Saturday, January 29, 2011

အပြင်မထွက်ရအမိန့်ကို အံတုပြီး အီဂျစ်ဆန္ဒပြမှုတွေ ဆက်ဖြစ်ပွား


အီဂျစ်နိုင်ငံမှာ ညမထွက်ရနဲ့ လူစုလူဝေးမလုပ်ရအမိန့်ကို ဖီဆန်ပြီး ထောင်သောင်းချီလူထုကြီးက သမ္မတမူဘာရက် နှုတ်ထွက်ပေးရေး ဆက်လက်ဆန္ဒပြနေပါတယ်။

ကိုင်ရိုမြို့လယ် တာရီယင်ပြင်နဲ့ တခြားရပ်ကွက်တွေမှာရော၊ အလက်ဇန်ဒါးနဲ့ စူးအက်ဇ်မြို့တွေမှာပါ လူထုက ကြွေးကြော်သံတွေနဲ့ သမ္မတဟိုစနီမူဘာရက် နှုတ်ထွက်ပေးရေး တောင်းဆိုနေကြပါတယ်။