဦးအုန်းကြိုင်(အောင်ဝင့်)၊ ဦးအောင်မြင့်(ဖျာပုံနီလုံဦး)၊ ဦးအောင်ရှင်(မုံရွာအောင်ရှင်)၊ ကိုဇော်မျိုးအောင် (ကွန်ပျူတာပညာရှင်) တို့က ပို့ချပေးမှာဖြစ်ပြီး သင်တန်းကာလက ရက်သတ္တပတ်တစ်ပတ် ဖြစ်ပါတယ်။ သင်တန်းသား (၃၇) ဦး တက်ရောက်ပါတယ်။

 http://www.facebook.com/home.php#!/pages/National-League-for-Democracy/199678676714208