Friday, January 14, 2011

ပြေးစရာ မြေမရှိပါ

လူတခု ပူမှုရယ်ကဆယ်ကုဋေ ဆိုတာ
စာပေမှာသာ ရှိတာပါ လို့
ယခင်အခါ ဆိုရှာပေတဲ့
ယခုအခါမှာတော့
ဘုံကမ္ဘာတကွေ့မှာ ကြုံလာတွေ့မှ
ဟုတ်လှပါပေ့လို့
ဓလေ့စကား ပြောကြားရပါတော့မယ်။

ပေးစရာငွေမရှိ
ပြေးစရာမြေမရှိ ဆိုတာလဲ
တကယ်ကြုံလာတွေ့မှ
အပါယ်ဘုံမှာမွေ့နေရပါလားလို့
သတိထားမိလာတော့တယ်။

ဘယ်လိုခေတ်နဲ့
ဘယ်လိုစံနစ်ကြောင့်
လူစင်စစ်ဖြစ်ရက်နဲ့
ခွေးဝက်တွေထက်အနေဆိုး
အသရေညှိုးနေရပါလိမ့်။

စစ်အာဏာရှင်ခေတ်
စစ်အာဏာရှင်စံနစ်ကြောင့်
စစ်ထဲမ၀င်မနေရ
ဥပဒေထုတ်လိုက်ပြန်ပြီဗျ။

အသက်၁၈-နှစ်အထက်
၃၅-နှစ်အောက်
ယောက်ျားစင်စစ်ဖြစ်ခဲ့ရင်
စစ်ထဲမ၀င်မနေရ တဲ့။

အသက်၁၈-နှစ်အထက်
၂၇-နှစ်အောက် ယောက်ျားမဟုတ်တဲ့
အားနွဲ့တဲ့ မိန်းမသားဖြစ်ပစေ
တာဝန်တကယ်ကြေတဲ့ စစ်ရဲမေဖြစ်ရမတဲ့။

လူငယ်တွေရဲ့အလောင်းတွေနင်းပြီး
ပြည်တွင်းစစ် ခင်းမယ့်
အရူးမင်းရဲ့ စစ်ဗျူဟာသနင်း။