Sunday, January 30, 2011

ပဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံမေးမြန်းချက်

တကျွန်းပြန် နိုင်ငံရေး အကျဉ်းသားဟောင်း ပဒိုမန်းငြိမ်းမောင်ရဲ့ ကိုကိုးကျွန်းအတွေ့အကြုံတွေနဲ့ သူရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို တွေ့ဆုံ မေးမြန်းထားချက် ရုပ်/သံ
မဆလခေတ် ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလမှာ စာရေးဆရာ ဗန်းမော် တင်အောင်၊ ဆရာ မြသန်းတင့်၊ ကေတီ ဦးကျော်တင့်၊ လူထု ဦးစိန်ဝင်း၊ လေထီး ဦးအုန်းမောင်၊ ဆရာ ရာဂျန် စတဲ့ နိုင်ငံရေး အကျဉ်းသား ၂၃၃ ဦးနဲ့အတူ ကိုကိုကျွန်းကို ပထမဆုံး အသုတ် အဖြစ် အပို့ခံခဲ့ရသူ ကရင့်တော်လှန်ရေးသမား ပဒို မန်းငြိမ်းမောင်ဟာ ကျွန်းက ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ ပြန်လည်ဖမ်းဆီးခံရပြီး ၃ နှစ်ခွဲကြာ တိုက်ပိတ်ခံခဲ့ရပါတယ်။