Friday, January 14, 2011

စစ်ဘေးသင့်မှာ သေချာနေပြီ

စစ်ဘေးသင့်မှာ သေချာနေပြီ
အမေ့သား(ဒိန်းမတ်)

ရှေ့တလှမ်းတိုး နောက်နှစ်လှမ်းဆုတ်နေတဲ့
အမူးသမားခြေလှမ်းလို ယိုင်း ယိုင်ယိုင်နဲ့ မြန်မာ့အရေး
အဲဒီ...မြန်မာ့နိုင်ငံရေးထဲမှာ စစ်ဗိုလ်တမတ်သားနဲ့
ချွတ်ချော်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲ
စစ်မှုမထမ်းမနေရ ဥပဒေကရောသမမွှေ
ကဲ...ငါတို့ရဲ့ ပြည်မြန်မာ့အရေး
တွေးကြည့်ယုံနဲ့ ဘေးသင့်နေတာတော့ သေချာနေပြီ...။

စစ်ဝန်ကိုထမ်း စစ်လမ်းကိုဖောက်...(လျှောက်)
စစ်ရေးတွေကြွေးကြော် စစ်ငွေ့တွေသန်းတော့မယ့်
ပြည်မြန်မာ့အရေး ပြေးကြည့်စရာမလို
တွေးကြည့်တာနဲ့ စစ်ဘေးသင့်မှာတော့ သေချာနေပြီ...။

အဲဒီ...စစ်အာဏာရှင်စနစ်ဆိုးဆိုးကြောင့်
ပြည်သူတွေဟာ ဒုက္ခဝန်ကိုထမ်းပိုး
လမ်းလမ်းဆိုးဆိုးမှာ ဘဝတွေဟာတိမ်းမှောက်
အနာဂတ်တွေလည်း ပျောက်ခဲ့ရပေါ့...။
၂၀၀၈ ဖွဲ့စည်းပုံနဲ့ စစ်မှုမထမ်းမနေရ ဥပဒေ ကိုမသေမချင်းဆန့်ကျင်ကန့်ကွက်သွားမည်...။

အောင်စိုး(ခ)ကွန်ဗလိုင်