Sunday, November 7, 2010

မြ၀တီမှာလူကုန်ပြီ

copy from reuters
===========================================
================================================
ဘုရားသုံးဆူတိုက်ပွဲ လူအသေအပျောက်များ
မြ၀တီမြို့ မှ မဲ့ဆောက်သို့ ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်များ

ဘုရားသုံးဆူမြို့ ရှိ ဘုန်းကြီးကျောင်းနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ မီးတွေလောင်နေပါတယ်။ မြို့ တွင်းမှအပြင်ကို ထွက်လို့မရ။ ထိုင်းဘက်ခြမ်းမှလည်း အ၀င်ပေါက်တွေကို ပိတ်ထားပါတယ်။ သေတဲ့လူ၊ ဒဏ်ရာရတဲ့လူတွေရှိတယ်။ တိုင်းမှုးလာတာကြားလို့ ကရင်တွေဝင်ပစ်တာလို့ မြို့ ခံကပြောတယ်။ မြို့ သူမြို့ သားတွေ အိမ်အပြင်ကနေ အိမ်ထဲထွက်လို့မရဘူးဖြစ်နေတယ်။ ကရင်သူပုန်တွေက ဘုရားသုံးဆူမြို့ ထဲကို ကားနဲ့ဝင်လာပြီးပစ်တယ်လို့ပြောတယ်။ အခုလည်း သေနတ်သံတွေကြားနေရတယ်။
=============================================
မြဝတီ အစိုးရနေရာများ DKBA ထိန်းချုပ်
ဧရာဝတီ Monday, 08 November 2010
မြဝတီမြို့ရှိ အဓိကကျသော အစိုးရရုံးနေရာများကို ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး)ဦးဆောင်သော DKBA က ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။ နအဖတပ်များကလည်း ပြန်လည်သိမ်းပိုက်ရန် တပ်များစုစည်းနေကြောင်း၊ တိုက်ပွဲများအတွင်း ၇ ယောက်သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကြောင်းသိရသည်။ ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်တဦး၏ ဖခင်ဖြစ်သူလည်း အသတ်ခံရသည်ဟု ဆိုသည်။

========================================
copy from reuters 

================================================
DKBA ဗိုလ်မှုးချုပ် စောလားပွယ် ၏ တပ်ဖွဲ့ ဝင်များ မြ၀တီ မြို့ သိမ်းတိုက်ပွဲစတင်
နံနက် ၁၀း၃၅ ဒီကေဘီအေ တပ်ဖွဲ့ ဝင်လေးဦး မဲဆောက်ဆေးရုံရောက်-မြ၀တီ ခယက ဥက္ကဌ အား DKBA အဖွဲ့ င်များဖမ်းဆီးထားUpdated နံနက် ၁၀း၃၀ မြ၀တီ-မဲဆောက် နှစ်မြို့ လုံး မှ စာသင်ကျောင်းများ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်းထိုင်-မြန်မာ နယ်စပ် ကရင် ပြည်နယ် မြ၀တီ မြို့ အား DKBA ဗိုလ်မှုး ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ၏တပ်များက ၀င်ရောက်သိမ်းပိုက် မှု ကြောင်း ယနေ့ မနက် ၉း၃၀ အချိန် တွင် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားရာ မြ၀တီ မြို့ မှာ လက်နက်ကြီး ကျဉ် ပေါက်ကွဲ သံများ ၊သေနတ် ပစ်ခတ် သံများ ဖြင့် ဆူညံနေပြီးသင်္ကန်းညီနောင် တွင် မူ နအဖ စစ်တပ် က အပြစ်မဲ့ ပြည်သူများ ကို ဓားစားခံ လုပ်ထား သည် ဟု သိရှိရသည်။ထိုင်း-မြန်မာ နယ်စပ် အတွင်း မြ၀တီ မြို့ တွင်း ရောက်ရှိနေသည့် နိုင်ငံခြား သတင်းထောက် တစ်ဦးနှင့်FNG က တနင်္လာနေ့  နံနက် ၁၀း၃၀ မိနစ် တွင် ဆက်သွယ်ရာဉ် လက်နက်ကြီး အလုံး လေးဆယ် နှင့်မနည်း ကျရောက် ပေါက်ကွဲ ခဲ့သည် ဟု သိရသည်။ မြ၀တီ မြို့တွင်းအပြန် အလှန် ပစ်ခတ်သံများ ကိုထိုင်း နိုင်ငံ မဲဆောက် မြို့ မှ ကြားနေရပြီး ထိုင်း စစ်တပ် ကလည်း နယ်စပ် တစ်လျှောက်
လုံခြုံရေး တိုးမြင့်ထားသည်။
Freedom News Group==================================

Truth eludes Myanmar election