Sunday, January 16, 2011

မြို့တော်ဟောင်းရဲ့ ကျိန်စာသင့် ညနေခင်းထဲမှာ

မြို့တော်ဟောင်းရဲ့ ကျိန်စာသင့် ညနေခင်းထဲမှာ
(ဆွေနိုင်)

မြို့တော်ဟောင်းရဲ့
သံချည်းတက် ဓာတ်မီးတိုင်တွေကို
ခိုးယူစားသုံးနေရတဲ့
မြို့သစ်လေးခမျာ
လူရိပ်တွေ ခိုအောင်းရာ
ခေတ်မှီ အဆောက်အအုံ(ဦး) သစ်တွေနဲ့
မည်းနက်နေတဲ့ လမ်းမကြီးတွေ စည်ကားနေလို့ပေါ့။

အဲဒီမှာ့ 
ရပ်ကွက်ကြို ရပ်ကွက်ကြားက
သာမာန်အလုပ်သမားလေးရဲ့
ချွေးနဲစာကိုတောင် ပြန်ပေးဆွဲပြီး
လမ်းဆောက်တံတားခင်းနေတဲ့ကိစ္စ။

အဲဒီမှာ့ 
မြို့စွန်မြို့ဖျားက
သာမာန်မဟုတ်တဲ့
ကလေးငယ် လေးတွေကိုတောင်
ဖြားယောင်း သွေးဆောင်ပြီး
လူသတ်လက်နက်တွေ
အတင်းအဓမ္မ အကိုင်ခိုင်းနေတဲ့ကိစ္စ။

အဲဒီမှာ့ 
သမ္မာအာဇီဝနဲ့
လုပ်ကိုင်စားသောက်နေရတဲ့
ကွမ်းရာဆိုင်လေးတွေတောင်
နေ့စဉ်နဲ့အမျှ မျက်ခုံးလှုပ်နေရတဲ့ကိစ္စ။

အဲဒီမှာ့ 
ရိုးရိုးသားသားနဲ့
စားသောက်ဆိုင်လေးဖွင့်ပြီး
စီးပွားရှာနေတုံ့း့ 
ကလေးတစ်ယောက်ရဲ့ မိခင်ခမျာ
သူ့မ ယောက်ျားလေး ဈေးကအပြန်
မတရားအကွက်ဆင်အဖမ်းခံရတာကို
တဖွဖွ ပြောငိုနေရှာတဲ့ကိစ္စ။

အဲဒီမှာ့ 
မြန်မာစာနဲ့ ဘွဲ့ရပြီး
ကျောင်းဆရာမလေး အလုပ်ရတဲ့အခါ
ဝေးလံခေါင်ဖျားရာ အရပ်ဒေသမှာ
မြန်မာငွေ တလ ငါးသောင်း(၅၀၀၀၀)ပဲရလို့
ထိုင်းနိုင်ငံမှာ ခိုးဝင်ပြီး
အိမ်ဖော်အလုပ် လုပ်ရတာက
ပို ၀င်ငွေကောင်းတယ်ဆိုတဲ့ကိစ္စ။

အဲဒီမှာ့ 
လူကြီး ကလေးတွေနဲ့
ကလေး လူကြီးတွေက
ဝက်ကို ရှိခို့း့ 
သွားမကျိုးဘူးဆိုတဲ့စ္စ။
အဲဒီမှာ့ 
လူကြီး ကလေးတွေနဲ့
ကလေး လူကြီးတွေပေါ့
ဂူအောင်းနေတဲ့ မျောက်ကို
ဆန်ကြွေး ဆီးပေးပြီ
မျောက်ချီးခါးနဲ့
ကြွက်တွင်းဖောက်နေတယ်ဆိုတဲ့ကိစ္စ။

အဲဒီမှာ့ 
ထင်းခွေ မကြုံပေမဲ့
ရေခပ်တော့ ကြုံခဲ့တယ်
အိမ်သာလို့ ဧည့်လာတော့မဟုတ်ဘူး
မိန်းမလျှာတို့ရဲ့ ဧည့်ဂေဟာ
ခန့်ညားထည်ဝါယောင် ဆောင်ချင်တိုင်း ဆောင်နေလေရဲ့။